ဦးဝင္ထြန္း နိုင္ငံျခားမွ အလုပ္ကိစၥေတြကို ခဏနားကာ ျမန္မာျပည္ကိုျပန္လာခဲ႕သည္။ အရင္ကေန ေနက်အိမ္မွာပဲတည္းသည္။ အိမ္မွာ ရိႈင္းနဲ႕အတူ ဦး လည္း အတူရွိေနသည္။ ဆိုဖာေပၚမွာ ရိႈင္း ဦး ေပါင္ေပၚမွာ လွဲကာ စာအုပ္ဖတ္ေနသည္။ ထိုျမင္ကြင္းကို ဦးဝင္ထြန္း ျမင္သြားေတာ့ အိမ္ထဲပဲ ဆက္ဝင္ရမလို ျပန္ထြက္ရမလို ျဖစ္သြားသည္။
ဦးဝင္ထြန္းကို ဦး ျမင္သြား၍ ရိႈင္းကို မသိမသာ အသိေပးလိုက္သည္။ ရိႈင္း လန္႕ကာ မတ္တတ္ရပ္လိုက္သည္။
"အ႕ ႕ ႕ အေဖ ျပန္လာမယ္ဆိုတာ ႀကိဳလည္းမေျပာဘူး "
"ႀကိဳေျပာထားရင္ မင္းတို႕မလြတ္လပ္ပဲေနမွာေပါ့ "
"အေဖကလည္းဗ်ာ ႕ ႕ ႕ "
"ေဟ်ာင့္ေဟ်ာင့္ ေမာင္ရိႈင္း မင္းအာ့ေလာက္ထိခြ်ဲမျပနဲ႕ "
ဦး က ေတာင့္ေတာင့္ႀကီး ရပ္ေနသည္။
"ေဟ်ာင့္ စိုင္းေနဦး ဘာျဖစ္ေနတာလဲ "
ဦးဝင္ထြန္းက ေျပာသည္။
"ဗ်ာ ဘာကို လဲ အန္ကယ္ "
"မင္းကလည္းကြာ ရွက္မေနပါနဲ႕ မင္းတို႕က ေယာက်ာ္းေလးေတြပဲ "
ထိုစကားက အေဖ ဦး ကိုေျမွာက္ေပးလိုက္သလိုျဖစ္ေနသည္။ အစကတည္းကမွ ဦး က ပိုင္ဆိုးပိုင္မဲ႕နိုင္ပါတယ္ဆိုတာ အေဖမွ မသိခဲ႕ေပ။
"ဟာ အေဖ ကိုယ့္သားကို အာ့လိုစိတ္ခ်ေနျပီလား
ဦး အေႀကာင္းမသိပဲနဲ႕ "
"ဘာ အေႀကာင္းလည္း သား ႕ ႕ ႕ "
ထိုစဥ္ ဦးက ျဖတ္ေျပာလိုက္သည္။
"ဘာ အေႀကာင္းမွ မဟုတ္ပါဘူးအန္ကယ္ "
"ဒါဆိုလည္း ျပီးတာပဲကြာ တည့္ေအာင္ေနႀကေနာ္ "
ထိုသို႕ ေျပာျပီးေနာက္ ဦးဝင္းထြန္း အေပၚထပ္သို႕ တတ္သြားေလသည္။
"ႀကားတယ္ေနာ္ ကေလး "
"ဘာႀကားရမွာလဲ မသိဘူးဗ်ာ "
"ဒါဆို ဦး ကသိေအာင္လုပ္ေပးရမွာေပါ့ "
"ဟုိထား ဆရာ ဒီေန႕ေတာ့ အေဖလည္း အိမ္မွာဆိုေတာ့ နိုး ပဲ ေနာ္ "
ထိုစဥ္ ဦး က ရိႈင္း ေခါင္းေလးကို ပြတ္လိုက္သည္။
ျပီးေတာ့ လက္ညိဳးေလးကို ေကြးျပီ က်ီစယ္သည္။
"ရွက္ ရွက္ ဘာလဲကြာ ဘာေတြ ေတြးေနတာလဲ ကေလးရ
ဦး ေျပာတာ ကေလး လိုခ်င္တာ ဝယ္ေပးမယ္လို႕ေျပာမလို႕ "
"ဘာမွ လည္းမလိုခ်င္ပါဘူး "
ျငင္းေနေသာ္လည္း ဦးက အတင္းဆြဲကာ ကားေပၚေခၚသည္။ ဦး ေရွာ့ပင္းေမာလ္ တစ္ခုထဲ ဝင္လိုက္သည္။
ရိႈင္းက ေတာ့ ဘာမသိ ညာမသိ ဦး လက္ဆြဲရာပါသြားေတာ့သည္။ ဒီေန႕က
တာဝန္နားရက္ဆိုေတာ့ ေအးေဆး လြတ္လြတ္ပါပဲ။
ဦး ဘာေတြ မ်ား စပရိုက္ လုပ္ဦး မလဲ စဥ္းစားရင္း ဦး ေနာက္ကလိုက္ရင္း ရင္ခုန္ေနမိတာေတာ့ အမွန္ပင္။
ထိုေႀကာင့္ သိခ်င္ေဇာျဖင့္ေမးလိုက္သည္။
"ဦး ဘာဝယ္မွာလဲ ဒီကိုလာျပီးေတာ့ ကြ်န္ေတာ္ေညာင္းတယ္ လမ္းမေလ်ွာက္ခ်င္ေတာ့ဘူး "
ထိုသို႕ေျပာေျပာခ်င္း ဦး က ရိႈင္းကို အတင္းေက်ာပိုးလိုက္သည္။
