HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

368K 24.3K 899

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း (၁၅)- ဝန်ခံချက်

7.3K 496 3
By Futawa

အခန်း (၁၅) - ဝန်ခံချက်

Unicode

[သူ့အခန်းဖော်လေးဖျားနေတယ်]

သူဆေးခန်းရှေ့ရောက်တဲ့အခိုက် ကျောက်ရုပ်တမျှရပ်နေတဲ့ ဟန်လင်းထက်ရဲ့မျက်ဝန်းတွေနဲ့တည့်တည့်တိုးလိမ့်မယ်လို့
သူလုံးဝမမျှော်လင့်ထားခဲ့ပေ။

အခုချိန်မှာ ထိုကောင်လေးရဲ့မျက်ဝန်းတွေထဲ၌ အေးစက်မှုတို့နဲ့အတူမီးပွားမျှင်မျှင်လေးတွေကတောက်လောင်နေခဲ့ပြီး သူ့ကိုတွေ့တိုင်းအမြဲလိုလိုပြုံးပြနေတတ်တဲ့ထိုကောင်လေးရဲ့နှုတ်ခမ်းတွေဟာဆိုရင်မျဥ်းဖြောင့်သဏ္ဍာန်အတိစေ့ပိတ်ထားကာ အပြုံးရိပ်တို့ကအမှောင်ထုထဲမှာကင်းမဲ့ပျောက်ဆုံးနေချေသည်။

မင်းစက်ဘက်မှစ၍တောင့်ခဲစွာအရင်ပြုံးပြလိုက်ကာ လေစိမ်းတွေတိုက်နေတဲ့ထိုအခြေအနေကြီးကိုဖြိုခွင်းလိုက်လေ၏။

"အလင်း ဘယ်တုန်းကရောက်နေတာလဲ"ဟု ပေါ့ပေါ့ပါးပါးနဲ့သူမေးလိုက်တော့ ဟန်လင်းထက်ကသူ့ဆီလျှောက်လှမ်းလာရင်းအက်ကွဲသံတို့နဲ့ဆိုလာသည်။

"မကြာသေးဘူး"

"aww …ဒါနဲ့ နေလင်းတို့ကော"

"ကျနော့်ကိုအပ်ပြီးပြန်သွားကြပြီ"

"ဟုတ်လား"

ဟန်လင်းထက် သူ့အနားကိုရောက်လာတော့ဘာကြောင့်မှန်းမသိ လေထုကရုတ်တရက်ကြီးအေးစိမ့်လာသလိုပင်။

သူ့ရဲ့နှလုံးသားကထိုအေးစက်မှုကြောင့်သိမ့်ခနဲတုန်ယင်သွားရပြီး မင်းစက်ကဟန်လင်းထက်ရဲ့နီရဲနေတဲ့မျက်ဝန်းတွေကိုမကြည့်ရဲဘဲခေါင်းငုံ့ချလိုက်ရင်းပြောလိုက်သည်။

"ဒါဆို အကိုတို့လည်းပြန်ကြရအောင်လေ"

ဟန်လင်းထက်က ခေါင်းငြိမ့်ကာသာပြန်ဖြေလာပြီးသူ့မျက်ဝန်းတွေကမင်းစက်ကိုသာတစ်ချိန်လုံးစိုက်ကြည့်နေခဲ့သည်မှာသူ့မျက်စိရှေ့ကလူကမကြာခင်အချိန်အတွင်းရှာမတွေ့နိုင်အောင်ပျောက်ကွယ်သွားတော့မည့်အလား အလွန်တရာမှနင့်နဲနက်ရှိုင်းစွာဖြင့်။

မင်းစက်ကဆေးခန်းထဲကိုပြန်ဝင်သွားလိုက်ပြီး ခုံတန်းလျားလေးပေါ်မှာတင်ထားခဲ့တဲ့ ကျောပိုးအိတ်အနက်ရောင်လေးကို ကြိုးတစ်ဖက်ကနေဆွဲကိုင်လိုက်ကာ လွယ်မည်အပြု ဟန်လင်းထက်ကလေပြေညှင်းလေးတွေကဲ့သို့တိုးညှင်းစွာရောက်ချလာခဲ့ကာ သူ့လက်ထဲကကျောပိုးအိတ်နဲ့ထီးကို ချက်ချင်းပင်ဆွဲယူသွားလေသည်။
ပြီးတော့ သူ့ကိုအေးစက်စွာတစ်ချက်ကြည့်လာပြီးနောက် ဘာစကားမှမဆိုဘဲဆေးခန်းထဲကနေလှည့်ထွက်သွားတော့လေ၏။

မင်းစက်လည်းခုန်ပေါ်ကနေပြုတ်ကျထားတဲ့ဒဏ်ကြောင့် ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့သူ့ရဲ့ခြေထောက်တွေဆီကနာကျင်မှုတို့ကိုတောင် ဂရုမစိုက်အားပဲ ခြေထောက်တွေကိုအတတ်နိုင်ဆုံးခပ်သွက်သွက်လှမ်းလိုက်ပြီး ထွက်သွားပြီဖြစ်တဲ့ဟန်လင်းထက်နောက်ကိုအမှီလိုက်သွားရတော့သည်။

ညနေခင်းနေကယွင်းနေပြီမို့ တိမ်စိုင်တိမ်လိပ်တို့ကလိမ္မော်နီရောင်သန်းနေပြီးငှက်ကလေးများတောင်နေဝင်အိပ်တန်းတက်လို့နေလေပြီ။ဆည်းဆာလေညှင်းလေးက တိတ်ဆိတ်နေတဲ့ သူတို့နှစ်ယောက်ကြား ပွတ်ကာသီကာနဲ့တိုက်ခတ်လာခဲ့ကြကာ Decemberလလယ်ရောက်ပြီဆိုတော့ အရိုးခိုက်အောင်အေးစိမ့်တဲ့ဆောင်းလေအေးတို့ကတစ်ချက်တစ်ချက်မြောပါလာလျက်။

တစ်စုံတစ်ယောက်ရဲ့ဖြောင့်တန်းသောနောက်ကျောဘက်အနေအထားကလည်း တိုက်ခတ်လာတဲ့ဆောင်းလေအေးတို့ထက်ပင် အဆပေါင်းများစွာအေးစက်နေတဲ့အငွေ့အသက်တို့ကို သူ့အားပေးစွမ်းလို့နေသည်။

အဆောင်ပြန်လမ်းတွင် မင်းစက်ကလည်းစကားစပြောခြင်းမရှိသလို ဟန်လင်းထက်ဘက်မှလည်း တစ်ခွန်းတစ်လေမျှထွက်ဟလာခြင်းမရှိ။ပတ်ဝန်းကျင်အနေအထားကတိတ်ဆိတ်ငြိမ်သက်လျက်သားအသံဗလံတို့ကင်းမဲ့နေခဲ့သည်။

သစ်ရွက်ကြားလေးတွေဆီဖြတ်သန်းတိုက်ခတ်သွားတဲ့ သစ်ရွက်အချင်းချင်းပွတ်တိုက်သံတရှဲရှဲမှအပ အဆောင်ပြန်လာတဲ့ကွန်ကရစ်လမ်းတစ်လျှောက်လုံး တစ်စုံတစ်ရာမှ အသံပြုခြင်းမရှိခဲ့ပေ။

ထို့နောက်နာကျင်မှုကြောင့်ထွက်ကျလာတဲ့ငြီးငြူသံတစ်သံကအသံတုံးမြင့်မြင့်နဲ့ တိတ်ဆိတ်နေတဲ့လေထုအလယ်ဖောက်ထွက်လာခဲ့ပေသည်။

"အာ့!!"

မင်းစက်တစ်ယောက် သူ့နှဖူးကိုသူ ပြန်စမ်းရင်းအော်ငြီးလိုက်လေသည်။

သူခေါင်းငုံ့ကာလမ်းလျှောက်နေရင်းနဲ့ခြေလှမ်းတွေကိုရုတ်တရက်ရပ်ပစ်လိုက်တဲ့ကျောက်စိုင်ကဲ့သို့မာကြောလှသော
ထိုကောင်လေးရဲ့ကျောပြင်တစ်နေရာဆီစိတ်လွတ်လက်လွတ်နဲ့ဝင်ဆောင့်မိသွားခြင်းပင်။

"နာသွားလား"

ဟန်လင်းထက်က ကျောခိုင်းလျက်အနေအထားနှင့် တင်းကြပ်အက်ကွဲစွာမေးလာခဲ့တဲ့အချိန် သူ့အသံတို့ကတော့ အေးစက်မြဲအေးခဲနေလျက်။

"ဟမ်… မနာပါဘူး"

'ဘာကိစ္စနာရမှာလဲ။ လူတစ်ယောက်ရဲ့ကျောပြင်ကိုဝင်တိုက်မိတာလောက်နဲ့တော့ သူ မသေသွားနိုင်ပါဘူး။'

"ဒါပေမယ့် ကိုစက်သိလား ကျနော့်ရင်တွေနာနေတယ်"

ဟန်လင်းထက်ဆက်ပြောလာတဲ့စကားကိုကြားတော့မင်းစက်ကပါးစပ်အဟောင်းသားလေးနဲ့သူ၏ရှေ့ကကောင်လေးကိုကြည့်လိုက်ပြီး သူတွေးမိလိုက်လေ၏။

'ဒီကလေးကော ငါ့လိုပဲခုံပေါ်ကပြုတ်ကျပြီး လက်မထိဘဲ ရင်ဘက်ထိသွားလို့များလား ရင်နာနေတယ်ဆိုတော့လေ'

ထို့ကြောင့်မင်းစက်လည်းသူ့မျက်စိရှေ့ကကောင်လေးအားကပြာကယာလှမ်းမေးလိုက်သည်။

"အလင်း မင်းကော ခုံပေါ်ကပြုတ်ကျလို့လား"

"ကိုစက်က ခုံပေါ်ကပြုတ်ကျတာလား"

"အင်းလေ တော်သေးတယ် အကို့ရဲ့ရွှေဉာဏ်တော်လေး မထိသွားဘဲ ညာလက်ပဲထိသွားလို့"

မင်းစက်ကတော့ ရယ်ကျဲကျဲအသံလေးနဲ့ဟာသလုပ်ပြောလိုက်ပေမယ့်
သူတွေးထားတဲ့အတိုင်းဟန်လင်းထက်ဆီကနေ ရယ်သံတို့မထွက်ကျလာခဲ့ပဲ လေးပင်နေတဲ့ဝင်သက်ထွက်သက်အသံတွေသည်သာထွက်ပေါ်လာခဲ့ရသည်။

ဟန်လင်းထက်ကအရှေ့သို့ဆက်လျှောက်နေရင်းကနေရပ်လိုက်ကာ ခေါင်းကိုစောင်းငဲ့လိုက်၍မင်းစက်ကိုမျက်ဝန်းထောင့်ကနေကြည့်လိုက်ရင်းအမိန့်ပေးသံပေါက်တဲ့လေသံနဲ့အတူသတိပေးလာခဲ့သည်။

"အဲ့အနောက်နားကနေ ကျနော့်ဘေးဘက်ဆီလာဖို့ဆန္ဒရှိသေးလား"

"…"

မင်းစက်ကနှုတ်ဆိတ်နေပြီးဘာမှမဖြေလာတော့ဟန်လင်းထက်ရဲ့အသံတွေကပိုပြီးမာထန်လာသည်။

"ကျနော်ကျောခိုင်းထားချင်တဲ့လူတွေထဲမှာ ကိုစက်မပါဘူး!"

"…"

မင်းစက်တစ်ယောက် ထုံးစံအတိုင်းပင်ကြက်သီးများစီတန်းထလာလျက်
ဟန်လင်းထက်ဘေးသို့အမြန်သွားလိုက်တော့လေသည်။

ဒီနေ့ဟန်လင်းထက်ရဲ့စိတ် အခြေအနေကလုံးဝကောင်းမနေဘူးဆိုတာကို သူ့ရဲ့ကိုယ်စောင့်နတ်ကတောင် အတိအကျသိနေပေသည်။

နှစ်ယောက်သားဘေးချင်းယှဉ်လျက်လျှောက်လှမ်းနေရင်းကနေ တစ်ခါတစ်ခါပခုံးချင်းတို့တွန်းတိုက်မိသွားရပေမယ့်တိတ်ဆိတ်ငြိမ်သက်စွာနှင့်ပင်အဆောင်ဆီသို့ပြန်ရောက်လာခဲ့ကြသည်။

အခန်းတံခါးရှေ့ရောက်တော့ ဟန်လင်းထက်ကပဲ သော့ခလောက်လေးကိုဖွင့်လိုက်ပြီးနောက် အခန်းထဲဝင်ကာမီးအရင်ဖွင့်လိုက်သည်။ဒုတိယအနေနဲ့ဆက်လုပ်လာတဲ့အရာကတော့ သူ့လက်ထဲကမင်းစက်ရဲ့ကျောပိုးအိတ်လေးကို စားပွဲပေါ်တွင်တင်လိုက်ခြင်းဖြစ်ပြီး ထီးကိုတော့ နံရံရှိသံကောက်တစ်ခုပေါ်တွင်ချိတ်ထားလိုက်သည်။

အရာအားလုံးဟာ အရင်နေ့ရက်တွေတုန်းကအချိန်တွေလိုပဲ တူညီသလိုလိုတော့ရှိပေမယ့်် တစ်စုံတစ်ယောက်ရဲ့ရေခဲရိုက်မျက်နှာကြီးကိုမြင်ပြီးတဲ့နောက်မှာတော့ မင်းစက်တစ်ယောက်အိမ်မက်ထဲကနေချက်ချင်းနိုးသွားတော့လေသည်။

မင်းစက်က ဟန်လင်းထက်ရဲ့လှုပ်ရှားမှုမှန်သမျှကိုလိုက်ကြည့််နေရင်း သူ့ခုတင်ပေါ်တွင် မလှုပ်မယှက်နှင့်ငုတ်တုတ်လေးထိုင်နေသည်မှာ အမှားလုပ်ထားလို့အမေဆူမှာကြောက်နေတဲ့ ကလေးလေးတစ်ယောက်ကဲ့သို့ပင်။

"ဆရာဝန်က ဘာမှာလိုက်သေးလဲ"

ထိုအခါမင်းစက်က ခပ်မြန်မြန်ပြန်ဖြေလာတာကြောင့်လည်ချောင်းထဲမှာတံတွေးတောင်သီးသွားရလေ၏။

"လက်က နှစ်ပတ်လောက် မလှုပ်ရှားရဘူး
ပြီးတော့ ပတ်တီးကိုလည်းရေမစိုရဘူးတဲ့"

"အဲ့ဒါပဲလား"

"အင်း"

မနက်ကခုတင်ပေါ်မှာဖြစ်သလိုတင်ထားခဲ့တဲ့အဝတ်အစားတွေကိုဟန်လင်းထက်ကခေါက်နေရင်းမေးမြန်းလာပြီးနောက် မင်းစက်ပြန်ဖြေလာတဲ့အချက်၂ချက်ကိုသူ့ရဲ့ခေါင်းထဲမှာစွဲမြဲစွာမှတ်သားထားလိုက်ပြီဖြစ်သည်။

'နေစမ်းပါဦး ဘာကိစ္စငါကအမှားလုပ်ထားတဲ့တရားခံလိုမျိုးခံစားနေရတာလဲ။
နဲနဲလေးတော့လွဲနေပြီထင်တယ်နော် '

မင်းစက်မှာကြောင်တောင်တောင်နဲ့ဟန်လင်းထက်နောက်ကျောကိုဇဝေဇဝါဖြစ်စွာကြည့်နေရင်းတွေးမိလိုက်ပြန်လေ၏။

"ကိုစက် ရေချိုးမှာလား"

"အင်း ချိုးမှာပေါ့"

'ဟုတ်သား ငါကလက်တစ်ဖက်တည်းနဲ့ဘယ်လိုလုပ်ချိုးရပါ့ ပြီးတော့ ပတ်တီးကလည်းရေစိုလို့ရတာမဟုတ်ဘူး'

"ဒါဆို သွားမယ်လေ ဒီ့ထက်ပိုနောက်ကျရင် ရေကပိုအေးသွားလိမ့်မယ်"

"အလင်း အကိုက လက်တစ်ဖက်တည်းနဲ့ချိုးလို့မရဘူးထင်တယ်ရော"

"သိတယ် အဲ့ဒါကြောင့်ကိုစက်ကို ကျနော်ကိုယ်တိုင်ရေပတ်တိုက်ပေးမလို့လေ"

မင်းစက်ရဲ့ဦးနှောက်ထဲတွင် အဆဲစကားလုံးတစ်ခုက တပြိုက်နက်တည်းပင် အပြည့်အနှက်နေရာယူသွားလေသည်။

'F**k!!!!!!!!'

ထို့နောက်မင်းစက်တစ်ယောက် ဟန်လင်းထက်ရဲ့ဆွဲခေါ်လာမှုကြောင့်တွန့်ဆုတ်တွန့်ဆုတ်နဲ့ရေချိုးဆောင်ဘက်သို့ရောက်လာခဲ့ရသည်။
သူ့ရဲ့ပတ်တီးစည်းထားတဲ့လက်တစ်ဖက်ကကြွပ်ကြွပ်အိတ်နဲ့အစွပ်ခံထားရတာကြောင့်ပေါကြောင်ကြောင်နိုင်နေကာ ရေချိုးဆောင်ထဲရောက်တာနဲ့မင်းစက်ရဲ့ခေါင်းထဲမှာ ခြောက်ခြားမှုအစုစုက သူ့အားအမျှပေးဝေနေလျက်ရှိသည်။

ကျောင်းရဲ့ရေချိုးဆောင်က အခန်းတွေကန့်ထားပြီး ရေပန်းများကိုလည်းထိုအခန်းများထဲတွင်စနစ်တကျစီစဥ်ပေးထားသဖြင့်
အဆင့်မြင့်ပြီး သန့်ရှင်းသပ်ရပ်သည်။
သူတို့ရောက်သွားတဲ့အချိန်ကတခြားလူတွေထမင်းစားဆောင်ဘက်ကိုရောက်နေကြပြီဖြစ်တာမို့ ရေချိုးဆောင်၌လူရှင်းနေသည်။

ဟန်လင်းထက်ကရေချိုးဆောင်ထဲကိုတစ်ချက်ဝှေ့ကြည့််လိုက်ပြီးနောက် မင်းစက်ဘက်လှည့်ကာပြောလာခဲ့သည်။
သူ့ရဲ့မျက်နှာအမူအရာကအမှန်တကယ်ကိုရေပက်တိုက်ပေးဖို့ဆုံးဖြတ်ထားတဲ့ပုံပင်။

"ကိုစက် အင်္ကျိီချွတ်လေ"

"ဟမ်!"

"ကျနော် ချွတ်ပေးရမလား ဘယ်ဘက်လက်ကပါနာနေလို့လား"

"ရ…ရတယ် အကို့ဘာသာပဲ ချွတ်လိုက်ပါ့မယ်"

မင်းစက်လည်း ကပြာကယာနဲ့ဆိုလိုက်ကာ
ဟန်လင်းထက်ကို ကျောခိုင်းလိုက်လျက် ရှပ်အဖြူပေါ်က ကြယ်သီးဖြူဖြူလေးများအား မသန်သောဘယ်ဘက်လက်ဖြင့် မြန်မြန်ဆန်ဆန်ဖြုတ်နေရင်းကနေ သူ့ရဲ့စိတ်ထဲမှာအလျင်လို၍ပြာယာခတ်နေပေ၏။

'အရေးထဲဒီသောက်ကြယ်သီးတွေက ဘာလို့လာမြဲနေလဲမသိ'

သူထိုသို့ဗျာများနေတဲ့အချိန်မှာပင် သူ့ရဲ့ကျောပြင်ကိုတစ်စုံတစ်ယောက်က အားနဲ့ဆွဲလှည့်လိုက်ကာ ဟန်လင်းထက်ရဲ့ချောမောလှသောမျက်နှာသေနဲ့မျက်နှာချင်းဆိုင်လိုက်ရလေသည်။

'WTH!!!'

ဟန်လင်းထက်က မင်းစက်ရဲ့လက်ကျန်ကြယ်သီးလေးများအား စိတ်ရှည်လက်ရှည်နှင့်ဖြုတ်ပေးနေသည်မှာ မသိလျှင်အကိုကြီးတစ်ယောက်က အင်မတန်မှနုံချာလှပါတဲ့ညီလေးတစ်ယောက်ကို ဂရုစိုက်ပေးနေသည့်အလား။

ထိုအခိုက် မင်းစက်တစ်ယောက်သူ့ရဲ့မျက်လုံးတွေကိုဘယ်နားထားရမှန်းမသိတာကြောင့် သူ့ရှေ့တည့်တည့်မှာရပ်နေတဲ့ကောင်လေးရဲ့အရှေ့ဘက် Viewတွင်သာ
မျက်လုံးတွေကိုကျောက်ချထားလိုက်တော့သည်။

ထိုစဥ်ဟန်လင်းထက်က ရှပ်အဖြူကို ဝမ်းဗိုက်သားပေါ်တဲ့အထိလှစ်ဟာထားကာဖြူဖွေးကျစ်လစ်တဲ့ဗိုက်သားလေးက Sixpackရေးရေးထင်းနေပြီး အပေါ်၌အင်္ကျိီထပ်ဝတ်ထား၍မသိသာသည့် ကျယ်ပြန့်မို့မောက်သောရင်အုပ်များက မင်းစက်အားလှောင်ထေ့နေခဲ့လေသည်။

'သောက်ကလေး ဆယ်တန်းဖြေပြီး သင်တန်းမတက်ဘဲ Gymတွေလှိမ့်ဆော့ထားတာဖြစ်မယ် မသာလေး six packတွေဘာတွေနဲ့ ငါတောင်Sixpackမပြောနဲ့ one pack တောင်မရှိဘူး ရှက်စရာကောင်းလိုက်တာကွာ'

မင်းစက်ကဂလုဆိုပြီးတံတွေးတစ်ချက်မြိုချလိုက်ပြီးနောက်ခေါင်းတည့်တည့်ကLEDမီးလုံးဆီသို့သာမော့ကြည့်နေလိုက်တော့သည်။

"ပြီးပြီ"

"အင်း ကျေးဇူးပဲ"

ဟန်လင်းထက်က အနည်းငယ်လှစ်ဟာသွားတဲ့ မင်းစက်ရဲ့အရှေ့ဘက်ခန္ဓာကိုယ်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သက်ပြင်းတိုးတိုးလေးချကာ ကျောခိုင်းသွားသည်။
မင်းစက်လည်း ရေပန်းရှိရာ အခန်းဆီသို့ဝင်မည်အပြု ဟန်လင်းထက်က မင်းစက်အားပြန်ဆွဲထားပြန်ပါသည်။

ဟန်လင်းထက်ကတကယ်ရေပက်တိုက်ပေးလာမှာကိုစိုးတဲ့မင်းစက်မှာ ကြောက်ရွံ့ထိတ်လန့်စွာနဲ့မျက်လုံးပြူးကာအော်မေးလိုက်လေ၏။

"ဘာဖြစ်လို့လဲ အလင်း!!!"

"အင်္ကျိီချွတ်ဦးလေ"

ဟန်လင်းထက်ရဲ့အသံတို့က လေးပင်၍ခြောက်ကပ်နေပေသည်။

"aww ဟုတ်သား"

မင်းစက်မှာမသန်မစွမ်းဖြစ်နေတဲ့သူ့ကိုယ်သူ စိတ်ထဲ၌မကျေမနပ်ဖြစ်ကာ တောက်တခေါက်ခေါက်ဖြင့်။

'ညာဘက်လက်ထိတာ သောက်ရမ်းတိုင်ပတ်တာပဲကွာ'

"ကိုစက် ဒီအတိုင်းငြိမ်ငြိမ်လေးပဲနေတော့ ကျနော်ချွတ်ပေးမယ်"

ဟန်လင်းထက်ကထိုသို့ဆိုလိုက်ကာ ဖြည်ညင်းငြင်သာစွာဖြင့် မင်းစက်ရဲ့ရှပ်အဖြူလေးကို ပခုံးပေါ်ကနေလျှောချလိုက်တဲ့အခါ မင်းစက်ရဲ့ နံ့သာဖြူရောင်ကျောပြင်မွတ်မွတ်လေးက သူ့မျက်စိရှေ့မှာအကာကွယ်မဲ့စွာအတိုင်းသားထွက်ပေါ်လာတာကြောင့် သူရဲ့မျက်လုံးတွေက နက်မှောင်သွားရသည်။

အရှေ့ဘက်ကိုလှည့်ထားရတဲ့မင်းစက်ရဲ့မျက်နှာတစ်ပြင်လုံးဟာဆိုရင် ဟန်လင်းထက်ရဲ့အသက်ရှူသံတွေကိုနားထောင်နေရင်းခရမ်းချဉ်သီးရောင်သို့ပြောင်းလဲသွားရပြီးကြက်သီးမထမိအောင် သူ့ကိုယ်သူအတတ်နိုင်ဆုံးထိန်းထားရလေသည်။

ဟန်လင်းထက်က သူ၏ခပ်လေးလေးအသက်ရှူသံတွေကိုတစ်စက္ကန့်အတွင်းပြန်ထိန်းလိုက်ကာ ထိုကျောပြင်လေးကိုသေသေချာချာကြည့်လိုက်ပြီးနောက် အောက်ဘက်သို့အရောက်တွင် တစ်ဖက်သို့အမြန်လှည့်ချလိုက်ပြီး ရေချိုးခန်းငယ်လေးဆီသို့ပြေးဝင်သွားတော့သည်။
ထို့နောက်တံခါးကိုပါအသံမြည်တဲ့အထိ Lockချပစ်လိုက်လေ၏။ 

မင်းစက်သည်လည်း ဘေးကပ်လျက်ကရေချိုးခန်းထဲသို့ချက်ချင်းပင်ပြေးဝင်လိုက်ပြီး တစ်ဖက်ခန်းကရေကျသံကိုကြားနေရတဲ့တစ်လျှောက်လုံးသူ့ရဲ့မျက်နှာက အပူလောင်ထားသကဲ့သို့ပူလောင်နေရကာ ရေပန်းကိုဖွင့်ပြီးရေအမြန်ချိုးဖို့ပြင်လိုက်သည်။

သို့သော်ကံမကောင်းချက်က ရေပန်းကနေရေစက်လေးတွေက တစ်စက်ချင်းစီ ပေါက်ခနဲ ပေါက်ခနဲစီးကျလာတာကိုကြည့်ရင်း မင်းစက်ခမျာငါးခူပြုံးပြုံးမိလိုက်တော့သည်။

'ငါ့ရဲ့ သိပ်လှတဲ့ကံကြမ္မာကြီးက သောက်ရမ်းDramaတွေဆန်တာပဲ ငါဝင်တဲ့အခန်းရဲ့ရေပန်းမှာမှ ရေပြတ်နေတယ်တဲ့လား'

မင်းစက်မှာစိတ်တိုရလွန်းလို့ရေပန်းဂေါက်ကြီးကိုကိုင်ပြီးလဲသေတော့မတတ်ပင်။

တစ်ဖက်ခန်းရဲ့ရေကျသံကရပ်သွားပြီးနောက် ဟန်လင်းထက်ရဲ့အက်ရှရှအသံကနံရံတွေထဲကနေဟိန်းထွက်လာခဲ့သည်။

"ကိုစက်အခန်းကရေမရဘူးလား အခုထိရေကျသံမကြားသေးလို့"

"ဟုတ်တယ် မရဘူး အလင်း"

"ကျနော့်အခန်းထဲမှာလည်းအခုရေမကျလာတော့လို့ ကျနော်တခြားအခန်းတွေဆီလိုက်စစ်ကြည့်လိုက်ဦးမယ် ကိုစက်ခန အပြင်ထွက်ခဲ့ဦး"

မင်းစက်လည်းဟန်လင်းထက်အပြောကိုသဘောတူလိုက်ကာ အခန်းရှေ့သို့အဝတ်အစားလေးတွေပိုက်ရင်းပြန်ထွက်လာလေသည်။

