Hope Not (Completed)
De Unpa--J
168K 12.7K 962
အရမ်းမုန်းပေမဲ့လဲအရမ်းချစ်တယ် ... ဘာမှမတတ်နိုင်တဲ့ အရူးတစ်ယောက်လိုပဲ .. နင်က ငါ့အတွက်တော့ အိပ်မက်မဟုတ်တဲ့ နာက... Mai multe
Episode-1
Hurt
Tears
Woori Haeyawjaw
Break Up
I can't let you go
Missing
Bad Girl
Roommate
Becoming Vampire
တွေဝေမှု
Ep -12
First Kiss 😘😗
( Sweet Memories)
လူလည်ကျတဲ့ Jendeuk
warming
မ ရဲ့ Lips
Touch...
Honey !!
Sad
Kiss & Make up
Saranghae
My Baby Boo
Hero
26
Normuu Mijama Saranghae
Losing
Spoiler
စွန့်ပစ်ခြင်း
Cry Cry
Cry Again
I'm ok
Apha ...
Untitled 2014
Author ပေးတဲ့ ဒါဏ်ရာ အသစ်
Surprise
Save the Date
3.6K 340 12
De Unpa--J
Unicode version
Hope Not
Episode - 13
Jennie... မ ရဲ့ အခန်းလေးထဲ လျှောက်ကြည့်ရင်း
စာအုပ်စင်လေးနား ရောက်သွားခဲ့သည် ....
မ ဖတ်တတ်တဲ့ စာအုပ်အမျိုးအစားလေးတွေကို
ကြည့်မိတော့ သဘောကျကာ ရယ်နေမိသည်။
မ ကလေ ကလေးကျလို့
Manga တွေ Webton တွေ ဖတ်တယ်တဲ့လား။
ထို Webton စာအုပ်တွေကြားထဲကမှ
လက်လှမ်းမှီတဲ့ တစ်အုပ်ကို ယူကြည့်မိလိုက်တော့
ထိုစာအုပ်အမျိုးအစားက Yuri, Les တဲ့
Jennie တစ်ချက် မျက်ခုံးပင့်မိသွားသည်။
မ က ဒီလို စာအုပ်တွေ ဖတ်တတ်မယ်လို့ထင်မထားခဲ့
Jennie ကိုယ်တိုင်လဲ ဒီလိုစာအုပ်မျိုးတွေ
တစ်ခါမှ မဖတ်ဖူးတာကြောင့်
အနည်းငယ်တော့ အံ့သြမိသွားသည်။
" မဟုတ်မှ မ က LGBT ထောက်ခံသူများလား
ဒါဆို Jennie သာ ဖွင့်ပြောရင်
မ က လက်ခံနိုင်လောက်မလား
တစ်ကယ်လို့ လက်မခံဘူးဆိုရင်ရော"
Jennieစိတ်ထဲ အမျိုးမျိုးတွေးမိသွားသည်။
( JenSoo နှစ်ယောက်က Manga တွေ
Webton တွေ Animation တွေကို
အတူတူကြည့်ကြပါတယ်တဲ့
ဘာတွေကြည့်ကြလဲလို့ဆိုတော့ secret ပါတဲ့
အဲ့နှစ်ယောက်ကဘာလားပဲ😅😅)
"Jennie..yah........Jendeukie......
အောက်ဆင်းခဲ့ ထမင်းစားမယ်...Jendeukie"
အောက်က မ ရဲ့ ခေါ်သံကြောင့်
Jennie အတွေးတို့ လွင့်စင်သွားပြီး
အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
ထိုနေ့က ညနေစာကို မတို့မိသားစုနှင့်အတူ
စားဖြစ်ခဲ့သည်။
နွေးထွေးလွန်းတဲ့ မ တို့ မိသားစုကြောင့်
မ ကိုရော မတို့ မိသားစုကိုပါ Jennie 
ပိုပြီး ခင်တွယ်မိသွားခဲ့လေသည်။
ည ဘက်ရောက်တော့  မ ရဲ့ အခန်းထဲမှာ
မ နဲ့အတူအိပ်ခဲ့ပြီးနောက်
နောက်ရက်မှ အဆောင်သို့ အတူပြန်လာခဲ့လိုက်သည်။
.