"ဟာ ဦးဘာလုပ္တာလဲ လႊတ္ပါ လူေတြ ႀကည့္ေနႀကျပီ "
"ႀကည့္ပါေစေပါ့ သူတို႕အားက်လို႕ႀကည့္တာေနမွာေပါ ကေလးရာ "
အထည္ဆိုင္တစ္ဆိုင္ေရွ႕တြင္ ရိႈင္းကို ေအာက္ခ်လိုက္သည္။
"ဦး အက်ႍ ဝယ္မို႕လား ဒါဆိုေတာ္ျပီေနာ္
အိမ္မွာလည္း အမ်ားႀကီးရွိေနတာကို "
"စကားသိပ္မ်ားတယ္ မြ ႕ ႕ ႕ "
ရိႈင္း လက္ကို ဆြဲကာ ဆိုင္ထဲေခၚသြားသည္။အစကေတာ့ ဦး ရွာေနတာ အက်ႍလို႕ ထင္ခဲ႕သည္။ျပီးေတာ့မွ ဦး ရွာေနတာ အတြင္းခံ ဟု ေျပာျပသည္။
"ဦး ဘာလုပ္မွာ အာ့တာႀကီးက "
"ကေလးနဲ႕ ဆင္တူ ဝတ္ခ်င္လို႕ "
ရိႈင္း မ်က္လံုးေတာင္ ျပဴးသြားသည္။ ရွက္လိုက္တာ ။ ဦး ဘာေတြ လုပ္ေနမွန္းမသိဘူး။
ထိုေနာက္ ဦး သေဘာက်ေသာ ေဘာင္ဘီ နွစ္ထည္ကိုယူလိုက္သည္။ ေငြရွင္းကာ ထိုဆိုင္မွ ထြက္လာႀကသည္။ ဆိုင္ေရွ႕ေရာက္ေတာ့ ဦး ကထပ္ျပီး ေက်ာပိုးျပန္သည္။ ဒါေပမယ့္ ရိိႈင္း ျငင္းလိုက္သည္။
"ဦး ဒီလိုေတြ လုပ္ေနရင္ ကြ်န္ေတာ္ျပန္ေတာ့မွာေနာ္ "
"ဟုတ္ပါျပီ ဒါဆို လက္ပဲတြဲသြားမယ္ေနာ္ ကေလး "
ဖိနပ္ဆိုင္နားေရာက္ေတာ့ ဝင္လိုက္ျပန္သည္။ ဘြတ္ဖိနပ္ အျဖဴေလး နွစ္စံုကိုယူလိုက္သည္။ တစ္စံုကေတာ့ ဦးနဲ႕ကြက္တိ ။ ေနာက္တရံက ရိႈင္း ကို ဦး ကိုယ္တိုင္ဝတ္ေပးသည္။ ရွက္ေနမိသည္ သို႕ေသာ္ ဦး က ခုလိုေတြ ဂရုစိုက္ေပးေနေတာ့ အတိုင္းမသိဝမ္းသာမိသည္။ ကြ်န္ေတာ့္ ရင္ထဲမွာ ထာဝရအတြတ္ ဦး က ရွိေနမွာပါ။
ဝယ္လာသမ်ွ အထုပ္ေတြအကုန္လံုးကို ဦးက ကိုင္လာေပးသည္။ တစ္ထုပ္ေလာက္ ကူကိုင္ေပးမယ္ ေျပာေသာ္လည္း ဦးက ခြင့္ မျပဳေပ။ေလ်ာက္ပတ္လည္တာ ေမာေတာ့ အနီးနားရွိ ေရခဲမုန္႕ဆိုင္မွာ ဝင္ထိုင္လိုက္သည္။ ဦး က ေခ်ာကလက္ မွာသည္။ ကြ်န္ေတာ္ က စေတာ္ဘယ္ရီေပါ့ ။
"ဦး နဲ႕ ကြ်န္ေတာ္က အႀကိဳက္ခ်င္းလည္းမတူဘူးေနာ္ "
ထိုသို႕ေျပာေတာ့ ဦး ကရယ္သည္။
"ဒါေပါ့ ကေလးရာ လူတိုင္းဟာ အႀကိဳက္ခ်င္းမတူနိုင္ႀကဘူး ဒါေပမယ့္ ကေလးနဲ႔သာရွိေနမယ္ဆိုရင္ ဦးလည္း တစ္ေန႕ စေတာ္ဘယ္ရီ ႀကိဳက္တတ္လာမွာပါ "
"ဒါဆို ကြ်န္ေတာ္လည္း ေခ်ာကလက္ႀကိဳက္တတ္လာမွာေပါ့ေနာ္ "
"ဒါေပါ့ မိန္းမရ ႕ ႕ ႕ "
မိန္းမ လို႕ ေခၚလိုက္ေတာ့ ရိႈင္း မ်က္နာပူတတ္သြားကာ ရဲလာသည္။ ေဘးနားက လူေတြ ႀကားသြားေသးလာ မသိပါ။ ရွက္လိုက္တာျဖင့္ ေျပာမေနပါနဲ႕ေတာ့ ဦး ဆိုတဲ႕လူေတာ္ေတာ္ဆိုတယ္ ။
ဦးနဲ႕ အတူတူ ညထိ ေလ်ာက္ပတ္လည္ႀကသည္။ ညေစ်းတန္းေတြသြားကာ မုန္႕ေတြ ေလ်ာက္စားႀကသည္။ ဦး က ပုရစ္ေႀကာ္ ေႀကာက္သည္။ သို႕ေသာ္ ကြ်န္ေတာ္က ႀကိဳက္သည္။ ခုနက ဦးေျပာတဲ႕ အတိုင္းပဲ ကြ်န္ေတာ္နဲ႕ရွိေနရင္ ႀကိဳက္တတ္လာမယ္ ဆိုတာကို စမ္းသပ္လိုက္သည္။