အပေါ်ပိုင်းခန္ဓာကိုယ်က ဗလာကျင်းဖြစ်နေတာကြောင့် စိတ်မလုံမလဲဖြစ်လာရပြီး
ညဘက်အပူချိန်ကျဆင်းလာမှုကြောင့်ကြက်သီးတဖြန်းဖြန်းထလာရကာ သူ၏အသက်ရှုနှုန်းတို့ကတောင် အတက်အကျ မမှန်တော့ပေ။

"ကိုစက် ဒီအခန်းရေရတယ်"

ဟန်လင်းထက်က အစွန်ဆုံးအခန်းရှေ့၌ရပ်နေ၍မင်းစက်အားလှမ်းပြောလာခဲ့သည်။ ကောင်လေးကအနက်ရောင်အတွင်းခံတစ်ထည်သာဝတ်ထားတာကြောင့်အပေါ်ပိုင်းတစ်ပြင်လုံးဗလာကျင်းနေကာ တောင့်တင်းသန်မာစွာထွက်ပေါ်နေတဲ့ခြေတံရှည်ရှည်တွေက အလွန်ဆွဲဆောင်မှုရှိလှသည်။

ရေစက်လေးတွေကလည်ပင်းညှပ်ရိုးကနေတဆင့် ကြွက်သားအမြောင်းလေးတွေကိုဖြတ်၍ ဘောင်းဘီထဲသို့စီးဝင်သွားသည်ကိုမြင်ပြီးမင်းစက်ရဲ့တစ်ကိုယ်လုံးမှာနီရဲတွတ်လာရတော့သည်။သို့သော်သူကအသားညိုတာကြောင့်သိပ်ပြီးမသိသာပေ။

"ကိုစက် အရင်ချိုးလိုက်လေ ကျနော်အပြင်မှာစောင့်နေမယ် ကိုစက်ပြီးမှပဲကျနော်ချိုးလိုက်မယ်"

အချိန်ကနောက်ကျနေပြီမို့ရေကပိုအေးလာသည်။ပြီးတော့ ထမင်းစားဆောင်ဘက်သို့လည်း ခြေဦးလှည့်ရဦးပေမည်။သေချာပါသည် နောက်ကျနေပြီဖြစ်တာကြောင့် အသားဟင်းလည်းအရိုးကိုက်ရတော့မည့်ဘဝပင်။

"အကို့ကိုစောင့်မနေပါနဲ့တော့ ရေကတစ်ခန်းထဲရတော့လည်း ဘာတတ်နိုင်မှာလဲ အတူတူချိုးကြတာပေါ့ ရေကနောက်ကျရင်ပိုအေးသွားလိမ့်မယ် အကိုတို့က ယောက်ျားချင်းပဲဟာ ဘာရှက်စရာရှိမှာလဲနော့်"

ထိုအခါ ဟန်လင်းထက်က ခန့်မှန်းမရသောအပြုံးတစ်ပွင့်ကိုလှစ်ခနဲပြုံးလိုက်ကာ
"ကျနော်ကတော့ ကိစ္စမရှိပါဘူး ကိုစက်ကကော" ဟုဆို၍ မင်းစက်အားအဓိပ္ပါယ်ပါပါစိုက်ကြည့်လာခဲ့သည်။

မင်းစက်ကရှက်စရာကောင်းတဲ့ကိစ္စတစ်ခုကိုလူမိသွားသလိုမျိုးခံစားလိုက်ရတာကြောင့် ချောင်းဟန့်လိုက်ကာ သူကမေးမော့လိုက်ရင်းဂရုမစိုက်သည့်ဟန်ဖြင့် ဆိုလိုက်လေသည်။

"အကိုက ပိုလို့တောင်ကိစ္စမရှိသေး"

"ကောင်းပြီလေ ကိုစက်ပြောတာနော်"

မင်းစက်ကအခန်းထဲသို့အရင်ဝင်သွားလိုက်ပြီး နောက်ဆုံး၌ ဟန်လင်းထက်လည်း လိုက်ဝင်သွားကာ အခန်းတံခါးကိုဘန်းခနဲမြည်အောင်ဆွဲပိတ်လိုက်ပါတော့သည်။

================================

မင်းခန့်ထည်က မင်းစက်ကို သတင်းမေးရန်အဆောင်ဆီသို့သွားခဲ့သော်လည်း အခန်းတံခါးပေါ်ရှိသော့ခလောက်ကသာ သူ့အားကြိုဆိုနေခဲ့သည်မို့ သူလာရာလမ်းဆီသို့ပြန်လျှောက်လာခဲ့ရလေသည်။

သူအခန်းဆီကိုပြန်ရောက်တော့ ခုတင်ပေါ်မှာအရင်တိုင်းပင် ပုဇွန်ထုပ်လေးကဲ့သို့ကွေးကွေးလေးအိပ်ပျော်နေသော ရှိုင်းဇေယံရဲ့ကျောပြင်လေးက သူ့မျက်လုံးများကို  အကြိမ်ကြိမ်အခါခါ ညှို့ငင်နေပေသည်။

မင်းခန့်ထည်လည်း အံဆွဲထဲမှ အနာကျက်ဆေးနှင့်ပက်တီးလိပ်လေးကို ယူထုတ်လိုက်ပြီး ရှိုင်းဇေယံရဲ့ခုတင်ထောင့်နားလေး၌ ခပ်ဖွဖွထိုင်ချလျက် ရှိုင်းရဲ့ခြေထောက်လေးအားမလိုက်ရင်း ဂရုတစိုက် ဆေးထည့်ပေးနေလေသည်။

အိပ်ပျော်နေတဲ့လူသားလေးက တစ်ချက်တစ်ချက်တော့ကိုယ်လေးလှုပ်လာခဲ့ပေမယ့် အလန့်တကြားနိုးလာခြင်းတော့မရှိပေ။ မင်းခန့်ထည်လည်းဆေးထည့်ပြီးသွားတော့ ခြေထောက်လေးကိုအသာလေးပင်ပြန်ချလိုက်ကာ ဖြေးဖြေးချင်းခုတင်နားမှထလိုက်တော့သည်။

"အင်း……………အင်း………ကျနော်တောင်းပန်ပါတယ်!!!! ကျနော့်ကိုနာကျင်အောင်မလုပ်ကြပါနဲ့တော့ ကျနော်နာလှပြီဗျ!!!"

ရှိုင်းရဲ့ ဝူးဝူးဝါးဝါးငိုသံများကိုကြားတဲ့အခါ မင်းခန့်ထည်လည်းပြာသွားရပြီး ရှိုင်းကိုလှုပ်နှိုးလိုက်တော့လေသည်။

"ညီ……ညီ……ရှိုင်းလေး"

မင်းခန့်ထည်ထိုသို့လှုပ်နှိုးလိုက်တော့
ကောင်လေးကပြန်ငြိမ်ကျသွားပြီး မျက်လုံးတွေကတော့ပွင့်မလာခဲ့ဘဲ မျက်တောင်လေးတွေသည်သာတဆတ်ဆတ်လှုပ်ခတ်လို့နေလျက်ထပ်ပြီးအိပ်ပျော်သွားပြန်လေသည်။

ပြီးတော့သူ့ရဲ့ကိုယ်လေးက နံရံဘက်သို့မျက်နှာမူထားရာကနေလှည့်လာတာကြောင့် မင်းခန့်ထည်နဲ့မျက်နှာချင်းဆိုင်အနေအထားသို့ရောက်လာခဲ့ရသည်။

မင်းခန့်ထည် ရှိုင်းရဲ့မျက်နှာလေးကိုသေချာကြည့်လိုက်တော့ ကောင်လေးရဲ့မျက်ဝန်းထောင့်နားလေးတွေမှာပုလဲစက်လေးများက စီတန်းလျက်ကြွေဆင်းကျနေသည်ကိုတွေ့လိုက်ရတာကြောင့် သူမနေနိုင်ဘဲ ထိုမျက်ရည်စက်လေးတွေကို လိုက်လံသုတ်သင်ပေးနေခဲ့သည်။

"ရှိုင်းလေးရာ အိမ်မက်ထဲမှာဘာတွေများဖြစ်နေလို့လဲကွာ"

ရှိုင်းရဲ့လက်လေးတစ်ဖက်ကို သူကိုင်ကြည့်လိုက်တော့ လက်ကလေးများက အနွေးဓာတ်လေးစိုးမိုးနေလေသည်။
ချွေးသီးချွေးပေါက်လေးတွေသီးနေတဲ့နှဖူးပြင်လေးကို သူ့ရဲ့လက်ဖျားလေးဖြင့်ငြင်သာစွာစမ်းကြည့်လိုက်ပြီးနောက် ရှိုင်းရဲ့နို့နှစ်ရောင်လည်တိုင်ံဖြူဖြူလေးကိုပါစမ်းကြည့်လိုက်တဲ့အခါသူ့မျက်နှာကပျက်ယွင်းသွားရတော့သည်။

"ညီ့ကိုယ်တွေပူနေတယ်"

မင်းခန့်ထည်လည်း ပုဝါတစ်ခုကိုအမြန်ယူလိုက်လျက် ရေသန့်ဘူးမှရေနဲ့ကမန်းကတမ်းဆွတ်လိုက်ပြီး ရှိုင်းဇေယံရဲ့နှဖူးလေးပေါ်သို့ပုဝါလေးကို အသာတင်ပေးထားလိုက်သည်။

တခြားပုဝါတစ်ခုကိုလည်းရေထပ်စွတ်လိုက်ပြီးနောက် ရှိုင်းရဲ့ခပ်နွေးနွေး လက်ဖဝါးလေးများကိုငြင်သာစွာသုတ်ပေးလာကာ  အနွေးဓာတ်တို့ခိုအောင်းနေတဲ့ရှိုင်းရဲ့လည်တိုင်လေးကိုလည်း ထိုပုဝါလေးကမချွင်းမချန်ထိကပ်သွားခဲ့လေသည်။

ပြီးတဲ့အခါ ကောင်လေးကို မရရအောင်လှုပ်နှိုးလိုက်ကာ အဖျားကျဆေးသောက်ခိုင်းလိုက်၏။
ရှိုင်းကမင်းခန့်ထည်သူ့အားဆေးတိုက်လာခဲ့တဲ့အချိန်မှာ တစ်ချက်နိုးလာပြီးနောက် အဖျားကြောင့်သူ့ရဲ့မျက်ဝန်းလေးများက ပြန်မှေးစင်းသွားပြန်လေသည်။

မင်းခန့်ထည် ရှိုင်းရဲ့ဖြူလွှလွှခြင်ထောင်လေးကိုချပေးလိုက်ပြီး သူကတော့ခုံတစ်လုံးကိုဆွဲကာ ထိုင်ချလိုက်ပြီးနောက် ခြေထောင်အပြင်ဘက်ကနေ နေမကောင်းဖြစ်နေတဲ့လူမမာလေးအားတစ်ချိန်လုံးစောင့်ကြည့်ပေးနေခဲ့သည်။

သစ်သားခုံလေးပေါ်မှာကျောမှီထိုင်လိုက်ရင်း  ရှိုင်းရဲ့ဖျော့တော့တော့ မျက်နှာလေးကို အချိန်တွေအကြာကြီးငေးစိုက်ကြည့်နေမိကာသူ့ရဲ့မျက်လုံးတွေထဲမှာထိုကောင်လေးရဲ့ပုံရိပ်တွေသည်သာရောင်ပြန်ထင်ဟပ်လို့နေလျက်။

မင်းခန့်ထည်လည်း အချိန်အတော်ကြာတဲ့အထိစောင့်ကြည့်နေရင်းမှ တစ်နေ့ကုန်ဟိုပြေးဒီပြေးနဲ့ပင်ပန်းထားတဲ့ညောင်းညာမှုတွေကို သူ့ရဲ့ခန္ဓာကိုယ်ကတောင့်မခံနိုင်တော့တာကြောင့်အနီးနားရှိစားပွဲခုံလေးပေါ်သို့ လက်တစ်ဖက်ကိုထောက်ကန်ထားလျက်နှင့်အိပ်ပျော်သွားတော့လေသည်။
လူကတော့ နိုးတစ်ဝက်မနိုးတစ်ဝက်ဖြင့်။

အိမ်မက်နယ်ပယ်ထဲရောက်သွားတဲ့အခါ သူ့ရဲ့အေးစက်စက်နှုတ်ခမ်းတစ်စုံအပေါ်နွေးအိအိနှုတ်ခမ်းလေးတစ်စုံကနူးညံ့သိမ်မွေ့စွာထိကပ်လာခဲ့တာကြောင့် စက္ကန့်ပိုင်းလေးမျှ ချိုမြိန်သွားရလေသည်။

တစ်စုံတစ်ယောက်ရဲ့ချစ်စဖွယ်ရယ်သံလွင်လွင်လေးက မင်းခန့်ထည်ရဲ့အကြားအာရုံထဲ၌ အိမ်မက်နဲ့လက်တွေ့မခွဲခြားနိုင်တော့တဲ့အထိ ယစ်မူးစွာနဲ့ပျံ့နှံ့နေလျက်။

လက်အေးအေးလေးတစ်စုံက သူ့ရဲ့ပါးပြင်ပေါ်ကို အလင်းမြန်နှုန်းနှင့် တခနဖြတ်ပြေးသွားတဲ့အခါ သူပြုံးမိသွားသည်။

ပြီးတော့ သူ့ရဲ့နားဖျားလေးပေါ်ကျရောက်လာတဲ့ပူနွေးနွေးအသက်ရှူသံလေးနဲ့အတူခပ်တိုးတိုးပြောပြနေတဲ့အသံလေးတစ်သံ။ စကားလုံးလေးတွေကိုသေချာစီကြည့်လိုက်မယ်ဆိုလျှင်ဖြင့်ထိုသို့အဓိပ္ပါယ်ရလေ၏။

"ကျနော် အကို့ကို ချစ်တယ်" ဟူ၍။

မင်းခန့်ထည် ဖြတ်ခနဲလန့်နိုးလာတော့ အချိန်မှာမနက်လေးနာရီလောက်ရှိနေလေပြီ။ရှိုင်းကတော့ ညတုန်းကအနေအထားအတိုင်းဘဲ
မပြောင်းမလဲအိပ်ပျော်နေခဲ့ကာ မင်းခန့်ထည်က ဖြူလွှလွှခြင်ထောင်လေးအား အနဲငယ်လှစ်ဟလိုက်ပြီး ကောင်လေးရဲ့နှဖူးလေးကိုစမ်းကြည့်လိုက်တော့ အပူကျသွားပြီဖြစ်သည်။

"ဟူး! တော်သေးတယ် အပူကျသွားလို့"

ရှိုင်းအပူကျသွားသော်လည်း မင်းခန့်ထည်တစ်ယောက်သူ့ခုတင်ပေါ်တွင်မလဲလျောင်းနိုင်သေးဘဲ သစ်သားခုံလေးပေါ်တွင်သာပြန်ထိုင်လိုက်ကာ မျက်ဝန်းများက ရှိုင်းရဲ့မျက်နှာလေးပေါ်တွင်သာ လေးနက်နင့်နဲစွာဖြင့်ငြိတွယ်လို့ထားလျက်။

ရှိုင်း ညတုန်းကလို ကြောက်လန့်တကြားနဲ့အော်ငိုနေမှာစိုးတာကြောင့် သူ့ရဲ့အိပ်စက်ခြင်းတို့ကို ထပ်မံလျစ်လျူရှုထားလိုက်ပြီးအကယ်၍ ရှိုင်းဇေယံသာ ထိုသို့ထပ်ဖြစ်လာမည်ဆိုလျှင်ကောင်လေးစိတ်အေးရအောင်
သူနွေးထွေးမှုအပြည့်နဲ့နှစ်သိမ့်ပေးဖို့အသင့်ဖြစ်နေအောင်ပင်။

မင်းခန့်ထည်ရဲ့နှုတ်ခမ်းထက်ရှိ အပြုံးပန်းလေးက မနက်အာရုဏ်ဦးရောင်ခြည်နှင့်အတူပွင့်လန်းနေလျက်ရှိသည်။

သူမက်ခဲ့တဲ့အိမ်မက်တစ်ခုကသူ့ရဲ့မှတ်ဥာဏ်တွေထဲမှာပြန်ပေါ်လာတဲ့အခါ သူ့၏နှုတ်ခမ်းသားတွေကို ထိကိုင်ကြည့်မိလိုက်သည်။

'ဒီအိမ်မက်လေးက အရမ်းလှလွန်းပြီးအရမ်းလည်းချိုမြိန်နေခဲ့ရပေမယ့်
အိမ်မက်တစ်ခုလို့မထင်မှတ်ရအောင်လက်တွေ့ဆန်လွန်းနေပြန်တယ်'

================================

မနက်၇နာရီထိုးတော့ အခန်းထဲမှာ Rockဂီတ ringtoneသံဟာ ကျယ်လောင်စူးရှစွာထမြည်လာလေသည်။

ခုံပေါ်မှာမှေးနေတဲ့မင်းခန့်ထည်ကကျိန်းစပ်စပ်မျက်လုံးတွေနဲ့အတူ စားပွဲပေါ်ကဖုန်းလေးကိုလှမ်းယူလိုက်ပြီး ဖုန်းကိုင်လိုက်ကာ ကျက်သရေရှိလှသောစကားလုံးလေးများဖြင့်မနက်ခင်းကိုစဖွင့်လိုက်လေ၏။

"ငလူးရေ ! မင်းဘာကိစ္စဒီအချိန်ကြီး ဖုန်းဆက်ရပြန်တာလဲ"

"ဘာ! ငလူးဟုတ်လား! မင်းသူငယ်ချင်းကြီးတစ်ယောက်လုံး လက်ကျိုးထားတယ်ဆိုတာသတိရသေးရဲ့လားကွ!!"

မင်းစက်ကဒေါနဲ့မောနဲ့အော်ပြောလာတာကြောင့်မင်းခန့်ထည်မှာနားအူသွားရပြီးဖုန်းကိုနားနဲ့နဲနဲခွာလိုက်ရလေသည်။

"မနေ့က ငါ နောက်ကျတဲ့အချိန်အထိမင်းအခန်းဆီကိုရောက်လာသေးတယ်ကွ
အဲ့အချိန်ထိပြန်မရောက်သေးရအောင် မင်းတို့၂ယောက်စလုံးကဘယ်ချုံသွားတိုးနေလဲမှမသိတာ"

ထိုစကားကြားတော့မှမင်းစက်ရဲ့ခပ်မာမာအသံတို့ကချက်ချင်းပျော့ခွေသွားကာချောင်းဟန့်လိုက်ရင်းဆိုသည်။

"မင်းလာသေးတယ်ပေါ့ဟုတ်လား မင်းကငါ့ကိုဂရုစိုက်သေးသားပဲ ဒီလိုဆိုတော့လည်းကျေနပ်ပေးရမှာပေါ့...ကျေနပ်ပေးရမှာပေါ့ .."

"မကျေနပ်ရင်လည်းလဲသေလိုက်လေ ခွေးရဲ့ ဖုန်းချလိုက်တော့ !"

"ဟေ့ရောင်နေစမ်းပါဦး ငါပြောချင်တာတောင်မပြောရသေးဘူးလေ
မင်းကဘာကိစ္စလောနေရပြန်တာတုန်း"

မင်းခန့်ထည်ကတောင့်နေတဲ့သူ့ရဲ့ဇက်ကြောတွေကိုအသံမြည်အောင်ချိုးချလိုက်ပြီးမျက်ရိုးကိုဖိကိုင်လိုက်ကာလေသံနိမ့်နိမ့်နဲ့ပြောပြလာသည်။

"ဒီမှာ ညီနေမကောင်းဘူး မနေ့ညက
ကိုယ်တွေပူနေပြီးတစ်ညလုံးအိပ်မပျော်ဘူးထင်တယ် မိုးလင်းမှငြိမ်ပြီးအိပ်ပျော်သွားတာ ငါတို့ဖုန်းပြောနေတဲ့အသံကြောင့် ညီနိုးသွားမှာစိုးလို့"

"မင်းဒီလိုသဲနေပုံမျိုးနဲ့တော့လား ဟိုမိန်းမသာသိသွားလို့ကတော့ ထပ်ပြီးအရူးထောင်ကိုပို့နေရဦးမယ်"

" ဖာ့ခ် ..မဆိုင်တာတွေမပြောစမ်းနဲ့"

အဆဲသံထပ်ကြားလိုက်ရတော့မင်းစက်ကတဟားဟားနဲ့လှောင်ရယ်ရယ်လာကာ လိုရင်းကိုဆက်ပြောလာတော့သည်။

"sorryပါကွာ ငါဒီနေ့ဌာနသွားနိုင်မှာမဟုတ်ဘူးလို့ မင်းကိုလှမ်းပြောတာ အဲ့တာပဲ"

မင်းခန့်ထည်က သိပြီဖြစ်ကြောင်းအသံပြုကာဖုန်းချလိုက်ပြီး ရှိုင်းဇေယံကိုတစ်ချက်ကြည့်လိုက်လေသော် ကောင်လေးက
ငြိမ်သက်စွာအိပ်ပျော်နေဆဲပင်။

ကောင်လေးကိုကြည့်နေရင်းနဲ့မင်းစက်ပြောလာတဲ့စကားတွေကို သူ့နားထဲမှာပြန်ကြားယောင်နေမိကာရှုပ်ထွေးလွန်းတဲ့အတွေးတစ်ပုံတစ်ပင်က သူ့ခေါင်းထဲမှာပြည့်နှက်လာခဲ့ရပြန်သည်။

'ငါ ညီ့အပေါ် အရမ်းများပိုလွန်းနေလား
ဒါကလည်း ညီ့ကိုငါကိုယ်တိုင်က ညီအရင်းတစ်ယောက်လိုတွယ်တာနေမိတာကိုး။
ဒါပေမယ့်ငါ့စိတ်ထဲမှာ ဘာလို့များ တစ်စုံတစ်ရာ မှားယွင်းနေတယ်လို့ခံစားမိနေတာပါလိမ့်'

မင်းစက်တစ်ယောက်မင်းခန့်ထည်နဲ့ဖုန်းပြောပြီး ခနကြာတော့ ဟန်လင်းထက်က လက်ဖက်ရည်ဆိုင်လေးထဲကိုပြန်ဝင်လာသည်။

မနက်ကတည်းက သူ့ကို အတင်းနှိုးပြီး အဆောင်ကအစားအစာတွေကိုငြီးငွေ့လို့ အရှေ့ကဆိုင်လေးမှာ တစ်ချက်လောက်သွားစားကြည့်မယ်ဆိုပြီး နားပူနားဆာတိုက်ဂျီကျနေတာကြောင့် သူ့ခမျာ မထစဖူးစောစောထလိုက်ရကာ မျက်နှာတောင်မသစ်အားဘဲ သွားကမမ်းကတန်းတိုက်ပြီး စုတ်စုတ်ပြတ်ပြတ်နဲ့ထွက်လာခဲ့ရသည်။

ပြီးတော့ ၂ယောက်သား ဆိုင်ထဲရောက်ပြီးကာမှ ပိုက်ဆံအိတ်ကျန်ခဲ့လို့ဆိုပြီး ထိုကောင်လေးက အဆောင်ကိုသွားပြန်ယူလေရဲ့။
တော်သေးတယ် သူမရှိတုန်း မင်းခန့်ဆိုတဲ့
မကောင်းတဲ့အကောင်ကို
ကောလိုက်ရလို့ အခုမှပဲ နေသာထိုင်သာရှိသွားတော့တယ်။

ဟန်လင်းထက်က မင်းစက်ဘေးကခုံလေး၌ ဝင်ထိုင်လိုက်ကာပြုံး၍မေးလာခဲ့သည်။

"ကိုစက် စောင့်ရတာကြာသွားပြီလား"

"မကြာပါဘူး"

"ကိုစက် ဘာစားမလဲ ကျနော်ဝယ်ကျွေးမယ်လေ"

"ရပါတယ် အကို ဒီအချိန်မဆာဘူး"

"ဒါဆို လက်ဖက်ရည်ဘဲမှာလိုက်မယ်နော်"

"Ok"

ဟန်လင်းထက်ကလက်ခုပ်၂ချက်တီးလိုက်တော့သူတို့စားပွဲနားသို့ စားပွဲထိုးကောင်လေးတစ်ယောက်ရောက်လာလေသည်။

"ချိုဆိမ့်တစ်ခွက် ကျစိမ့်တစ်ခွက် ချိုဆိမ့်က ပုံမှန်အချိုထက်နဲနဲချိုပေး"

စားပွဲထိုးကောင်လေးက Orderလက်ခံကာထွက်သွားပြီးနောက် မင်းစက်ကဟန်လင်းထက်ကိုသံသယမျက်ဝန်းတွေနဲ့ကြည့်လာကာ စကားအစ်လိုက်သည်။

"အလင်းက အကို့အကြိုက်တွေကိုသိပ်သိတာပဲနော် အချိုပိုထည့်ဖို့တောင်အကိုသီးသန့်မှာနေစရာမလိုဘူး
အကိုဒီလိုသောက်တတ်မှန်း ဘယ်လိုများသိနေတာပါလိမ့်"

သူ့ရှေ့ကဒီကောင်လေးဟာ အကိုသူငယ်ချင်းဖြစ်ခဲ့ဖူးတဲ့သူ့အပေါ်ကို ဘယ်လိုအကြံအစည်တွေနဲ့ချဉ်းကပ်နေတာလဲဆိုတာ ခန့်မှန်းချင်တာကြောင့်မေးလိုက်ခြင်းဖြစ်သည်။

အကယ်၍ ဒီကောင်လေးသာ သူ့အကိုအကြောင်းသူ့ရဲ့ပါးစပ်ကနေကိုယ်တိုင်ထုတ်ပြောလာခဲ့မယ်ဆိုရင်တော့ အဖြေဟာရှင်းပါတယ် သူ့အပေါ်ကို ဟန်လင်းထက်ကအကြံအစည်တစ်ခုနဲ့ချဉ်းကပ်ခဲ့ခြင်းမျိုးမဟုတ်ပေ။သို့သော် မာန်အကြောင်းကို သူဆက်ပြီးဖုံးကွယ်ထားခဲ့မယ်ဆိုရင်တော့ဖြင့် အဖြေကတစ်မျိုးတစ်မည်ကွဲသွားခဲ့လေပြီ။
ဟန်လင်းထက်က သူ့အနားကိုရောက်လာရတဲ့အကြောင်းရင်းမှာ ရိုးသားခြင်းတို့ရှိမနေခဲ့တာသေချာပေါက်ပင်။

'သေချာပါတယ် မင်းကို မာန်ပြောပြထားတာမှတ်လား ငါ့ကိုပွင့်ပွင့်လင်းလင်းပြောပြလိုက်စမ်းပါ ဟန်လင်းထက်ရာ  မင်းဖြေလာမယ့်အဖြေကငါ့အတွက်သိပ်အရေးကြီးတယ်ကွ'

မင်းစက်ရဲ့ထိုအမေးကိုအဖြူရောင်ကြွေခွက်လေးနှစ်ခွက်ထဲသို့ရေနွေးကြမ်းတချို့လောင်းငှဲ့နေပါတဲ့ ဟန်လင်းထက်က တည်ငြိမ်စွာသာပြန်ဖြေလာခဲ့သည်။

"ကျနော့်အရှေ့ကလူပဲပြောပြထားတာလေ"ဟူ၍။

"…..!"

ဟန်လင်းထက်ရဲ့အဖြေဟာ မင်းစက်အတွက်ယုံနိုင်ဖွယ်ရာနတ္ထိ။
မင်းစက်ခမျာဆွံ့အသွားရပြီး သူ့ကိုယ်သူလက်ညှိုးပြန်ထိုးပြကာ မျက်လုံးရွဲကြီးများနဲ့ရေရွတ်လိုက်တော့သည်။

"ငါက ပြောပြထားတာ!"

