zawgyi>>>
ဦး႐ွင္းရာတို႔ တစ္မ်ိဳးလံုးသည္
လ်ွမ္းထက္ကို ဒုကၡေပးဖို႔ ေမြးဖြားလားသလားဟုပင္ ထင္မွတ္ရသည္...
အစက တူျဖစ္သူနဲ႔မတည့္ဘူး...
ေနာက္ေတာ့ ဦးေလးက ဘဝတစ္ခုလံုးကိုဝင္ေမႊတယ္...
အခု ညီမျဖစ္သူကပါ သူ႔ကိုအသဲခြဲၿပီးထားခဲ့တဲ့ ex ဆိုပါလား...
ဘယ္လိုေတာင္ ေသာက္က်ိဳးနည္းေရစက္ႀကီးပါလိမ့္ကြာ...
"ဦးရွင္းကဒီကိုဘာလာလုပ္တာလဲ"
ေဟမာန္ဆိုေသာသူမက ႐ွင္းရာရဲ႕ ညီမတစ္ဝမ္းကြဲဟုေျပာရမည္...
ေျပာရရင္ ႐ွင္းရာနဲ႔ေတာ့ အသက္အေတာ္ကြာတာမို႔ ဦးေလးလိုပဲဆက္ဆံတာ...
ေဟမာန္က သြက္လက္ၿပီး ဥာဏ္ေျပးတယ္...
တစ္ခုခုဆို အရိပ္ျပရံုနဲ႔အေကာင္ျမင္တာမ်ိဳး...
ေျပာရရင္
ေယာက်ာ္းေလးေတြ႔သမ်ွ လင္ေပးစားေနတတ္ေသာ ေရာဂါလဲ႐ွိပါသည္...
အဲ့တာေၾကာင့္လဲ သူမမွာ ရည္းစားကမျမဲ...
လ်ွမ္းထက္နဲ႔ျပတ္တာလဲအဲ့လိုပဲ သူ႔ရဲ႕ကိစၥေပါင္းေသာင္းေျခာက္ေထာင္ကို လ်ွမ္းထက္ေလာက္ပင္ ဂ႐ုမစိုက္ေသာေၾကာင့္ျဖစ္၏...
ေစာေစာက လ်ွမ္းထက္နဲ႔ ႐ွင္းရာရဲ႕ပံုစံ ကိုလဲေတြ႔ေရာ မ်က္ႏွာက မခ်ိဳမခ်ဥ္နဲ႔ သူ႔ေဘးကေကာင္ကိုပင္ဂ႐ုမစိုက္ေတာ့သည့္အလား...
ထို႔ေနာက္မွ အေနာက္က လူကိုလွည့္ၾကည့္ရင္း မိတ္ဆက္လာသည္...
"သား...ဒါက မားရဲ့အစ္ကိုေလ..."
ေသာက္က်ိဳးနည္း! သားတဲ့လား...
ထင္သားပဲ...
အဲ့လိုလင္ယူမဲ့ေကာင္ေတြကိစၥနဲ႔ အလုပ္႐ႈပ္ေနတာ လင္ရမဲ့႐ုပ္လဲမေပၚပါဘူး
လ်ွမ္းထက္ အတြက္မဆန္းေတာ့ေသာ္ျငား ႐ွင္းရာကေတာ့ သိပ္နားလည္ပံုမေပၚေခ်...
လ်ွမ္းထက္ သူ႔အလုပ္မဟုတ္သျဖင့္ လွည့္ထြက္ဖို႔ျပင္တုန္း ႐ုတ္တရပ္ ခါးမွလွမ္းေပြ႔ထားျခင္းကိုခံလိုက္ရသည္...
"အင့္ ...ဘာလုပ္တာလဲ"
လ်ွမ္းထက္ ႐ုန္းဖို႔ႀကိဳးစားေသာ္ျငား ဦး႐ွင္းရာရဲ႕လက္ေတြက အရမ္းသန္မာလြန္းတာေၾကာင့္
သူ႔႐ုန္းကန္မႈကအရာမထင္ေခ်...
"လိုက္ခဲ့..."
႐ွင္းရာရဲ႕ အမူအရာက ခပ္ျပတ္ျပတ္ျဖစ္၍ အမိန္႔ဆန္ေသာ္ျငား တင္းမာမေနေခ်...
