ABO world ( Arc 11 FOD ) (com...

By kilulayuu121

683K 68.9K 1.2K

This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other... More

11.1
11.2
11.3
11.4
11.5
11.6
11.7
11.8
11.9
11.10
11.11
11.12
11.13
11.14
11.15
11.17
11.18
11.19
11.20
11.21
11.22
11.23
11.24
11.25
11.26
11.27
11.28
FINAL
11.1 (unicode)
11.2 (U)
11.3 (U)
11.4 (U)
11.5 (U)
11.6 (U)
11.7 (U)
11.8 (U)
11.9 (U)
11.10 (U)
11.11 (U)
11.12 (U)
11.13 (U)
11.14 (U)
11.15 (U)
11.16 (U)
11.17 (U)
11.18 (U)
11.19 (U)
11.20 (U)
11.21 (U)
11.22 (U)
11.23 (U)
11.24 (U)
11.25 (u)
11.26 (U)
11.27 (U)
11.28 (U)
final (U)

11.16

13.3K 1.4K 42
By kilulayuu121

11.16

ယွင်ရှန့်က လျှောက်လာပြီး ကယ်လီဆီ လက်ကမ်းကာ " ဟိုင်း .. ကျွန်တော်က စီရှယ်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်နော်"

သူ ကယ်လီကို ပြုံးပြတဲ့ တောက်ပလှတဲ့အပြုံးက နေရောင်ခြည်ထက်တောင် နွေးထွေးနေတယ်။ ကယ်လီက နဂိုက သူ့အပေါ် အမြင်ကောင်းကာင်းရှိတဲ့အတွက် စိတ်လှုပ်ရှာသွားခဲ့တယ်။စီရှယ်ကို အနီးကပ် မြင်ရတာက screen မှာမြင်ရတာနဲ့ ခြားနားတယ်။

သူက လှပမှုနဲ့ အန္တရာယ်ပေါင်းစပ်ထားတာ ဖြစ်ပြီး ကျော့ရှင်းနေမှုနဲ့ ခန့်ညာထည်ဝါမှုပါ ရောစပ်လိုက်တော့ အယ်လ်ဖာ တစ်ယောက်ရဲ့ လွှမ်းမိုလိုမှု စိတ်ဆန္ဒကို ရန်စနေသလိုပါပဲ။

ကယ်လီက လက်ဆွဲနှုတ်ဆက်လိုက်ရင်း ညင်သာစွာ ပြောလိုက်တယ်။

" ဟိုင်း ... ကျွန်တော်က ကယ်လီပါ။ တွေ့ရတဲ့အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ် "

သူရဲ့ရွှေရောင်ဖျော့ဖျော့ မျက်လုံးက အဲဒါက သူရဲ့ ကမ္ဘာကြီး တစ်ခုလို တိတ်တခိုး တစ်ယောက်ယောက်ကို ငေးကြည့်နေတယ်။

ယွင်ရှန့်က ရင်းနှီးတဲ့ ခံစားချက် ဖြတ်ပြေးသွားပြီး ခဏတာ မိန်းမောသွားမိတယ်။ သူက ဘာမှ မတွေးဘဲ ပြောလိုက်တယ်

" ကျွန်တော်က ဂလင်း ဖယ်ထုတ်ထားတာလေ။ အဲဒါနဲ့ ပတ်သတ်ပြီး အမြင်လေး သိချင်တယ်"

ကယ်လီက လက်ကို ပြန်လျော့ရင်း စိတ်အားထက်သန်စွာ ဖြေလိုက်တယ်။ " ဒါက မင်းရဲ့ ဆုံးဖြတ်ချက်နဲ့ ဘဝပဲလေ။ မင်းက ထိုက်တန်တယ်လို့ ခံစားရရင် တစ်ယောက်ကမှ အပြစ်ပြောဖို့ အရည်ချင်း မရှိဘူး"

ဒါက တကယ်ကို သူ့ချစ်သူ မြင်တဲ့ပုံစံပဲ ...

ယွင်ရှန်ရဲ့ အနက်ရောင်မျက်လုံးတွေနဲ့ မော့ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက အရမ်းလေးနက်နေပြီ ကယ်လီ နားဖျားလေးတွေ နီလာစေတယ်။ သူက ဆယ်ကျော်သက်လေးကို ထမင်းစားခန်းဆီ ဖိတ်ပြီး စကားအများကြီးပြောချင်ပေမဲ့ ဗိုလ်ကြီး အော့စ်ဘွန်းက အသံသြသြနဲ့ ပြောလာတယ်

" ကယ်လီ ... ဒါတွေကို ကျောင်းအုပ်ဆီ ချက်ချင်း သွားပေးပေးပါ့လား ... ကျေးဇူးပဲ"

" ဟုတ်ကဲ့ ဗိုလ်ကြီး " သူက အလေးပြုလိုက်ပြီး ကာင်လေးကို ပြုံးကာ ပြောလိုက်တယ် " နောက်တခါ ထပ်တွေ့ချင်သေးတယ် စီရှယ် "