"အင်း"

ဟန်လင်းထက်က ခေါင်းငြိမ့်ပြကာနှုတ်ခမ်းထောင့်လေးတွေကိုတွန့်ကွေးလိုက်လျက် မင်းစက်ကိုကြည့်လာခဲ့လေသည်။

"အကိုတို့ အရင်ကတစ်နေရာရာမှာဆုံဖူးကြလို့လား"

ဒီမေးခွန်းက လုံးဝကိုအဓိပ္ပါယ်ရှိမနေမှန်း
သူသိပေမယ့် ဒီကောင်လေးရဲ့အကြည့်တွေနဲ့စကားလုံးတွေကကျောမလုံတဲ့ခံစားချက်တွေကို ဖြစ်ပေါ်စေတာကြောင့် မဖြစ်နိုင်ချေတွေကိုအကုန်ဘေးဖယ်ထားလိုက်ပြီး သူမေးလိုက်ရခြင်းပင်။

ဟန်လင်းထက်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပင်ပြန်တုံ့ပြန်လာကာရေနွေးပူပူလေးတစ်ခွက်ကိုမင်းစက်ရှေ့ချပေးလာခဲ့သည်။

"ကိုစက် အသိထဲမှာ ကျနော့်လိုလူမျိုးရှိခဲ့ဖူးလို့လား"

"ဟင့်အင်း တစ်ခါမှမရှိခဲ့ဖူးဘူး"

"အဲ့ဒါဆိုအဖြေကရှင်းပါတယ် ကျနော်တို့အရင်က အပြင်မှာတစ်ခါမှမတွေ့ခဲ့ဖူးလို့ပေါ့"

"ဟုတ်တယ်နော် ဒါပေမယ့်ကွာ အကို့ကိုတစ်မျိုးတော့မထင်နဲ့နော်.. အလင်းကိုလေ အကိုရင်းနှီးနေတယ်လို့ခံစားနေရတယ်"

"အဲ့ဒါဆိုလည်း စဉ်းစားကြည့်ပေါ့ ဘာလို့အဲ့လိုခံစားနေရတာလဲဆိုတာ"

ဟန်လင်းထက်အပြောကိုမင်းစက်ကတွေဝေငေးမောစွာနဲ့စဥ်းစားနေရင်း ရေနွေးခွက်ကိုကောက်ကိုင်လိုက်ပြီး သောက်ချလိုက်လေရာလျှာကျက်သွားတော့လေသည်။ မင်းစက်လျှာကျက်သွားတာကိုသိတဲ့ဟန်လင်းထက်က ရေသန့်စက်ကနေရေအေးတစ်ခွက်ကိုအပြေးခပ်လိုက်ပြီးကမ်းပေးလာခဲ့သည်။

"ကိုစက်အဆင်ပြေရဲ့လား ? "

"No problem.... "

မင်းစက်ကသူ၏နှုတ်ခမ်းကိုအုပ်ကိုင်ထားရင်း ငိုမဲ့မဲ့အသံကြီးနဲ့ဆိုလိုက်ခြင်းဖြစ်လေ၏။

သူဆင်ထားတဲ့ထောင်ချောက်ထဲထိုကောင်လေးမကျသွားဘဲ ထိုကောင်လေးဆင်ထားတဲ့ထောင်ချောက်ထဲမှာသူကိုယ်တိုင်ပိတ်မိသွားလိမ့်မယ်လို့ သူလုံးဝမထင်ထားခဲ့ပေ။

ထို့နောက် စားပွဲထိုးလေးက လက်ဖက်ရည်နှစ်ခွက်ကိုလာချပေးလေသည်။ မင်းစက်နဲ့ဟန်လင်းထက်လည်းထိုအချိန်မှစ, စကားစပြတ်သွားကာ ဟန်လင်းထက်က ချိုဆိမ့်ခွက်နဲ့အလုပ်ရှုပ်နေတဲ့မင်းစက်ကို မသိမသာခိုးကြည့်လိုက်ရင်း သူ့ရဲ့မျက်နှာထက်မှာအဓိပ္ပါယ်ပါတဲ့ အပြုံးတစ်ပွင့်က နေရာယူထားလျက်။

'ပဟေဋ္ဌိတစ်ပုဒ်ကိုဖြေရှင်းရတာ တစ်ခါမှားရင် မှားတဲ့အဖြေကိုပြန်ဆန်းစစ်ပြီး အဖြေမှန်ကို ပြန်တွက်ယူလို့ရတယ်။'

'မရေရာတဲ့အတွေးတစ်ခုကိုဖြေရှင်းရတာက တော့ထွက်လမ်းမရှိတဲ့ဝင်္ကပါလိုပဲ လမ်းမှန်တစ်ချက်လွဲသွားတာနဲ့ တစ်သက်တာ ထွက်ပေါက်ပိတ်သွားလိမ့်မှာပင်'

'မင်းငါ့ကို မေးခွန်းသတ်လိုက်တာပဲ အန္တရာယ်ကောင်လေးရ!'

===============================

"သဒ္ဒါ နင်ညတုန်းက လိုင်းပေါ်မှာပြောစရာရှိတယ်ဆို ပြီးလဲပြီးရော ဘာမှမပြောဘဲ ဘာလို့ဆင်းသွားတာလဲ"

မြရိပ်မွန်ဆိုင်တွင် ထိုင်နေသောမိန်းမလှလေးနှစ်ယောက်ရဲ့မနက်ခင်းမြင်ကွင်းလေးဟာ လှပစွာတောက်ပလျက်ရှိသည်။

"ငါ လိုင်းပေါ်ကနေမပြောချင်လို့ပေါ့ လူချင်းတွေ့ပြီးပြောတာကပိုကောင်းမယ်ထင်လို့"

"ဘာအကြောင်းများလဲ"

ဖြူစင်သော်ကထိုသို့မေးတော့ သူမဘေးကသဒ္ဒါဆိုတဲ့မိန်းမလှလေးက သူမအိတ်ထဲကဖုန်းကိုထုတ်လိုက်ပြီး ဖြူစင်သော်ကိုပေးလိုက်လေသည်။

"Gallaryထဲဝင်လိုက် အဲ့ဒီမှာမနေ့ကရိုက်ထားတဲ့ပုံတွေရှိတယ် နင်သေချာကြည့်ကြည့်"

ဖြူစင်သော်လည်း သူမ ပြောတဲ့အတိုင်းGallaryထဲဝင်လိုက်ပြီးဓာတ်ပုံတွေပေါ်အကြည့်ရောက်သွားတဲ့အခါ သူမရဲ့အမူအရာတို့ဟာ တိမ်ကင်းစင်တဲ့လမင်းလေးကနေ အနက်ရောင်တိမ်စိုင်တွေကြားနစ်မြုပ်သွားရတဲ့လမင်းလေးဆီသို့ပြောင်းလဲသွားတော့သည်။

"ဒီ…ဒီ ပုံတွေက"

သူမနှုတ်ခမ်းများ တဆတ်ဆတ်တုန်ယင်နေလျက် လက်ထဲကဖုန်းကို အသံမြည်သွားတဲ့အထိ ခုံပေါ်သို့ဆောင့်ချလိုက်လေ၏။
သဒ္ဒါဆိုတဲ့မိန်းကလေးက သူမရဲ့တုန်လှုပ်နေတဲ့အမူအရာကိုကြည့်လိုက်ရင်း လေအေးလေးနဲ့ပြောပြလာခဲ့သည်။

"မနေ့က ငါတို့ဌာနမှာ accidentအသေးစားဖြစ်သွားတယ်။
မင်းစက်ကခုံပေါ်ကနေပြုတ်ကျပြီး ညာဘက်လက်ကျိုးသွားတယ်။ ပြီးတော့ First yearက king selectionလေးတစ်ယောက်လည်း ခြေထောက်ထိသွားတယ်လေ။ "

"ဒီပုံတွေထဲကလိုပဲ မင်းခန့်ထည်က အဲ့ဒီကောင်လေးကိုတအားတွေဂရုစိုက်ပေးနေတာ သူ့တစ်ယောက်တည်းဌာနမှာပြာယာကိုခတ်လို့။
မသိရင်လေ သူ့ရည်းစားထိခိုက်သွားတာကျနေတာပဲ။"

သဒ္ဒါက နောက်ဆုံးစကားအရောက်မှာအသံကိုတမင်သက်သက်မြှင့်ပြီးပြောလာခဲ့တာကြောင့် ဖြူစင်သော်က သူမလက်တွေကိုဖြတ်ခနဲဆုပ်ထားလိုက်ပြီး ဟန်ဆောင်ပန်ဆောင်ရယ်လိုက်လျက်။

"မောင်က အမြဲတမ်းဒီအတိုင်းပဲလေ
လူတစ်ဖက်သားကို တအားဂရုစိုက်ရှာတာ"

"နင်တုံးတာ အ,တာလားတော့ငါမသိဘူး။ ဒါပေမယ့် ပုံတွေကိုသေချာကြည့်ရင် မင်းခန့်ထည်အတွက် ဒီကောင်လေးက သူစိမ်းတစ်ယောက်ကိုဂရုစိုက်ပေးတာထက်ပိုနေတယ်ဆိုတာနင်မမြင်ဘူးလား။"

သဒ္ဒါကဆက်ပြောလာရင်း သူမရဲ့စကားသံတို့က ရုတ်တရက်ပြင်းထန်လာခဲ့သည်။

"နင် ဖိနပ်ပေါက်တုန်းကတောင် မင်းခန့်ထည်က ပလာစတာတစ်ချက်ကပ်ပေးဖူးလို့လား။ ငါပွင့်ပွင့်လင်းလင်းပဲပြောမယ် အဲ့နေ့တုန်းက ဒီကောင်လေးအပေါ်ဂရုစိုက်ပေးနေတဲ့သူ့အပြုအမူတွေကိုကြည့်ရင်း နင့််ထက်တောင် သူ့အတွက်ဒီကောင်လေးကပိုအရေးပါနေပါလားလို့တောင် ငါတွေးမိလိုက်တဲ့အထိပဲ"

ဖြူစင်သော်ကတော့မယုံကြည်စွာခေါင်းခါကာလုံးဝငြင်းဆန်လာခဲ့သည်။

"နင်မဟုတ်ကဟုတ်ကတွေမပြောစမ်းနဲ့။ မောင်က ငါ့ကိုချစ်ပါတယ်။ ငါ့ကိုချစ်လွန်းလို့ သူ့အချစ်ဆုံးသူငယ်ချင်းကိုတောင်စွန့်လွှတ်ခဲ့တယ်ဆိုတာကိုနင်လဲသိတယ်မှတ်လား။ နင်ပြောတဲ့အတိုင်းသာ ငါကသူ့အတွက်အရေးမပါဘူးဆိုရင် မောင်က ငါ့ဆီမလာဘဲ ဟိုအစုတ်ပလုတ်Gayကောင်လက်ထဲပါသွားတာကြာပေါ့။"

"အဲ့ဒါဆို ငါနင့်ကိုတစ်ခုမေးမယ်။ မင်းခန့်ထည်က နင့်ကိုချစ်တယ်ဆိုတဲ့စကားပြောပြီးပြီလား"

ဖြူစင်သော်ရဲ့နှုတ်ခမ်းလွှာလေးတွေက ပွင့်ဟနေရာကနေတမဟုတ်ချင်းစေ့ပိတ်သွားတော့သည်။ သူမမှာ ထိုမေးခွန်းအတွက်အဖြေမရှိခဲ့။

"ငါ ဒီမေးခွန်းကိုမေးခဲ့တဲ့အကြိမ်ပေါင်းလည်းများပြီ။ နင့်မှာ အခုချိန်ထိအဖြေမရှိသေးဘူး။ အဲ့ဒါနဲ့များ နင်ဘာအဓိပ္ပါယ်နဲ့သူ့လိုလူမျိုးကို ဆက်တွဲနေသေးတာလဲ"

သဒ္ဒါရဲ့ထိုမေးခွန်းအတွက်တော့ သူမမှာ အခိုင်မာဆုံးအဖြေရှိနေခဲ့သည်။

"ချစ်လို့လေ .. ငါမောင့်ကို သိပ်ချစ်လို့
ငါ့ဘေးနားမှာ သူ့ကိုအမြဲတမ်းထားထားချင်တာ။သူငါ့ကိုချစ်တယ်လို့မပြောလာလည်းနေပါစေ။ ငါ့ဘက်ကသူ့အပေါ်ကိုအမြဲတမ်းဆက်ချစ်ပေးနေရုံနဲ့လုံလောက်ပြီ။
ဒါငါသူ့ကို ထာဝရဆက်တွဲနေမယ့်အကြောင်းပြချက်ပဲ"

ထိုအခါ သူမဘေးက သဒ္ဒါကတော့ သက်ပြင်းမောချကာ ခေါင်းခါလိုက်လျက်။

"နင် ဘာလို့အရမ်းမိုက်ရူးရဲဆန်ရတာလဲဟာ။ နင် ထာဝရလို့ပြောတယ်နော်။ တကယ်လို့ နင့်အနားကနေ သူ့ကို ဆွဲထုတ်သွားနိုင်တဲ့လူရှိလာခဲ့တဲ့တစ်နေ့ကျရင်ကော နင် အရင်တစ်ခါတုန်းကလိုပဲ သူ့ကိုမရမက ဆက်ဆွဲထားဦးမှာလား။ ဒီလိုတွေလုပ်ပြီးတော့လေ"

ဟု ဖြူစင်သော်ရဲ့ ဘက်ဘက်လက်ကောက်ဝတ်ကအမာရွတ်လေးကို ဆွဲကိုင်ပြလျက်မေးလိုက်လေသည်။

ဖြူစင်သော်ကသဒ္ဒါလက်ထဲက သူမလက်လေးကိုပြန်ရုန်းလိုက်ကာအလျင်အမြန်ပဲဖုံးဖွက်ထားလိုက်ချေသည်။

"အတိတ်ဆိုတာပြီးခဲ့ပြီပဲ။ပစ္စုပ္ပန်မှာဘာမှအရေးမပါတော့ဘူး။"

"ဒါနဲ့နင်ပြောတဲ့ ငါ့ရင်ဘက်ထဲကနေ မောင့်ကိုဆွဲထုတ်သွားနိုင်တဲ့လူဆိုတာ ဒီထဲကကောင်လေးကိုပြောတာလား"

ထိုမေးခွန်းကိုမေးလာတဲ့အချိန်မှာဖြူစင်သော်ရဲ့လေသံတို့ဟာ စူးရှခက်ထန်နေပြီးမျက်ဝန်းတွေကအေးစက်စူးရဲနေသည်။

"ငါမသိဘူး။ သူဖြစ်ချင်မှလည်းဖြစ်မှာပေါ့"

"အကယ်၍ သူဆိုလည်း ကိစ္စမရှိပါဘူး။ အတုယောင်ဆိုတာအတုအယောင်လမ်းအတိုင်းသွားရမှာပဲလေ။ဥပမာပြောရရင် မာန်လိုပေါ့။

နောက်ဆုံးတော့အတုအယောင်တွေပဲစွန့်ပစ်ခံခဲ့ရတာလေ။ မောင်ကငါ့ကိုဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူး။
ဒါကို ငါကဘာကိုများတွေးပူပြီးကြောက်နေရဦးမှာလဲ"

သူမရဲ့နီရဲရဲမျက်ဝန်းတစ်စုံကအေးစက်ပြတ်သားနေခဲ့ပြီးအရာအာလုံးကိုဖျက်ဆီးပစ်ချင်နေသည့်ဟန်ဖြင့်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။အထူးသဖြင့်ထိုဓာတ်ပုံလေးထဲကကောင်လေးကို စူးစိုက်ကြည့်နေခဲ့တဲ့အချိန်မှာပေါ့။

ထိုကောင်လေးသည်လည်း တစ်ချိန်ချိန်ကျလျှင်သူမရဲ့ စက်ဆုပ်မုန်းတီးလွန်းသော အမုန်းစက်ဝန်းထဲကဒုတိယပစ်မှတ်မဖြစ်လာပါစေနဲ့လို့ပဲ သဒ္ဒါတစ်ယောက်တိတ်တိတ်ကလေးဆုတောင်းလိုက်တော့သည်။

××××××××××××××××××××××××××××××××

နေမြင့်တဲ့အချိန်ရောက်တော့မှပဲ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက် နိုးထလာခဲ့ရသည်။
အဖျားအရှိန်ကြောင့်လားမသိ မျက်လုံးများကကြိမ်းစက်လေးပင်နေကာ တော်တော်နှင့်ဖွင့်မရခဲ့ပေ။ ထိုင်းမှိုင်းနေတဲ့ကိုယ်ကိုမနဲအားယူပြီး ကုန်းထလိုက်တော့သြရှရှအသံတစ်သံကိုကြားလိုက်ရသည်။

"ညီ ..နိုးလာပြီလား"

သူရဲ့ခုတင်ဘေးဘက်တွင် ထိုင်စောင့်နေတဲ့လူတစ်ယောက်က သူ့အားနေရောင်ခြည်လေးတွေကဲ့သို့နွေးထွေးသောအပြုံးများဖြင့်ပြုံးကာကြည့်နေခဲ့သည်။

သူ့ရဲ့ယိုင်နဲ့နဲ့ကိုယ်လေးကို ကြီးမားသောလက်တစ်စုံဖြင့် ထိန်းကိုင်ထားပေးရင်းစိုးရိမ်စွာဆိုလာခဲ့သည်။

"မထနိုင်ရင်မထနဲ့လေ"

"ရေ… ကျနော် ရေဆာတယ်"

မင်းခန့်ထည်လည်းရေသန့်ဘူးမှရေကို ဖန်ခွက်တစ်ဝက်အထိဖြည့်လိုက်ကာ ရှိုင်းရဲ့လက်ကလေးများကိုထိန်းကိုင်ပေးပြီး တိုက်လိုက်သည်။

"အကို ဌာနမသွားဘူးလား"

"သွားတယ်လေ ခနပဲသွားတာ ပြီးတော့ ညီ့ကိုစိတ်မချတာနဲ့ပြန်လာခဲ့တာ"

နေမကောင်းဖြစ်နေတဲ့အချိန် သူတိတ်တခိုး ချစ်နေရတဲ့လူက သူ့ဘေးနားမှာအချိန်ပြည့်ရှိနေပေးတာလောက် ပြီးပြည့်စုံတဲ့အရာ ထပ်မရှိနိုင်တော့ပေ။

ရှိုင်းဇေယံတစ်ယောက်မထိန်းနိုင်ဘဲပြုံးမိသွားရသည်။

"ကျေးဇူးတင်ပါတယ်ဗျာ ..ကျနော် အခုသက်သာနေပါပြီ"

"မှန်းစမ်း"
ဟုဆိုကာ မင်းခန့်ထည်က ရှိုင်းရဲ့နှဖူးလေးကိုအပြေးစမ်းကြည့်လိုက်သည်။

"ကိုယ်ငွေ့နေသေးတယ်"

ရှိုင်းလည်း မင်းခန့်ထည်ရဲ့နှဖူးကို ချက်ချင်းပင်ပြန်စမ်းလိုက်ရင်း

"အကိုလည်း ကိုယ်ပူနေတာပဲဟာ"ဟုပြန်ပြောလိုက်တော့ မင်းခန့်ထည်ကမနိုင်ဘူးဆိုတဲ့အကြည့်တဲ့ကြည့်လာကာ ရယ်မောလာခဲ့သည်။

"အဲ့ဒါ ညီ့လက်တွေပူနေလို့လေ"

"တော်ပြီ"

ရှိုင်းကပြိုင်မငြင်းချင်တာကြောင့် နှုတ်ခမ်းလေးကိုစူထော်လိုက်တော့လေ၏။
မင်းခန့်ထည်ကတော့ရှိုင်းရဲ့ခေါင်းလေးကို
ဖွဖွပုတ်လိုက်ပြီးချော့မြူလာသည်။

"ချစ်ဖို့ကောင်းလိုက်တာကွာ ကလေးလေးက"

ကလေးဆိုတဲ့စကားကြားသည်နှင့် လူကြီးမင်းလေးရှိုင်းဇေယံရဲ့မျက်စောင်းများကပြောစရာမလိုအောင်ပင် သူ့ဆီသို့ဒိုင်းခနဲရောက်ရှိလာလေ၏။

မင်းခန့်ထည်ကထရပ်လိုက်ပြီးနောက်ခြင်ထောင်ကိုသိမ်းရင်း ကောင်လေးအားမေးလိုက်လေသည်။

"ညီ ဗိုက်ဆာနေလား"

"အင်းဆာတယ်"

"ဒါဆိုအတော်ပဲ။
အကို ကျောင်းရှေ့ကဆိုင်ကနေ ကြေးအိုးဝယ်လာတယ် ညီကဖျားနေသေးတော့ ထမင်းမစားနဲ့ဦးလေ။ နေ့လည်ခင်းကျရင်ကျောင်းဆေးခန်းသွားမယ်။
ဆရာဝန်က ထမင်းစားလို့ရတယ်ဆိုမှ ထမင်းစားတာပိုကောင်းမယ်ထင်တယ်"

မင်းခန့်ထည်ရဲ့ချက်ကျလက်ကျပြောဆိုလာတဲ့စကားတွေကို ရှိုင်းဇေယံကခေါင်းတငြ်ိမ့်ငြိမ့်နှင့်ဂရုတစိုက်နားထောင်နေခဲ့သည်။

မင်းခန့်ထည်က ရှိုင်းရဲ့ထိုအမူအရာလေးကို အသဲတယားယားနှင့်ကြည့်နေရင်းက
ကောင်လေးရဲ့လည်ဂုတ်လေးကိုဆွဲညှစ်လိုက်လေ၏။

အခုချိန်မှာ ရှိုင်းရဲ့ဖြူဖွေးဥလွန်းတဲ့မျက်နှာလေးက အဖျားအရှိန်ကြောင့် စတော်ဘယ်ရီသီးလေးဖြစ်နေပြီး နားရွက်ဖျားလေးတွေကကြောင်ဖြူနားရွက်လေးတွေလိုနီရဲနေလျက်။ နှုတ်ခမ်းရဲရဲလေးတွေဟာလည်း အားမရှိစွာဖြူဖျော့ဖျော့အရောင်သမ်းနေတာကိုမြင်တော့ မင်းခန့်ထည်တစ်ယောက်စိတ်မကောင်းဖြစ်သွားရသည်။

သူကြေးအိုးကို စားဖိုဆောင်ကတောင်းလာတဲ့ပန်းကန်ထဲသို့ဂရုတစိုက်ထည့်လိုက်ကာ ကောင်လေးထံသို့ကမ်းပေးလိုက်ပြီးတော့မှပန်းကန်ကိုပြန်ယူလိုက်လေသည်။

"sorry အကိုမေ့သွားလို့ကြေးအိုးကပူနေသေးတယ် အကိုခွံ့ကျွေးမယ်နော်"

မင်းခန့်ထည်က တစ်ဇွန်းခပ်ပြီးတိုင်းအေးအောင်မှုတ်ပေးကာ ဖြည်းဖြည်းချင်းခွံ့ကျွေးလာခဲ့သည်မှာပန်းကန်တစ်ဝက်ရောက်တဲ့အထိပင်။

ထို့နောက် ရှိုင်းဇေယံကသူ့ရှေ့ထပ်ရောက်လာတဲ့ကြေးအိုးတစ်ဇွန်းကိုကြည့်ရင်းအထွန့်တက်လာခဲ့သည်။

"ကျနော့်ဘာသာ ကျနော်စားလို့ရပါတယ် ကြေးအိုးကအေးသွားပြီပဲဟာ"

"ကုန်တော့မှာပဲကို ဒီအတိုင်းပဲဆက်သောက်လိုက်ပါကွာ ကလေးကလိမ္မာတယ်"

"လာပြန်ပြီ ကျနော့်ကိုကလေးလို့မခေါ်ပါနဲ့ဆို"

"ဟားဟားဟား ဟုတ်ပါပြီ ကလေးရာ"

'သူ ဘယ်တော့များမှ ဒီလူကို အနိုင်ပိုင်းနိုင်မှာပါလိမ့်'

နေ့ခင်းပိုင်းဆေးခန်းသွားပြရန် နှစ်ဦးသားပြင်ဆင်နေတဲ့အချိန်မှာပင် မင်းခန့်ထည်ဆီသို့ဖုန်းကောလ်တစ်ခုဝင်လာခဲ့သည်။ သူ Screenကိုကြည့်လိုက်တော့ ဖြူစင်သော်ဆိုတဲ့နာမည်ကိုမြင်လိုက်တာကြောင့် သူမသိမသာမျက်မှောင်ကြုတ်မိသွားသည်။

"ဟဲလို ဖြူ"

"မောင် ဌာနမှာလား"

"မဟုတ်ဘူးအဆောင်မှာ ဘာဖြစ်လို့လဲ"

"welcomeပွဲတွေရက်ပြန်ချိန်းလိုက်တာ ဖြူတို့majorကအစောဆုံးလုပ်ရမှာတဲ့။
အဲ့တာမနက်ဖြန်ဆိုတော့ Votingလုပ်ဖို့အတွက်  ဒီနေ့ကနေစပြီးphotoတွေကိုလိုင်းပေါ်တင်မှဖြစ်မှာလေ။"

"အင်း"

"မောင် ဖြူ့ကိုတစ်ချက်လောက်ကူညီပါလားဟင်။ အခုဓာတ်ပုံရိုက်မယ့်သူက ဘယ်ကနေမှရှာမရလို့။ သဒ္ဒါပြောတာတော့ မောင့်ဆီမှာ cameraရှိတယ်တဲ့။
မောင် ဖြူတို့majorမှာ ဓာတ်ပုံလာရိုက်ပေးပါလားဟင်။"

"အင်း…အဲ့ဒါကလေ"
မင်းခန့်ထည်ကသံရှည်ဆွဲလိုက်ကာတခနစဥ်းစားလိုက်ပြီးမှငြင်းဆန်လိုက်တော့သည်။
"မောင်အခုမအားသေးဘူး သွားစရာ ကိစ္စလေးရှိသေးလို့"

ဖြူစင်သော်ကစိတ်မကောင်းဖြစ်သွားတဲ့အသံလေးနဲ့ထပ်မေးလာခဲ့သည်။
"အဲ့ကိစ္စက အရေးကြီးလို့လား"

"အင်း အရေးကြီးတယ်"

မင်းခန့်ထည်ရဲ့ထိုအဖြေစကားကိုကြားလိုက်တော့ ရှိုင်းဇေယံရဲ့မျက်ဝန်းလေးများကအရောင်လက်သွားရလေသည်။

"မောင် ဖြူ့ကို အခုကူညီပေးလို့မရဘူးလားဟင်။ ဖြူတောင်းဆိုနေတာပါနော်"

ဖြူစင်သော်ကမရမကတောင်းဆိုနေတာကြောင့် မင်းခန့်ထည်ကရှိုင်းကို အားတုံ့အားနာပြန်လှည့်ကြည့်လိုက်တဲ့အခါ ရှိုင်းလေးက ပြုံးပြလျက်ခေါင်းငြိမ့်ပြလာခဲ့သည်။ 'အမဖြူစင်သော်ဆီပဲအရင်သွားလိုက်ပါဆိုတဲ့'အဓိပ္ပါယ်ပင်။

'အကိုမင်းခန့်ထည်ကသူ့ချစ်သူဆီပဲသွားသင့်တယ်။သူကဘာမို့လို့ သူများချစ်သူကိုဆွဲထားရမှာလဲ ? '

ရှိုင်းဇေယံဆီကခွင့်ပြုချက်ရတဲ့အခါမင်းခန့်ထည်က ဖြူစင်သော်အားသဘောတူလိုက်တော့လေသည်။

"အင်း ဒါဆိုလည်း ကိုယ် အခုလာခဲ့မယ်နော်"

မင်းခန့်ထည်ကဖုန်းချလိုက်ပြီးနောက်အသံတိတ်စွာခနကျောခိုင်းရပ်နေပြီးမှ ရှိုင်းဇေယံအနားသို့ပြန်လျှောက်လာလိုက်ကာ ကောင်လေးရဲ့နူးညံ့ညံ့ဆံသားလေးတွေကိုထိကိုင်လိုက်ရင်းဆိုလာသည်။

"ညီ အကို့ကိုခနစောင့်နော် အကိုပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ်"

ရှိုင်းဇေယံကသွားတက်လေးပေါ်အောင်ပြုံးရင်းသူ့အားမော့ကြည့်လာခဲ့သည်။

"ရပါတယ်ဗျာ တကယ်တော့ ကျနော်ကသက်သာနေပြီပဲဟာ ဆေးခန်းသွားဖို့အလျင်မလိုပါဘူး...အမစိတ်ချမ်းသာအောင်သာ ကူညီပေးလိုက်ပါဗျာ။
ဘာပဲဖြစ်ဖြစ်
အမဖြူစင်သော်ကအကို့ချစ်သူပဲဟာ အကိုသူမကို တခြားလူတွေထက်ပိုပြီးအရေးပေးသင့်တာပေါ့"

ရှိုင်းဇေယံရဲ့ထိုအပြောကိုကြားတော့မင်းခန့်ထည်ရဲ့မျက်ဝန်းတွေက ရုတ်ချည်းအေးစက်သွားရတာကိုတော့ ကောင်လေးတစ်ယောက်သတိမထားမိလိုက်ပေ။

"ဒါဆို အကိုသွားတော့မယ်နော်။
အကို မင်းစက်ကိုဖုန်းဆက်ပြီး ညီနဲ့အဖော်လာနေခိုင်းလိုက်မယ်။သူလဲအားယားနေတာဆိုတော့ အဖော်ရတာပေါ့"

"ဟုတ်ပါပြီဗျာ"

မင်းခန့်ထည်လည်း အံဆွဲထဲမှ cameraလေးကို ဆွဲထုတ်ကာCameraအိတ်ကိုလွယ်လိုက်ပြီးနောက် ရှိုင်းဇေယံကိုပြုံးပြလျက် အခန်းထဲကနေ ကမန်းကတန်းထွက်သွားတော့လေသည်။

နာရီဝက်လောက်ကြာတော့ အခန်းတံခါးခေါက်သံကြားလိုက်ရပြီး အခန်းရှေ့မှာကျောက်ပတ်တီးနဲ့ကို့ရို့ကားယားရပ်နေတဲ့မင်းစက်ကိုတွေ့လေသော် ရှိုင်းဇေယံလေးကထိုဒုက္ခိတအားအခန်းထဲကိုအမြန်တွဲခေါ်လိုက်ရလေသည်။

ထိုစဥ် မင်းစက်ရဲ့ရင်ထဲအသဲထဲမှာတော့ မင်းခန့်ထည်ဆိုတဲ့ နှလုံးသားမရှိတဲ့ခွေးကောင်အား ပစ်ပစ်နှစ်နှစ်ဆဲရေးတိုင်းထွာလို့နေပေသည်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

"ဖုန်းကဘာကိစ္စမကိုင်ရတာလဲကွာ!!"

