Heart Trainer (Z+U) [Complete...

By Delight_CYO

147K 16.3K 936

Teach Me ~~ Train Me ~~ Love Me ~~ More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(14)
(15)
(16)
(17)
(18)
(19)
(20) Final
Extra

(13)

6.1K 775 29
By Delight_CYO

'သြားမယ္'

အကို႔မ်က္၀န္းေတြကို နားမလည္စြာ ေမာ့ၾကည့္မိေတာ့ ဘာမွမေျဖပဲ သူ႔လက္ကို အတင္း ဆြဲေခၚသြားတာေၾကာင့္ Baekhyun မနည္းမွီေအာင္ လိုက္လာလိုက္ရသည္။

'Baekhyunေရ .. မင္းဘယ္ကို သြားေနတာလဲကြာ ..ငါရယ္ အကို Jiwoo ရယ္ မင္းကို မေတြ႕လို႔ လိုက္ရွာေနတာ .. ေပ်ာက္ေနတယ္ ထင္ေနတာ'

Junက နဖူးက ေခြ်းကို လက္မနဲ႔ ဖိသုတ္လ်က္ ဆိုလာသည္။

'Baekhyun အဆင္ေျပရဲ႕လား'

အကုိJiWooကလဲ သူ႔ကို စိတ္ပူေနဟန္ ေမးလာသည္

'အဆင္ေျပတယ္အကို .. ကြ်န္ေတာ္ Junကို ေျပာခဲ့တယ္ သူမၾကားတာ ေနမွာ ..
ေတာင္းပန္ပါတယ္ ကြ်န္ေတာ့္ေၾကာင့္ သက္သက္မဲ့ '

'မဟုတ္တာ Baekhyunကလဲ'

အကို Jiwooက သူေတာင္းပန္စကားဆိုေတာ့ တားေလသည္။

'တျခားေနရာ သြားၾကမယ္ေလ .. ေန႔လည္ေတာင္ ေရာက္ေနၿပီ'

အကို Chanyeolရဲ႕ ျဖတ္ေျပာလာတဲ့ စကားအဆံုး သူတုိ႔အားလံုး ထိုေနရာမွ ထြက္ခြာၿပီး Merlion ဆီသို႔ ဦးတည္လိုက္ၾကသည္။

ေန႔လည္စာစားၿပီး အခ်ိန္ အနည္းငယ္ အနားယူၿပီး ညေနေလာက္က်ေတာ့ Merlion ဘက္ကို ထြက္လာခဲ့လိုက္သည္။

'လွလိုက္တာ .. ညေနဘက္ေရာက္လို႔လားမသိ .. ေန၀င္ခ်ိန္ ဆည္းဆာေရာင္သန္းေနေတာ့ တအားကို ဆြဲဆာင္မႈရွိတယ္'

Junရဲ႕ စကားကို Baekhyun လဲ ေထာက္ခံျဖစ္သည္။ Singaporeဟာ ၿမိဳ႕ေတာ္ေသးေသးေလး ဆိုေပမယ့္ စိတ္၀င္စားစရာ ဆြဲေဆာင္မႈရွိတဲ့ ေနရာေတြ အမ်ားႀကီးရွိသည္။ ထိုအားလံုးထဲ S'poreရဲ႕ အထင္ကရ အျဖစ္ဆံုးကေတာ့ ဒီ Merlion ရုပ္ထုပင္ ျဖစ္သည္။ ျခေသၤ့ေခါင္းနဲ႔ ငါးကိုယ္လံုးကို ထုလုပ္ထားတာက အံ့ဩဖြယ္ရာ အႏုပညာ လက္ရာ ျဖစ္သည္။

'မိုက္တယ္မလား Baekhyun'

Baekhyun တအံ့တဩ ၾကည့္ေနခ်ိန္မွာပင္ သူ႔နားကို အကို JiWoo ေရာက္လာေလသည္။

'ကိုယ့္ကို ဓာတ္ပံု တစ္ပံုေလာက္ ရိုက္ေပးပါ့လား Baekhyun .. ရလား'

'ရတာေပါ့ .. အကို '

အကို JiWooကို ေတာင္းဆိုတာေၾကာင့္  Baekhyun ခ်က္ခ်င္း ရိုက္ေပးလိုက္သည္။

'Chanyeol .. ဒီလာေလ .. အတူတူရိုက္ရေအာင္'

အကို JiWooက အကို႔ကို အတင္း ဆြဲေခၚတာေၾကာင့္ အကိုက သူ႔ေရွ႕ကို လာရပ္ေလသည္။

'ရိုက္ၿပီေနာ္ .. 1 2 3'

အကို JiWooက အကို Chanyeolကို ဖက္လိုက္ စလိုက္နဲ႔ အမူအရာ ေပါင္းစံု လုပ္ေနေလသည္။ အကို JiWooက အတင္းစေနတာေၾကာင့္ ေနာက္ဆံုးေတာ့ အကို Chanyeol ျပံဳးလာေလသည္။ Baekhyun ကင္မရာ ခလုတ္ကို မနားတမ္း ထပ္တလဲလဲ ႏွိပ္လိုက္မိသည္။

'Baekhyun ရၿပီလား'

အကိုJiWooက လွမ္းေမးလာေလသည္။

Baekhyun ခုနက ပံုေတြကို ျပန္ၾကည့္လိုက္ေတာ့ Wt*!!!! အကို Chanyeolဘက္ အျခမ္းေတြႀကီးပဲ .. အကို JiWoo ပံုဆိုလို႔ အကို႔ကို ဖက္ထားတဲ့ သူ႔ရဲ႕ လက္ေတြပဲပါသည္။ 😷

'မရေသးဘူး .. မရေသးဘူးအကို .. ခုနက ကြ်န္ေတာ္ lensကို အျပည့္ မဖြင့္ထားမိဘူး ..  အဲ့တာေၾကာင့္ ပံုေတြက သိပ္မျမင္ရဘူး'

Baekhyun လိမ္ေျပာလို္က္သည္။ အကိုChanyeolကေတာ့ သူ႔ကို ၾကည့္ေနေလသည္။

'အဲ့ဒါဆိုလဲ ထပ္ရိုက္မယ္ေလ'

အခုက်ေတာ့ အကိုChanyeolက ေဘးဘက္ကို ထြက္သြားၿပီ ျဖစ္သည္။

'ရၿပီလား Baekhyun'

အခုမွပဲ အကိုJiWoo တစ္ေယာက္ထဲ ပံုေတြ ျပတ္ျပတ္သားသား ေပၚလာေတာ့သည္။

'ကြ်န္ေတာ္ ညက် ပို႔ေပးလိုက္မယ္ေလ'

