မောင် မအားဘူးဆိုတာလည်း ငါနားလည်တယ်… မောင် ငါ့မွေးနေ့ကို အတူတူမနေတဲ့ နှစ်တွေက သည်းသည်းလှုပ်ပြပြီး အခုတူတူနေမှ ဆာင်လက်ဆောင်ကးသေးဘူး… ဟိုအရင်ကဆို ကနေဒါရောက်နေလည်း မောင် က လက်ဆောင် မရမက ပို့ပေးတယ်… မောင် ငါ့ကို အပိုင်ရပြီဆိုပြီး ခချောင်ထိုးတာလား…
မဟုတ်ဘူး… ငါက ပါရမီဖြည့်ဖက်ပဲရယ်… ငါနားလည်ရမှာပေါ့… ငါ့မွေးနေ့ကို မနှစ်က မောင် Meeting ရှိလို့ မလာနိုင်တာ ငါနားလည်ပေးတာပဲရော… ဒီနှစ်ကျမှ ငါဘာလို့ ဇန်းခတ်နေရတာလဲ… မောင် မအားလို့ လက်ဆောင် မစီစဉ်ပေးနိုင်တာပဲရယ်… ငါက ပါရမီဖြည့်ဖက် ငါနားလည်ရမယ် ငါနားလည်ရမယ်…
ဟန်နေတစ်ယောက်လျှောက်တွေးရင်း မောင့် ရုံးခန်းရှေ့ရှိ Reception ကို ထွက်လာလိုက်သည်။ Reception မှ မောင့် Secretary ကိုဇွဲမာန်ကို… “ကိုဇွဲရေ… y ကို MD’s Schedule လေးပြပါလား”…
ကိုဇွဲက Ipad လေးထုတ်ပြသည်။ Y ကြည့်လိုက်တော့ မောင့် Appointment တွေသည် ည 8နာရီထိပြည့်နေသည်။ ဒီနေ့မှ ထူးထူးဆန်းဆန်း ပြည့်နေတာလား။ ဟန်နေ အလိုမကျဖြစ်သွားသည်ကို ကိုဇွဲက ရိပ်မိပြီး…
“Director ညီလေးရေ… ဆရာ့ အချိန်ဇယားက တစ်လကြိုဆွဲရတာလေ… ဒီနေ့မှ ထပ်တိုးထားတာ မဟုတ်ဘူး… ညီ အရေးကြီးလို့လား”…
“Nothing ကိုဇွဲ… Thank you နော်”… Y လည်း မတင်မကျတွေဖြစ်ပြီး လုပ်စရာရှိတာတွေ ရုံးခန်းမှာ ပြန်ထိုင်လုပ်လိုက်သည်။ စိတ်ထဲကလည်း… “မောင်က ညဘက်ထိတောင် ငါနဲ့ မွေးနေ့မလုပ်နိုင်ဘူးပေါ့… အွန်းလေ… မြန်မာပြည်ထိပ်တန်း ဆရာဝန် MD တစ်ယောက်ကို ယူထားမှတော့ ငါဒါတွေ နားလည်ရမှာပေါ့… y… မင်းက အညတြမဟုတ်ဘူး… မင်း မောင့်ကို မယူခင်တည်းက ဒါတွေ မင်းပြင်ဆင်ထားတာပဲလေ…”… တစ်ယောက်တည်း တွေးနေတုန်း Iphone လေးမှ Personal Ringtone မြည်လာသည်။
“Hello မောင်…”
“ဟန်နေ… မောင် ဟန်နေနဲ့ ဒီနေ့ Lunch တူတူစားလို့ မရတော့ဘူး… မောင် Liel ကိစ္စကြောင့် သူတို့နဲ့ Lunch စားပေးရမှာမို့လို့”
“အွန်းပါ မောင်ရ… သွားပါ”
“မောင်နဲ့ မစားရလို့ မစားဘဲမနေနဲ့နော်… ညနေကျရင်လည်း ထမင်းစားမစောင့်နဲ့ မောင်နောက်ကျမယ်… Company က ပြန်ရင်လည်း ကားကို သေချာမောင်းဦး… နှုတ်ခမ်းစုပ်ပြီး မောင့်ကို စိတ်ကောက်မနေနဲ့”