စင်္ကြံထောင့်တစ်ခုမှာဟန်လင်းထက်တစ်ယောက် တစ်စုံတစ်ဦးထံ ဖုန်းဆက်နေရင်းစိတ်တိုဒေါသထွက်နေလေသည်။

"ဟန်လင်းထက် ဓာတ်ပုံရိုက်တော့မှာမို့လို့ ဌာနရှေ့ကိုလာခဲ့ပါတဲ့"

ထိုစဥ်king selectionထဲကတစ်ယောက်က တခြားလူတွေနဲ့သီးသန့်ခွဲထွက်နေတဲ့ဟန်လင်းထက်အားလာခေါ်တာကြောင့် ဟန်လင်းထက်ကလည်း ထိုကောင်လေးနောက်ကနေ ဖုန်းကိုနား၌ကပ်ထားလျက်အနေအထားဖြင့် ဌာနရှေ့သို့ထွက်လာခဲ့သည်။

အဝင်callသာရှိပေမယ့် ဟိုဘက်တစ်ယောက်ကတော့ခုထိပြန်ဖြေမလာသေးပေ။
ဟန်လင်းထက်လည်း မလျှော့စတမ်းအကြိမ်ကြိမ်အခါခါပင်ဖုန်းခေါ်နေတော့သည်။

ထို့နောက် သူဌာနရှေ့ကိုရောက်တော့မျက်လုံးထဲကိုတိုးဝင်လာတဲ့ပုံရိပ်တစ်ခုကြောင့် သူ့မျက်ဝန်းတွေကရုတ်ချည်းခဲသေသွားရသည်။

ဖြူစင်သော်ဘေးမှာရပ်နေတဲ့ ကင်မရာကိုင်ထားတဲ့အရပ်ရှည်ရှည်နဲ့လူတစ်ယောက် .....

အိုး...ဒီလူကကိုကြီးဖုန်းထဲမှာပြည့်နေတဲ့ဓာတ်ပုံတွေထဲက မင်းခန့်ထည်ဆိုတဲ့လူမဟုတ်လား ...

ဟန်လင်းထက်ကမင်းခန့်ထည်ကို သေချာပေါက်သတိထားမိလိုက်ပေမယ့် မင်းခန့်ထည်ကတော့ အဝေးတစ်နေရာကနေသူ့အားမီးတဝင်းဝင်းထနေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေတဲ့ဟန်လင်းထက်ကိုသတိမထားမိပေ။

အဘယ်ကြောင့်ဆိုသော် မင်းခန့်ထည်က King Queen selectionတွေကို Cameraရှေ့၌နေရာယူပုံများနဲ့ပက်သတ်ပြီး စိတ်ရှည်ရှည်နဲ့ရှင်းပြနေတာကြောင့် ပတ်ဝန်းကျင်ကိုသတိမထားမိလိုက်ခြင်းဖြစ်သည်။

ထို့နောက် လူစုတဲ့နေရာကိုနောက်ဆုံးမှရောက်လာတဲ့ ဟန်လင်းထက်ကိုမြင်တော့ မင်းခန့်ထည်က တစ်ချက်ပြုံးပြလိုက်ပြီးအကြည့်လွှဲသွားသည်။ ဖြူစင်သော်က ဟန်လင်းထက်ရောက်လာတာကိုမြင်တာနဲ့ ဌာနထဲကိုပြန်လှည့်ဝင်သွားတော့သည်။

ဟန်လင်းထက်ကတော့ မင်းခန့်ထည်အား
မလွတ်တမ်းစူးစိုက်ကြည့်နေပေမယ့်
မင်းခန့်ထည်ကသူလုပ်နေတဲ့အလုပ်ကိုတာဝန်ကျေပွန်စွာလုပ်ပေးဖို့တွင်သာစိတ်ရောက်နေတာကြောင့် ဟန်လင်းထက်ကိုမျက်လုံးထဲမထည့်နိုင်ခဲ့ပေ။

သို့ရာတွင် ထိုကောင်လေးကိုစစတွေ့ကတည်းက ဘယ်သူနဲ့ဆင်တူလဲဆိုတာ
သူအတပ်သိပြီးသားပင်။

နောက်ဆုံးcameraရှေ့သို့ဟန်လင်းထက်ရောက်လာတဲ့အခါ မင်းခန့်ထည်ရဲ့နှုတ်ခမ်းတို့ကလျှို့ဝှက်စွာကွေးတက်သွားပြီး သူ့အကိုနဲ့ချွတ်စွပ်ပါလားဟု သူ့ရဲ့စိတ်ထဲမှာဆွေးမြေ့စွာဖြင့်ရွေရွတ်လိုက်တော့သည်။

Camera မှန်ဘီလူးကနေတစ်ဆင့်မြင်နေရတဲ့ဟန်လင်းထက်ရဲ့မျက်နှာပေးက ပြုံးရယ်ခြင်းတို့မည်သည်မရှိ မျက်ဝန်းများကနီဆွေးနေပြီး ကောင်လေးရဲ့ချောမောကြည့်ကောင်းတဲ့မျက်နှာလေးက အရောင်အဆင်းတို့ကင်းမဲ့နေကာ အဖြူထည်သက်သက်ဖြစ်နေတာကြောင့် မင်းခန့်ထည်က Cameraကိုချိန်နေရင်းနဲ့ထိုကောင်လေးအားလှမ်းပြောလိုက်သည်။

"ညီလေးဟန်လင်းထက်ရေ
မင်းမပြုံးချင်ရင်တောင်မှ သည်းခံပြီး နဲနဲလောက်ဖြစ်ဖြစ်ပြုံးပြပါလား
"

ဟန်လင်းထက်ရဲ့အမူအရာကတော့ပြောင်းလဲလာခြင်းမရှိအေးစက်ထက်ရှနေကာ အရောင်လက်နေတဲ့ဓားသွားတစ်ခုလိုပင်။သတိမထားဘဲသွားဆုပ်ကိုင်မိပါက ထိုလူရဲ့လည်မြိုတည့်တည့်ကိုထိုးစိုက်လိုက်ဖို့
အသင့်ဖြစ်နေခဲ့သည်။

"ညီလေး မပြုံးချင်ရင်တောင် အချေpostပေးလို့ရပါတယ်"

သူဘယ်လိုပြောပြောထူးခြားမလာတဲ့အခါမင်းခန့်ထည်ခေါင်းကိုက်လာရပေမယ့် ဒီကောင်လေးမပြုံးချင်တဲ့အကြောင်းရင်းကိုသူသိနေတာကြောင့် သူသိပ်ပြီးဖိအားမပေးချင်ပေ။

အချိန်တွေအလဟဿကုန်နေစဥ်မှာပင် ဟန်လင်းထက်ရဲ့လက်ထဲမှ ဖုန်းလေးဟာ တုန်ခါလာခဲ့ရသည်။

သူလက်ထဲကဖုန်းကိုငုံ့ကြည့်လိုက်တော့  incoming callပိုင်ရှင်က မင်းစက်ဖြစ်တာကိုမြင်တာနဲ့ သူ့ရဲ့မျက်နှာထက်က အေးစက်မှုတို့ဟာတမဟုတ်ချင်းယုတ်လျော့သွားရကာအပြုံးရေးရေးလေးပေါ်လာသည်။

"ညီလေး မင်းကပြုံးလို့တတ်သားပဲ"

မင်းခန့်ထည်က ဟန်လင်းထက်ဖုန်းကြည့်နေတဲ့ပုံကိုရိုက်ယူလိုက်ပြီးနောက် ထိုကောင်လေးလက်ထဲကဖုန်းကိုဆွဲလုလိုက်တော့သည်။

"ခများ ဘာလုပ်တာလဲ"

ဟန်လင်းထက်ကမီးတောက်နေတဲ့မျက်ဝန်းတွေနဲ့သူ့အားစက်ဆုပ်စွာစိုက်ကြည့််လာတဲ့အခါ မင်းခန့်ထည်ကနှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကိုသာကွေးညွတ်လိုက်ပြီး မာကြောအေးစက်နေတဲ့လေသံနဲ့အမိန့်ပေးလာခဲ့သည်။

"မင်း ဒီcallကိုဖြေချင်ရင် ငါ့ကို ၅စက္ကန့်လောက်အချိန်ပေး ..မဟုတ်ဘူး ၅စက္ကန့်ကများသေးတယ် ၃စက္ကန့်ပဲ !"

"ဖုန်းပြန်ပေး!"

ဟန်လင်းထက်ကအံတကြိတ်ကြိတ်နဲ့ပြောလာတော့ မင်းခန့်ထည်ကအနိုင်ရသူအပြုံးနဲ့ပြုံးကာဂရုမစိုက်စွာခပ်ထေ့ထေ့ဆိုလာသည်။

"မင်းစက်ဆိုတာ ငါ့သူငယ်ချင်းမှန်း မင်းသိတယ်မှတ်လား မင်းငါ့ကိုဆန့်ကျင်နေလို့ဘာမှထူးမသွားဘူးနော် !"

ထိုအခါဟန်လင်းထက်ရဲ့မျက်လုံးတွေထဲမှာတုံ့ဆိုင်းခြင်းတို့ဖြတ်ပြေးသွားပြီး
ကလေးဆန်စွာဆန့််ကျင်တိုက်ခိုက်နေရာကနေငြိမ်ကျသွားရသည်။

မင်းခန့်ထည်ပြောတဲ့အတိုင်း cameraရှေ့တွင် ၃စက္ကန့်ခန့်ရပ်လိုက်ပြီး အပြုံးတစ်ခုလိုမျိုးသတ်မှတ်လို့မရတဲ့မျက်နှာပေးနဲ့ဓာတ်ပုံအရိုက်ခံလိုက်ပြီးနောက် မင်းခန့်ထည်သိမ်းယူသွားတဲ့သူ့ဖုန်းကိုပြန်ဆွဲယူလိုက်ကာလှည့်ထွက်သွားတော့သည်။

မင်းခန့်ထည်က ထိုကောင်လေးရဲ့ကျောပြင်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ထပ် Selectionညီလေးကို Cameraရှေ့ခေါ်လိိုက်ကာ ဓာတ်ပုံဆက်ရိုက်ရင်းကျန်နေခဲ့သည်။

ထိုနေရာကနေ လျှောက်ထွက်လာတဲ့ဟန်လင်းထက်က ခပ်ဝေးဝေးအရောက်တွင်ဖုန်းကိုင်လာတဲ့မင်းစက်အားစိတ်ဆိုးမာန်ဆိုးနဲ့
ဆူပူလိုက်လေ၏။

"ဟဲလို ကျနော် ဒီလောက်ဖုန်းခေါ်နေတာကို ဘာကိစ္စဖုန်းမကိုင်တာလဲ !"

"အကိုခုနကခေါ်တုန်းက အလင်းဘက်ကမကိုင်လို့ ကျသွားတာလေ"

"ကျသွားတဲ့ callကိုပြောနေတာမဟုတ်ဘူး ရှေ့ကcallတွေကိုပြောနေတာ"

"အာ ...အကို ringtoneသံမကြားလိုက်လို့"

"ကျနော်ပြန်လာရင် အဲ့ဒီ ringtoneသံကိုပြောင်းပစ်မယ်"

"အလင်း စိတ်လျှော့ စိတ်လျှော့ ဟုတ်ပြီလား"

မင်းစက်စကားကြားတော့ ဟန်လင်းထက်ကအသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီးနောက် ပုံမှန်ပြန်ဖြစ်လာတဲ့စိတ်အခြေအနေနဲ့အတူ ငြင်သာစွာမေးလာခဲ့သည်။

"နေ့လည်စာကော စားပြီးပြီလား"

"အင်း စားပြီးပြီ"

"လက်ကကော ကိုက်နေတုန်းပဲလား"

" သိပ်မကိုက်တော့ဘူး သက်သာသွားပြီ"

"အင်း သက်သာရင်ပြီးတာပဲ ကျနော်ပြန်လာရင်ဆေးခန်းကနေ လိမ်းဆေးဝင်ယူခဲ့ပေးမယ်"

"အလင်းရာ ဒုက္ခမရှာစမ်းပါနဲ့"

"ဘယ်သူက ဒုက္ခလို့ပြောနေလို့လဲ ဒါပဲဗျာ ဖုန်းချလိုက်တော့မယ်"

"အင်းအင်း"

ဟန်လင်းထက်ကတော့မင်းခန့်ထည်နဲ့မတူမင်းစက်အသံဆုံးမှ ဖုန်းချလေ့ရှိလေသည်။

ဖုန်းချလိုက်ပြီးအနောက်ဘက်ကိုပြန်လှည့်ကြည့်လိုက်တော့ အရပ်ရှည်ရှည်နဲ့လူတစ်ယောက်ရဲ့ပုံရိပ်ကို သူ့ရဲ့မျက်ဝန်းထောင့်ကနေဖမ်းမိလိုက်လေသည်။

မင်းခန့်ထည်က အပြုံးတစ်ပွင့်ကို သူ့မျက်နှာထက်တွင်ချိတ်ဆွဲထားလျက် လက်ပိုက်ကာနံရံကိုမှီရင်း ဟန်လင်းထက်အားခပ်နက်နက်စိုက်ကြည့်နေခဲ့သည်။

ဟန်လင်းထက်ရဲ့အကြည့်တွေကလည်းအစွမ်းကုန်တင်းမာခက်ထန်နေလျက် နှစ်ဦးသားရဲ့ခက်ထန်တဲ့အကြည့်များအကြား၌
မုန်တိုင်းတစ်ပွေကပြင်းထန်စွာဝှေ့ပတ်နေချေသည်။

ဟန်လင်းထက်ကမျက်ခုံးတစ်ဖက်ပင့်လိုက်ကာ မင်းခန့်ထည်ကိုအထင်သေးစွာကြည့်လာရင်း ရိသဲ့သဲ့ပြောဆိုလာခဲ့သည်။

"လူတစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာကို ခိုးနားထောင်တယ်ဆိုတာ လူကြီးလူကောင်းတစ်ယောက်ရဲ့လုပ်ရပ်မဟုတ်ဘူး"

"ညီလေးဟန်လင်းထက် မင်းငါ့သူငယ်ချင်းမင်းစက်ကို ဘာအကြောင်းနဲ့များ ချဉ်းကပ်ခဲ့တာလဲ"

မင်းခန့်ထည်ရဲ့အသံအနေထားက ငြိမ့်ညောင်းနေကာအလွန်တရာမှတည်ငြိမ်နေသည့််တိုင်အေးစက်မှုတို့ကတော့အဆုံးမဲ့ကိန်းဝပ်နေခဲ့ပေသည်။

"ဘာအကြောင်းနဲ့ဆိုတာ ဘာအဓိပ္ပါယ်လဲ  ကျနော်က ကိုစက်အပေါ် မရိုးသားဘူးလို့ပြောချင်တာလား"

"ငါသာဆို အဲ့လိုပဲလုပ်မိမှာပဲ။ ရင်ထဲမှာအမုန်းတရားတွေကထိန်းချုပ်မနိုင်လောက်အောင်ပြည့်နှက်နေရင်ပေါ့"

"ခများပြောဆိုပုံတွေကြည့်ရတာ ကျနော်ဘယ်သူလဲဆိုတာ ကြိုသိနေတဲ့ပုံနဲ့ မဟုတ်မှလွဲ ကိုစက်ပြောပြထားတာလား"

"အမှန်ပဲ"

ထိုအခါဟန်လင်းထက်ရဲ့မျက်နှာကပျက်ယွင်းမဲမှောင်သွားကာ ဒေါသတကြီးအော်မေးလာခဲ့သည်။

"သူလည်း ခများလိုပဲတွေးနေတာလား!"

"အဲ့ဒါတော့ ငါလည်းမသိဘူး။"

"ကျနော် ကိုစက်နားရောက်လာတယ်ဆိုတာ မကောင်းတဲ့အကြံအစည်နဲ့မဟုတ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကိုစက်က တချို့လူတွေထက်အများကြီးဖြူစင်တယ်လေ။"

မင်းခန့်ထည်ကလည်းထိုကောင်လေးနှုတ်ကထွက်လာမယ့်စကားလမ်းကြောင်းကိုကြိုတွက်ထားသူမို့ သူ၏မျက်နှာထက်တွင် သိသိသာသာပြောင်းလဲခြင်းတို့ရှိမနေပေ။
ဟန်လင်းထက်ကတော့ မင်းခန့်ထည်နဲ့ဆန့်ကျင်ဘက် အချိန်မရွေးပေါက်ကွဲနိုင်ချေရှိသည့် ဗုံးတစ်လုံးအလားဝုန်းဒိုင်းကြဲနေခဲ့သည်။

"ဒါနဲ့ မာန်ကော အဆင်ပြေနေရဲ့လား"

ထိုမေးခွန်းကိုမေးလိုက်တဲ့အခိုက်မင်းခန့်ထည်ရဲ့လက်များဟာ လက်သီးဆုပ်ထားသည့်တိုင်သိသိသာသာတုန်ယင်နေခဲ့ရပြီး မျက်ဝန်းတွေကလည်းဝမ်းနည်းပူဆွေးခြင်းတို့နဲ့ပြည့်နှက်လာခဲ့ရသည်။

သူ မမေးသင့်တဲ့မေးခွန်းမှန်းအတပ်သိသော်လည်း သူတို့နားကနေရုတ်တရက်ပျောက်ကွယ်သွားတဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရဲ့အကြောင်းကိုသိချင်နေခဲ့သည်မှာကြာပြီမို့ သူ မမြိုသိပ်နိုင်တော့ပဲအရှက်မဲ့စွာထုတ်မေးမိလိုက်ခြင်းပင်။

"ခများမှာ ကိုကြီးအကြောင်းမေးပိုင်ခွင့်မရှိဘူး!! ခများပါးစပ်ကနေကိုကြီးနာမည်ထုတ်ပြောဖို့တောင်မတန်ဘူးဗျာ!!!"

ဟန်လင်းထက်ရဲ့အသံများဟာဆို့နစ်အက်ကွဲနေကာ နာကျင်မှုအပြည့်နဲ့တိမ်ဝင်နေခဲ့ရသည်။

ထိုစကားကိုကြားတော့မင်းခန့်ထည်ကဟန်လင်းထက်ကိုသေသေချာချာကြည့်လာကာ မာန်ကိုပြုံးပြခဲ့တုန်းကအပြုံးတွေအတိုင်းပဲပြုံးပြလာရင်း ဆုတ်နစ်စွာရေရွတ်လာခဲ့သည်။

"ဟန်လင်းထက် မင်းကတကယ်ကို မာန်ရဲ့ညီလေးပါလား"

"…"

မင်းခန့်ထည်ဟာ ခုနကအကြောင်းအရာတွေကိုမေးခွန်းထုတ်လိုက်တဲ့အထိ ဒီကောင်လေးဟာ မာန်ရဲ့ညီဖြစ်ကြောင်းသူမယုံကြည်နိုင်သေးတဲ့အခြေအနေ၌ရှိနေခဲ့ရပေမယ့် ဟန်လင်းထက်ပြန်တုံ့ပြန်လာတဲ့ ကြေကွဲမှုအပြည့်နဲ့စကားသံတို့ကိုကြားလိုက်ရတဲ့အခါမှာတော့ဟန်လင်းထက်ဟာ မာန်လင်းထက်ရဲ့ညီဖြစ်ကြောင်း တစ်ရာရာခိုင်နှုန်းသေချာသွားတော့လေသည်။

သူလိုချင်တာလည်းဒါကိုပင်။ဟန်လင်းထက်ကိုယ်တိုင် မာန်နဲ့ပက်သတ်ပြီးဖွင့်ချပေါက်ကွဲလာမယ့်ဝန်ခံချက်ကိုပေါ့။

'ဖာ့ခ် ! လက်စသတ်တော့ ဒီလူက ငါကိုယ်တိုင်ဝန်ခံလာအောင် လှည့်စားလိုက်တာပဲ'

************************************

စဖတ်မယ့်စာဖတ်သူလေးတွေဆီကနေVoteလေးတွေတောင်းပါတယ်ရှင် 😁❤

••••••••••••••••••••••••••••••••••••••••••••••••••

အခန္း (၁၅) - ဝန္ခံခ်က္

Zawgyi

[သူ႕အခန္းေဖာ္ေလးဖ်ားေနတယ္]

သူေဆးခန္းေ႐ွ႕ေရာက္တဲ့အခိုက္ ေက်ာက္႐ုပ္တမွ်ရပ္ေနတဲ့ ဟန္လင္းထက္ရဲ႕မ်က္ဝန္းေတြနဲ႔တည့္တည့္တိုးလိမ့္မယ္လို႔
သူလုံးဝမေမွ်ာ္လင့္ထားခဲ့ေပ။

အခုခ်ိန္မွာ ထိုေကာင္ေလးရဲ႕မ်က္ဝန္းေတြထဲ၌ ေအးစက္မႈတို႔နဲ႔အတူမီးပြားမွ်င္မွ်င္ေလးေတြကေတာက္ေလာင္ေနခဲ့ၿပီး သူ႕ကိုေတြ႕တိုင္းအၿမဲလိုလိုျပဳံးျပေနတတ္တဲ့ထိုေကာင္ေလးရဲ႕ႏႈတ္ခမ္းေတြဟာဆိုရင္မ်ဥ္းေျဖာင့္သ႑ာန္အတိေစ့ပိတ္ထားကာ အျပဳံးရိပ္တို႔ကအေမွာင္ထုထဲမွာကင္းမဲ့ေပ်ာက္ဆုံးေနေခ်သည္။

မင္းစက္ဘက္မွစ၍ေတာင့္ခဲစြာအရင္ျပဳံးျပလိုက္ကာ ေလစိမ္းေတြတိုက္ေနတဲ့ထိုအေျခအေနႀကီးကိုၿဖိဳခြင္းလိုက္ေလ၏။

"အလင္း ဘယ္တုန္းကေရာက္ေနတာလဲ"ဟု ေပါ့ေပါ့ပါးပါးနဲ႔သူေမးလိုက္ေတာ့ ဟန္လင္းထက္ကသူ႕ဆီေလွ်ာက္လွမ္းလာရင္းအက္ကြဲသံတို႔နဲ႔ဆိုလာသည္။

"မၾကာေသးဘူး"

"aww …ဒါနဲ႔ ေနလင္းတို႔ေကာ"

"က်ေနာ္႕ကိုအပ္ၿပီးျပန္သြားၾကၿပီ"

"ဟုတ္လား"

ဟန္လင္းထက္ သူ႕အနားကိုေရာက္လာေတာ့ဘာေၾကာင့္မွန္းမသိ ေလထုက႐ုတ္တရက္ႀကီးေအးစိမ့္လာသလိုပင္။

သူ႕ရဲ႕ႏွလုံးသားကထိုေအးစက္မႈေၾကာင့္သိမ့္ခနဲတုန္ယင္သြားရၿပီး မင္းစက္ကဟန္လင္းထက္ရဲ႕နီရဲေနတဲ့မ်က္ဝန္းေတြကိုမၾကည့္ရဲဘဲေခါင္းငုံ႔ခ်လိုက္ရင္းေျပာလိုက္သည္။

"ဒါဆို အကိုတို႔လည္းျပန္ၾကရေအာင္ေလ"

ဟန္လင္းထက္က ေခါင္းၿငိမ့္ကာသာျပန္ေျဖလာၿပီးသူ႕မ်က္ဝန္းေတြကမင္းစက္ကိုသာတစ္ခ်ိန္လုံးစိုက္ၾကည့္ေနခဲ့သည္မွာသူ႕မ်က္စိေ႐ွ႕ကလူကမၾကာခင္အခ်ိန္အတြင္း႐ွာမေတြ႕ႏိုင္ေအာင္ေပ်ာက္ကြယ္သြားေတာ့မည့္အလား အလြန္တရာမွနင့္နဲနက္႐ိႈင္းစြာျဖင့္။

မင္းစက္ကေဆးခန္းထဲကိုျပန္ဝင္သြားလိုက္ၿပီး ခုံတန္းလ်ားေလးေပၚမွာတင္ထားခဲ့တဲ့ ေက်ာပိုးအိတ္အနက္ေရာင္ေလးကို ႀကိဳးတစ္ဖက္ကေနဆြဲကိုင္လိုက္ကာ လြယ္မည္အျပဳ ဟန္လင္းထက္ကေလေျပညႇင္းေလးေတြကဲ့သို႔တိုးညႇင္းစြာေရာက္ခ်လာခဲ့ကာ သူ႕လက္ထဲကေက်ာပိုးအိတ္နဲ႔ထီးကို ခ်က္ခ်င္းပင္ဆြဲယူသြားေလသည္။
ၿပီးေတာ့ သူ႕ကိုေအးစက္စြာတစ္ခ်က္ၾကည့္လာၿပီးေနာက္ ဘာစကားမွမဆိုဘဲေဆးခန္းထဲကေနလွည့္ထြက္သြားေတာ့ေလ၏။

မင္းစက္လည္းခုန္ေပၚကေနျပဳတ္က်ထားတဲ့ဒဏ္ေၾကာင့္ ေထာ့နဲ႔ေထာ့နဲ႔ျဖစ္ေနတဲ့သူ႕ရဲ႕ေျခေထာက္ေတြဆီကနာက်င္မႈတို႔ကိုေတာင္ ဂ႐ုမစိုက္အားပဲ ေျခေထာက္ေတြကိုအတတ္ႏိုင္ဆုံးခပ္သြက္သြက္လွမ္းလိုက္ၿပီး ထြက္သြားၿပီျဖစ္တဲ့ဟန္လင္းထက္ေနာက္ကိုအမွီလိုက္သြားရေတာ့သည္။

ညေနခင္းေနကယြင္းေနၿပီမို႔ တိမ္စိုင္တိမ္လိပ္တို႔ကလိေမၼာ္နီေရာင္သန္းေနၿပီးငွက္ကေလးမ်ားေတာင္ေနဝင္အိပ္တန္းတက္လို႔ေနေလၿပီ။ဆည္းဆာေလညႇင္းေလးက တိတ္ဆိတ္ေနတဲ့ သူတို႔ႏွစ္ေယာက္ၾကား ပြတ္ကာသီကာနဲ႔တိုက္ခတ္လာခဲ့ၾကကာ Decemberလလယ္ေရာက္ၿပီဆိုေတာ့ အ႐ိုးခိုက္ေအာင္ေအးစိမ့္တဲ့ေဆာင္းေလေအးတို႔ကတစ္ခ်က္တစ္ခ်က္ေျမာပါလာလ်က္။

တစ္စုံတစ္ေယာက္ရဲ႕ေျဖာင့္တန္းေသာေနာက္ေက်ာဘက္အေနအထားကလည္း တိုက္ခတ္လာတဲ့ေဆာင္းေလေအးတို႔ထက္ပင္ အဆေပါင္းမ်ားစြာေအးစက္ေနတဲ့အေငြ႕အသက္တို႔ကို သူ႕အားေပးစြမ္းလို႔ေနသည္။

အေဆာင္ျပန္လမ္းတြင္ မင္းစက္ကလည္းစကားစေျပာျခင္းမ႐ွိသလို ဟန္လင္းထက္ဘက္မွလည္း တစ္ခြန္းတစ္ေလမွ်ထြက္ဟလာျခင္းမ႐ွိ။ပတ္ဝန္းက်င္အေနအထားကတိတ္ဆိတ္ၿငိမ္သက္လ်က္သားအသံဗလံတို႔ကင္းမဲ့ေနခဲ့သည္။

သစ္႐ြက္ၾကားေလးေတြဆီျဖတ္သန္းတိုက္ခတ္သြားတဲ့ သစ္႐ြက္အခ်င္းခ်င္းပြတ္တိုက္သံတ႐ွဲ႐ွဲမွအပ အေဆာင္ျပန္လာတဲ့ကြန္ကရစ္လမ္းတစ္ေလွ်ာက္လုံး တစ္စုံတစ္ရာမွ အသံျပဳျခင္းမ႐ွိခဲ့ေပ။

ထို႔ေနာက္နာက်င္မႈေၾကာင့္ထြက္က်လာတဲ့ၿငီးျငဴသံတစ္သံကအသံတုံးျမင့္ျမင့္နဲ႔ တိတ္ဆိတ္ေနတဲ့ေလထုအလယ္ေဖာက္ထြက္လာခဲ့ေပသည္။

"အာ့!!"