"ဦး ဒါစားျပ "
"ကေလးရာ ဒါ ႕ ႕ ႕ ဒါႀကီးကေတာ့
ေႀကာက္စရာႀကီးပါကြာ မ်က္လံုးျပဴးျပဴးရီးနဲ႕ေလ "
ဘယ္ရမလဲ ။ ရိႈင္းက ေႀကာက္မွန္းသိလ်ွက္နဲ႕ အတင္းစားခုိင္းေတာ့ ဦးကလည္း စာျပရွာပါတယ္။ မ်က္နွာႀကီးကို မဲ႕ရြဲ႕လို႕ ။ ထိုပံုကို ႀကည့္ရတာ ရိႈင္း အေတာ္ေက်နပ္ေနပံုရသည္။
"ဟား ႕ ႕ ႕ "
"ေတြ႕မယ္ ေတြ႕မယ္ ခုေတာ့ လုပ္ထားဦးေပါ့
အိမ္ေရာက္မွ ႕ ႕ ႕ "
"အိမ္မွာ ေဖေဖေရာက္ေနတယ္ေလ ႕ ႕ ႕ "
လွ်ာထုတ္ေျပာင္ကာ ထိုေနရာမွ အျမန္ထြက္သြားေတာ့သည္။ ညေစ်းဆိုေတာ့ လူရႈပ္လွသည္။ ထိုအခ်ိန္ ရိႈင္း ဦး ရဲ႕ ျမင္ကြင္းထဲမွ ေပ်ာက္သြားသည္။
ဦး ေခါင္းေတြ ထူပူသြားသည္။ အျမန္လိုက္ရွာ ႀကည့္ေပမယ့္ မေတြ႕ေတာ့ပါ။
"ကေလး ႕ ႕ ႕ ကေလး ႕ ႕ ႕ ဦး ေခၚေနတာႀကားလား "
ရိႈင္း တစ္ေနရာမွ ပုနး္ကာ ဦးကိုႀကည့္ေနသည္။ ဦး ခုလိုျဖစ္ေနတာကို ျမင္ရေတာ့ မ်က္နွာျဖီးကာေနသည္။
ျပီးမွ ဦး ေနာက္ေက်ာကေန အသာကေလး လန္႕ကာေျခာက္လိုက္ေတာ့ ဦး အေတာ္ေလး လန္႕သြားသည္။
"ဟာ ႕ ႕ ႕ ကေလး ဘယ္သြားေနတာလဲကြာ ဦး ရူးေတာ့မယ္ "
ရိႈင္း ကိုတင္းက်ပ္စြာဖက္ထားလိုက္သည္။ ထိုအခ်ိန္မွ ရိႈင္းထပ္သိလိုက္ရသည္။ ဦး က သူမရွိရင္ ရူးသြားနိုင္တယ္။ ဒါမွ မဟုတ္ ေသမ်ားသြားနိုင္မလား။
"ကြ်န္ေတာ္ ဘယ္မွ မသြားပါဘူးဗ်ာ ဦး အနားမွာပဲရွိပါတယ္ "
ရိႈင္း ကလည္း တင္းက်ပ္စြာျပန္ဖက္လိုက္သည္။
လူေတြႀကားထဲမွာ သူတို႕နွစ္ေယာက္ဖက္တာကို အထူးဆန္းလုပ္ကာႀကည့္တဲ႕သူေတြ နဲ႕ ထိုလမ္းဟာျပည့္ေနပါသည္။ ဒါေပမယ့္ သူတို႕က ေတာ့ ဘယ္သူ႕ကိုမွ ဂရုမစိုက္ ခ်စ္ေနဖို႕သာ အေရးႀကီးသည္။
ေနာက္တစ္ေန႕ ေဆးခန္းကို ဦးနဲ႕အတူသြားဖို႕ ေျပာထားေပမယ့္ ဦး အေရးႀကီးကိစၥေႀကာင့္ အတူမလိုက္လာနိုင္ပါ။ ထိုတစ္ေန႕က တစ္ေယာက္ထဲ ေဆးခန္းထိုင္ခဲ႕ရသည္။ ဖုန္းဆက္တာလည္း မကိုင္။ စာတိုေတြ ပို႕ထားေတာ့လည္း ျပန္မေျဖပါ။ ညေရာက္မွသာ အိမ္ျပန္လာသည္။ အေဖလည္းရွိေနသည္မို႕ ထိုကိစၥကို အသာထားလိုက္သည္။ အိပ္တဲ႔အထိ စကားတစ္ခြန္းေတာင္မေျပာေပ။
ေတြးမိသည္။ ဦး ဘာစိတ္ညစ္စရာရွိလဲ လို႕ေပါ့။ စိတ္ညစ္စရာလို႕ ေျပာရေအာင္လည္း ဦး ကို စိတ္ညစ္ေအာင္လုပ္မယ့္သူက မရွိသေလာက္ပါပဲ။
ဒါမွ မဟုတ္ ဦး အသစ္ေတြ႕ေနတာလား။ မဟုတ္ေလာက္ပါဘူး စိတ္ေတြ ရႈပ္ေထြးကာ ထိုညက အသံတိတ္ဆိတ္စြာ ေက်ာေပးကာ အိပ္ခဲ႕ႀကသည္။
မနက္က် ဦး ကို မနက္စာဝိုင္းမွာေမးဖို႕လုပ္ျပန္ေတာ့ အေဖကရွိေနျပန္ေတာ့သည္။ ထို႕ေႀကာင့္ ေဆးခန္းအလာ ကားထဲမွာ ဦးကိုေမးျဖစ္သည္။
"ဦး "
"ဘာလဲ ကေလး ႕ ႕ ႕ "
