Gu Fang Bu Zi Shang

By white_neesan

48K 4.5K 319

"မိန္​းမတစ္ေယာက္က ႐ိုးအ​ေလ ပိုအဖိုးတန္ေလ" ဆိုတာ ပိုင္ဖိန္းထင္ လံုး၀ဆန့္က်င္တဲ့စကား...သူမကက်င္​းအန္​း၀မ္​အိမ္​... More

ဇာတ်ကောင် မိတ်ဆက် - Zawgyi + Unicode
အပိုင်း (၁) - Zawgyi + Unicode
အပိုင်း (၂) - Zawgyi + Unicode
အပိုင်း (၃) - Zawgyi + Unicode
အပိုင်း (၄) - Zawgyi + Unicode
အပိုင်း (၅) - Zawgyi + Unicode
အပိုင်း (၆) Part 1 - Zawgyi + Unicode
​ေမတၱာရပ္​ခံျခင္​း
အပိုင်း (၆) Part 2 - Zawgyi + Unicode
အပိုင်း (၇) - Zawgyi + Unicode
အပိုင်း (၈) Part 1 - Zawgyi + Unicode
အပိုင်း (၈) Part 2 - Zawgyi + Unicode
အပိုင်း (၉) - Zawgyi + Unicode
အပိုင်း (၁၀) Part 1 - Zawgyi + Unicode
အပိုင်း (၁၀) Part 2 - Zawgyi + Unicode
အပိုင်း (၁၁) Part 1 - Zawgyi + Unicode
အပိုင်း (၁၂) - Zawgyi + Unicode
အပိုင်း (၁၃) Part 1 - Zawgyi + Unicode
အပိုင်း (၁၃) Part 2 - Zawgyi + Unicode
အပိုင်း (၁၄) - Zawgyi + Unicode
အပိုင်း (၁၅) - Zawgyi + Unicode
အပိုင်း (၁၆) - Zawgyi + Unicode
အပိုင်း (၁၇) - Zawgyi + Unicode
အပိုင်း (၁၈) - Zawgyi + Unicode
အပိုင်း (၁၉) - Zawgyi + Unicode
အပိုင်း (၂၀) - Zawgyi + Unicode
အပိုင်း (၂၁) - Zawgyi + Unicode
အပိုင်း (၂၂) - Zawgyi + Unicode
အပိုင်း (၂၃) - Zawgyi + Unicode
အပိုင်း (၂၄) - Zawgyi + Unicode
အပိုင်း (၂၅) - Zawgyi + Unicode
အပိုင်း (၂၆) - Zawgyi + Unicode
အပိုင်း (၂၇) Part 1 - Zawgyi + Unicode

အပိုင်း (၁၁) Part 2 - Zawgyi + Unicode

960 130 3
By white_neesan

အပိုင္း (၁၁) Part 2 - Zawgyi

"မေျပာနဲ့ေတာ့ ထပ္မေျပာနဲ့ေတာ့!" ဖိန္းထင္ သူမေခါင္းကိုတြင္တြင္ခါရင္း ဆို့နစ္ေနတဲ့အသံနဲ့ တားလိုက္တယ္..မ်က္လံုးအစံုကို မွိတ္လိုက္ေတာ့ မ်က္၀န္းအိမ္ကေန မ်က္ရည္စအခ်ိဳ့ စီးက်လာတယ္။ "ငါနားလည္ျပီ"

တန္ျပန္သက္ေရာက္တဲ့ နည္းလမ္းပဲ

တကယ္ဆို သူမက ခ်ဳးေပ့က်ယ္ကို ေထာင္ေခ်ာက္ဆင္ဖမ္းခဲ့တာေလ ဒါေပမယ့္ သူကလည္း ခံစားခ်က္ကိုအသံုးခ်ျပီး သူမကို လွည့္စားသြားခဲ့တယ္။

သူ့အခ်စ္ေတြက အစစ္အမွန္ျဖစ္သလိုပဲ လွည့္စားမွဳကလည္း အျဖစ္မွန္တစ္ခု ျဖစ္ေနခဲ့တယ္

သခင္ေလးနဲ့ ၁၈ႏွစ္တာ ျဖတ္သန္းလာခဲ့တဲ့ အခ်ိန္ေတြက ခ်ဳးေပ့က်ယ္လွည့္စားခဲ့တဲ့ ခနတာအခ်ိန္ေလးကိုပင္ ႏွဳိင္းယွဥ္လို့မရႏိုင္ေပ။

သူမဘ၀မွာ ပထမဆံုးအေနနဲ့ ဖိန္းထင္ ဦးတည္ရာမဲ့ရေလာက္တဲ့ထိ သူ့ရဲ့ ေထာင္ေခ်ာက္ထဲကို ညြတ္ဆင္းသြားမိခဲ့တယ္။ သူမ ဘယ္ေတာ့မွ အရင္လို ဟဲရွရဲ့ ယံုၾကည္မွဳကို ရႏိုင္ေတာ့မယ္မထင္။ ဘာျဖစ္လို့လဲဆိုေတာ့ သူမ သူ့ကို ခ်စ္မိသြားခဲ့ျပီေလ။

ဒီေလာကၾကီးထဲမွာ အခ်စ္ႏြံထဲကို နစ္သြားမိတဲ့သူတစ္ေယာက္ဟာ ဆံုးျဖတ္ခ်က္ေတြ ေတြေ၀လာတတ္ၾကတယ္ မဟုတ္လား။

သူမသာ ေနာက္တစ္ၾကိမ္ ခ်ဳးေပ့က်ယ္ကို ျပန္ေတြ့ရမယ္ဆိုရင္ ဘာလုပ္မိမယ္ဆိုတာကို မေတြးမိေလာက္ေအာင္ပင္...

ဟဲရွ သူမအေပၚ သံသယ၀င္မယ္ဆုိလည္း ၀င္ေလာက္ပါတယ္ေလ။

ဒါက ျဖစ္သင့္တာပဲ မဟုတ္လား

သူမရင္နာေစဖို့ ခ်ဳးေပ့က်ယ္ရဲ့ ေနာက္ဆံုး လွည့္စားမွဳတစ္ခုေပါ့

မနက္မိုးလင္း အာရုဏ္ဦး ၾကက္တြန္သံၾကားလိုက္ရတဲ့ အခ်ိန္အထိ သူမမ်က္လံုးအျပဴးသားအတိုင္းပင္...ဖိန္းထင္ အိပ္ယာေပၚမွ အားယူကာ ထလိုက္တယ္။ သူမ စိတ္လြတ္ေနတဲ့သူတစ္ေယာက္အလား စမ္းတစ္၀ါး၀ါးနဲ့ ေလ်ာက္သြားေနတယ္...ဓားအိမ္တစ္ခုကို မစမ္းမိခင္ အခ်ိန္အထိေပါ့။

'ခဲြခြာျခင္း' နဲ့ '၀ိဥာဥ္' ဆိုတဲ့ ေရွးစာလံုး၂လံုးက ဓားအိမ္ေပၚမွာ ထိုးထြင္းထားတယ္။

သူမ ဒီဓားကို ခ်ဳးေပ့က်ယ္ေပးခဲ့တဲ့အခ်ိန္ကိုျပန္စဥ္းစားမိသြားတယ္...သူ့မ်က္ႏွာမွာ ေဒါသရိပ္ေတြရွိေနခဲ့တာ...တခ်ိန္ထဲမွာပဲ ဟဲရွေျပာတဲ့စကားကိုျပန္ၾကားေယာင္မိသြားတယ္။

သူမသာ လက္မခံခဲ့ဘူးဆိုရင္ ေမွ်ာ္လင့္လို့ရႏိုင္အံုးမွာ...