ယွင်ရှန့်က လက်ကို ယမ်းရင်း လမ်းလျှောက်သွားတဲ့ အရပ်ရှည်ပြီး တောင့်တောင့်တင်းတင်း နောက်ကျောလေးဆီ ကြည့်နေမိတယ်။ ကယ်လီ ကလစ် က ဒီကမ္ဘာရဲ့ သားတော်၊ အင်ပါယာရဲ့ အနာဂတ် ဘုရင် ပြီးတော့ ဂျိုရှုအာ ရဲ့ ခင်ပွန်း ဖြစ်တယ်။

သူ့ချစ်သူက တခြားတစ်ယောက်ရဲ့ စစ်မှန်တဲ့ အတွဲဖြစ်နေခဲ့ပြီး အဲဒီလူက သူ့အရင်ဘဝနဲ့ တူညီတဲ့ မျက်နှာရော နာမည်ရော ရှိတဲ့သူ ဖြစ်နေတယ်။ ကမ္ဘာရဲ့ ဖျက်လိုဖျက်ဆီး လုပ်တဲ့ သတိရှိမှုက ယွင်ရှန့်ကို မျက်မှောင်ကြုတ်စေတယ်။

အော့စ်ဘွန်းရဲ့ မျက်နှာက သူတို့နှစ်ယောက် စကားပြောနေတဲ့အတွင်း သွေးရောင် မရှိလောက်အောင် ဖြူဖျော့နေတယ်။ သူက သူရဲ့အတွင်းစိတ်ကို ဖုံးကွယ်လိုက်ရင်း ပြောလိုက်တယ်

" စီရှယ် ကိုယ် ပြောစရာ ရှိတယ်။ ကယ်လီ က အင်ပါယာရဲ့ တော်ဝင်မိသားစုဝင် တစ်ယောက်။ ကလစ် ဆိုတာက သူ့အမေဘက်က နာမည် ... သူ့နာမည်ရင်းက ကယ်လီ လီနွန်း"

ယွင်ရှန့်က နောက်ဆုံးတော့ ဘေးမှာရပ်နေခဲ့တဲ့ သူ့ကို ပြန်အဖတ်လုပ်လေပြီ။

သူက မျက်ခုံးတွေ ပင့်ရင်း မေးလိုက်တယ် " ဂလင်း ဖယ်ထားတဲ့ အိုမီဂါ နဲ့အတူတူ မရှိနိုင်ဘူးဆိုတာ သတိပေးနေတာလား"

အဲဆို မင်းက အဲဒီလောက်ထိတောင် ရည်ရွယ်ထားပြီးပြီပေါ့

အော့စ်ဘွန်းရဲ့ လည်ဇလုတ်လေး အနည်းငယ် တုန်ခါသွားပြီး ခါးသီးတဲ့ ခံစားချက်တွေက လည်ချောင်းထဲ တစ်ဆို့နေသလိုမျိုး သူ့ကို စကားမပြောနိုင်အောင်ထိ ဖြစ်သွားစေတယ်။ သူက ခဏ တိတ်ဆိတ်သွားရင်း အသံသြသြနဲ့ ပြန်ပြောလိုက်တယ်

" ဟုတ်တယ်။ မင်းသားတစ်ယောက်က ထူးချွန်တဲ့ မျိုးဆက်တွေ လိုအပ်တယ်။ စီရှယ် ကိုယ် မင်းကို မနာကျင်စေချင်ဘူး..."

" အဲလို ပြောဖို့ အရမ်းနောက်ကျနေပြီလို့ မထင်မိဘူးလား။ အကြီးမားဆုံး ခေါင်းကိုက်စရာ ပေးခဲ့တာ ဘယ်သူမို့လဲ " ယွင်ရှန့်က လှောင်ပြောင်ရင်းနဲ့ မေးလိုက်တယ်။ ပြီးတော့ သူက ယုံကြည်မှုရှိရှိ ထပ်ပြောလိုက်တယ်

" တကယ်လို့သာ အဲဒီလူက တကယ်ချစ်တယ်ဆိုရင် ကျွန်တော့်မှာ ဘယ်လိုပြစ်ချက်ပဲ ရှိရှိ သူက နောင်တလုံးဝ မရှိဘဲ ချစ်လိမ့်မယ် "

သူက သူ့ချစ်သူဆို ဒီလိုလုပ်နိုင်မယ်လို့ ယုံကြည်တယ်။ သူက ဘယ်တော့မှ စိတ်မပျက်စေခဲ့ပေ။ သူက တစ်ယောက်ယောက်ရဲ့ တွဲဖက် ဖြစ်နေရင်တောင် ဘာအရေးလဲ ...

နောက်တွဲဖက် အော့စ်ဘွန်း ရှိသေးတယ် မဟုတ်ဘူးလား ဒီတကြိမ်တော့ သူက ဂျိုရှုအာ Heat ဖြစ်နေချိန် အော့စ်ဘွန်း အလုပ်လုပ်နေတာကို တားကို တားဆီးရလိမ့်မယ်။

သူတို့ကို ပျော်ရွှင်စွာ ပေါင်းဖက်ဖို့ ဆောင်ရွက်ပေးမယ်။

အဲဒီလိုအတွေးနဲ့ ယွင်ရှန့်ရဲ့ စိတ်ရှုပ်နေတဲ့ အပြုအမူက ချက်ချင်း အေးဆေးဖြစ်သွားပြီး မျက်မှောင်ကြုတ်ထားတာလည်း ပြန်လည် ပြေလျော့သွားတော့တယ်။

အော့စ်ဘွန်းက ဆွံ့အသွားမိတယ်။ သူက စီရှယ်ကို ပြောချင်မိတယ်။

မင်း ဘယ်လိုပဲ ဖြစ်လာလာ နှလုံးသားတစ်ခုလုံးနဲ့ ဆက်ချစ်နေမှာပါ......