မင္းစက္တစ္ေယာက္ သူ႕ႏွဖူးကိုသူ ျပန္စမ္းရင္းေအာ္ၿငီးလိုက္ေလသည္။

သူေခါင္းငုံ႔ကာလမ္းေလွ်ာက္ေနရင္းနဲ႔ေျခလွမ္းေတြကို႐ုတ္တရက္ရပ္ပစ္လိုက္တဲ့ေက်ာက္စိုင္ကဲ့သို႔မာေၾကာလွေသာ
ထိုေကာင္ေလးရဲ႕ေက်ာျပင္တစ္ေနရာဆီစိတ္လြတ္လက္လြတ္နဲ႔ဝင္ေဆာင့္မိသြားျခင္းပင္။

"နာသြားလား"

ဟန္လင္းထက္က ေက်ာခိုင္းလ်က္အေနအထားႏွင့္ တင္းၾကပ္အက္ကြဲစြာေမးလာခဲ့တဲ့အခ်ိန္ သူ႕အသံတို႔ကေတာ့ ေအးစက္ၿမဲေအးခဲေနလ်က္။

"ဟမ္… မနာပါဘူး"

'ဘာကိစၥနာရမွာလဲ။ လူတစ္ေယာက္ရဲ႕ေက်ာျပင္ကိုဝင္တိုက္မိတာေလာက္နဲ႔ေတာ့ သူ မေသသြားႏိုင္ပါဘူး။'

"ဒါေပမယ့္ ကိုစက္သိလား က်ေနာ္႕ရင္ေတြနာေနတယ္"

ဟန္လင္းထက္ဆက္ေျပာလာတဲ့စကားကိုၾကားေတာ့မင္းစက္ကပါးစပ္အေဟာင္းသားေလးနဲ႔သူ၏ေ႐ွ႕ကေကာင္ေလးကိုၾကည့္လိုက္ၿပီး သူေတြးမိလိုက္ေလ၏။

'ဒီကေလးေကာ ငါ့လိုပဲခုံေပၚကျပဳတ္က်ၿပီး လက္မထိဘဲ ရင္ဘက္ထိသြားလို႔မ်ားလား ရင္နာေနတယ္ဆိုေတာ့ေလ'

ထို႔ေၾကာင့္မင္းစက္လည္းသူ႕မ်က္စိေ႐ွ႕ကေကာင္ေလးအားကျပာကယာလွမ္းေမးလိုက္သည္။

"အလင္း မင္းေကာ ခုံေပၚကျပဳတ္က်လို႔လား"

"ကိုစက္က ခုံေပၚကျပဳတ္က်တာလား"

"အင္းေလ ေတာ္ေသးတယ္ အကို႔ရဲ႕ေ႐ႊဉာဏ္ေတာ္ေလး မထိသြားဘဲ ညာလက္ပဲထိသြားလို႔"

မင္းစက္ကေတာ့ ရယ္က်ဲက်ဲအသံေလးနဲ႔ဟာသလုပ္ေျပာလိုက္ေပမယ့္
သူေတြးထားတဲ့အတိုင္းဟန္လင္းထက္ဆီကေန ရယ္သံတို႔မထြက္က်လာခဲ့ပဲ ေလးပင္ေနတဲ့ဝင္သက္ထြက္သက္အသံေတြသည္သာထြက္ေပၚလာခဲ့ရသည္။

ဟန္လင္းထက္ကအေ႐ွ႕သို႔ဆက္ေလွ်ာက္ေနရင္းကေနရပ္လိုက္ကာ ေခါင္းကိုေစာင္းငဲ့လိုက္၍မင္းစက္ကိုမ်က္ဝန္းေထာင့္ကေနၾကည့္လိုက္ရင္းအမိန္႔ေပးသံေပါက္တဲ့ေလသံနဲ႔အတူသတိေပးလာခဲ့သည္။

"အဲ့အေနာက္နားကေန က်ေနာ္႕ေဘးဘက္ဆီလာဖို႔ဆႏၵ႐ွိေသးလား"

"…"

မင္းစက္ကႏႈတ္ဆိတ္ေနၿပီးဘာမွမေျဖလာေတာ့ဟန္လင္းထက္ရဲ႕အသံေတြကပိုၿပီးမာထန္လာသည္။

"က်ေနာ္ေက်ာခိုင္းထားခ်င္တဲ့လူေတြထဲမွာ ကိုစက္မပါဘူး!"

"…"

မင္းစက္တစ္ေယာက္ ထုံးစံအတိုင္းပင္ၾကက္သီးမ်ားစီတန္းထလာလ်က္
ဟန္လင္းထက္ေဘးသို႔အျမန္သြားလိုက္ေတာ့ေလသည္။

ဒီေန႔ဟန္လင္းထက္ရဲ႕စိတ္ အေျခအေနကလုံးဝေကာင္းမေနဘူးဆိုတာကို သူ႕ရဲ႕ကိုယ္ေစာင့္နတ္ကေတာင္ အတိအက်သိေနေပသည္။

ႏွစ္ေယာက္သားေဘးခ်င္းယွဥ္လ်က္ေလွ်ာက္လွမ္းေနရင္းကေန တစ္ခါတစ္ခါပခုံးခ်င္းတို႔တြန္းတိုက္မိသြားရေပမယ့္တိတ္ဆိတ္ၿငိမ္သက္စြာႏွင့္ပင္အေဆာင္ဆီသို႔ျပန္ေရာက္လာခဲ့ၾကသည္။

အခန္းတံခါးေ႐ွ႕ေရာက္ေတာ့ ဟန္လင္းထက္ကပဲ ေသာ့ခေလာက္ေလးကိုဖြင့္လိုက္ၿပီးေနာက္ အခန္းထဲဝင္ကာမီးအရင္ဖြင့္လိုက္သည္။ဒုတိယအေနနဲ႔ဆက္လုပ္လာတဲ့အရာကေတာ့ သူ႕လက္ထဲကမင္းစက္ရဲ႕ေက်ာပိုးအိတ္ေလးကို စားပြဲေပၚတြင္တင္လိုက္ျခင္းျဖစ္ၿပီး ထီးကိုေတာ့ နံရံ႐ွိသံေကာက္တစ္ခုေပၚတြင္ခ်ိတ္ထားလိုက္သည္။

အရာအားလုံးဟာ အရင္ေန႔ရက္ေတြတုန္းကအခ်ိန္ေတြလိုပဲ တူညီသလိုလိုေတာ့႐ွိေပမယ္္႕ တစ္စုံတစ္ေယာက္ရဲ႕ေရခဲ႐ိုက္မ်က္ႏွာႀကီးကိုျမင္ၿပီးတဲ့ေနာက္မွာေတာ့ မင္းစက္တစ္ေယာက္အိမ္မက္ထဲကေနခ်က္ခ်င္းႏိုးသြားေတာ့ေလသည္။

မင္းစက္က ဟန္လင္းထက္ရဲ႕လႈပ္႐ွားမႈမွန္သမွ်ကိုလိုက္ၾကည္္႕ေနရင္း သူ႕ခုတင္ေပၚတြင္ မလႈပ္မယွက္ႏွင့္ငုတ္တုတ္ေလးထိုင္ေနသည္မွာ အမွားလုပ္ထားလို႔အေမဆူမွာေၾကာက္ေနတဲ့ ကေလးေလးတစ္ေယာက္ကဲ့သို႔ပင္။

"ဆရာဝန္က ဘာမွာလိုက္ေသးလဲ"

ထိုအခါမင္းစက္က ခပ္ျမန္ျမန္ျပန္ေျဖလာတာေၾကာင့္လည္ေခ်ာင္းထဲမွာတံေတြးေတာင္သီးသြားရေလ၏။

"လက္က ႏွစ္ပတ္ေလာက္ မလႈပ္႐ွားရဘူး
ၿပီးေတာ့ ပတ္တီးကိုလည္းေရမစိုရဘူးတဲ့"

"အဲ့ဒါပဲလား"

"အင္း"

မနက္ကခုတင္ေပၚမွာျဖစ္သလိုတင္ထားခဲ့တဲ့အဝတ္အစားေတြကိုဟန္လင္းထက္ကေခါက္ေနရင္းေမးျမန္းလာၿပီးေနာက္ မင္းစက္ျပန္ေျဖလာတဲ့အခ်က္၂ခ်က္ကိုသူ႕ရဲ႕ေခါင္းထဲမွာစြဲၿမဲစြာမွတ္သားထားလိုက္ၿပီျဖစ္သည္။

'ေနစမ္းပါဦး ဘာကိစၥငါကအမွားလုပ္ထားတဲ့တရားခံလိုမ်ိဳးခံစားေနရတာလဲ။
နဲနဲေလးေတာ့လြဲေနၿပီထင္တယ္ေနာ္ '

မင္းစက္မွာေၾကာင္ေတာင္ေတာင္နဲ႔ဟန္လင္းထက္ေနာက္ေက်ာကိုဇေဝဇဝါျဖစ္စြာၾကည့္ေနရင္းေတြးမိလိုက္ျပန္ေလ၏။

"ကိုစက္ ေရခ်ိဳးမွာလား"

"အင္း ခ်ိဳးမွာေပါ့"

'ဟုတ္သား ငါကလက္တစ္ဖက္တည္းနဲ႔ဘယ္လိုလုပ္ခ်ိဳးရပါ့ ၿပီးေတာ့ ပတ္တီးကလည္းေရစိုလို႔ရတာမဟုတ္ဘူး'

"ဒါဆို သြားမယ္ေလ ဒီ့ထက္ပိုေနာက္က်ရင္ ေရကပိုေအးသြားလိမ့္မယ္"

"အလင္း အကိုက လက္တစ္ဖက္တည္းနဲ႔ခ်ိဳးလို႔မရဘူးထင္တယ္ေရာ"

"သိတယ္ အဲ့ဒါေၾကာင့္ကိုစက္ကို က်ေနာ္ကိုယ္တိုင္ေရပတ္တိုက္ေပးမလို႔ေလ"

မင္းစက္ရဲ႕ဦးေႏွာက္ထဲတြင္ အဆဲစကားလုံးတစ္ခုက တၿပိဳက္နက္တည္းပင္ အျပည့္အႏွက္ေနရာယူသြားေလသည္။

'F**k!!!!!!!!'

ထို႔ေနာက္မင္းစက္တစ္ေယာက္ ဟန္လင္းထက္ရဲ႕ဆြဲေခၚလာမႈေၾကာင့္တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ေရခ်ိဳးေဆာင္ဘက္သို႔ေရာက္လာခဲ့ရသည္။
သူ႕ရဲ႕ပတ္တီးစည္းထားတဲ့လက္တစ္ဖက္ကႂကြပ္ႂကြပ္အိတ္နဲ႔အစြပ္ခံထားရတာေၾကာင့္ေပါေၾကာင္ေၾကာင္ႏိုင္ေနကာ ေရခ်ိဳးေဆာင္ထဲေရာက္တာနဲ႔မင္းစက္ရဲ႕ေခါင္းထဲမွာ ေျခာက္ျခားမႈအစုစုက သူ႕အားအမွ်ေပးေဝေနလ်က္႐ွိသည္။

ေက်ာင္းရဲ႕ေရခ်ိဳးေဆာင္က အခန္းေတြကန္႔ထားၿပီး ေရပန္းမ်ားကိုလည္းထိုအခန္းမ်ားထဲတြင္စနစ္တက်စီစဥ္ေပးထားသျဖင့္
အဆင့္ျမင့္ၿပီး သန္႔႐ွင္းသပ္ရပ္သည္။
သူတို႔ေရာက္သြားတဲ့အခ်ိန္ကတျခားလူေတြထမင္းစားေဆာင္ဘက္ကိုေရာက္ေနၾကၿပီျဖစ္တာမို႔ ေရခ်ိဳးေဆာင္၌လူ႐ွင္းေနသည္။

ဟန္လင္းထက္ကေရခ်ိဳးေဆာင္ထဲကိုတစ္ခ်က္ေဝွ႔ၾကည္္႕လိုက္ၿပီးေနာက္ မင္းစက္ဘက္လွည့္ကာေျပာလာခဲ့သည္။
သူ႕ရဲ႕မ်က္ႏွာအမူအရာကအမွန္တကယ္ကိုေရပက္တိုက္ေပးဖို႔ဆုံးျဖတ္ထားတဲ့ပုံပင္။

"ကိုစက္ အက်ႋီခြၽတ္ေလ"

"ဟမ္!"

"က်ေနာ္ ခြၽတ္ေပးရမလား ဘယ္ဘက္လက္ကပါနာေနလို႔လား"

"ရ…ရတယ္ အကို႔ဘာသာပဲ ခြၽတ္လိုက္ပါ့မယ္"

မင္းစက္လည္း ကျပာကယာနဲ႔ဆိုလိုက္ကာ
ဟန္လင္းထက္ကို ေက်ာခိုင္းလိုက္လ်က္ ႐ွပ္အျဖဴေပၚက ၾကယ္သီးျဖဴျဖဴေလးမ်ားအား မသန္ေသာဘယ္ဘက္လက္ျဖင့္ ျမန္ျမန္ဆန္ဆန္ျဖဳတ္ေနရင္းကေန သူ႕ရဲ႕စိတ္ထဲမွာအလ်င္လို၍ျပာယာခတ္ေနေပ၏။

'အေရးထဲဒီေသာက္ၾကယ္သီးေတြက ဘာလို႔လာၿမဲေနလဲမသိ'

သူထိုသို႔ဗ်ာမ်ားေနတဲ့အခ်ိန္မွာပင္ သူ႕ရဲ႕ေက်ာျပင္ကိုတစ္စုံတစ္ေယာက္က အားနဲ႔ဆြဲလွည့္လိုက္ကာ ဟန္လင္းထက္ရဲ႕ေခ်ာေမာလွေသာမ်က္ႏွာေသနဲ႔မ်က္ႏွာခ်င္းဆိုင္လိုက္ရေလသည္။

'WTH!!!'

ဟန္လင္းထက္က မင္းစက္ရဲ႕လက္က်န္ၾကယ္သီးေလးမ်ားအား စိတ္႐ွည္လက္႐ွည္ႏွင့္ျဖဳတ္ေပးေနသည္မွာ မသိလွ်င္အကိုႀကီးတစ္ေယာက္က အင္မတန္မွႏုံခ်ာလွပါတဲ့ညီေလးတစ္ေယာက္ကို ဂ႐ုစိုက္ေပးေနသည့္အလား။

ထိုအခိုက္ မင္းစက္တစ္ေယာက္သူ႕ရဲ႕မ်က္လုံးေတြကိုဘယ္နားထားရမွန္းမသိတာေၾကာင့္ သူ႕ေ႐ွ႕တည့္တည့္မွာရပ္ေနတဲ့ေကာင္ေလးရဲ႕အေ႐ွ႕ဘက္ Viewတြင္သာ
မ်က္လုံးေတြကိုေက်ာက္ခ်ထားလိုက္ေတာ့သည္။

ထိုစဥ္ဟန္လင္းထက္က ႐ွပ္အျဖဴကို ဝမ္းဗိုက္သားေပၚတဲ့အထိလွစ္ဟာထားကာျဖဴေဖြးက်စ္လစ္တဲ့ဗိုက္သားေလးက Sixpackေရးေရးထင္းေနၿပီး အေပၚ၌အက်ႋီထပ္ဝတ္ထား၍မသိသာသည့္ က်ယ္ျပန္႔မို႔ေမာက္ေသာရင္အုပ္မ်ားက မင္းစက္အားေလွာင္ေထ့ေနခဲ့ေလသည္။

'ေသာက္ကေလး ဆယ္တန္းေျဖၿပီး သင္တန္းမတက္ဘဲ Gymေတြလွိမ့္ေဆာ့ထားတာျဖစ္မယ္ မသာေလး six packေတြဘာေတြနဲ႔ ငါေတာင္Sixpackမေျပာနဲ႔ one pack ေတာင္မ႐ွိဘူး ႐ွက္စရာေကာင္းလိုက္တာကြာ'

မင္းစက္ကဂလုဆိုၿပီးတံေတြးတစ္ခ်က္ၿမိဳခ်လိုက္ၿပီးေနာက္ေခါင္းတည့္တည့္ကLEDမီးလုံးဆီသို႔သာေမာ့ၾကည့္ေနလိုက္ေတာ့သည္။

"ၿပီးၿပီ"

"အင္း ေက်းဇူးပဲ"

ဟန္လင္းထက္က အနည္းငယ္လွစ္ဟာသြားတဲ့ မင္းစက္ရဲ႕အေ႐ွ႕ဘက္ခႏၶာကိုယ္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ သက္ျပင္းတိုးတိုးေလးခ်ကာ ေက်ာခိုင္းသြားသည္။
မင္းစက္လည္း ေရပန္း႐ွိရာ အခန္းဆီသို႔ဝင္မည္အျပဳ ဟန္လင္းထက္က မင္းစက္အားျပန္ဆြဲထားျပန္ပါသည္။

ဟန္လင္းထက္ကတကယ္ေရပက္တိုက္ေပးလာမွာကိုစိုးတဲ့မင္းစက္မွာ ေၾကာက္႐ြံ႕ထိတ္လန္႔စြာနဲ႔မ်က္လုံးျပဴးကာေအာ္ေမးလိုက္ေလ၏။

"ဘာျဖစ္လို႔လဲ အလင္း!!!"

"အက်ႋီခြၽတ္ဦးေလ"

ဟန္လင္းထက္ရဲ႕အသံတို႔က ေလးပင္၍ေျခာက္ကပ္ေနေပသည္။

"aww ဟုတ္သား"

မင္းစက္မွာမသန္မစြမ္းျဖစ္ေနတဲ့သူ႕ကိုယ္သူ စိတ္ထဲ၌မေက်မနပ္ျဖစ္ကာ ေတာက္တေခါက္ေခါက္ျဖင့္။

'ညာဘက္လက္ထိတာ ေသာက္ရမ္းတိုင္ပတ္တာပဲကြာ'

"ကိုစက္ ဒီအတိုင္းၿငိမ္ၿငိမ္ေလးပဲေနေတာ့ က်ေနာ္ခြၽတ္ေပးမယ္"

ဟန္လင္းထက္ကထိုသို႔ဆိုလိုက္ကာ ျဖည္ညင္းျငင္သာစြာျဖင့္ မင္းစက္ရဲ႕႐ွပ္အျဖဴေလးကို ပခုံးေပၚကေနေလွ်ာခ်လိုက္တဲ့အခါ မင္းစက္ရဲ႕ နံ႔သာျဖဴေရာင္ေက်ာျပင္မြတ္မြတ္ေလးက သူ႕မ်က္စိေ႐ွ႕မွာအကာကြယ္မဲ့စြာအတိုင္းသားထြက္ေပၚလာတာေၾကာင့္ သူရဲ႕မ်က္လုံးေတြက နက္ေမွာင္သြားရသည္။

အေ႐ွ႕ဘက္ကိုလွည့္ထားရတဲ့မင္းစက္ရဲ႕မ်က္ႏွာတစ္ျပင္လုံးဟာဆိုရင္ ဟန္လင္းထက္ရဲ႕အသက္႐ွဴသံေတြကိုနားေထာင္ေနရင္းခရမ္းခ်ဥ္သီးေရာင္သို႔ေျပာင္းလဲသြားရၿပီးၾကက္သီးမထမိေအာင္ သူ႕ကိုယ္သူအတတ္ႏိုင္ဆုံးထိန္းထားရေလသည္။

ဟန္လင္းထက္က သူ၏ခပ္ေလးေလးအသက္႐ွဴသံေတြကိုတစ္စကၠန္႔အတြင္းျပန္ထိန္းလိုက္ကာ ထိုေက်ာျပင္ေလးကိုေသေသခ်ာခ်ာၾကည့္လိုက္ၿပီးေနာက္ ေအာက္ဘက္သို႔အေရာက္တြင္ တစ္ဖက္သို႔အျမန္လွည့္ခ်လိုက္ၿပီး ေရခ်ိဳးခန္းငယ္ေလးဆီသို႔ေျပးဝင္သြားေတာ့သည္။
ထို႔ေနာက္တံခါးကိုပါအသံျမည္တဲ့အထိ Lockခ်ပစ္လိုက္ေလ၏။ 

မင္းစက္သည္လည္း ေဘးကပ္လ်က္ကေရခ်ိဳးခန္းထဲသို႔ခ်က္ခ်င္းပင္ေျပးဝင္လိုက္ၿပီး တစ္ဖက္ခန္းကေရက်သံကိုၾကားေနရတဲ့တစ္ေလွ်ာက္လုံးသူ႕ရဲ႕မ်က္ႏွာက အပူေလာင္ထားသကဲ့သို႔ပူေလာင္ေနရကာ ေရပန္းကိုဖြင့္ၿပီးေရအျမန္ခ်ိဳးဖို႔ျပင္လိုက္သည္။

သို႔ေသာ္ကံမေကာင္းခ်က္က ေရပန္းကေနေရစက္ေလးေတြက တစ္စက္ခ်င္းစီ ေပါက္ခနဲ ေပါက္ခနဲစီးက်လာတာကိုၾကည့္ရင္း မင္းစက္ခမ်ာငါးခူျပဳံးျပဳံးမိလိုက္ေတာ့သည္။

'ငါ့ရဲ႕ သိပ္လွတဲ့ကံၾကမၼာႀကီးက ေသာက္ရမ္းDramaေတြဆန္တာပဲ ငါဝင္တဲ့အခန္းရဲ႕ေရပန္းမွာမွ ေရျပတ္ေနတယ္တဲ့လား'

မင္းစက္မွာစိတ္တိုရလြန္းလို႔ေရပန္းေဂါက္ႀကီးကိုကိုင္ၿပီးလဲေသေတာ့မတတ္ပင္။

တစ္ဖက္ခန္းရဲ႕ေရက်သံကရပ္သြားၿပီးေနာက္ ဟန္လင္းထက္ရဲ႕အက္႐ွ႐ွအသံကနံရံေတြထဲကေနဟိန္းထြက္လာခဲ့သည္။

"ကိုစက္အခန္းကေရမရဘူးလား အခုထိေရက်သံမၾကားေသးလို႔"

"ဟုတ္တယ္ မရဘူး အလင္း"

"က်ေနာ္႕အခန္းထဲမွာလည္းအခုေရမက်လာေတာ့လို႔ က်ေနာ္တျခားအခန္းေတြဆီလိုက္စစ္ၾကည့္လိုက္ဦးမယ္ ကိုစက္ခန အျပင္ထြက္ခဲ့ဦး"

မင္းစက္လည္းဟန္လင္းထက္အေျပာကိုသေဘာတူလိုက္ကာ အခန္းေ႐ွ႕သို႔အဝတ္အစားေလးေတြပိုက္ရင္းျပန္ထြက္လာေလသည္။

အေပၚပိုင္းခႏၶာကိုယ္က ဗလာက်င္းျဖစ္ေနတာေၾကာင့္ စိတ္မလုံမလဲျဖစ္လာရၿပီး
ညဘက္အပူခ်ိန္က်ဆင္းလာမႈေၾကာင့္ၾကက္သီးတျဖန္းျဖန္းထလာရကာ သူ၏အသက္႐ႈႏႈန္းတို႔ကေတာင္ အတက္အက် မမွန္ေတာ့ေပ။

"ကိုစက္ ဒီအခန္းေရရတယ္"

ဟန္လင္းထက္က အစြန္ဆုံးအခန္းေ႐ွ႕၌ရပ္ေန၍မင္းစက္အားလွမ္းေျပာလာခဲ့သည္။ ေကာင္ေလးကအနက္ေရာင္အတြင္းခံတစ္ထည္သာဝတ္ထားတာေၾကာင့္အေပၚပိုင္းတစ္ျပင္လုံးဗလာက်င္းေနကာ ေတာင့္တင္းသန္မာစြာထြက္ေပၚေနတဲ့ေျခတံ႐ွည္႐ွည္ေတြက အလြန္ဆြဲေဆာင္မႈ႐ွိလွသည္။

ေရစက္ေလးေတြကလည္ပင္းညႇပ္႐ိုးကေနတဆင့္ ႂကြက္သားအေျမာင္းေလးေတြကိုျဖတ္၍ ေဘာင္းဘီထဲသို႔စီးဝင္သြားသည္ကိုျမင္ၿပီးမင္းစက္ရဲ႕တစ္ကိုယ္လုံးမွာနီရဲတြတ္လာရေတာ့သည္။သို႔ေသာ္သူကအသားညိဳတာေၾကာင့္သိပ္ၿပီးမသိသာေပ။

"ကိုစက္ အရင္ခ်ိဳးလိုက္ေလ က်ေနာ္အျပင္မွာေစာင့္ေနမယ္ ကိုစက္ၿပီးမွပဲက်ေနာ္ခ်ိဳးလိုက္မယ္"

အခ်ိန္ကေနာက္က်ေနၿပီမို႔ေရကပိုေအးလာသည္။ၿပီးေတာ့ ထမင္းစားေဆာင္ဘက္သို႔လည္း ေျခဦးလွည့္ရဦးေပမည္။ေသခ်ာပါသည္ ေနာက္က်ေနၿပီျဖစ္တာေၾကာင့္ အသားဟင္းလည္းအ႐ိုးကိုက္ရေတာ့မည့္ဘဝပင္။

"အကို႔ကိုေစာင့္မေနပါနဲ႔ေတာ့ ေရကတစ္ခန္းထဲရေတာ့လည္း ဘာတတ္ႏိုင္မွာလဲ အတူတူခ်ိဳးၾကတာေပါ့ ေရကေနာက္က်ရင္ပိုေအးသြားလိမ့္မယ္ အကိုတို႔က ေယာက်္ားခ်င္းပဲဟာ ဘာ႐ွက္စရာ႐ွိမွာလဲေနာ္႕"

ထိုအခါ ဟန္လင္းထက္က ခန္႔မွန္းမရေသာအျပဳံးတစ္ပြင့္ကိုလွစ္ခနဲျပဳံးလိုက္ကာ
"က်ေနာ္ကေတာ့ ကိစၥမ႐ွိပါဘူး ကိုစက္ကေကာ" ဟုဆို၍ မင္းစက္အားအဓိပၸါယ္ပါပါစိုက္ၾကည့္လာခဲ့သည္။

မင္းစက္က႐ွက္စရာေကာင္းတဲ့ကိစၥတစ္ခုကိုလူမိသြားသလိုမ်ိဳးခံစားလိုက္ရတာေၾကာင့္ ေခ်ာင္းဟန္႔လိုက္ကာ သူကေမးေမာ့လိုက္ရင္းဂ႐ုမစိုက္သည့္ဟန္ျဖင့္ ဆိုလိုက္ေလသည္။

"အကိုက ပိုလို႔ေတာင္ကိစၥမ႐ွိေသး"

"ေကာင္းၿပီေလ ကိုစက္ေျပာတာေနာ္"

မင္းစက္ကအခန္းထဲသို႔အရင္ဝင္သြားလိုက္ၿပီး ေနာက္ဆုံး၌ ဟန္လင္းထက္လည္း လိုက္ဝင္သြားကာ အခန္းတံခါးကိုဘန္းခနဲျမည္ေအာင္ဆြဲပိတ္လိုက္ပါေတာ့သည္။

================================

မင္းခန္႔ထည္က မင္းစက္ကို သတင္းေမးရန္အေဆာင္ဆီသို႔သြားခဲ့ေသာ္လည္း အခန္းတံခါးေပၚ႐ွိေသာ့ခေလာက္ကသာ သူ႕အားႀကိဳဆိုေနခဲ့သည္မို႔ သူလာရာလမ္းဆီသို႔ျပန္ေလွ်ာက္လာခဲ့ရေလသည္။

သူအခန္းဆီကိုျပန္ေရာက္ေတာ့ ခုတင္ေပၚမွာအရင္တိုင္းပင္ ပုဇြန္ထုပ္ေလးကဲ့သို႔ေကြးေကြးေလးအိပ္ေပ်ာ္ေနေသာ ႐ိႈင္းေဇယံရဲ႕ေက်ာျပင္ေလးက သူ႕မ်က္လုံးမ်ားကို  အႀကိမ္ႀကိမ္အခါခါ ညိႇဳ႕ငင္ေနေပသည္။

မင္းခန္႔ထည္လည္း အံဆြဲထဲမွ အနာက်က္ေဆးႏွင့္ပက္တီးလိပ္ေလးကို ယူထုတ္လိုက္ၿပီး ႐ိႈင္းေဇယံရဲ႕ခုတင္ေထာင့္နားေလး၌ ခပ္ဖြဖြထိုင္ခ်လ်က္ ႐ိႈင္းရဲ႕ေျခေထာက္ေလးအားမလိုက္ရင္း ဂ႐ုတစိုက္ ေဆးထည့္ေပးေနေလသည္။

အိပ္ေပ်ာ္ေနတဲ့လူသားေလးက တစ္ခ်က္တစ္ခ်က္ေတာ့ကိုယ္ေလးလႈပ္လာခဲ့ေပမယ့္ အလန္႔တၾကားႏိုးလာျခင္းေတာ့မ႐ွိေပ။ မင္းခန္႔ထည္လည္းေဆးထည့္ၿပီးသြားေတာ့ ေျခေထာက္ေလးကိုအသာေလးပင္ျပန္ခ်လိုက္ကာ ေျဖးေျဖးခ်င္းခုတင္နားမွထလိုက္ေတာ့သည္။

"အင္း……………အင္း………က်ေနာ္ေတာင္းပန္ပါတယ္!!!! က်ေနာ္႕ကိုနာက်င္ေအာင္မလုပ္ၾကပါနဲ႔ေတာ့ က်ေနာ္နာလွၿပီဗ်!!!"

