ABO world ( Arc 11 FOD ) (com...

By kilulayuu121

683K 68.9K 1.2K

This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other... More

11.1
11.2
11.3
11.4
11.5
11.6
11.7
11.8
11.9
11.10
11.11
11.12
11.13
11.14
11.15
11.16
11.17
11.18
11.19
11.20
11.21
11.22
11.23
11.25
11.26
11.27
11.28
FINAL
11.1 (unicode)
11.2 (U)
11.3 (U)
11.4 (U)
11.5 (U)
11.6 (U)
11.7 (U)
11.8 (U)
11.9 (U)
11.10 (U)
11.11 (U)
11.12 (U)
11.13 (U)
11.14 (U)
11.15 (U)
11.16 (U)
11.17 (U)
11.18 (U)
11.19 (U)
11.20 (U)
11.21 (U)
11.22 (U)
11.23 (U)
11.24 (U)
11.25 (u)
11.26 (U)
11.27 (U)
11.28 (U)
final (U)

11.24

14.3K 1.4K 36
By kilulayuu121

11.24

ချယ်မန်း ကျောင်းသားတွေက ကွင်းဆင်းလေ့လာရေးပြီးတာနဲ့ ဗိုလ်ကြီး အော့စ်ဘွန်းနဲ့ စီရှယ်ကြားက လေထုက လုံးဝပြောင်းလဲသွားတာတွေ့ပြီး အံ့သြနေကြတယ်။ သူတို့က နေ့တိုင်းနီးပါး အတူရှိနေပြီး စာသင်ခန်းထဲမှာတောင် အော့စ်ဘွန်းက လူအများကြား စီရှယ့်ကို ခဏတိုင်း လှမ်းကြည့်ဖို့ရာ မမေ့ပေ ။

သူမျက်စိ ခဏ လွဲလိုက်တာနဲ့ ကောင်လေး ပျောက်ကွယ်သွားမှာ ကြောက်နေသလိုမျိုး...

တကယ်လို့ စီရှယ်က မျက်လုံးတစ်ဖက်မှိတ်ပြတာမျိုး ဒါမှမဟုတ် မျက်ခုံးပင့်ပြတာမျိုး လုပ်မိခဲ့ရင် အော့စ်ဘွန်းက ချိုချဉ် ရထားတဲ့ ကလေးတစ်ယောက်လို ရယ်မောနေခဲ့တယ်။

အဲဒါအပြင် စီရှယ်နဲ့ အရင်က အရမ်းနီးကပ်တဲ့ ကယ်လီက ဂျိုရှုအာ ကို ရုတ်တရက် ဖြစ်နိုင်သမျှ နည်းလမ်းအကုန်လုံးနဲ့ အာရုံစိုက်လာတယ်။

ဒီအတွဲနှစ်တွဲက ဘာတွေလုပ်နေတာလဲ။ ပါတနာတွေ ပြောင်းတွဲနေတာများလား။ ဒီထူးဆန်းမှုကို အာရုံစိုက်ဖို့ အချိန်မရှိပေ။

ဘာလို့ဆို တခြား ကြီးမားတဲ့ ဖြစ်ပျက် ပေါ်ပေါက်လာပြီး အားလုံးရဲ့ အာရုံစိုက်မှုယူသွားခဲ့တယ်။ အယ်ဒရစ်အိုကြီးကို အင်အားကြီးတဲ့ မိသားစုတော်တော်များများကနေ ချယ်မန်းကျောင်းရဲ့ ဖြေဆိုသူတွေ ကယ်ဆယ်ရေးမှာ အနှောင့်ယှက်ပေးမှုကြောင့် လတ်တလော တရားစွဲထားတယ်။