'ရတယ္ မပို႔နဲ႔ Baekhyun .. ကိုယ္ေက်ာင္းကို လာယူမယ္ '

အကို JiWoo စကားေတြေၾကာင့္ Baekhyunေတာင္ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားရသည္။ ေက်ာင္းဖြင့္ဖို႔ ၃ပတ္ေတာင္ လိုေသးတာကို။ ဒါေပမယ့္ ဘာလို႔ ဆိုတဲ့ အေၾကာင္းျပခ်က္ကို မေမးေတာ့ပဲ ေခါင္းသာ ညိမ့္ျပလိုက္သည္။

>>>>>>>>>>>>>>>>>

အဲ့လိုနဲ႔ S'pore ကို အကိုတို႔နဲ လည္ျဖစ္တာ ေလးငါးရက္ပင္ ရွိေလၿပီ။ အကို Chanyeolကလဲ သူ႔ကို ျပန္လည္ စကားေျပာလာၿပီ ျဖစ္သည္။ အစက သိပ္မေျပာေပမယ့္ အခုေတာ့ စိတ္မဆိုးေတာ့ဘူး ထင္ပါသည္။

အဲ့တာေၾကာင့္ Baekhyun သိခ်င္တာ ... အျပင္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ မေတာ္တဆ နမ္းမိသြားခဲ့ရင္ သူနဲ႔ အကိုလိုပဲ စိမ္းသြားတာလား ..  ဒါမွမဟုတ္ ဇာတ္လမ္းေတြ ထဲကလိုပဲ အခ်င္းခ်င္း စိတ္၀င္စားသြားမွာလား စတဲ့ ေမးခြန္းေတြဟာ အခုတေလာ Baekhyun သိခ်င္ေနေသာ ေမးခြန္းမ်ားပင္ ျဖစ္သည္။

Baekhyun တို႔ေတြ လည္တဲ့ အေတာတြင္း S'poreရဲ႕ ေနရာ အစံုကို ေရာက္ျဖစ္ၾကသည္။

S'poreရဲ႕ National Gallery

ArtScience - Museum

ၿပီးေတာ့ S'poreရဲ႕ Botanic Gardenထဲ က အမ်ိဳးအစား စံုလင္လွတဲ့ ပန္းေတြကိုလဲ ၀င္ျကည့္ျဖစ္ေသးသည္။

ေနာက္ေန႔က် S'poreရဲ႕ Zooကို သြားျဖစ္သည္။အဲ့မွာ ရွိတဲ့ ဆင္ေတြ ေမ်ာက္ေတြကို အစာေကြ်း ျဖစ္ခဲ့ၾကသည္။

ညေနေရာက္ေတာ့ ေပ်ာ္စရာအေကာင္းနဲ႔ ရင္ဖိုစရာေကာင္းတဲ့ Marina Bay နားမွာရွိတဲ့ နာမည္ႀကီး အထင္ကရ ခ်ားရဟတ္ႀကီးကို ေလးေယာက္သား စီးရင္း ငယ္သံပါေအာင္လဲ ေအာ္ဟစ္ခဲ့ရေသးသည္။

ၿပီးေတာ့ Singaporeရဲ႕ နာမည္ႀကီး Aquarium ငါးျပတုိက္ကိုလဲ သြားခဲ့ၾကေသးသည္။

မျပန္ခင္ ေနာက္ဆံုးရက္မွာ သူတို႔ နာမည္ႀကီး Orchid streetကို သြားၿပီး S'pore အမွတ္တရ ပစၥည္းေတြ ၀ယ္လာျဖစ္ၾကသည္။

ေန႔လည္က် Sentosa Beachမွာ ေရကစား လိုက္ၾကေသးသည္။

ေနာက္ဆံုးေန႔မွာ ၾကည္ႏူးစရာေလး တစ္ခုလဲ ရွိသည္။ အဲ့တာက Singapore တစ္ၿမိဳ႕လံုးရဲ႕ ညရႈခင္းကို ၾကည့့္ျခင္းပင္။ Shutter Stockကို ေလးေယာက္ သီးသန္႔ ငွားၾကၿပီး တစ္ၿမိဳ႕လံုးကို အမွတ္တရ ပတ္ၾကည့္ ျဖစ္ခဲ့ၾကသည္။

ထိုမေမ့ႏုိင္စရာ အမွတ္တရထဲတြင္ အကို Chanyeolလဲ တစ္ခု အပါအ၀င္ ျဖစ္ခဲ့သည္။

>>>>>>>>>>>>>>>>>>>>

ႏွစ္ပတ္ ခရီးစဥ္ အၿပီးတြင္ ေနာက္ဆံုး Koreaကို ျပန္ေရာက္ခဲ့ေလသည္။
သူနဲ႔အကို႔ရဲ႕ ကိစၥကလြဲ Singaporeမွွာ ေတြ႕ၾကံဳ ခဲ့ရတာေတြကို အမ Miheeကို တစ္ခုခ်င္း ျပန္ေျပာျပျဖစ္သည္။

အဲ့လိုနဲ႔ ျပန္ေရာက္ၿပီးၿပီးခ်င္း အိမ္တြင္းေအာင္းေနတာ ေက်ာင္းတက္ရမယ့္ ရက္ပင္ ေရာက္လာေလသည္။ ၾကားထဲလဲ အကို Chanyeolနဲ႔ အဆက္အသြယ္ မလုပ္ျဖစ္ပါ။

'ေမေမ .. သားသြားၿပီ'

မနက္စာ စားၿပီး ေမေမကို ႏႈတ္ဆက္ကာ ေက်ာင္းသို႔ ကားေမာင္း ထြက္လာလိုက္သည္။

'Baekhyun ..'

ေက်ာင္းေရာက္ေရာက္ခ်င္းမွာပဲ Junက ႏႈတ္ဆက္ေလသည္။

'ငါအကို Xingကို လက္ေဆာင္ေပးခ်င္တယ္'

Junကသူ႔ကို ဆိုလာသည္။

'ေပးေလ'

Baekhyun ေပါ့ေပါ့ပါးပါး ျပန္ေျဖလိုက္သည္။

'မေပးရဲဘူး ျဖစ္ေနတာ'

Junက မ်က္ႏွာငယ္ေလးနဲ႔ ဆိုလာသည္။

'ေနဦး Jun .. အခု မင္းရွက္ေနတာလား'

တစ္ခါမွ မျမင္ဖူးတဲ့ Junရဲ႕ မ်က္ႏွာထားကို Baekhyun ဖုန္းထုတ္ကာ ျမန္ျမန္ မွတ္တမ္း တင္လိုက္သည္။

'ေတာ္စမ္းပါ.. Baekhyunရာ'

'ကဲ .. ေပးခ်င္တာဆို သြားေပးေပါ့ကြ'