.
.
.
.
ဒီရက်ပိုင်းတွေအတွင်း Jennie  မကို
သေချာစေ့စေ့မကြည့်ရဲခဲ့ ....
နှုတ်ခမ်းတထော်ထော်နှင့် စကားပြောနေတဲ့
မကို ကြည့်မိလိုက်ရင် အသဲတွေယားလာကာ
တစ်စုံတစ်ရာသော စိတ်ဆန္ဒတို့က
ထကြွလာပြီး ...မ ရဲ့ ထိုနှုတ်ခမ်းတွေကို
ပိုင်ဆိုင်ထိတွေ့ချင်လာသည်။
ဘာကြောင့်မှန်းမသိ ဖွင့်လဲ ဖွင့်မပြောရဲခဲ့ပေ ...
အငြင်းခံရမှာကို
သေမလောက်ကြောက်မိနေပြီး
Jennie ကို မုန်းသွားမှာကို စိုးရိမ်နေတာလဲပါသည်။
+  အနမ်းဆိုတာမျိုးက ထူးဆန်းသည်
တစ်ယောက်တည်းလုပ်လို့ မရ ...
ကလေးတွေသာလျှင် ထိုအရာကို အခမဲ့ရတာမျိုး
မ ရဲ့ ထိုနှုတ်ခမ်းလေးတွေကို မကြည့်မိဖို့
ဆုံးဖြတ်ထားပေမဲ့ ခနခန ခိုးကြည့်နေမိပြန်သည်
ခိုးကြည့်မိတိုင်းလဲ ထိုနှုတ်ခမ်းလေးတွေကို
ရူးလောက်အောင်နမ်းချင်နေမိပြန်၏။
မ ကတော့ ဒါတွေ သိမယ်မထင်ပါဘူး။+
Jennie ကိုအရင်အတိုင်း ဂရုစိုက်ပြီး
နွေးနွေးထွေးထွေး ဆက်ဆံမြဲ ....
.
.
.
.
.
.
Jisoo ကို သိပ်ကပ်လွန်းတဲ့
Jennie ဆိုတဲ့ ထိုကောင်မလေး
အခုတလော ဘာကြောင့်
ရှောင်ဖယ်ရှောင်ဖယ်လုပ်နေမှန်းမသိ
မျက်နှာချင်းဆိုင်စကားပြောလိုက်ရင်
လူကိုမကြည့်တော့ပဲ ခနခန ရှောင်နေသည် ....
အကြည့်ချင်းသာရှောင်နေပေမဲ့
Jisoo သူ့အပေါ် ဂရုတစိုက်နဲ့လုပ်ပေးရင်တော့
ငြိမ်ခံနေပြီး ညဘက်ရောက်ရင်တော့
သူ့ကုတင်ပေါ်မအိပ်ပဲ JiSoo နားမှာပဲ
လာအိပ်တတ်လေသည် ....
သူ Jisooနား လာကပ်ရင် သဘောကျပေမဲ့
ရှောင်ဖယ်ရှောင်ဖယ်လုပ်ရင်တော့
စိတ်မကောင်းဖြစ်မိသွားသည်။
ဘာလို့များလဲ ....
သူ ...Jisooရဲ့ ဘာတွေကို မကြိုက်နေလို့များလဲ
သိချင်မိတယ် ...သူပျော်ဖို့ဆို ဘာမဆို
အကုန်လုပ်ပေးချင်နေမိတယ် ....
အကုန်ဖြည့်ဆည်းပေးချင်နေမိခဲ့တယ် ...
.
.
.
.
.
+   မိန်းမတစ်ယောက်က
သူစိမ်းမိန်းမတစ်ယောက်အပေါ်
အရာရာ ဖြည်းဆည်းပေးချင်နေမိတာက
အဲ့ဒီမိန်းမ အပေါ်
မေတ္တာသက်ဝင်နေတယ်လို့ဆိုတာထက်
ဘာများဖြစ်နိုင်အုံးမှာလဲ  +
.....Jisoo ကိုယ့်ခံစားချက်ကို
နည်းနည်းလေးမှ မဆန်းစစ်မိခဲ ....