ဒါေပ့ါ သူမသာ......

၁၈ႏွစ္တာ တည္ေဆာက္ခဲ့တဲ့ ယံုၾကည္မွဳတစ္ခုက စကားေလးတစ္ခြန္းေၾကာင့္ ျပိဳလဲသြားခဲ့ရျပီေလ

သူမ အရင္ကဆို မငိုတတ္ဖူး ဒါေပမယ့္ ဒီေန့မွာေတာ့ အရင္ကထက္ မ်က္ရည္ေတြပိုမ်ားေနသလိုပင္...သူမႏွလံုးသားကေတာ့ ေရခဲတစ္ျပင္မွ်ေအးစက္ေနခဲ့ျပီ။ သူမ ငိုခ်င္ေပမယ့္လည္း ငိုလုိ့မရႏိုင္ေပ။

အိပ္ယာထက္မွာ ေတာင့္ေေတာင့္ၾကီးထုိင္ရင္း အေတြးေတြနဲ့ ေခါင္းရွဳပ္သလိုလို ျဖစ္လာေတာ့ နဖူးကိုသပ္ကာ ပြတ္လိုက္မိတယ္။

သူမရဲ့ ေအးစက္ေနတဲ့ လက္တစ္စံုက အဖ်ားတတ္ေနတဲ့ နဖူးေပၚကိုစမ္းမိေတာ့ ပံုမွန္မဟုတ္တဲ့ ကိုယ္အပူခ်ိန္ကို ခံစားမိလိုက္တယ္။

ဟဲရွ ထားထားေပးတဲ့ လင္းတန္ဆိုတဲ့ အေစခံမေလး ၀င္လာျပီး ရိုက်ိဳးစြာ ေမးလာတယ္ "သခင္မေလး အိပ္ယာထဖို့ ျပင္ဆင္လိုက္ရေတာ့မလား?"

သူမက ၃ခါေလာက္ေမးေတာ့မွ ဖိန္းထင္အသိျပန္၀င္လာျပီး ျပန္ထူးလုိုက္မိတယ္ "အင္း?"

လင္းတန္ဆိုတဲ့ကေလးမက ေရက်က္ေႏြးဇလံုတစ္ခုကိုယူလာျပီး သဘက္တစ္ထည္ကို ေရစင္ေအာင္ညွစ္လိုက္ကာ ဖိန္းထင္ဆီ လက္ကမ္းေပးလိုက္တယ္။ ခနၾကာေတာ့ တစ္ခုခုကို အသည္းသန္ရွာေနလို့ အခန္းတစ္ခုလံုး ရွဳပ္ပြေနတယ္။ လင္းတန္ဆိုတဲ့ကေလးမက ဖိန္းထင္သံုးေနက် ဘီးတစ္ေခ်ာင္းကို ရွာေနတာေလ။

သူ့ေနာက္မွာ ရပ္ေနတဲ့ ဖိန္းထင္ကပဲ "ကိစၥမရွိဘူး။ တုန္က်ိဳးကိုသာ သြားေခၚလာခဲ့"

"တုန္းက်ိဳး?"

"သူက ဒီမွာမရွိဘူးလား?"

လင္းတန္က ျပံဳးျပီး ေခါင္းကိုခါလိုက္ရင္း "ကြ်န္မသြားၾကည့္လိုက္ပါ့မယ္"

ေနေရာင္က ေတာက္ပစြာထြက္လာတာနဲ့အတူ  ေႏြဦးရနံ့ေလးက တျဖည္းျဖည္းနဲ့ပိုျပီးေတာ့ သိသာထင္ရွားလာတယ္။ လင္းတန္ထြက္ခြာသြားတာနဲ့အတူ အခန္းတံခါးက ပုတီးလိုက္ကာေလးလွဳပ္ခပ္ျပီး လက္ခနဲျဖစ္သြားတယ္။ သူမ တစ္ခ်ိန္ထဲမွာဆိုသလိုပဲ ဟြားအိမ္ေတာ္ထဲမွာ ကန့္လန့္ကာေနာက္က အခ်ိန္တစ္ခ်ိဳ့ကို ျပန္စဥ္းစားမိသြားတယ္။

သူမနဲ့ ဟြားသခင္မေလးတို့ ကန့္လန့္ကာေနာက္ကြယ္ကေန ထိုဧည့္သည္ကို တိတ္တိတ္ေလး ေခ်ာင္းၾကည့္ေနခဲ့မိတာေတြ...

ဒါ သူမ ပထမဆံုး ခ်ဳးေပ့က်ယ္နဲ့ ဆံုစည္းခဲ့ရတဲ့ အခ်ိန္ေပ့ါ

တစ္ေယာက္ထဲက်န္ခဲ့ေတာ့ အခန္းထဲမွာ ပိုေအးလာသလိုပဲ...အတိတ္အေၾကာင္းေတြေတာင္ ဆက္မေတြးႏိုင္ေလာက္တဲ့ အထိပဲ...သူမအိပ္ယာေပၚက ဆင္းလိုက္ျပီး ဘီးကိုလိုက္ရွာဖိုလုပ္တယ္။ ျပတင္းေပါက္နားမွာထုိင္ရင္း သူမရဲ့ ပိတုန္းေရာင္ဆံႏြယ္ေလးေတြကို ဘီးနဲ့ ျဖီးသင္ေနလိုက္တယ္...အျပင္ဖက္က ပန္းေရာင္စံုဖူးပြင့္ေနတာကို ေငးေမာရင္းနဲ့ေပါ့။

အနီေရာင္နဲ့ ခရမ္းေရာင္ ပန္းပြင့္ေလးေတြ ဖူးအာေနၾကျပီ။ ေရကန္ေလးေဘးမွာေတာ့ အရြက္စိမ္းစိမ္းစိုစိုေလးေတြ အစီအရီရွိေနၾကတယ္။ ၾကည့္ရတာ လွေနေပမယ့္ အျမင္ကေတာ့ စိမ္းေနေသးတယ္ ေျပာရမယ္။

ဒီေနရာက က်င္းအန္း၀မ္အိမ္ေတာ္မဟုတ္သလို က်န္းေပ့၀မ္အိမ္ေတာ္လည္း မဟုတ္ဖူးေလ

"ျမင္းေပၚကို တက္လိုက္ျပီး ဟဲရွကို အျပီးပိုင္ႏဳွတ္ဆက္ခဲ့ေတာ့..ဒါဆိုရင္ဒီေန့ကစျပီး မင္းရဲ့နာမည္က 'ပိုင္' ဖိန္းထင္ ကေနျပီး 'ခ်ဳး' ျဖစ္လာလိမ့္မယ္"

"မင္းရဲ့ အေတြးထဲမွာ ခ်ဳးေပ့က်ယ္ပဲရွိျပီး ေကြ့လဲ့အတြက္မစဥ္းစားခဲ့ဘူး။ မင္းဒီ ခြဲခြာျခင္း၀ိဥာဥ္ကို လက္ခံခဲ့တုန္းက ဒီဓားဟာ ႏွစ္ႏိုင္ငံအတြက္အျပင္ ေကြ့လဲ့ျပည့္သူေတြအားလံုးအတြက္ ျငိမ္းခ်မ္းေရး သေကၤတတစ္ခုဆိုတာ မင္းေတြးခဲ့မိရဲ့လား"

သူမ မ်က္ေမွာင္ၾကဳပ္လိုက္မိတယ္...ျဖစ္ႏိုင္ရင္ သူမကိုယ့္ကိုယ္ကို အဆံုးစီရင္လိုက္ခ်င္မိတယ္။ အိပ္ယာေဘးမွာရွိေနတဲ့ ဓားဆီကိုၾကည့္လိုက္ရင္းနဲ့ သူမရဲ့လက္ေတြကို ရင္ဘက္မွာ တင္းၾကပ္စြာဖိထားလိုက္တယ္

ခဲြခြာျခင္း၀ိဥာဥ္

သူမခ်ဳေပ့က်ယ္ဆီက ထြက္လာခဲ့ေပမယ္ က်င္းအန္း၀မ္ကို ျပန္လာလို့မရႏိုင္ေတာ့...သူမ ပိုင္ဖိန္းထင္က က်င္းအန္း၀မ္သခင္ေလး အားအထားရဆံုး အယံုၾကည္ဆံုး စစ္ေရးအၾကံေပးတစ္ေယာက္ျဖစ္ခဲ့တဲ့သူက အခုေတာ့ ဒီလို အဆံုသတ္နဲ့ ၾကံဳလာရတယ္တဲ့လား..?