႐ိႈင္းရဲ႕ ဝူးဝူးဝါးဝါးငိုသံမ်ားကိုၾကားတဲ့အခါ မင္းခန္႔ထည္လည္းျပာသြားရၿပီး ႐ိႈင္းကိုလႈပ္ႏိႈးလိုက္ေတာ့ေလသည္။

"ညီ……ညီ……႐ိႈင္းေလး"

မင္းခန္႔ထည္ထိုသို႔လႈပ္ႏိႈးလိုက္ေတာ့
ေကာင္ေလးကျပန္ၿငိမ္က်သြားၿပီး မ်က္လုံးေတြကေတာ့ပြင့္မလာခဲ့ဘဲ မ်က္ေတာင္ေလးေတြသည္သာတဆတ္ဆတ္လႈပ္ခတ္လို႔ေနလ်က္ထပ္ၿပီးအိပ္ေပ်ာ္သြားျပန္ေလသည္။

ၿပီးေတာ့သူ႕ရဲ႕ကိုယ္ေလးက နံရံဘက္သို႔မ်က္ႏွာမူထားရာကေနလွည့္လာတာေၾကာင့္ မင္းခန္႔ထည္နဲ႔မ်က္ႏွာခ်င္းဆိုင္အေနအထားသို႔ေရာက္လာခဲ့ရသည္။

မင္းခန္႔ထည္ ႐ိႈင္းရဲ႕မ်က္ႏွာေလးကိုေသခ်ာၾကည့္လိုက္ေတာ့ ေကာင္ေလးရဲ႕မ်က္ဝန္းေထာင့္နားေလးေတြမွာပုလဲစက္ေလးမ်ားက စီတန္းလ်က္ေႂကြဆင္းက်ေနသည္ကိုေတြ႕လိုက္ရတာေၾကာင့္ သူမေနႏိုင္ဘဲ ထိုမ်က္ရည္စက္ေလးေတြကို လိုက္လံသုတ္သင္ေပးေနခဲ့သည္။

"႐ိႈင္းေလးရာ အိမ္မက္ထဲမွာဘာေတြမ်ားျဖစ္ေနလို႔လဲကြာ"

႐ိႈင္းရဲ႕လက္ေလးတစ္ဖက္ကို သူကိုင္ၾကည့္လိုက္ေတာ့ လက္ကေလးမ်ားက အေႏြးဓာတ္ေလးစိုးမိုးေနေလသည္။
ေခြၽးသီးေခြၽးေပါက္ေလးေတြသီးေနတဲ့ႏွဖူးျပင္ေလးကို သူ႕ရဲ႕လက္ဖ်ားေလးျဖင့္ျငင္သာစြာစမ္းၾကည့္လိုက္ၿပီးေနာက္ ႐ိႈင္းရဲ႕ႏို႔ႏွစ္ေရာင္လည္တိုင္ံျဖဴျဖဴေလးကိုပါစမ္းၾကည့္လိုက္တဲ့အခါသူ႕မ်က္ႏွာကပ်က္ယြင္းသြားရေတာ့သည္။

"ညီ့ကိုယ္ေတြပူေနတယ္"

မင္းခန္႔ထည္လည္း ပုဝါတစ္ခုကိုအျမန္ယူလိုက္လ်က္ ေရသန္႔ဘူးမွေရနဲ႔ကမန္းကတမ္းဆြတ္လိုက္ၿပီး ႐ိႈင္းေဇယံရဲ႕ႏွဖူးေလးေပၚသို႔ပုဝါေလးကို အသာတင္ေပးထားလိုက္သည္။

တျခားပုဝါတစ္ခုကိုလည္းေရထပ္စြတ္လိုက္ၿပီးေနာက္ ႐ိႈင္းရဲ႕ခပ္ေႏြးေႏြး လက္ဖဝါးေလးမ်ားကိုျငင္သာစြာသုတ္ေပးလာကာ  အေႏြးဓာတ္တို႔ခိုေအာင္းေနတဲ့႐ိႈင္းရဲ႕လည္တိုင္ေလးကိုလည္း ထိုပုဝါေလးကမခြၽင္းမခ်န္ထိကပ္သြားခဲ့ေလသည္။

ၿပီးတဲ့အခါ ေကာင္ေလးကို မရရေအာင္လႈပ္ႏိႈးလိုက္ကာ အဖ်ားက်ေဆးေသာက္ခိုင္းလိုက္၏။
႐ိႈင္းကမင္းခန္႔ထည္သူ႕အားေဆးတိုက္လာခဲ့တဲ့အခ်ိန္မွာ တစ္ခ်က္ႏိုးလာၿပီးေနာက္ အဖ်ားေၾကာင့္သူ႕ရဲ႕မ်က္ဝန္းေလးမ်ားက ျပန္ေမွးစင္းသြားျပန္ေလသည္။

မင္းခန္႔ထည္ ႐ိႈင္းရဲ႕ျဖဴလႊလႊျခင္ေထာင္ေလးကိုခ်ေပးလိုက္ၿပီး သူကေတာ့ခုံတစ္လုံးကိုဆြဲကာ ထိုင္ခ်လိုက္ၿပီးေနာက္ ေျခေထာင္အျပင္ဘက္ကေန ေနမေကာင္းျဖစ္ေနတဲ့လူမမာေလးအားတစ္ခ်ိန္လုံးေစာင့္ၾကည့္ေပးေနခဲ့သည္။

သစ္သားခုံေလးေပၚမွာေက်ာမွီထိုင္လိုက္ရင္း  ႐ိႈင္းရဲ႕ေဖ်ာ့ေတာ့ေတာ့ မ်က္ႏွာေလးကို အခ်ိန္ေတြအၾကာႀကီးေငးစိုက္ၾကည့္ေနမိကာသူ႕ရဲ႕မ်က္လုံးေတြထဲမွာထိုေကာင္ေလးရဲ႕ပုံရိပ္ေတြသည္သာေရာင္ျပန္ထင္ဟပ္လို႔ေနလ်က္။

မင္းခန္႔ထည္လည္း အခ်ိန္အေတာ္ၾကာတဲ့အထိေစာင့္ၾကည့္ေနရင္းမွ တစ္ေန႔ကုန္ဟိုေျပးဒီေျပးနဲ႔ပင္ပန္းထားတဲ့ေညာင္းညာမႈေတြကို သူ႕ရဲ႕ခႏၶာကိုယ္ကေတာင့္မခံႏိုင္ေတာ့တာေၾကာင့္အနီးနား႐ွိစားပြဲခုံေလးေပၚသို႔ လက္တစ္ဖက္ကိုေထာက္ကန္ထားလ်က္ႏွင့္အိပ္ေပ်ာ္သြားေတာ့ေလသည္။
လူကေတာ့ ႏိုးတစ္ဝက္မႏိုးတစ္ဝက္ျဖင့္။

အိမ္မက္နယ္ပယ္ထဲေရာက္သြားတဲ့အခါ သူ႕ရဲ႕ေအးစက္စက္ႏႈတ္ခမ္းတစ္စုံအေပၚေႏြးအိအိႏႈတ္ခမ္းေလးတစ္စုံကႏူးညံ့သိမ္ေမြ႕စြာထိကပ္လာခဲ့တာေၾကာင့္ စကၠန္႔ပိုင္းေလးမွ် ခ်ိဳၿမိန္သြားရေလသည္။

တစ္စုံတစ္ေယာက္ရဲ႕ခ်စ္စဖြယ္ရယ္သံလြင္လြင္ေလးက မင္းခန္႔ထည္ရဲ႕အၾကားအာ႐ုံထဲ၌ အိမ္မက္နဲ႔လက္ေတြ႕မခြဲျခားႏိုင္ေတာ့တဲ့အထိ ယစ္မူးစြာနဲ႔ပ်ံ႕ႏွံ႔ေနလ်က္။

လက္ေအးေအးေလးတစ္စုံက သူ႕ရဲ႕ပါးျပင္ေပၚကို အလင္းျမန္ႏႈန္းႏွင့္ တခနျဖတ္ေျပးသြားတဲ့အခါ သူျပဳံးမိသြားသည္။

ၿပီးေတာ့ သူ႕ရဲ႕နားဖ်ားေလးေပၚက်ေရာက္လာတဲ့ပူေႏြးေႏြးအသက္႐ွဴသံေလးနဲ႔အတူခပ္တိုးတိုးေျပာျပေနတဲ့အသံေလးတစ္သံ။ စကားလုံးေလးေတြကိုေသခ်ာစီၾကည့္လိုက္မယ္ဆိုလွ်င္ျဖင့္ထိုသို႔အဓိပၸါယ္ရေလ၏။

"က်ေနာ္ အကို႔ကို ခ်စ္တယ္" ဟူ၍။

မင္းခန္႔ထည္ ျဖတ္ခနဲလန္႔ႏိုးလာေတာ့ အခ်ိန္မွာမနက္ေလးနာရီေလာက္႐ွိေနေလၿပီ။႐ိႈင္းကေတာ့ ညတုန္းကအေနအထားအတိုင္းဘဲ
မေျပာင္းမလဲအိပ္ေပ်ာ္ေနခဲ့ကာ မင္းခန္႔ထည္က ျဖဴလႊလႊျခင္ေထာင္ေလးအား အနဲငယ္လွစ္ဟလိုက္ၿပီး ေကာင္ေလးရဲ႕ႏွဖူးေလးကိုစမ္းၾကည့္လိုက္ေတာ့ အပူက်သြားၿပီျဖစ္သည္။

"ဟူး! ေတာ္ေသးတယ္ အပူက်သြားလို႔"

႐ိႈင္းအပူက်သြားေသာ္လည္း မင္းခန္႔ထည္တစ္ေယာက္သူ႕ခုတင္ေပၚတြင္မလဲေလ်ာင္းႏိုင္ေသးဘဲ သစ္သားခုံေလးေပၚတြင္သာျပန္ထိုင္လိုက္ကာ မ်က္ဝန္းမ်ားက ႐ိႈင္းရဲ႕မ်က္ႏွာေလးေပၚတြင္သာ ေလးနက္နင့္နဲစြာျဖင့္ၿငိတြယ္လို႔ထားလ်က္။

႐ိႈင္း ညတုန္းကလို ေၾကာက္လန္႔တၾကားနဲ႔ေအာ္ငိုေနမွာစိုးတာေၾကာင့္ သူ႕ရဲ႕အိပ္စက္ျခင္းတို႔ကို ထပ္မံလ်စ္လ်ဴ႐ႈထားလိုက္ၿပီးအကယ္၍ ႐ိႈင္းေဇယံသာ ထိုသို႔ထပ္ျဖစ္လာမည္ဆိုလွ်င္ေကာင္ေလးစိတ္ေအးရေအာင္
သူေႏြးေထြးမႈအျပည့္နဲ႔ႏွစ္သိမ့္ေပးဖို႔အသင့္ျဖစ္ေနေအာင္ပင္။

မင္းခန္႔ထည္ရဲ႕ႏႈတ္ခမ္းထက္႐ွိ အျပဳံးပန္းေလးက မနက္အာ႐ုဏ္ဦးေရာင္ျခည္ႏွင့္အတူပြင့္လန္းေနလ်က္႐ွိသည္။

သူမက္ခဲ့တဲ့အိမ္မက္တစ္ခုကသူ႕ရဲ႕မွတ္ဥာဏ္ေတြထဲမွာျပန္ေပၚလာတဲ့အခါ သူ႕၏ႏႈတ္ခမ္းသားေတြကို ထိကိုင္ၾကည့္မိလိုက္သည္။

'ဒီအိမ္မက္ေလးက အရမ္းလွလြန္းၿပီးအရမ္းလည္းခ်ိဳၿမိန္ေနခဲ့ရေပမယ့္
အိမ္မက္တစ္ခုလို႔မထင္မွတ္ရေအာင္လက္ေတြ႕ဆန္လြန္းေနျပန္တယ္'

================================

မနက္၇နာရီထိုးေတာ့ အခန္းထဲမွာ Rockဂီတ ringtoneသံဟာ က်ယ္ေလာင္စူး႐ွစြာထျမည္လာေလသည္။

ခုံေပၚမွာေမွးေနတဲ့မင္းခန္႔ထည္ကက်ိန္းစပ္စပ္မ်က္လုံးေတြနဲ႔အတူ စားပြဲေပၚကဖုန္းေလးကိုလွမ္းယူလိုက္ၿပီး ဖုန္းကိုင္လိုက္ကာ က်က္သေရ႐ွိလွေသာစကားလုံးေလးမ်ားျဖင့္မနက္ခင္းကိုစဖြင့္လိုက္ေလ၏။

"ငလူးေရ ! မင္းဘာကိစၥဒီအခ်ိန္ႀကီး ဖုန္းဆက္ရျပန္တာလဲ"

"ဘာ! ငလူးဟုတ္လား! မင္းသူငယ္ခ်င္းႀကီးတစ္ေယာက္လုံး လက္က်ိဳးထားတယ္ဆိုတာသတိရေသးရဲ႕လားကြ!!"

မင္းစက္ကေဒါနဲ႔ေမာနဲ႔ေအာ္ေျပာလာတာေၾကာင့္မင္းခန္႔ထည္မွာနားအူသြားရၿပီးဖုန္းကိုနားနဲ႔နဲနဲခြာလိုက္ရေလသည္။

"မေန႔က ငါ ေနာက္က်တဲ့အခ်ိန္အထိမင္းအခန္းဆီကိုေရာက္လာေသးတယ္ကြ
အဲ့အခ်ိန္ထိျပန္မေရာက္ေသးရေအာင္ မင္းတို႔၂ေယာက္စလုံးကဘယ္ခ်ံဳသြားတိုးေနလဲမွမသိတာ"

ထိုစကားၾကားေတာ့မွမင္းစက္ရဲ႕ခပ္မာမာအသံတို႔ကခ်က္ခ်င္းေပ်ာ့ေခြသြားကာေခ်ာင္းဟန္႔လိုက္ရင္းဆိုသည္။

"မင္းလာေသးတယ္ေပါ့ဟုတ္လား မင္းကငါ့ကိုဂ႐ုစိုက္ေသးသားပဲ ဒီလိုဆိုေတာ့လည္းေက်နပ္ေပးရမွာေပါ့...ေက်နပ္ေပးရမွာေပါ့ .."

"မေက်နပ္ရင္လည္းလဲေသလိုက္ေလ ေခြးရဲ႕ ဖုန္းခ်လိုက္ေတာ့ !"

"ေဟ့ေရာင္ေနစမ္းပါဦး ငါေျပာခ်င္တာေတာင္မေျပာရေသးဘူးေလ
မင္းကဘာကိစၥေလာေနရျပန္တာတုန္း"

မင္းခန္႔ထည္ကေတာင့္ေနတဲ့သူ႕ရဲ႕ဇက္ေၾကာေတြကိုအသံျမည္ေအာင္ခ်ိဳးခ်လိုက္ၿပီးမ်က္႐ိုးကိုဖိကိုင္လိုက္ကာေလသံနိမ့္နိမ့္နဲ႔ေျပာျပလာသည္။

"ဒီမွာ ညီေနမေကာင္းဘူး မေန႔ညက
ကိုယ္ေတြပူေနၿပီးတစ္ညလုံးအိပ္မေပ်ာ္ဘူးထင္တယ္ မိုးလင္းမွၿငိမ္ၿပီးအိပ္ေပ်ာ္သြားတာ ငါတို႔ဖုန္းေျပာေနတဲ့အသံေၾကာင့္ ညီႏိုးသြားမွာစိုးလို႔"

"မင္းဒီလိုသဲေနပုံမ်ိဳးနဲ႔ေတာ့လား ဟိုမိန္းမသာသိသြားလို႔ကေတာ့ ထပ္ၿပီးအ႐ူးေထာင္ကိုပို႔ေနရဦးမယ္"

" ဖာ့ခ္ ..မဆိုင္တာေတြမေျပာစမ္းနဲ႔"

အဆဲသံထပ္ၾကားလိုက္ရေတာ့မင္းစက္ကတဟားဟားနဲ႔ေလွာင္ရယ္ရယ္လာကာ လိုရင္းကိုဆက္ေျပာလာေတာ့သည္။

"sorryပါကြာ ငါဒီေန႔ဌာနသြားႏိုင္မွာမဟုတ္ဘူးလို႔ မင္းကိုလွမ္းေျပာတာ အဲ့တာပဲ"

မင္းခန္႔ထည္က သိၿပီျဖစ္ေၾကာင္းအသံျပဳကာဖုန္းခ်လိုက္ၿပီး ႐ိႈင္းေဇယံကိုတစ္ခ်က္ၾကည့္လိုက္ေလေသာ္ ေကာင္ေလးက
ၿငိမ္သက္စြာအိပ္ေပ်ာ္ေနဆဲပင္။

ေကာင္ေလးကိုၾကည့္ေနရင္းနဲ႔မင္းစက္ေျပာလာတဲ့စကားေတြကို သူ႕နားထဲမွာျပန္ၾကားေယာင္ေနမိကာ႐ႈပ္ေထြးလြန္းတဲ့အေတြးတစ္ပုံတစ္ပင္က သူ႕ေခါင္းထဲမွာျပည့္ႏွက္လာခဲ့ရျပန္သည္။

'ငါ ညီ့အေပၚ အရမ္းမ်ားပိုလြန္းေနလား
ဒါကလည္း ညီ့ကိုငါကိုယ္တိုင္က ညီအရင္းတစ္ေယာက္လိုတြယ္တာေနမိတာကိုး။
ဒါေပမယ့္ငါ့စိတ္ထဲမွာ ဘာလို႔မ်ား တစ္စုံတစ္ရာ မွားယြင္းေနတယ္လို႔ခံစားမိေနတာပါလိမ့္'

မင္းစက္တစ္ေယာက္မင္းခန္႔ထည္နဲ႔ဖုန္းေျပာၿပီး ခနၾကာေတာ့ ဟန္လင္းထက္က လက္ဖက္ရည္ဆိုင္ေလးထဲကိုျပန္ဝင္လာသည္။

မနက္ကတည္းက သူ႕ကို အတင္းႏိႈးၿပီး အေဆာင္ကအစားအစာေတြကိုၿငီးေငြ႕လို႔ အေ႐ွ႕ကဆိုင္ေလးမွာ တစ္ခ်က္ေလာက္သြားစားၾကည့္မယ္ဆိုၿပီး နားပူနားဆာတိုက္ဂ်ီက်ေနတာေၾကာင့္ သူ႕ခမ်ာ မထစဖူးေစာေစာထလိုက္ရကာ မ်က္ႏွာေတာင္မသစ္အားဘဲ သြားကမမ္းကတန္းတိုက္ၿပီး စုတ္စုတ္ျပတ္ျပတ္နဲ႔ထြက္လာခဲ့ရသည္။

ၿပီးေတာ့ ၂ေယာက္သား ဆိုင္ထဲေရာက္ၿပီးကာမွ ပိုက္ဆံအိတ္က်န္ခဲ့လို႔ဆိုၿပီး ထိုေကာင္ေလးက အေဆာင္ကိုသြားျပန္ယူေလရဲ႕။
ေတာ္ေသးတယ္ သူမ႐ွိတုန္း မင္းခန္႔ဆိုတဲ့
မေကာင္းတဲ့အေကာင္ကို
ေကာလိုက္ရလို႔ အခုမွပဲ ေနသာထိုင္သာ႐ွိသြားေတာ့တယ္။

ဟန္လင္းထက္က မင္းစက္ေဘးကခုံေလး၌ ဝင္ထိုင္လိုက္ကာျပဳံး၍ေမးလာခဲ့သည္။

"ကိုစက္ ေစာင့္ရတာၾကာသြားၿပီလား"

"မၾကာပါဘူး"

"ကိုစက္ ဘာစားမလဲ က်ေနာ္ဝယ္ေကြၽးမယ္ေလ"

"ရပါတယ္ အကို ဒီအခ်ိန္မဆာဘူး"

"ဒါဆို လက္ဖက္ရည္ဘဲမွာလိုက္မယ္ေနာ္"

"Ok"

ဟန္လင္းထက္ကလက္ခုပ္၂ခ်က္တီးလိုက္ေတာ့သူတို႔စားပြဲနားသို႔ စားပြဲထိုးေကာင္ေလးတစ္ေယာက္ေရာက္လာေလသည္။

"ခ်ိဳဆိမ့္တစ္ခြက္ က်စိမ့္တစ္ခြက္ ခ်ိဳဆိမ့္က ပုံမွန္အခ်ိဳထက္နဲနဲခ်ိဳေပး"

စားပြဲထိုးေကာင္ေလးက Orderလက္ခံကာထြက္သြားၿပီးေနာက္ မင္းစက္ကဟန္လင္းထက္ကိုသံသယမ်က္ဝန္းေတြနဲ႔ၾကည့္လာကာ စကားအစ္လိုက္သည္။

"အလင္းက အကို႔အႀကိဳက္ေတြကိုသိပ္သိတာပဲေနာ္ အခ်ိဳပိုထည့္ဖို႔ေတာင္အကိုသီးသန္႔မွာေနစရာမလိုဘူး
အကိုဒီလိုေသာက္တတ္မွန္း ဘယ္လိုမ်ားသိေနတာပါလိမ့္"

သူ႕ေ႐ွ႕ကဒီေကာင္ေလးဟာ အကိုသူငယ္ခ်င္းျဖစ္ခဲ့ဖူးတဲ့သူ႕အေပၚကို ဘယ္လိုအၾကံအစည္ေတြနဲ႔ခ်ဥ္းကပ္ေနတာလဲဆိုတာ ခန္႔မွန္းခ်င္တာေၾကာင့္ေမးလိုက္ျခင္းျဖစ္သည္။

အကယ္၍ ဒီေကာင္ေလးသာ သူ႕အကိုအေၾကာင္းသူ႕ရဲ႕ပါးစပ္ကေနကိုယ္တိုင္ထုတ္ေျပာလာခဲ့မယ္ဆိုရင္ေတာ့ အေျဖဟာ႐ွင္းပါတယ္ သူ႕အေပၚကို ဟန္လင္းထက္ကအၾကံအစည္တစ္ခုနဲ႔ခ်ဥ္းကပ္ခဲ့ျခင္းမ်ိဳးမဟုတ္ေပ။သို႔ေသာ္ မာန္အေၾကာင္းကို သူဆက္ၿပီးဖုံးကြယ္ထားခဲ့မယ္ဆိုရင္ေတာ့ျဖင့္ အေျဖကတစ္မ်ိဳးတစ္မည္ကြဲသြားခဲ့ေလၿပီ။
ဟန္လင္းထက္က သူ႕အနားကိုေရာက္လာရတဲ့အေၾကာင္းရင္းမွာ ႐ိုးသားျခင္းတို႔႐ွိမေနခဲ့တာေသခ်ာေပါက္ပင္။

'ေသခ်ာပါတယ္ မင္းကို မာန္ေျပာျပထားတာမွတ္လား ငါ့ကိုပြင့္ပြင့္လင္းလင္းေျပာျပလိုက္စမ္းပါ ဟန္လင္းထက္ရာ  မင္းေျဖလာမယ့္အေျဖကငါ့အတြက္သိပ္အေရးႀကီးတယ္ကြ'

မင္းစက္ရဲ႕ထိုအေမးကိုအျဖဴေရာင္ေႂကြခြက္ေလးႏွစ္ခြက္ထဲသို႔ေရေႏြးၾကမ္းတခ်ိဳ႕ေလာင္းငွဲ႔ေနပါတဲ့ ဟန္လင္းထက္က တည္ၿငိမ္စြာသာျပန္ေျဖလာခဲ့သည္။

"က်ေနာ္႕အေ႐ွ႕ကလူပဲေျပာျပထားတာေလ"ဟူ၍။

"…..!"

ဟန္လင္းထက္ရဲ႕အေျဖဟာ မင္းစက္အတြက္ယုံႏိုင္ဖြယ္ရာနတၳိ။
မင္းစက္ခမ်ာဆြံ႕အသြားရၿပီး သူ႕ကိုယ္သူလက္ညိႇဳးျပန္ထိုးျပကာ မ်က္လုံး႐ြဲႀကီးမ်ားနဲ႔ေရ႐ြတ္လိုက္ေတာ့သည္။

"ငါက ေျပာျပထားတာ!"

