part9😇

1.3K 221 65
                                    

ချန်းယောလ် တစ်ယောက် ခုတစ်လော ဆယ်ဟွန်း အနား သိပ်မကပ်။
အပြင်မှာပဲ အချိန်ကုန်နေသည်။

အရင်လို အပြင်သွားရင် ဆယ်ဟွန်းကို ဘာလို့ မခေါ်တော့။ ဘာကြောင့်များပါလိမ့်။

တစ်နေ့တစ်နေ့ မနက် မိုးလင်းရင် ဆယ်ဟွန်းကို အိမ်ပြန်ပို့ပေးပြီး ညနေဆို လာလာခေါ်သည်။

ဘာတွေ ခြေလှမ်းမှားနေတာလဲ သိချင်လို့ ဘာလုပ်နေတာလဲ မေးတော့ ဘာမှ မဟုတ်ဘူး ပဲ ပြန်ဖြေသည်။

သေချာတာကတော့ ချန်းယောလ်မှာ ပါးဖောင်းဖောင်း လေးတွေ မရှိတော့တာပဲ။

ပိုပိုပြီး ပိန်လာပြီး ညညဆို အစောကြီး အိပ်ပျော်သွားလေ့ရှိသည်။
မျက်နာကလဲ အရမ်းပင်းပန်းနေတဲ့ ပုံပင်။
မားမားကတောင် ချန်းယောလ် လေး အရမ်းပိန်သွားတယ်ဆိုပြီးပြောနေသေး၏။

လူကို မတရားစိတ်ပူအောင် လုပ်သောပဲ။

အခုလဲ ဆယ်ဟွန်းကို အိမ်ပြန်ပို့ပေးပြီး သူက ဘယ်ထွက်သွားပြန်တယ် မသိ

မနက်ဖြန် ဆယ်ဟွန်းမွေးနေ့ဆိုတာရော သတိရသေးရဲ့လား။

စိတ်တိုတိုနဲ့ ည ဆယ်ဟွန်းကို လာခေါ်မှ ခေါင်တွေ ခေါက်ပြစ်မယ်လို့ တေးထားလိုက်သည်။

ဒါပေမဲ့ ထိုနေ့ညက ချန်းယောလ် ဆယ်ဟွန်းကို လာမခေါ်ခဲ့။ phဆက်တော့လဲ မကိုင်။
ချန်းယောလ်များလာခေါ်မလား လာခေါ်မလား တစ်မျှော်မျှော်နဲ့သာ ဆယ်ဟွန်း အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားခဲ့သည်။

........

ဘေးနာက ယားကျိကျိအရာကြီးက ဆယ်ဟွန်းကိုယ်ကို တိုးတိုက်နေတယ် ခံစားရတာကြောင့် မဖွင့်နိုင်တဲ့ မျက်လုံးကို ပြူးပြဲ ပြီး ဖွင့်ကြည့်လိုက်သည်။

"မားမား...ဘာကောင်လေးတုန်း"

အမွှေးပွ ဖြူဖွေးဖွေးနဲ့ ခွေးလေး။ အကောင်လေးက ခန္ဓာကိုယ်သေးသေးလေးနဲ့ ချစ်ဖို့ကောင်းလိုက်တာ။

"ချစ်ဖို့ကောင်းလိုက်တာ အူးမွ"

အကောင်လေးကို ဆွဲပွေ့ပြီး အနမ်းတွေပေးလိုက်သည်။

"ဘယ်သူလာပေးထားတာလဲ မသိဘူး ချစ်ဖို့ကောင်းလိုက်တာ "

နေပါဦး ဒီနေ့ ဆယ်ဟွန်းမွေးနေ့ပဲ ။

F R I E N D Z O N E💩Where stories live. Discover now