သူလ်ွမ္းထက္ကို ၾကည့္တဲ့အၾကည့္ကလဲ ေႏြးေထြးမႈေတြပါဝင္ေနတာေၾကာင့္ လ်ွမ္းထက္ ပိုလို့ပင္မထီမဲ့ျမင္လုပ္ခ်င္ေသး၏
"ခင္ဗ်ားေခၚတိုင္းလိုက္မယ္လို႔ ထင္ေနတာလား ဦး႐ွင္းရာ..."
"မလိုက္ခ်င္ရင္...လိုက္ေအာင္ေခၚတာေပါ့..."
"ဘာ ခင္ဗ်ား...ဟာ!!"
လူလည္ေခါင္တြင္ ေယာက်ာ္းတစ္ေယာက္ရဲ႕ ထမ္းေခၚျခင္းကို ခံရလိမ့္မည္ဟု လ်ွမ္းထက္ အိပ္မက္ထဲပင္ ထည့္မမက္ဖူးပါေခ်...
ေျပာရရင္ သူတစ္ခါမွမေတြးဖူးသည့္အရာမွန္သမ်ွ
႐ွင္းရာနဲ႔သာ အလိုလိုျဖစ္ကုန္ရ၏...
အခုလဲ ဟိုလူၾကည့္သည္လူၾကည့္နဲ႔
ဓာတ္ပံုပင္ခိုး႐ိုက္ေနၾကသည္ကိုပင္ ႐ွင္းရာက မထူးဆန္းသည့္အလား...
မသိရင္ စိတ္ဆိုးၿပီး အိမ္ေပၚကထြက္ေျပးသြားတဲမိန္းမကို ျပန္လာေခၚေနသည့္ အတိုင္း...
လ်ွမ္းထက္ ႐ုန္းကန္ခ်ိန္ပင္မရလိုက္ ႐ွင္းရာ၏ အတင္းအျကပ္ဆြဲေခၚမႈေၾကာင့္ ကားထဲေရာက္လာရေတာ့သည္...
သူ႔တူမကို ဆင္းစကားေျပာရင္း လ်ွမ္းထက္နဲ႔ေတြ႔တယ္လို႔ထင္ခဲ့တာ...
အႀကီးႀကီးမွားၿပီေပါ့...
"ခင္ဗ်ား ဘာလို႔ထပ္ေခၚလာျပန္တာလဲ"
႐ွင္းရာက သူ႔ကိုကားထဲေခၚၿပီးသည္ႏွင့္ တံခါးေတြအကုန္ ေလာ့ခ္ခ်လိုက္ၿပီျဖစ္တာေၾကာင့္ လ်ွမ္းထက္ အပိုဆိုမေနခ်င္ေတာ့....
ဦး႐ွင္းရာရဲ႕ အမူအရာကေတာ့ ေအးစက္စက္ပင္...
အျပင္ကိုတစ္ခ်က္လွမ္းျကည့္ရင္း
လက္ကို ကားမွန္တြင္ တေတာက္ေတာက္ ေခါက္ေနေလရဲ႕...
"မင္းအလုပ္႐ွာေနတယ္မဟုတ္လား..."
"အဲ့ေတာ့..."
"ဘာလို႔အပင္ပန္းခံခ်င္တာလဲေကာင္ေလး...မာန္ကစားဝိုင္းမွာပဲ ျပန္လုပ္ပါ..."
"မလိုပါဘူး ခင္ဗ်ားမ်က္ႏွာမျမင္ခ်င္လို႔ အလုပ္ထြက္လာတာ ႐ွင္းလား"
႐ွင္းရာသည္ ဘာမွမေျပာပဲ
တစ္ခ်က္ျပံဳးလိုက္၏...
မင္းကမျမင္ခ်င္ေလ ကိုယ္ကပိုေတြ႔ခ်င္ေလပဲ....
"ေနပူထဲသြားၿပီး ကိုယ့္ကိုစိတ္ပူရေအာင္မလုပ္စမ္းနဲ႔ baby..."
"က်ဳပ္ဘာသာ ဘယ္လိုေနေနေလ...