နောက်ဆုံး ဝင်ခွင့်စာမေးပွဲမှာ အော့စ်ဘွန်း ဦးဆောင်တဲ့ ကယ်ဆယ်ရေးအသင်းက ပင့်ကူတွေ ပိတ်မိနေတဲ့ ဖြေဆိုသူတွေကို အချိန်မှီကယ်တင်နိုင်ခဲ့ပေမဲ့ သူတို့စီးနင်းလာတဲ့ ကြယ်သင်္ဘော စွမ်းအားအသွင်ပြောင်းရေး ဖျက်စီးခံလိုက်ရတာကြောင့် နာရီဝက် နောက်ကျသွားခဲ့တယ်။ တကယ်လို့ စီရှယ် သာ ဒါကို မဖြေရှင်းနိုင်ခဲ့ရင် ဖြေဆိုသူတွေအကုန်လုံး အသတ်ခံရမှာ ဖြစ်တယ်။

အဲဒါပြီးတော့ အော့စ်ဘွန်းက ဒီကိစ္စကို စတင်စုံစမ်းခဲ့ပြီး အယ်ဒရစ် မိသားစုက ထောက်ပံ့ထားတဲ့ ဆရာ တွေကို ဖမ်းပြီး သက်သေတွေ စုဆောင်းခဲ့တယ်။ သူက သက်သေတွေကို အဲဒီအချိန်က ဖမ်းမိခံထားရတဲ့ ကျောင်းသားမိဘတွေဆီ ပေးပို့ခဲ့ပြီး ဘာဆက်လုပ်မယ်ဆိုတာ သူတို့ကို ရွေးချယ်စေခဲ့တယ်။

အယ်ဒရစ် မိသားစုရဲ့ ဖြစ်ရပ်က အများသိ ရက်စက်စွာ ပြုကျင့်ခဲ့ခြင်းဖြစ်ပြီး သူတို့က သူတို့လက်အောက်ခံတွေအပေါ် သက်သက်မဲ့ တက်နင်းပြီး သိက္ခာမရှိစွာ ပြုမူခဲ့တယ်။ သူတို့က ရဲဘော်ရဲဘက်ဖြစ်တာတောင် ကိုယ့်အကျိုးရှိရင် သူတို့ကို လွယ်ကူစွာ ရောင်းစားသွားလိမ့်မယ်။ ဒီလိုမိသားစုမျိုးက အင်ပါယာရဲ့ ထောက်တိုင် မဟုတ်ဘဲ ရောဂါပဲ ဖြစ်တယ်။ တတ်နိုင်သမျှ မြန်မြန် အမြစ်ဖြတ် ရှင်းလင်းသုတ်သင်ဖို့ လိုတယ်။

မိသားစုအများကြီးရဲ့ တွန်းအားပေးမှုအောက်မှာ အယ်ဒရစ် မိသားစုက ပြိုလဲလာခဲ့ပြီး တပ်မဟာ(၅)မှာလဲ 'တက်မ' မရှိသလို ဖြစ်လာခဲ့တယ်။ မိသားစုငယ်တွေရဲ့ ခေါင်းဆောင်များက တပ်ရင်းကို ထိန်းချုပ်နိုင်ဖို့ရာ စတင်ပြိုင်ဆိုင်လာပြီး အခြေအနေကို ပိုရှုပ်ထွေးစေတယ်။

တခြားသူတွေ တိုက်နေတုန်းမှာ စီရှယ်က တိတ်ဆိတ်စွာ အော့စ်ဘွန်းနဲ့အတူ တိုက်ပွဲတွေနောက် လိုက်ခဲ့တယ်။ အဓိကတိုက်ပွဲတွေအပြီး သူက သူ့အပေါ် သစ္စာရှိတဲ့ လက်အောက်ခံအများပြားကို စုမိပြီး စစ်တပ်ထဲ အခြေခိုင်လာခဲ့တယ်။ တပ်မဟာ(၅)ကို အကြောက်ရွံ့ကင်းမဲ့စွာ သူ့လက်အောက်ခံဖြစ်ဖို့ရာ သုံးနှစ်ပဲ ကြာမြင့်ခဲ့တယ်။ သူက ထပ်ခါထပ်ခါ ထူးချွန်တဲ့ အောင်မြင်မှုတွေရရှိခဲ့ပြီး သူ့စစ်တပ်ကို တပ်မဟာ(၂)အဖြစ် တိုက်ရိုက်တိုးမြင့်နိုင်ခဲ့တယ်။ တပ်မဟာ(၂)က အော့စ်ဘွန်းရဲ့ တပ်မဟာ(၁)နဲ့အရမ်းရင်းနှီးကြတယ်။

