HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

362K 24.2K 898

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း (၁၄) - Don't worry!

6.5K 446 3
By Futawa

အခန်း (၁၄) - Don't Worry!

Unicode

[I'm not Ok If you hurt]


ကျနော်အခန်းဆီပြန်ရောက်တော့ ညီလည်းပြန်ရောက်နေလေပြီ။

ခုတင်ပေါ်မှာ နံရံဘက်ကိုမျက်နှာမူပြီးကွေးကွေးလေးအိပ်ပျော်နေကာ မနက်ကဝတ်စုံကိုတောင်မလဲအားသေး ဒီအတိုင်းလေးသာ။

'ဒီကလေး နေများမကောင်းဘူးလား'

ကျနော် သူ့နှဖူးလေးကို စမ်းကြည့်ဖို့ပြင်လိုက်သော် ကျနော့်လက်တွေက ရှေ့မဆက်နိုင်ဘဲ လေထုထဲမှာတင်
ရပ်တန့်သွားတာကြောင့် တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်ရုတ်လိုက်ကာခပ်လှမ်းလှမ်းကနေခေါ်လိုက်သည်။

"ညီ.. ညီ.."

ကျနော့်ခေါ်သံကိုပြန်မတုံ့ပြန်လာတာကိုကြည့်ရသလောက် ဒီကလေး တကယ်အိပ်ပျော်နေပြီဖြစ်မည်။
ကျနော်လည်း နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ထိုကလေးကို အတင်းအကြပ်မနှိုးရက်ပါဘူးလေ။

တော်ကြာ ကျနော်နှိုးလိုက်မှ ဒီကလေးခေါင်းမူးသွားပါဦးမယ်။

မင်းခန့်ထည်လည်းသူ့ခုတင်ပေါ်မှာတိုးတိုးတိတ်တိတ်ထိုင်ချလိုက်ပြီး ရှိုင်းဇေယံရဲ့ကျောပြင်လေးကိုအသံတိတ်စိုက်ကြည့်နေမိကာ အချိန်အတော်ကြာပြီးမှ ရေချိုးဆောင်ဆီသို့ထွက်သွားတော့လေသည်။

တစ်ယောက်သောသူရဲ့ခြေသံတွေက အခန်းထဲမှာပျောက်ကွယ်သွားတော့မှ ရွှန်းစိုနေဆဲမျက်ဝန်းလေးတစ်စုံရဲ့ကော့ညွှတ်နေတဲ့မျက်တောင်လေးများဟာ ပါးပြင်ပေါ်အရိပ်ကျနေရာကနေ နိုးထလာခဲ့ကြလေသည်။

နောက်တစ်ပတ်ကျောင်းစတက်တော့ king queen selectionများက ဋ္ဌာနသို့အချိန်ပြည့်သွားနေရတာကြောင့်အတန်းမတက်ရပေ။

နှစ်အသီးသီးကSeniorတွေလည်း ဋ္ဌာနသို့အကုန်စုဝေးရောက်နေကြပြီဖြစ်ကာ ပွဲအပြင်အဆင်များကိုအရင်နှစ်တွေထက်ပိုကောင်းအောင်ပြင်ဆင်ဖို့စုရုံးတိုင်ပင်နေကြတဲ့အဖွဲ့ကတစ်ဖွဲ့၊
စလိုက်မီးများဆင်ဖို့နဲ့စင်ဆောက်ဖို့ခေါင်းချင်းဆိုင်နေကြတဲ့အဖွဲ့ကတစ်ဖွဲ့၊ ပြဇာတ်ကဖို့ ဇာတ်ညွှန်းရေးနေကြတဲ့အဖွဲ့ကတစ်ဖွဲ့နဲ့အဖွဲ့အသီးသီးခွဲပြီးအားကြိုးမာန်တက်ပြင်ဆင်နေကြလေသည်။

"မောင်လေးတွေ လာလေ"