ခုထိ ကေလး ဆိုတာ မေပ်ာက္ေသးေပ။ သူ႕ကို မခ်စ္ေတာ့ဘူးဆိုတာေတာ့ မဟုတ္နိုင္ေပ။ တျခားအေႀကာင္းမ်ားလား ။
"မေန႕က ဦးဘယ္သြားတာလဲ တစ္ေနကုန္ေပၚမလာဘူး ျပီးေတာ့ စာလည္းမျပန္ဘူး "
"ေအာ္ အဲ႕တာ ႕ ႕ ႕ "
ထိုစဥ္ ဖုန္းလာ၍ ကိုင္လိုက္သည္။ နံပတ္က unknown တဲ႕ ဘယ္သူလဲဆိုတာ သိခ်င္မိသည္။
"omm ဟုတ္တယ္ေလ အကို ခိုင္းထားတာေတြ လုပ္ျပီးျပီေပါ့ ေက်းဇူးပါကြာ ေနာက္လည္းအားကိုးမယ္ေနာ္ ညီေလး "
ဘာကို အားကိုးမွာလဲ ။ ေျပာေနတဲ႕အသံကလည္း ခ်ိဳေနလိုက္တာ ။ ေသခ်ာေနျပီထင္တာပဲ ဦး ငါ့ကို လွည့္စားေနတာမ်ားလား။ သိခ်င္စိတ္ေတြက တဖြားဖြားေပၚလာ၍ ဖုန္းကိုအတင္းလုယူလိုက္သည္။
"ခမ်ား ဘယ္သူလဲေတာ့ မသိဘူး ေနာက္တစ္ခါ ဦး ကို ဖုန္းမဆက္ပါနဲ႕ ဦး က ကြ်န္ေတာ္တစ္ေယာက္ထဲပဲ ခ်စ္တာ ဦးက ကြ်န္ေတာ္႔ရဲ႕ ခ်စ္သူပဲ ႕ ႕ ႕ "
ဟိုဘက္ကလည္း ဖုန္းကို ခ်သြားသည္။
ဦး စိတ္တိုကာ ဖုန္းကို ျပန္ယူလိုက္သည္။
"ဘာလုပ္တာလဲ ကေလး ႕ ႕ ႕
ဦး ရဲ႕ ကိစၥေတြမွာဝင္မပါ ပါနဲ႕ ဦးမႀကိဳက္ဘူး "
"ဘာေျပာတယ္ မႀကိဳက္ဘူးဟုတ္လား
ဒါဆိုလည္း ခင္မ်ားႀကိဳက္သလိုသာေနေတာ့
ခုခ်က္ခ်င္း ကားေပၚကဆင္းမယ္ ရပ္ေပး "
လက္ကိုင္ကို တစ္ခ်က္ကိုင္လိုက္တာမို႕ ကားကေဝ႔သြားသည္။ ဦး လည္း စိုးရိမ္သြားသည္မို႕ ကားကို ရပ္ေပးလိုက္သည္။ ရိႈင္း ခ်က္ခ်င္း ကားေပၚမွာဆင္းလိုက္သည္။ ဦးလည္း ဆင္းလိုက္လာသည္။
"ခမ်ား က ဘာလိုက္လုပ္တာလဲ ခမ်ားလူဆီသြားေပါ့ "
"ရိႈင္း ကလည္းကြာ မဆိုးနဲ႕ "
"ဆိုးမွာပဲ ဆိုးတာမႀကိဳက္ရင္ အစကတည္းက မခ်စ္နဲ႕ေပါ့ "
ဦး လက္ပိုင္ထားေသာ ရိႈင္းရဲ႕ လက္ေမာင္းကို ဆြဲလိုက္သည္။
"လာ ကားထဲဝင္ မိုးကလည္း ညိဳ႕ေနျပီ ရြာေတာ့မယ္ ထင္တယ္ "
"မဝင္ဘူး ခမ်ား ဟုိဘက္ကလူဆီသြားရမွာမလား
သြားပါ "
"ဘယ္လူလဲ အာ့တာ အကိုရဲ႕ ညီလိုခင္ရတဲ႕ တစ္ေယာက္ပါ သူ႕ကိုအကူညီေလးေတာင္းထားလို႕ "
"ဘာအကူအညီ "
ဦး ပါးစပ္ပိတ္ကာေနသည္။ ဘာမွ မေျပာေပ။ အဲ႕သလိုလုပ္ေနေတာ့ ရိႈင္း စိတ္တိုကာ ေဆာင့္ေအာင့္ျပီး ထိုေနရာမွ ထြက္သြားေတာ့သည္။
မိုးကလည္း ရုတ္တရတ္ဆိုသလို ရြာခ်လာသည္။
ရိႈင္း ထပ္ငို ရျပန္ျပီ ။ ခုလို မိုးရြာထဲမွာေပါ့ ။
ညက အိပ္မေပ်ာ္တဲ႕ အရွိန္နဲ႔ အားမရွိသလိုျဖစ္ကာ ရိႈင္းမိုးေရထဲ လွဲက်သြားသည္။
ဦး က အျမန္ေျပးကာ ေပြ႕ခ်ီကာ ကားေပၚတင္လိုက္သည္။
ဦး လုပ္တာ အျပတ္အျပတ္နဲ႕ နွာေခါင္းေသြးထြက္ျပီထင္ပါရဲ႕ ။
Thank U ပါေနာ္ heeee
အေတာ္ေလးႀကာသြားတယ္ေနာ္
ALONE
***********************************
Unicode