ဒီအတိုင်း သံယောဇဉ်တစ်ခု လို့
လွယ်လွယ်တွေးမိခဲ့လိုက်သည်။
.
.
.
.
.
.
" Unnie...Chi Chu....ဒီဘက်ခနလှည့်"
"Wae"
"ပါးမှာ ဘာကပ်နေတာလဲမသိဘူး
ဖယ်ပေးမယ်"
" ဟုတ်လား  ဘာကပ်နေတာလဲ ဖယ်ပေး"
Jennie မ ရဲ့ပါးလေးကို ကိုင်ရင်း
ဘာမှ မရှိတဲ့ ပါးလေးကို အသားယူကာ
ကိုင်နေလိုက်သည် ....
ပြီးတော့ Jennie ရဲ့ အကြည့်တို့က
မ ရဲ့ နှုတ်ခမ်းတွေဆီ ရောက်မိသွားသည်။
ထပ်ပြီး ထိုနှုတ်ခမ်းတွေကို နမ်းချင်စိတ်တို့က
တစ်ဖွားဖွားပေါ်လာတာကြောင့်
ချက်ချင်း အကြည့်တွေကို လွှဲလိုက်ပြီး ....
မ ရဲ့ မျက်နှာကို တစ်ဖက်သို့ တွန်းလိုက်ပြီး
"ရပြီ သွားတော့ "
" ဘာကပ်နေတာလဲ မျက်တောင်လား "
" Imm...."
Aww. .....လို့ တစ်လုံးတည်း ပြန်ပြောလိုက်ပြီး
Jisoo မျက်နှာလွဲလိုက်သည် ....
မျက်တောင်မွှေးဖယ်ပေးနေတဲ့ Jennie ရဲ့
လက်ချောင်းလေးတွေကြားက သူမရဲ့
နှုတ်ခမ်းလေးတွေကို လှမ်းမြင်လိုက်ရချိန်
Jisoo စိတ်ထဲ အမျိုးအမည်မသိတဲ့
ခံစားချက်တစ်ခု ဖြတ်ပြေးသွားတာကို
သတိထားမိလိုက်သည် ....
+ ငါမဟုတ်မှ ...Jennie ကို......Ahhhh
အန်ဒွယ် .....+
.
.
.
.
.
.
"Jendeukie.....Appa တို့က
ဒီတစ်ပါတ်ပိတ်ရက်Jeju သွားကြမယ်တဲ့
နင့်ကိုလဲခေါ်ခဲ့တဲ့ လိုက်မယ်မလား"
" Appa တို့ကပဲ ခေါ်တာမလား
Unnie ကမခေါ်ချင်ဘူးမလား "
" Yeah...ဘာတွေပြောနေတာလဲ
ခေါ်ချင်တာပေါ့"
Jennie  ခပ်တည်တည်နှင့် ဟိုဘက်လှည့်လိုက်ပြီး
မသိချင်ယောင်ဆောင်လိုက်သည် ....
" Yeah....Jendeukie.....ဘာဖြစ်သွားတာလဲ
လိုက်မှာမလား Hmmm"
ဘာမှပြန်မဖြေတဲ့ Jennie ကြောင့်
Jisoo သူ့ကို အနောက်ကနေသိုင်ဖက်လိုက်ပြီး
သူ့ပုခုံးပေါ်မေးတင်ရင်း ကပ်ပြောလိုက်သည်။
"လိုက်မှာမလား ....လိုက်ခဲ့လေနော် ...နော်လို့"
Jennie ပုခုံးပေါ် မေးတင်ပြီး စကားတိုးတိုးလေး
ကပ်ပြောနေတဲ့ မ ကို ငဲ့ ကြည့်လိုက်သည်။
မျက်နှာနှစ်ခု နီးကပ်ဖို့က ဘယ်လောက်မှမလိုတော့
အရင်က လုပ်ချင်တာရှိရင် ဘာမှဂရုမစိုက်ပဲ
လုပ်တတ်တဲ့ Jennie....