Baekhyun ထပ္ေျပာလိုက္ေတာ့ Junက သူ႔ကို ရြန္းလဲ့လဲ့ မ်က္လံုးေတြနဲ႔ ၾကည့္လာသည္

'ေတာ္ ..ေတာ္ ..Jun .. ငါမလိုက္ဘူးေနာ္'

မ်က္လံုးရဲ႕ ေနာက္ကြယ္က အေျဖကို သိေနေတာ့ Baekhyun တန္းျငင္းလိုက္သည္။

'Hyunneကလဲကြာ .. လိုက္ခဲ့ပါ .. မင္းလဲ အကို Chanyeolကို လက္ေဆာင္ေပးခ်င္ေနတာ မဟုတ္ဘူးလား'

'မဟုတ္ပါဘူး'

Baekhyun တိကနဲ ျငင္းလိုက္ေတာ့ Ju က မႈန္ကုပ္ကုပ္ ၾကည့္လာေလသည္။

'Singaporeမွာ အတူလည္ခဲ့တာေလကြာ .. အဲ့တာကို လက္ေဆာင္သြားေပးရင္ အပိုေတြ ျဖစ္ေနမွာေပါ့'

Baekhyun ထပ္ေျပာလိုက္ေလသည္။

'လုပ္ပါ Baekhyunရာ .. လုပ္ပါ လိုက္ခဲ့ပါ .. မင္းလဲ အကို Chanyeolကို ေတြ႕ရတာေပါ့လို႔'

'Baekhyun မင္းမလိုက္ဘူးဆို ငါမင္းနဲ႔ အကိုChanyeol နမ္းတဲ့ပံုကို forumမွာ တင္မွာေနာ္'

