ABO world ( Arc 11 FOD ) (com...

By kilulayuu121

683K 68.9K 1.2K

This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other... More

11.1
11.2
11.3
11.4
11.5
11.6
11.7
11.8
11.9
11.10
11.11
11.12
11.13
11.14
11.15
11.16
11.17
11.18
11.19
11.20
11.21
11.22
11.23
11.24
11.25
11.26
11.27
FINAL
11.1 (unicode)
11.2 (U)
11.3 (U)
11.4 (U)
11.5 (U)
11.6 (U)
11.7 (U)
11.8 (U)
11.9 (U)
11.10 (U)
11.11 (U)
11.12 (U)
11.13 (U)
11.14 (U)
11.15 (U)
11.16 (U)
11.17 (U)
11.18 (U)
11.19 (U)
11.20 (U)
11.21 (U)
11.22 (U)
11.23 (U)
11.24 (U)
11.25 (u)
11.26 (U)
11.27 (U)
11.28 (U)
final (U)

11.28

11.1K 1.4K 30
By kilulayuu121

11.28

နောက်တစ်ရက်မှာ ရှည်လျားလှတဲ့ အမှုစစ်ဆေးခြင်း စတင်ခဲ့ပြီး နိုင်ငံတော် သစ္စာဖောက်မှုနဲ့ မှားယွင်းစွာ အစီရင်ခံခြင်း စတဲ့ အများအပြား စွဲချက်တွေနဲ့ တင်ခဲ့တယ်။ စီရင်ချက်က အခိုင်အမာ သေချာသွားတာနဲ့ သူတို့နှစ်ဦးကို ကွပ်မျက်လိမ့်မယ်။ ကြည့်ရှုသူ ပရိသတ်နေရာမှာ ထိုင်နေတဲ့သူတွေက စစ်တပ်ခေါင်းဆောင်တွေနဲ့ တော်ဝင်မိသားစုဝင်တွေ ဖြစ်ပြီး အဲဒီအထဲမှာ သိသာထင်ရှားနေတာက ဘားနက်အိုကြီးနဲ့ မက်သရူးအိုကြီး ဖြစ်လေတယ်။

သူတို့က ဘေးပတ်လည်ခုံတွေမှာ လူမရှိဘဲ အလယ်မှာ တိတ်ဆိတ်စွာ ထိုင်နေကြတယ်။ သိသာစွာပဲ အင်ပါယာထဲက တစ်ယောက်ကမှ သူတို့နဲ့ မပတ်သတ်ချင်ကြတော့ပေ။

သူတို့ကို သစ္စာခံခဲ့တဲ့ လူတွေအပါအဝင်ပေါ့...

တရားသူကြီးက စစ်ဆေးခြင်း စတင်ကြောင်း ကြေညာလိုက်တဲ့အခါ တရားရုံးအဖွဲ့သားတွေက ထူထပ်တဲ့ ဖိုင်တွေကို ချက်ချင်းထုတ်ယူလာပေးခဲ့ပြီး သူတို့နှစ်ဦးရဲ့ ပြစ်မှုတွေကို စတင် ချေပခဲ့တယ်။ တရားမျှတရန်အတွက် ဒီဖြစ်စဉ်တခုလုံးကို ကြယ်တာရာကွန်ယက်ကနေ Live လွှင့်ခဲ့တယ်။

အော့စ်ဘွန်းနဲ့ ယွင်ရှန့်က ရှေ့နေ မဌားခဲ့ကြပေ။ ဒါပေမဲ့ သူတို့ဌားချင်တယ်ဆိုရင်တောင် ဘယ်ရှေ့နေကမှ သူတို့ဘက် လိုက်ပြီး ခုခံပေးရဲမှာ မဟုတ်ပေ။ သူတို့အမှားတွေရဲ့ ရလဒ်အနေနဲ့ မီလီယံနဲ့ချီတဲ့ စစ်သားတွေက တိုက်ပွဲအတွင်း သေဆုံးခဲ့ကြရတယ်။ ပြီးတော့ ကျန်ရစ်သူမိသားစုတွေကလည်း သူတို့ကို ခုခံကာကွယ်ပေးရဲတဲ့သူကို တစစီ ဖြဲစုတ်ပစ်လိမ့်မယ်။