အခုတော့ ....စည်းတစ်ခုကြောင့်
ဘာမှမလုပ်နိုင် ....
ချက်ချင်း မျက်နှာလွှဲလိုက်ပြီး
" လိုက်မှာပေါ့ Unnie မရှိရင်တစ်ယောက်တည်း
ပျင်းနေရမှာ ဟာသလဲ ပြောမဲ့လူ ရှိမှာမဟုတ်ဘူး"
"Chinja.....တစ်ကယ်နော်"
" Imm "
" ဒါဆို နင့်မိဘတွေကိုလဲ အသိပေးထားလိုက်အုံး
ငါ Appa တို့ကို နင်လိုက်မဲ့အကြောင်း
Confirm လိုက်အုံးမယ်"
နှစ်ယောက်စလုံး နီးကပ်သွားတစ်မျက်နှာနှစ်ခုကြောင့်
ရင်ခုန်သံ မြန်ခဲ့ကြပေမဲ့
သူငယ်ချင်းဆိုတဲ့ စည်းတစ်ခုကြောင့်
နှစ်ယောက်သား ချက်ချင်းမျက်နှာလွှဲလိုက်ကြပြီး
ကိုယ်စီအလုပ်ရှုပ်ချင်ယောင်ဆောင်ခဲ့လိုက်ကြသည်။
@ Jeju  Island 🏝🏝
ငယ်သေးတဲ့ အရွယ်မို့လားတော့မပြောတတ်
ရင်ခုန်သံတွေကိုယ်စီရှိနေခဲ့ကြပေမဲ့
အပျော်နှင့်တွေ့တဲ့အခါ
ထို ရင်ခုန်သံကို ခဏမေ့ထားပြီး
အပျော်တွေကြားမှာပဲ လွင့်မြောနေခဲ့ကြ၏။
မတို့ မိသားစုက သိပ်ကိုနွေးထွေးလွန်းပြီး
ပျော်စရာကာင်းအောင် နေတတ်ခဲ့ကြသည်။
Jennie လဲ Korea လူမျိုးဆိုပေမဲ့
New Zeland မှာပဲ အနေများခဲ့တာကြောင့်
Korea ဗန်းစကားတွေကို သိပ်နားမလည်ခဲ့
မတို့ တစ်မိသားစုလုံးက Korea ဗန်းစကားတွေကို
ပြောတတ်ကြတာကြောင့် ...
အပြုံးအရယ်နည်းတဲ့ Jennie တောင်
Jeju ခရီးစဉ်တစ်လျှောက်
မနားတမ်းကို ရယ်နေခဲ့ရ၏။
အဲ့ဒီထဲမှာ မက အဆိုးဆုံး။
Jennie ရယ်ဖို့ဆိုရင် သူတတ်သလောက်
အကုန်လုပ်ပြသည်။
Jennie ကို ရယ်မောအောင် လုပ်ပေးနိုင်တဲ့
ပထမဆုံးလူသားကိုပြပါဆိုလျှင် မကိုပဲ ပြရပါလိမ့်မည်။
တစ်နေ့လုံး Jeju ကျွန်းပေါ်
အတူလျှောက်သွားရင်း
ပင်လယ်စာတွေစားကြရင်း
မတို့မိသားစုနဲ့ အမှတ်တရတွေ အများကြီး
ဖန်တီးခဲ့သည်။
ဒီတစ်သက်တော့ ဒီအမှတ်တရတွေကို
ဘယ်လိုမှ မေ့ဖျောက်လို့ရတော့မည်မထင်။
တော်တော်လေးပျော်ခဲ့ရသည် .....
( Save the Date ,14.09.05)
ညဘက်ရောက်တော့
မနဲ့အတူ ပင်လယ်လှိုင်းသံတွေကြားက
မှိန်ပြပြမီးပြတိုက်ကို
ဝရံတာလေးကနေအတူကြည့်ခဲ့ကြသည် ။
ဒီမြင်ကွင်းလေးကိုလဲ
ဒီတစ်သက်မေ့လိုရမည်မထင် ...