ခင္ဗ်ားအပူပါလို႔လား က်ဳပ္ဘဝကိုက်ဳပ္ပဲဆံုးျဖတ္ပါရေစ
ထပ္ၿပီးဝင္မပါပါနဲ႔ေတာ့ဗ်ာ "
လ်ွမ္းထက္စကားကိုၾကားၿပီးေနာက္ ႐ွင္းရာက ဟက္ခနဲရီသည္...
မပက္သက္ခ်င္ဘူးလား baby...
မတတ္ႏိုင္ဘူးေလ...
ကိုယ္ကပက္သက္ခ်င္ေနမိတာကို...
"အ့ ခင္ဗ်ား..."
႐ွင္းရာရဲ႕လက္တို႔က အလ်င္အျမန္ပဲ လ်ွမ္းထက္ခါးမွဆြဲကာ သူ႔ေပါင္ေပၚတင္လိုက္သည္...
႐ုတ္တရပ္မို႔ လန္႔ကာေၾကာင္အသြားေသာ္ျငား လ်ွမ္းထက္႐ုန္းဖို႔ႀကိဳးစားပါေသးသည္...
သို႔ေသာ္ ႐ွင္းရာနဲ႔သူက ဘယ္တုန္းကမွ အားခ်င္းမမ်ွခဲ့...
~ႁပြတ္စ္
လ်ွမ္းထက္ ရုန္းကန္ေနရင္းနွင့္ပင္ ဦး႐ွင္းရာ
အနမ္းေလးတစ္ပြင့္က ႏူးညံ့စြာ ေႂကြခသြားေလေတာ့သည္....
သူေၾကာင္အေနမိေသာ္ျငား ႐ွင္းရာကေတာ့ သူ႔ခါးေလးကို တင္းတင္းၾကပ္ၾကပ္ဖက္ကာ ႏႈတ္ခမ္းသားေလးအား တ႐ိုက္တမက္ငံုခဲ့ရင္း ခ်ိဳၿမိန္ေသာအနမ္းေလးအားဖန္တီးေနေတာ့သည္...
ဘာလို႔...ဘာလို႔လဲ...
ထူးဆန္းလြန္းတယ္...
အရင္လို အၾကမ္းအတမ္းေတြလဲမဟုတ္ပဲ ႏူးႏူးညံ့ည့ံအနမ္းခံရတာႀကီးက...
လ်ွမ္းထက္ နဲ႔ေနသားမက်ေသးေသာ္ျငား သေဘာက်ေနမိပါေသးသည္...
သို႔ေသာ္ ကားအေနာက္ဘက္က ဓာတ္ပံု႐ိုက္ေနသည့္လူကိုေတာ့
လ်ွမ္းထက္ သတိမထားမိခဲ့ပါေခ်...
႐ွင္းရာသည္ အနမ္းၾကားကပင္ တစ္ခ်က္ျပံဳးလိုက္မိ၏...
မင္းကလြတ္ေျမာက္ခ်င္ေပမဲ့ ကိုယ္ကခ်ဳပ္ေႏွာင္ခ်င္ေနတာ ဘယ္လိုလုပ္မလဲ baby...
*****************************
အစားအေသာက္ခံလိုက္ရေသာ ရန္ေနာင္သည္ ပင္ပန္း၍မလႈပ္ႏိုင္ရကား ျငိမ္ျငိမ္ေလးအိပ္ေပ်ာ္ေန႐ွာသည္...
သူ႔ေဘးတြင္ေတာ့ ကားေမာင္းေနတဲ့မင္းမာန္က ရန္ေနာင့္ကို ခဏခဏခိုးၾကည့္ေန၏...
ေကာင္ေလး အိပ္ေနတဲ့ပံုစံက ခ်စ္စရာေလး...
ပါးေဖာင္းေဖာင္းေလးရယ္...
နီရဲရဲႏႈတ္ခမ္းႏုႏုေလးရယ္...
ေမွးစင္းေနတဲ့မ်က္ေတာင္ ေကာ့ေကာ့ေလးရယ္...
ကေလးေလးတစ္ေယာက္လိုမ်ိဳး လွရက္ႏိုင္လြန္းသည္...
မင္းမာန္ ကားကိုလမ္းေဘးခ်ရပ္လိုက္ရင္း သူ႔ရဲ႕ အထိမခံႏိုင္တဲ့ ေႂကြ႐ုပ္ကေလးကို စိုက္ၾကည့္ေနမိသည္...