ကယ်လီက ဂျိုရှုအာကို တော်ဝင်မိသားစုဆီ မိတ်ဆက်ပေးခဲ့ပြီး လန်နွန်း တော်ဝင်မိသားစုက တပ်မဟာ(၃)ကို လက်ထပ်မှုနဲ့ ဆက်နွယ်မှုရှိခဲ့တာကြောင့် သူတိုရဲ့ကြီးထွားမှုကလဲ အရမ်းအံ့အားသင့်စရာ ကောင်းပေတယ်။

နှစ်တွေကြာတဲ့အချိန်မှာ စစ်တပ်အများပြား သဘောထားကွဲလွဲမှုတွေအပြီးနောက် လန်နွန်း အင်ပါယာ၊ လွတ်လပ်ရေး ဗဟိုအစိုးရအဖွဲ့၊ ဘယ်လို့ သမ္မတနိုင်ငံကြား မကြာခဏ ပဋိပက္ခတွေဖြစ်ခဲ့ပြီး ကြယ်စစ်ပွဲ ဖြစ်လုနီး အခြေအနေထိ ဖြစ်ခဲ့ကြတယ်။ ဘယ်လို့သမ္မတနိုင်ငံ ရဲ့ ကင်းထောက်က အလွန် တုန်လှုပ်ဖွယ်သတင်းကို ကြားလာခဲ့တယ်။ အဲ့သတင်းက ဇာ့ဂ်တွေကြားမှာ ဘုရင်မ မွေးဖွားလာပြီဆိုတာ ဖြစ်တယ်။

ဒါက လူသားမျိုးနွယ်အတွက် သတင်းဆိုး ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။ ဇာ့ဂ်တွေမှာလည်း အမျိုးအစား အများပြားရှိတယ်။

သန္ဓေပြောင်း အဆင့် မြင့် ဇာ့ဂ်တွေက အသိဉာဏ်ရှိကြတယ်။ ဒါပေမဲ့ သူတို့က အပိုင်းအစမျှသာဖြစ်ပြီး သူတို့အတွက် အတူတကွ စုစည်းဖို့က ခက်ခဲတယ်။ ဒါပေမဲ့ နှစ်ရာချီတိုင်းမှာ ဇာ့ဂ်တွေအားလုံးကို အမိန့်ပေးနိုင်တဲ့ ဘုရင်မ မွေးဖွားလာတတ်တယ်။ အဆင့်မြင့် ဇာ့ဂ်တွေ စုစည်းနေထိုင်မှုနှုန်းက မိနစ်တိုင်းမှာ ထောင်ချီပြီး တိုးပွားလာနေတယ်။

သူတို့က အလွန် လောဘကြီးပြီး နေ့တိုင်း စွမ်းအင်အမြုတေ အမြောက်အမြားနဲ့ အဖိုးတန် သတ္တု တွေစားဖို့ လိုအပ်တယ်။ အဲဒါကြောင့် ဇာ့ဂ်အုပ်စုတွေက စကြဝဠာတွေကို သူတို့ရဲ့ အရင်းအမြစ်အတွက် အတင်းအဓမ္မ သိမ်းယူကြတယ်။ ဇာ့ဂ်တွေက စကြဝဠာတွေရဲ့ ဂြိုဟ်တွေ သိမ်းယူပြီး သူတို့ရဲ့ သားရဲတွင်း လုပ်ဖို့ ကြိုးစားတယ်။