"ဖိန္းထင္" သူမေနာက္က တုန္းက်ိဳးရဲ့ အသံကို ၾကားလိုက္ရတယ္ "ငါ့ကိုရွာေနတယ္ဆို?"

ဖိန္းထင္ ျဖီးလက္စဘီးကိုေဘးခ်ကာ လွည့္လိုက္တယ္...သူမႏွဳတ္ခမ္းေတြက ျပံဳးဟန္ျပဳလိုက္ရင္းက "ငါနင့္ကို ေျပာစရာရွိလို့"

တုန္းက်ိဳး ပံုစံက နဲနဲလန့္သြားသလိုပင္။ တကယ္ဆို ဖိန္းထင္ကို မေတြ့တာ တစ္ပါတ္ေလာက္ၾကာျပီေလ။ ဒီၾကားထဲ ေတာက္ေလ်ာက္အလုပ္ေတြရွဳပ္ေနခဲ့တာ။ ဒါေပမယ့္ ဖိန္းထင္ဆီမွာ ပူပင္စရာေသာကေတြရွိေနမွန္း သူရိပ္မိေနေတာ့ သူ့ရဲ့ေနာက္ေတာက္ေတာက္ အမူအယာကို ခ်က္ျခင္းျပင္လိုက္ကာ ျပန္ေျဖလိုက္တယ္ "ေျပာေလ"

"ငါသြားေတာ့မယ္"

သူမရဲ့ စကားတစ္ခြန္းက သူ့ကိုိ ရင္ေလးသြားေစတယ္။

"သြားေတာ့မယ္?" သူခ်က္ျခင္း ဆက္ခနဲ ေခါင္းေထာင္ကာ ဖိန္းထင္မ်က္လံုးေတြကို ၾကည့္လိုက္တယ္။ သူ့လက္ရွိ အလုပ္ေတြေတာင္ ေမ့သြားမိတယ္။ လွဳပ္လွဳပ္ရွားရွားျဖစ္သြားျပီး ဘာေမးသင့္လဲ ေသခ်ာစဥ္းစားေနရတယ္။ ျပီးေတာ့မွ သူေမးလိုက္တာက "သခင္ေလးေရာ သိျပီးျပီလား?"

ဖိန္းထင္က တစ္ခစ္ခစ္ရယ္လိုက္ကာ ျပတင္းနံရံကို မွီရင္း လက္ယက္ေခၚလိုက္တယ္ "တုန္းက်ိဳး ဒီနားကိုလာ" တုန္းက်ိဳးလက္ကို ေသခ်ာဆုတ္ကိုင္လိုက္ျပီး သူမေျပာမယ့္စကားကို စဥ္းစားေနမိတယ္။ "ဟြန့္...နင္ကငါ့ကိုေခၚလိုက္ရင္ ဖိန္းထင္ ဖိန္းထင္နဲ့ တကယ္ဆို ငါက နင့္ထက္အသက္ပိုၾကီးတယ္ ရိုရိုေသေသ သခင္မေလးလို့ေခၚ"

တုန္းက်ိဳး စိတ္ညစ္သြားျပီး အတင္း အံၾကိတ္ကာ လုပ္ယူရင္း 'သခင္မေလး' ကိုေခၚထြက္ဖို့ၾကိဳးစားလိုက္ရတယ္

"လိမၼာတယ္" ဖိန္းထင္က လူၾကီးပံုဖမ္းကာ ေျပာလိုက္တယ္။ "လူေတြအတြက္ အခက္ခဲဆံုးအရာက ဘယ္အခ်ိန္မွာ ေရွ့တိုးျပီး ဘယ္အခ်ိန္မွာ ဆုတ္သင့္တာလဲ ဆိုတာ သိဖို့ပဲ။ အဲ့ဒီေန့က ငါခ်ဳးေပ့က်ယ္ကို တုိက္ခိုက္ခဲံတယ္။ ဒါေပမယ့္ ဒီေန့ကေတာ့ ငါေနာက္ဆုတ္ရမယ့္ အခ်ိန္ပဲ။"

"ဒါေပမယ့္ မင္းက က်င္းအန္း၀မ္အိမ္ေတာ္ကလဲြလို့ ဘယ္သြားစရာရွိလို့လဲ? မင္းၾကီးက က်င္းအန္း၀မ္အိမ္ေတာ္က လူမွန္သမွ် ဖမ္းမိန့္ထုတ္ထားတာ နင္လည္းအပါအ၀င္ပဲ။ ျပီးေတာ့ ခ်ဳးေပ့က်ယ္က မင္းကိုေသခ်ာေပါက္ လက္စားေခ်မွာ"

"ငါ့မွာ အစီစဥ္ရွိပါတယ္"

တုန္းက်ိဳးေနာက္ဆံုးေတာ့ မေနႏိုင္ေတာ့ဘဲ "သခင္ေလးက နင့္ကိုသံသယရွိေနတာ ငါသိပါတယ္။ ဒါေပမယ့္ နင္က သစၥာရွိတဲ့အေၾကာင္း ငါသြားေျပာေပးမွာေပါ့"

"နင္မသြားနဲ့"

"ငါဘယ္လိုမွ လက္မခံႏိုင္ဘူး။ တကယ္ဆို မွားတာက သခင္ေလးေလ။ သူဒီလိုဆက္ေနေနရင္ ငါတို့မင္းၾကီးလိုပဲ ပ်က္စီးသြားလိမ့္မယ္ ဟုတ္တယ္ဟုတ္?"

