With zawgyi....
မွေ့ရာထက်မှာလူးလှိမ့်နေရင်းနဲ့Jung Kookကိုယ့်ကိုကိုယ်ကျိန်ဆဲနေမိသည်....။
ဘာလို့များဒီလောက်ထိပျော့နေရတာလဲယောကျာင်္းလေးဖြစ်ပြီး...ဖြေးဖြေးလေးတွန်းလိုက်တာကို...။
အခန်းထဲမှာဂဏှာမငြိမ်စွာလှည့်ပတ်လျှောက်နေပြီးမှစိတ်ဒုံးဒုံးချကာ Jung Kookအခန်းတံခါးဖွင့်ကာ အောက်ထပ်ဆီသို့ ဦးတည်လိုက်တော့သည်....။
နှဖူးကစီးကျလာတဲ့သွေးတွေကည၀တ်အင်္ကျီအဖြူရောင်ကော်လံပေါ်ထိပင်ရောက်နေလေပြီ.....။
"Jung..."
"ပါးစပ်လည်းမလှုပ်နဲ့...."
အနောက်တွင်ထိုင်နေတဲ့သူရဲ့ နှုတ်ခမ်းပါးလေး တွန့်ချိုးကာ အပြုံးပန်းလေးပွင့်သွားသည်ကိုတော့ ၀ုန်းဒိုင်းကျဲနေသည့်Jung Kook မမြင်မိလိုက်ချေ.....။
_
_________________________________________________
အ!!
"နာလို့လား..."
"ရတယ်...ဘာမှမဖြစ်ဘူး..."
"အား! Jung Kookမင်း..."
"ဘာလဲ..."
"ဘာမှမဟုတ်တော့ဘူး..."
"လူလိမ်...."
"ဘာ..."
"....."
"...."
"Kim Tae Hyung...."
Kim Tae Hyung...ဒီနေ့တစ်နေကုန် ချစ်စရာကောင်းအောင်လုပ်နေတာတွေရပ်တန်းကရပ်သင့်ပြီလို့ထင်တယ်......။
ရှုံးမှာလား....။
____________သခင်_____________
With unicode....
ဟာကွာ..ဘာလို့အဲဒီမျက်နှာပဲမျက်လုံးထဲမြင်ယောင်နေတာလဲJeon Jung Kook....။
မွေ့ရာထက်မှာလူးလှိမ့်နေရင်းနဲ့Jung Kookကိုယ့့်ကိုကိုယ်ကျိန်ဆဲနေမိသည်....။
သွေးထွက်နေတဲ့နှဖူးပြင်တစ်ခုကမျက်လုံးထဲကဘယ်လိုမှထုတ်လို့မရ....။
ဘာလို့များဒီလောက်ထိပျော့နေရတာလဲယောကျာၤးလေးဖြစ်ပြီး...ဖြေးဖြေးလေးတွန်းလိုက်တာကို...။
တော်တော်ဒုက္ခပေးတဲ့လူ....။ ကိုယ့်ဟာကိုယ်ထိခိုက်တာထိပေါ့....။ ဘာလို့များလူကိုနေရထိုင်ရခက်အောင်ဖန်တီးနေရတာလဲ....။
မနေနိုင်တဲ့အဆုံးအခန်း၀နားကိုခြေဖျားထောက်ကာဖြေးဖြေးချင်းသွားလိုက်ကာ တံခါးမှာကပ်ရင်းအောက်ထပ်ကိုနားစွင့်နေသောJung Kook....။
WTH!! Jeon Jung Kook...မင်းဘာတွေလုပ်နေတာလဲ....။
ကိုယ့်ခေါင်းကိုယ်နာနာပြန်ရိုက်လိုက်ကာJung Kookကုတင်ပေါ်ပြန်ထိုင်လိုက်ပြန်သည်....။
အောက်ထပ်ကဘာအသံမှမကြားရ....။ မဟုတ်မှမေ့လဲသွားတာများလား....။