အရင်ကလို စိတ်ကြီးဝင်ပြီး ဂုဏ်မောက်ပြီး အထက်စီးဆန်နေရင်တောင် ဒီခန္ဓာကိုယ်က တူညီတဲ့ ဝိညာဉ် ရှိနေသရွေ့ပေါ့

သူက ယခုလက်ရှိ စီရှယ် နဲ့ အရင် စီရှယ်က တူညီတဲ့လူ မဟုတ်တော့ဘူးဆိုတာ အနည်းငယ် ခံစားသိရှိနေတယ်။ ဂလင်း ဖယ်ထားတဲ့ စီရှယ်ကို မြင်လိုက်ရတဲ့အခါမှာ မဲမှောင်နေတဲ့ ကောင်းကင်ထဲမှာ တောက်ပနေတဲ့ ကြယ်တပွင့် ထွက်ပေါ်လာသလိုပဲ......

အဲဒီ ကြယ်ရဲ့ အလင်းရောင် နောက် လိုက်ရင်း သူ့သွားရမဲ့ လမ်းကြောင်းမှန် ကို ရှာဖွေတွေ့ရှိခဲ့တယ်။

သူ့ကို ဘယ်တော့မှ လက်မလွှတ်ဖို့ သူ့ရဲ့ ကံကြမ္မာပဲ ...

အော့စ်ဘွန်းက စီရှယ်ကို သူ့နှလုံးသားထဲမှာ ဖုံးကွယ်ထားတဲ့ စကားတွေ အကုန်လုံးကို ပြောပြချင်မိတယ်။ ဒါပေမဲ့ သူ ပြောတာကို မစောင့်ဘဲ ကောင်လေးက လက်ကို ယမ်းကာ လမ်းလျှောက်ပြီး ထွက်သွားတယ်။ သူ တကယ်ကို သူရဲ့ သန်မာလှတဲ့ စိတ်စွမ်းအားသုံးပြီး ကောင်လေးကို လှောင်အိမ်ထဲ ထည့်ထားချင်တယ်။

သူက ကောင်လေး လျှောက်သွားတာကို ကြည့်နေရင်း ပိန်ပါးတဲ့ပုံရိပ်လေး လုံးဝကွယ်ပျောက်သွားတဲ့အခါ နာကျင်နေတဲ့ အမူအရာ ပေါ်လာတယ်။

သူ့ချစ်သူက ဂျိုရှုအာ ရဲ့ အနာဂတ် ခင်ပွန်းလောင်း ဖြစ်နေတာကို သိရှိပြီးနောက် ယွင်ရှန့်က ငြိမ်ငြိမ်လေး ထိုင်မနေနိုင်ပေ။ ချယ်မန်း ကျောင်းက သုံးနှစ်အဖွဲ့အစည်း ပုံစံ ဖြစ်တယ်။ ပထမနှစ်တွေက အခြေခံတွေ သင်ကြားခံရပြီး ဒုတိယနှစ်တွေက စစ်တပ် လေ့ကျင့်ခန်းအမျိုးမျိုးကို သင်ယူရတာ ဖြစ်တယ်။ နောက်ဆုံး တတိယနှစ် ကျောင်းသားတွေက တိုက်ပွဲ တိုက်ခိုက်ရေးတွေ သင်ယူရတာ ဖြစ်ပြီး အဲဒီအထဲက ထူးချွန်တဲ့ သူတွေကို အဓိကတပ်ကနေ ခေါ်ယူမှာ ဖြစ်တယ်။

ကယ်လီက ဒုတိယနှစ်ဖြစ်ပြီး စစ်တပ် လေ့ကျင့်မှုအမျိုးမျိုးအတွက် လန်နွန်း အင်ပါယာရဲ့ ဂြိုလ်သေးတစ်ခုကို ပို့ဆောင်ခံရမှာ ဖြစ်တယ်။ အဲလိုဆို သူက ချယ်မန်း ကျောင်းဝန်းထဲ မကြာခဏ ရှိမနေနိုင်ဘူးပဲ.... သူက ဂျိုရှုအာ နဲ့ ခံစားချက်တွေ ဖြစ်လာဖို့ အခွင့်အရေးတွေ အများကြီး ရှိနေတာပဲ။

ယွင်ရှန့်က ပထမနှစ်ဖြစ်ပြီး သူက နေ့စဉ်ရက်ဆက် စာသင်ခန်းထဲမှာ အချိန်ကုန်ဆုံးရမှာ ဖြစ်တယ်။ သူ စာထိုင်လုပ်နေတုန်း ဂျိုရှုအာ က Heat ဝင်ပြီး ကယ်လီနဲ့ ဖြစ်သွားခဲ့ရင်ရော ... အဲဒီလို အခြေအနေကို လုံးဝ ခွင့်မပြုနိုင်ဘူး။