အဲဒီ ဘုရင်မ မွေးဖွားလာမှုက ရူးသွပ်နေတဲ့ ဇာ့ဂ်တွေနဲ့ လူသားမျိုးနွယ်ရဲ့ သေတမ်းစာကို ဆိုလိုတာ ဖြစ်တယ်။

မျိုးတုန်းပျောက်ကွယ်နိုင်မဲ့ အန္တရာယ်ကို ရှေ့တန်းတင်ထားရင်း နယ်မြေလုတိုက်ပွဲတွေကို နောက်ဆုတ်ထားလိုက်တယ်။ အမျိုးမျိုးသော လူသား အင်အားစုတွေက ဘုရင်မကို သတ်ဖို့ရာ အတူတကွ ပေါင်းစည်းကြခဲ့တယ်။ ဘုရင်မက စိတ်စွမ်းအား အရမ်းမြင့်တယ်။ ဘာလို့ဆို သူက ဆက်လက် မျိုးဆက် ပြန့်ပွားဖို့ရာ ဖြစ်ပြီး သန္ဓေဆောင်နေတဲ့အခါ အကာကွယ်ကင်းမဲ့တဲ့ အသားလုံးပဲ ဖြစ်တယ်။ သတ်ဖို့ရာ အခက်အခဲ မရှိပေ။ ဒါပေမဲ့ ဘေးမှာ ဝန်းရံထားတဲ့ အဆင့် မြင့် ဇာ့ဂ်အစောင့်တွေ ရာချီပြီး ရှိတယ်။ စစ်သားတွေ ဆိုမထားနဲ့။ ကြယ်သင်္ဘောတောင် ချည်းကပ်ဖို့ရာ လွယ်ကူမှာ မဟုတ်ပေ။

လူသား ယာယီစုပေါင်းအဖွဲ့ချုပ်က နောက်ဆုံး တိုက်ပွဲအစီစဉ်ချမှတ်ဖို့ရာ လတွေအများကြီး ကုန်ဆုံးခဲ့ရတယ်။ ဇာ့ဂ်စစ်တပ်ကို နေရာကွဲစေဖို့ရာ အဖွဲ့တွေ အများကြီး ဖွဲ့ပြီး ဘက်ပေါင်းစုံကနေ ဝင်ရောက်တိုက်ခိုက်ကြမှာ ဖြစ်တယ်။ အဲဒီနောက် ဘုရင်မ ကိုသတ်ဖို့အတွက် အသန်စွမ်းဆုံး စစ်တပ်ကို ဇာ့ဂ်အသိုက်ထဲ ဝင်ခိုင်းမှာ ဖြစ်တယ်။

ဒီတိုက်ပွဲအစီစဉ်က အရမ်း အကျိုးရှိပေမဲ့ မအောင်မြင်ခဲ့ဘူးဆိုရင်တော့ လူသားမဟာမိတ်အုပ်စုအတွက် ပေးဆပ်ရမဲ့ တန်ကြေးက ကြီးမားတယ်။ တိုက်ပွဲမှာ ငယ်ရွယ်တဲ့ လူငယ်လေးများကို စတေးခံရနိုင်ပြီး ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုနဲ့ အားနည်းတဲ့ မိန်းမနဲ့ ကလေးတွေက ဇာ့ဂ်တွေအတွက် အစားအစာ ဖြစ်လာလိမ့်မယ်။

မြင့်မားပြီး သန်စွမ်းတဲ့ ဇာ့ဂ်တွေ ဒီဂလက်ဆီ ကို ရှာတွေ့နိုင်တယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။