တိုင်ကြားချက်အကုန်လုံးက ဒီလူနှစ်ယောက်ကိုပဲ ထိပ်တိုက် စွဲချက်တင်နေတာ ဖြစ်လေတယ်။

အော့စ်ဘွန်းက ခေါင်းကို ငုံ့ထားပြီး သူ့ချစ်သူရဲ့ လက်ချောင်းတွေနဲ့ ကစားနေခဲ့တယ်။ သူ့သဘောထားက လုံးဝကို ပုံမှန် ဖြစ်နေလေတယ်။ ယွင်ရှန့်က အစိုးရ ရှေ့နေတွေကို လှောင်ပြောင်တဲ့ အမူအယာနဲ့ကြည့်နေပြီး တစ်ချက်တစ်ချက် ရယ်တောင်ရယ်မောလိုက်သေးတယ်။

" ကျွန်တော်မှာ အပြစ်မရှိဘူး " သူက ဒီစကားကိုပဲ ထပ်ခါထပ်ခါ ပြောနေလေတယ်။

အစိုးရရှေ့နေတွေက အေးစက်နေတဲ့အကြည့်နဲ့ သူ့ကို ကြည့်နေလေတယ်။

'မင်း မဝန်ခံရင်တောင် တရားသူကြီးက မင်းတို့ကို သေမိန့်ချမှာပဲ ' ဆိုပြီး ပြောချင်နေသလိုမျိုး...... သူရဲကောင်းနှစ်ယောက်ရဲ့ ပုံရိပ်က ပျက်စီးသွားပြီ ဖြစ်တယ်။ အခု ဘယ်သူကမှ သူတို့ကို သနားနေမှာ မဟုတ်ဘူး။ သူတို့အပေါ် မျှော်လင့်ချက်ရှိသေးတဲ့ လူအနည်းစုတောင် တရားရုံးမှာ စစ်ဆေးတာကြားပြီး မျှော်လင့်ချက်တွေ ပျက်သုန်းသွားလေတယ်။

လူအများကြီးကို တိုက်ရိုက် မဟုတ်ဘဲ သတ်ထားတာတောင်မှ သူတို့တွေ အပြစ်စိတ်နည်းနည်းလေးတောင် မခံစားမိဘူးလား။

" အပြစ်မရှိဘူးလို့ လျှောက်တင်ပြီးပြီ ပြီးတော့ အဲဒီအချိန်က မဟာမိတ် ခေါင်းဆောင်ဖြစ်တဲ့ ဂျိုရှုအာ ရှေ့ကိုထွက်လာပေးပါ " ယွင်ရှန့်က ကျယ်လောင်စွာ ပြောလိုက်တယ်။

တရားသူကြီးက သီးခြားအခန်းမှာ ထိုင်နေတဲ့ မင်းသားကြင်ယာတော်ကို လှမ်းကြည့်လိုက်တယ်။

ဂျိုရှုအာက စက္ကန့်အနည်းငယ် တွေဝေသွားခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ လက်တွေခြေတွေကို အဆ 500 မြေဆွဲအားနဲ့ လက်ထိပ်တွေ ဝတ်ဆင်ထားတာကို သတိရမိသွားတယ်။ တိုက်ခိုက်ဖို့ မဆိုထားနဲ့ ... လှုပ်ရှားဖို့တောင် အနိုင်နိုင်ဖြစ်လေတယ်။ အဲဒါကြောင့် သူက ကျော့ရှင်းသပ်ရပ်စွာ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်တယ် " ထိပ်တန်းအရာရှိနှစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ လိုလားပါတယ် "

ကြယ်တာရာကွန်ယက်မှာ ဒေါသထွက်တဲ့လူအုပ်ကြီးက လှောင်ပြောင်ရယ်မောပြီး ပြောကြတယ်

" ကြင်ယာတော်က အရမ်း ကြင်နာမှုရှိတာပဲ။ သူတို့က ထိပ်တန်းအရာရှိလို့ မခေါ်သင့်ဘူး။ ခေါ်ဖို့လည်း မထိုက်တန်ဘူး။ သူတို့က ပြစ်မှုကျူးလွန်တဲ့သူတွေ သူတို့က ငါတို့အားလုံးကို သတ်တော့မလို့..."