“မကောက်ပါဘူး မောင်ရ”… အခု ဖုန်းပြောနေရင်း ဟန်နေ အောက်နှုတ်ခမ်းလေးစုပ်နေတာ မောင်ရိပ်မိသည်။
ဖုန်းချပြီးတော့ “မောင်ရယ်… ဟန်နေ့ မွေးနေ့ကျမှ Lunch တောင်တူတူ မစားနိုင်ဘူးရော… အရင်ရက်တွေက တူတူ မစားရလည်း ဟန်နေ ဘာမှ မဖြစ်ပါဘူး… ဒီနေ့မှဆိုတော့… ဟူး…”
Y မှန်ချပ်များမှတစ်ဆင့် Company Gate ကို ကြည့်လိုက်တော့ မောင့်ရဲ့ Mercedes Maybach လေးက တောက်ပြောင်ငြိမ့်ညောင်းစွာ ထွက်သွားသည်။
ခလုတ်ထိမှ အမိတသော ချစ်ဖို့ကောင်းတဲ့ အကြောတင်း ဟန်နေ မေမေ့ဆီကို ဖုန်းခေါ်လိုက်သည်…
“မေမေ… y မွေးနေ့မှာ မေမေ့ကို ဖုန်းထဲက ကန်တော့တယ်နော်”
“မေမေကလည်း သတိရပါတယ် y ရယ်… company မှာလား Y… မေမေတို့ အိမ်ကို ညကျ ဟိန်းနဲ့ လာခဲ့ပါလား”
“ဒီနေ့တော့ သူရော သားရော အလုပ်တွေပြည့်နေတာ… နောက်နေ့မှလာမယ်ရော မေမေ”
မေမေနဲ့ ပေါ့ပေါ့ပါးပါးစကားတွေပြောရင်း Y အာရုံဖျောက်လိုက်သည်။ လက်ကောက်ဝတ်မှ မောင်နဲ့ ဆင်တူဝတ်ထားသော Romanson Crystal Sapphire နာရီလေးကို ဟန်နေကြည့်လိုက်တော့ ၁၂ခွဲနေပြီ… Intercom မှ အောင်ထက်ကို ခေါ်လိုက်ကာ
“အောင်ထက်ရေ… အကို့ကို Park Royal က Sandwich Package သွားဝယ်ပေးပါနော်… ပြီးတော့ Gong Cha က Pearl Milk Tea နှစ်ခွက်ပါဝယ်လာခဲ့… အဆင်ပြေတဲ့ ကားနဲ့ Driver ခေါ်သွားလိုက်… ဒီမှာ Card… အောင်ထက် စားချင်တာလည်း ၀ယ်လာခဲ့”…
“ကိုY ဒီနေ့ စိတ်ရှုပ်နေတယ်ထင်တယ်”…
“ဘာဖြစ်လို့လဲ အောင်ထက်ရ ရှင်းပါဦး”…
“ကိုY ဘေးနေပြီး secretary လုပ်တာကြာပြီပဲ… ကျွန်တော် အရိပ်အကဲ သိတာပေါ့… ကိုY စိတ်ရှုပ်ရင် Gong Cha က Tea ကို နှစ်ခွက်သောက်တယ်လေ… ပုံမှန်ဆို ကိုY တစ်ခွက်ပဲသောက်တယ်…”
“တော်လိုက်တာ… သွားတော့ ကားပိတ်နေဦးမယ်”
အောင်ထက်လည်း Company မှ Driver တစ်ဦးခေါ်ကာ Company ကားဖြင့် ထွက်လာသည်။ ကားပေါ်ရောက်တော့ Driver ဦးသောင်းနဲ့ အောင်ထက် စကားပြောလာကြသည်။
“အောင်ထက်ရေ… ငါတို့ Director ကြီး စိတ်ကောကြည်ရဲ့လား… ဒီနေ့က သူလေး မွေးနေ့လေ”
“အရမ်းမကြည်ဘူး ဦးသောင်းရ… ဆရာဟိန်းကလည်း အားမှမအားတာ… ဆရာဟိန်းကို ကြည့်ရတာ ကိုY ကို လက်ဆောင်ပေးဖို့ မေ့နေတယ် ထင်တယ်”