သူက လမ်းလျှောက်နေတုန်း တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်လိုက်ပြီး ရုံးခန်းဆီ ဦးတည်လိုက်ကာ 007 ကို သုံးပြီး အတန်းကျော် လျှောက်လွှာတင်ဖို့ကို လျှင်မြန်စွာ လုပ်ဆောင်လိုက်တယ်။

ကျောင်းက အရမ်းအံ့အားသင့်သွားပေမဲ့လဲ ကျောင်းသားတွေ တက်ကြွတဲ့ စိတ်ဓာတ်ရှိတာ ကောင်းတဲ့အရာ ဖြစ်တယ်။ အဲဒါကြောင့် တားဆီးမှု မရှိပေ။ သူတို့က ချက်ချင်း ခက်ခဲတဲ့ စာမေးပွဲ စစ်ဖို့ စီစဉ်ပေးခဲ့တယ်။ စီရှယ်က ဂုဏ်ထူးတွေနဲ့ အောင်မယ်ဆိုတာ သံသယ ဖြစ်စရာ မလိုပေ။

ညနေခင်းဘက်မှာ စီရှယ်က ချယ်မန်း ရဲ့ ဒုတိယနှစ်သမား ဖြစ်လာခဲ့တယ်။ အတန်းသားသစ် အဆောင်မှာ သူ့ကို စောင့်မျှော်နေတဲ့ ဒါရန်ကို လုံးဝ စိတ်ဓာတ်ကျသွားစေတယ်။

တချိန်တည်းမှာပဲ အော့စ်ဘွန်းရဲ့ လက်ထောက်က ဘော့စ် ရဲ့ နားနေခန်းဆီ ပြေးဝင်လာရင်း မေးလိုက်တယ်

" ဗိုလ်ကြီး .... စီရှယ်က အတန်းကျော်လိုက်တဲ့ ကိစ္စ ကြားမိလား "

ညစာ စားနေတဲ့ အော့စ်ဘွန်းက အဲဒီစကားကြားပြီး ရပ်သွားတယ်။

" သူက အထူးတလည် တောင်းဆိုခဲ့သေးတယ်။ သူက ဂျိုရှုအာ နဲ့ တူညီတဲ့ အဆောင်မှာ အတူတူနေချင်တယ်ဆိုပြီး .... သူကတော့ ကယ်လီနဲ့ အတူတူနေချင်တယ်လို့ ပြောပေမဲ့ သူ့ရည်ရွယ်ချက်က ဂျိုရှုအာ ဆိုတာ အားလုံးသိနေတာပဲ.....

ဗိုလ်ကြီးကို အခုထိ လက်မလွှတ်နိုင်သေးဘူး ထင်တယ်။ အတိတ်ကို ပြန်လည်မတူးဆွဖို့ ဗိုလ်ကြီး တားနိုင်မယ်လို့ မျှော်လင့်တယ်။ ဒီချယ်မန်း ရဲ့ စည်းကမ်းတွေက တင်းကျပ်တယ်။ နှစ်ယောက်သား ပြသနာ ဖြစ်ခဲ့ရင် ကျောင်းထုတ်ခံရလိမ့်မယ်"

လက်ထောက်က စိုးရိမ်ပူပင်စွာနဲ့ ပြောလိုက်တယ်။ သူ တွေးထားတာက စီရှယ်က လွယ်ကူတဲ့လူ ဖြစ်ပေမဲ့ သူ စီရှယ်ကို ချည်းကပ်တဲ့အခါ သူ့အမြင်က ပြောင်းလဲသွားခဲ့တယ်။

သူက ဂျိုရှုအာကို ဒုက္ခပေးပြီး ကျောင်းကထွက်ချင်နေတာလား

အော့စ်ဘွန်းက သူ့ခရင်းကို ချထားလိုက်ရင်း သူက စားချင်စိတ် မရှိတော့ပေ။ စီရှယ်က သူ့ကို ရည်ရွယ်နေတာ မဟုတ်ဘူးဆိုတာ သိတယ်။ သူရဲ့ခံစားချက်တွေက မျက်စိတစ်မှိတ်အတွင်း ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့တယ်။ သူက တခြားတစ်ယောက်ကို ငြိတွယ်နေမိတယ်ဆိုရင်တောင် ကယ်လီနဲ့ နီးကပ်ဖို့ရာအတွက် အတန်းကျော်တက်ပြီး အတူတူနေတာပဲ။ သူက တစ်ယောက်ယောက်ကို ချစ်မိသွားခဲ့ရင် သူက သူတို့ကို အံ့သြစရာကောင်းတဲ့ တက်ကြွမှုနဲ့ ဖြတ်ကျော်မှာ ဖြစ်တယ်။

ကယ်လီကို အချစ်စိတ်တောက်ပနေတဲ့ မျက်လုံးတွေနဲ့ကြည့်နေတာကို တွေးမိတိုင်း အော့စ်ဘွန်းရဲ့ မျက်လုံးက သဝန်တိုမှုနဲ့ နီရဲလာခဲ့ပြီး သူ့စိတ်စွမ်းအားတွေကလဲ ထိန်းချုပ်မှုလွတ်လုနီးပါး ဖြစ်သွားခဲ့တယ်။ သူ့အနားမှာရှိနေတဲ့ ဓားတွေ ခရင်းတွေ ပန်းကန်နဲ့ စားပွဲ က ဖုန်မှုန့်အဖြစ် ရောက်သွားပြီးပြီ ဖြစ်တယ်။