"အင္း"

ဟန္လင္းထက္က ေခါင္းၿငိမ့္ျပကာႏႈတ္ခမ္းေထာင့္ေလးေတြကိုတြန္႔ေကြးလိုက္လ်က္ မင္းစက္ကိုၾကည့္လာခဲ့ေလသည္။

"အကိုတို႔ အရင္ကတစ္ေနရာရာမွာဆုံဖူးၾကလို႔လား"

ဒီေမးခြန္းက လုံးဝကိုအဓိပၸါယ္႐ွိမေနမွန္း
သူသိေပမယ့္ ဒီေကာင္ေလးရဲ႕အၾကည့္ေတြနဲ႔စကားလုံးေတြကေက်ာမလုံတဲ့ခံစားခ်က္ေတြကို ျဖစ္ေပၚေစတာေၾကာင့္ မျဖစ္ႏိုင္ေခ်ေတြကိုအကုန္ေဘးဖယ္ထားလိုက္ၿပီး သူေမးလိုက္ရျခင္းပင္။

ဟန္လင္းထက္ကေတာ့ တည္တည္ၿငိမ္ၿငိမ္နဲ႔ပင္ျပန္တုံ႔ျပန္လာကာေရေႏြးပူပူေလးတစ္ခြက္ကိုမင္းစက္ေ႐ွ႕ခ်ေပးလာခဲ့သည္။

"ကိုစက္ အသိထဲမွာ က်ေနာ္႕လိုလူမ်ိဳး႐ွိခဲ့ဖူးလို႔လား"

"ဟင့္အင္း တစ္ခါမွမ႐ွိခဲ့ဖူးဘူး"

"အဲ့ဒါဆိုအေျဖက႐ွင္းပါတယ္ က်ေနာ္တို႔အရင္က အျပင္မွာတစ္ခါမွမေတြ႕ခဲ့ဖူးလို႔ေပါ့"

"ဟုတ္တယ္ေနာ္ ဒါေပမယ့္ကြာ အကို႔ကိုတစ္မ်ိဳးေတာ့မထင္နဲ႔ေနာ္.. အလင္းကိုေလ အကိုရင္းႏွီးေနတယ္လို႔ခံစားေနရတယ္"

"အဲ့ဒါဆိုလည္း စဥ္းစားၾကည့္ေပါ့ ဘာလို႔အဲ့လိုခံစားေနရတာလဲဆိုတာ"

ဟန္လင္းထက္အေျပာကိုမင္းစက္ကေတြေဝေငးေမာစြာနဲ႔စဥ္းစားေနရင္း ေရေႏြးခြက္ကိုေကာက္ကိုင္လိုက္ၿပီး ေသာက္ခ်လိုက္ေလရာလွ်ာက်က္သြားေတာ့ေလသည္။ မင္းစက္လွ်ာက်က္သြားတာကိုသိတဲ့ဟန္လင္းထက္က ေရသန္႔စက္ကေနေရေအးတစ္ခြက္ကိုအေျပးခပ္လိုက္ၿပီးကမ္းေပးလာခဲ့သည္။

"ကိုစက္အဆင္ေျပရဲ႕လား ? "

"No problem.... "

မင္းစက္ကသူ၏ႏႈတ္ခမ္းကိုအုပ္ကိုင္ထားရင္း ငိုမဲ့မဲ့အသံႀကီးနဲ႔ဆိုလိုက္ျခင္းျဖစ္ေလ၏။

သူဆင္ထားတဲ့ေထာင္ေခ်ာက္ထဲထိုေကာင္ေလးမက်သြားဘဲ ထိုေကာင္ေလးဆင္ထားတဲ့ေထာင္ေခ်ာက္ထဲမွာသူကိုယ္တိုင္ပိတ္မိသြားလိမ့္မယ္လို႔ သူလုံးဝမထင္ထားခဲ့ေပ။

ထို႔ေနာက္ စားပြဲထိုးေလးက လက္ဖက္ရည္ႏွစ္ခြက္ကိုလာခ်ေပးေလသည္။ မင္းစက္နဲ႔ဟန္လင္းထက္လည္းထိုအခ်ိန္မွစ, စကားစျပတ္သြားကာ ဟန္လင္းထက္က ခ်ိဳဆိမ့္ခြက္နဲ႔အလုပ္႐ႈပ္ေနတဲ့မင္းစက္ကို မသိမသာခိုးၾကည့္လိုက္ရင္း သူ႕ရဲ႕မ်က္ႏွာထက္မွာအဓိပၸါယ္ပါတဲ့ အျပဳံးတစ္ပြင့္က ေနရာယူထားလ်က္။

'ပေဟ႒ိတစ္ပုဒ္ကိုေျဖ႐ွင္းရတာ တစ္ခါမွားရင္ မွားတဲ့အေျဖကိုျပန္ဆန္းစစ္ၿပီး အေျဖမွန္ကို ျပန္တြက္ယူလို႔ရတယ္။'

'မေရရာတဲ့အေတြးတစ္ခုကိုေျဖ႐ွင္းရတာက ေတာ့ထြက္လမ္းမ႐ွိတဲ့ဝကၤပါလိုပဲ လမ္းမွန္တစ္ခ်က္လြဲသြားတာနဲ႔ တစ္သက္တာ ထြက္ေပါက္ပိတ္သြားလိမ့္မွာပင္'

'မင္းငါ့ကို ေမးခြန္းသတ္လိုက္တာပဲ အႏၲရာယ္ေကာင္ေလးရ!'

===============================

"သဒၵါ နင္ညတုန္းက လိုင္းေပၚမွာေျပာစရာ႐ွိတယ္ဆို ၿပီးလဲၿပီးေရာ ဘာမွမေျပာဘဲ ဘာလို႔ဆင္းသြားတာလဲ"

ျမရိပ္မြန္ဆိုင္တြင္ ထိုင္ေနေသာမိန္းမလွေလးႏွစ္ေယာက္ရဲ႕မနက္ခင္းျမင္ကြင္းေလးဟာ လွပစြာေတာက္ပလ်က္႐ွိသည္။

"ငါ လိုင္းေပၚကေနမေျပာခ်င္လို႔ေပါ့ လူခ်င္းေတြ႕ၿပီးေျပာတာကပိုေကာင္းမယ္ထင္လို႔"

"ဘာအေၾကာင္းမ်ားလဲ"

ျဖဴစင္ေသာ္ကထိုသို႔ေမးေတာ့ သူမေဘးကသဒၵါဆိုတဲ့မိန္းမလွေလးက သူမအိတ္ထဲကဖုန္းကိုထုတ္လိုက္ၿပီး ျဖဴစင္ေသာ္ကိုေပးလိုက္ေလသည္။

"Gallaryထဲဝင္လိုက္ အဲ့ဒီမွာမေန႔က႐ိုက္ထားတဲ့ပုံေတြ႐ွိတယ္ နင္ေသခ်ာၾကည့္ၾကည့္"

ျဖဴစင္ေသာ္လည္း သူမ ေျပာတဲ့အတိုင္းGallaryထဲဝင္လိုက္ၿပီးဓာတ္ပုံေတြေပၚအၾကည့္ေရာက္သြားတဲ့အခါ သူမရဲ႕အမူအရာတို႔ဟာ တိမ္ကင္းစင္တဲ့လမင္းေလးကေန အနက္ေရာင္တိမ္စိုင္ေတြၾကားနစ္ျမဳပ္သြားရတဲ့လမင္းေလးဆီသို႔ေျပာင္းလဲသြားေတာ့သည္။

"ဒီ…ဒီ ပုံေတြက"

သူမႏႈတ္ခမ္းမ်ား တဆတ္ဆတ္တုန္ယင္ေနလ်က္ လက္ထဲကဖုန္းကို အသံျမည္သြားတဲ့အထိ ခုံေပၚသို႔ေဆာင့္ခ်လိုက္ေလ၏။
သဒၵါဆိုတဲ့မိန္းကေလးက သူမရဲ႕တုန္လႈပ္ေနတဲ့အမူအရာကိုၾကည့္လိုက္ရင္း ေလေအးေလးနဲ႔ေျပာျပလာခဲ့သည္။

"မေန႔က ငါတို႔ဌာနမွာ accidentအေသးစားျဖစ္သြားတယ္။
မင္းစက္ကခုံေပၚကေနျပဳတ္က်ၿပီး ညာဘက္လက္က်ိဳးသြားတယ္။ ၿပီးေတာ့ First yearက king selectionေလးတစ္ေယာက္လည္း ေျခေထာက္ထိသြားတယ္ေလ။ "

"ဒီပုံေတြထဲကလိုပဲ မင္းခန္႔ထည္က အဲ့ဒီေကာင္ေလးကိုတအားေတြဂ႐ုစိုက္ေပးေနတာ သူ႕တစ္ေယာက္တည္းဌာနမွာျပာယာကိုခတ္လို႔။
မသိရင္ေလ သူ႕ရည္းစားထိခိုက္သြားတာက်ေနတာပဲ။"

သဒၵါက ေနာက္ဆုံးစကားအေရာက္မွာအသံကိုတမင္သက္သက္ျမႇင့္ၿပီးေျပာလာခဲ့တာေၾကာင့္ ျဖဴစင္ေသာ္က သူမလက္ေတြကိုျဖတ္ခနဲဆုပ္ထားလိုက္ၿပီး ဟန္ေဆာင္ပန္ေဆာင္ရယ္လိုက္လ်က္။

"ေမာင္က အၿမဲတမ္းဒီအတိုင္းပဲေလ
လူတစ္ဖက္သားကို တအားဂ႐ုစိုက္႐ွာတာ"

"နင္တုံးတာ အ,တာလားေတာ့ငါမသိဘူး။ ဒါေပမယ့္ ပုံေတြကိုေသခ်ာၾကည့္ရင္ မင္းခန္႔ထည္အတြက္ ဒီေကာင္ေလးက သူစိမ္းတစ္ေယာက္ကိုဂ႐ုစိုက္ေပးတာထက္ပိုေနတယ္ဆိုတာနင္မျမင္ဘူးလား။"

သဒၵါကဆက္ေျပာလာရင္း သူမရဲ႕စကားသံတို႔က ႐ုတ္တရက္ျပင္းထန္လာခဲ့သည္။

"နင္ ဖိနပ္ေပါက္တုန္းကေတာင္ မင္းခန္႔ထည္က ပလာစတာတစ္ခ်က္ကပ္ေပးဖူးလို႔လား။ ငါပြင့္ပြင့္လင္းလင္းပဲေျပာမယ္ အဲ့ေန႔တုန္းက ဒီေကာင္ေလးအေပၚဂ႐ုစိုက္ေပးေနတဲ့သူ႕အျပဳအမူေတြကိုၾကည့္ရင္း နင္္႕ထက္ေတာင္ သူ႕အတြက္ဒီေကာင္ေလးကပိုအေရးပါေနပါလားလို႔ေတာင္ ငါေတြးမိလိုက္တဲ့အထိပဲ"

ျဖဴစင္ေသာ္ကေတာ့မယုံၾကည္စြာေခါင္းခါကာလုံးဝျငင္းဆန္လာခဲ့သည္။

"နင္မဟုတ္ကဟုတ္ကေတြမေျပာစမ္းနဲ႔။ ေမာင္က ငါ့ကိုခ်စ္ပါတယ္။ ငါ့ကိုခ်စ္လြန္းလို႔ သူ႕အခ်စ္ဆုံးသူငယ္ခ်င္းကိုေတာင္စြန္႔လႊတ္ခဲ့တယ္ဆိုတာကိုနင္လဲသိတယ္မွတ္လား။ နင္ေျပာတဲ့အတိုင္းသာ ငါကသူ႕အတြက္အေရးမပါဘူးဆိုရင္ ေမာင္က ငါ့ဆီမလာဘဲ ဟိုအစုတ္ပလုတ္Gayေကာင္လက္ထဲပါသြားတာၾကာေပါ့။"

"အဲ့ဒါဆို ငါနင့္ကိုတစ္ခုေမးမယ္။ မင္းခန္႔ထည္က နင့္ကိုခ်စ္တယ္ဆိုတဲ့စကားေျပာၿပီးၿပီလား"

ျဖဴစင္ေသာ္ရဲ႕ႏႈတ္ခမ္းလႊာေလးေတြက ပြင့္ဟေနရာကေနတမဟုတ္ခ်င္းေစ့ပိတ္သြားေတာ့သည္။ သူမမွာ ထိုေမးခြန္းအတြက္အေျဖမ႐ွိခဲ့။

"ငါ ဒီေမးခြန္းကိုေမးခဲ့တဲ့အႀကိမ္ေပါင္းလည္းမ်ားၿပီ။ နင့္မွာ အခုခ်ိန္ထိအေျဖမ႐ွိေသးဘူး။ အဲ့ဒါနဲ႔မ်ား နင္ဘာအဓိပၸါယ္နဲ႔သူ႕လိုလူမ်ိဳးကို ဆက္တြဲေနေသးတာလဲ"

သဒၵါရဲ႕ထိုေမးခြန္းအတြက္ေတာ့ သူမမွာ အခိုင္မာဆုံးအေျဖ႐ွိေနခဲ့သည္။

"ခ်စ္လို႔ေလ .. ငါေမာင့္ကို သိပ္ခ်စ္လို႔
ငါ့ေဘးနားမွာ သူ႕ကိုအၿမဲတမ္းထားထားခ်င္တာ။သူငါ့ကိုခ်စ္တယ္လို႔မေျပာလာလည္းေနပါေစ။ ငါ့ဘက္ကသူ႕အေပၚကိုအၿမဲတမ္းဆက္ခ်စ္ေပးေန႐ုံနဲ႔လုံေလာက္ၿပီ။
ဒါငါသူ႕ကို ထာဝရဆက္တြဲေနမယ့္အေၾကာင္းျပခ်က္ပဲ"

ထိုအခါ သူမေဘးက သဒၵါကေတာ့ သက္ျပင္းေမာခ်ကာ ေခါင္းခါလိုက္လ်က္။

"နင္ ဘာလို႔အရမ္းမိုက္႐ူးရဲဆန္ရတာလဲဟာ။ နင္ ထာဝရလို႔ေျပာတယ္ေနာ္။ တကယ္လို႔ နင့္အနားကေန သူ႕ကို ဆြဲထုတ္သြားႏိုင္တဲ့လူ႐ွိလာခဲ့တဲ့တစ္ေန႔က်ရင္ေကာ နင္ အရင္တစ္ခါတုန္းကလိုပဲ သူ႕ကိုမရမက ဆက္ဆြဲထားဦးမွာလား။ ဒီလိုေတြလုပ္ၿပီးေတာ့ေလ"

ဟု ျဖဴစင္ေသာ္ရဲ႕ ဘက္ဘက္လက္ေကာက္ဝတ္ကအမာ႐ြတ္ေလးကို ဆြဲကိုင္ျပလ်က္ေမးလိုက္ေလသည္။

ျဖဴစင္ေသာ္ကသဒၵါလက္ထဲက သူမလက္ေလးကိုျပန္႐ုန္းလိုက္ကာအလ်င္အျမန္ပဲဖုံးဖြက္ထားလိုက္ေခ်သည္။

"အတိတ္ဆိုတာၿပီးခဲ့ၿပီပဲ။ပစၥဳပၸန္မွာဘာမွအေရးမပါေတာ့ဘူး။"

"ဒါနဲ႔နင္ေျပာတဲ့ ငါ့ရင္ဘက္ထဲကေန ေမာင့္ကိုဆြဲထုတ္သြားႏိုင္တဲ့လူဆိုတာ ဒီထဲကေကာင္ေလးကိုေျပာတာလား"

ထိုေမးခြန္းကိုေမးလာတဲ့အခ်ိန္မွာျဖဴစင္ေသာ္ရဲ႕ေလသံတို႔ဟာ စူး႐ွခက္ထန္ေနၿပီးမ်က္ဝန္းေတြကေအးစက္စူးရဲေနသည္။

"ငါမသိဘူး။ သူျဖစ္ခ်င္မွလည္းျဖစ္မွာေပါ့"

"အကယ္၍ သူဆိုလည္း ကိစၥမ႐ွိပါဘူး။ အတုေယာင္ဆိုတာအတုအေယာင္လမ္းအတိုင္းသြားရမွာပဲေလ။ဥပမာေျပာရရင္ မာန္လိုေပါ့။

ေနာက္ဆုံးေတာ့အတုအေယာင္ေတြပဲစြန္႔ပစ္ခံခဲ့ရတာေလ။ ေမာင္ကငါ့ကိုဘယ္ေတာ့မွစြန္႔ပစ္မွာမဟုတ္ဘူး။
ဒါကို ငါကဘာကိုမ်ားေတြးပူၿပီးေၾကာက္ေနရဦးမွာလဲ"

သူမရဲ႕နီရဲရဲမ်က္ဝန္းတစ္စုံကေအးစက္ျပတ္သားေနခဲ့ၿပီးအရာအာလုံးကိုဖ်က္ဆီးပစ္ခ်င္ေနသည့္ဟန္ျဖင့္ေၾကာက္မက္ဖြယ္ေကာင္းလြန္းလွသည္။အထူးသျဖင့္ထိုဓာတ္ပုံေလးထဲကေကာင္ေလးကို စူးစိုက္ၾကည့္ေနခဲ့တဲ့အခ်ိန္မွာေပါ့။

ထိုေကာင္ေလးသည္လည္း တစ္ခ်ိန္ခ်ိန္က်လွ်င္သူမရဲ႕ စက္ဆုပ္မုန္းတီးလြန္းေသာ အမုန္းစက္ဝန္းထဲကဒုတိယပစ္မွတ္မျဖစ္လာပါေစနဲ႔လို႔ပဲ သဒၵါတစ္ေယာက္တိတ္တိတ္ကေလးဆုေတာင္းလိုက္ေတာ့သည္။

××××××××××××××××××××××××××××××××

ေနျမင့္တဲ့အခ်ိန္ေရာက္ေတာ့မွပဲ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနတဲ့ေကာင္ေလးတစ္ေယာက္ ႏိုးထလာခဲ့ရသည္။
အဖ်ားအ႐ွိန္ေၾကာင့္လားမသိ မ်က္လုံးမ်ားကႀကိမ္းစက္ေလးပင္ေနကာ ေတာ္ေတာ္ႏွင့္ဖြင့္မရခဲ့ေပ။ ထိုင္းမိႈင္းေနတဲ့ကိုယ္ကိုမနဲအားယူၿပီး ကုန္းထလိုက္ေတာ့ၾသ႐ွ႐ွအသံတစ္သံကိုၾကားလိုက္ရသည္။

"ညီ ..ႏိုးလာၿပီလား"

သူရဲ႕ခုတင္ေဘးဘက္တြင္ ထိုင္ေစာင့္ေနတဲ့လူတစ္ေယာက္က သူ႕အားေနေရာင္ျခည္ေလးေတြကဲ့သို႔ေႏြးေထြးေသာအျပဳံးမ်ားျဖင့္ျပဳံးကာၾကည့္ေနခဲ့သည္။

သူ႕ရဲ႕ယိုင္နဲ႔နဲ႔ကိုယ္ေလးကို ႀကီးမားေသာလက္တစ္စုံျဖင့္ ထိန္းကိုင္ထားေပးရင္းစိုးရိမ္စြာဆိုလာခဲ့သည္။

"မထႏိုင္ရင္မထနဲ႔ေလ"

"ေရ… က်ေနာ္ ေရဆာတယ္"

မင္းခန္႔ထည္လည္းေရသန္႔ဘူးမွေရကို ဖန္ခြက္တစ္ဝက္အထိျဖည့္လိုက္ကာ ႐ိႈင္းရဲ႕လက္ကေလးမ်ားကိုထိန္းကိုင္ေပးၿပီး တိုက္လိုက္သည္။

"အကို ဌာနမသြားဘူးလား"

"သြားတယ္ေလ ခနပဲသြားတာ ၿပီးေတာ့ ညီ့ကိုစိတ္မခ်တာနဲ႔ျပန္လာခဲ့တာ"

ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္ သူတိတ္တခိုး ခ်စ္ေနရတဲ့လူက သူ႕ေဘးနားမွာအခ်ိန္ျပည့္႐ွိေနေပးတာေလာက္ ၿပီးျပည့္စုံတဲ့အရာ ထပ္မ႐ွိႏိုင္ေတာ့ေပ။

႐ိႈင္းေဇယံတစ္ေယာက္မထိန္းႏိုင္ဘဲျပဳံးမိသြားရသည္။

"ေက်းဇူးတင္ပါတယ္ဗ်ာ ..က်ေနာ္ အခုသက္သာေနပါၿပီ"

"မွန္းစမ္း"
ဟုဆိုကာ မင္းခန္႔ထည္က ႐ိႈင္းရဲ႕ႏွဖူးေလးကိုအေျပးစမ္းၾကည့္လိုက္သည္။

"ကိုယ္ေငြ႕ေနေသးတယ္"

႐ိႈင္းလည္း မင္းခန္႔ထည္ရဲ႕ႏွဖူးကို ခ်က္ခ်င္းပင္ျပန္စမ္းလိုက္ရင္း

"အကိုလည္း ကိုယ္ပူေနတာပဲဟာ"ဟုျပန္ေျပာလိုက္ေတာ့ မင္းခန္႔ထည္ကမႏိုင္ဘူးဆိုတဲ့အၾကည့္တဲ့ၾကည့္လာကာ ရယ္ေမာလာခဲ့သည္။

"အဲ့ဒါ ညီ့လက္ေတြပူေနလို႔ေလ"

"ေတာ္ၿပီ"

႐ိႈင္းကၿပိဳင္မျငင္းခ်င္တာေၾကာင့္ ႏႈတ္ခမ္းေလးကိုစူေထာ္လိုက္ေတာ့ေလ၏။
မင္းခန္႔ထည္ကေတာ့႐ိႈင္းရဲ႕ေခါင္းေလးကို
ဖြဖြပုတ္လိုက္ၿပီးေခ်ာ့ျမဴလာသည္။

"ခ်စ္ဖို႔ေကာင္းလိုက္တာကြာ ကေလးေလးက"

ကေလးဆိုတဲ့စကားၾကားသည္ႏွင့္ လူႀကီးမင္းေလး႐ိႈင္းေဇယံရဲ႕မ်က္ေစာင္းမ်ားကေျပာစရာမလိုေအာင္ပင္ သူ႕ဆီသို႔ဒိုင္းခနဲေရာက္႐ွိလာေလ၏။

မင္းခန္႔ထည္ကထရပ္လိုက္ၿပီးေနာက္ျခင္ေထာင္ကိုသိမ္းရင္း ေကာင္ေလးအားေမးလိုက္ေလသည္။

"ညီ ဗိုက္ဆာေနလား"

"အင္းဆာတယ္"

"ဒါဆိုအေတာ္ပဲ။
အကို ေက်ာင္းေ႐ွ႕ကဆိုင္ကေန ေၾကးအိုးဝယ္လာတယ္ ညီကဖ်ားေနေသးေတာ့ ထမင္းမစားနဲ႔ဦးေလ။ ေန႔လည္ခင္းက်ရင္ေက်ာင္းေဆးခန္းသြားမယ္။
ဆရာဝန္က ထမင္းစားလို႔ရတယ္ဆိုမွ ထမင္းစားတာပိုေကာင္းမယ္ထင္တယ္"

မင္းခန္႔ထည္ရဲ႕ခ်က္က်လက္က်ေျပာဆိုလာတဲ့စကားေတြကို ႐ိႈင္းေဇယံကေခါင္းတျင္ိမ့္ၿငိမ့္ႏွင့္ဂ႐ုတစိုက္နားေထာင္ေနခဲ့သည္။

မင္းခန္႔ထည္က ႐ိႈင္းရဲ႕ထိုအမူအရာေလးကို အသဲတယားယားႏွင့္ၾကည့္ေနရင္းက
ေကာင္ေလးရဲ႕လည္ဂုတ္ေလးကိုဆြဲညႇစ္လိုက္ေလ၏။

အခုခ်ိန္မွာ ႐ိႈင္းရဲ႕ျဖဴေဖြးဥလြန္းတဲ့မ်က္ႏွာေလးက အဖ်ားအ႐ွိန္ေၾကာင့္ စေတာ္ဘယ္ရီသီးေလးျဖစ္ေနၿပီး နား႐ြက္ဖ်ားေလးေတြကေၾကာင္ျဖဴနား႐ြက္ေလးေတြလိုနီရဲေနလ်က္။ ႏႈတ္ခမ္းရဲရဲေလးေတြဟာလည္း အားမ႐ွိစြာျဖဴေဖ်ာ့ေဖ်ာ့အေရာင္သမ္းေနတာကိုျမင္ေတာ့ မင္းခန္႔ထည္တစ္ေယာက္စိတ္မေကာင္းျဖစ္သြားရသည္။

သူေၾကးအိုးကို စားဖိုေဆာင္ကေတာင္းလာတဲ့ပန္းကန္ထဲသို႔ဂ႐ုတစိုက္ထည့္လိုက္ကာ ေကာင္ေလးထံသို႔ကမ္းေပးလိုက္ၿပီးေတာ့မွပန္းကန္ကိုျပန္ယူလိုက္ေလသည္။

"sorry အကိုေမ့သြားလို႔ေၾကးအိုးကပူေနေသးတယ္ အကိုခြံ႕ေကြၽးမယ္ေနာ္"

မင္းခန္႔ထည္က တစ္ဇြန္းခပ္ၿပီးတိုင္းေအးေအာင္မႈတ္ေပးကာ ျဖည္းျဖည္းခ်င္းခြံ႕ေကြၽးလာခဲ့သည္မွာပန္းကန္တစ္ဝက္ေရာက္တဲ့အထိပင္။

ထို႔ေနာက္ ႐ိႈင္းေဇယံကသူ႕ေ႐ွ႕ထပ္ေရာက္လာတဲ့ေၾကးအိုးတစ္ဇြန္းကိုၾကည့္ရင္းအထြန္႔တက္လာခဲ့သည္။

"က်ေနာ္႕ဘာသာ က်ေနာ္စားလို႔ရပါတယ္ ေၾကးအိုးကေအးသြားၿပီပဲဟာ"

"ကုန္ေတာ့မွာပဲကို ဒီအတိုင္းပဲဆက္ေသာက္လိုက္ပါကြာ ကေလးကလိမၼာတယ္"

"လာျပန္ၿပီ က်ေနာ္႕ကိုကေလးလို႔မေခၚပါနဲ႔ဆို"

"ဟားဟားဟား ဟုတ္ပါၿပီ ကေလးရာ"

'သူ ဘယ္ေတာ့မ်ားမွ ဒီလူကို အႏိုင္ပိုင္းႏိုင္မွာပါလိမ့္'

ေန႔ခင္းပိုင္းေဆးခန္းသြားျပရန္ ႏွစ္ဦးသားျပင္ဆင္ေနတဲ့အခ်ိန္မွာပင္ မင္းခန္႔ထည္ဆီသို႔ဖုန္းေကာလ္တစ္ခုဝင္လာခဲ့သည္။ သူ Screenကိုၾကည့္လိုက္ေတာ့ ျဖဴစင္ေသာ္ဆိုတဲ့နာမည္ကိုျမင္လိုက္တာေၾကာင့္ သူမသိမသာမ်က္ေမွာင္ၾကဳတ္မိသြားသည္။

"ဟဲလို ျဖဴ"

"ေမာင္ ဌာနမွာလား"

"မဟုတ္ဘူးအေဆာင္မွာ ဘာျဖစ္လို႔လဲ"

"welcomeပြဲေတြရက္ျပန္ခ်ိန္းလိုက္တာ ျဖဴတို႔majorကအေစာဆုံးလုပ္ရမွာတဲ့။
အဲ့တာမနက္ျဖန္ဆိုေတာ့ Votingလုပ္ဖို႔အတြက္  ဒီေန႔ကေနစၿပီးphotoေတြကိုလိုင္းေပၚတင္မွျဖစ္မွာေလ။"

"အင္း"

"ေမာင္ ျဖဴ႕ကိုတစ္ခ်က္ေလာက္ကူညီပါလားဟင္။ အခုဓာတ္ပုံ႐ိုက္မယ့္သူက ဘယ္ကေနမွ႐ွာမရလို႔။ သဒၵါေျပာတာေတာ့ ေမာင့္ဆီမွာ camera႐ွိတယ္တဲ့။
ေမာင္ ျဖဴတို႔majorမွာ ဓာတ္ပုံလာ႐ိုက္ေပးပါလားဟင္။"

"အင္း…အဲ့ဒါကေလ"
မင္းခန္႔ထည္ကသံ႐ွည္ဆြဲလိုက္ကာတခနစဥ္းစားလိုက္ၿပီးမွျငင္းဆန္လိုက္ေတာ့သည္။
"ေမာင္အခုမအားေသးဘူး သြားစရာ ကိစၥေလး႐ွိေသးလို႔"

ျဖဴစင္ေသာ္ကစိတ္မေကာင္းျဖစ္သြားတဲ့အသံေလးနဲ႔ထပ္ေမးလာခဲ့သည္။
"အဲ့ကိစၥက အေရးႀကီးလို႔လား"