“ဟကောင်ရ… ဆရာဟိန်း မမေ့လောက်ပါဘူး… အတူတူ မနေခင် ဟိုးရှေ့ကိုးနှစ်ကတောင် ငါတို့ဆရာက တစ်နှစ်တစ်နှစ်ကို မရိုးနိုင်အောင် Y အတွက် လက်ဆောင်ပေးတာ… ငါတို့ဆို Y မွေးနေ့ မနက် 1နာရီလောက်ကြီး Y ရှေ့သွားပြီး မနက်ကျ Y အံ့သြအောင် လုပ်ရတာ နှစ်တိုင်းပဲကွ… အခု တူတူတောင် နေနေတာ လက်ဆောင် မပေးဘူးဆိုတာ မဖြစ်နိုင်ဘူးကွ”
“အဲ့တာတော့ မသိဘူး ဦးသောင်းရေ… ဒီနေ့ဆို ဆရာဟိန်း Appointment က ည 8နာရီထိရယ်… ကိုY စိတ်မကြည်တာ မဆန်းပါဘူး”
“ဘာပဲပြောပြော Y ကို ငါ တကယ်လေးစားတယ်… သူက ရိုကျိုးတယ်… လူတစ်ဖက်သားကို စာနာတတ်တယ်… ဆရာဟိန်း သူ့ကို ကြူနေတဲ့တောက်လျောက် ငါ က တစ်ခါတလေ ဆရာ့ကို လိုက်ပို့ရတာလေ… ငါ့ကို တွေ့ရင် y က ဆရာဟိန်း အသိဆိုပြီး သူများတွေလို မာန်တက်မပြဘူး… ခပ်တင်းတင်းမဆက်ဆံဘူး”
“အခု Director ရာထူးရသွားတော့လည်း ပုံမှန်ပဲ… ရာထူးမာန်တက်ပြတာ ဘာညာမရှိဘူး… တခြား Department တွေက အစက Y ကို ပညာပြမယ့် မာနခဲလို့ထင်ပြီးကြောက်နေကျတာ… တကယ်လည်း Y မှန်မှန်ကန်ကန် ဆက်ဆံရော အချစ်တွေကို ပိုလို့”
“Y က Ruby Group ဒေါက်တာMD ကိုပိုင်ထားပေမယ့် Power မပြဘူး… ဟိန်းဖေဖေ CEO ရဲ့ ပစားပေးခံရလည်း Y ရုံးမှာ Power မပြဘူးကွ… အမြဲ လေသံအေးအေးလေးနဲ့ ဆက်ဆံတာ… သူစိတ်မကြည်ဖြစ်လည်း ငါတို့ Driver တွေကို ပတ်မရမ်းဘူး”
“အဲ့ဒါတော့ ဟုတ်တယ် ဦးသောင်းရေ… ကျွန်တော် အလုပ်စ၀င်တုန်းက အမှားတွေလုပ်တယ်လေ… ဒါမယ့် ကိုY တစ်ချက် အပြစ်မတင်ဘူး… သေချာ ပြန်ရှင်းပြတယ် မတတ်မချင်း… မင်းနေရာမှာ ငါဆိုလည်း မှားမှာပဲဆိုပြီး အားပေးတာ… ခုလည်း ဆရာ့ကို စိတ်ခုနေပေမယ့် ကျွန်တော်တို့ကို ကောင်းကောင်းပဲ ဆက်ဆံတယ်”
“အေးကွ… ဟိန်းသူငယ်ချင်းတွေကတောင် ငါတို့က ဟိန်းသူငယ်ချင်းကွ ဆိုတဲ့ မာန်နဲ့ မချေမငံပြောတယ်… Y ကတော့ တစ်ရုံးလုံးနဲ့ Peace ကွ… အေး… သူမကြိုက်တာ တစ်ခုကတော့ Mark II Blit ကို ထိတာပဲ”
“သူကျန်တာ ခွင့်လွှတ်ချင်ခွင့်လွှတ်မယ်… ဒါမယ့် သူ့ကား Blit ကို တံခါးပိတ်တာသာ ကြမ်းကြည့်… ကမ္ဘာပျက်တာပဲ… သူ့ Blit လေးကို အကြမ်းမောင်းလို့ သူပြန်သိရင်တော့ အဲ့ဒါ Fine ပဲ အောင်ထက်ရေ…ဆရာဟိန်းကိုတောင် သူအဲ့အချိန် ခွင့်မလွှတ်ဘူး”
“ဘာလို့ ကိုY က Blit ကို တအား Serious ဖြစ်တာလဲ မသိဘူးနော်”