ဦးဝင်ထွန်း နိုင်ငံခြားမှ အလုပ်ကိစ္စတွေကို ခဏနားကာ မြန်မာပြည်ကိုပြန်လာခဲ့သည်။ အရင်ကနေ နေကျအိမ်မှာပဲတည်းသည်။ အိမ်မှာ ရှိုင်းနဲ့အတူ ဦး လည်း အတူရှိနေသည်။ ဆိုဖာပေါ်မှာ ရှိုင်း ဦး ပေါင်ပေါ်မှာ လှဲကာ စာအုပ်ဖတ်နေသည်။ ထိုမြင်ကွင်းကို ဦးဝင်ထွန်း မြင်သွားတော့ အိမ်ထဲပဲ ဆက်ဝင်ရမလို ပြန်ထွက်ရမလို ဖြစ်သွားသည်။
ဦးဝင်ထွန်းကို ဦး မြင်သွား၍ ရှိုင်းကို မသိမသာ အသိပေးလိုက်သည်။ ရှိုင်း လန့်ကာ မတ်တတ်ရပ်လိုက်သည်။
"အ့ ့ ့ အဖေ ပြန်လာမယ်ဆိုတာ ကြိုလည်းမပြောဘူး "
"ကြိုပြောထားရင် မင်းတို့မလွတ်လပ်ပဲနေမှာပေါ့ "
"အဖေကလည်းဗျာ ့ ့ ့ "
"ဟျောင့်ဟျောင့် မောင်ရှိုင်း မင်းအာ့လောက်ထိချွဲမပြနဲ့ "
ဦး က တောင့်တောင့်ကြီး ရပ်နေသည်။
"ဟျောင့် စိုင်းနေဦး ဘာဖြစ်နေတာလဲ "
ဦးဝင်ထွန်းက ပြောသည်။
"ဗျာ ဘာကို လဲ အန်ကယ် "
"မင်းကလည်းကွာ ရှက်မနေပါနဲ့ မင်းတို့က ယောကျာ်းလေးတွေပဲ "
ထိုစကားက အဖေ ဦး ကိုမြှောက်ပေးလိုက်သလိုဖြစ်နေသည်။ အစကတည်းကမှ ဦး က ပိုင်ဆိုးပိုင်မဲ့နိုင်ပါတယ်ဆိုတာ အဖေမှ မသိခဲ့ပေ။
"ဟာ အဖေ ကိုယ့်သားကို အာ့လိုစိတ်ချနေပြီလား
ဦး အကြောင်းမသိပဲနဲ့ "
"ဘာ အကြောင်းလည်း သား ့ ့ ့ "
ထိုစဉ် ဦးက ဖြတ်ပြောလိုက်သည်။
"ဘာ အကြောင်းမှ မဟုတ်ပါဘူးအန်ကယ် "
"ဒါဆိုလည်း ပြီးတာပဲကွာ တည့်အောင်နေကြနော် "
ထိုသို့ ပြောပြီးနောက် ဦးဝင်းထွန်း အပေါ်ထပ်သို့ တတ်သွားလေသည်။
"ကြားတယ်နော် ကလေး "
"ဘာကြားရမှာလဲ မသိဘူးဗျာ "
"ဒါဆို ဦး ကသိအောင်လုပ်ပေးရမှာပေါ့ "
"ဟိုထား ဆရာ ဒီနေ့တော့ အဖေလည်း အိမ်မှာဆိုတော့ နိုး ပဲ နော် "
ထိုစဉ် ဦး က ရှိုင်း ခေါင်းလေးကို ပွတ်လိုက်သည်။
ပြီးတော့ လက်ညိုးလေးကို ကွေးပြီ ကျီစယ်သည်။
"ရှက် ရှက် ဘာလဲကွာ ဘာတွေ တွေးနေတာလဲ ကလေးရ
ဦး ပြောတာ ကလေး လိုချင်တာ ဝယ်ပေးမယ်လို့ပြောမလို့ "
"ဘာမှ လည်းမလိုချင်ပါဘူး "
ငြင်းနေသော်လည်း ဦးက အတင်းဆွဲကာ ကားပေါ်ခေါ်သည်။ ဦး ရှော့ပင်းမောလ် တစ်ခုထဲ ဝင်လိုက်သည်။
ရှိုင်းက တော့ ဘာမသိ ညာမသိ ဦး လက်ဆွဲရာပါသွားတော့သည်။ ဒီနေ့က
တာဝန်နားရက်ဆိုတော့ အေးဆေး လွတ်လွတ်ပါပဲ။
ဦး ဘာတွေ များ စပရိုက် လုပ်ဦး မလဲ စဉ်းစားရင်း ဦး နောက်ကလိုက်ရင်း ရင်ခုန်နေမိတာတော့ အမှန်ပင်။
ထိုကြောင့် သိချင်ဇောဖြင့်မေးလိုက်သည်။
"ဦး ဘာဝယ်မှာလဲ ဒီကိုလာပြီးတော့ ကျွန်တော်ညောင်းတယ် လမ်းမလျှောက်ချင်တော့ဘူး "
ထိုသို့ပြောပြောချင်း ဦး က ရှိုင်းကို အတင်းကျောပိုးလိုက်သည်။