Junက သူ႔ကို ဓာတ္ပံုနဲ႔ ၿခိမ္းေျခာက္ လာတာေၾကာင့္ မတတ္သာစြာ လိုက္ခဲ့ရေတာ့သည္။ ယုန္လံုးစုတ္ 🐰🔫🔫⛏🔨🔨🗡✂️

~~~~~

ေန႔လည္ ေက်ာင္းဆင္းခ်ိန္ ျဖစ္တာေၾကာင့္ ေဆးရံုCanteenမွာ လူေတြနဲ႔ ရႈပ္ယွက္ခက္ေနသည္။

Junေၾကာင့္ လံုး၀ မလာဘူးလို႔ ဆံုးျဖတ္ထားတဲ့ ေဆးရံု Canteenကို ေရာက္လာရသည္။ အခုထိ အကိုYixingတို႔ အကို Chanyeol တို႔ကို မျမင္ရေသးပါ။

'ငါေတာ့ စားၿပီ Junေရ'

ဖင္တႂကြႂကြနဲ႔ ျဖစ္ေနတဲ့ Junကို Baekhyun မ်က္စိေနာက္လာ၍ ထမင္းသာ ငံု႔စားေနလိုက္သည္။

'ထမင္းလာစားၾကလား'

ထိုအခ်ိန္မွပဲ တရုတ္သံ ခပ္၀ဲ၀ဲနဲ႔ အတူ သူတို႔ ခံုေရွ႕ လာထိုင္ေလသည္။ အကို Yixing ျဖစ္ေလသည္။ Baekhyunလဲ အကိုChanyeol ပါေလမလား ေတြးၿပီး ထမင္းစားရာက ေမာ့ၾကည့္မယ္အလုပ္ သူ႔ေရွ႕မွာ ဂ်ဴတီကုတ္နဲ႔ လူတစ္ေယာက္ လာထိုင္ေလသည္။ ထိုသူကေတာ့ ႏွစ္ေယာက္ မရွိတဲ့ Baekhyunရဲ႕ crushႀကီးပင္။

မေတြ႕ရတာ ၾကာလို႔လား ရုတ္တရက္ ျမင္လိုက္လို႔လား မသိ ရုတ္တရက္ ဟင္းရည္ သီးမတတ္ ျဖစ္သြားေလသည္။
အဲ့ခ်ိန္မွာပဲ Baekhyun ေရွ႕ ေရတစ္ခြက္ေရာက္လာသည္။

'ျဖည္းျဖည္းစား '

အကိုChanyeolက သူ႔ကို ၾကည့္ကာဆိုေလသည္။

'အကိုက မစားဘူးလား'

Baekhyunေမးလုိက္သည္။

'Baekhyun စားတာ ၾကည့္ရင္း မစားေတာ့ဘူးလားလို႔'

အကို႔ရဲ႕ အေျဖေၾကာင့္ Baekhyun ဆြံ႕အသြားေလသည္။ ပန္းကန္ကို ရုတ္တရက္ ငံု႔ၾကည့္လိုက္မိသည္။

* သူစားတာ ရြံစရာ ေကာင္းေနလို႔ မ်ားလား ~•○•~ *

Baekhyun ေတြးလိုက္မိၿပီး ပန္းကန္ကို သူ႔လက္နဲ႔ ကာထား လိုက္သည္။

'ဟား .. ဟား.. '

ပန္းကန္ကို သူ႔ဘက္ကို ဆြဲသြားၿပီး လက္နဲ႔ ကြယ္ထားတဲ့ ေကာင္ေလးကို ၾကည့္ရင္း Chanyeol မထိန္းႏိုင္ပဲ ရယ္လိုက္မိသည္။

'ကိုယ္လုမစားပါဘူးကြယ္ .. အဲ့တာေၾကာင့္ ကြယ္ထားစရာ မလိုဘူးေလေနာ္'

Chanyeol ထပ္စလိုက္ေတာ့ ေကာင္ေလးက သူ႔ကို မဝ့ံမရဲ ၾကည့္လာသည္။

'အကို ရြံတယ္ ထင္လို႔'

ခနၾကာေတာ့ စကားသံ တိုးတုိးေလး ထြက္လာသည္။

Chanyeol အခုတေလာ ေတာ္ေတာ္ႀကီး သတိထားမိေနတာ Baekhyunက အရင္ကနဲ႔ကို မတူတာ။ အရင္ကဆို ရယ္လိုက္ သူ႔ကို စလိုက္နဲ႔ လုပ္ေနတာ အခုေတာ့ ျငိမ္ေနတာ ေတာ္ေတာ္ေလးကို ၾကာေနၿပီ။ ေသခ်ာေတြးၾကည့္ရင္ သူ႔ကို ဖြင့္ေျပာၿပီး ေနာက္ေန႔ကတည္းက။

သူ႔ေရွ႕မွာ တျမံဳ႕ျမံဳ႕ စားေနတဲ့ ေကာင္ေလးရဲ႕ နီရဲရဲ ႏႈတ္ခမ္းသား ပါးပါးေလးေတြကို ၾကည့္ရင္း Chanyeol တံေတြးေတြ ခနခန ၿမိဳခ်ေနမိသည္။ ေဘးနားက Yixing နဲ႔ JunMyeonကေတာ့ သူ႔တို႔ ၂ေယာက္တည္း ေအးေဆး စကား ေျပာေနတာ သူနဲ႔ Baekhyunကို ရွိတယ္လို႔ပင္ မထင္။

'Baekhyun'

ေရွ႕က ဝါးေနတဲ့ ေကာင္ေလးကို Chanyeol ေခၚလိုက္ေတာ့ သူ႔ကို ၾကည့္လာသည္။

'ဟုတ္ကဲ့'

ေကာင္ေလးက သူ႔ကို ျပန္ထူးလာသည္။

'ကိုယ္ .. '

Chanyeolရဲ႕ အၾကည့္ေတြဟာ သူ႔ကို ေသခ်ာၾကည့္ေနတဲ့ မ်က္လံုးေတြထက္ ႏႈတ္ခမ္းသား ေပၚတြင္သာ အာရံု ေရာက္ေနမိသည္။

'အဲ့တာ .. စားေကာင္းလား'

အၾကည့္လဲႊလို႔ရေအာင္ ပါးစပ္ထဲ ရွိရာ ေမးခ်လိုက္မိသည္။

'ေကာင္းတယ္ အကို .. ျမည္းၾကည့္ပါ့လား'

ေျပာလဲေျပာ သူ႔ပါးစပ္နားကို ၀က္သားဖတ္ေလး ေရာက္လာေလသည္။
Chanyeol စားလိုက္သည္။

'ဘယ္လိုလဲ အကို .. ေကာင္းလား'

ရြန္းလဲ့လဲ့ မ်က္၀န္းေတြက သူ႔အေျဖကို ေစာင့္ေနသေယာင္ ~~

'အြန္း .. ေတာ္ေတာ္ အရသာ ရွိတာပဲ'

Chanyeol ေျဖလိုက္ေတာ့ Baekhyun မ်က္ႏွာေလး ျပံဳးသြားေလသည္။

'ဒါနဲ႔ ဘာလို႔ canteenမွာ လာမစားေတာ့တာလဲ'

Chanyeol သိခ်င္စိတ္ေၾကာင့္ ေမးလိုက္ေတာ့ သူေရွ႕က ေကာင္ေလးက ေခါင္းငံု႔သြားကာ ေအာက္ ႏႈတ္ခမ္းေလးကို ဖိကိုက္ထားေလသည္။ Chanyeol တစ္ေယာက္ Baekhyunရဲ႕ အခုလို ပံုေလးကို အခုမွ ျမင္ဖူးတာေၾကာင့္ ထိုအသည္းယားစရာ အျပဳအမူေလးကို ေသခ်ာ စိုက္ၾကည့္ေနမိသည္။

'အဲ့တာ ~'

Baekhyun ဆီမွ အသံတိုးတုိုးေလး ထြက္လာသည္

'အဲ့တာ .. အကို႔ကို ေတြ႕ရမွာ ေၾကာက္လို႔'

ေခါင္းငံု႔လ်က္ပင္ ေျဖလာသည္။

'ဟမ္ .. ကိုယ့္ကို ဘာျဖစ္လို႔လဲ'

Chanyeol အံ့ဩစြာ ထပ္ေမးလိုက္မိသည္။

'အကို႔ကို ရုတ္တရက္ႀကီး ဖြင့္ေျပာလိုက္မိသြားတာေၾကာင့္ ေတြ႕ရမွာ  မ်က္ႏွာပူလို႔ပါ'

'ဒါဆို .. အခုေရာ'

Chanyeol ထပ္ေမးလိုက္ေတာ့ Baekhyun ေခါင္းငံု႔ေနရာက သူ႔ကို ျပန္ၾကည့္လာသည္။

'အခုလဲ အကို႔ကို ျမင္ရင္ မ်က္ႏွာပူေနတုန္းပဲ .. ဒါေပမယ့္ ..အရင္ကေလာက္ေတာ့ မဟုတ္ေတာ့ပါဘူး'

Baekhyun အေျဖကို ၾကားေတာ့ Chanyeol မ်က္ေမွာင္ ျကံဳ႕မိသြားသည္။

'အဲ့တာဆို အရင္ကေလာက္ မႀကိဳက္ေတာ့ဘူးေပါ့'

သူ႔အေမးကိုၾကားေတာ့ Baekhyun မ်က္ခံုးေလး ေကာ့တက္သြားေလသည္။
ဒါေပမယ့္ ဘာမွ ထပ္မေျပာလာ။