“ဒီလို အောင်ထက်ရေ… Y က ငယ်ငယ်တည်းက အချိန်ပိုင်းအလုပ်တွေနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရတာလေ… သူ ငယ်ငယ်က လူငယ်သဘာဝတွေကို မခံစားဘဲ အလုပ်လုပ်ကျောင်းတက်ရတာကွ… သူပိုက်ဆံတွေစုရင်း ကားတွေတင်သွင်းခွင့်ရတော့ သူဝယ်လိုက်တာပဲ Blit ကို…”
“2008 သူ 1st yr တစ်ဝက်မှာ ကားဝယ်လိုက်နိုင်တယ်… အဲ့တုန်းက နည်းပညာတက္ကသိုလ်မှာ ကိုယ်ပိုင်ကား တစ်အားနည်းတယ်… ပြီးတော့ အများစုက မိဘ၀ယ်ပေးတာလေ… Y က ကျတော့ သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ၀ယ်တော့ တအားမြတ်နိုးတာ… ငါတို့ ဆရာဟိန်းကြောင့် y က ချမ်းသာတာမဟုတ်ဘူး… Y ကိုယ်တိုင်ကြိုးစားလို့ကို ချမ်းသာတာ… ခုတော့ ပွဲပြီးသွားတာပေါ့ကွာ… ဆရာကလည်း ကျိကျိတက်… y ကလည်း အရည်အချင်းရှိတော့ ယောက်ျားလေးချင်းဆိုပေမယ့် ဘယ်သူ့ဂရုစိုက်ရမှာလဲကွာ…”
အောင်ထက်နဲ့ ဦးသောင်း ကားပေါ်မှာ Y ရဲ့ လူသားပီသမှု၊ စာနာစိတ်ရှိမှုတွေ၊ အရည်အချင်းတွေကို ပြောနေရင်း Park Royal Hotel သို့ရောက်လာသည်။
“ဦးသောင်း… ဟိုမှာ ဆရာ့ Maybach မှတ်လား… ကိုဇော်နဲ့ ဆရာမနက်က ထွက်သွားတာလေ”… Hotel Lobby တွင် Stand by ဖြစ်နေသော Mercedes Maybach ပေါ်သို့ ဟိန်းတက်သွားသည်။ Bell Boy လေးတွေက ကားပေါ် ပစ္စည်းများတင်ပေးပြီး Maybach လေးက Park Royal မှ ထွက်သွားသည်။
“ဆရာ့ Schedule က Park Royal Hotel မပါဘူး ဦးသောင်းရ”
“မင်းအဲ့ကိစ္စ Y ကို သွားမပြောနဲ့ဦး… Y မွေးနေ့မှာ ဆရာ အနားမနေပေးဘဲ Schedule အရလည်း မလုပ်တာသိရင် Y ငိုနေလိမ့်မယ်… မင်းနဲ့ ငါ ဆရာ့ကို မမြင်ခဲ့ဘူးပဲထား… Y မှာထားတာ သွားဝယ်တော့”
အောင်ထက်ကို ၀ယ်ခိုင်းလိုက်သော Park Royal မှ Sandwich ကို နေ့လည်စာ အဖြစ် Y စားနေတုန်း Y အခန်းထဲ တစ်စုံတစ်ယောက်ဝင်လာသည်။ လက်ထဲမှာလည်း နှင်းဆီပန်းအဖြူရောင် တစ်စည်းနဲ့ လက်ဆောင်ဗူးတစ်ဗူး…
“ဟာ Y… ခုမှ နေ့လည်စာ စားနေတာလား… ဒီလိုမှန်းသိ အစ်ကို ၀ယ်လာပါတယ်ကွာ”… လို့ပြောရင်း Coffee Table ပေါ် ပါလာတဲ့ အထုပ်တွေ တင်လိုက်သည်။
သူသည်ကား မော်ဒယ်ဟန်သာ… Y ထက် အသက်သုံးနှစ်ကြီးသည်… Y ဆယ်ကျော်သက် အရွယ် Modelling လောကတွင် ရပ်တည်ခဲ့စဉ်က ကိုဟန်သာနဲ့ သိကျွမ်းခဲ့သည်။ ပြည့်စုံ သဘောမကျ၍ Y Modelling လောကက ထွက်လိုက်သည်။