"ဟာ ဦးဘာလုပ်တာလဲ လွှတ်ပါ လူတွေ ကြည့်နေကြပြီ "
"ကြည့်ပါစေပေါ့ သူတို့အားကျလို့ကြည့်တာနေမှာပေါ ကလေးရာ "
အထည်ဆိုင်တစ်ဆိုင်ရှေ့တွင် ရှိုင်းကို အောက်ချလိုက်သည်။
"ဦး အကျႍ ဝယ်မို့လား ဒါဆိုတော်ပြီနော်
အိမ်မှာလည်း အများကြီးရှိနေတာကို "
"စကားသိပ်များတယ် မွ ့ ့ ့ "
ရှိုင်း လက်ကို ဆွဲကာ ဆိုင်ထဲခေါ်သွားသည်။အစကတော့ ဦး ရှာနေတာ အကျႍလို့ ထင်ခဲ့သည်။ပြီးတော့မှ ဦး ရှာနေတာ အတွင်းခံ ဟု ပြောပြသည်။
"ဦး ဘာလုပ်မှာ အာ့တာကြီးက "
"ကလေးနဲ့ ဆင်တူ ဝတ်ချင်လို့ "
ရှိုင်း မျက်လုံးတောင် ပြူးသွားသည်။ ရှက်လိုက်တာ ။ ဦး ဘာတွေ လုပ်နေမှန်းမသိဘူး။
ထိုနောက် ဦး သဘောကျသော ဘောင်ဘီ နှစ်ထည်ကိုယူလိုက်သည်။ ငွေရှင်းကာ ထိုဆိုင်မှ ထွက်လာကြသည်။ ဆိုင်ရှေ့ရောက်တော့ ဦး ကထပ်ပြီး ကျောပိုးပြန်သည်။ ဒါပေမယ့် ရိှိုင်း ငြင်းလိုက်သည်။
"ဦး ဒီလိုတွေ လုပ်နေရင် ကျွန်တော်ပြန်တော့မှာနော် "
"ဟုတ်ပါပြီ ဒါဆို လက်ပဲတွဲသွားမယ်နော် ကလေး "
ဖိနပ်ဆိုင်နားရောက်တော့ ဝင်လိုက်ပြန်သည်။ ဘွတ်ဖိနပ် အဖြူလေး နှစ်စုံကိုယူလိုက်သည်။ တစ်စုံကတော့ ဦးနဲ့ကွက်တိ ။ နောက်တရံက ရှိုင်း ကို ဦး ကိုယ်တိုင်ဝတ်ပေးသည်။ ရှက်နေမိသည် သို့သော် ဦး က ခုလိုတွေ ဂရုစိုက်ပေးနေတော့ အတိုင်းမသိဝမ်းသာမိသည်။ ကျွန်တော့် ရင်ထဲမှာ ထာဝရအတွတ် ဦး က ရှိနေမှာပါ။
ဝယ်လာသမျှ အထုပ်တွေအကုန်လုံးကို ဦးက ကိုင်လာပေးသည်။ တစ်ထုပ်လောက် ကူကိုင်ပေးမယ် ပြောသော်လည်း ဦးက ခွင့် မပြုပေ။လျောက်ပတ်လည်တာ မောတော့ အနီးနားရှိ ရေခဲမုန့်ဆိုင်မှာ ဝင်ထိုင်လိုက်သည်။ ဦး က ချောကလက် မှာသည်။ ကျွန်တော် က စတော်ဘယ်ရီပေါ့ ။
"ဦး နဲ့ ကျွန်တော်က အကြိုက်ချင်းလည်းမတူဘူးနော် "
ထိုသို့ပြောတော့ ဦး ကရယ်သည်။
"ဒါပေါ့ ကလေးရာ လူတိုင်းဟာ အကြိုက်ချင်းမတူနိုင်ကြဘူး ဒါပေမယ့် ကလေးနဲ့သာရှိနေမယ်ဆိုရင် ဦးလည်း တစ်နေ့ စတော်ဘယ်ရီ ကြိုက်တတ်လာမှာပါ "
"ဒါဆို ကျွန်တော်လည်း ချောကလက်ကြိုက်တတ်လာမှာပေါ့နော် "
"ဒါပေါ့ မိန်းမရ ့ ့ ့ "
မိန်းမ လို့ ခေါ်လိုက်တော့ ရှိုင်း မျက်နာပူတတ်သွားကာ ရဲလာသည်။ ဘေးနားက လူတွေ ကြားသွားသေးလာ မသိပါ။ ရှက်လိုက်တာဖြင့် ပြောမနေပါနဲ့တော့ ဦး ဆိုတဲ့လူတော်တော်ဆိုတယ် ။
ဦးနဲ့ အတူတူ ညထိ လျောက်ပတ်လည်ကြသည်။ ညဈေးတန်းတွေသွားကာ မုန့်တွေ လျောက်စားကြသည်။ ဦး က ပုရစ်ကြော် ကြောက်သည်။ သို့သော် ကျွန်တော်က ကြိုက်သည်။ ခုနက ဦးပြောတဲ့ အတိုင်းပဲ ကျွန်တော်နဲ့ရှိနေရင် ကြိုက်တတ်လာမယ် ဆိုတာကို စမ်းသပ်လိုက်သည်။