"ေတာ္ေတာ့!" ဖိန္းထင္ သူ့ပခံုးကိုကိုင္ရင္း စကားလံုးတိုင္းကို ေလးေလးနက္နက္နဲ့ပဲ ေျပာလိုက္တယ္ "သခင္ေလး သံသယျဖစ္တာလည္း မမွားဘူး"

တုန္းက်ိဳးက မ်က္ေမွာင္ၾကဳပ္လိုက္ကာ "ဘာ? ငါအေနနဲ့ကေတာ့ နင္က ငါတို့အိမ္ေတာ္ကို သစၥာေဖာက္ဖို့ ဘယ္လုိမွမျဖစ္ႏိုင္မွန္း ယံုၾကည္ျပီးသား"

ဖိန္းထင္ သက္ျပင္းခ်လိုက္ကာ "ငါေျပာလည္း နင္နားလည္မွာ မဟုတ္ဘူး။ ဘာပဲျဖစ္ျဖစ္ အခုငါထြက္သြားခဲ့လို့ရွိရင္ ဒါက အေကာင္းဆံုးေရြးခ်ယ္မွဳပဲ အိမ္ေတာ္တစ္ခုလံုးအတြက္၊ သခင္ေလးအတြက္၊ ငါ့အတြက္ေရာေပါ့။ သခင္ေလးက အခုက်ဥ္းထဲက်ပ္ထဲ ေရာက္ေနတာ ငါမကူညီႏိုင္ရင္ေန အရွဳပ္ေတာ့မေပးခ်င္ဘူး"

"နင္က ဘယ္လိုလုပ္ သခင္ေလးအတြက္ရွဳပ္ရမွာလဲ"

"တုန္းက်ိဳး......" ဖိန္းထင္ သူ့ကို ညင္သာစြာၾကည့္လုိက္တယ္ ဒါေပမယ့္ ခါးသက္စြာ ျပံဳးလိုက္ရင္းနဲ့ "ဒီလို စဥ္းစားၾကည့္...အရင္က အလုပ္လုပ္ခဲ့ေပးဖူးတာေထာက္ျပီး သခင္ေလးက ငါ့ကို ထြက္သြားခိုင္းမွာမဟုတ္ဘူး။ ဒါေပမယ့္ သံသယ၀င္စရာေကာင္းေနတဲ့ ငါ့ေၾကာင့္လည္း သူစိတ္ညစ္ေနရမွာေလ။ အျမဲတမ္း ေနာက္က ေထာက္ေဒါက္လိုက္ၾကည့္၊ အျပစ္ေပး ဒါမွမဟုတ္ ငါ့ကိုစိတ္ဆင္းရဲေအာင္လုပ္မွာလဲ မဟုတ္ဘူး။ အဲ့လိုသာဆိုရင္ သခင္ေလးအစား ငါတကယ္ စိတ္မေကာင္းျဖစ္မိမွာ"

"ဒါေပမယ့္ နင္ထြက္သြားရင္...."

"ငါထြက္သြားရင္ အိမ္ေတာ္တစ္ခုလံုး ျငိမ္းခ်မ္းသြားလိမ့္မယ္။ ငါေျပာခ်င္ေနတာေတာင္ နင့္ကိုဘယ္ေတာ့မွ ေျပာႏိုင္မွာမဟုတ္ဘူး"

တုန္းက်ိဳးက ေခါင္းကိုတြင္တြင္ခါေနဆဲပင္ "နင့္မွာသခင္ေလး ခြင့္ျပဳခ်က္လည္းမရွိဘဲနဲ့ ဘယ္လိုလုပ္ထြက္သြားလို့ရႏိုင္မွာလဲ?"

ဖိန္းထင္ မ်က္လံုး အေရာင္ေတာက္သြားတယ္ "ဒါေၾကာင့္ နင့္ကို အကူညီေတာင္းရတာေပါ့။ ငါသခင္ေလးမသိေအာင္ ထြက္သြားရမွာ။"

"မျဖစ္ဘူး...မျဖစ္ဘူး...ငါသခင္ေလးကို ဘာမွဖံုးကြယ္မထားႏိုင္ဘူး"

"ဘယ္ဟုတ္မလဲ...သခင္ေလးက လိမ္ေတာင္လိမ္ေပးမွာ။ ေလာင္းမလား...ငါတို့အၾကံကိုသာသူရိပ္မိသြားရင္ မတားတဲ့အျပင္ ငါထြက္သြားႏိုင္ဖို့ေတာင္ တိတ္တိတ္ေလး စီစဥ္ေပးအံုးမွာ"

"ငါေတာ့ နင့္ကို နားမလည္ေတာ့ဘူး!" တုန္းက်ိဳး ေခါင္းကုတ္ရင္းေျပာလိုက္တယ္။ ေနာက္ေတာ့ ဖိန္းထင္ဘက္ ခုန္ကူးလာျပီး "ေကာင္းျပီ...ငါနင့္ကို ကူညီမယ္။ သခင္ေလး မွားမွားမွန္မွန္ေပါ့။ ငါသိတာတစ္ခုက နင္က ကံမေကာင္းတဲ့သူဆိုတာရယ္ နင့္လိုလူကဘယ္ေတာ့မွ အိမ္ေတာ္ကို သစၥာမေဖာက္ႏိုင္ဘူးဆိုတာကို ယံုၾကည္တာရယ္ေၾကာင့္ပဲ...ဒါေပမယ့္ နင္က ဘယ္ကိုသြားမွာလဲ? နင္ ေနမေကာင္းေသးဘူးဆိုတာ မေမ့နဲ့ဦး..ျပီးေတာ့..."

ဖိန္းထင္က ၾကားျဖတ္၀င္ေျပာလိုက္တယ္ "မဟုတ္ဖူး...ငါဒီေန့ညထြက္မွာ"

သူမ ေလသံက ညင္သာေနတယ္ ဒါေပမယ့္ တုန္းက်ိဳးရဲ့ နားထဲမွာေတာ့ ခိုင္မာတဲ့ဆံုးျဖတ္ခ်က္တစ္ခု ခ်လုိက္တဲ့အသံအလားပင္။ သူမ်က္ခံုးကို ပင့္လိုက္ျပီး "နင္ဘယ္သြားမလဲ မေျပာရင္ ငါနင့္ကို မကူညီဘူး။ နင္ကအခု တစ္ေယာက္ထဲသြားရမွာ မေတာ္လို့တစ္ခုခုျဖစ္ရင္ ငါပဲ စိတ္မေကာင္းျဖစ္ရမွာ" သူ့ရဲ့လက္ေတြကို ရင္ဘက္မွာဖိထားရင္းနဲ့ ေျပာလိုက္တယ္

"ငါသာ ဒီကထြက္သြားရင္ လြတ္လပ္တဲ့သူျဖစ္သြားျပီဆိုေတာ့ ဘယ္သြားသြားရတာပဲေလ။ နင္ေျပာသလိုပဲ ငါ့ကိုလိုက္ရွာေနၾကတဲ့သူက အမ်ားသားဆိုေတာ့ နင့္လိုႏွဳတ္မလံုတဲ့ကေလးကို ငါကေျပာသြားရမွာလား...ဒါေပမယ့္လည္း ငါသြားမယ့္ လမ္းေၾကာင္းေလာက္ကိုေတာ့ ေျပာျပခဲ့မယ္။ ငါသြားမယ့္ဘက္က....." ဖိန္းထင္ သူ့နားထဲကပ္ျပီး တီးတိုးေျပာျပလိုက္တယ္ "ေျမာက္ဘက္"

ေျမာက္ဘက္မွာ ေႏြအကူး ေနာက္က်ေနမလား?

အရင္ နန္းေတာ္ထဲမွာ ေနရတုန္းက သူမရဲ့ သူငယ္ခ်င္း ရန္းဖန္းေျပာျပဖူးတာ သူမရဲ့ အိမ္မက္ေနရာက ေျမာက္ဘက္က ျမက္ခင္းလြင္ျပင္က်ယ္ၾကီးေတြရွိတဲ့ေနရာတဲ့။ မ်ားျပားလွတဲ့ သိုးေတြ၊ ကြ်ဲေတြ၊ ျမင္းေတြ နဲ့ေပါ့။ တစ္ေယာက္က ေရွ့က ျမင္းစီးသြားတာနဲ့ ေနာက္က ျမင္းအုပ္ၾကီးကပါ ထပ္ၾကပ္မကြာ လိုက္လာၾကတာ ျမင္းခြာသံက အရပ္တစ္ခြင္လံုးမွာ ဟိန္းျပီးထြက္ေနေရာတဲ့...မသိရင္ ကမာၻေလာကၾကီး ၂ျခမ္းကဲြသြားေတာ့မယ့္အလားပဲ

သူမက ေကြ့လဲ့မွာလည္း ေနလို့မရဘူး။ တုန္းလင္းကိုလည္း ေျခခ်ဖို့ဆိုတာကလည္း က်ားဂူေရွ့ ေမွာက္ရပ္လဲတာထက္ေတာင္ ဆုိးေနဦးမွာ။

ဒါဆို ေပ့ေမာ့ ေရာ?