ကိုဟန်သာသည် Y ကို ချစ်ရေးဆိုဖူးသည်… ယခု မောင်နဲ့ တူတူ Y နေနေပေမယ့် ကိုဟန်သာကတော့ Y ကို ချစ်မြဲချစ်နေကာ မိတ်ဆွေအဖြစ်ဝင်ထွက်နေသည်။ မောင်ကလည်း ကိုဟန်သာနဲ့ သူငယ်ချင်းဖြစ်သည်။
Y က Coffee Table တွင် ကိုဟန်သာနဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်တော့ ဟန်သာက ပန်းစည်းနဲ့ လက်ဆောင်ဗူးလေးပေးကာ “Happy Birthday Y… I wish…..” လို့ပြောပြီး Y ပါးလေးကို နမ်းလိုက်သည်…
“Thank you ဟန်သာ… Y အရမ်းကြိုက်တဲ့ နှင်းဆီဖြူလေးတွေ”… Y က ပန်လေးတွေကို အပြုံးချိုချိုလေးတွေနဲ့ နမ်းရှိုက်နေသည်။
“ဟိုခွေးကောင် ဟိန်းကော… Y မွေးနေ့ သူရှိနေရမှာကို ငွေနောက်ပဲ လိုက်နေတယ်… အစ်ကိုတော့ သူ့ကို ဆုံးမရတော့မယ်”
“မောင် အလုပ်တွေများနေလို့ပါ… Launching တွေလည်း ဒီလရှိတယ်လေ ကိုဟန်သာရ… Y နားလည်ပေးရမှာပေါ့… Y က ပါရမီဖြည့်ဖက်ပဲလေ”
“လိုက်လည်းလိုက်တဲ့ ဒီလင်မယား… ထက်အောင်တို့ ပိုင်ကြီးတို့နဲ့ နောက်နေ့တွေ့မှ ဂျင်းထည့်ပေးဦးမယ်… Y မနက်ဖြန်မှ သူတို့ကို ကျွေးမယ်ဆိုပြီး အစ်ကို့ကို ချိန်းတယ် ပိုင်ကြီးက”
“ဟုတ်တယ်အစ်ကိုဟန်သာ… Y မနက်ဖြန်မှပဲ သူငယ်ချင်းတွေနဲ့ ဆုံတော့မယ်လို့”… ပြောကာ လက်ဆောင်ဗူးလေးကို ဖွင့်လိုက်တော့… “wow…”
Dollar $1500 တန် New Mac Book Rose Gold လေး…
“အစ်ကိုရယ်… အဲ့လောက်တန်ဖိုးကြီးတာကြီး… ခုဆို သိန်း20 လောက်ပေးရမှာကို… Y တန်ဖိုးရှိစွာ အသုံးချပါ့မယ်အစ်ကို”
“Y သဘောကျလို့ အစ်ကိုလည်း ပျော်တယ်… အစ်ကို ညနေ Shooting ရှိသေးလို့ပြန်မယ်… မနက်ဖြန်ကျ ဆိုင်ကောင်းကောင်းမှာ ကျွေးရမယ်နော်… တာ့တာ Y”
Y လည်း ကိုဟန်သာကို ကားပေါ်ထိ လိုက်ပို့ပေးလိုက်သည်။
Company အလုပ်တွေ လက်မှတ်ထိုး စီစဉ်စရာတွေစီစဉ်ပြီးတော့ Y နာရီကြည့်လိုက်တော့ သုံးနာရီထိုးပြီ။ လုပ်စရာအလုပ်လည်း မရှိတော့၍ ရုံးဆင်းကာ Spa သွားမယ်လို့ ဆုံးဖြတ်လိုက်သည်။ ကားလည်း ကိုယ်တိုင်မမောင်းချင်၍ Driver နဲ့ပဲ သွားမယ်လို့ စဉ်းစားလိုက်သည်။
Intercom ကို Y နှိပ်လိုက်ပြီး… “ကိုဇွဲရေ… Y ပြန်တော့မယ်… Driver ဘယ်သူရှိလဲ ကိုဇွဲ”
“ဦးသောင်းရှိတယ် Director…”
“ဦးသောင်းကို Y Blit နဲ့ Lobby မှာ စောင့်ခိုင်းလိုက်နော်… Y အလုပ်ပြီးသွားလို့ ပြန်တော့မယ်”
