Part 5

3.7K 294 6
                                    

Part 5

   သခင်ကြီးကိုယ်တိုင် အိမ်အထိလာခေါ်တာမို့
သားလေးအခန်းထဲဝင်ခေါ်တော့ သားလေးအိပ်ပျော်နေသည်။

" အားနာလိုက်တာ သခင်ကြီး သားလေးကအိပ်ပျော်နေတာ ကျွန်တော့်နှိုးပေးချင်ပေမဲ့ သားလေးက
အိပ်နေတုန်း နှိုးရင် ခေါင်းအရမ်းကိုက်တက်လို့ပါ  "

" အဲ့တာဆို ပွေ့ခေါ်သွားလိုက်မယ်  "

  သခင်ကြီးစကားကြောင့် ဦးခွန်တို
အံအားသင့်သွားသည်။

"ဗျာ! "

"အတင်းလာခေါ်လို့ ဘယ်လိုမှမမြင်ပါနဲ့ ခွန်ဆို
အိမ်မှာ သားလေးက အရမ်းငိုနေတာ
ဒီထက်ငိုရင် သားလေးတက်ပြီး တစ်ခုခုဖြစ်မှာ  "

"ဟုတ်ကဲ့ သခင်ကြီး အဲ့တာဆို
ကျွန်တော့်ပွေ့ ခေါ်လာခဲ့ပါမယ်   "

    သခင်ကြီး ကားတံခါးအဆင့်သင့်ဖွင့်ထားပြီး ထိုင်ခုံကိုလှဲထားသည် ကျွန်တော့်သားလေးကို
ပွေ့ချီပြီး လှဲထားတဲ့ ထိုင်ခုံပေါ် တင်လိုက်သည်။

" အားနာလိုက်တာ သခင်ကြီး သားလေးက တစ်ဦးတည်းသောသားမို့ လို့ အလိုအရမ်းလိုက်ထားလို့ပါ  မသိနားမလည်တာရှီရင် ခွင့်လွှတ်ပေးပါ  "

" ရပါတယ် ရပ်ကွက်ထဲမှာအထည်ဆိုင်ဖွင့်တာ အဆင်ပြေရဲ့လား "

"သခင်ကြီးကျေးဇူးကြောင့်
အရမ်းကိုအဆင်ပြေပါတယ်  "

" ခမည်းခမက်တွေဖြစ်နေပြီပဲ
သခင်ကြီးလို့မခေါ်ပါနဲ့ ဒီအတိုင်းနာမည်ပဲခေါ်ပါ  "

" ရပါတယ်သခင်ကြီး ကျွန်တော့်မခေါ်ရဲပါဘူး
သားလေးကို ချစ်ပေးတာနဲ့တင်
ကျေးဇူးတင်ပါတယ် "

" အားတစ်က အရမ်းချစ်စရာကောင်းတဲ့ကလေးပါ ပြန်တော့မယ် သားငယ်လေးက အရမ်းငိုနေပြီ  "

    Mewအိမ်ရောက်တာနဲ့အားတစ်ကို ပွေ့ချီပြီး
သားငယ်အခန်းထဲ လိုက်ပို့ပေးလိုက်သည်။

" ကိုကို ...ကိုကို  "

   အိပ်ရာပေါ်ချလိုက်တာနဲ့
အားတစ်ကို သားလေး အတင်းဖက်လိုက်တာကြောင့် အားတစ်နိုးလာသည်။

" သခင်ကြီး...သခင်မကြီး "

    ကျွန်တော့်တို့ ကိုတွေ့ တာနဲ့ 
ထထိုင်ပြီး လန့်နေသည်။

" သားငယ်က အရမ်းငိုနေလို့  ခေါ်လာတာ "

" ကိုကို....အဟင့်..ဟင့်  "

     သခင်လေးကောင်းပေါ့ အရမ်းငိုထားလို့ မျက်လုံးတွေလည်း အရမ်းနီနေသည်။ ကျွန်တော့် သခင်ကြီးတို့ကိုအားနာသွားသည်။

" ကိုကို့ကိုသားကိုက်တော့ပါဘူး...အဟင့်...ဟင့်  "

    ကျွန်တော့်ကိုဖက်ထားတဲ့
ကောင်းကိုပြန်ဖက်ထားလိုက်ပြီး

" မငိုနဲ့တော့နော်   "

   ကောင်းမျက်ရည်တွေကို သုတ်ပေးလိုက်တော့ ကောင်းချက်ခြင်း အငိုသိပ်သွားသည်။
သခင်မကြီးက သခင်လေးကို ထက်ချော့သည်။

" ကိုကိုက သားနားမှာရှီနေပြီပဲ
မငိုနဲ့တော့ သားကြိုက်တဲ့ ပီဇာစားရအောင်  "

" မာမား သားပီဇာစားမယ်  "

   အခန်းထဲက စားပွဲခုံမှာပီဇာဗူးကို ဖြည့်ပေးပြီး သခင်ကြီးတို့ ကျွန်တော့်တို့ စားတာကို ပြုံးပြီး ကြည့်နေကျသည်။  သခင်ကြီးနဲ့ သခင်မကြီးက
ကောင်းကို အရမ်းချစ်တာပဲ
ကောင်း မင်းဘဝက အရမ်းပြည့်စုံတာပဲ
ဉာဏ်ရည်မမှီပဲ ချွတ်ယွင်းချက်ရှီတဲ့သူ ဖြစ်ပေမဲ့ မင်းဘဝက ရွှေဘုံပေါ်မှာ နေရတော့ မင်းလိုချင်တာမှန်သမျှကို သခင်ကြီးတို့ က ငွေလမ်းခင်းပေးတော့ လိုချင်တာချက်ခြင်းတန်းရတာပဲ  ငါကတော့
မင်းငွေနဲ့ ဝယ်ယူထားတဲ့ အရုပ်ကလေးဖြစ်နေပြီ။

သခင်ရဲ့ကိုကိုWhere stories live. Discover now