"အင္း အေရးႀကီးတယ္"

မင္းခန္႔ထည္ရဲ႕ထိုအေျဖစကားကိုၾကားလိုက္ေတာ့ ႐ိႈင္းေဇယံရဲ႕မ်က္ဝန္းေလးမ်ားကအေရာင္လက္သြားရေလသည္။

"ေမာင္ ျဖဴ႕ကို အခုကူညီေပးလို႔မရဘူးလားဟင္။ ျဖဴေတာင္းဆိုေနတာပါေနာ္"

ျဖဴစင္ေသာ္ကမရမကေတာင္းဆိုေနတာေၾကာင့္ မင္းခန္႔ထည္က႐ိႈင္းကို အားတုံ႔အားနာျပန္လွည့္ၾကည့္လိုက္တဲ့အခါ ႐ိႈင္းေလးက ျပဳံးျပလ်က္ေခါင္းၿငိမ့္ျပလာခဲ့သည္။ 'အမျဖဴစင္ေသာ္ဆီပဲအရင္သြားလိုက္ပါဆိုတဲ့'အဓိပၸါယ္ပင္။

'အကိုမင္းခန္႔ထည္ကသူ႕ခ်စ္သူဆီပဲသြားသင့္တယ္။သူကဘာမို႔လို႔ သူမ်ားခ်စ္သူကိုဆြဲထားရမွာလဲ ? '

႐ိႈင္းေဇယံဆီကခြင့္ျပဳခ်က္ရတဲ့အခါမင္းခန္႔ထည္က ျဖဴစင္ေသာ္အားသေဘာတူလိုက္ေတာ့ေလသည္။

"အင္း ဒါဆိုလည္း ကိုယ္ အခုလာခဲ့မယ္ေနာ္"

မင္းခန္႔ထည္ကဖုန္းခ်လိုက္ၿပီးေနာက္အသံတိတ္စြာခနေက်ာခိုင္းရပ္ေနၿပီးမွ ႐ိႈင္းေဇယံအနားသို႔ျပန္ေလွ်ာက္လာလိုက္ကာ ေကာင္ေလးရဲ႕ႏူးညံ့ညံ့ဆံသားေလးေတြကိုထိကိုင္လိုက္ရင္းဆိုလာသည္။

"ညီ အကို႔ကိုခနေစာင့္ေနာ္ အကိုၿပီးတာနဲ႔ခ်က္ခ်င္းျပန္လာခဲ့မယ္"

႐ိႈင္းေဇယံကသြားတက္ေလးေပၚေအာင္ျပဳံးရင္းသူ႕အားေမာ့ၾကည့္လာခဲ့သည္။

"ရပါတယ္ဗ်ာ တကယ္ေတာ့ က်ေနာ္ကသက္သာေနၿပီပဲဟာ ေဆးခန္းသြားဖို႔အလ်င္မလိုပါဘူး...အမစိတ္ခ်မ္းသာေအာင္သာ ကူညီေပးလိုက္ပါဗ်ာ။
ဘာပဲျဖစ္ျဖစ္
အမျဖဴစင္ေသာ္ကအကို႔ခ်စ္သူပဲဟာ အကိုသူမကို တျခားလူေတြထက္ပိုၿပီးအေရးေပးသင့္တာေပါ့"

႐ိႈင္းေဇယံရဲ႕ထိုအေျပာကိုၾကားေတာ့မင္းခန္႔ထည္ရဲ႕မ်က္ဝန္းေတြက ႐ုတ္ခ်ည္းေအးစက္သြားရတာကိုေတာ့ ေကာင္ေလးတစ္ေယာက္သတိမထားမိလိုက္ေပ။

"ဒါဆို အကိုသြားေတာ့မယ္ေနာ္။
အကို မင္းစက္ကိုဖုန္းဆက္ၿပီး ညီနဲ႔အေဖာ္လာေနခိုင္းလိုက္မယ္။သူလဲအားယားေနတာဆိုေတာ့ အေဖာ္ရတာေပါ့"

"ဟုတ္ပါၿပီဗ်ာ"

မင္းခန္႔ထည္လည္း အံဆြဲထဲမွ cameraေလးကို ဆြဲထုတ္ကာCameraအိတ္ကိုလြယ္လိုက္ၿပီးေနာက္ ႐ိႈင္းေဇယံကိုျပဳံးျပလ်က္ အခန္းထဲကေန ကမန္းကတန္းထြက္သြားေတာ့ေလသည္။

နာရီဝက္ေလာက္ၾကာေတာ့ အခန္းတံခါးေခါက္သံၾကားလိုက္ရၿပီး အခန္းေ႐ွ႕မွာေက်ာက္ပတ္တီးနဲ႔ကို႔႐ို႕ကားယားရပ္ေနတဲ့မင္းစက္ကိုေတြ႕ေလေသာ္ ႐ိႈင္းေဇယံေလးကထိုဒုကၡိတအားအခန္းထဲကိုအျမန္တြဲေခၚလိုက္ရေလသည္။

ထိုစဥ္ မင္းစက္ရဲ႕ရင္ထဲအသဲထဲမွာေတာ့ မင္းခန္႔ထည္ဆိုတဲ့ ႏွလုံးသားမ႐ွိတဲ့ေခြးေကာင္အား ပစ္ပစ္ႏွစ္ႏွစ္ဆဲေရးတိုင္းထြာလို႔ေနေပသည္။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

"ဖုန္းကဘာကိစၥမကိုင္ရတာလဲကြာ!!"

စႀကႍေထာင့္တစ္ခုမွာဟန္လင္းထက္တစ္ေယာက္ တစ္စုံတစ္ဦးထံ ဖုန္းဆက္ေနရင္းစိတ္တိုေဒါသထြက္ေနေလသည္။

"ဟန္လင္းထက္ ဓာတ္ပုံ႐ိုက္ေတာ့မွာမို႔လို႔ ဌာနေ႐ွ႕ကိုလာခဲ့ပါတဲ့"

ထိုစဥ္king selectionထဲကတစ္ေယာက္က တျခားလူေတြနဲ႔သီးသန္႔ခြဲထြက္ေနတဲ့ဟန္လင္းထက္အားလာေခၚတာေၾကာင့္ ဟန္လင္းထက္ကလည္း ထိုေကာင္ေလးေနာက္ကေန ဖုန္းကိုနား၌ကပ္ထားလ်က္အေနအထားျဖင့္ ဌာနေ႐ွ႕သို႔ထြက္လာခဲ့သည္။

အဝင္callသာ႐ွိေပမယ့္ ဟိုဘက္တစ္ေယာက္ကေတာ့ခုထိျပန္ေျဖမလာေသးေပ။
ဟန္လင္းထက္လည္း မေလွ်ာ့စတမ္းအႀကိမ္ႀကိမ္အခါခါပင္ဖုန္းေခၚေနေတာ့သည္။

ထို႔ေနာက္ သူဌာနေ႐ွ႕ကိုေရာက္ေတာ့မ်က္လုံးထဲကိုတိုးဝင္လာတဲ့ပုံရိပ္တစ္ခုေၾကာင့္ သူ႕မ်က္ဝန္းေတြက႐ုတ္ခ်ည္းခဲေသသြားရသည္။

ျဖဴစင္ေသာ္ေဘးမွာရပ္ေနတဲ့ ကင္မရာကိုင္ထားတဲ့အရပ္႐ွည္႐ွည္နဲ႔လူတစ္ေယာက္ .....

အိုး...ဒီလူကကိုႀကီးဖုန္းထဲမွာျပည့္ေနတဲ့ဓာတ္ပုံေတြထဲက မင္းခန္႔ထည္ဆိုတဲ့လူမဟုတ္လား ...

ဟန္လင္းထက္ကမင္းခန္႔ထည္ကို ေသခ်ာေပါက္သတိထားမိလိုက္ေပမယ့္ မင္းခန္႔ထည္ကေတာ့ အေဝးတစ္ေနရာကေနသူ႕အားမီးတဝင္းဝင္းထေနတဲ့မ်က္ဝန္းေတြနဲ႔စိုက္ၾကည့္ေနတဲ့ဟန္လင္းထက္ကိုသတိမထားမိေပ။

အဘယ္ေၾကာင့္ဆိုေသာ္ မင္းခန္႔ထည္က King Queen selectionေတြကို Cameraေ႐ွ႕၌ေနရာယူပုံမ်ားနဲ႔ပက္သတ္ၿပီး စိတ္႐ွည္႐ွည္နဲ႔႐ွင္းျပေနတာေၾကာင့္ ပတ္ဝန္းက်င္ကိုသတိမထားမိလိုက္ျခင္းျဖစ္သည္။

ထို႔ေနာက္ လူစုတဲ့ေနရာကိုေနာက္ဆုံးမွေရာက္လာတဲ့ ဟန္လင္းထက္ကိုျမင္ေတာ့ မင္းခန္႔ထည္က တစ္ခ်က္ျပဳံးျပလိုက္ၿပီးအၾကည့္လႊဲသြားသည္။ ျဖဴစင္ေသာ္က ဟန္လင္းထက္ေရာက္လာတာကိုျမင္တာနဲ႔ ဌာနထဲကိုျပန္လွည့္ဝင္သြားေတာ့သည္။

ဟန္လင္းထက္ကေတာ့ မင္းခန္႔ထည္အား
မလြတ္တမ္းစူးစိုက္ၾကည့္ေနေပမယ့္
မင္းခန္႔ထည္ကသူလုပ္ေနတဲ့အလုပ္ကိုတာဝန္ေက်ပြန္စြာလုပ္ေပးဖို႔တြင္သာစိတ္ေရာက္ေနတာေၾကာင့္ ဟန္လင္းထက္ကိုမ်က္လုံးထဲမထည့္ႏိုင္ခဲ့ေပ။

သို႔ရာတြင္ ထိုေကာင္ေလးကိုစစေတြ႕ကတည္းက ဘယ္သူနဲ႔ဆင္တူလဲဆိုတာ
သူအတပ္သိၿပီးသားပင္။

ေနာက္ဆုံးcameraေ႐ွ႕သို႔ဟန္လင္းထက္ေရာက္လာတဲ့အခါ မင္းခန္႔ထည္ရဲ႕ႏႈတ္ခမ္းတို႔ကလွ်ိဳ႕ဝွက္စြာေကြးတက္သြားၿပီး သူ႕အကိုနဲ႔ခြၽတ္စြပ္ပါလားဟု သူ႕ရဲ႕စိတ္ထဲမွာေဆြးေျမ့စြာျဖင့္ေ႐ြ႐ြတ္လိုက္ေတာ့သည္။

Camera မွန္ဘီလူးကေနတစ္ဆင့္ျမင္ေနရတဲ့ဟန္လင္းထက္ရဲ႕မ်က္ႏွာေပးက ျပဳံးရယ္ျခင္းတို႔မည္သည္မ႐ွိ မ်က္ဝန္းမ်ားကနီေဆြးေနၿပီး ေကာင္ေလးရဲ႕ေခ်ာေမာၾကည့္ေကာင္းတဲ့မ်က္ႏွာေလးက အေရာင္အဆင္းတို႔ကင္းမဲ့ေနကာ အျဖဴထည္သက္သက္ျဖစ္ေနတာေၾကာင့္ မင္းခန္႔ထည္က Cameraကိုခ်ိန္ေနရင္းနဲ႔ထိုေကာင္ေလးအားလွမ္းေျပာလိုက္သည္။

"ညီေလးဟန္လင္းထက္ေရ
မင္းမျပဳံးခ်င္ရင္ေတာင္မွ သည္းခံၿပီး နဲနဲေလာက္ျဖစ္ျဖစ္ျပဳံးျပပါလား
"

ဟန္လင္းထက္ရဲ႕အမူအရာကေတာ့ေျပာင္းလဲလာျခင္းမ႐ွိေအးစက္ထက္႐ွေနကာ အေရာင္လက္ေနတဲ့ဓားသြားတစ္ခုလိုပင္။သတိမထားဘဲသြားဆုပ္ကိုင္မိပါက ထိုလူရဲ႕လည္ၿမိဳတည့္တည့္ကိုထိုးစိုက္လိုက္ဖို႔
အသင့္ျဖစ္ေနခဲ့သည္။

"ညီေလး မျပဳံးခ်င္ရင္ေတာင္ အေခ်postေပးလို႔ရပါတယ္"

သူဘယ္လိုေျပာေျပာထူးျခားမလာတဲ့အခါမင္းခန္႔ထည္ေခါင္းကိုက္လာရေပမယ့္ ဒီေကာင္ေလးမျပဳံးခ်င္တဲ့အေၾကာင္းရင္းကိုသူသိေနတာေၾကာင့္ သူသိပ္ၿပီးဖိအားမေပးခ်င္ေပ။

အခ်ိန္ေတြအလဟႆကုန္ေနစဥ္မွာပင္ ဟန္လင္းထက္ရဲ႕လက္ထဲမွ ဖုန္းေလးဟာ တုန္ခါလာခဲ့ရသည္။

သူလက္ထဲကဖုန္းကိုငုံ႔ၾကည့္လိုက္ေတာ့  incoming callပိုင္႐ွင္က မင္းစက္ျဖစ္တာကိုျမင္တာနဲ႔ သူ႕ရဲ႕မ်က္ႏွာထက္က ေအးစက္မႈတို႔ဟာတမဟုတ္ခ်င္းယုတ္ေလ်ာ့သြားရကာအျပဳံးေရးေရးေလးေပၚလာသည္။

"ညီေလး မင္းကျပဳံးလို႔တတ္သားပဲ"

မင္းခန္႔ထည္က ဟန္လင္းထက္ဖုန္းၾကည့္ေနတဲ့ပုံကို႐ိုက္ယူလိုက္ၿပီးေနာက္ ထိုေကာင္ေလးလက္ထဲကဖုန္းကိုဆြဲလုလိုက္ေတာ့သည္။

"ခမ်ား ဘာလုပ္တာလဲ"

ဟန္လင္းထက္ကမီးေတာက္ေနတဲ့မ်က္ဝန္းေတြနဲ႔သူ႕အားစက္ဆုပ္စြာစိုက္ၾကည္္႕လာတဲ့အခါ မင္းခန္႔ထည္ကႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္ကိုသာေကြးၫြတ္လိုက္ၿပီး မာေၾကာေအးစက္ေနတဲ့ေလသံနဲ႔အမိန္႔ေပးလာခဲ့သည္။

"မင္း ဒီcallကိုေျဖခ်င္ရင္ ငါ့ကို ၅စကၠန္႔ေလာက္အခ်ိန္ေပး ..မဟုတ္ဘူး ၅စကၠန္႔ကမ်ားေသးတယ္ ၃စကၠန္႔ပဲ !"

"ဖုန္းျပန္ေပး!"

ဟန္လင္းထက္ကအံတႀကိတ္ႀကိတ္နဲ႔ေျပာလာေတာ့ မင္းခန္႔ထည္ကအႏိုင္ရသူအျပဳံးနဲ႔ျပဳံးကာဂ႐ုမစိုက္စြာခပ္ေထ့ေထ့ဆိုလာသည္။

"မင္းစက္ဆိုတာ ငါ့သူငယ္ခ်င္းမွန္း မင္းသိတယ္မွတ္လား မင္းငါ့ကိုဆန္႔က်င္ေနလို႔ဘာမွထူးမသြားဘူးေနာ္ !"

ထိုအခါဟန္လင္းထက္ရဲ႕မ်က္လုံးေတြထဲမွာတုံ႔ဆိုင္းျခင္းတို႔ျဖတ္ေျပးသြားၿပီး
ကေလးဆန္စြာဆန္္႕က်င္တိုက္ခိုက္ေနရာကေနၿငိမ္က်သြားရသည္။

မင္းခန္႔ထည္ေျပာတဲ့အတိုင္း cameraေ႐ွ႕တြင္ ၃စကၠန္႔ခန္႔ရပ္လိုက္ၿပီး အျပဳံးတစ္ခုလိုမ်ိဳးသတ္မွတ္လို႔မရတဲ့မ်က္ႏွာေပးနဲ႔ဓာတ္ပုံအ႐ိုက္ခံလိုက္ၿပီးေနာက္ မင္းခန္႔ထည္သိမ္းယူသြားတဲ့သူ႕ဖုန္းကိုျပန္ဆြဲယူလိုက္ကာလွည့္ထြက္သြားေတာ့သည္။

မင္းခန္႔ထည္က ထိုေကာင္ေလးရဲ႕ေက်ာျပင္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ေနာက္ထပ္ Selectionညီေလးကို Cameraေ႐ွ႕ေခၚလိိဳက္ကာ ဓာတ္ပုံဆက္႐ိုက္ရင္းက်န္ေနခဲ့သည္။

ထိုေနရာကေန ေလွ်ာက္ထြက္လာတဲ့ဟန္လင္းထက္က ခပ္ေဝးေဝးအေရာက္တြင္ဖုန္းကိုင္လာတဲ့မင္းစက္အားစိတ္ဆိုးမာန္ဆိုးနဲ႔
ဆူပူလိုက္ေလ၏။

"ဟဲလို က်ေနာ္ ဒီေလာက္ဖုန္းေခၚေနတာကို ဘာကိစၥဖုန္းမကိုင္တာလဲ !"

"အကိုခုနကေခၚတုန္းက အလင္းဘက္ကမကိုင္လို႔ က်သြားတာေလ"

"က်သြားတဲ့ callကိုေျပာေနတာမဟုတ္ဘူး ေ႐ွ႕ကcallေတြကိုေျပာေနတာ"

"အာ ...အကို ringtoneသံမၾကားလိုက္လို႔"

"က်ေနာ္ျပန္လာရင္ အဲ့ဒီ ringtoneသံကိုေျပာင္းပစ္မယ္"

"အလင္း စိတ္ေလွ်ာ့ စိတ္ေလွ်ာ့ ဟုတ္ၿပီလား"

မင္းစက္စကားၾကားေတာ့ ဟန္လင္းထက္ကအသက္ျပင္းျပင္းတစ္ခ်က္႐ွဴသြင္းလိုက္ၿပီးေနာက္ ပုံမွန္ျပန္ျဖစ္လာတဲ့စိတ္အေျခအေနနဲ႔အတူ ျငင္သာစြာေမးလာခဲ့သည္။

"ေန႔လည္စာေကာ စားၿပီးၿပီလား"

"အင္း စားၿပီးၿပီ"

"လက္ကေကာ ကိုက္ေနတုန္းပဲလား"

" သိပ္မကိုက္ေတာ့ဘူး သက္သာသြားၿပီ"

"အင္း သက္သာရင္ၿပီးတာပဲ က်ေနာ္ျပန္လာရင္ေဆးခန္းကေန လိမ္းေဆးဝင္ယူခဲ့ေပးမယ္"

"အလင္းရာ ဒုကၡမ႐ွာစမ္းပါနဲ႔"

"ဘယ္သူက ဒုကၡလို႔ေျပာေနလို႔လဲ ဒါပဲဗ်ာ ဖုန္းခ်လိုက္ေတာ့မယ္"

"အင္းအင္း"

ဟန္လင္းထက္ကေတာ့မင္းခန္႔ထည္နဲ႔မတူမင္းစက္အသံဆုံးမွ ဖုန္းခ်ေလ့႐ွိေလသည္။

ဖုန္းခ်လိုက္ၿပီးအေနာက္ဘက္ကိုျပန္လွည့္ၾကည့္လိုက္ေတာ့ အရပ္႐ွည္႐ွည္နဲ႔လူတစ္ေယာက္ရဲ႕ပုံရိပ္ကို သူ႕ရဲ႕မ်က္ဝန္းေထာင့္ကေနဖမ္းမိလိုက္ေလသည္။

မင္းခန္႔ထည္က အျပဳံးတစ္ပြင့္ကို သူ႕မ်က္ႏွာထက္တြင္ခ်ိတ္ဆြဲထားလ်က္ လက္ပိုက္ကာနံရံကိုမွီရင္း ဟန္လင္းထက္အားခပ္နက္နက္စိုက္ၾကည့္ေနခဲ့သည္။

ဟန္လင္းထက္ရဲ႕အၾကည့္ေတြကလည္းအစြမ္းကုန္တင္းမာခက္ထန္ေနလ်က္ ႏွစ္ဦးသားရဲ႕ခက္ထန္တဲ့အၾကည့္မ်ားအၾကား၌
မုန္တိုင္းတစ္ေပြကျပင္းထန္စြာေဝွ႔ပတ္ေနေခ်သည္။

ဟန္လင္းထက္ကမ်က္ခုံးတစ္ဖက္ပင့္လိုက္ကာ မင္းခန္႔ထည္ကိုအထင္ေသးစြာၾကည့္လာရင္း ရိသဲ့သဲ့ေျပာဆိုလာခဲ့သည္။

"လူတစ္ေယာက္ရဲ႕ကိုယ္ေရးကိုယ္တာကို ခိုးနားေထာင္တယ္ဆိုတာ လူႀကီးလူေကာင္းတစ္ေယာက္ရဲ႕လုပ္ရပ္မဟုတ္ဘူး"

"ညီေလးဟန္လင္းထက္ မင္းငါ့သူငယ္ခ်င္းမင္းစက္ကို ဘာအေၾကာင္းနဲ႔မ်ား ခ်ဥ္းကပ္ခဲ့တာလဲ"

မင္းခန္႔ထည္ရဲ႕အသံအေနထားက ၿငိမ့္ေညာင္းေနကာအလြန္တရာမွတည္ၿငိမ္ေနသည္္႕တိုင္ေအးစက္မႈတို႔ကေတာ့အဆုံးမဲ့ကိန္းဝပ္ေနခဲ့ေပသည္။

"ဘာအေၾကာင္းနဲ႔ဆိုတာ ဘာအဓိပၸါယ္လဲ  က်ေနာ္က ကိုစက္အေပၚ မ႐ိုးသားဘူးလို႔ေျပာခ်င္တာလား"

"ငါသာဆို အဲ့လိုပဲလုပ္မိမွာပဲ။ ရင္ထဲမွာအမုန္းတရားေတြကထိန္းခ်ဳပ္မႏိုင္ေလာက္ေအာင္ျပည့္ႏွက္ေနရင္ေပါ့"

"ခမ်ားေျပာဆိုပုံေတြၾကည့္ရတာ က်ေနာ္ဘယ္သူလဲဆိုတာ ႀကိဳသိေနတဲ့ပုံနဲ႔ မဟုတ္မွလြဲ ကိုစက္ေျပာျပထားတာလား"

"အမွန္ပဲ"

ထိုအခါဟန္လင္းထက္ရဲ႕မ်က္ႏွာကပ်က္ယြင္းမဲေမွာင္သြားကာ ေဒါသတႀကီးေအာ္ေမးလာခဲ့သည္။

"သူလည္း ခမ်ားလိုပဲေတြးေနတာလား!"

"အဲ့ဒါေတာ့ ငါလည္းမသိဘူး။"

"က်ေနာ္ ကိုစက္နားေရာက္လာတယ္ဆိုတာ မေကာင္းတဲ့အၾကံအစည္နဲ႔မဟုတ္ဘူး။
ဘာျဖစ္လို႔လဲဆိုေတာ့ ကိုစက္က တခ်ိဳ႕လူေတြထက္အမ်ားႀကီးျဖဴစင္တယ္ေလ။"

မင္းခန္႔ထည္ကလည္းထိုေကာင္ေလးႏႈတ္ကထြက္လာမယ့္စကားလမ္းေၾကာင္းကိုႀကိဳတြက္ထားသူမို႔ သူ၏မ်က္ႏွာထက္တြင္ သိသိသာသာေျပာင္းလဲျခင္းတို႔႐ွိမေနေပ။
ဟန္လင္းထက္ကေတာ့ မင္းခန္႔ထည္နဲ႔ဆန္႔က်င္ဘက္ အခ်ိန္မေ႐ြးေပါက္ကြဲႏိုင္ေခ်႐ွိသည့္ ဗုံးတစ္လုံးအလားဝုန္းဒိုင္းႀကဲေနခဲ့သည္။

"ဒါနဲ႔ မာန္ေကာ အဆင္ေျပေနရဲ႕လား"

ထိုေမးခြန္းကိုေမးလိုက္တဲ့အခိုက္မင္းခန္႔ထည္ရဲ႕လက္မ်ားဟာ လက္သီးဆုပ္ထားသည့္တိုင္သိသိသာသာတုန္ယင္ေနခဲ့ရၿပီး မ်က္ဝန္းေတြကလည္းဝမ္းနည္းပူေဆြးျခင္းတို႔နဲ႔ျပည့္ႏွက္လာခဲ့ရသည္။

သူ မေမးသင့္တဲ့ေမးခြန္းမွန္းအတပ္သိေသာ္လည္း သူတို႔နားကေန႐ုတ္တရက္ေပ်ာက္ကြယ္သြားတဲ့ အခ်စ္ဆုံးသူငယ္ခ်င္းတစ္ေယာက္ရဲ႕အေၾကာင္းကိုသိခ်င္ေနခဲ့သည္မွာၾကာၿပီမို႔ သူ မၿမိဳသိပ္ႏိုင္ေတာ့ပဲအ႐ွက္မဲ့စြာထုတ္ေမးမိလိုက္ျခင္းပင္။

"ခမ်ားမွာ ကိုႀကီးအေၾကာင္းေမးပိုင္ခြင့္မ႐ွိဘူး!! ခမ်ားပါးစပ္ကေနကိုႀကီးနာမည္ထုတ္ေျပာဖို႔ေတာင္မတန္ဘူးဗ်ာ!!!"

ဟန္လင္းထက္ရဲ႕အသံမ်ားဟာဆို႔နစ္အက္ကြဲေနကာ နာက်င္မႈအျပည့္နဲ႔တိမ္ဝင္ေနခဲ့ရသည္။

ထိုစကားကိုၾကားေတာ့မင္းခန္႔ထည္ကဟန္လင္းထက္ကိုေသေသခ်ာခ်ာၾကည့္လာကာ မာန္ကိုျပဳံးျပခဲ့တုန္းကအျပဳံးေတြအတိုင္းပဲျပဳံးျပလာရင္း ဆုတ္နစ္စြာေရ႐ြတ္လာခဲ့သည္။

"ဟန္လင္းထက္ မင္းကတကယ္ကို မာန္ရဲ႕ညီေလးပါလား"

"…"

မင္းခန္႔ထည္ဟာ ခုနကအေၾကာင္းအရာေတြကိုေမးခြန္းထုတ္လိုက္တဲ့အထိ ဒီေကာင္ေလးဟာ မာန္ရဲ႕ညီျဖစ္ေၾကာင္းသူမယုံၾကည္ႏိုင္ေသးတဲ့အေျခအေန၌႐ွိေနခဲ့ရေပမယ့္ ဟန္လင္းထက္ျပန္တုံ႔ျပန္လာတဲ့ ေၾကကြဲမႈအျပည့္နဲ႔စကားသံတို႔ကိုၾကားလိုက္ရတဲ့အခါမွာေတာ့ဟန္လင္းထက္ဟာ မာန္လင္းထက္ရဲ႕ညီျဖစ္ေၾကာင္း တစ္ရာရာခိုင္ႏႈန္းေသခ်ာသြားေတာ့ေလသည္။

သူလိုခ်င္တာလည္းဒါကိုပင္။ဟန္လင္းထက္ကိုယ္တိုင္ မာန္နဲ႔ပက္သတ္ၿပီးဖြင့္ခ်ေပါက္ကြဲလာမယ့္ဝန္ခံခ်က္ကိုေပါ့။

'ဖာ့ခ္ ! လက္စသတ္ေတာ့ ဒီလူက ငါကိုယ္တိုင္ဝန္ခံလာေအာင္ လွည့္စားလိုက္တာပဲ'

************************************

စဖတ္မယ့္စာဖတ္သူေလးေတြဆီကေနVoteေလးေတြေတာင္းပါတယ္႐ွင္ 😁❤

••••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

560K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
24.9K 1.2K 44
ပိုင်သက်ရှိုင်းမာန်လို့ခေါ်တဲ့ အသက်သုံးဆယ်ကျော်လူပျိုကြီးတစ်ယောက်က တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်ကိုကူညီဖို့ "ဝလုံး စလုံး မုန့်လုံး"ခေါ်တဲ့ညီအကိုသုံးယေ...
350K 32.4K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း
63.6K 4.2K 51
သူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...