" စီရှယ် မင်း ပြောချင်တာရှိရင် ပြောပါ " ဂျိုရှုအာက နှစ်ယောက်အနီး လျှောက်လှမ်းလာတယ်။

ယွင်ရှန့်က စားပွဲပေါ်က မိုက်ကို ဖွင့်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလေတယ်

" ဒီစစ်ပွဲရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေကို လူသားမျိုးနွယ်က ထိန်းချုပ်ထားတာ မဟုတ်ဘဲ ဇာ့ဂ် ဘုရင်မက ပြုလုပ်နေတာလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့က ကြားထဲက ဓားစာခံသပ်သပ် ဖြစ်သွားခဲ့တာ။ ပြီးတော့ အဲဒါက ကျွန်တော်တို့ကြားမှာ ရှိနေတယ် "

ဒီစကားမှာ ပါဝင်တဲ့ ဂယက်ရိုက်ခတ်မှုက ကြီးမားလေတယ်။ အားလုံးက ကြားပေမဲ့ နားမလည်နိုင်ကြပေ။ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း အဖြေရှာနေကြတယ်။ ဂျိုရှုအာရဲ့ မျက်နှာကပဲ သိသိသာသာ ပြောင်းလဲသွားလေတယ်။ သူက မတ်တပ်ရပ်ပြီး ထွက်သွားဖို့ လှည့်လိုက်လေတယ်။

ဒါပေမဲ့ အခုချိန်ထိ တိတ်ဆိတ်နေခဲ့တဲ့ အော့စ်ဘွန်းက ရုတ်တရက် သူရဲ့ လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်မှာ ရှိနေတဲ့ မြေဆွဲအားလက်ထိပ်တွေကို ချိုးဖျက်လိုက်ပြီး သူ့ဆီ အလင်းလိုအမြန်နှုန်းနဲ့ ရောက်လာခဲ့ပြီး လည်ပင်းကို ဆုပ်ကိုင်ထားလိုက်တယ်။

စစ်သားတွေက သူတို့ရဲ့ သေနတ်တွေကို ဆွဲထုတ်လိုက်ကြပေမဲ့ ကြင်ယာတော်ကို ထိခိုက်သွားမှာ စိုးပြီး မပစ်ရဲကြပေ။

ယွင်ရှန့်ကလည်း သူရဲ့ မြေဆွဲအားလက်ထိပ်တွေကို ဖြည်းဖြည်းချင်း ဖယ်ထုတ်လိုက်ပြီး ဂျိုရှုအာဆီ လမ်းလျှောက်သွားလေတယ်။ သူ့မေးကို မ လိုက်ပြီး ပြီးဆုံးသွားပြီဖြစ်ကြောင်း အကြည့်နဲ့ ကြည့်လိုက်တယ်။

ဇာ့ဂ်ဘုရင်မရဲ့ စူးရှလှတဲ့ စိတ်စွမ်းအားနဲ့သူ့ကို တိုက်ခိုက်လေတယ်။ ဒါပေမဲ့ သူက တိုက်ခိုက်မှုတွေ အကုန်လုံး တားဆီးထားခဲ့တယ်။

" သူ့ကို သတ်လိုက်တော့ " ယွင်ရှန့်က ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။

အဲဒီနောက် သက်သေ အပြည့်အစုံမြင်ဖို့ အော့စ်ဘွန်းက ဂျိုရှုအာရဲ့ ရင်ဘတ်ထဲ လက်သီးနဲ့ ပစ်သွင်းလိုက်ပြီး နှလုံးကို ဆွဲထုတ်လိုက်တယ်။ သူရဲ့မျက်လုံးက အလင်းရောင်လဲ မှိန်သွားပြီး ခန္ဓာကိုယ်လည်း ယိုင်လဲလာခဲ့တယ်။

" မဖြစ်ဘူး " ဘေးဘက်ကနေ ကယ်လီဆီကနေ ကျယ်လောင်တဲ့ အသံထွက်ပေါ်လာလေတယ်။ ကြယ်တာရာ နိုင်ငံသားအားလုံးက သူတို့နှစ်ဦးရဲ့ ရူးသွပ်လှတဲ့ အပြုအမူတွေနဲ့ ခြိမ်းခြောက်ခံနေရတယ်။