"ဦး ဒါစားပြ "
"ကလေးရာ ဒါ ့ ့ ့ ဒါကြီးကတော့
ကြောက်စရာကြီးပါကွာ မျက်လုံးပြူးပြူးရီးနဲ့လေ "
ဘယ်ရမလဲ ။ ရှိုင်းက ကြောက်မှန်းသိလျှက်နဲ့ အတင်းစားခိုင်းတော့ ဦးကလည်း စာပြရှာပါတယ်။ မျက်နှာကြီးကို မဲ့ရွဲ့လို့ ။ ထိုပုံကို ကြည့်ရတာ ရှိုင်း အတော်ကျေနပ်နေပုံရသည်။
"ဟား ့ ့ ့ "
"တွေ့မယ် တွေ့မယ် ခုတော့ လုပ်ထားဦးပေါ့
အိမ်ရောက်မှ ့ ့ ့ "
"အိမ်မှာ ဖေဖေရောက်နေတယ်လေ ့ ့ ့ "
လျှာထုတ်ပြောင်ကာ ထိုနေရာမှ အမြန်ထွက်သွားတော့သည်။ ညဈေးဆိုတော့ လူရှုပ်လှသည်။ ထိုအချိန် ရှိုင်း ဦး ရဲ့ မြင်ကွင်းထဲမှ ပျောက်သွားသည်။
ဦး ခေါင်းတွေ ထူပူသွားသည်။ အမြန်လိုက်ရှာ ကြည့်ပေမယ့် မတွေ့တော့ပါ။
"ကလေး ့ ့ ့ ကလေး ့ ့ ့ ဦး ခေါ်နေတာကြားလား "
ရှိုင်း တစ်နေရာမှ ပုနး်ကာ ဦးကိုကြည့်နေသည်။ ဦး ခုလိုဖြစ်နေတာကို မြင်ရတော့ မျက်နှာဖြီးကာနေသည်။
ပြီးမှ ဦး နောက်ကျောကနေ အသာကလေး လန့်ကာခြောက်လိုက်တော့ ဦး အတော်လေး လန့်သွားသည်။
"ဟာ ့ ့ ့ ကလေး ဘယ်သွားနေတာလဲကွာ ဦး ရူးတော့မယ် "
ရှိုင်း ကိုတင်းကျပ်စွာဖက်ထားလိုက်သည်။ ထိုအချိန်မှ ရှိုင်းထပ်သိလိုက်ရသည်။ ဦး က သူမရှိရင် ရူးသွားနိုင်တယ်။ ဒါမှ မဟုတ် သေများသွားနိုင်မလား။
"ကျွန်တော် ဘယ်မှ မသွားပါဘူးဗျာ ဦး အနားမှာပဲရှိပါတယ် "
ရှိုင်း ကလည်း တင်းကျပ်စွာပြန်ဖက်လိုက်သည်။
လူတွေကြားထဲမှာ သူတို့နှစ်ယောက်ဖက်တာကို အထူးဆန်းလုပ်ကာကြည့်တဲ့သူတွေ နဲ့ ထိုလမ်းဟာပြည့်နေပါသည်။ ဒါပေမယ့် သူတို့က တော့ ဘယ်သူ့ကိုမှ ဂရုမစိုက် ချစ်နေဖို့သာ အရေးကြီးသည်။
နောက်တစ်နေ့ ဆေးခန်းကို ဦးနဲ့အတူသွားဖို့ ပြောထားပေမယ့် ဦး အရေးကြီးကိစ္စကြောင့် အတူမလိုက်လာနိုင်ပါ။ ထိုတစ်နေ့က တစ်ယောက်ထဲ ဆေးခန်းထိုင်ခဲ့ရသည်။ ဖုန်းဆက်တာလည်း မကိုင်။ စာတိုတွေ ပို့ထားတော့လည်း ပြန်မဖြေပါ။ ညရောက်မှသာ အိမ်ပြန်လာသည်။ အဖေလည်းရှိနေသည်မို့ ထိုကိစ္စကို အသာထားလိုက်သည်။ အိပ်တဲ့အထိ စကားတစ်ခွန်းတောင်မပြောပေ။
တွေးမိသည်။ ဦး ဘာစိတ်ညစ်စရာရှိလဲ လို့ပေါ့။ စိတ်ညစ်စရာလို့ ပြောရအောင်လည်း ဦး ကို စိတ်ညစ်အောင်လုပ်မယ့်သူက မရှိသလောက်ပါပဲ။
ဒါမှ မဟုတ် ဦး အသစ်တွေ့နေတာလား။ မဟုတ်လောက်ပါဘူး စိတ်တွေ ရှုပ်ထွေးကာ ထိုညက အသံတိတ်ဆိတ်စွာ ကျောပေးကာ အိပ်ခဲ့ကြသည်။
မနက်ကျ ဦး ကို မနက်စာဝိုင်းမှာမေးဖို့လုပ်ပြန်တော့ အဖေကရှိနေပြန်တော့သည်။ ထို့ကြောင့် ဆေးခန်းအလာ ကားထဲမှာ ဦးကိုမေးဖြစ်သည်။