ကုတင်ပေါ်ကဆင်းပြီးအခန်း၀ရောက်သွားပြန်သောJung Kook....။
Yoongi Hyungပြောသလိုမျောက်စိတ်တောင်မဟုတ်တော့....မျောက်လုံးလုံးဖြစ်နေပြီ...။
အခန်းထဲမှာဂဏှာမငြိမ်စွာလှည့်ပတ်လျှောက်နေပြီးမှစိတ်ဒုံးဒုံးချကာ Jung Kookအခန်းတံခါးဖွင့့်ကာ အောက်ထပ်ဆီသို့ ဦးတည်လိုက်တော့သည်....။
Kim Tae Hyung...နောက်နေ့ကစပြီးခင်ဗျားကိုမျက်စိဒေါက်ထောက်ကြည့်နေတော့မယ်....။
ကျွန်တော့်ကိုဒီလိုတွေဖြစ်အောင် ခင်ဗျားနည်းလမ်းတစ်ခုခုသုံးထားလားလို့သံသယတွေ၀င်နေမိပြီ....။
အဲဒါမှမဟုတ်ရင်...ကျွန်တော်ဘာကြောင့်များ....။
မီးဖိုခန်းထဲရောက်သွားတော့Jung Kookတွေ့လိုက်ရတာက သူပစ်ချခဲ့တဲ့ ပန်းကန်တွေကိုထိုင်ပြီးရှင်းလင်းသိမ်းဆည်းနေတဲ့သူ....။
နှဖူးကစီးကျလာတဲ့သွေးတွေကည၀တ်အကျႌအဖြူရောင်ကော်လံပေါ်ထိပင်ရောက်နေလေပြီ.....။
ဒီလောက်ဖြစ်နေတာကိုမနာတာလား....။ မနာချင်ယောင်ဆောင်နေတာလား....။
ဒီလောက်လူသနားရအောင်မနေပါနဲ့လို့သတိပေးနေရက်နဲ့....။
အမှန်တော့Kim Tae Hyungဆိုသောလူသားသည် Jeon Jung Kook၏ နှလုံးသားဘယ်လောက်ထိမာနိုင်မလဲဆိုတာကို နည်းအမျိုးမျိုးနဲ့စမ်းသပ်နေလေသည်.....။
ခင်ဗျားရဲ့မျက်ရည်တစ်စက်နဲ့ ကျွန်တော့်ဘက်ကအလံဖြူပြချင်နေပြီဆိုတာ ခင်ဗျားသိရင်ကျွန်တော့်ကိုဟားတိုက်နေမှာလား....။
"Kim Tae Hyung...ခင်ဗျားထွက်လာခဲ့..."
လက်မောင်းရင်းကဆောင့်ဆွဲပြီးဘာမှပြန်မပြောနိုင်ခင်မှာ ဧည့်ခန်းထဲသို့ ဆွဲခေါ်လာခဲ့လိုက်သည်....။
"တစ်စက်မှမလှုပ်ဘဲဒီမှာထိုင်နေ..."
"Jung..."
"ပါးစပ်လည်းမလှုပ်နဲ့...."
စောဒကတက်ဖို့ဟန်ပြင်နေတဲ့အကြောတင်းကိုဘာမှဆက်မပြောနိုင်အောင်ပိတ်ဟောက်ခဲ့ကာ Jung Kook အခန်းထဲတွင်ရှိသော ဆေးသေတ္တာကို သွားတက်ယူလိုက်သည်.....။
အေနာက်တွင်ထိုင်ေနတဲ့သူရဲ့ နှုတ်ခမ်းပါးလေး တွန့်ချိုးကာ အပြုံးပန်းလေးပွင့်သွားသည်ကိုတော့ ၀ုန်းဒိုင်းကျဲနေသည့်Jung Kook မမြင်မိလိုက်ချေ.....။
_
_________________________________________________
အ!!
"နာလို့လား..."
"ရတယ်...ဘာမှမဖြစ်ဘူး..."
"အား! Jung Kookမင်း..."