ဒါပေမဲ့ အဲဒါက အဆုံးသတ် မဟုတ်သေးပေ။ စီရှယ်က လျှောက်လှမ်းသွားရင်း ဂျိုရှုအာရဲ့ ဦးခေါင်းခွံကို ခွဲချလိုက်တယ်။ သူတို့က လူသားတွေမဟုတ်ဘူး။ နတ်ဆိုးတွေပဲ ဖြစ်ရမယ်။

သူတို့ကို တွင်းနက်ကြီးထဲ ပစ်လွှတ်လိုက်ပြီး တစစီဖြစ်သွားရင်အကောင်းဆုံးပဲ......

ပရိသတ်တွေက ဒေါသတွေထွက်ပြီး စားပွဲတွေပေါ် တဒုန်းဒုန်း ထုနေခဲ့တယ်။ အဲဒီနောက် ရုတ်တရက် သူတို့ခြေထောက်တွေ ပျော့ခွေသွားလေတယ်။ ကြည်လင်ပြီး ဦးနှောက်လိုမျိုး လုံးဝန်းတဲ့ အရာက ဂျိုရှုအာရဲ့ ခေါင်းထဲကနေ ထွက်လာပြီး အယ်လ်ဖာ စစ်သား တစ်ယောက်ရဲ့ မျက်နှာဆီ ပျံ့သန်းသွားလေတယ်။

အဲဒါက ထက်ရှတဲ့ ပါးစပ်ကို ဆန့်ထုတ်လိုက်ရင်း စစ်သားရဲ့ နဖူးကို အပေါက်လေး ဖောက်ခဲ့တယ် နူးညံ့ပြီး အရိုးမရှိတဲ့ ခန္ဓာက အထဲဝင်သွားခဲ့ပြီး စစ်သားရဲ့ ဦးခေါင်းခွံ့ထဲ နေရာယူသွားခဲ့တယ်။

သူ့နဖူးမှာ အပေါက်ဖြစ်နေတဲ့ စစ်သားက အော့စ်ဘွန်းနဲ့ စီရှယ်ကို သူတို့နောက်က တရားသူကြီးတွေ ရှေ့နေတွေရှိနေတာ ဂရုမစိုက်ဘဲ စတင် ပစ်ခတ်တော့တယ်။ ယွင်ရှန့်က ကျည်ဆံတွေကြား လွှတ်မြောက်သွားခဲ့ပြီး စစ်သားနောက်ကို လျှင်မြန်စွာ ခုန်ဝင်လိုက်ပြီး လည်ပင်းကို သပ်ရပ်စွာ ချိုးပစ်လိုက်တယ်။ နောက်တကြိမ် ထပ်ပြီး ဦးခေါင်းခွံကို ခွဲခဲ့ပြီး ဘောလုံးလိုအရာကို အပြင်ထွက်စေခဲ့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ သူက စိတ်စွမ်းအားလှောင်အိမ် နဲ့ ဖမ်းချုပ်ထားလိုက်တယ်။

အော့စ်ဘွန်းကလည်း သူ့စိတ်စွမ်းအားနဲ့ လှောင်အိမ်ကို ထပ်ပြီး အုပ်ပေးလိုက်တဲ့အခါ ဇာ့ဂ်ဘုရင်မက ဘယ်လောက်ပဲ စိတ်စွမ်းအားမြင့်မြင့် 3S အဆင့် နှစ်ယောက်ရဲ့ ပိတ်လှောင်ထားမှုကနေ ဖောက်မထွက်နိုင်တော့ပေ။

သူ့စိတ်စွမ်းအားကို လေထဲလွှင့်ရင်း ပါးစပ်ကနေလည်း အသံတွေ ထုတ်လွှင့်နေလေတယ်။ သူ့အသွင်အပြင်က ဦးနှောက်နဲ့ တူတယ်ဆိုပေမဲ့ သူ့အရေပြားက ကြည်လင်နေပြီး အထဲက အဝါရောင် ဥတွေကိုပါ မြင်နေရတယ်။ ဒါက ဇာ့ဂ်ဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိတော့ပေ။

