"ဆယ်ဟွန်း "
"ဘာတုန်း "
"ငါရည်းစား ထားတော့မလို့ "
"Aww..."
ရင်ထဲ အောက်သက်သက် ဖြစ်သွားတာ ဘေးနားမှာ သူငယ်ချင်းကြီး မရှိမှာကြောက်၍ ဖြစ်သည်။
"မင်းကလဲ ငယ်ငယ်လေးပဲ ရှိသေးတာကို "
"ငါက နို့နံစင်ပီကွ မင်းလို ကလေးမဟုတ်တော့ဘူး "
"ထားထား...ယီးပဲ စေတနာနဲ့ပြောတာ "
"မားမားကို ပြန်မတိုင်နဲ့ "
"ငါက မင်းလို အကျင့်မယုတ်ဘူးကွ "
တကယ်ပဲ ချန်းယောလ်က သူ့ကို လာကြိုက်တဲ့ ကင်မီဆိုးတဲ့ တွဲခဲ့သည်...။
အရင်လို ဆယ်ဟွန်းကို ဂရုတစ်စိုက် ရှိနေပေးတာတော့ အရင်တိုင်းပင်...။
သူ့ရည်းစားနဲ့ ကျွန်တော်ကို ဘယ်သူ့ပိုချစ်လဲလို့ ကလေးဆန်စွာ ကျွန်တော် မေးတိုင်း ကျွန်တော်ကို ဆံပင် တွေကို ပွတ်သပ်ကာ
"မဟုတ်တာ မမေးနဲ့"
လို့ပဲ အမြဲတမ်း ပြောတတ်သည်...။.
.
.
ကျောင်းပိတ်ရက် မနက်ခင်း တစ်ခု ဆယ်ဟွန်း ကျောင်းသွားစရာမလိုတာမို့ နိုးနေပေမဲ့ မထပဲ ဆက်အိပ်နေလိုက်သည်။"ဒေါက် ဒေါက်..."
မားမားကို နောက်ကျမှ ထမယ်ပြောပြီးသားကြောင့် တံခါးသွားဖွင့်မပေးလိုက်တော့...။
"ငါဝင်လာပီနော် ဆယ်ဟွန်း "
"ချန်းယောလ် လား"
တံခါးကို အရင်ဖွင့်...ခေါင်းကို အရင်းတိုးဝင်ကြည့်ပီး ဆယ်ဟွန်းနိုးတာ သေချာမှ အခန်းထဲ ဝင်ခဲ့လိုက်သည် ။
"စောကြီးနိုးလို့ပါလား "
"အပြင်သွားရအောင် လာခေါ်တာ "
"ငါက ဘာလို့ လိုက်ရမလဲ"
"ငါကောင်မလေးနဲ့ ဒိတ်ထားတာ
မင်းပါခေါ်ချင်လို့ ""မလိုက် ချင်ဘူးကွာ ငါက ရှုပ်ထုပ်ဖြစ်နေလိမ့်မယ် "
"မင်းမလိုက်ရင် ငါမသွားတော့ဘူး "
"ဟျောင့် ငါဆဲမှာနော် "
"ထပါကွာ... လာ ရေချိုးတော့နော် "
YOU ARE READING
F R I E N D Z O N E💩
Romanceသူငယ်ချင်းလေးပါပဲ... သူငယ်ချင်းလေးပဲတဲ့ကွယ်... ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါနဲ့ ချစ်ရသူလေး..☹ ချစ်တော့ချစ်တယ်...ဒါပေမဲ့ သူငယ်ချင်းပဲတဲ့😌