မျက်နှာကရှုံ့မဲ့ခွက်နေကာဒီလောက်နာနေတာကိုမနာဘူးပြောနေတဲ့အတွက်Jung Kookအသည်းယားကာဖွဖွလေး ဆေးထည့်ပေးနေရာမှ ဖိထည့်လိုက်တော့ မျက်လွှာချထားသောTae Hyungရဲ့ ဒေါသမျက်စောင်းကဒိုင်းခနဲ Jung Kookဆီရောက်သွားခဲ့သည်.....။
"ဘာလဲ..."
"ဘာမှမဟုတ်တော့ဘူး..."
"လူလိမ်...."
"ဘာ..."
"ခင်ဗျားက တော်တော်မုန်းဖို့ကောင်းတာ...ခင်ဗျားသိလား..."
"....."
"ရပြီ...ဆေးထည့်ပြီးပြီ ...မသက်သာသေးလို့ဆေးရုံသွားချင်ရင်လဲသွား...."
"...."
"Kim Tae Hyung...."
ဘာစကားမှပြန်မပြောဘဲမျက်လွှာချထားတာမို့ နာမည်ခေါ်လိုက်တော့မော့ကြည့်လာတဲ့ကြယ်ရောင်တောက်မျက်၀န်းတစ်စုံနှင့်ခလုတ်တိုက်မိတော့ ၀ဲဘက်ရင်အုံကအချက်ပြသည်....။
S**t ! Jung Kook....ဘာအထာတွေလဲ....။
ခင်ဗျားနဲ့နေရတာ တစ်နေ့နဲ့တစ်နေ့ကိုယ့်ကိုကိုယ်မကျိန်ဆဲရရင်မနေနိုင်လောက်အောင်ပဲဖြစ်နေပြီ....။
"ဘာပြောဖို့လဲJung Kook..."
"ကျေးဇူးတင်စကားမပြောဖူးလား...ခင်ဗျားကိုဒီလိုဆေးထည့်ပေးတာ..."
"ဒီလိုဖြစ်အောင်...ဘယ်သူကလုပ်တာလဲ...."
Speechless ပါKim Tae Hyung....။
ခင်ဗျားသာ ကျွန်တော်ငယ်ငယ်ကဆော့ခဲ့ဖူးတဲ့၀က်ဝံအမွှေးပွရုပ်သာဆိုရင် အသည်းယားလွန်းလို့ တစ်စစီဆွဲဖဲ့မိလိုက်တော့မယ်ထင်တယ်....။
"ဟို...ကျွန်မတို့ကိုMr.Minလွှတ်လိုက်လို့ပါ...."
နှစ်ယောက်လုံးကအိမ်ရှေ့ဧည့်ခန်းထဲတွင်ထိုင်နေသည်မို့အိမ်အ၀မှအသံကြောင့် အကြောင်းမဲ့အကြည့်ချင်းဆုံနေရာမှ အသိပြန်၀င်လာကြသည်.....။
အိမ်အကူတွေလာလျှင် အိမ်ထဲတစ်ခါတည်းပေး၀င်လိုက်ဖို့ရန် ခြံစောင့်ဦးလေးကိုJung Kookမှာထားခဲ့သည်မဟုတ်ပါလား....။
"Aww...Yoongi Hyungလွှတ်လိုက်တာထင်တယ်...၀င်လာခဲ့ကြ..."
အိမ်အကူတွေကို၀င်လာရန်ပြောအပြီး Jung Kook တစ်ခုခုကိုစဉ်းစားမိကာ မျက်နှာတွင်အပြုံးတစ်ခုချိတ်ဆွဲလိုက်တော့သည်.....။
"အချစ်....အခန်းထဲမှာသွားပြီးအနားယူလိုကိတော့နော်...ညကလည်းအချစ်ပင်ပန်းထားတယ်မဟုတ်လား...လာ.."