"ဦး "
"ဘာလဲ ကလေး ့ ့ ့ "
ခုထိ ကလေး ဆိုတာ မပျောက်သေးပေ။ သူ့ကို မချစ်တော့ဘူးဆိုတာတော့ မဟုတ်နိုင်ပေ။ တခြားအကြောင်းများလား ။
"မနေ့က ဦးဘယ်သွားတာလဲ တစ်နေကုန်ပေါ်မလာဘူး ပြီးတော့ စာလည်းမပြန်ဘူး "
"အော် အဲ့တာ ့ ့ ့ "
ထိုစဉ် ဖုန်းလာ၍ ကိုင်လိုက်သည်။ နံပတ်က unknown တဲ့ ဘယ်သူလဲဆိုတာ သိချင်မိသည်။
"omm ဟုတ်တယ်လေ အကို ခိုင်းထားတာတွေ လုပ်ပြီးပြီပေါ့ ကျေးဇူးပါကွာ နောက်လည်းအားကိုးမယ်နော် ညီလေး "
ဘာကို အားကိုးမှာလဲ ။ ပြောနေတဲ့အသံကလည်း ချိုနေလိုက်တာ ။ သေချာနေပြီထင်တာပဲ ဦး ငါ့ကို လှည့်စားနေတာများလား။ သိချင်စိတ်တွေက တဖွားဖွားပေါ်လာ၍ ဖုန်းကိုအတင်းလုယူလိုက်သည်။
"ခများ ဘယ်သူလဲတော့ မသိဘူး နောက်တစ်ခါ ဦး ကို ဖုန်းမဆက်ပါနဲ့ ဦး က ကျွန်တော်တစ်ယောက်ထဲပဲ ချစ်တာ ဦးက ကျွန်တော့်ရဲ့ ချစ်သူပဲ ့ ့ ့ "
ဟိုဘက်ကလည်း ဖုန်းကို ချသွားသည်။
ဦး စိတ်တိုကာ ဖုန်းကို ပြန်ယူလိုက်သည်။
"ဘာလုပ်တာလဲ ကလေး ့ ့ ့
ဦး ရဲ့ ကိစ္စတွေမှာဝင်မပါ ပါနဲ့ ဦးမကြိုက်ဘူး "
"ဘာပြောတယ် မကြိုက်ဘူးဟုတ်လား
ဒါဆိုလည်း ခင်များကြိုက်သလိုသာနေတော့
ခုချက်ချင်း ကားပေါ်ကဆင်းမယ် ရပ်ပေး "
လက်ကိုင်ကို တစ်ချက်ကိုင်လိုက်တာမို့ ကားကဝေ့သွားသည်။ ဦး လည်း စိုးရိမ်သွားသည်မို့ ကားကို ရပ်ပေးလိုက်သည်။ ရှိုင်း ချက်ချင်း ကားပေါ်မှာဆင်းလိုက်သည်။ ဦးလည်း ဆင်းလိုက်လာသည်။
"ခများ က ဘာလိုက်လုပ်တာလဲ ခများလူဆီသွားပေါ့ "
"ရှိုင်း ကလည်းကွာ မဆိုးနဲ့ "
"ဆိုးမှာပဲ ဆိုးတာမကြိုက်ရင် အစကတည်းက မချစ်နဲ့ပေါ့ "
ဦး လက်ပိုင်ထားသော ရှိုင်းရဲ့ လက်မောင်းကို ဆွဲလိုက်သည်။
"လာ ကားထဲဝင် မိုးကလည်း ညို့နေပြီ ရွာတော့မယ် ထင်တယ် "
"မဝင်ဘူး ခများ ဟိုဘက်ကလူဆီသွားရမှာမလား
သွားပါ "
"ဘယ်လူလဲ အာ့တာ အကိုရဲ့ ညီလိုခင်ရတဲ့ တစ်ယောက်ပါ သူ့ကိုအကူညီလေးတောင်းထားလို့ "
"ဘာအကူအညီ "
ဦး ပါးစပ်ပိတ်ကာနေသည်။ ဘာမှ မပြောပေ။ အဲ့သလိုလုပ်နေတော့ ရှိုင်း စိတ်တိုကာ ဆောင့်အောင့်ပြီး ထိုနေရာမှ ထွက်သွားတော့သည်။
မိုးကလည်း ရုတ်တရတ်ဆိုသလို ရွာချလာသည်။
ရှိုင်း ထပ်ငို ရပြန်ပြီ ။ ခုလို မိုးရွာထဲမှာပေါ့ ။
ညက အိပ်မပျော်တဲ့ အရှိန်နဲ့ အားမရှိသလိုဖြစ်ကာ ရှိုင်းမိုးရေထဲ လှဲကျသွားသည်။
ဦး က အမြန်ပြေးကာ ပွေ့ချီကာ ကားပေါ်တင်လိုက်သည်။
ဦး လုပ်တာ အပြတ်အပြတ်နဲ့ နှာခေါင်းသွေးထွက်ပြီထင်ပါရဲ့ ။
Thank U ပါနော် heeee
အတော်လေးကြာသွားတယ်နော်
ALONE