Part 4
စံအိမ်ကကြီးတဲ့အပြင် အိမ်ရှေ့မျက်နှာစာကလည်း ခမ်းနားလှသည်
အိမ်ရှေ့အိမ်ပြင်ဘက်မှာတောင်
ဟိုဘက်ဒီဘက် ဧည့်ခန်းနှစ်ခုရှီသည်။
" အိမ်ကြီးက မိုက်လှချည်လား "
အိမ်ရှေ့ ဧည့်ခန်းထဲမှာ ကလေးလေးတစ်ယောက် ကဗျာရွတ်နေသည် သခင်လေးအစ်မဝမ်းကွဲက သင်ပေးနေသည်။
" မင်္ဂလာပါ "
" မင်္ဂလာပါအားတစ် "
" ကျွန်တော့်နာမည်ဘယ်လိုသိတာလဲ "
" ဒေါ်လေးကို မေးလိုက်တာ
ကျွန်မနာမည်ကချယ်ရီ "
" ဟုတ်ကဲ့ "
" ကိုကိုလာထိုင် "
ကလေးက ကျွန်တော့်လက်ကိုဆွဲပြီး ဆိုဖာပေါ်မှာ ထိုင်ခိုင်းသည် ပြီးတော့ သူက ကျွန်တော့်ပေါင်ပေါ်တက်ထိုင်သည်
" ချစ်စရာလေး ကလေးနာမည်က ဘယ်သူလဲ "
" ယွန်းလေး သားကိုယွန်းလေးလို့ခေါ်ကိုကို "
" ယွန်းလေးတဲ့လား ချစ်စရာလေး "
" ကိုကိုကလည်း အရမ်းချောတယ်
ဒီမှာသားတို့နဲ့ အတူနေမှာ မဟုတ်လား "
" ဟုတ်တာပေါ့ "
" သားနဲ့အတူဆော့မယ်နော် ကိုကို "
" အင်း "
" ယွန်းလေး ငါ့ကိုကိုပေါ် မထိုင်နဲ့ "
ကျွန်တော့်နဲ့ ယွန်းလေး စကားပြောနေတုန်း လှမ်းအော်လိုက်တဲ့ သခင်လေးကောင်း
ယွန်းလေး ကျွန်တော့်ပေါင်ပေါ်က မြန်မြန်ဆင်းပြီး ချယ်ရီနားပြေးကပ်သည်။
" သားသားကို သားကြောက်တယ် "
" ဦးငယ်မဟုတ်ဘူးလား
ဘာလို့ သားသားလို့ခေါ်တာလဲ "
ကောင်းကို ယွန်းလေးက သားသားလို့
ခေါ်တာကြောင့် အားတစ်ထူးဆန်းပြီး
မေးလိုက်တော့ ချယ်ရီကရယ်ပြီး
" သူတို့နှစ်ယောက်က
ဆော့ဖော်ဆော့ဖတ်ရွယ်တူလေ "
" အော်...ဟုတ်သား"
ကောင်းကျွန်တော့်တို့ နားရောက်လာပြီး
" ကိုကိုထ သူတို့နားမကပ်နဲ့ သားနဲ့လိုက်ခဲ့ "
" မလိုက်ပါဘူး ဒီမှာ
ယွန်းနဲ့စကားပြောနေတာကိုး "
" ကိုကို "
ကောင်းကမပြောမဆိုနဲ့ ကျွန်တော့်လက်ကို
ယူကိုက်သည်။
" အားးး နာလိုက်တာ "
" အဲ့ဒါကြောင့်သားပြောတာပေါ့ ကိုကို..
သားသားက အရမ်းကြောက်ဖို့ကောင်းတယ် "
ယွန်းလေးကဝင်ပြောတော့
ကောင်းက ယွန်းကို စူးစိုက်ကြည့်နေသည်။
ယွန်းကြောက်ပြီး ချယ်ရီကိုယ့်ပေါ် တက်ထိုင်သည်
" အဟင့်...ဟင့် "
သူကပဲကိုက်သေး သူကပဲငိုနေသည်
လက်က သွားကိုက်ရာပါ ထင်သွားသည်။
" ဘာလို့ငိုနေတာလဲ မင်းကိုက်လို့နာသွားတာငါပါ "
" ကိုကိုက သားခေါ်တာမှ မလိုက်တာ "
အားတစ်နာလည်းနာသွား စိတ်လည်းတိုသွားသည်။
ဒီလိုစိတ်မနှံတဲ့ကလေးနဲ့ ခဏလေးတောင်
အတူမနေချင်တော့ဘူး
" တော်ပြီဘာဖြစ်ဖြစ် ငါမင်းနဲ့မနေနိုင်တော့ဘူး "
အားတစ်နေရာကနေ ထွက်လာသည်
" ကိုကို....ကိုကို....အဟင့်....ဟင့် "
🏡
" အဲ့တာနဲ့ အိမ်ပေါ်ကဆင်းလာတယ် ဟုတ်လား "
အိမ်ရောက်တော့ ဖေဖေနဲ့မေမေက
ကျွန်တော့်ပြန်လာတာကိုး အံသြပြီး
ဘာဖြစ်နေလဲ မေးတော့ အကျိုးအကြောင်း
ပြောလိုက်သည်။
" ဖေဖေကလဲ ကျွန်တော်လက်ကိုကြည့်ဦး
သူကိုက်ထားတာ "
" ဟုတ်ပငါ့သားလေးကို ကိုက်ထားတာပဲ "
မေမေတို့ကလက်ကဒဏ်ရာကို ကြည့်ကာ
ရယ်နေကျသည်
"ကျွန်တော့်ကိုက်ခံရတာကိုး
ဝမ်းသာနေကျတာလား "
မေမေကကျွန်တော်လက်ကိုဆေးလိမ်းပေးရင်း
" သားလေးက တစ်ဦးတည်းသောသား
ဟိုကလေးကလဲ သူအိမ်ရဲ့ဗိုလ်
နှစ်ယောက်သားနဲ့ ခက်တာပဲ "
" သားလေးက ကျန်းမာရေးမကောင်းတဲ့ကလေးနဲ့ပြိုင်ဖြစ်လာရတယ်လို့ ဖေဖေတော့ သခင်ကြီးကို ဘယ်လိုမျက်နှာပြရမလဲ "
" မသိဘူး ကျွန်တော့်အဲ့အိမ်မပြန်တော့ဘူး
မနေ့ညကလဲ မအိပ်ရဘူး "
ကျွန်တော့်စကားကြောင့်ဖေဖေနဲ့မေမေ
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ရယ်နေသည်။
" ဘာလို့ရယ်နေတာလဲ ဖေဖေထင်သလို မဟုတ်ဘူးနော် ကျွန်တော့်မခံလာရဘူး ကျွန်တော့်ပြောတာ
သူအရမ်း ကျီကျတာပဲလို့ ပြောတာ "
" ဟားဟား သားလေးကလဲ ဖေဖေတို့ဘာမှမထင်ပါဘူး အိမ်ပြန်ရအောင် ဖေဖေလိုက်ပို့မယ် "
" မပြန်ဘူး...မပြန်ဘူး "
သားလေး သူအခန်းထဲပြေးဝင်သွားသည်။
ခက်လှချည်ရဲ့ ဖုန်းလာလို့ နံပတ်ကြည့်လိုက်တော့ သခင်ကြီး ဖုန်းဖြစ်နေသည် ဦးခွန်ဆို ဘယ်လိုလုပ်ရမလဲ မသိဖြစ်နေသည်။