လက်ထောက်က အံ့ဩသွားပြီး သူက အလျှင်အမြန် သတိပေးလိုက်တယ် " ဗိုလ်ကြီး ဒီမှာ ထိုင်နေပြီး ကျောင်းပိုင် ပစ္စည်းတွေကို ဖျက်ဆီးနေမဲ့အစား စီရှယ်ကို ရှာပြီး အရင်စကားပြောသင့်တယ် ထင်တယ်"

အော့စ်ဘွန်းက ချက်ချင်း သတိဝင်လာပြီး လက်တစ်ဖက် နဖူးပေါ် တင်ထားလိုက်ရင်း ခါးသက်ဖွယ် ရယ်မောလိုက်တယ်။ သူက ဂျိုရှုအာ နဲ့ ခံစားချက်တွေ မရှင်းပြီးမချင်း စီရှယ် ကို ပြောဖို့ရာ အခွင့်အရေး မရှိပေ။

ယွင်ရှန့်က အဆောင် ၄၀၁ တံခါးကို ဖွင့်လိုက်တဲ့အခါ အခန်ဖော် လေးယောက်က ညစာကို ပျော်ရွှင်စွာ စားနေကြတယ်။ ကယ်လီနဲ့ ဘတ်ခ်ျ က အယ်လ်ဖာ တွေဖြစ်ပြီး ဂျိုရှုအာ နဲ့ ရို့သ် က ဘီတာ တွေ ဖြစ်ကြတယ်။ သူတို့က စားရင်း နောက်ရင်း အတွဲညီနေကြတယ်။

တံခါးဝမှာ ရပ်နေတဲ့ ဆယ်ကျော်သက်လေးကို မြင်ပြီး သူတို့ဟာ ဂျိုရှုအာကို ပြိုင်တူ ကြည့်လိုက်မိတယ်။ သူတို့ဟာ ဗိုလ်ကြီးက ဂျိုရှုအာ အဆောင်ဆီ လာလာလည်တာ မြင်ကတည်းက ဂျိုရှုအာ နဲ့ ဗိုလ်ကြီး အော့စ်ဘွန်းရဲ့ ဆက်ဆံရေး ကို သိထားတာ ဖြစ်တယ်။ ပြီးတော့ သူတို့ရှေ့မှာ ရပ်နေတဲ့ လှပပြီး သန်မာတဲ့ ဆယ်ကျော်သက်လေးက ဗိုလ်ကြီး အော့စ်ဘွန်းရဲ့ အရင်စေ့စပ်သူ ဖြစ်တယ်။

ဘာလို့ဆို ဗိုလ်ကြီး အော့စ်ဘွန်းက နူးညံ့သိမ်မွေ့တဲ့ အိုမီဂါ တွေ မကြိုက်တဲ့အတွက် သူက ဂလင်း ကိုတောင် ဖယ်ထုတ်ပြီး ချယ်မန်း ကျောင်းကို ဝင်ခဲ့တယ်။ အော့စ်ဘွန်းအပေါ် သူ့အချစ်တွေက သံသယ ဖြစ်စရာကို မရှိပေ။ အဲဒါကြောင့် ဂျိုရှုအာ ကို မုန်းနေတာက ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပဲ...

ဒီကို အနိုင်ကျင့်ဖို့လာတာလား

ဂျိုရှုအာ နဲ့ အရင်းနှီးဆုံးဖြစ်တဲ့ ဘတ်ခ်ျ က သူရှေ့ကနေ ချက်ချင်း ကာရပ်လိုက်တယ်။

ဂျိုရှုအာ က ပြန်လည်တိုက်စစ်ဆင်ဖို့ အဆင့်သင့်ဖြစ်နေတဲ့အကြည့်နဲ့ ကောင်လေးကို စိုက်ကြည့်နေရင်း သူ့ဓားနဲ့ခရင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်တယ်။ ဒီလောက် နီးကပ်နေတဲ့မြင်ကွင်းက စီရှယ်ရဲ့ ခန့်ညားလှတဲ့ မျက်နှာသွင်ပြင်က တောက်လောင်နေတဲ့ မီးတောက်လိုမျိုး အကြည့်ကို ဖမ်းစားထားတယ်။ သူရဲ့ ယူနီဖောင်းကို အပေါ်ကြယ်သီးနှစ်လုံး ဖြုတ်ထားတာက သူရဲ့ နူးညံ့ပြီး လှပတဲ့ ညှပ်ရိုးကို ဖော်ပြသလို ဖြစ်နေတယ်။ သူဆံပင်က အနည်းငယ် ဘုတ်သိုက်ဖြစ်နေပြီး အဲအရာကပဲ ဆွဲဆောင်မှုရှိဟန် ပေါ်နေစေတယ်။