" အနီးကပ် ကြည့်ပြီးပြီလား။ လူသားစစ်တပ်ကို ဒီမကောင်းဆိုးဝါးက အမိန့်ပေးနေမှတော့ ကျွန်တော်တို့ကို ကျရှုံးစေချင်ရင် ကျွန်တော်တို့ ရှုံးမယ် နိုင်စေချင်ရင် နိုင်မယ်။ အဲဒါက အင်ပါယာရဲ့ လေးပုံငါးပုံကို ထိန်းချုပ်နေတာ စစ်သားတွေရဲ့ အသက်ကလည်း သူ့လက်ထဲမှာပဲ။

မင်းတို့ တွေက မှန်ကန်သူနှစ်ယောက်ကို စွဲချက်တွေတင်ပြီး အကျိုးရှိတဲ့အချိန်တွေ ဖြုန်းတီးနေကျတာပဲ။ ငါတို့မှာ အပြစ်လုံးဝမရှိဘူး " ယွင်ရှန့်က နှာခေါင်းရှုံ့ရင်း ပြောခဲ့တယ်။

သူ့ပြောတာပြီးအောင်တောင်မစောင့်ဘဲ သီးခြားခန်းမှာ မတ်တပ်ရပ်နေခဲ့တဲ့ ကယ်လီက ရုတ်တရက် လေထဲကနေ ခုန်ကူးလာတယ်။ သူ့ခန္ဓာက မြန်မြန်ကျယ်ပြန့်လာရင်း သူရဲ့ ကြည့်ကောင်းလှတဲ့ အဝတ်အစားတွေကလဲ စုတ်ပြဲကုန်လေတယ်။ သူတို့နှစ်ဦးရှေ့ရောက်လာပြီး ရက်စက်တတ်တဲ့ ဇာ့ဂ်အဖြစ် ပြောင်းလဲသွားတော့တယ်။ အဲဒါက အဆိပ်တွေ မှုတ်ထုတ်ပြီး အမြီးနဲ့လည်း လူနှစ်ယောက်ကို လှည်းထုတ်ပြီး ဘုရင်မကို ကယ်တင်ဖို့ ကြိုးစားနေတယ်။ သူ့ဘေးနား ထိုင်နေကြတဲ့ စစ်တပ်အရာရှိတွေကလည်း အဆင့်မြင့် ဇာ့ဂ်တွေအဖြစ် ပြောင်းသွားပြီး သူတို့နှစ်ဦးကို စတင်တိုက်ခိုက်တော့တယ်။

ဒါပေမဲ့လည်း နှစ်များစွာ လေ့ကျင့်ရေးတွေဆင်းပြီးတဲ့နောက်မှာ သူတို့နှစ်ဦးရဲ့ အင်အားက သာမာန်လူတွေ မတွေးမိနိုင်လောက်တဲ့ အမြင့်ကို ရောက်ရှိနေပြီ ဖြစ်တယ်။ သူတို့က ပုံမှန်ဆို မပြသကြပေ။ အဲဒါကြောင့် ဂျိုရှုအာက သူတို့ကို အထင်သေးခဲ့ပြီး မြေဆွဲအားလက်ထိပ်တွေက သူတို့ကို ပိတ်လှောင်ထားနိုင်မယ်ဆိုပြီး တွေးထင်ခဲ့တာပဲ ဖြစ်တယ်။

Continue Reading

You'll Also Like

478K 72.2K 149
||Completed|| ရှဲ့ကျစ် မထင်မှတ်ပဲ သူသေဆုံးပြီး ဇာတ်လိုက်ရဲ့မှတ်ဉာဏ်တွေမှာသာ တွေ့ရတဲ့ သေဆုံးပြီးသား ကျေးဇူးရှင် ဇာတ်ကောင်ကြီး အဖြစ်ဝတ္ထုထဲသို့ ကူးပြော...
916K 105K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
161K 14.5K 36
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Imaginary Heaven and imaginary Characte...
11.1K 1.9K 52
#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status in COO -85 Chapters (Ongoing) I got permissio...