အေ၀းတစ္ေနရာမွ ေနေရာင္ျခည္ဦးေလး ထြက္စျပဳလာေနျပီ။ ဖိန္းထင္ မနက္ခင္းေလကို အားရပါးရ ရွဳသြင္းလိုက္တယ္။ အိပ္ယာေပၚမွာပဲ နားေနခဲ့ရတာၾကာေတာ့ သူမအရိုးအဆစ္ေတြပင္ ေဖာက္ခ်င္သလိုလိုပင္။ သူမပုန္းတဲ့ေနရာက ေနေရာင္ျခည္အနည္းငယ္သာေပါက္တဲ့ လွ်ိဳ့၀ွက္အိမ္ေသးေလးတစ္ခု။ သူမအတိတ္ကို သတိရမိတဲ့အခ်ိန္တိုင္း အိမ္အျပင္ဘက္ကို ထြက္ျပီး အဆံုးမရွိတဲ့ ေကာင္းကင္က်ယ္ၾကီးကို ေငးၾကည့္ေနမိတယ္။ သူမသူငယ္ခ်င္းျဖစ္သူကို ရွာဖို့အတြက္ပဲ ေခါင္းထဲထည့္လိုက္ျပီး က်န္တာေတြကို ေမ့ထားလိုက္ေတာ့တယ္။

ရန္ဖန္နင့္ရဲ့ အျပံဳးေတြက အရင္လိုပဲ ေတာက္ပေနမယ္လို့ ေမွ်ာ္လင့္ပါတယ္....


အပိုင္း (၁၁) Part 2 ျပီးပါျပီ။
၁၈-၀၅-၂၀၁၉ (စေနေန့)


Note : ေပ့ေမာ့ ဆိုတာက ဒီဇာတ္လမ္းထဲမွာပါတဲ့ တိုင္းျပည္ ၄ခုထဲက တစ္ခုပါ။ 'ေပ့' က ေျမာက္အရပ္လို့အဓိပၸါယ္ရတဲ့ အတြက္ေၾကာင့္ ေျမာက္အရပ္မွာရွိတဲ့ တိုင္းျပည္ပါ။

========================

အပိုင်း (၁၁) Part 2 - Unicode

"မပြောနဲ့တော့ ထပ်မပြောနဲ့တော့!" ဖိန်းထင် သူမခေါင်းကိုတွင်တွင်ခါရင်း ဆို့နစ်နေတဲ့အသံနဲ့ တားလိုက်တယ်..မျက်လုံးအစုံကို မှိတ်လိုက်တော့ မျက်ဝန်းအိမ်ကနေ မျက်ရည်စအချို့ စီးကျလာတယ်။ "ငါနားလည်ပြီ"

တန်ပြန်သက်ရောက်တဲ့ နည်းလမ်းပဲ

တကယ်ဆို သူမက ချုးပေ့ကျယ်ကို ထောင်ချောက်ဆင်ဖမ်းခဲ့တာလေ ဒါပေမယ့် သူကလည်း ခံစားချက်ကိုအသုံးချပြီး သူမကို လှည့်စားသွားခဲ့တယ်။

သူ့အချစ်တွေက အစစ်အမှန်ဖြစ်သလိုပဲ လှည့်စားမှုကလည်း အဖြစ်မှန်တစ်ခု ဖြစ်နေခဲ့တယ်

သခင်လေးနဲ့ ၁၈နှစ်တာ ဖြတ်သန်းလာခဲ့တဲ့ အချိန်တွေက ချုးပေ့ကျယ်လှည့်စားခဲ့တဲ့ ခနတာအချိန်လေးကိုပင် နှိုင်းယှဉ်လို့မရနိုင်ပေ။

သူမဘဝမှာ ပထမဆုံးအနေနဲ့ ဖိန်းထင် ဦးတည်ရာမဲ့ရလောက်တဲ့ထိ သူ့ရဲ့ ထောင်ချောက်ထဲကို ညွတ်ဆင်းသွားမိခဲ့တယ်။ သူမ ဘယ်တော့မှ အရင်လို ဟဲရှရဲ့ ယုံကြည်မှုကို ရနိုင်တော့မယ်မထင်။ ဘာဖြစ်လို့လဲဆိုတော့ သူမ သူ့ကို ချစ်မိသွားခဲ့ပြီလေ။

ဒီလောကကြီးထဲမှာ အချစ်နွံထဲကို နစ်သွားမိတဲ့သူတစ်ယောက်ဟာ ဆုံးဖြတ်ချက်တွေ တွေဝေလာတတ်ကြတယ် မဟုတ်လား။

သူမသာ နောက်တစ်ကြိမ် ချုးပေ့ကျယ်ကို ပြန်တွေ့ရမယ်ဆိုရင် ဘာလုပ်မိမယ်ဆိုတာကို မတွေးမိလောက်အောင်ပင်...

ဟဲရှ သူမအပေါ် သံသယဝင်မယ်ဆိုလည်း ဝင်လောက်ပါတယ်လေ။

ဒါက ဖြစ်သင့်တာပဲ မဟုတ်လား

သူမရင်နာစေဖို့ ချုးပေ့ကျယ်ရဲ့ နောက်ဆုံး လှည့်စားမှုတစ်ခုပေါ့

မနက်မိုးလင်း အာရုဏ်ဦး ကြက်တွန်သံကြားလိုက်ရတဲ့ အချိန်အထိ သူမမျက်လုံးအပြူးသားအတိုင်းပင်...ဖိန်းထင် အိပ်ယာပေါ်မှ အားယူကာ ထလိုက်တယ်။ သူမ စိတ်လွတ်နေတဲ့သူတစ်ယောက်အလား စမ်းတစ်ဝါးဝါးနဲ့ လျောက်သွားနေတယ်...ဓားအိမ်တစ်ခုကို မစမ်းမိခင် အချိန်အထိပေါ့။

'ခွဲခွာခြင်း' နဲ့ '၀ိဉာဉ်' ဆိုတဲ့ ရှေးစာလုံး၂လုံးက ဓားအိမ်ပေါ်မှာ ထိုးထွင်းထားတယ်။

သူမ ဒီဓားကို ချုးပေ့ကျယ်ပေးခဲ့တဲ့အချိန်ကိုပြန်စဉ်းစားမိသွားတယ်...သူ့မျက်နှာမှာ ဒေါသရိပ်တွေရှိနေခဲ့တာ...တချိန်ထဲမှာပဲ ဟဲရှပြောတဲ့စကားကိုပြန်ကြားယောင်မိသွားတယ်။

သူမသာ လက်မခံခဲ့ဘူးဆိုရင် မျှော်လင့်လို့ရနိုင်အုံးမှာ...

ဒါပေ့ါ သူမသာ......