Chanyeol စိတ္တိုလာတာလား တစ္ခုခုကို မေက်မနပ္ ျဖစ္သြားတာလား မသဲကြဲ .. ဒါေပမယ့္ သူ႔ေရွ႕က ေကာင္ေလးကိုေတာ့ တစ္ခုခု လုပ္ခ်င္မိေနတာ အမွန္။

*က်စ္*

ဘာမွမေျဖတဲ့ ေကာင္ေလးေၾကာင့္ Chanyeol အားမလို အားမရ စုတ္တစ္ခ်က္ သက္လိုက္မိသည္။

'ကိုယ့္ကို ခ်စ္ေသးလားBaekhyun'

သူ႔ေမးခြန္းကို ၾကားေတာ့ Baekhyun မ်က္၀န္းတို႔ ျပဴးက်ယ္ လာေလသည္။

အကိုChanyeol သူ႔ကို ဘာလို႔ အဲ့လို ေမးလာလဲ Baekhyun မေတြးတတ္ေတ့ာေပ။ ေတာ္ေတာ္လဲ အ့ံဩသြားသလို ဘယ္လုိေျဖရမလဲ စဥ္းစားေနမိသည္။ ဒါေပမယ့္ ဒီလို ေမးလာမယ္လို႔ေတာ့ Baekhyun ေတြးေတာင္ မေတြးဖူးတာအမွန္။

အကို႔ကို ၾကည့္ေတာ့လဲ သူ႔အေျဖကို ေစာင့္သလို မ်က္ႏွာက serious ျဖစ္ပံု ေပၚေနသည္။ အကို႔ကို ေသခ်ာ ၾကည့္လိုက္ၿပီး Baekhyun ေခါင္းညိမ့္ျပလိုက္ေတာ့သည္။

'အဲ့တာဆို ေနာက္ေန႔ ဒီမွာပဲ အျမဲလာစား .. Baekhyun'

ေျပာၿပီး ခ်က္ခ်င္းပင္ ထထြက္သြားေလသည္။ အကို Xing ေခၚေနတာလဲ ဂရုမစိုက္ပဲ လွည့္ထြက္ သြားေလသည္။

* အခု .. သူနဲ႔ အကိုနဲ႔က ဘယ္လို အေျခအေနမ်ိဳးလဲ *

Baekhyun နားမလည္ႏိုင္စြာ လွည့္ထြက္သြားတဲ့ အျဖဴေရာင္ ေက်ာျပင္ကို ေငးၾကည့္လိုက္မိသည္။

××××××××××××××××××××××××

အစကေတာ့ မနက္ျဖန္ ညမွပဲ ဒိတ္မယ္လုပ္ေနတာ .. ခုနက စာဖတ္သူေလး တစ္ေယာက္က ေမွ်ာ္ေနတာဆိုၿပီး လာေရးေတာ့ တအားေတြကို ေပ်ာ္သြားၿပီး သူေျပာေျပာခ်င္းပဲ ထိုင္ေရးလိုက္တာ .. ေစာင့္ေနေပးတာ ေက်းဇူးတင္ပါတယ္လို႔ 😘

Hey!! I keep my promise naw😒😚

စာဖတ္ေပးတဲ့ သူေတြေရာ RLလွလွေလးေတြထဲ ထည့္ေပးတဲ့ သူေတြေရာကို ေက်းဇူးတင္ပါတယ္လို႔ 😻😚😚😚

Unicode

'သွားမယ်'

အကို့မျက်၀န်းတွေကို နားမလည်စွာ မော့ကြည့်မိတော့ ဘာမှမဖြေပဲ သူ့လက်ကို အတင်း ဆွဲခေါ်သွားတာကြောင့် Baekhyun မနည်းမှီအောင် လိုက်လာလိုက်ရသည်။

'Baekhyunရေ .. မင်းဘယ်ကို သွားနေတာလဲကွာ ..ငါရယ် အကို Jiwoo ရယ် မင်းကို မတွေ့လို့ လိုက်ရှာနေတာ .. ပျောက်နေတယ် ထင်နေတာ'

Junက နဖူးက ချွေးကို လက်မနဲ့ ဖိသုတ်လျက် ဆိုလာသည်။

'Baekhyun အဆင်ပြေရဲ့လား'

အကိုJiWooကလဲ သူ့ကို စိတ်ပူနေဟန် မေးလာသည်

'အဆင်ပြေတယ်အကို .. ကျွန်တော် Junကို ပြောခဲ့တယ် သူမကြားတာ နေမှာ ..
တောင်းပန်ပါတယ် ကျွန်တော့်ကြောင့် သက်သက်မဲ့ '

'မဟုတ်တာ Baekhyunကလဲ'

အကို Jiwooက သူတောင်းပန်စကားဆိုတော့ တားလေသည်။

'တခြားနေရာ သွားကြမယ်လေ .. နေ့လည်တောင် ရောက်နေပြီ'

အကို Chanyeolရဲ့ ဖြတ်ပြောလာတဲ့ စကားအဆုံး သူတို့အားလုံး ထိုနေရာမှ ထွက်ခွာပြီး Merlion ဆီသို့ ဦးတည်လိုက်ကြသည်။

နေ့လည်စာစားပြီး အချိန် အနည်းငယ် အနားယူပြီး ညနေလောက်ကျတော့ Merlion ဘက်ကို ထွက်လာခဲ့လိုက်သည်။

'လှလိုက်တာ .. ညနေဘက်ရောက်လို့လားမသိ .. နေ၀င်ချိန် ဆည်းဆာရောင်သန်းနေတော့ တအားကို ဆွဲဆာင်မှုရှိတယ်'

Junရဲ့ စကားကို Baekhyun လဲ ထောက်ခံဖြစ်သည်။ Singaporeဟာ မြို့တော်သေးသေးလေး ဆိုပေမယ့် စိတ်၀င်စားစရာ ဆွဲဆောင်မှုရှိတဲ့ နေရာတွေ အများကြီးရှိသည်။ ထိုအားလုံးထဲ S'poreရဲ့ အထင်ကရ အဖြစ်ဆုံးကတော့ ဒီ Merlion ရုပ်ထုပင် ဖြစ်သည်။ ခြငေ်္သ့ခေါင်းနဲ့ ငါးကိုယ်လုံးကို ထုလုပ်ထားတာက အံ့ဩဖွယ်ရာ အနုပညာ လက်ရာ ဖြစ်သည်။

'မိုက်တယ်မလား Baekhyun'

Baekhyun တအံ့တဩ ကြည့်နေချိန်မှာပင် သူ့နားကို အကို JiWoo ရောက်လာလေသည်။

'ကိုယ့်ကို ဓာတ်ပုံ တစ်ပုံလောက် ရိုက်ပေးပါ့လား Baekhyun .. ရလား'

'ရတာပေါ့ .. အကို '

အကို JiWooကို တောင်းဆိုတာကြောင့်  Baekhyun ချက်ချင်း ရိုက်ပေးလိုက်သည်။

'Chanyeol .. ဒီလာလေ .. အတူတူရိုက်ရအောင်'

အကို JiWooက အကို့ကို အတင်း ဆွဲခေါ်တာကြောင့် အကိုက သူ့ရှေ့ကို လာရပ်လေသည်။

'ရိုက်ပြီနော် .. 1 2 3'

အကို JiWooက အကို Chanyeolကို ဖက်လိုက် စလိုက်နဲ့ အမူအရာ ပေါင်းစုံ လုပ်နေလေသည်။ အကို JiWooက အတင်းစနေတာကြောင့် နောက်ဆုံးတော့ အကို Chanyeol ပြုံးလာလေသည်။ Baekhyun ကင်မရာ ခလုတ်ကို မနားတမ်း ထပ်တလဲလဲ နှိပ်လိုက်မိသည်။

'Baekhyun ရပြီလား'

အကိုJiWooက လှမ်းမေးလာလေသည်။

Baekhyun ခုနက ပုံတွေကို ပြန်ကြည့်လိုက်တော့ Wt*!!!! အကို Chanyeolဘက် အခြမ်းတွေကြီးပဲ .. အကို JiWoo ပုံဆိုလို့ အကို့ကို ဖက်ထားတဲ့ သူ့ရဲ့ လက်တွေပဲပါသည်။ 😷

'မရသေးဘူး .. မရသေးဘူးအကို .. ခုနက ကျွန်တော် lensကို အပြည့် မဖွင့်ထားမိဘူး ..  အဲ့တာကြောင့် ပုံတွေက သိပ်မမြင်ရဘူး'

Baekhyun လိမ်ပြောလို်က်သည်။ အကိုChanyeolကတော့ သူ့ကို ကြည့်နေလေသည်။

