Part 4
စံအိမ်ကကြီးတဲ့အပြင် အိမ်ရှေ့မျက်နှာစာကလည်း ခမ်းနားလှသည်
အိမ်ရှေ့အိမ်ပြင်ဘက်မှာတောင်
ဟိုဘက်ဒီဘက် ဧည့်ခန်းနှစ်ခုရှီသည်။" အိမ်ကြီးက မိုက်လှချည်လား "
အိမ်ရှေ့ ဧည့်ခန်းထဲမှာ ကလေးလေးတစ်ယောက် ကဗျာရွတ်နေသည် သခင်လေးအစ်မဝမ်းကွဲက သင်ပေးနေသည်။
" မင်္ဂလာပါ "
" မင်္ဂလာပါအားတစ် "
" ကျွန်တော့်နာမည်ဘယ်လိုသိတာလဲ "
" ဒေါ်လေးကို မေးလိုက်တာ
ကျွန်မနာမည်ကချယ်ရီ "" ဟုတ်ကဲ့ "
" ကိုကိုလာထိုင် "
ကလေးက ကျွန်တော့်လက်ကိုဆွဲပြီး ဆိုဖာပေါ်မှာ ထိုင်ခိုင်းသည် ပြီးတော့ သူက ကျွန်တော့်ပေါင်ပေါ်တက်ထိုင်သည်
" ချစ်စရာလေး ကလေးနာမည်က ဘယ်သူလဲ "
" ယွန်းလေး သားကိုယွန်းလေးလို့ခေါ်ကိုကို "
" ယွန်းလေးတဲ့လား ချစ်စရာလေး "
" ကိုကိုကလည်း အရမ်းချောတယ်
ဒီမှာသားတို့နဲ့ အတူနေမှာ မဟုတ်လား "" ဟုတ်တာပေါ့ "
" သားနဲ့အတူဆော့မယ်နော် ကိုကို "
" အင်း "
" ယွန်းလေး ငါ့ကိုကိုပေါ် မထိုင်နဲ့ "
ကျွန်တော့်နဲ့ ယွန်းလေး စကားပြောနေတုန်း လှမ်းအော်လိုက်တဲ့ သခင်လေးကောင်း
ယွန်းလေး ကျွန်တော့်ပေါင်ပေါ်က မြန်မြန်ဆင်းပြီး ချယ်ရီနားပြေးကပ်သည်။" သားသားကို သားကြောက်တယ် "
" ဦးငယ်မဟုတ်ဘူးလား
ဘာလို့ သားသားလို့ခေါ်တာလဲ "ကောင်းကို ယွန်းလေးက သားသားလို့
ခေါ်တာကြောင့် အားတစ်ထူးဆန်းပြီး
မေးလိုက်တော့ ချယ်ရီကရယ်ပြီး" သူတို့နှစ်ယောက်က
ဆော့ဖော်ဆော့ဖတ်ရွယ်တူလေ "" အော်...ဟုတ်သား"
ကောင်းကျွန်တော့်တို့ နားရောက်လာပြီး
" ကိုကိုထ သူတို့နားမကပ်နဲ့ သားနဲ့လိုက်ခဲ့ "