၁၈နှစ်တာ တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုတစ်ခုက စကားလေးတစ်ခွန်းကြောင့် ပြိုလဲသွားခဲ့ရပြီလေ

သူမ အရင်ကဆို မငိုတတ်ဖူး ဒါပေမယ့် ဒီနေ့မှာတော့ အရင်ကထက် မျက်ရည်တွေပိုများနေသလိုပင်...သူမနှလုံးသားကတော့ ရေခဲတစ်ပြင်မျှအေးစက်နေခဲ့ပြီ။ သူမ ငိုချင်ပေမယ့်လည်း ငိုလို့မရနိုင်ပေ။

အိပ်ယာထက်မှာ တောင့်ေတောင့်ကြီးထိုင်ရင်း အတွေးတွေနဲ့ ခေါင်းရှုပ်သလိုလို ဖြစ်လာတော့ နဖူးကိုသပ်ကာ ပွတ်လိုက်မိတယ်။

သူမရဲ့ အေးစက်နေတဲ့ လက်တစ်စုံက အဖျားတတ်နေတဲ့ နဖူးပေါ်ကိုစမ်းမိတော့ ပုံမှန်မဟုတ်တဲ့ ကိုယ်အပူချိန်ကို ခံစားမိလိုက်တယ်။

ဟဲရှ ထားထားပေးတဲ့ လင်းတန်ဆိုတဲ့ အစေခံမလေး ဝင်လာပြီး ရိုကျိုးစွာ မေးလာတယ် "သခင်မလေး အိပ်ယာထဖို့ ပြင်ဆင်လိုက်ရတော့မလား?"

သူမက ၃ခါလောက်မေးတော့မှ ဖိန်းထင်အသိပြန်ဝင်လာပြီး ပြန်ထူးလိုုက်မိတယ် "အင်း?"

လင်းတန်ဆိုတဲ့ကလေးမက ရေကျက်နွေးဇလုံတစ်ခုကိုယူလာပြီး သဘက်တစ်ထည်ကို ရေစင်အောင်ညှစ်လိုက်ကာ ဖိန်းထင်ဆီ လက်ကမ်းပေးလိုက်တယ်။ ခနကြာတော့ တစ်ခုခုကို အသည်းသန်ရှာနေလို့ အခန်းတစ်ခုလုံး ရှုပ်ပွနေတယ်။ လင်းတန်ဆိုတဲ့ကလေးမက ဖိန်းထင်သုံးနေကျ ဘီးတစ်ချောင်းကို ရှာနေတာလေ။

သူ့နောက်မှာ ရပ်နေတဲ့ ဖိန်းထင်ကပဲ "ကိစ္စမရှိဘူး။ တုန်ကျိုးကိုသာ သွားခေါ်လာခဲ့"

"တုန်းကျိုး?"

"သူက ဒီမှာမရှိဘူးလား?"

လင်းတန်က ပြုံးပြီး ခေါင်းကိုခါလိုက်ရင်း "ကျွန်မသွားကြည့်လိုက်ပါ့မယ်"

နေရောင်က တောက်ပစွာထွက်လာတာနဲ့အတူ နွေဦးရနံ့လေးက တဖြည်းဖြည်းနဲ့ပိုပြီးတော့ သိသာထင်ရှားလာတယ်။ လင်းတန်ထွက်ခွာသွားတာနဲ့အတူ အခန်းတံခါးက ပုတီးလိုက်ကာလေးလှုပ်ခပ်ပြီး လက်ခနဲဖြစ်သွားတယ်။ သူမ တစ်ချိန်ထဲမှာဆိုသလိုပဲ ဟွားအိမ်တော်ထဲမှာ ကန့်လန့်ကာနောက်က အချိန်တစ်ချို့ကို ပြန်စဉ်းစားမိသွားတယ်။

သူမနဲ့ ဟွားသခင်မလေးတို့ ကန့်လန့်ကာနောက်ကွယ်ကနေ ထိုဧည့်သည်ကို တိတ်တိတ်လေး ချောင်းကြည့်နေခဲ့မိတာတွေ...

ဒါ သူမ ပထမဆုံး ချုးပေ့ကျယ်နဲ့ ဆုံစည်းခဲ့ရတဲ့ အချိန်ပေ့ါ

တစ်ယောက်ထဲကျန်ခဲ့တော့ အခန်းထဲမှာ ပိုအေးလာသလိုပဲ...အတိတ်အကြောင်းတွေတောင် ဆက်မတွေးနိုင်လောက်တဲ့ အထိပဲ...သူမအိပ်ယာပေါ်က ဆင်းလိုက်ပြီး ဘီးကိုလိုက်ရှာဖိုလုပ်တယ်။ ပြတင်းပေါက်နားမှာထိုင်ရင်း သူမရဲ့ ပိတုန်းရောင်ဆံနွယ်လေးတွေကို ဘီးနဲ့ ဖြီးသင်နေလိုက်တယ်...အပြင်ဖက်က ပန်းရောင်စုံဖူးပွင့်နေတာကို ငေးမောရင်းနဲ့ပေါ့။

အနီရောင်နဲ့ ခရမ်းရောင် ပန်းပွင့်လေးတွေ ဖူးအာနေကြပြီ။ ရေကန်လေးဘေးမှာတော့ အရွက်စိမ်းစိမ်းစိုစိုလေးတွေ အစီအရီရှိနေကြတယ်။ ကြည့်ရတာ လှနေပေမယ့် အမြင်ကတော့ စိမ်းနေသေးတယ် ပြောရမယ်။

ဒီနေရာက ကျင်းအန်းဝမ်အိမ်တော်မဟုတ်သလို ကျန်းပေ့ဝမ်အိမ်တော်လည်း မဟုတ်ဖူးလေ

"မြင်းပေါ်ကို တက်လိုက်ပြီး ဟဲရှကို အပြီးပိုင်နုှတ်ဆက်ခဲ့တော့..ဒါဆိုရင်ဒီနေ့ကစပြီး မင်းရဲ့နာမည်က 'ပိုင်' ဖိန်းထင် ကနေပြီး 'ချုး' ဖြစ်လာလိမ့်မယ်"

"မင်းရဲ့ အတွေးထဲမှာ ချုးပေ့ကျယ်ပဲရှိပြီး ကွေ့လဲ့အတွက်မစဉ်းစားခဲ့ဘူး။ မင်းဒီ ခွဲခွာခြင်းဝိဉာဉ်ကို လက်ခံခဲ့တုန်းက ဒီဓားဟာ နှစ်နိုင်ငံအတွက်အပြင် ကွေ့လဲ့ပြည့်သူတွေအားလုံးအတွက် ငြိမ်းချမ်းရေး သင်္ကေတတစ်ခုဆိုတာ မင်းတွေးခဲ့မိရဲ့လား"

သူမ မျက်မှောင်ကြုပ်လိုက်မိတယ်...ဖြစ်နိုင်ရင် သူမကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ချင်မိတယ်။ အိပ်ယာဘေးမှာရှိနေတဲ့ ဓားဆီကိုကြည့်လိုက်ရင်းနဲ့ သူမရဲ့လက်တွေကို ရင်ဘက်မှာ တင်းကြပ်စွာဖိထားလိုက်တယ်

ခွဲခွာခြင်းဝိဉာဉ်

သူမချုပေ့ကျယ်ဆီက ထွက်လာခဲ့ပေမယ် ကျင်းအန်းဝမ်ကို ပြန်လာလို့မရနိုင်တော့...သူမ ပိုင်ဖိန်းထင်က ကျင်းအန်းဝမ်သခင်လေး အားအထားရဆုံး အယုံကြည်ဆုံး စစ်ရေးအကြံပေးတစ်ယောက်ဖြစ်ခဲ့တဲ့သူက အခုတော့ ဒီလို အဆုံသတ်နဲ့ ကြုံလာရတယ်တဲ့လား..?

"ဖိန်းထင်" သူမနောက်က တုန်းကျိုးရဲ့ အသံကို ကြားလိုက်ရတယ် "ငါ့ကိုရှာနေတယ်ဆို?"