'အဲ့ဒါဆိုလဲ ထပ်ရိုက်မယ်လေ'

အခုကျတော့ အကိုChanyeolက ဘေးဘက်ကို ထွက်သွားပြီ ဖြစ်သည်။

'ရပြီလား Baekhyun'

အခုမှပဲ အကိုJiWoo တစ်ယောက်ထဲ ပုံတွေ ပြတ်ပြတ်သားသား ပေါ်လာတော့သည်။

'ကျွန်တော် ညကျ ပို့ပေးလိုက်မယ်လေ'

'ရတယ် မပို့နဲ့ Baekhyun .. ကိုယ်ကျောင်းကို လာယူမယ် '

အကို JiWoo စကားတွေကြောင့် Baekhyunတောင် ကြောင်တောင်တောင် ဖြစ်သွားရသည်။ ကျောင်းဖွင့်ဖို့ ၃ပတ်တောင် လိုသေးတာကို။ ဒါပေမယ့် ဘာလို့ ဆိုတဲ့ အကြောင်းပြချက်ကို မမေးတော့ပဲ ခေါင်းသာ ညိမ့်ပြလိုက်သည်။

>>>>>>>>>>>>>>>>>

အဲ့လိုနဲ့ S'pore ကို အကိုတို့နဲ လည်ဖြစ်တာ လေးငါးရက်ပင် ရှိလေပြီ။ အကို Chanyeolကလဲ သူ့ကို ပြန်လည် စကားပြောလာပြီ ဖြစ်သည်။ အစက သိပ်မပြောပေမယ့် အခုတော့ စိတ်မဆိုးတော့ဘူး ထင်ပါသည်။

အဲ့တာကြောင့် Baekhyun သိချင်တာ ... အပြင်မှာ တစ်ယောက်နဲ့ တစ်ယောက် မတော်တဆ နမ်းမိသွားခဲ့ရင် သူနဲ့ အကိုလိုပဲ စိမ်းသွားတာလား ..  ဒါမှမဟုတ် ဇာတ်လမ်းတွေ ထဲကလိုပဲ အချင်းချင်း စိတ်၀င်စားသွားမှာလား စတဲ့ မေးခွန်းတွေဟာ အခုတလော Baekhyun သိချင်နေသော မေးခွန်းများပင် ဖြစ်သည်။

Baekhyun တို့တွေ လည်တဲ့ အတောတွင်း S'poreရဲ့ နေရာ အစုံကို ရောက်ဖြစ်ကြသည်။

S'poreရဲ့ National Gallery

ArtScience - Museum

ပြီးတော့ S'poreရဲ့ Botanic Gardenထဲ က အမျိုးအစား စုံလင်လှတဲ့ ပန်းတွေကိုလဲ ၀င်ကြည့်ဖြစ်သေးသည်။

နောက်နေ့ကျ S'poreရဲ့ Zooကို သွားဖြစ်သည်။အဲ့မှာ ရှိတဲ့ ဆင်တွေ မျောက်တွေကို အစာကျွေး ဖြစ်ခဲ့ကြသည်။

ညနေရောက်တော့ ပျော်စရာအကောင်းနဲ့ ရင်ဖိုစရာကောင်းတဲ့ Marina Bay နားမှာရှိတဲ့ နာမည်ကြီး အထင်ကရ ချားရဟတ်ကြီးကို လေးယောက်သား စီးရင်း ငယ်သံပါအောင်လဲ အော်ဟစ်ခဲ့ရသေးသည်။

ပြီးတော့ Singaporeရဲ့ နာမည်ကြီး Aquarium ငါးပြတိုက်ကိုလဲ သွားခဲ့ကြသေးသည်။

မပြန်ခင် နောက်ဆုံးရက်မှာ သူတို့ နာမည်ကြီး Orchid streetကို သွားပြီး S'pore အမှတ်တရ ပစ္စည်းတွေ ၀ယ်လာဖြစ်ကြသည်။

နေ့လည်ကျ Sentosa Beachမှာ ရေကစား လိုက်ကြသေးသည်။

နောက်ဆုံးနေ့မှာ ကြည်နူးစရာလေး တစ်ခုလဲ ရှိသည်။ အဲ့တာက Singapore တစ်မြို့လုံးရဲ့ ညရှုခင်းကို ကြည့့်ခြင်းပင်။ Shutter Stockကို လေးယောက် သီးသန့် ငှားကြပြီး တစ်မြို့လုံးကို အမှတ်တရ ပတ်ကြည့် ဖြစ်ခဲ့ကြသည်။

ထိုမမေ့နိုင်စရာ အမှတ်တရထဲတွင် အကို Chanyeolလဲ တစ်ခု အပါအ၀င် ဖြစ်ခဲ့သည်။

>>>>>>>>>>>>>>>>>>>>

နှစ်ပတ် ခရီးစဉ် အပြီးတွင် နောက်ဆုံး Koreaကို ပြန်ရောက်ခဲ့လေသည်။
သူနဲ့အကို့ရဲ့ ကိစ္စကလွဲ Singaporeမှှာ တွေ့ကြုံ ခဲ့ရတာတွေကို အမ Miheeကို တစ်ခုချင်း ပြန်ပြောပြဖြစ်သည်။

အဲ့လိုနဲ့ ပြန်ရောက်ပြီးပြီးချင်း အိမ်တွင်းအောင်းနေတာ ကျောင်းတက်ရမယ့် ရက်ပင် ရောက်လာလေသည်။ ကြားထဲလဲ အကို Chanyeolနဲ့ အဆက်အသွယ် မလုပ်ဖြစ်ပါ။

'မေမေ .. သားသွားပြီ'

မနက်စာ စားပြီး မေမေကို နှုတ်ဆက်ကာ ကျောင်းသို့ ကားမောင်း ထွက်လာလိုက်သည်။

'Baekhyun ..'

ကျောင်းရောက်ရောက်ချင်းမှာပဲ Junက နှုတ်ဆက်လေသည်။

'ငါအကို Xingကို လက်ဆောင်ပေးချင်တယ်'

Junကသူ့ကို ဆိုလာသည်။

'ပေးလေ'

Baekhyun ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

'မပေးရဲဘူး ဖြစ်နေတာ'

Junက မျက်နှာငယ်လေးနဲ့ ဆိုလာသည်။

'နေဦး Jun .. အခု မင်းရှက်နေတာလား'

တစ်ခါမှ မမြင်ဖူးတဲ့ Junရဲ့ မျက်နှာထားကို Baekhyun ဖုန်းထုတ်ကာ မြန်မြန် မှတ်တမ်း တင်လိုက်သည်။

'တော်စမ်းပါ.. Baekhyunရာ'

'ကဲ .. ပေးချင်တာဆို သွားပေးပေါ့ကွ'

Baekhyun ထပ်ပြောလိုက်တော့ Junက သူ့ကို ရွန်းလဲ့လဲ့ မျက်လုံးတွေနဲ့ ကြည့်လာသည်

'တော် ..တော် ..Jun .. ငါမလိုက်ဘူးနော်'

မျက်လုံးရဲ့ နောက်ကွယ်က အဖြေကို သိနေတော့ Baekhyun တန်းငြင်းလိုက်သည်။

'Hyunneကလဲကွာ .. လိုက်ခဲ့ပါ .. မင်းလဲ အကို Chanyeolကို လက်ဆောင်ပေးချင်နေတာ မဟုတ်ဘူးလား'

'မဟုတ်ပါဘူး'

Baekhyun တိကနဲ ငြင်းလိုက်တော့ Ju က မှုန်ကုပ်ကုပ် ကြည့်လာလေသည်။

'Singaporeမှာ အတူလည်ခဲ့တာလေကွာ .. အဲ့တာကို လက်ဆောင်သွားပေးရင် အပိုတွေ ဖြစ်နေမှာပေါ့'

Baekhyun ထပ်ပြောလိုက်လေသည်။

'လုပ်ပါ Baekhyunရာ .. လုပ်ပါ လိုက်ခဲ့ပါ .. မင်းလဲ အကို Chanyeolကို တွေ့ရတာပေါ့လို့'

'Baekhyun မင်းမလိုက်ဘူးဆို ငါမင်းနဲ့ အကိုChanyeol နမ်းတဲ့ပုံကို forumမှာ တင်မှာနော်'

Junက သူ့ကို ဓာတ်ပုံနဲ့ ခြိမ်းခြောက် လာတာကြောင့် မတတ်သာစွာ လိုက်ခဲ့ရတော့သည်။ ယုန်လုံးစုတ် 🐰🔫🔫⛏🔨🔨🗡✂️