ခဏၾကာေတာ့ မ်က္ေတာင္ေလးေတြ ပုတ္ခတ္ကာ ႏိုးလာတဲ့ရန္ေနာင္ေလး...
"အစ္ကို ဘာျဖစ္လို႔လဲဟင္"
မင္းမာန္က ႏႈတ္ခမ္းမွအျပံဳးေလးႏွင့္ပင္ ေခါင္းခါျပ၏...
"ညီ...မင္းအဆင္ေျပရဲ႕လား"
"ဟုတ္ အစ္ကို...ညီအဆင္ေျပပါတယ္"
"မင္းေနမေကာင္းတဲ့ပံုေပၚေနတယ္ ဟူးး မထူးပါဘူးကြာ ဒီည ကိုယ့္အိမ္လိုက္ခဲ့ေနာ္"
"ဗ်ာ..."
"အာ...ကိုယ္ေျပာတာက...မင္းကိုအိမ္မွာထားၿပီး ဂ႐ုစိုက္ခ်င္လို႔ေလ"
ရန္ေနာင္သည္ အခုမွသက္ျပင္းခ်ႏိုင္၏...
သူ႔အစ္ကိုမင္းမာန္အေၾကာင္းလဲ မသိတာမဟုတ္...
ေနသိပ္မေကာင္းခ်င္တာမို႔ လိုက္သြားဖို႔ကလဲ ေၾကာက္ရေသးသည္...
ေတာ္ၾကာ သူဂ႐ုစိုက္ကာမွ အားျပတ္သြားပါဦးမယ္...
"ညီေရ....ကိုယ္ေျပာတာေရာၾကားရဲ႕လား"
မင္းမာန္အသံၾကားမွပဲ ရန္ေနာင္လဲသတိဝင္လာေတာ့သည္...
"ဗ်ာ..."
"ညီ့အိမ္ကို ကိုယ္ဖုန္းဆက္လိုက္မယ္လို႔..."
"အာ ဟုတ္ဟုတ္..."
"ဟဟ ဘာေတြေတြးေနမွန္းမသိဘူးကြာ...ခ်စ္စရာေလး"
မင္းမာန္သည္ ေျပာရင္းႏွင့္ပင္ ရန္ေနာင့္ပါးေလးကို ရႊတ္ခနဲနမ္း၏...
ရန္ေနာင္ျပံဳးရံုသာျပံဳးသည္...
အေစာထဲက သူ႔မိဘေတြက မင္းမာန္ကို မႏွစ္ၿမိဳ႕ၾကဘူး... ဆိုးသြမ္းတယ္ ဆိုၿပီးရန္ေနာင္နဲ႔လဲမေပါင္းခိုင္းၾကဘူးေလ...
ရန္ေနာင့္စိတ္ထဲတြင္ေတာ့ သူ႔မိဘေတြခြင့္ျပဳရန္သာဆုေတာင္းရင္း...
***************************
unicode>>>
ဦးရှင်းရာတို့ တစ်မျိုးလုံးသည်
လျှမ်းထက်ကို ဒုက္ခပေးဖို့ မွေးဖွားလားသလားဟုပင် ထင်မှတ်ရသည်...
အစက တူဖြစ်သူနဲ့မတည့်ဘူး...
နောက်တော့ ဦးလေးက ဘဝတစ်ခုလုံးကိုဝင်မွှေတယ်...
အခု ညီမဖြစ်သူကပါ သူ့ကိုအသဲခွဲပြီးထားခဲ့တဲ့ ex ဆိုပါလား...
ဘယ်လိုတောင် သောက်ကျိုးနည်းရေစက်ကြီးပါလိမ့်ကွာ...
"ဦးရှင်းကဒီကိုဘာလာလုပ်တာလဲ"
ဟေမာန်ဆိုသောသူမက ရှင်းရာရဲ့ ညီမတစ်ဝမ်းကွဲဟုပြောရမည်...
ပြောရရင် ရှင်းရာနဲ့တော့ အသက်အတော်ကွာတာမို့ ဦးလေးလိုပဲဆက်ဆံတာ...
ဟေမာန်က သွက်လက်ပြီး ဥာဏ်ပြေးတယ်...