ဖိန်းထင် ဖြီးလက်စဘီးကိုဘေးချကာ လှည့်လိုက်တယ်...သူမနှုတ်ခမ်းတွေက ပြုံးဟန်ပြုလိုက်ရင်းက "ငါနင့်ကို ပြောစရာရှိလို့"

တုန်းကျိုး ပုံစံက နဲနဲလန့်သွားသလိုပင်။ တကယ်ဆို ဖိန်းထင်ကို မတွေ့တာ တစ်ပါတ်လောက်ကြာပြီလေ။ ဒီကြားထဲ တောက်လျောက်အလုပ်တွေရှုပ်နေခဲ့တာ။ ဒါပေမယ့် ဖိန်းထင်ဆီမှာ ပူပင်စရာသောကတွေရှိနေမှန်း သူရိပ်မိနေတော့ သူ့ရဲ့နောက်တောက်တောက် အမူအယာကို ချက်ခြင်းပြင်လိုက်ကာ ပြန်ဖြေလိုက်တယ် "ပြောလေ"

"ငါသွားတော့မယ်"

သူမရဲ့ စကားတစ်ခွန်းက သူ့ကိို ရင်လေးသွားစေတယ်။

"သွားတော့မယ်?" သူချက်ခြင်း ဆက်ခနဲ ခေါင်းထောင်ကာ ဖိန်းထင်မျက်လုံးတွေကို ကြည့်လိုက်တယ်။ သူ့လက်ရှိ အလုပ်တွေတောင် မေ့သွားမိတယ်။ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ဘာမေးသင့်လဲ သေချာစဉ်းစားနေရတယ်။ ပြီးတော့မှ သူမေးလိုက်တာက "သခင်လေးရော သိပြီးပြီလား?"

ဖိန်းထင်က တစ်ခစ်ခစ်ရယ်လိုက်ကာ ပြတင်းနံရံကို မှီရင်း လက်ယက်ခေါ်လိုက်တယ် "တုန်းကျိုး ဒီနားကိုလာ" တုန်းကျိုးလက်ကို သေချာဆုတ်ကိုင်လိုက်ပြီး သူမပြောမယ့်စကားကို စဉ်းစားနေမိတယ်။ "ဟွန့်...နင်ကငါ့ကိုခေါ်လိုက်ရင် ဖိန်းထင် ဖိန်းထင်နဲ့ တကယ်ဆို ငါက နင့်ထက်အသက်ပိုကြီးတယ် ရိုရိုသေသေ သခင်မလေးလို့ခေါ်"

တုန်းကျိုး စိတ်ညစ်သွားပြီး အတင်း အံကြိတ်ကာ လုပ်ယူရင်း 'သခင်မလေး' ကိုခေါ်ထွက်ဖို့ကြိုးစားလိုက်ရတယ်

"လိမ္မာတယ်" ဖိန်းထင်က လူကြီးပုံဖမ်းကာ ပြောလိုက်တယ်။ "လူတွေအတွက် အခက်ခဲဆုံးအရာက ဘယ်အချိန်မှာ ရှေ့တိုးပြီး ဘယ်အချိန်မှာ ဆုတ်သင့်တာလဲ ဆိုတာ သိဖို့ပဲ။ အဲ့ဒီနေ့က ငါချုးပေ့ကျယ်ကို တိုက်ခိုက်ခဲံတယ်။ ဒါပေမယ့် ဒီနေ့ကတော့ ငါနောက်ဆုတ်ရမယ့် အချိန်ပဲ။"

"ဒါပေမယ့် မင်းက ကျင်းအန်းဝမ်အိမ်တော်ကလွဲလို့ ဘယ်သွားစရာရှိလို့လဲ? မင်းကြီးက ကျင်းအန်းဝမ်အိမ်တော်က လူမှန်သမျှ ဖမ်းမိန့်ထုတ်ထားတာ နင်လည်းအပါအဝင်ပဲ။ ပြီးတော့ ချုးပေ့ကျယ်က မင်းကိုသေချာပေါက် လက်စားချေမှာ"

"ငါ့မှာ အစီစဉ်ရှိပါတယ်"

တုန်းကျိုးနောက်ဆုံးတော့ မနေနိုင်တော့ဘဲ "သခင်လေးက နင့်ကိုသံသယရှိနေတာ ငါသိပါတယ်။ ဒါပေမယ့် နင်က သစ္စာရှိတဲ့အကြောင်း ငါသွားပြောပေးမှာပေါ့"

"နင်မသွားနဲ့"

"ငါဘယ်လိုမှ လက်မခံနိုင်ဘူး။ တကယ်ဆို မှားတာက သခင်လေးလေ။ သူဒီလိုဆက်နေနေရင် ငါတို့မင်းကြီးလိုပဲ ပျက်စီးသွားလိမ့်မယ် ဟုတ်တယ်ဟုတ်?"

"တော်တော့!" ဖိန်းထင် သူ့ပခုံးကိုကိုင်ရင်း စကားလုံးတိုင်းကို လေးလေးနက်နက်နဲ့ပဲ ပြောလိုက်တယ် "သခင်လေး သံသယဖြစ်တာလည်း မမှားဘူး"

တုန်းကျိုးက မျက်မှောင်ကြုပ်လိုက်ကာ "ဘာ? ငါအနေနဲ့ကတော့ နင်က ငါတို့အိမ်တော်ကို သစ္စာဖောက်ဖို့ ဘယ်လိုမှမဖြစ်နိုင်မှန်း ယုံကြည်ပြီးသား"

ဖိန်းထင် သက်ပြင်းချလိုက်ကာ "ငါပြောလည်း နင်နားလည်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အခုငါထွက်သွားခဲ့လို့ရှိရင် ဒါက အကောင်းဆုံးရွေးချယ်မှုပဲ အိမ်တော်တစ်ခုလုံးအတွက်၊ သခင်လေးအတွက်၊ ငါ့အတွက်ရောပေါ့။ သခင်လေးက အခုကျဉ်းထဲကျပ်ထဲ ရောက်နေတာ ငါမကူညီနိုင်ရင်နေ အရှုပ်တော့မပေးချင်ဘူး"

"နင်က ဘယ်လိုလုပ် သခင်လေးအတွက်ရှုပ်ရမှာလဲ"

"တုန်းကျိုး......" ဖိန်းထင် သူ့ကို ညင်သာစွာကြည့်လိုက်တယ် ဒါပေမယ့် ခါးသက်စွာ ပြုံးလိုက်ရင်းနဲ့ "ဒီလို စဉ်းစားကြည့်...အရင်က အလုပ်လုပ်ခဲ့ပေးဖူးတာထောက်ပြီး သခင်လေးက ငါ့ကို ထွက်သွားခိုင်းမှာမဟုတ်ဘူး။ ဒါပေမယ့် သံသယဝင်စရာကောင်းနေတဲ့ ငါ့ကြောင့်လည်း သူစိတ်ညစ်နေရမှာလေ။ အမြဲတမ်း နောက်က ထောက်ဒေါက်လိုက်ကြည့်၊ အပြစ်ပေး ဒါမှမဟုတ် ငါ့ကိုစိတ်ဆင်းရဲအောင်လုပ်မှာလဲ မဟုတ်ဘူး။ အဲ့လိုသာဆိုရင် သခင်လေးအစား ငါတကယ် စိတ်မကောင်းဖြစ်မိမှာ"

"ဒါပေမယ့် နင်ထွက်သွားရင်...."