" အဲကြောင့် ဒီမစ်ရှင်က အောင်မြင်မှပဲရမယ် ရှုံးနိမ့်ဖို့ ခွင့်မပြုဘူး " အော့စ်ဘွန်းက ဆုံးဖြတ်ချက် ပြတ်သားစွာ သူ့လူတွေကို ပြောတယ် ။သူက ဂလက်ဆီ မှာ အသန်စွမ်းဆုံးဖြစ်ပြီး ရှေ့ပြေးစစ်တပ်ကို ဦးဆောင်မှာ ဖြသ်တယ်။

ဒုတိယ အသန်စွမ်းဆုံးဖြစ်တဲ့ ယွင်ရှန့်ကလည်း အဖွဲ့ရဲ့ တစိတ်တပိုင်း အနေနဲ့ ပါဝင်တယ်။ ယွင်ရှန့်က ဒီတိုက်ပွဲမှာ အော့စ်ဘွန်းက ဘုရင်မ ကို သတ်နိုင်ခဲ့ပြီး သေဆုံးသွားခဲ့တာ သိနေခဲ့တယ်။ ဒါပေမဲ့ သူ့ဘဝကိုလည်း ပေးဆပ်ခဲ့တယ်။ အဲဒါကြောင့် သူက အဖွဲ့ထဲ ရောက်လာတဲ့ ကယ်လီနဲ့ ဂျိုရှုအာတို့ မြင်ကွင်းကို ရွံ့ရှာတဲ့ အမူအယာကို ဖုံးကွယ်မထားခဲ့ဘူး။

ဒီအချိန်မှာ အော့စ်ဘွန်းကို ဘယ်သူမှ ဆွဲချနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ သူတို့နှစ်ယောက် အချိန်မီ ပြန်မဆုတ်ရင် ဘုရင်မနဲ့အတူ သူတို့ကိုပါ မြှပ်နှံ့ထားခဲ့မယ်။

" ဘာဖြစ်လို့လဲ " အော့စ်ဘွန်းက သူ့လူတွေကို တန်းဖြုတ်ပြီး မျက်မှောင်ကြုတ်နေတဲ့ သူ့ရဲ့ ချစ်သူလေးကို နမ်းဖို့ရာ လက်မောင်းထဲ ဆွဲခေါ်လိုက်တယ်။

" အတူတူ အသက်ရှင်ပြီး ပြန်လာမယ် ဒါမှမဟုတ်ရင် ဇာ့ဂ်အသိုက်ထဲမှာ အတူတူ သေဆုံးကြမယ်။ တစ်ယောက်ကို တစ်ယောက် ဘယ်တော့မှ ချန်မထားကြေး ဒါကို ကတိပေးနိုင်မလား။ " ယွင်ရှန့်က အသံလေးနိမ့်ပြီး မေးလိုက်တယ်။

" ကိုယ့်အချစ် ... ဒါက ကိုယ် ပြောချင်နေတာနဲ့ကွက်တိပဲ " အော့စ်ဘွန်းက လာမဲ့တိုက်ပွဲအတွက် တစ်စက်လေးတောင် မပူပန်ဘဲ တက်ကြွစွာ ပြုံးပြီးပြောလိုက်တယ်။ အပြင်ဘက်မှာ သူက ရိုးသားဖြောင့်မတ်ပုံပေါက်နေပေမဲ့ တကယ်တော့ သူက လူသားမျိုးနွယ်စု အသက်ရှင်ရှင်၊ မရှင်ရှင် ဂရုမစိုက်ပေ။ စီရှယ် အသက်ရှင်မယ်ဆိုရင် သူလည်း ရှင်ပြီး စီရှယ် သေဆုံးသွားခဲ့မယ်ဆိုရင် သူလည်း ဒီကမ္ဘာကနေ ထွက်သွားဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။

သူက သူ့ချစ်သူက သူ့လိုတူညီတဲ့ ခံစားချက်ရှိတဲ့အတွက် သာယာကြည်နူးနေမိတယ်။

သူတို့က တကယ်ကို လုံးဝပြီးပြည့်စုံတဲ့ အတွဲတွေပဲ ......