သူက ဖြည်းဖြည်းချင်း အထဲဝင်လာရင်း သူရဲ့ ပိန်ပါးတဲ့ ခန္ဓာကိုယ်ကနေ သန်မာပြီး ထူးခြားတဲ့ အငွေ့အသက်တွေ ထုတ်လွှင့်နေတယ်။ အဲ အငွေ့အသက်က အခန်းထဲက လေထုကို လျော့ကျစေတယ်။

ဘတ်ခ်ျရဲ့ နဖူးက ချွေးတွေနဲ့ ပြည့်နေတယ်။ အယ်လ်ဖာ ဖြစ်တဲ့သူတောင် စီရှယ်ရဲ့ ဖိအားကို ခံနိုင်ရည် မရှိကြပေ။ အကုန်လုံးနောက်မှာ ရပ်နေတဲ့ ရို့သ်က ဗိုလ်ကြီးအော့စ်ဘွန်းဆီ လျှင်မြန်စွာ မက်ဆေ့ ပို့လိုက်တယ်။

" ဗိုလ်ကြီး ... စီရှယ်က ဂျိုရှုအာ ကို ဒုက္ခလာပေးနေတယ်။ မြန်မြန်လာခဲ့ပါ"

ဂျိုရှုအာက ဘယ်သူ့ကိုမှ အကူအညီ မတောင်းပေ။ သူက ဘတ်ခ်ျကို သူ့နောက်ပို့လိုက်ပြီး ခါးမတ်ရင်း ပြောလိုက်တယ်

" ဟဲလို ... စီရှယ် နောက်ဆုံးတော့ ငါတို့တွေ့ပြီပဲ...."

ဒီနေ့မြင်ကွင်းကို သူ အကြိမ်များစွာ တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ အမှန်တကယ် ရင်ဆိုင်ရတဲ့အခါ စီရှယ်ရဲ့ အံ့သြဖွယ်ကောင်းတဲ့ တွန်းအားကို ခံစားမိတယ်။ သူ့ခန္ဓာကနေ အော့စ်ဘွန်းလိုမျိုး တူညီတဲ့ အငွေ့အသက်ကို ခံစားရတယ်။

အဲဒါက အသန်မာဆုံးဖြစ်တဲ့လူတွေ ပိုင်ဆိုင်တဲ့အရာမျိုး...

" ဟိုင်း "ယွင်ရှန့်က စိတ်မပါတပါ လက်ကို ခါလိုက်ပြီး တစ်ဦးတည်းသော ကျော့ရှင်းနေဆဲ ဖြစ်တဲ့ ကယ်လီ ကို စိုက်ကြည့်လိုက်ကာ တောက်ပစွာ ပြုံးလိုက်တယ်။

" ကယ်လီ ငါတို့ထပ်တွေ့ကြပြီနော်။ ငါက အခန်းဖော်အသစ်ပါ "

သူက အခြားလူ သုံးယောက်ကို လျစ်လျူ ရှုထားတယ်။ အဲဒါက မယဉ်ကျေးတဲ့ အပြုအမူဖြစ်ပေမဲ့ ကယ်လီကိုတော့ အလွန်ကျေနပ်စေတယ်။ သူက လျှောက်လှမ်းလာပြီး ဖက်လိုက်တယ်။

သူ့အသံက အရမ်းကို ညင်သာနေပြီး " မင်းက ကိုယ့်အခန်းဖော်အသစ်လား။ အတန်းကျော်တက်လိုက်တာလား "

" ဟုတ်တယ်။ ကယ်လီကို တွေ့ပြီးတဲ့နောက်မှာ အတန်းကျော်တက်ဖို့ ဆုံးဖြတ်လိုက်တာ "

အဲဒါက ကယ်လီကို မြင်မြင်ချင်းချစ်လို့ နောက်ကလိုက်နေတာ ဆိုပြီး သွယ်ဝိုက်ပြောချင်း ဖြစ်တယ်။

ကောင်လေးရဲ့ ပြတ်သားတဲ့ စကားလုံးတွေက ကယ်လီရဲ့ နှလုံးခုန်နှုန်းကို မြန်ဆန်စေတယ်။ သူ့နားတွေလည်း ရှက်ပြီး နီရဲနေတယ်။ သူက ဘာဆက်ပြောရမှန်းမသိလို့ နောက်တခေါက် ထပ်ဖက်လိုက်တယ်။ ဆယ်စက္ကန့်ကြာပြီးတဲ့နောက်မှာ မလွတ်ချင် လွတ်ချင်နဲ့ ဖယ်ပေးလိုက်တယ်။

တကယ်တော့ သူက စီရှယ်ကို အရင်ကတည်းက စိတ်ကူးခဲ့တာဖြစ်ပြီး သူက ဓာတ်ပုံတွေ video တွေတောင် စုဆောင်းထားခဲ့တယ်။ သူက screen ထဲက စီရှယ်က တောက်ပလွန်းတယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ အပြင်ဘက် လက်တွေ့က စီရှယ်က ပိုပြီး တောက်ပပြီး မယှဉ်နိုင်လောက်တဲ့ ဆွဲဆောင်မှုမျိုး ရှိတယ်။