လက်ဖမိုးဖြူနုနုပေါ်အနမ်းခြွေရင်းသကာပေါ်ပျားရည်လောင်းထားသလားအောက်မေ့ရသည့် Jung Kookပြောလိုက်သည့်စကားကြောင့် Tae Hyungမျက်လုံးအစုံပြူးကျယ်သွားရသည်.....။
Jung Kookရဲ့အမိန့်တစ်စုံတစ်ရာမရသေးတာမို့မတ်တပ်ရပ်နေဆဲလူအချို့ကလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးစိစိ....။
Jung Kook မင်းစီးပွားရေးလုပ်ငန်းရှင်မလုပ်ဘဲ ရုပ်ရှင်မင်းသားလုပ်ရမှာ....။
အနာပေးလိုက်ဆေးပေးလိုက်လုပ်နေတာ ငါ့ကိုဒီလိုပုံစံမျိုးနဲ့အရှက်ခွဲဖို့ဆိုတာ ငါသိသင့်တယ်.....။
မင်းလက်ခုပ်ထဲကရေဘဲ မှောက်ချင်မှောက် လှန်ချင်လှန် သွန်ချင်သွန် ငါလက်ခံတာမို့မင်းစိတ်ကြိုက်သာလုပ်လိုက်ပါ.....။
မင်းစိတ်ကျေနပ်ဖို့ပဲလိုတယ်....။ ငါ့ဘက်ကမတောင်းပန်နိုင်တာကိုတော့ စိတ်မရှိပါနဲ့Jung Kook.....။
တစ်နေ့တော့မင်းနားလည်လာမှာပါ....။ ငါ့ဘက်ကလည်းထိခိုက်မှုတွေများတယ်Jung Kook...။
"အချစ်လမ်းလျှောက်နိုင်လား...ရှုပ်ပါတယ်ကျွန်တော်ပဲချီသွားမယ်..."
ပြောရင်းဆိုရင်း ဆိုဖာပေါ်တွင်ခြေထောက်ချကာထိုင်နေသည့်Tae Hyungကို Jung Kook မ ချီလိုက်တော့ ပေါ့ပေါ့ပါးပါးခန္ဓာကိုယ်က ရင်ခွင်ထဲဆွေ့ခနဲ ပါလာသည်....။
သန်မာတဲ့လက်တွေကြားကရုန်းပြီးဆင်းဖို့ပြင်နေတာသူသည် Jung Kookရဲ့နှစ်ကိုယ်ကြားရုံအသံတိုးတိုးကြောင့်ငြိမ်သက်သွားသည်မှာ အခန်းထဲကမွေ့ရာပေါ်ရောက်သည်အထိ လှုပ်ပင်မလှုပ်တော့....။
အဟက်....လူဆိုးလေး ကြောက်တတ်လိုက်တာ.....။
Jung Kookပြောလိုက်သည့်စကားကတော့ "ရုန်းရဲရုန်းကြည့် ဒီနေရာမှာKissingဆွဲလိုက်ရမယ်နော် " ဟူ၍......။
Kim Tae Hyung...ဒီနေ့တစ်နေကုန် ချစ်စရာကောင်းအောင်လုပ်နေတာတွေရပ်တန်းကရပ်သင့့်ပြီလို့ထင်တယ်......။
ခင်ဗျားထင်သလို ကျွန်တော့်နှလုံးသားကမမာဘူးဆိုတာခင်ဗျားသိသင့်တယ်....။
ကျွန်တော်သိလိုက်ရတဲ့အမှန်တရားတစ်ခုက ကျွန်တော်စစ်ခင်းလိုက်မိတဲ့ခင်ဗျားက ကျွန်တော့်ထက် စစ်သည်အင်အား ပိုများနေတယ်ဆိုတာကို....။
ကျွန်တော်နိုင်မှာလား....။
ရှုံးမှာလား....။
လာရာလမ်းကပြန်လှည့်လိုက်ရမှာလား....။
လက်နက်ချအရှုံးပေးလိုက်ရမှာလား....။
ကျွန်တော်တော့ ဦးတည်ရာလမ်းကြောင်းတွေလွဲမှန်းမသိလွဲနေပြီနဲ့တူတယ်Kim Tae Hyungရယ်....။
____________သခင်_____________
မုန်တိုင်းမလာခင် လေပြေလေးနည်းနည်းတိုက်😁
စတာပါ Dazzlingက dramaမချိုးတတ်ပါဘူးနော်😌
Special Thanks To My All Readers💜💜