"ဆယ်ဟွန်းနီး..."
Tiolet သွားနေတဲ့ ဆယ်ဟွန်းကို နောက်ကနေအရှိန်နှင့် ဖက်လိုက်တဲ့ ချန်းယောလ်ကြောင့် ဆယ်ဟွန်းမှာ အရှေ့သို့ နည်းနည်း ယိုင်ကျ သွားသည်။
ချန်းယောလ်ကပဲ ပြန်ထိန်းပေးထားတာကြောင့် ဆယ်ဟွန်းက သူ့ပုခုံးကြားထဲမှာ ညှပ်သွားရပြန်သည်။
"Tiolet သွားမယ်လို့ပြောထားတယ်လေ...
ဘာလို့ လိုက်လာတာလဲ"
"ငါလဲ Tiolet သွားချင်လို့ပေါ့"
တကယ်တော့ အတန်းထဲက ကောင်မလေးတစ်ယောက် က ဆယ်ဟွန်း ကို ဝန်ခံမယ်ဆိုတဲ့ စကားကို ကြားလာခဲ့၍ နောက်က လိုက်လာခြင်းဖြစ်သည်။
ဆယ်ဟွန်းထွက်သွားပြီးတာနှင့် ကောင်မလေးတွေ အချင်းချင်းပြောနေတာဖြစ်သည်။
"ဟဲ့ အိုဆယ်ဟွန်း တစ်ယောက်ထဲ...
ပတ်ချန်းယောလ် သူ့ဘေးမှာပါမသွားဘူး နင်တွေ့လား...
ဒါဖွင့်ပြောဖို့ အချိန်ကောင်း ပဲ"
"ဟင်..ဟုတ်လား"
ထိုကောင်မလေးတွေက ချန်းယောလ် အတန်းထဲရှိတာသေချာအောင်ချန်းယောလ် ဘက်ကို လှည့်ကြည့်သေး၏။
ဒါကြောင့် ထိုကောင်မလေး အခန်းထဲက ထွက်မယ် လုပ်တာနှင့် ချန်းယောလ် ဆယ်ဟွန်းနောက်ကို ပြေးလိုက်ခဲ့ ခြင်းဖြစ်သည်။
အခု ဆယ်ဟွန်းဘေး ချန်းယောလ်ရောက်သွားတော့ သူမ အကြံအစည်တွေပျက်ကုန်ပြီလေ။
ထိုကောင်မလေး မျက်နာကတော့ ဆူပုတ်ပုတ်နှင့် ကျန်ခဲ့၏။
ထိုစူပုတ်နေတဲ့ မျက်နာကြီးကို ချန်းယောလ် လှည့်ကြည့်ဖြစ်အောင် လှည့်ကြည့်ပြီး ထိုကောင်မလေးကို မဲ့ ပြုံးပြုံးပြခဲ့၏။
မိမိ အပိုင်ကို မိမိ ကာကွယ်ခြင်းဖြစ်သည်။
မနာလိုခြင်း ကင်းဝေကြပါစေ။
........
"ချန်း...ဟိုလေ"
အတန်းထဲက အချောဆုံးကောင်မလေးက ချန်းယောလ် ဘေးရပ်ကာ တစ်ခုခုပြောဖို့ ကြိုးစားနေတဲ့ပုံပင်။
ချန်းယောလ်ကတော့ ဂရုမစိုက်သလို သူ့ရှေ့က စာအုပ်ကိုပဲ ကြည့်နေခဲ့သည်။
ဆယ်ဟွန်းကတော့ ဘေးကနေ နှစ်ယောက်လုံးအခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်၏။
"ကျွန်မ ချန်းကို သဘောကျတယ်"
"အဲ့တော့ "
"ကျွန်မ ချန်းနဲ့ အပြင်သွားချင်တယ် "
"ဆောရီး ကွာ...ငါ့ချစ်သူ က ဒီလို ကိစ္စတွေကို ကြိုက်မှာ မဟုတ်ဘူး "
"ရှင်"
ကောင်မလေးတင် မျက်လုံးပြူသွားတာမဟုတ်။
ဆယ်ဟွန်းကိုယ်တိုင်လဲ အံသြ သွားရသည်။
ချန်းယောလ် မှာ အလေးပေး ချစ်ရမဲ့သူ ရှိနေပြီလား။ အခုလို မကြိုက်တာတောင် မလုပ်ဖူးဆိုတော့လေ...။
သူတို့နှစ်ယောက်အခြေအနေကို ဆက်မကြည့်တော့ပဲ ဆယ်ဟွန်း ကိုယ့်ရှေ့က စားပွဲကိုပဲ အကြောင်းမရှိ စိုက်ကြည့်နေမိသည်။
ဘာကြောင့် ချန်းယောလ်မှာ အရမ်းချစ်ရတဲ့သူရှိသွားမှာကို မိမိက မလိုလားဖြစ်နေရပါသနည်း။
"နော် အချစ်...