သူက တိုက်ခိုက်ခံရရင်တောင် ဘယ်သူမှ ခုခံနိုင်မှာ မဟုတ်ပေ။ ကယ်လီက နီရဲနေတဲ့နားကို ထိလိုက်ရင်း ဗိုလ်ကြီးကို စီရှယ်ကို ငြင်းခဲ့တဲ့အတွက် အရမ်းကို လေးစားပြီး ကျေးဇူးတင်နေမိတယ်။

သူက စီရှယ်ကို ခုခံနိုင်တာက လေးစားဖွယ် ကောင်းပြီး ငြင်းပယ်ခဲ့တာက ကျေးဇူးတင်စရာ ကောင်းလှတယ်။

တခြားသူတွေ အကုန်လုံးက တွေဝေသွားကြတယ်။ သူတို့ဟာ လူနှစ်ယောက်ကြားက ပုံမှန်မဟုတ်တဲ့ ဟိုလိုလို ဒီလိုလို အခြေအနေကို ခံစားမိတယ်။ ဂျိုရှုအာ ရဲ့ ရင်ဘတ်ထဲက အပူလုံးကြီ ကျသွားတယ်။

ဘုရားသခင် ကျေးဇူးကြောင့် စီရှယ်က အော့စ်ဘွန်းကို မချစ်ဖူးပဲ......

ဒါပေမဲ့ မကြာခင်မှာ သူ့အတွေးတွေက ရယ်ဖွယ်ရာ ဖြစ်ကြောင်း သိရှိသွားခဲ့တယ်။ စီရှ်က အော့စ်ဘွန်းကို မချစ်ဘူး။ အော့စ်ဘွန်းကသာ စီရှယ်ကို ချစ်နေတာ ဖြစ်တယ်။ သူက ၄၀၁ က မက်ဆေ့ကို ရပြီး အမြန်ဆုံးနှုန်းနဲ့ အပြေးအလွှား ရောက်လာခဲ့တယ်။သူက ကယ်လီနဲ့ စီရှယ်ဆီ တန်းလျှောက်သွားပြီး အသံနက်နက်နဲ့ပြောလိုက်တယ်။

" စီရှယ် ... တစ်ခြားအိပ်ခန်းစီစဉ်ပေးမယ်။ နောက်ကလိုက်ခဲ့"

ဂျိုရှုအာရဲ့ မျက်နှာက လျစ်လျူရှုခံလိုက်ရတာမလို့ ဖြူ ဖျော့သွားတယ်။ အခု အော့စ်ဘွန်းက စီရှယ်ပဲ မျက်လုံးထဲ မြင်နေတယ်။ အခြားသူတွေ ကမ္ဘာပေါ်က ကျန်တဲ့အရာတွေက မရှိလည်းဖြစ်တယ်။ အရေးမကြီးပေ။

" စိတ်မပူပါနဲ့။ ဂျိုရှုအာ ကို အနိုင်မကျင့်ပါဘူး" ယွင်ရှန့်က မထူးမခြားစွာ လက်ယမ်းပြီး ပြောလိုက်တယ်။

အော့စ်ဘွန်း လေသံထဲ သူ့ပင်ပန်းမှုတွေပါ ပါဝင်နေတယ်။

သူက ပွတ်သပ်နေရင်း ပြတ်ပြတ်သားသား ပြောလိုက်တယ်။

" မင်းက တခြားသူတွေနဲ့မတူညီဘဲ ကွဲပြားတယ်ဆိုတာ သိသင့်တယ်။ မင်းသာ စိတ်စွမ်းအားကို ထုတ်လွှင့်မိခဲ့ရင် တခြားသူတွေကို ဘေးဖြစ်စေလိမ့်မယ်။ ရို့သ်ရဲ့ စိတ်စွမ်းအားက မမြင့်ဘူး။ အဲဒါကြောင့် မင်း ဒီမှာ နေဖို့ မသင့်တော်ဘူး"

ယွင်ရှန့်က ထောင့်ဆုံးမှာ ပုန်းနေတဲ့ ဘီတာကို ကြည့်လိုက်တယ်။ ကောင်လေးမျက်နှာက ဖြူဖျော့နေပြီး အသက်ရှုရတာ ခက်ခဲနေတယ်။ သူက အကုန်လုံးထဲမှာ အခံရဆုံးပုံ ပေါက်နေတယ်။

' အဲဒါဆို သူ့ကို ရွေ့ခိုင်းလိုက်လေ'

သူက ပြောဖို့ပြင်လိုက်ပေမဲ့ အော့စ်ဘွန်းက အရင်ပိတ်ပြောတယ် " ရို့သ်ကို ရွေ့ခိုင်းချင်နေတာလား။ အဲဒီလိုလုပ်ခွင့် ဘယ်သူက ပေးထားတုန်း ။ ဘားနက်မိသားစုကို သူတို ရဲ့ ရိုးသားမှု ကြောင့် လူသိများနေတာကို မိသားစုကို အရှက်ရစေတော့မှာလား။ ချယ်မန်း က မင်းရဲ့ကိုယ်ပိုင်နေရာ မဟုတ်ဘူးနော်။ နေချင်တဲ့နေရာ နေပြီး မောင်းထုတ်ချင်တဲ့သူ မောင်းထုတ်လို့မရဘူး။ အခု ငါနဲ့လိုက်ခဲ့ ... ချက်ချင်း!! "

သူရဲ့အကြည့်တွေကို အနည်းငယ် အောက်ရွေ့လိုက်တံ့အခါ ကောင်လေးရဲ့ ကော်လံထိ ကြယ်သီးမတပ်ထားတာ မြင်ပြီး သူ့မျက်လုံးထဲ မီးတောက်လောင်နေခဲ့တယ်။ သူက တကယ့်ကို စိတ်စွမ်းအားသုံးပြီး ကောင်လေးကို ဖမ်းပြီး ချုပ်နှောင်ထားချင်တယ်။

အဲဒါမှ တခြားသူတွေကို မစွဲဆောင်နိုင်တော့မှာ......

