ABO world ( Arc 11 FOD ) (com...
By kilulayuu121
683K 68.9K 1.2K
This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other... More
11.1
11.2
11.3
11.4
11.5
11.6
11.7
11.8
11.9
11.10
11.11
11.12
11.13
11.14
11.15
11.16
11.17
11.18
11.19
11.20
11.21
11.22
11.24
11.25
11.26
11.27
11.28
FINAL
11.1 (unicode)
11.2 (U)
11.3 (U)
11.4 (U)
11.5 (U)
11.6 (U)
11.7 (U)
11.8 (U)
11.9 (U)
11.10 (U)
11.11 (U)
11.12 (U)
11.13 (U)
11.14 (U)
11.15 (U)
11.16 (U)
11.17 (U)
11.18 (U)
11.19 (U)
11.20 (U)
11.21 (U)
11.22 (U)
11.23 (U)
11.24 (U)
11.25 (u)
11.26 (U)
11.27 (U)
11.28 (U)
final (U)
11.23
13.8K 1.5K 92
By kilulayuu121
11.23
သူတို့တွေက တောထဲ လျှင်မြန်စွာ ပျောက်ကွယ်သွားကြတယ်။ ဂူဆီ သုံးရက်အကြာမှာ တစ်ခေါက်ပြန်လာကြည့်ခဲ့ပေမဲ့ ဟော်မုန်းနံ့တွေက အခုထိ ပြင်းနေဆဲဖြစ်နေတာ တွေ့ပြီး ပြန်ထွက်သွားခဲ့ကြတယ်။ သူတို့က တစ်ရက်ချင်း လာလာကြည့်ခဲ့ပြီး စုစုပေါင်း ခုနှစ်ရက် ကြာမြင့်သွားခဲ့တယ်။
သွေးသန့်အိုမီဂါတွေက heat ဖြစ်တာ ပိုကြာလေ့ရှိပြီး သူတို့ရဲ့ အယ်လ်ဖာတွေကို စွဲဆောင်နိုင်စွမ်းကလည်း ပိုမြင့်လေတယ်။ ဒါကတော့ ကမ္ဘာရဲ့အသိစိတ်ကနေ သူရဲ့ သားတော်ကို ချီးမြင့်ထားတဲ့ ရွှေလက်ချောင်းပဲ ဖြစ်လေတယ်။ သူက အထူးချွန်ဆုံးမျိုးဆက်ကို မွေးဖွားပေးနိုင်လိမ့်မယ်။ ယွင်ရှန့်က လုံးဝတည်ငြိမ်သွားပြီ ဖြစ်တယ်။ သူက ဂူရှေ့ကနေ စောင့်နေရင်း အတွေးထဲ နစ်မြှောနေလေတယ်။
ဟော်မုန်းတွေက တဖြည်းဖြည်း ကွယ်ပျောက်လာပြီဖြစ်တယ်။ အော်ငြီးသံတွေက ရုတ်တရက် ပိုပိုပြီး ပြင်းထန်လာပြီးနောက် ရုတ်ချည်း ရပ်သွားခဲ့လေတယ်။ သိသာစွာပဲ အထဲက လူနှစ်ယောက်က ခုနှစ်ရက် ခုနှစ်ည မိတ်လိုက်ပြီးအဆုံးမှာတော့ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့လေပြီ။
အဲလိုလူတွေကို ဘယ်လိုများ လူသားလို့ ခေါ်ပါလိမ့်။ သူတို့က သားရဲမှန်း သိသာနေတာပဲ။
ယွင်ရှန့်က တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်တယ်။
အဝတ်တွေ စုတ်ပြတ်နေတဲ့ ကယ်လီက ကျောက်တုံးကို ဖွင့်ပြီး ဂျိုရှုအာကို လမ်းလျှောက်လာနိုင်အောင် ကူညီပေးလိုက်တယ်။ တကယ်လို့သာ ပုံမှန် အိုမီဂါ ဆိုရင် ဒီလောက်အချိန်အကြာကြီး သာယာမှု ခံစားပြီးတဲ့နောက်မှာ လက်တချောင်းတောင် 'မ' နိုင်မှာ မဟုတ်ပေ။ ဒါပေမဲ့ ဂျိုရှုအာရဲ့ ခန္ဓာကြံ့ခိုင်မှုက အယ်လ်ဖာ နဲ့ယှဉ်နိုင်တဲ့အတွက် အခုထိ မတ်မတ်ရပ်နိုင်တာ ဖြစ်တယ်။
ဂူရဲ့ အပြင်ဘက်မှာ စောင့်နေတဲ့ လူနှစ်ယောက်ကို မြင်ပြီး ကယ်လီက ဖြူဖျော့သွားခဲ့တယ်။ ဂျိုရှုအာက သူ့မုန်းတီးလှတဲ့ အမူအရာတွေ မြင်မှာစိုးပြီး ချက်ချင်း ခေါင်းကို ငုံ့ထားလိုက်တယ်။ သူက ဒီအခိုက်အတန့်ကို စောင့်မျှော်နေတာ ဖြစ်တယ်။
စီရှယ် ဘယ်လို တုံ့ပြန်မလဲ။
ငိုမှာလား။ ကျိန်ဆဲမှာလား။ တိုက်ခိုက်မှာလား။
စီရှယ် ပိုခံစားရလေ သူက ပျော်ရွှင်လေဖြစ်တယ်။
ဒါပေမဲ့ သူ့အထင်က လုံးဝလွဲမှားနေခဲ့တယ်။ ကောင်လေးက စိမ်ပြေနပြေ လမ်းလျှောက်လာပြီး ရုတ်တရက် ကယ်လီရဲ့ အကျီကို ဆွဲကိုင်လိုက်ပြီး နမ်းဖို့ရာ အောက်ကို ဆွဲချလိုက်တယ်။ အဲဒီနောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ပြီး စိတ်သက်သာရာ ရသွားတဲ့ အမူအရာ ပေါ်နေလေတယ်။
" စီရှယ် ... ငါ တောင်းပန်ပါတယ်။ ငါ......" ကယ်လီက ရှင်းပြဖို့ အရဲစွန့်ပြီး ပြောလိုက်တယ်။
" စိတ်မရှိနဲ့။ ကျွန်တော်က တခြား အိုမီဂါ ကို အမှတ်အသား လုပ်ထားတဲ့ အယ်လ်ဖာကို ဒိတ်မလုပ်ဘူး "
ယွင်ရှန့်က အခုလက်ရှိအခြေအနေကို ဖော်ပြရရင် ပျော်နေမိတယ်။ ကယ်လီက သူ့ချစ်သူ မဟုတ်ပေ။ ကံကောင်းစွာနဲ့ ဂျိုရှုအာက လက်ဦးသွားလို့ မဟုတ်ရင် သူတို့ဒိတ်ဖြစ်ခဲ့ရင် ဒီ ကံမကောင်းတဲ့ အချစ်ကို ဖျောက်ဖျက်ဖို့ နည်းလမ်းကို မတွေးမိနိုင်လောက်ပေ။
ကယ်လီက အင်ပါယာရဲ့ ဒုတိယမြောက် ဆက်ခံသူ ဖြစ်ပြီး သူက တော်ဝင်မိသားစုရဲ့ မှေးမှိန်နေတဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရရှိဖို့အတွက် ချယ်မန်းဆီ စာလာသင်ခဲ့ခြင်း ဖြစ်တယ်။ သူက တချို့စစ်တပ်အင်အားကို ချုပ်ကိုင်ချင်လိုတာ ဖြစ်တယ်။ အဲဒါကြောင့် သူက အရည်ချင်းရှိတဲ့သူတွေကို အောင်နိုင်ဖို့ လိုပေတယ်။ မူလဇာတ်ကြောင်း သူ့ကံတရားအရ အော့စ်ဘွန်းရဲ့ သေဆုံးမှုအပြီးမှာ သူက ဂျိုရှုအာကနေတဆင့် ပထမစစ်တပ်ကို ချုပ်ကိုင်နိုင်ခဲ့တယ်။ သူက သူ့အကိုကိုလည်း တိတ်တဆိတ် သတ်ဖြတ်ခဲ့ပြီး လန်နွန်း အင်ပါဟာရဲ့ သမိုင်းကြောင်းမှာ အင်အားအကြီးဆုံး စစ်တပ်နဲ့ ဘုရင် ဖြစ်လာခဲ့တယ်။
သူက အပြင်ဘက်မှာ ညင်သာပြီး ရှက်တတ်တဲ့ပုံပေါ်ပေမဲ့ အတွင်းမှာ တွက်ချက်နေတာ ဖြစ်လေတယ်။ အများရှေ့နှင့် သီးသန့်မှာရော သူက စီရှယ့်ကို ကြီးမားတဲ့ အလားလာကြောင့် လွယ်ကူစွာ လက်မလွှတ်ပေးခဲ့တာ ဖြစ်တယ်။ အခု ဂျိုရှုအာနဲ့ ဖောက်ပြန်တာ သက်သေရှိပြီ ဖြစ်တဲ့အတွက် ယွင်ရှန့်က သူ့ကို အောင်မြင်စွာ ခါချနိုင်ခဲ့တယ်။
" ဂျိုရှုအာက အိုမီဂါ လို့ မတွေးခဲ့မိဘူး။ ကောင်းကောင်း ဖုံးထားနိုင်တာပဲ " ယွင်ရှန့်က အံ့သြချင်ယောင်ဆောင်ပြီး ပြောလိုက်တယ်။
" ဒါကို လျို့ဝှက်ပေးဖို့ ကူညီပေးပါ။ မင်းလည်း အိုမီဂါပဲလေ။ ငါ့ခံစားချက်တွေကို မင်းနားလည်နိုင်မှာပါ။ အိုမီဂါ တွေက အားမနည်းဘူး။ ငါတို့တွေက သားဖွားတဲ့စက်တွေ မဟုတ်ဘူး။ ငါတို့သာ စွမ်းဆောင်နိုင်မယ်ဆိုရင် လူမှုအဖွဲ့အစည်းတွေမှာ နေရာပိုရလိမ့်မယ်။ အဲဒါ မင်း ပြောခဲ့တာတွေပဲမလား။" ဂျိုရှုအာက သူ့ခေါင်းကို မော့ပြီး စစ်မှန်တဲ့ မျက်လုံးတွေနဲ့သူ့ကို ကြည့်နေတယ်။
ယွင်ရှန့်က ဂျိုရှုအာကို ထုတ်ဖော်ဖို့ ရည်ရွယ်ချက် မရှိပေ။ သူက ယုံကြည်ပြီး အနည်းငယ် ခံစားသွားရပုံ ဟန်ဆောင်လိုက်လေတယ်။ အဲဒီနောက် လှည့်ထွက်မသွားခင် လူနှစ်ယောက်ကို နက်နက်နဲနဲ စိုက်ကြည့်နေခဲ့တယ်။
အော့စ်ဘွန်းကလည်း ချက်ချင်း နောက်က လိုက်သွားခဲ့တယ်။
ကယ်လီကလည်း သူတို့နောက်ကို လိုက်ချင်ခဲ့တယ်။ ဒါပေမဲ့ ဂျိုရှုအာရဲ့ ခန္ဓာကိုယ် အခြေအနေ တွေးမိပြီး ဒီမှာပဲ နေရစ်ခဲ့တယ်။ သူက သွေးက အလွန်သန့်စင်ပြီး သန်မာတဲ့ ဂျိုရှုအာကို အမှတ်အသားပြုခဲ့မိတာ ဖြစ်တယ်။ သူက အလွန်သန်မာတဲ့ မျိုးဆက်ကို မွေးဖွားပေးနိုင်လိမ့်မယ်။ အဲဒါကြောင့် သူ့ကို တာဝန်ယူရမယ်လို့ သူကိုယ်သူ အကျိုးသင့်အကြောင်းသင့် ပြောနေလေတယ်။
ယွင်ရှန့်က အမူအရာကင်းမဲ့စွာ ဓားကို ယမ်းပြီး အတားအဆီးတွေကို ရှင်းလင်းနေတယ်။ အော့စ်ဘွန်းက သူ့နောက်က လမ်းတလျှောက် တိတ်ဆိတ်စွာ လိုက်လာခဲ့တယ်။ ညနေရောက်တဲ့အခါမှာ သူတို့က ခေတ္တနားနေဖို့ နေရာ ရှာတွေ့ခဲ့တယ်။
အော့စ်ဘွန်းက ဇာ့ဂ်အသား ချက်ပြုတ်ရာမှာ အာရုံစိုက်ထားပြီး ယွင်ရှန့်က မီးပုံထဲ တုတ်တစ်ချောင်းနဲ့ ထိုးဆွနေတယ်။ သူက မော့ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်တယ်။
" ဘယ်လိုခံစားနေရလဲ။ အကြာကြီး တွဲနေခဲ့တဲ့ ဘီတာက အိုမီဂါ ဖြစ်နေခဲ့ပြီး အံ့သြခွင့်တောင်မရခင် အခြား အယ်လ်ဖာ နဲ့မိတ်လိုက်နေခဲ့တာလေ။ ခင်ဗျား နာကျင်မှုကို ဖုံးထားတာလား"
တကယ်တော့ စိတ်အခြေအနေကို နှိုင်းယှဉ်ကြည့်ရရင် အော့စ်ဘွန်းက ကံအဆိုးဆုံး ဖြစ်နေလေတယ်။ အဲဒီအတွေးနဲ့ ယွင်ရှန့်ရဲ့နှုတ်ခမ်းလေးက ကွေးညွတ်သွားခဲ့တယ်။ အဲဒါက စီရှယ်ကို ပစ်ပယ်လို့ ပြန်ဆပ်ရတာပဲ။
အော့စ်ဘွန်းက အမှန်အကန် သူ့နာကျင်မှု ဖုံးကွယ်ထားတာ ဖြစ်တယ်။ ဆက်ဆံရေးတွေ ပြတ်ဆဲပြီးတာကို ဘာလို့ ကယ်လီကို နမ်းလိုက်ရတာလဲ။ သူက ကယ်လီနှုတ်ခမ်းတွေကို ဖြတ်ထုတ်ပစ်ဖို့ သူ့စိတ်စွမ်းအားကို အသုံးပြုလုနီးပါး ဖြစ်ခဲ့လေတယ်။
သူ့တစ်ကိုယ်လုံးကို တိမ်မည်းတွေနဲ့ လွှမ်းခြုံထားသလို ခံစားမှု အခြေအနေဆိုးနေလေတယ်။
" တကယ်ကို ဖုံးကွယ်ထားတာလား။ ဂျိုရှုအာကို အခုထိ ချစ်နေသေးတာလား။ အနာဂတ်မှာရော သူ့နောက် လိုက်နေဦးမှာလား။ အကြံဉာဏ် တစ်ခုလောက် ပေးချင်တယ်။ ဦးနှောက် မရှိတဲ့သူလို မဖြစ်စေနဲ့။ သူက သူရဲ့ပျော်ရွှင်မှုကိုတွေ့ပြီးပြီဆိုတော့ လက်လွှတ်ပေးသင့်တယ်လေ။
သူ့ကို စောင့်ရှောက်ပေးဖို့က ခင်ဗျားတာဝန် မဟုတ်တော့ဘူး။ ခင်ဗျားက ပထမတန်းစားပါ။ ဂျိုရှုအာထက်ပိုကောင်းတဲ့ ပါတနာကို ရှာတွေ့နိုင်လိမ့်မယ် "
ယွင်ရှန့်က အလေးအနက် နှစ်သိမ့်ပေးလိုက်တယ်။ စီရှယ်က အော့စ်ဘွန်းရဲ့ သေဆုံးမှုကို သူ့ဘဝတလျှောက်လုံး နောင်တရနေခဲ့တယ်။ အဲဒါကြောင့် ယွင်ရှန့်က သူ့ကို ဂျိုရှုအာအတွက် နောက်တကြိမ်ထပ်ပြီး အရာအားလုံးကို လက်လွှတ်ဖို့ ခွင့်မပြုနိုင်ပေ။
သူ့နားက တိမ်မည်းတွေက တဖြည်းဖြည်း လွင့်ပျယ်သွားတယ်။ အော့စ်ဘွန်းက စိတ်ပါလက်ပါ မေးလိုက်တယ်
" တကယ်ကို ကိုယ့်ကို ပထမတန်းစားလို့ ထင်လား။"
" ဒါပေါ့ ခင်ဗျားက ဂလက်ဆီထဲမှာ စွမ်းအားအကြီးဆုံး စစ်သည်တော်ပဲလေ " ယွင်ရှန့်က ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
" ကိုယ့်အချစ်ဆုံးသူကိုတောင် မထိန်းသိမ်းထားနိုင်တာ ဘယ်လိုလုပ် ပထမတန်းစား ဖြစ်ပါ့မလဲ "
အော့စ်ဘွန်းက သေချာပေါက် ဂျိုရှုအာကို ပြောနေတာ မဟုတ်ပေ။ ဒါပေမဲ့ ယွင်ရှန့်က ဒါကို မသိခဲ့ပေ။ သူက တခြားသူတွေကို နှစ်သိမ့်ပေးတတ်တဲ့သူ မဟုတ်ပေ။ ညစာစားပြီးတာနဲ့ သူက အော့စ်ဘွန်းကို တောထဲ ဇာ့ဂ်တွေသတ်ဖို့ ဆွဲခေါ်လာခဲ့တယ်။ သူတို့က ရက်အနည်းငယ် လွတ်လွတ်လပ်လပ် အမဲလိုက်ခဲ့ကြတယ်။ အိပ်ဖို့ရာ ဂူရှာတွေ့ခဲ့ပြီး နိုးလာတာနဲ့ ထပ်မံ အမဲလိုက်ခဲ့ကြတယ်။ မကြာခင်မှာ တော တစ်ဝက်လုံး ရှင်းလင်းပြီးခဲ့တယ်။
ဂျိုရှုအာက မိတ်လိုက်ပြီးတဲ့နောက်မှာ အရမ်းအားနည်းနေခဲ့တယ်။ သူက ဖြည်းဖြည်းချင်း အမဲပြန်မလိုက်ခင် နှစ်ပတ်ကြာ နားနေခဲ့တယ်။ အဲဒါကြောင့် လုပ်ဆောင်မှု ပြီးစီးဖို့ ကျရှုံးခဲ့လေတယ်။
အတော်ဆုံးကျောင်းသားက စီရှယ်က လွဲပြီး တခြားသူ မဖြစ်နိုင်ပေ။ သူက ဇာ့ဂ်အကောင်ရေ 20,000 သတ်ခဲ့ပြီး ချယ်မန်း စစ်အကယ်ဒမီကျောင်းရဲ့ သမိုင်းတလျှောက် ထူးချွန်တဲ့ မှတ်တမ်း ထပ်တင်နိုင်ခဲ့တယ်။
ဆု ကြေညာတဲ့အခါ အော့စ်ဘွန်းက ဂုဏ်ယူစွာ ပြုံးလိုက်တယ်။ ကောင်လေးက ဆုဖလားပေါ် အနမ်းပေးတာကို ကြည့်ပြီး သူ့အောက်ပိုင်းရဲ့ တုံ့ပြန်မှုကို ထိန်းချုပ်နိုင်စွမ်း မရှိသလောက် ဖြစ်ခဲ့တယ်။ စီရှယ်က သူ့ကို စွဲဆောင်ဖို့ရာ ဟော်မုန်း မလိုပေ။ သူ့တစ်ကိုယ်လုံးတည်ရှိမှုက အားအကောင်းဆုံး ဟော်မုန်း ဖြစ်လေတယ်။
ဘယ်အချိန် ဘယ်နေရာမှာမဆို သူကို ရူးသွပ်စွဲလမ်းအောင် လုပ်နိုင်လေတယ်။
အင်ပါယာကို ပြန်ရောက်ခဲ့ပြီးနောက် အော့စ်ဘွန်းက အသည်းကွဲနေတဲ့ပုံစံ ဆက်ဟန်ဆောင်နေလေတယ်။ ထွက်ပေါက်အနေနဲ့ သူ စိတ်အခြေအနေကို တစ်ယောက်ချင်း တိုက်ခိုက်မှုမှာပဲ မြုပ်နှံထားပြီး သူရဲ့ တစ်ဦးတည်းသော စိမ်ခေါ်သူက စီရှယ်ပဲ ဖြစ်လေတယ်။
ယွင်ရှန့်က အော့စ်ဘွန်းနဲ့ အဆတစ်ရာ မြေဆွဲအားအောက်မှာ နှစ်နာရီကြာ တိုက်ခိုက်ခဲ့တယ်။ သူခန္ဓာက ပြိုလဲခါနီး အခြေအနေ ဖြစ်နေလေတယ်။ သူက အော့စ်ဘွန်းရဲ့ လက်သီးကို လျှင်မြန်စွာ ရှောင်လိုက်ပြီး အော့စ်ဘွန်းကို ပြန်လှည့်ကန်လိုက်လေတယ်။ အဲဒီနောက် သူက အော့စ်ဘွန်းရဲ့ ညာဘက်ရောက်သွားပြီး သူ့တံတောင်နဲ့ ခေါင်းကို ထုထောင်းလိုက်တယ်။
အော့စ်ဘွန်းကလည်း သူရဲ့တိုက်ခိုက်မှုကို ရှောင်လိုက်ရင်း လက်ကောက်ဝတ်ကနေ ဆုပ်ကိုင်လိုက်ပြီး သူ့ဒူးနဲ့ ကြမ်းပြင်ပေါ်မှာ ဖိထားလိုက်တယ်။ နှစ်ယောက်လုံးက ချွေးတွေ ရွဲနစ်နေပြီး မောပန်းနေကြတယ်။
ယွင်ရှန့်က နေ့တိုင်း ရှုံးခဲ့ပြီး ဒီနေ့ထပ်ရှုံးတာက သူ့ကို ပိုကသိကအောက် ဖြစ်စေတယ်။ သူခန္ဓာကိုယ် မလှုပ်နိုင်တာကြောင့် စိတ်စွမ်းအားကို စုစည်းပြီး အာ့စ်ဘွန်းကို ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားလိုက်တယ်။
အော့စ်ဘွန်းက အား တစ်ခု ချည်းကပ်လာတာ သတိထားမိပြီး သူ့စိတ်စွမ်းအားကို တားဆီးဖို့ရာ ထုတ်လွတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူတို့ရဲ့ စိတ်စွမ်းအားနှစ်ခု ပိုပြီး အတိအကျပြောရရင် သူတို့ရဲ့ ဝိညာဉ်တွေ ထိတွေ့သွားကျပြီး ချက်ချင်း ပေါင်းစပ်သွားတယ်။ တစ်ခုနဲ့တစ်ခု ပွတ်သပ်နေပြီး လိုက်ဖက်ညီနေလေတယ်။ ပြင်းထန်တဲ့ သာယာမှုက ရေကြီးလာသလိုမျိုး လျှံကျလာရင်း လူနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ရော စိတ်ရော လျှင်မြန်စွာ ရွဲရွဲစိုသွားစေတယ်။
အော့စ်ဘွန်း မျက်လုံးတွေက နီရဲလာပြီး စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့ ယွင်ရှန့်က ကျောဘက် လှည့်လာပြီး ဖက်ထားလိုက်တယ်။ သူတို့တွေ ကြားထဲ လေမဝင်နိုင်လောက်အောင် တင်းကြပ်စွာ ဖက်တွယ်ထားခဲ့ပြီး သူတိုရဲ့ အောက်ပိုင်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ဖိမိနေကြတယ်။ သူတို့ ဝိညာဉ် တွေ တိုက်ရိုက်ရောနှောသွားတဲ့ ခံစားချက်က အရမ်းအံ့အားသင့်ဖို့ကောင်းပြီး ခန္ဓာကိုယ်ကို လုပ်ရှားဖို့ မေ့နေလေတယ်။
သူတို့တွေက တစ်ယောက်နဲ့ ဖိကပ်ထားရင်း ပင့်သက်ရှိုက်လိုက်ပြီး ကျယ်လောင်စွာ မာန်ဖီရင်း နမ်းနေမိကြတယ်။
တစ်နာရီကြာတဲ့နောက်မှာ စိတ်စွမ်းအား ပေါင်းစည်းနေတာက တဖြည်းဖြည်း ကွဲကွာလာတယ်။ ဒါပေမဲ့ အဲဒါက သူတို့နှစ်ယောက်ကို ပြင်းထန်တဲ့ အထွတ်အထိပ်သို့ ခေါ်ဆောင်သွားတယ်။
အော့စ်ဘွန်းရဲ့ နဖူးက သွေးကြောတွေ ထောင်မတ်နေပြီး သူရဲ့ကြီးမားတဲ့ လက်ဖဝါးတွေနဲ့ ကောင်လေးရဲ့ တင်ကို ပွတ်သပ်နေလေတယ်။ နှစ်ယောက်သား ပြင်းထန်စွာ ငြီးလိုက်ပြီး သူတို့ရဲ့ ခွကြားကလည်း စိုစွတ်နေလေတယ်။ ပြင်းထန်တဲ့ အနံ့က လေထုကို ဖုံးအုပ်ထားလေတယ်။
အော့စ်ဘွန်းက သူ့ချစ်သူ ဖြစ်နေခဲ့တာပဲ ... ပြီးတော့ သူက ငါ့ကို ထားပစ်ခဲ့တဲ့သူ......
ကောင်းတယ်။ ယွင်ရှန့်ရဲ့ မျက်ခုံးတွေက ပင့်တက်သွားခဲ့ပြီး သူတိုရဲ့ ဝိညာဉ် တွေ ရောယှက်သွားပြီး ရင်းနှီးနေတဲ့ ခံစားချက်ကို ဘယ်လိုလုပ် သတိမပြုမိရတာလဲ။
သူက အခြားလူကို တွန်းချလိုက်ပြီး အကြင်နာမဲ့စွာ သူ့ခြေထောက်ကြားက အရာကို ကန်ချလိုက်တယ်။ ပြီးတော့ နှာခေါင်းရှုံ့ရင်း ထွက်သွားခဲ့တယ်။
အော့စ်ဘွန်းက သူ့အဖိုးတန်နေရာကို အကန်ခံလိုက်ရပြီး တွားမသွားခင် သူ့ခွကြားကို ဆုပ်ကိုင်ထားလိုက်တယ်။ နာကျင်မှု ကွယ်ပျောက်သွားတဲ့နောက်မှာ သူက လျှာသပ်လိုက်ပြီး သူ အခုကြုံတွေ့လိုက်ရတဲ့ သာယာလွန်းတဲ့ ခံစားချက်ကို ပြန်တွေးနေလေတယ်။ သူ့ခန္ဓာက နောက်တကြိမ် ပြန်လည် တုံ့ပြန်လာခဲ့လေတယ်။ သူစိတ်စွမ်းအားက အခြားသူဟာနဲ့ တိုက်မိသွားတဲ့အခါမှာ ဒီလိုမျိုး တခါမှ မခံစားဖူးပေ။ သူတို့တွေက တစ်ယောက်ချင်း မပြီးပြည့်စုံတဲ့ စက်ဝိုင်းခြမ်းတွေ ဖြစ်နေခဲ့ပြီး အတူတူပေါင်းစပ်ဖို့ မွေးဖွားလာတာ ဖြစ်တယ်။ ဝိညာဉ် တုန်လှုပ်သွားခံလိုက်ရတဲ့ ခံစားချက်က ဘယ်လှပတဲ့ စကားနဲ့မှ ညွှန်းနိုင်မှာ မဟုတ်ပေ။
သူက မတ်တပ်ရပ်လိုက်ပြီး စီရှယ်ရဲ့ အိပ်ခန်းဆီ အော်ခေါ်နေရင်း လျှောက်လာခဲ့တယ်
" စီရှယ် ... ကိုယ့်အချစ်လေး ဒီအကြောင်းပြောဖို့ လိုတယ်လေ။ ဒီအခြေအနေက ထူးဆန်းတယ် မထင်မိဘူးလား။ ကိုယ်တို့တွေ ထပ်စမ်းသပ်ကြည့်ပြီး ဘယ်ဆက်ဖြစ်မလဲ ရှာကြည့်ရအောင်လေ "
ဒါပေါ့ ဒီတခါတော့ စီရှယ်ခန္ဓာထဲ ဝင်ဖို့ မေ့မှာ မဟုတ်တော့ပေ။
ယွင်ရှန့်က ရေချိုးပြီးခါစဖြစ်ပြီး ဆံပင်အခြောက်ခံနေတယ်။ အော့စ်ဘွန်း စကားတွေကြားတဲ့အခါမှာ နှာခေါင်းမရှုံ့ဘဲ မနေနိုင်ပေ။ ဘဝတွေအများကြီး ကြာတာတောင် ဒီလူ အခုထိကို မရောင့်ရဲတတ်သေးဘူး။
ချစ်တင်းနှောချင်တယ်လို့ ဘာလို့တိုက်ရိုက်မပြောတာလဲ။ အမြဲတမ်း တစ်ခုမဟုတ် တစ်ခု အကြောင်းပြချက်တွေ လာလာပေးနေတယ်။
သူက တံခါးကို ဖွင့်ပြီး အဲဒီလူရဲ့ ရှပ်အကျီကို ဆွဲကိုင်လိုက်တယ် ကြမ်းတမ်းစွာ ဆွဲခေါ်လာပြီး ကုတင်ပေါ် ပစ်တင်လိုက်တယ်။
" ပြောပါဦး။ ဂျိုရှုအာနဲ့ ကယ်လီ အဖြစ်အပျက်က ခင်ဗျား စီစဉ်ထားတာမလား။ " သူက ဘေးက ဆိုဖာပေါ်ထိုင်လိုက်ပြီး တိုက်ရိုက် ပွင့်ပွင့်လင်းလင်း မေးလိုက်တယ်။ သူရဲ့ ရေချိုးဝတ်ရုံက တစ်ဝက် ဟနေပြီး သူရဲ့ ကျစ်လစ်တဲ့ဗိုက်သားနဲ့ အဲဒီ လျို့ဝှက်အပ်တဲ့ နေရာကိုလဲ ထုတ်ဖော်သလို ဖြစ်နေတယ်။
အော့စ်ဘွန်းက စိုက်ကြည့်နေရင်း အကြာကြီး ကျောက်ရုပ်ဖြစ်နေပြီး သူ့ခွကြားကလည်း တဖြည်းဖြည်း ထောင်မတ်လာနေတယ်။
ယွင်ရှန့်က အပြုံးတုလေးနဲ့ လမ်းလျှောက်လာရင်း အဲဒီလူရဲ့ ခွကြားပေါ်ကို တက်လာတယ်။ သူက အံ့ကြိတ်လိုက်ရင်း မေးလိုက်တယ်
" ဟိုးအရင်ထဲက ကျွန်တော့်ကို ဖျားယောင်းဖို့ အစီစဉ်ချထားခဲ့တာပေါ့ ။ အဲဒါကြောင့် ကယ်လီ နဲ့ ဂျိုရှုအာကို ဖယ်ရှားဖို့ heatကို အကြောင်းပြုပြီး ဇာတ်လမ်းခင်းခဲ့တယ်ပေါ့လေ။ ကောင်းပြီလေ ခင်ဗျား လုပ်ခဲ့တာမလား "
တကယ်လို့ သူသာ သူ့ချစ်သူနေရာမှာဆိုရင် သူ့ကို ဖြစ်နိုင်သမျှ စောစော အနီးကပ် စောင့်ကြည့်နေမိမှာပဲ ဖြစ်တယ်။
" ဟုတ်တယ်။ ဂျိုရှုအာနဲ့လမ်းခွဲထားတာ ကြာပြီ " အော့စ်ဘွန်းက ဖြစ်ခဲ့သမျှ အကုန်လုံး ဝန်ခံလေတယ်။
ယွင်ရှန့်က ငုံ့ကြည့်နေပြီး အချိန်တော်ကြာ ဘာမှပြောမပေ။ သူက ကုတင်စွန်းမှာ ထိုင်လိုက်ပြီး အလေးအနက် မေးလိုက်တယ်
" ဂျိုရှုအာကို ဘာလို့ ချစ်မိသွားခဲ့တာလဲ "
" သူ့ကို မချစ်ခဲ့ပါဘူး သူ့မျက်နှာနဲ့ နာမည်လေးကိုပဲ ချစ်ခဲ့တာ ။ သူက ကိုယ်အမြဲ မက်နေခဲ့တဲ့ ကောင်လေးနဲ့တူတယ်။ သူက နှင်းဆီပန်းခြံထဲမှာ ရပ်နေပြီး ကိုယ့်ကို ပြုံးပြနေခဲ့တာ။
ချယ်မန်းမှာ သူ့ကို သတိပြုမိတော့ ဒါက ကံတရားလို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ မင်း ပေါ်လာပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ စွဲလမ်းမှုကနေ နိုးထလာခဲ့တယ်။ အခု ကိုယ်ဘယ်သူကို ချစ်တယ်ဆိုတာ သေချာသိသွားပြီ ...... စီရှယ် မင်းက ကိုယ့်ရဲ့ ဝိညာဉ်အပေါ် သက်ရောက်နိုင်မှု ရှိတယ်။ တကယ်လို့ မယုံဘူးဆိုရင် စွမ်းအားလွှတ်လိုက် ... ကိုယ်သက်သေပြမယ် "
အစကတော့ တကယ်ကို ရင်ထဲ ထိသွားခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးစကားက သူရဲ့ sex ကို အလွန်အမင်းစွဲလမ်းတဲ့ သဘာဝအမှန်ကို ထုတ်ဖော်နေတယ်။ ယွင်ရှန့်က တစ်ဖက်လူရဲ့ ဗိုက်ကို ထိုးချလိုက်တယ်။
ဒါပေမဲ့ အဲဒီနောက် သူက ညင်ညင်သာသာ ရယ်မောလိုက်တယ်။ ဒီလူက ဘဝပေါင်းများစွာ ဝင်စားပြီးတဲ့နောက်မှာ သူမှတ်ဉာဏ်မှုန်ဝါးဝါး အနည်းငယ်ရလာခဲ့ပြီဖြစ်တယ်။ သူက အရာအားလုံးကိုလည်း မှတ်မိနိုင်လာလိမ့်မယ်။
အဆုံးမဲ့ အမှောင်ထုထဲမှာ သူက တစ်ခုတည်း အလင်းရောင် ဖြစ်လေတယ်။
ယွင်ရှန့်ရဲ့ မျက်လုံးတွေက အနည်းငယ် စိုစွတ်လာခဲ့တယ်။ သူက အော့စ်ဘွန်းရဲ့ ပါးပြင်ပေါ် ကိုင်လိုက်တယ်။ သူတို့နှစ်ဦးရဲ့ နှုတ်ခမ်းကြားက အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာခဲ့တယ်။ အော့စ်ဘွန်းက အသက်အောင့်ထားပြီး သူ့အသည်းနှလုံးလေးရဲ့ အနမ်းကို မျှော်လင့်နေလေတယ်။ ဒါပေမဲ့ သူက ရုတ်တရက် အရိုက်ခံလိုက်ရပြီး ကောင်လေး ပြောတာ ကြားလိုက်ရတယ် " ထွက်သွားတော့ ။"
အော့စ်ဘွန်းက နှင်ထုတ်ခံလိုက်ရတဲ့အခါ ကြောင်သွားလေတယ်။ သူက ကောင်လေးကို ချက်ချင်းဆွဲဖက်လိုက်ပြီး သူ့စိတ်ကနေ ထွက်လာတဲ့ စိတ်စွမ်းအားနဲ့ ကောင်လေးကို လွှမ်းခြုံထားလိုက်တယ်။ ဝိညာဉ် တွေက အကြိမ်များစွာ ရောနှောဖူးသလိုမျိုး ချက်ချင်း ပေါင်းစပ်သွားလေတယ်။ ထိတိုက်မှုက တလက်လက် တောက်ပနေလေတယ်။
ယွင်ရှန့်က အသက်မရှုနိုင်လောက်အောင် ပြောဆိုနေရင်း အဲဒီလူရဲ့ဗိုက်ပေါ် တက်ထိုင်လိုက်ပြီး မကျေချမ်းမှုနဲ့ အဝတ်တွေ ဖြဲပစ်တော့တယ်။
Continue Reading
You'll Also Like
562 56 3
ပုံမှန်မဟုတ်တဲ့ Gong တွေပါနေတဲ့ Short stories ၄ပုဒ် Tags -Supernatural / Horror / Yaoi Author -多金少女猫 Chapters -4 {This is just fan translation. I do...
159K 14.3K 36
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Imaginary Heaven and imaginary Characte...
169K 18.7K 74
914K 105K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...