ကိုယ့်ကို ဒီလိုအပြင်သွားတာ မကြိုက်ဘူးမလား"
ရုတ်တရက် ကြီး ဆယ်ဟွန်းဘက်လှည့်ကာ အချစ်လို့ခေါ်ပြီး ဆံပင်တွေကို လာသပ်ပေးလိုက်တာမို့ ဆယ်ဟွန်းမှာ ဘာစကားမှ မပြောနိုင်တော့။
ထိုအမူအရာတွေက သူများတွေအမြင်မှာ ချန်းယောလ်က ဆယ်ဟွန်းကို အရမ်းချစ်ပြီး ဂရုစိုက်ပေးနေတဲ့ပုံ ဖြစ်နေ၏။
ကောင်မလေးလဲ သူတို့ အခြေအနေ ကို မြင်ပြီး ထိုနေရာမှ ထွက်သွားတော့၏။
ဆယ်ဟွန်းနဲ့ ချန်းယောလ်မှာသာ တစ်ယောက်နဲ့တစ်ယောက် အကြည့်မလွှဲနိုင် စိုက်ကြည့်မိနေဆဲ။
"အဟမ်း..."
ဆယ်ဟွန်းကပဲ အရင်ဆုံး အကြည့်လွှဲလိုက်ပေမဲ့ ချန်းယောလ်က ချက်ခြင်း ဆယ်ဟွန်းမျက်နာကို သူ့ဘက်ပြန်ဆွဲကာ စိုက်ကြည့်နေပြန်တာကြောင့် ဆယ်ဟွန်း မနေတတ် မထိုင်တတ်နဲ့ မျက်လုံး တွေကို ဟိုဒီ ရွှေ့လျားနေလိုက်သည်။
"ငါ့ကို ကြည့်ဆယ်ဟွန်း..."
မိမိ မှ ချန်းယောလ် မျက်ဝန်းလှလှတွေကို ရင်မဆိုင်ရဲတာကို။
ချန်ယောလ်အကြည့်စူးစူးတွေကို ကြောက်တယ်။
သူတို့က ကော်ဖီမသောက်ပဲ ရင်တုန်စေတယ်။
အဲ့တာကြောင့် ဆယ်ဟွန်း ကော်ဖီ မကြိုက်တာ။
"...."
"မကြည့်ရင် နမ်းမှာနော် "
ပတ်ချန်းယောလ်က ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်တဲ့ အကျင့်ရှိတာ ဆယ်ဟွန်း အသိဆုံး။
ဆယ်ဟွန်း ဘာလုပ်လို့ လုပ်ရမှန်း မသိချိန်မှာပဲ...
"ကလေးတို့ စာအုပ်ထုတ်မယ် "
အချိန်ကိုက် ဝင်လာပေးတဲ့ ဆရာမကို ကျေးဇူးအထူးတွေ တင်နေမိသည်။
ပတ်ချန်းယောလ် ကလဲ ဆရာမကို ဆုတောင်းပေးလိုက်ပါတယ်။
"ဒီတစ်သက် လင်မရပါစေနဲ့လိုလေ"
.........Tbc........
အဟဲ🙂