~~~~~

နေ့လည် ကျောင်းဆင်းချိန် ဖြစ်တာကြောင့် ဆေးရုံCanteenမှာ လူတွေနဲ့ ရှုပ်ယှက်ခက်နေသည်။

Junကြောင့် လုံး၀ မလာဘူးလို့ ဆုံးဖြတ်ထားတဲ့ ဆေးရုံ Canteenကို ရောက်လာရသည်။ အခုထိ အကိုYixingတို့ အကို Chanyeol တို့ကို မမြင်ရသေးပါ။

'ငါတော့ စားပြီ Junရေ'

ဖင်တကြွကြွနဲ့ ဖြစ်နေတဲ့ Junကို Baekhyun မျက်စိနောက်လာ၍ ထမင်းသာ ငုံ့စားနေလိုက်သည်။

'ထမင်းလာစားကြလား'

ထိုအချိန်မှပဲ တရုတ်သံ ခပ်၀ဲ၀ဲနဲ့ အတူ သူတို့ ခုံရှေ့ လာထိုင်လေသည်။ အကို Yixing ဖြစ်လေသည်။ Baekhyunလဲ အကိုChanyeol ပါလေမလား တွေးပြီး ထမင်းစားရာက မော့ကြည့်မယ်အလုပ် သူ့ရှေ့မှာ ဂျူတီကုတ်နဲ့ လူတစ်ယောက် လာထိုင်လေသည်။ ထိုသူကတော့ နှစ်ယောက် မရှိတဲ့ Baekhyunရဲ့ crushကြီးပင်။

မတွေ့ရတာ ကြာလို့လား ရုတ်တရက် မြင်လိုက်လို့လား မသိ ရုတ်တရက် ဟင်းရည် သီးမတတ် ဖြစ်သွားလေသည်။
အဲ့ချိန်မှာပဲ Baekhyun ရှေ့ ရေတစ်ခွက်ရောက်လာသည်။

'ဖြည်းဖြည်းစား '

အကိုChanyeolက သူ့ကို ကြည့်ကာဆိုလေသည်။

'အကိုက မစားဘူးလား'

Baekhyunမေးလိုက်သည်။

'Baekhyun စားတာ ကြည့်ရင်း မစားတော့ဘူးလားလို့'

အကို့ရဲ့ အဖြေကြောင့် Baekhyun ဆွံ့အသွားလေသည်။ ပန်းကန်ကို ရုတ်တရက် ငုံ့ကြည့်လိုက်မိသည်။

* သူစားတာ ရွံစရာ ကောင်းနေလို့ များလား ~•○•~ *

Baekhyun တွေးလိုက်မိပြီး ပန်းကန်ကို သူ့လက်နဲ့ ကာထား လိုက်သည်။

'ဟား .. ဟား.. '

ပန်းကန်ကို သူ့ဘက်ကို ဆွဲသွားပြီး လက်နဲ့ ကွယ်ထားတဲ့ ကောင်လေးကို ကြည့်ရင်း Chanyeol မထိန်းနိုင်ပဲ ရယ်လိုက်မိသည်။

'ကိုယ်လုမစားပါဘူးကွယ် .. အဲ့တာကြောင့် ကွယ်ထားစရာ မလိုဘူးလေနော်'

Chanyeol ထပ်စလိုက်တော့ ကောင်လေးက သူ့ကို မဝ့ံမရဲ ကြည့်လာသည်။

'အကို ရွံတယ် ထင်လို့'

ခနကြာတော့ စကားသံ တိုးတိုးလေး ထွက်လာသည်။

Chanyeol အခုတလော တော်တော်ကြီး သတိထားမိနေတာ Baekhyunက အရင်ကနဲ့ကို မတူတာ။ အရင်ကဆို ရယ်လိုက် သူ့ကို စလိုက်နဲ့ လုပ်နေတာ အခုတော့ ငြိမ်နေတာ တော်တော်လေးကို ကြာနေပြီ။ သေချာတွေးကြည့်ရင် သူ့ကို ဖွင့်ပြောပြီး နောက်နေ့ကတည်းက။

သူ့ရှေ့မှာ တမြုံ့မြုံ့ စားနေတဲ့ ကောင်လေးရဲ့ နီရဲရဲ နှုတ်ခမ်းသား ပါးပါးလေးတွေကို ကြည့်ရင်း Chanyeol တံတွေးတွေ ခနခန မြိုချနေမိသည်။ ဘေးနားက Yixing နဲ့ JunMyeonကတော့ သူ့တို့ ၂ယောက်တည်း အေးဆေး စကား ပြောနေတာ သူနဲ့ Baekhyunကို ရှိတယ်လို့ပင် မထင်။

'Baekhyun'

ရှေ့က ဝါးနေတဲ့ ကောင်လေးကို Chanyeol ခေါ်လိုက်တော့ သူ့ကို ကြည့်လာသည်။

'ဟုတ်ကဲ့'