Y ရုံးခန်းအတွင်းရှိ Personal Cupboard ထဲမှ V Shape ကြက်သွေးရောင်တစ်ထည်နှင့် နှစ်လွှာ ဘောင်းဘီ အမည်းရောင် အကွဲလေးကို လွယ်အိတ်ထဲတည့်လိုက်သည်။ Alien ရေမွှေးနှင့် Skin care တချို့ပါ ထည့်လိုက်သည်။ Spa လုပ်ပြီးရင် အသုံးပြုရန်ဖြစ်သည်။
ဦးသောင်းက Lobby တွင် Blit နောက်ခန်းတံခါးလေးကို အဆင်သင့် ဖွင့်ပေးကာ စောင့်နေသည်။
ကားပေါ်ရောက်တော့ “ဦးသောင်းရေ… Y ကို United Living Mall နားက ကွန်ဒိုကို ပို့ပေးပါ… Yangon Spa ရှိတဲ့နေရာ… Y ကို ပို့ပြီးရင် ဦးသောင်းတစ်ခုခုသွားစားရင်းစောင့်နေလိုက်နော်… Y က ကြာမှာဆိုတော့…”
“ရပါတယ် Y ရ… Duty ပဲဟာ ဦးသောင်းစောင့်ပေးမယ်…”
“ဦးသောင်းရယ်… အားနာလို့ပါ… ဘာမှမဖြစ်ဘူး… ဦသောင်းလည်း Y စိတ်ကို သိတာပဲရယ်”
“အဲ့လို Y က လူလူချင်းစာနာတတ်လို့ ဆရာဟိန်းကလည်း တစ်နေ့တစ်ခြား အချစ်တွေ တိုးလာတာနေမှာ”…
(Y သည် ဘယ်ရာထူးနှင့် ဘယ်လိုပဲ အသက်မွေးဝမ်းကြောင်းလုပ်ပါစေ လူသားအချင်းချင်းလို့ တွေးကာ ကိုယ်ချင်းစာ ဆက်ဆံပေးသည်။ သန့်ရှင်းရေးမို့လို့ Dirver မို့လို့ MD မို့လို့ ခွဲခြားမဆက်ဆံ။ ၀န်ထမ်းတွေ အကုန်လုံးကို မိသားစုလိုသာ ဆက်ဆံပေးသည်)
Blit လေးပေါ်မှာ Y လိုက်ပါရင်း မောင့် အကြောင်းတွေးနေမိသည်။ မောင် အရင်နှစ်တွေက မောင့်အချစ်ကို Y လက်မခံသေးသော်လည်း Y မွေးနေ့ကို သူဂရုစိုက်သည်။ ပြည့်စုံနဲ့ ခြောက်နှစ်ချစ်ခဲ့တဲ့ ကာလတွေမှာလည်း မောင်က မွေးနေ့တိုင်းလက်ဆောင်လာပေးသည်။ ဒီနှစ် တူတူ မောင်နဲ့ တရားဝင်နေကာမှ မောင်က Y မွေးနေ့ကို သာမာန်သာ ဖြတ်သန်းသွားသည်။
Y ရင်ထဲ မတွေးသင့်တာတွေပါ တွေးနေမိသည်။ ထိုသို့ မတွေးသင့်တာတွေ တွေးနေရင်း ကားအကောင်းစားတွေ တွေ့ရင် မျက်စိလျင်စွာ လိုက်ကြည့်တတ်သော Y ၏ မျက်လုံးများ ဆန့်ကျင်ဘက် ယာဉ်ကြောဆီသို့…
Cadillac Escalae က ရှေ့က Mercedes Maybach က နောက်က… မောင်၏ Maybach လေးပါ…
“မောင် ဒီအချိန် ပြည်လမ်းမ မှာ ရှိနေရမှာ မဟုတ်ပါဘူး… Condo ကို ပြန်တာလားမောင်က… ငါ့ကိုလည်း ဘာမှ မပြောဘူး… schedule တွေနဲ့ လွဲနေတယ်”… Y တွေးကာ ဖုန်းလေးကို မောင့် Secretary ထံကောက်နှိပ်လိုက်သည်။
“ကိုဇွဲ… MD အခု ဘယ်မှာရှိမလဲ… Y သွားကြိုမလို့”