တစ်ခုခုဆို အရိပ်ပြရုံနဲ့အကောင်မြင်တာမျိုး...
ပြောရရင်
ယောကျာ်းလေးတွေ့သမျှ လင်ပေးစားနေတတ်သော ရောဂါလဲရှိပါသည်...
အဲ့တာကြောင့်လဲ သူမမှာ ရည်းစားကမမြဲ...
လျှမ်းထက်နဲ့ပြတ်တာလဲအဲ့လိုပဲ သူ့ရဲ့ကိစ္စပေါင်းသောင်းခြောက်ထောင်ကို လျှမ်းထက်လောက်ပင် ဂရုမစိုက်သောကြောင့်ဖြစ်၏...
စောစောက လျှမ်းထက်နဲ့ ရှင်းရာရဲ့ပုံစံ ကိုလဲတွေ့ရော မျက်နှာက မချိုမချဉ်နဲ့ သူ့ဘေးကကောင်ကိုပင်ဂရုမစိုက်တော့သည့်အလား...
ထို့နောက်မှ အနောက်က လူကိုလှည့်ကြည့်ရင်း မိတ်ဆက်လာသည်...
"သား...ဒါက မားရဲ့အစ်ကိုလေ..."
သောက်ကျိုးနည်း! သားတဲ့လား...
ထင်သားပဲ...
အဲ့လိုလင်ယူမဲ့ကောင်တွေကိစ္စနဲ့ အလုပ်ရှုပ်နေတာ လင်ရမဲ့ရုပ်လဲမပေါ်ပါဘူး
လျှမ်းထက် အတွက်မဆန်းတော့သော်ငြား ရှင်းရာကတော့ သိပ်နားလည်ပုံမပေါ်ချေ...
လျှမ်းထက် သူ့အလုပ်မဟုတ်သဖြင့် လှည့်ထွက်ဖို့ပြင်တုန်း ရုတ်တရပ် ခါးမှလှမ်းပွေ့ထားခြင်းကိုခံလိုက်ရသည်...
"အင့် ...ဘာလုပ်တာလဲ"
လျှမ်းထက် ရုန်းဖို့ကြိုးစားသော်ငြား ဦးရှင်းရာရဲ့လက်တွေက အရမ်းသန်မာလွန်းတာကြောင့်
သူ့ရုန်းကန်မှုကအရာမထင်ချေ...
"လိုက်ခဲ့..."
ရှင်းရာရဲ့ အမူအရာက ခပ်ပြတ်ပြတ်ဖြစ်၍ အမိန့်ဆန်သော်ငြား တင်းမာမနေချေ...
သူလျှမ်းထက်ကို ကြည့်တဲ့အကြည့်ကလဲ နွေးထွေးမှုတွေပါဝင်နေတာကြောင့် လျှမ်းထက် ပိုလို့ပင်မထီမဲ့မြင်လုပ်ချင်သေး၏
"ခင်ဗျားခေါ်တိုင်းလိုက်မယ်လို့ ထင်နေတာလား ဦးရှင်းရာ..."
"မလိုက်ချင်ရင်...လိုက်အောင်ခေါ်တာပေါ့..."
"ဘာ ခင်ဗျား...ဟာ!!"
လူလည်ခေါင်တွင် ယောကျာ်းတစ်ယောက်ရဲ့ ထမ်းခေါ်ခြင်းကို ခံရလိမ့်မည်ဟု လျှမ်းထက် အိပ်မက်ထဲပင် ထည့်မမက်ဖူးပါချေ...
ပြောရရင် သူတစ်ခါမှမတွေးဖူးသည့်အရာမှန်သမျှ
ရှင်းရာနဲ့သာ အလိုလိုဖြစ်ကုန်ရ၏...
အခုလဲ ဟိုလူကြည့်သည်လူကြည့်နဲ့
ဓာတ်ပုံပင်ခိုးရိုက်နေကြသည်ကိုပင် ရှင်းရာက မထူးဆန်းသည့်အလား...
မသိရင် စိတ်ဆိုးပြီး အိမ်ပေါ်ကထွက်ပြေးသွားတဲမိန်းမကို ပြန်လာခေါ်နေသည့် အတိုင်း...