အသက်၁၈ နှစ်ပြည့်ပြီဖြစ်တာကြောင့်
ထိုနေ့က soju နဲ့beerကို မြည်းစမ်းခွင့်ရခဲ့သည်။
Beer လေးနဲနဲဝင်တာနဲ့ မက
စကားတွေအများကြီးပြောတော့သည်။
Jennie. မ ပြောသမျှ ပြုံးပြီးနားထောင်ရင်း
တစ်ချိန်လုံး မကိုပဲ ကြည့်နေခဲ့သည်။
မ စကားပြောရင် ဘာလို့ အဲ့လောက်
ချစ်ဖို့ကောင်းနေရတာလဲ။အူယားလိုက်တာ။
ညနက်သည်အထိ အခန်းထဲမဝင်သေးပဲ
နှစ်ယောက်သား စကားထိုင်ပြောနေတာကြောင့်
မတို့ Appa က
" ဟိုကလေးနှစ်ယောက် အခန်းထဲဝင်တော့လေ
လေတွေတိုက်နေတယ် အအေးပါတ်လိမ့်မယ်
အိပ်ကြတော့ သွား ...သွား"
ထိုစကားတစ်ခွန်းကြောင့်
Jennie....အရာအားလုံးကို ပိုင်ဆိုင်ခွင့်ရခဲ့တာဆိုရင်
မှားမယ်မထင်ပါဘူး .....
" ခိုမောဝေါ်ရို Appa "
( မှိုရတဲ့မျက်နှာ😂)
.
.
.
.
.
.
.
                      ဆက်ရန် ....
Zawgyi version
Hope Not
Episode - 13
မ ကလေ ကလေးကျလို့
"Jennie..yah........Jendeukie......
စားဖြစ်ခဲ့သည်။
.
.
.
.
.
အငြင်းခံရမှာကို
.
.
.
.
.
.
အခုတလော ဘာကြောင့်
လာအိပ်တတ်လေသည် ....
ဘာလို့များလဲ ....
.
.
.
.
.
+   မိန်းမတစ်ယောက်က
အဲ့ဒီမိန်းမ အပေါ်
.
.
.
.
.
.
"Wae"
ဖယ်ပေးမယ်"
ကိုင်နေလိုက်သည် ....
"ရပြီ သွားတော့ "
" Imm...."
သတိထားမိလိုက်သည် ....
အန်ဒွယ် .....+
.
.
.
.
.
.
"Jendeukie.....Appa တို့က
" Yeah...ဘာတွေပြောနေတာလဲ
ခေါ်ချင်တာပေါ့"
လိုက်မှာမလား Hmmm"
လုပ်တတ်တဲ့ Jennie....
ဘာမှမလုပ်နိုင် ....
"Chinja.....တစ်ကယ်နော်"
" Imm "
Confirm လိုက်အုံးမယ်"
@ Jeju  Island 🏝🏝
ပြောတတ်ကြတာကြောင့် ...
အကုန်လုပ်ပြသည်။
အတူလျှောက်သွားရင်း
ဖန်တီးခဲ့သည်။
( Save the Date ,14.09.05)
ညဘက်ရောက်တော့
ဒီမြင်ကွင်းလေးကိုလဲ
မတို့ Appa က
အိပ်ကြတော့ သွား ...သွား"
မှားမယ်မထင်ပါဘူး .....
" ခိုမောဝေါ်ရို Appa "
( မှိုရတဲ့မျက်နှာ😂)
.
.
.
.
.
.
.
                      ဆက်ရန် ....
Continuă lectura
O să-ți placă și
572K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
58.1K 4.5K 23
When Bad girl Jennie Kim meets Jisoo Kim........ pic crd
120K 2.3K 12
မုန်းတီးခြင်း ဆိုတာလည်း ချည်နှောင်မှုတစ်ခု ☆☆ ✿ ✿ ✿ ✿ ✿ ✿ ✿ ဒေစီတွေက နွေဦးမှာ ပွင့်တယ် မဒမ် ။ မဒမ်က ဒေစီဆို လီလီက နွေဦးဖြစ်ခွင့်ရချင်တယ် ။ ________...
25K 4K 29
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...