သူက သူ့ချစ်သူလေးကို အခန်းငယ်လေးထဲ တွန်းပို့လိုက်ပြီး သူရဲ့ ပိန်ပါးတဲ့ လည်ပင်းရယ်၊ လှပတဲ့ ညှပ်ရိုးလေးရယ်ကို တတိတိ ကိုက်နေတယ်။ အဲဒီနောက် သူရဲ့စိတ်စွမ်းအားကို ကောင်လေးနဲ့ ချိတ်ဆက်ဖို့ လွှင့်ထုတ်လိုက်တယ်။

နှစ်ဦးသား စိတ်အားထက်သန်စွာ ချစ်ကြည်နူးနေရင်း သူတို့ဟာ တိုက်ပွဲအတွက် အနည်းငယ်မျှ နောက်ဆံတင်းမနေပေ။ မူလစီရှယ်ပဲဖြစ်ဖြစ် လက်ရှိ ယွင်ရှန့်ပဲဖြစ်ဖြစ် အော့စ်ဘွန်းနဲ့ အတူသေဆုံးတာက အကောင်းဆုံး အဆုံးသတ် ဖြစ်တယ်။

အားမွေးပြီး သုံးရက်အကြာမှာ ကြယ်တာရာ မဟာမိတ်က ဘုရင်မ ပုန်းခိုရာ ဂြိုဟ်ဆီ ပျံ့သန်းသွားခဲ့ကျတယ်။ လူသားအကုန်လုံးက ဒီတိုက်ပွဲအတွက် စိတ်ပူနေကြပြီး တကယ်လို့သာ တိုက်ပွဲက ရှုံးနိမ့်သွားခဲ့ရင် ကျန်ရှိနေတဲ့ စစ်တပ်အုပ်စုက ကျန်ရှိနေတဲ့ လူသားတွေကို အခြား ဂလက်ဆီဆီ ဘဝသစ်စဖို့ရာ လိုက်လံပို့ဆောင်ပေးမှာ ဖြစ်တယ်။

ဇာ့ဂ်က ဂြိုလ်ကို တူးထားပြီး ကြီးမားတဲ့ မြေအောက် ဝင်္ကပါ ပြုလုပ်ထားတယ်။ ရှေ့ပြေးတပ်က ဝင်္ကပါထဲ ဝင်ဝင်ချင်း ဇာ့ဂ်အုပ်စုကြောင့် အသီးသီး နေရာကွဲသွားကြတယ်။ ယွင်ရှန့်နဲ့ အော့စ်ဘွန်းနှစ်ဦးသားပဲ အစဆုံး အတူရှိနေတာ ဖြစ်တယ်။ သူတို့ရဲ့ အထူး

ယာဉ်တွေကိုလည်း ထိခိုက်သွားတာဖြစ်ပြီး စွမ်းအင်ကုန်ဆုံးပြီး မသေဆုံးခင် ဘုရင်မ ရဲ့ ပုန်းနေတဲ့နေရာကို ရှာတွေ့ဖို့ လိုအပ်တယ်။

" ပုံမှန်မဟုတ်တဲ့ စိတ်စွမ်းအားကို ခံစားမိတယ် " ယွင်ရှန့်က အော့စ်ဘွန်းကို ဆက်သွယ်ရေးလိုင်းက တဆင့် ဆက်သွယ်လိုက်တယ်၏

" ကိုယ်ရောပဲ ခံစားမိတယ်။ ရှေ့သွားကြည့်ရအောင် " အော့စ်ဘွန်းက သူ့လမ်းမှာ ရှိနေတဲ့ ဇာ့ဂ်အုပ်စုကို အမြောက်နဲ့ ပစ်သတ်လိုက်တယ်။ သူတို့ရှေ့ဆက်သွားလေလေ စိတ်စွမ်းအားက ပိုထင်ရှားလာလေ ဖြစ်တယ်။ မိစ္ဆာဝိညာဉ်တွေ အလွန်အကြူး စုစည်းထားသလိုမျိုး ပိုပိုပြီး အင်အားကောင်းလာတယ်။ ပြီးတော့ တိုက်ခိုက်ဖို့ ထွက်လာတဲ့ ဇာ့ဂ်တွေကလည်း ဒီရေ အလား ဖြစ်တယ်။