မျက်လုံး ဘယ်လောက်များများက ဘားနက်မိသားစုကို အာရုံစိုက်နေတယ်ဆိုတာ သူ မသိတဲ့အတွက် အကျိုးအကြောင်း မဆင်မခြင် မပြုမူပေ။ သဘောထားကြီးမှု၊ ရိုးသားမှု၊ ရဲရင့်မှုတွေက ဘားနက်မိသားစုရဲ့ လက်ကိုင်ဆောင်ပုဒ် ဖြစ်တယ်။ သူရဲ့အပြုအမူတိုင်းက အဲဒီအချက်တွေနဲ့ ကိုက်ညီနေဖို့ လိုအပ်တယ်။သူက မတ်တပ်ရပ်လိုက်ရင်း ကယ်လီကို နှုတ်ဆက်လိုက်တယ်။

ကယ်လီက သူ့ကို လွတ်လိုက်ဖို့ နှမြောနေမိတယ်။ သူက ကောင်လေးဆီ လျှောက်လာရင်း ဖက်ခါနီးမှာ အော့စ်ဘွန်းရဲ့ ပိတ်ရပ်တာကို ခံလိုက်ရတယ်။ အဲဒီနောက် သူက လက်ချင်းဆွဲ နှုတ်ဆက်လိုက်ရတယ်။

ကောင်လေးက နာခံစွာ သူ့နောက်လိုက်လာတာကို မြင်တော့ အော့စ်ဘွန်းက နောက်ဆုံးတော့ ကျေနပ်သွားတယ်။ သူက ထွက်သွားမဲ့ဆဲဆဲမှာ အမေ့ခံလေး ဂျိုရှုအာ က တံခါးဆီပြေးလာရင်း ရင်းနှီးနေတဲ့အသံနဲ့ပြောတယ်

" အော့စ်ဘွန်း .... မနက်ဖြန် အားလားဟင်။ ပြောရမဲ့ကိစ္စလေးရှိလို့..."

အော့စ်ဘွန်းက စီရှယ်ကို ငေးကြည့်ရင်း မေးလိုက်တယ် " အခု မပြောနိုင်တဲ့ ကိစ္စလား "

" ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စမလို့။ အော့စ်ဘွန်းကိုပဲ ပြောပြမှ အဆင်ပြေမှာ " ဂျိုရှုအာရဲ့ ပါးပြင်က အနည်းငယ် ရှက်သွေးဖြာသွားခဲ့တယ်။

" အဲဒါဆို မနက်ဖြန်တွေ့မယ်" အော့စ်ဘွန်းက ခေါင်းညိတ်လိုက်ပြီး ကောင်လေးကို အလျှင်အမြန်ခေါ်ကာ ထွက်သွားခဲ့တယ်။သူက သူ့အပြုအမူတွေကို ရှက်မိပေမဲ့ ဂျိုရှုအာ နဲ့ ဆက်လက်ပြီး မပတ်သတ်ချင်ပေ။ သူက သူ ရှာနေတဲ့လူ မဟုတ်ပေ။

ဂျိုရှုအာ ကို ကျေနပ်စေဖို့ သူက စီရှယ်ကို တစ်သက်တာ ထိခိုက်စေခဲ့တယ်။ ဒါပေမဲ့ စီရှယ်ကို ဆုံးရှုံးပြီးနောက်မှာ ဂျိုရှုအာ အပေါ် သူ့ခံစားချက်တွေက အချစ်မဟုတ်ဘဲ စွဲလမ်းမှုတစ်ခု ဆိုတာ သိရှိလာခဲ့တယ်။ ကံတရားက သူ့ကို ဟာသလုပ်နေပြီး လမ်းမှားကို ရောက်စေခဲ့တယ်။သူက သူရဲ့ခြေလှမ်းတွေကို ရပ်တန့်မှ ဖြစ်တော့မယ်။

ဘာလိုဆို ဒီလိုသာ ရှေ့ဆက်သွားခဲ့ရင် အရာအားလုံးကို ဆုံးရှုံးသွားလိမ့်မယ်။

သူက ဒီအမှားကို ပြင်ဆင်ဖို့ လိုအပ်တယ်....

Continue Reading

You'll Also Like

88.4K 8K 8
[Both Zawgyi and Unicode] ဒုတိယကြိမ် အခွင့်အရေးဆိုတာကိုသာ ရရင်...
11.1K 1.9K 52
#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status in COO -85 Chapters (Ongoing) I got permissio...
914K 105K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
33.1K 4K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...