လျှမ်းထက် ရုန်းကန်ချိန်ပင်မရလိုက် ရှင်းရာ၏ အတင်းအကြပ်ဆွဲခေါ်မှုကြောင့် ကားထဲရောက်လာရတော့သည်...
သူ့တူမကို ဆင်းစကားပြောရင်း လျှမ်းထက်နဲ့တွေ့တယ်လို့ထင်ခဲ့တာ...
အကြီးကြီးမှားပြီပေါ့...
"ခင်ဗျား ဘာလို့ထပ်ခေါ်လာပြန်တာလဲ"
ရှင်းရာက သူ့ကိုကားထဲခေါ်ပြီးသည်နှင့် တံခါးတွေအကုန် လော့ခ်ချလိုက်ပြီဖြစ်တာကြောင့် လျှမ်းထက် အပိုဆိုမနေချင်တော့....
ဦးရှင်းရာရဲ့ အမူအရာကတော့ အေးစက်စက်ပင်...
အပြင်ကိုတစ်ချက်လှမ်းကြည့်ရင်း
လက်ကို ကားမှန်တွင် တတောက်တောက် ခေါက်နေလေရဲ့...
"မင်းအလုပ်ရှာနေတယ်မဟုတ်လား..."
"အဲ့တော့..."
"ဘာလို့အပင်ပန်းခံချင်တာလဲကောင်လေး...မာန်ကစားဝိုင်းမှာပဲ ပြန်လုပ်ပါ..."
"မလိုပါဘူး ခင်ဗျားမျက်နှာမမြင်ချင်လို့ အလုပ်ထွက်လာတာ ရှင်းလား"
ရှင်းရာသည် ဘာမှမပြောပဲ
တစ်ချက်ပြုံးလိုက်၏...
မင်းကမမြင်ချင်လေ ကိုယ်ကပိုတွေ့ချင်လေပဲ....
"နေပူထဲသွားပြီး ကိုယ့်ကိုစိတ်ပူရအောင်မလုပ်စမ်းနဲ့ baby..."
"ကျုပ်ဘာသာ ဘယ်လိုနေနေလေ...
ခင်ဗျားအပူပါလို့လား ကျုပ်ဘဝကိုကျုပ်ပဲဆုံးဖြတ်ပါရစေ
ထပ်ပြီးဝင်မပါပါနဲ့တော့ဗျာ "
လျှမ်းထက်စကားကိုကြားပြီးနောက် ရှင်းရာက ဟက်ခနဲရီသည်...
မပက်သက်ချင်ဘူးလား baby...
မတတ်နိုင်ဘူးလေ...
ကိုယ်ကပက်သက်ချင်နေမိတာကို...
"အ့ ခင်ဗျား..."
ရှင်းရာရဲ့လက်တို့က အလျင်အမြန်ပဲ လျှမ်းထက်ခါးမှဆွဲကာ သူ့ပေါင်ပေါ်တင်လိုက်သည်...
ရုတ်တရပ်မို့ လန့်ကာကြောင်အသွားသော်ငြား လျှမ်းထက်ရုန်းဖို့ကြိုးစားပါသေးသည်...
သို့သော် ရှင်းရာနဲ့သူက ဘယ်တုန်းကမှ အားချင်းမမျှခဲ့...
~ပြွတ်စ်
လျှမ်းထက် ရုန်းကန်နေရင်းနှင့်ပင် ဦးရှင်းရာ
အနမ်းလေးတစ်ပွင့်က နူးညံ့စွာ ကြွေခသွားလေတော့သည်....
သူကြောင်အနေမိသော်ငြား ရှင်းရာကတော့ သူ့ခါးလေးကို တင်းတင်းကြပ်ကြပ်ဖက်ကာ နှုတ်ခမ်းသားလေးအား တရိုက်တမက်ငုံခဲ့ရင်း ချိုမြိန်သောအနမ်းလေးအားဖန်တီးနေတော့သည်...
ဘာလို့...ဘာလို့လဲ...
ထူးဆန်းလွန်းတယ်...
အရင်လို အကြမ်းအတမ်းတွေလဲမဟုတ်ပဲ နူးနူးညံ့ညံ့အနမ်းခံရတာကြီးက...
လျှမ်းထက် နဲ့နေသားမကျသေးသော်ငြား သဘောကျနေမိပါသေးသည်...