သူတို့ရှေ့မှာ ဘုရင်မရဲ့ သားရဲတွင်းဖြစ်တယ်ဆိုတာ ယုံမှားစရာ မရှိပေ။

သူတို့နှစ်ဦးဟာ မပြောဘဲ အပြန်အလှန် နားလည်လိုက်ပြီး သတ္တိရှိရှိ တိုက်ခိုက်ရင်း နောက်ဆုံးမှာ ကြီးမားတဲ့ မြေအောက် နန်းတော်ဆီ ဝင်ရောက်သွားခဲ့တယ် ။မြေအောက်နန်းတော်ရဲ့ အလယ်မှာ လဲလျောင်းနေတာက ဘုရင်မ ဖြစ်ပြီး သူ့အရွယ်အစားက ကြယ်တာရာ ပင်လယ်သင်္ဘောလောက် ရှိတယ်။ ကြည်လင်နေတဲ့ အရည်ပြားက အနည်းငယ် တွန့်သွားပြီး ပြောင်းစေ့အရွယ် အဝါဖျော့ ဥအတွဲလိုက် ကို ရှင်းလင်းစွာ မြင်နေရတယ်။

ယွင်ရှန့်နဲ့ အော့စ်ဘွန်းက အလွန်အံ့အားသင့်နေတယ်။ အဲဒါက ရုပ်ဆိုးလှတဲ့ ဇာ့ဂ် ဘုရင်မကြောင့်မဟုတ်ဘဲ နောက်မှာ ရပ်နေတဲ့ လူသားကြောင့် ဖြစ်တယ်။ လူသားက ဘုရင်မ အရေပြားပေါ် လက်ဖဝါး နဲ့ဖိထားပြီး ဥတွေကို ထိကိုင်နေပုံပေါ်တယ်။

သူ့ယာဉ်က သူ့နောက်မှာ တိတ်ဆိတ်စွာ ရပ်ထားတယ် သူကလည်း ရှေ့ပြေးတပ်ရဲ့ အဖွဲ့ဝင် ဖြစ်တယ်။

ယွင်ရှန့် နဲ့ အော့စ်ဘွန်းက တွေးဖို့ရာ အချိန်မရှိပေ။ သူတို့ဟာ ဝတ်စုံအလျှင်အမြန် ဝတ်ဆင်လိုက်ပြီး အဲဒီလူဆီ ပြေးသွားလိုက်ကြတယ်။ အဲဒီလူက အသံကို ကြားပြီး ထိတ်လန့်နေပုံပေါ်တယ်။ သူက ရုတ်တရက် နောက်လှည့်ကြည့်တယ်။ သံသယဖြစ်စရာ တစက်လေးမှ မရှိပေ။ အဲဒီလူက ဂျိုရှုအာပါပဲ ...

" ဗိုလ်ချုပ် ... ဘုရင်မ ကိုတွေ့ပြီ ဒီကို လာကြည့်ပါဦး" သူက လက်ကို ယမ်းရင်း စိတ်အားတက်ကြွစွာ အော်နေတယ်။

Continue Reading

You'll Also Like

11.1K 1.9K 52
#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status in COO -85 Chapters (Ongoing) I got permissio...
164K 14.7K 38
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Imaginary Heaven and imaginary Characte...
917K 105K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
81.4K 14.1K 8
ဧကရာဇ် shou, ဧကရီ gong Chapter status - 8 Chapters (Completed) I own nothing, just translate it. If you want to read English translation, here is the...