"ငါထွက်သွားရင် အိမ်တော်တစ်ခုလုံး ငြိမ်းချမ်းသွားလိမ့်မယ်။ ငါပြောချင်နေတာတောင် နင့်ကိုဘယ်တော့မှ ပြောနိုင်မှာမဟုတ်ဘူး"

တုန်းကျိုးက ခေါင်းကိုတွင်တွင်ခါနေဆဲပင် "နင့်မှာသခင်လေး ခွင့်ပြုချက်လည်းမရှိဘဲနဲ့ ဘယ်လိုလုပ်ထွက်သွားလို့ရနိုင်မှာလဲ?"

ဖိန်းထင် မျက်လုံး အရောင်တောက်သွားတယ် "ဒါကြောင့် နင့်ကို အကူညီတောင်းရတာပေါ့။ ငါသခင်လေးမသိအောင် ထွက်သွားရမှာ။"

"မဖြစ်ဘူး...မဖြစ်ဘူး...ငါသခင်လေးကို ဘာမှဖုံးကွယ်မထားနိုင်ဘူး"

"ဘယ်ဟုတ်မလဲ...သခင်လေးက လိမ်တောင်လိမ်ပေးမှာ။ လောင်းမလား...ငါတို့အကြံကိုသာသူရိပ်မိသွားရင် မတားတဲ့အပြင် ငါထွက်သွားနိုင်ဖို့တောင် တိတ်တိတ်လေး စီစဉ်ပေးအုံးမှာ"

"ငါတော့ နင့်ကို နားမလည်တော့ဘူး!" တုန်းကျိုး ခေါင်းကုတ်ရင်းပြောလိုက်တယ်။ နောက်တော့ ဖိန်းထင်ဘက် ခုန်ကူးလာပြီး "ကောင်းပြီ...ငါနင့်ကို ကူညီမယ်။ သခင်လေး မှားမှားမှန်မှန်ပေါ့။ ငါသိတာတစ်ခုက နင်က ကံမကောင်းတဲ့သူဆိုတာရယ် နင့်လိုလူကဘယ်တော့မှ အိမ်တော်ကို သစ္စာမဖောက်နိုင်ဘူးဆိုတာကို ယုံကြည်တာရယ်ကြောင့်ပဲ...ဒါပေမယ့် နင်က ဘယ်ကိုသွားမှာလဲ? နင် နေမကောင်းသေးဘူးဆိုတာ မမေ့နဲ့ဦး..ပြီးတော့..."

ဖိန်းထင်က ကြားဖြတ်ဝင်ပြောလိုက်တယ် "မဟုတ်ဖူး...ငါဒီနေ့ညထွက်မှာ"

သူမ လေသံက ညင်သာနေတယ် ဒါပေမယ့် တုန်းကျိုးရဲ့ နားထဲမှာတော့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခု ချလိုက်တဲ့အသံအလားပင်။ သူမျက်ခုံးကို ပင့်လိုက်ပြီး "နင်ဘယ်သွားမလဲ မပြောရင် ငါနင့်ကို မကူညီဘူး။ နင်ကအခု တစ်ယောက်ထဲသွားရမှာ မတော်လို့တစ်ခုခုဖြစ်ရင် ငါပဲ စိတ်မကောင်းဖြစ်ရမှာ" သူ့ရဲ့လက်တွေကို ရင်ဘက်မှာဖိထားရင်းနဲ့ ပြောလိုက်တယ်

"ငါသာ ဒီကထွက်သွားရင် လွတ်လပ်တဲ့သူဖြစ်သွားပြီဆိုတော့ ဘယ်သွားသွားရတာပဲလေ။ နင်ပြောသလိုပဲ ငါ့ကိုလိုက်ရှာနေကြတဲ့သူက အများသားဆိုတော့ နင့်လိုနှုတ်မလုံတဲ့ကလေးကို ငါကပြောသွားရမှာလား...ဒါပေမယ့်လည်း ငါသွားမယ့် လမ်းကြောင်းလောက်ကိုတော့ ပြောပြခဲ့မယ်။ ငါသွားမယ့်ဘက်က....." ဖိန်းထင် သူ့နားထဲကပ်ပြီး တီးတိုးပြောပြလိုက်တယ် "မြောက်ဘက်"

မြောက်ဘက်မှာ နွေအကူး နောက်ကျနေမလား?

အရင် နန်းတော်ထဲမှာ နေရတုန်းက သူမရဲ့ သူငယ်ချင်း ရန်းဖန်းပြောပြဖူးတာ သူမရဲ့ အိမ်မက်နေရာက မြောက်ဘက်က မြက်ခင်းလွင်ပြင်ကျယ်ကြီးတွေရှိတဲ့နေရာတဲ့။ များပြားလှတဲ့ သိုးတွေ၊ ကျွဲတွေ၊ မြင်းတွေ နဲ့ပေါ့။ တစ်ယောက်က ရှေ့က မြင်းစီးသွားတာနဲ့ နောက်က မြင်းအုပ်ကြီးကပါ ထပ်ကြပ်မကွာ လိုက်လာကြတာ မြင်းခွာသံက အရပ်တစ်ခွင်လုံးမှာ ဟိန်းပြီးထွက်နေရောတဲ့...မသိရင် ကမ္ဘာလောကကြီး ၂ခြမ်းကွဲသွားတော့မယ့်အလားပဲ

သူမက ကွေ့လဲ့မှာလည်း နေလို့မရဘူး။ တုန်းလင်းကိုလည်း ခြေချဖို့ဆိုတာကလည်း ကျားဂူရှေ့ မှောက်ရပ်လဲတာထက်တောင် ဆိုးနေဦးမှာ။

ဒါဆို ပေ့မော့ ရော?

အဝေးတစ်နေရာမှ နေရောင်ခြည်ဦးလေး ထွက်စပြုလာနေပြီ။ ဖိန်းထင် မနက်ခင်းလေကို အားရပါးရ ရှုသွင်းလိုက်တယ်။ အိပ်ယာပေါ်မှာပဲ နားနေခဲ့ရတာကြာတော့ သူမအရိုးအဆစ်တွေပင် ဖောက်ချင်သလိုလိုပင်။ သူမပုန်းတဲ့နေရာက နေရောင်ခြည်အနည်းငယ်သာပေါက်တဲ့ လျှို့ဝှက်အိမ်သေးလေးတစ်ခု။ သူမအတိတ်ကို သတိရမိတဲ့အချိန်တိုင်း အိမ်အပြင်ဘက်ကို ထွက်ပြီး အဆုံးမရှိတဲ့ ကောင်းကင်ကျယ်ကြီးကို ငေးကြည့်နေမိတယ်။ သူမသူငယ်ချင်းဖြစ်သူကို ရှာဖို့အတွက်ပဲ ခေါင်းထဲထည့်လိုက်ပြီး ကျန်တာတွေကို မေ့ထားလိုက်တော့တယ်။

ရန်ဖန်နင့်ရဲ့ အပြုံးတွေက အရင်လိုပဲ တောက်ပနေမယ်လို့ မျှော်လင့်ပါတယ်....

အပိုင်း (၁၁) Part 2 ပြီးပါပြီ။

၁၈-၀၅-၂၀၁၉ (စနေနေ့)

Note : ပေ့မော့ ဆိုတာက ဒီဇာတ်လမ်းထဲမှာပါတဲ့ တိုင်းပြည် ၄ခုထဲက တစ်ခုပါ။ 'ပေ့' က မြောက်အရပ်လို့အဓိပ္ပါယ်ရတဲ့ အတွက်ကြောင့် မြောက်အရပ်မှာရှိတဲ့ တိုင်းပြည်ပါ။

Continue Reading

You'll Also Like

1.6M 70.4K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
314K 8K 76
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
210K 35.3K 94
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .