ABO world ( Arc 11 FOD ) (com...

By kilulayuu121

683K 68.9K 1.2K

This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other... More

11.1
11.2
11.3
11.4
11.5
11.6
11.7
11.8
11.9
11.10
11.11
11.12
11.13
11.14
11.15
11.16
11.18
11.19
11.20
11.21
11.22
11.23
11.24
11.25
11.26
11.27
11.28
FINAL
11.1 (unicode)
11.2 (U)
11.3 (U)
11.4 (U)
11.5 (U)
11.6 (U)
11.7 (U)
11.8 (U)
11.9 (U)
11.10 (U)
11.11 (U)
11.12 (U)
11.13 (U)
11.14 (U)
11.15 (U)
11.16 (U)
11.17 (U)
11.18 (U)
11.19 (U)
11.20 (U)
11.21 (U)
11.22 (U)
11.23 (U)
11.24 (U)
11.25 (u)
11.26 (U)
11.27 (U)
11.28 (U)
final (U)

11.17

12.5K 1.4K 42
By kilulayuu121

11.17

သူက စီရှယ်ရဲ့လက်ကို တမင်တကာ တင်းတင်းဆုပ်ကိုင်ထားရင်း သူတို့ရဲ့ တင်းမာမှုတွေကို အနည်းငယ် ဖြေလျော့လိုက်တယ်။

" ဘယ်ခေါ်သွားနေတာလဲ။ " ယွင်ရှန့်က စိတ်ရှည်စွာ မေးလိုက်တယ်။

" ကိုယ့်ရဲ့ အိမ်။ ချယ်မန်းမှာ ကိုယ်တယောက်တည်းကပဲ မင်းနဲ့ ရေရှည်နေနိုင်မှာ" အော့စ်ဘွန်းက တင်းမာနေမှုကို ဖြိုခွင်းဖို့ ကြိုးစားလိုက်တယ်။

သူက အဲဒီလူရဲ့ အိမ်ကိုသွားခဲ့ရင် သူရဲ့လှုပ်ရှားမှုတွေအကုန် သိနိုင်ပြီး ဂျိုရှုအာ Heat ဖြစ်တဲ့အချိန် ထွက်သွားတာကိုလည်း တားဆီးနိုင်လိမ့်မယ်။

ယွင်ရှန့်က ခေါင်းညိတ်လိုက်ပြီး ဒီစီစဉ်မှုကို သဘောတူလိုက်တယ်။ ဒါပေမဲ့ သူက သိချင်ဇောနဲ့ မမေးဘဲ မနေနိုင်ပေ။

"ခင်ဗျားရဲ့ စိတ်စွမ်းအားက အရမ်းသန်မာနေတဲ့အခါ အနာဂတ် ပါတနာကို မခံစားစေဘူးလား။ တကယ်လို့သာ ဂျိုရှုအာ နဲ့ နေ့တိုင်း အိပ်မယ်ဆိုရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးလေ။ 3S အဆင့် အယ်လ်ဖာ ရဲ့ ပါတနာတွေက အသက်မရှည်ဘူးတဲ့။ ဒီပြဿနာကို ဖြေရှင်းဖို့ ခင်ဗျား စဉ်းစားသင့်တယ် "

ဇာတ်လိုက်နဲ့ အော့စ်ဘွန်း အနာဂတ်မှာ အတူတူရှိနိုင်ရေးအတွက် သူလည်း ဒုက္ခအများကြီး ကြုံတွေ့လိမ့်မယ်။

အော့စ်ဘွန်းက သူ့ကို ကြည့်နေပြီး စကားမပြောပေ။ ဒီလိုပြဿနာက ရှိလာမှာမဟုတ်ဘူး။ ဘာလို့ဆို သူ့ပါတနာကလဲ 3S အဆင့် ပဲလေ။ သူတို့တွေ အချိန်အကြာကြီး အတူတူရှိနေနိုင်လိမ့်မယ်။

အော့စ်ဘွန်းရဲ့ ဥယျာဉ်က နှင်းဆီနီ၊ နှင်းဆီဖြူ တွေနဲ့ ပြည့်နှက်နေတယ်။ ပန်းတွေအကုန်လုံး အစွမ်းကုန် ပွင့်လန်းနေတဲ့ မြင်ကွင်းက အရမ်းကို လှပပေတယ်။ ယွင်ရှန့်က နှင်းဆီပန်းရုံရှေ့ ရပ်နေရင်း စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ငေးကြည့်နေမိတယ်။

" နှင်းဆီပန်း ကြိုက်လား။" အော့စ်ဘွန်းက ဂရုတစိုက် မေးလိုက်တယ်။

" အကြိုက်ဆုံးပန်းက အနီရောင် နှင်းဆီလေ " ယွင်ရှန့်က လွမ်းဆွေးနေတဲ့ အပြုံးနဲ့ ပြုံးပြလိုက်တယ်။

သူ့ချစ်သူနဲ့ ကျီစားခဲ့တဲ့ မြင်ကွင်းကို ပြန်လည်အောက်မေ့မိတယ်။ အန်တိုနီစ် က သူ့ဆီ နှင်းဆီနီတွေ ပို့ရတာကို အမြဲသဘောကျခဲ့တယ်။ တစ်ခါတုန်းကဆို ဘုရားကျောင်း တခုလုံး နှင်းဆီ ပွင့်ချပ်တွေ ဖုံးလွှမ်းသွားခဲ့ဖူးတယ်။ နန်းတော်ရဲ့ နေရာတိုင်းမှာ သူ့အချစ်ကို ပြသခဲ့တယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေက ပြင်းထန်လွန်းလို့ ယွင်ရှန့်ရဲ့ ခန္ဓာတခုလုံးက နှင်းဆီပန်း အရည်တွေနဲ့ ဖုံးလွှမ်းပြီး တောက်ပနေတယ်။ သူ့ချစ်သူက သူ့ကို မူးယစ်စေလောက်တဲ့ အမူအရာနဲ့အတူ လျှာလေးနဲ့ လျှက်ပြီး သန့်ရှင်းရေး လုပ်ပေးတယ်။

နှစ်တွေရာချီခဲ့တာတောင် ဒီမှတ်ဉာဏ်တွေက အခုထိ စိတ်ထဲမှာ ရှင်းလင်းနေသေးတယ်။ ယွင်ရှန့်က အလှဆုံးပန်းပွင့်လေးရဲ့ ပွင့်ချပ်လေးကို မပွတ်သပ်ဘဲ မနေနိုင်ပေ။

အော့စ်ဘွန်းက သွေးလို နီရဲနေတဲ့မျက်လုံးနဲ့ ဆယ်ကျော်သက်လေးကို စိုက်ကြည့်နေခဲ့တယ်။ သူ အတိတ်ကို လွမ်းဆွတ်နေခဲ့တဲ့သူက ဘယ်သူလဲ ...

အရှိန်ဟုန်ပြင်းပြင်း ချစ်ကျွမ်းဝင်နေခဲ့တဲ့ အမူအရာ ဖော်ပြရလောက်အောင်အထိလေ ... သူ့ရဲ့စိတ်ကို စိတ်စွမ်းအားသုံးပြီး ဝင်ကြည့်ပြီး သူတို့နှစ်ယောက်နဲ့ မသက်ဆိုင်တဲ့ မှတ်ဉာဏ်တွေအကုန်လုံးကို ဖျက်ဆီးပစ်ချင်တယ်။

သူရဲ့ သဝန်တိုနေတဲ့ နှလုံးသားလေးကို ချုပ်ထိန်းဖို့ ကြိုးစားရင်း ပန်းပွင့်ကိုင်းလေးကို ချိုးပြီး ညင်သာစွာ ပြောလိုက်တယ်။

" မင်း ကြိုက်တယ်ဆိုရင် ဒါလေးကို ပေးမယ်လေ"

ယွင်ရှန့်က လက်ခံလိုက်ပြီး ဟာသနှောပြောလိုက်တယ်။

" ကျေးဇူးပါပဲ ဒါပေမဲ့ နောင်အနာဂတ်မှာ ထပ်မပေးပါနဲ့။ ပန်းစကားမှာ အနီရောင်နှင်းဆီရဲ့ အဓိပ္ပါယ်က စင်မှန်တဲ့ ချစ်ခြင်းတဲ့လေ။ ငါ မင်းကို နက်နက်ရှိုင်းရှိုင်း ချစ်တယ်တဲ့"

အော့စ်ဘွန်းရဲ့ နှလုံးသွေးကြောတွေက ပြင်းထန်စွာ တုန်လှုပ်နေတယ်။

အဲဒီစကားက အရမ်းထူးဆန်းတဲ့ မှော်ပါသလိုမျိုး......

သူ ကြားလိုက်တဲ့ခဏ စီရှယ်ကို ထွေးပွေ့လိုတဲ့ သူရဲ့ စိတ်ဆန္ဒကို မထိန်းချုပ်နိုင်တော့ပေ။

ငါရဲ့ အချစ်စစ် ဒီပန်းက မင်းတယောက်တည်းသာ ပိုင်ဆိုင်ခွင့်ရှိတာပါ။ ဒီနွေးထွေးလှတဲ့ အချစ်က မင်းပဲ အမြဲပိုင်ဆိုင်နေမှာဖြစ်ပြီး သက်ဆုံးတိုင်ထိ ဘယ်သူကမှ မင်းကို အစားထိုးနိုင်မှာ မဟုတ်ပါဘူး။ သူက မင်းရဲ့ မျက်နှာနဲ့နာမည်ကို သုံးခဲ့ရင်တောင် ကိုယ့်ရဲ့ ဝိညာဉ်က မင်းကို မှတ်မိနေမှာပါ။

မင်း ကိုယ့်ရှေ့က ထွက်ပေါ်လာကတည်းက ဒီအချစ်စစ်က ပထမဆုံးအကြိမ် နိုးထလာခဲ့ရတာပါ။ ဒီမန္တန်က အန်တိုနီစ်နဲ့ အာဒရီနီ အတူတူချမှတ်ခဲ့တာ ဖြစ်တယ်။

အဲဒါကြောင့် အော့စ်ဘွန်းက သူ့မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့ရင်တောင် သူ့ရဲ့မသိစိတ်ကနေ သူ့ချစ်သူကို မှတ်မိနေတာ ဖြစ်တယ်။ သူက လက်ကို ဆန့်လိုက်ရင်း ကောင်လေးကို ဆွဲပြီး ပုံမှန်လိုမျိုး ဖက်ပြီး (ပခုံးပေါ် လက်တင်ပြီး ဖက်တာမျိုး) အသံသြသြနဲ့ ပြောလိုက်တယ်

" အနီရောင်နှင်းဆီက ပန်းစကားအရ ဒီလို အဓိပ္ပါယ်မျိုးရှိတာကိုး။ ကိုယ် တစ်ခါမှ မကြားဖူးဘူး..."

ဒီ ပန်းစကားဆိုတာက တခြား ကာလံဒေသံက ဖြစ်တဲ့အတွက် မကြားဖူးဘူးဆိုတာ ပုံမှန်သာ ဖြစ်တယ်။ ယွင်ရှန့်က အားပါးတရ ရယ်လိုက်ပြီး အလှပန်းအိုးထဲ ပန်းလေးထားဖို့ ထွက်သွားတယ်။

အော့စ်ဘွန်းက သူတို့နှစ်ယောက်ရဲ့ အခန်းကို အခန်းကပ်လျက် စီစဉ်ထားတယ်။ ကောင်လေးက ရေချိုးခန်းဆီ သူ့အဝတ်တွေ ကိုင်ပြီးသွားတာ မြင်တော့ မရည်ရွယ်ဘဲ ပြောလိုက်မိတယ် " မအိပ်ခင် ခေါင်းသေချာအခြောက်ခံဦးနော် ......"

" ဟုတ်ပါပြီ ဟုတ်ပါပြီဗျာ" ယွင်ရှန့်က ပျင်းရိစွာ ပြန်ပြောလိုက်တယ်။

နောက်တနေ့မနက်မှာ ဂျိုရှုအာ မနက်စာ စားနေတုန်း ကျောင်းသားတချို့ အော့စ်ဘွန်း နဲ့ စီရှယ်တို့ရဲ့ အတူတူနေတဲ့ သတင်းပြောနေတာ ကြားပြီး သူ့လက်ထဲက အအေးကို လွတ်ချလုမတတ် ဖြစ်သွားခဲ့တယ်။ အဲဒီနောက် သူက အော့စ်ဘွန်းရဲ့ ရုံးခန်းဆီ အမြန်သွားခဲ့တယ်။

" အချစ်ကို ပြောစရာရှိတယ် " သူက အမောတကော တံခါးကို ဖွင့်ပြီး ပြောလိုက်တယ်။

" ဂျိုရှုအာ အရင်ထိုင်ပါဦး။ ကိုယ်လည်း ပြောစရာ ရှိတယ်" အော့စ်ဘွန်းရဲ့ အမူအရာက အရမ်းဂရုစိုက်နေတဲ့ ပုံပေါ်နေတယ်။

ဂျိုရှုအာက အဆက်မပြတ် ပြောလိုက်ပြီး ရှင်းလိုက်တယ်။

" မဟုတ်ဘူး ... ကျွန်တော် ပြောတာကို အရင်နားထောင်ပေး။ တကယ်တော့လေ ဘီတာ မဟုတ်ဘူး။ အိုမီဂါပါ... အခု Heat ဖြစ်ဖို့ အရမ်းနီးကပ်နေပြီ။ အမှတ်အသား ပြုပေးပါ့လား "

သူရဲ့ လိင်အမျိုးအစားကို သုံးပြီး သူ့ချစ်သူကို ဆက်ထိန်းထားရမယ်ဆိုတာ ဘယ်တုန်းကမှ မတွေးမိပေ။ သူက သားဖွားနိုင်တဲ့ အိုမီဂါ ဖြစ်တယ်။ အဲဒီအချက်တစ်ခုတည်းကပဲ စီရှယ်ထက် သာတာ ဖြစ်တယ်။

အော့စ်ဘွန်းက သူ့ကို ကြည့်ပြီး အံ့ဩသွားတယ်။ မိနစ်ဝက်လောက်ကြာမှ သူက ထပ်အတည်ပြုဖို့ မေးလိုက်တယ်။

" မင်းက အိုမီဂါလား "

သူက ရုတ်တရက် ထရပ်ပြီး ဂျိုရှုအာ ရဲ့ ကော်လံကို ဆွဲပြီး သူ့ဂုတ်ကို အနံ့ခံကြည့်လိုက်တယ်။

သူ့အရေပြားကနေ ဟော်မုန်းအနံ့ မသိမသာ ထွက်ပေါ်နေပြီး အဲဒါက အရမ်းကို ချိုမြိန်အရသာရှိပြီး ဖြားယောင်းသွေးဆောင်နေတယ်။ အော့စ်ဘွန်းကိုတော့ လုံးဝ မလှုပ်ရှားစေပေ။ သူ့အမြင်အရ စီရှယ်ရဲ့ချွေးနံ့သင်းသင်းလေးလောက် ဘယ်အနံ့ကမှ မယစ်မူးစေပေ။

သူက ဂျိုရှုအာကို အဝေးတွန်းလိုက်ပြီး အေးစက်နေတဲ့ အသံနဲ့ပြောလိုက်တယ်

" မင်း ဘာလုပ်နေတယ်ဆိုတာ သိရဲ့လား။ အိုမီဂါတစ်ယောက် စစ်တပ်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့ရင် ဘယ်လိုအဖြစ်ဆိုးတွေ စောင့်ကြိုနေတယ်ဆိုတာ မင်း မတွေးမိဘူးလား။ မင်း Heat ဝင်တဲ့အချိန်ရောက်ရင် အယ်လ်ဖာတွေ အကုန်လုံး သားရဲတွေဖြစ်ကုန်ပြီး သူတို့ဟာ တိုက်ပွဲအတွင်းရောက်ရောက်၊ ယာဉ်တွေမောင်းနှင်ဖို့ပဲ ကြိုးစားစား၊ သူ့တို့မွေးရပ်မြေကို ကာကွယ်ကွယ် သူတို့စိတ်ထဲမှာ မိတ်လိုက်ဖို့ရာကလွဲပြီး ဘာမှတွေးနိုင်တော့မှာ မဟုတ်ဘူး"

" မင်းကို ရဖို့ရာအတွက် ယှဉ်ပြိုင်ရင်း သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ကြလိမ့်မယ်။ လူအများကြီး သေဆုံးလိမ့်မယ်။ သူတို့ကာကွယ်နေတဲ့ မြေ ၊ မျိုးဆက်တွေလည်း အပါအဝင်ပဲ။ ချယ်မန်း က အိုမီဂါတွေကို ဝင်ခွင့်မပိတ်တာက သူတို့ရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ပဲ။

ဒါပေမဲ့ မင်းအနေနဲ့ ဒီပြဿနာကို ပြန်လည်တွေးသင့်တယ်။ ဝန်ခံမယ်ဆိုရင် ကျောင်းအနေနဲ့ သင့်တော်တဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားလိမ့်မယ်။ ဒါပေမဲ့ မင်း လိင်အမျိုးအစားကို ဖုံးကွယ်ထားခဲ့တာက လူအများကို ဒုက္ခဖြစ်စေလိမ့်မယ်။ မင်းက ပြစ်မှုကျူးး လွန်နေတာပဲ"

" တကယ်လို့ အိုမီဂါ ဖြစ်ကြောင်းသာ ဝှက်မထားခဲ့ရင် သူတို့တွေက တိုက်ပွဲကို လိုက်ခိုင်းမှာ မဟုတ်ဘူး။ သူတို့က ဗျူဟာဌာနကိုပဲ နေရာချပစ်မှာ ကိုယ့်နိုင်ငံကို ကာကွယ်ချင်တာက အဲဒီလောက်တောင် မှားလား"

" စိတ်ကူးက မှန်တယ်။ အပြုအမူက မှားနေတာ။ တိုက်ပွဲအတွင်း heat ဖြစ်ခဲ့ရင် မင်းရဲ့ ဟော်မုန်းတွေက စစ်သားတွေကို ဆင်ခြင်တုံတရား ပျက်ပြားစေပြီး ဘေးတွေ့စေလိမ့်မယ်။ ဂျိုရှုအာ ... ကျောင်းကို ငါ တိုင်ကြားမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်း အရင်ထွက်လိုက်ဖို့ မျှော်လင့်တယ် " အော့စ်ဘွန်းက အပြီးသတ် ပြောလိုက်တယ်။

" အဲဒါကြောင့်ပဲ အကူအညီ လာတောင်းတာလေ။ ဆေးဝါးတွေသုံးပြီး ဟော်မုန်းတွေကို တားဆီးခဲ့တယ်။ ဒါပေမဲ့ heat ဖြစ်တဲ့အချိန် အမှတ်အသား ပြုစေချင်တယ်။ နှစ်ယောက်သား ပေါင်းစပ်ရအောင်လေ။ အဲဒါက မကောင်းဘူးလား။ ဘယ်သူမှလဲ မသိတော့ဘူး။ သိခဲ့ရင်တောင် အစ်ကိုရဲ့ အားကောင်းတဲ့ ဟော်မုန်းကြောင့် အယ်လ်ဖာတွေ အနားကပ်မှာ မဟုတ်တော့ဘူးလေ။ အဲလိုဆို ပြဿနာဖြေရှင်းပြီးပြီလေ "

အရင်အချိန်တော်ကြာကတည်းက သူက ဒီလိုဖြစ်နိုင်ခြေကို တွေးထားပြီးပြီ ဖြစ်ပြီး အင်ပါယာရဲ့ အသန်မာဆုံး အယ်လ်ဖာ ကို ချစ်သူတော်ထားရတဲ့အတွက် ကံကောင်းတယ်လို့ ခံစားခဲ့ရတယ်။ သူကို အနှောင့်အယှက်တွေကနေ ကာကွယ်ဖို့ရာ သန်မာပြီး သူလဲ စစ်တပ်ထဲ ဟန့်တားတဲ့အရာ မရှိဘဲ ကျန်ရှိနိုင်လိမ့်မယ်။

" မဟုတ်ဘူး။ ငါရဲ့ အနံ့ကို ဘယ်တော့မှ မင်းအပေါ် ချန်မှာမဟုတ်ဘူး" အော့စ်ဘွန်းက ခက်ထန်စွာ ငြင်းပယ်တယ်။ ဂျိုရှုအာ နဲ့ပေါင်းစည်းဖို့ အတွေးကတောင် သူ့ကို ရွံရှာစေတယ်။

" အဲဒါဆို ဘယ်သူ့ကို အမှတ်အသားလုပ်ဖို့ တွေးထားတာလဲ။ ခင်ဗျား အမှတ်အသားပေးချင်တဲ့လူက ဂလင်း မရှိတာ သနားဖို့ကောင်းတာပဲ" ဂျိုရှုအာ က သူရဲ့ မာနထိခိုက်တယ် ခံစားရပြီး ဆင်ခြင်မဲ့စွာ စတင်ပြောလာတယ်။

" ဂလင်း ဖယ်ထားရင်တောင် သူ့အပေါ်မှာထားတဲ့ ငါရဲ့ အချစ်တွေက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး" အော့စ်ဘွန်းက ဂျိုရှုအာ ရဲ့ ပွင့်ပွင့်လင်းလင်း ဝန်ခံမှုကို သတိပြုမိခဲ့တယ်။

" ဂျိုရှုအာ ... ဒီနေ့ မင်းကို ပြောချင်တာက ငါတို့ ဒီဆက်ဆံရေးကို အဆုံးသတ်ရအောင်။ ငါ မင်းကို မချစ်ခဲ့ဘူး အဲဒါက စွဲလမ်းမှုတခုပဲ။ ငါ တောင်းပန်ပါတယ်"

ဂျိုရှုအာ က အံ့ကို ကြိတ်ထားပြီး စကားမပြောပေ။ တကယ်တော့ သူတို့ရဲ့ ဒီ ကွဲရှလွယ်တဲ့ ဆက်ဆံရေးကို သတိထားမိခဲ့တာကြာပြီ ဖြစ်တယ်။ အော့စ်ဘွန်းက သူ့မျက်နှာကို နက်ရှိုင်းစွာ ချစ်နေသလိုမျိုး မကြာခဏ ငေးကြည့်ခဲ့တယ်။ ဒါပေမဲ့ သူ့အပြုအမူတွေကိုကျ အမြဲ အရမ်းထိန်းချုပ်ထားတယ်။ သူ့လက်ကို ဘယ်တုန်းကမှ မကိုင်သလို နမ်းတာ ဖက်တာမျိုးလည်း မရှိပေ။

သူက အဝေးကနေပဲ ကြည့်နေတာမျိုး ... သူက သူ့ ဝိညာဉ် ထဲ အရာတခုကို ရှာဖွေနေသလိုမျိုး.........

သူရဲ့ ဝိညာဉ်ထဲမှာ သူလိုချင်တာ ရှာမတွေ့တဲ့အခါ တစ်ရက် သူနိုးထသွားလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို နိုးထဖို့ မြန်မြန် ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ သူရဲ့မာနကို ခဝါချပြီး တောင်းဆိုခဲ့တယ်။

" အော့စ်ဘွန်း တကယ် တောင်းပန်တယ်ဆိုရင် ခဏတာ အမှတ်အသားလုပ်ပေးပြီး လျို့ဝှက်ချက် ထိန်းသိမ်းပေးနိုင်မလား။ အရည်အချင်း ပြည့်မှီတဲ့ စစ်သားတစ်ယောက်ဖြစ်ဖို့က အစကတည်းက အိမ်မက်ဖြစ်ခဲ့တာ။ အဲဒါကို ဖျက်ဆီးပစ်လောက်အောင်ထိ နှလုံးသားမရှိတဲ့သူ မဟုတ်ဘူးမလား"

ခဏတာ အမှတ်အသားက ပေါင်းစပ်ဖို့ရာ မလိုအပ်ပေ။ဒါပေမဲ့ အဲဒီလိုလုပ်လိုက်တာနဲ့ 7 ရက် တကြိမ် ထပ်အမှတ်အသား လုပ်ဖို့ လိုအပ်ပေတယ်။ အဲလိုဆို ဂျိုရှုအာ နဲ့ RS က ပြီးဆုံးတော့မှာ မဟုတ်ပေ။ ပြီးတော့ အော့စ်ဘွန်းက သူရဲ့ အနံ့တွေကို စီရှယ်ကလွဲပြီး ဘယ်သူ့အပေါ်မှ ချန်မထားခဲ့ချင်ဘူး။

သူက ပြတ်သားစွာ ထပ်ငြင်းပယ်လိုက်တယ် " မဟုတ်ဘူး။ ဂျိုရှုအာ ငါမင်းကို မကူညီနိုင်ဘူး။ မင်းရဲ့ လိင်အမျိုးအစား ကို ဖုံးကွယ်ကတည်းက အရည်အချင်းပြည့်မှီတဲ့ စစ်သားတစ်ယောက်ဖြစ်ဖို့ မသင့်တော်တော့ဘူး။ စစ်သားတစ်ယောက်က သူတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ဘယ်တော့မှ အန္တရာယ်များတဲ့ အခြေအနေဆီ တွန်းမပို့ရဘူး။

ငါ ပြောတာကို အရင်သေချာ စဉ်းစားကြည့်ပါ။ တကယ်လို့ ငြင်းမယ်ဆိုရင် ငါကိုယ်တိုင် မင်းကို ထုတ်ပစ်မှာ။ မင်းရဲ့အိမ်မက်ကို သိတယ်ဆိုရင် အဲဒါနဲ့ ထိုက်တန်ဖို့ရာ ဆုံးဖြတ်ချက် နဲ့ သတ္တိရှိရမယ်လေ။ အခုကျ မင်းက တကယ့်ဘဝကို ရင်မဆိုင်ရဲဘဲ သတ္တိနည်းနေတဲ့သူ တစ်ယောက်ပဲ"

ဂျိုရှုအာ ဟာ ရုတ်တရက် ကြေကွဲသွားပြီး သူက သွေးရူးသွေးတန်း အော်ဟစ်ပြောလိုက်တယ် " ဟုတ်တယ် ငါက သတ္တိနည်းပြီး စီရှယ်က ရဲရင့်တယ်။ သူက သူ့ကိုယ်သူ သင်းကွပ်ခဲ့တယ်။ တကယ်ကို ရဲရင့်ပါပေတယ်။ အိုမီဂါ တွေ အကုန်လုံး သူ့လို လိင်မဲ့ မကောင်းဆိုးဝါးတွေ ဖြစ်စေချင်နေတာလား။ အကုန်လုံးက အဲဒီလိုလုပ်တယ်ဆိုရင် ဘယ်သူက အယ်လ်ဖာတွေရဲ့ မျိုးဆက်ကို မွေးဖွားပေးမှာလဲ။ ပြောရရင် စီရှယ်က လူသားမျိုးပွားမှုကို ဖျက်ဆီးခဲ့တဲ့အတွက် အဖမ်းခံပြီး သေဒဏ်အထိ ပေးခံရသင့်တယ်"

သေဒဏ်ပေးခံသင့်တယ် ဆိုတဲ့ စကားကိုကြားတော့ အော့စ်ဘွန်း က လူသတ်ချင်နေတဲ့ အမူအရာတွေနဲ့ စိုက်ကြည့်လိုက်ပြီး ရုံးခန်းတစ်ခုလုံး ဖိအားပြင်းတွေ ပြည့်လာခဲ့တယ်။ ဂျိုရှုအာက မမြင်ရတဲ့ လက်တဖက်က သူ့လည်ပင်းကို ဆုပ်ကိုင်ထားသလို ခံစားလိုက်ရတယ်။ အသက်ရှုမကျပ်ခင်လေး တစက္ကန့်လောက်အလိုမှ လွတ်သွားခဲ့တယ်။

အော့စ်ဘွန်းရဲ့ အေးစက်စက် အသံက သူ့နားထဲ ဝင်လာတယ်။

" ဂျိုရှုအာ ၇ ရက်အချိန်ပေးမယ်။ မင်းကျောင်းထွက်ရင်ထွက် မဟုတ်ရင် ကျောင်းရဲ့သက်ဆိုင်ရာဆီ မင်းရဲ့ အကြောင်း အမှန်အတိုင်း တင်ပြပြီး တခြားသင့်တော်တဲ့ ဌာနကို ပြောင်းလိုက်။ ငါ့ကို ယုံ ... မင်းက အင်ပါဟာကို အကျိုးပြုနိုင်ဦးမှာပါ......"

ဂျိုရှုအာ က ငြိမ်ကျသွားပြီး ရုံးခန်းထဲကနေ ပြေးထွက်သွားခဲ့တယ်။ အရမ်းကို ရှက်ဖို့ကောင်းတယ်။ ဒါပေမဲ့ သူ့နှလုံးသားက ပိုပြီးတော့ အလိုမရှိပေ။ တိုက်ပွဲတွေတိုက်ပြီး လန်နွန်း အင်ပါယာရဲ့ ပထမဆုံး အိုမီဂါ ဗိုလ်ကြီးဖြစ်လာဖို့က ကလေးဘဝကတည်းက အိမ်မက်ဖြစ်ခဲ့ပြီး အသက်ကြီးလာတော့လည်း မပြောင်းလဲခဲ့ပေ။

တကယ်လို့သာ ကျောင်းကို ဝန်ခံလိုက်ရင် ဗျူ ဟာဌာနကို ရောက်သွားပြီး သူအိမ်ပြန်ရောက်ရင်လည်း လက်ထပ် ကလေးမွေးပြီးပဲ သူ့ဘဝကုန်ဆုံးရလိမ့်မယ်။ အိုမီဂါ တစ်ယောက်ရဲ့ ပုံမှန် ဘဝစက်ကွင်းထဲ ရောက်သွားပြီး သာမာန်ဘဝနဲ့ မပြီးပြည့်စုံမှုတွေ ပြည့်နှက်နေလိမ့်မယ်။

ဒါက သူ အလိုရှိတဲ့ ဘဝမျိုး မဟုတ်ပေ။

အော့စ်ဘွန်း မငြင်းနိုင်လောက်တဲ့ နည်းလမ်းကို သူ ရှာကို ရှာရလိမ့်မယ်။ သူစိတ်ထဲမှာ စိတ်ကူးတစ်ခု ဖြတ်ခနဲ ပေါ်လာခဲ့တယ်။

Continue Reading

You'll Also Like

81.4K 14.1K 8
ဧကရာဇ် shou, ဧကရီ gong Chapter status - 8 Chapters (Completed) I own nothing, just translate it. If you want to read English translation, here is the...
104K 12.6K 56
ကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best frie...
88.5K 8K 8
[Both Zawgyi and Unicode] ဒုတိယကြိမ် အခွင့်အရေးဆိုတာကိုသာ ရရင်...
162K 14.5K 36
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Imaginary Heaven and imaginary Characte...