ကောင်လေးက သူ့ကို ပြန်ထူးလာသည်။

'ကိုယ် .. '

Chanyeolရဲ့ အကြည့်တွေဟာ သူ့ကို သေချာကြည့်နေတဲ့ မျက်လုံးတွေထက် နှုတ်ခမ်းသား ပေါ်တွင်သာ အာရုံ ရောက်နေမိသည်။

'အဲ့တာ .. စားကောင်းလား'

အကြည့်လွဲှလို့ရအောင် ပါးစပ်ထဲ ရှိရာ မေးချလိုက်မိသည်။

'ကောင်းတယ် အကို .. မြည်းကြည့်ပါ့လား'

ပြောလဲပြော သူ့ပါးစပ်နားကို ၀က်သားဖတ်လေး ရောက်လာလေသည်။
Chanyeol စားလိုက်သည်။

'ဘယ်လိုလဲ အကို .. ကောင်းလား'

ရွန်းလဲ့လဲ့ မျက်၀န်းတွေက သူ့အဖြေကို စောင့်နေသယောင် ~~

'အွန်း .. တော်တော် အရသာ ရှိတာပဲ'

Chanyeol ဖြေလိုက်တော့ Baekhyun မျက်နှာလေး ပြုံးသွားလေသည်။

'ဒါနဲ့ ဘာလို့ canteenမှာ လာမစားတော့တာလဲ'

Chanyeol သိချင်စိတ်ကြောင့် မေးလိုက်တော့ သူရှေ့က ကောင်လေးက ခေါင်းငုံ့သွားကာ အောက် နှုတ်ခမ်းလေးကို ဖိကိုက်ထားလေသည်။ Chanyeol တစ်ယောက် Baekhyunရဲ့ အခုလို ပုံလေးကို အခုမှ မြင်ဖူးတာကြောင့် ထိုအသည်းယားစရာ အပြုအမူလေးကို သေချာ စိုက်ကြည့်နေမိသည်။

'အဲ့တာ ~'

Baekhyun ဆီမှ အသံတိုးတိုးလေး ထွက်လာသည်

'အဲ့တာ .. အကို့ကို တွေ့ရမှာ ကြောက်လို့'

ခေါင်းငုံ့လျက်ပင် ဖြေလာသည်။

'ဟမ် .. ကိုယ့်ကို ဘာဖြစ်လို့လဲ'

Chanyeol အံ့ဩစွာ ထပ်မေးလိုက်မိသည်။

'အကို့ကို ရုတ်တရက်ကြီး ဖွင့်ပြောလိုက်မိသွားတာကြောင့် တွေ့ရမှာ  မျက်နှာပူလို့ပါ'

'ဒါဆို .. အခုရော'

Chanyeol ထပ်မေးလိုက်တော့ Baekhyun ခေါင်းငုံ့နေရာက သူ့ကို ပြန်ကြည့်လာသည်။

'အခုလဲ အကို့ကို မြင်ရင် မျက်နှာပူနေတုန်းပဲ .. ဒါပေမယ့် ..အရင်ကလောက်တော့ မဟုတ်တော့ပါဘူး'

Baekhyun အဖြေကို ကြားတော့ Chanyeol မျက်မှောင် ကြုံ့မိသွားသည်။

'အဲ့တာဆို အရင်ကလောက် မကြိုက်တော့ဘူးပေါ့'

သူ့အမေးကိုကြားတော့ Baekhyun မျက်ခုံးလေး ကော့တက်သွားလေသည်။
ဒါပေမယ့် ဘာမှ ထပ်မပြောလာ။

Chanyeol စိတ်တိုလာတာလား တစ်ခုခုကို မကျေမနပ် ဖြစ်သွားတာလား မသဲကွဲ .. ဒါပေမယ့် သူ့ရှေ့က ကောင်လေးကိုတော့ တစ်ခုခု လုပ်ချင်မိနေတာ အမှန်။

*ကျစ်*

ဘာမှမဖြေတဲ့ ကောင်လေးကြောင့် Chanyeol အားမလို အားမရ စုတ်တစ်ချက် သက်လိုက်မိသည်။

'ကိုယ့်ကို ချစ်သေးလားBaekhyun'

သူ့မေးခွန်းကို ကြားတော့ Baekhyun မျက်၀န်းတို့ ပြူးကျယ် လာလေသည်။

အကိုChanyeol သူ့ကို ဘာလို့ အဲ့လို မေးလာလဲ Baekhyun မတွေးတတ်တေ့ာပေ။ တော်တော်လဲ အ့ံဩသွားသလို ဘယ်လိုဖြေရမလဲ စဉ်းစားနေမိသည်။ ဒါပေမယ့် ဒီလို မေးလာမယ်လို့တော့ Baekhyun တွေးတောင် မတွေးဖူးတာအမှန်။

အကို့ကို ကြည့်တော့လဲ သူ့အဖြေကို စောင့်သလို မျက်နှာက serious ဖြစ်ပုံ ပေါ်နေသည်။ အကို့ကို သေချာ ကြည့်လိုက်ပြီး Baekhyun ခေါင်းညိမ့်ပြလိုက်တော့သည်။

'အဲ့တာဆို နောက်နေ့ ဒီမှာပဲ အမြဲလာစား .. Baekhyun'

ပြောပြီး ချက်ချင်းပင် ထထွက်သွားလေသည်။ အကို Xing ခေါ်နေတာလဲ ဂရုမစိုက်ပဲ လှည့်ထွက် သွားလေသည်။

* အခု .. သူနဲ့ အကိုနဲ့က ဘယ်လို အခြေအနေမျိုးလဲ *

Baekhyun နားမလည်နိုင်စွာ လှည့်ထွက်သွားတဲ့ အဖြူရောင် ကျောပြင်ကို ငေးကြည့်လိုက်မိသည်။

××××××××××××××××××××××××

အစကတော့ မနက်ဖြန် ညမှပဲ ဒိတ်မယ်လုပ်နေတာ .. ခုနက စာဖတ်သူလေး တစ်ယောက်က မျှော်နေတာဆိုပြီး လာရေးတော့ တအားတွေကို ပျော်သွားပြီး သူပြောပြောချင်းပဲ ထိုင်ရေးလိုက်တာ .. စောင့်နေပေးတာ ကျေးဇူးတင်ပါတယ်လို့ 😘

Hey!! I keep my promise naw😒😚

စာဖတ်ပေးတဲ့ သူတွေရော RLလှလှလေးတွေထဲ ထည့်ပေးတဲ့ သူတွေရောကို ကျေးဇူးတင်ပါတယ်လို့ 😻😚😚😚

Continue Reading

You'll Also Like

1.3M 53.2K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1.1M 19.3K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
1M 39.4K 92
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...