သို့သော် ကားအနောက်ဘက်က ဓာတ်ပုံရိုက်နေသည့်လူကိုတော့
လျှမ်းထက် သတိမထားမိခဲ့ပါချေ...
ရှင်းရာသည် အနမ်းကြားကပင် တစ်ချက်ပြုံးလိုက်မိ၏...
မင်းကလွတ်မြောက်ချင်ပေမဲ့ ကိုယ်ကချုပ်နှောင်ချင်နေတာ ဘယ်လိုလုပ်မလဲ baby...
*****************************
အစားအသောက်ခံလိုက်ရသော ရန်နောင်သည် ပင်ပန်း၍မလှုပ်နိုင်ရကား ငြိမ်ငြိမ်လေးအိပ်ပျော်နေရှာသည်...
သူ့ဘေးတွင်တော့ ကားမောင်းနေတဲ့မင်းမာန်က ရန်နောင့်ကို ခဏခဏခိုးကြည့်နေ၏...
ကောင်လေး အိပ်နေတဲ့ပုံစံက ချစ်စရာလေး...
ပါးဖောင်းဖောင်းလေးရယ်...
နီရဲရဲနှုတ်ခမ်းနုနုလေးရယ်...
မှေးစင်းနေတဲ့မျက်တောင် ကော့ကော့လေးရယ်...
ကလေးလေးတစ်ယောက်လိုမျိုး လှရက်နိုင်လွန်းသည်...
မင်းမာန် ကားကိုလမ်းဘေးချရပ်လိုက်ရင်း သူ့ရဲ့ အထိမခံနိုင်တဲ့ ကြွေရုပ်ကလေးကို စိုက်ကြည့်နေမိသည်...
ခဏကြာတော့ မျက်တောင်လေးတွေ ပုတ်ခတ်ကာ နိုးလာတဲ့ရန်နောင်လေး...
"အစ်ကို ဘာဖြစ်လို့လဲဟင်"
မင်းမာန်က နှုတ်ခမ်းမှအပြုံးလေးနှင့်ပင် ခေါင်းခါပြ၏...
"ညီ...မင်းအဆင်ပြေရဲ့လား"
"ဟုတ် အစ်ကို...ညီအဆင်ပြေပါတယ်"
"မင်းနေမကောင်းတဲ့ပုံပေါ်နေတယ် ဟူးး မထူးပါဘူးကွာ ဒီည ကိုယ့်အိမ်လိုက်ခဲ့နော်"
"ဗျာ..."
"အာ...ကိုယ်ပြောတာက...မင်းကိုအိမ်မှာထားပြီး ဂရုစိုက်ချင်လို့လေ"
ရန်နောင်သည် အခုမှသက်ပြင်းချနိုင်၏...
သူ့အစ်ကိုမင်းမာန်အကြောင်းလဲ မသိတာမဟုတ်...
နေသိပ်မကောင်းချင်တာမို့ လိုက်သွားဖို့ကလဲ ကြောက်ရသေးသည်...
တော်ကြာ သူဂရုစိုက်ကာမှ အားပြတ်သွားပါဦးမယ်...
"ညီရေ....ကိုယ်ပြောတာရောကြားရဲ့လား"
မင်းမာန်အသံကြားမှပဲ ရန်နောင်လဲသတိဝင်လာတော့သည်...
"ဗျာ..."
"ညီ့အိမ်ကို ကိုယ်ဖုန်းဆက်လိုက်မယ်လို့..."
"အာ ဟုတ်ဟုတ်..."
"ဟဟ ဘာတွေတွေးနေမှန်းမသိဘူးကွာ...ချစ်စရာလေး"
မင်းမာန်သည် ပြောရင်းနှင့်ပင် ရန်နောင့်ပါးလေးကို ရွှတ်ခနဲနမ်း၏...
ရန်နောင်ပြုံးရုံသာပြုံးသည်...
အစောထဲက သူ့မိဘတွေက မင်းမာန်ကို မနှစ်မြို့ကြဘူး... ဆိုးသွမ်းတယ် ဆိုပြီးရန်နောင်နဲ့လဲမပေါင်းခိုင်းကြဘူးလေ...
ရန်နောင့်စိတ်ထဲတွင်တော့ သူ့မိဘတွေခွင့်ပြုရန်သာဆုတောင်းရင်း...
***************************