ဌာနရှေ့မှာမတ်တပ်ရပ်နေကြသော First yearလေးများကို Seniorမမတစ်ယောက်ကဌာနထဲသို့ဝင်ရန်လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။Juniorလေးတွေအထဲရောက်တော့ နှစ်အကြီးမှစီနီယာတွေအားလုံးက နွေးထွေးစွာကြိုဆိုလာကြလေသည်။

"king queen selectionလေးတွေ ဒီမှာခနထိုင်စောင့်ဦးနော် မောင်လေးတို့ကို Trainပေးမယ့်အမတစ်ယောက်က မရောက်သေးလို့"
ဟု ထိုအမက ခုံများကိုချပေးနေရင်း ဂျူနီယာလေးတွေကိုလှမ်းပြောနေလေသည်။

ကျနော်တို့၆ယောက်လည်းသူမချပေးလာတဲ့ခုံတွေမှာတွန့်ဆုတ်တွန့်ဆုတ်နဲ့ဝင်ထိုင်လိုက်ကြပြီး ပတ်ဝန်းကျင်လေထုကအနည်းငယ်စိမ်းသက်သက်ဖြစ်နေရကာ စီနီယာတွေရဲ့လှုပ်ရှားမှုများကိုသာ စိတ်ဝင်တစားနဲ့ငြိမ်ငြိမ်ဆိမ်ဆိမ်သာထိုင်ကြည့်နေမိကြသည်။

ကျနော်ရဲ့မျက်လုံးတွေထဲမှာတော့ ကျနော်တွေ့ချင်နေတဲ့သူကို အခုထိမဖမ်းမိသေးပေ။ဘယ်ရောက်နေပါလိမ့်။
သူက ဒုတိယတာဝန်ခံဆိုတော့ အလုပ်များနေမှာပေါ့လေ။

"ညီလေး ရှိုင်းဇေယံ"

အကိုမင်းစက်ကလက်တစ်ဖက်ကနေလူတစ်ရပ်ရှည်တဲ့အုန်းလျက်တံမြက်စည်းကိုကိုင်ထားရင်း သူ့အနားသို့ရောက်ချလာသည်။

ရှိုင်းဇေယံလည်း မင်းစက်အားပြုံးပြလိုက်ရင်း

"အကိုမင်းစက် အကိုမင်းခန့်ထည်ကော"ဟုမေးလိုက်တော့ မင်းစက်ကတောင်ကြည့်မြောက်ကြည့်လုပ်လိုက်ပြီးနောက် တစ်စုံတစ်ရာကိုအမှတ်ရသွားဟန်ဖြင့်သံရှည်ဆွဲကာပြောလာခဲ့သည်။

"aww မင်းခန့်လား ညီလေးတို့ကို photoရိုက်ပေးဖို့အဆောင်မှာ Cameraပြန်ယူနေတယ်"

"ကျနော်တို့ကို အကိုမင်းခန့်ထည်က ရိုက်ပေးမှာလား!"

ရှိုင်းဇေယံကအံ့သြတကြီးမေးလိုက်တော့မင်းစက်ကခေါင်းငြိမ့်ပြရင်းဆိုသည်။

"အင်းလေ မနှစ်ကလည်း သူပဲရိုက်ပေးတာ စိတ်မပူပါနဲ့ညီလေးရာ မင်းခန့်ရိုက်တာ ပုံထွက်ကောင်းပါတယ်"

ထိုစကားကိုကြားတော့ရှိိုင်းဇေယံရဲ့မျက်နှာထက်မှာအပြုံးတစ်ပွင့်ပေါ်လာခဲ့ပေမယ့် တကယ်တော့မချိပြုံးလေးသာဖြစ်သည်။

'ကျနော်က ပုံထွက်မကောင်းမှာကို ကြောက်နေတာမဟုတ်ဘူး
ရိုက်ပေးတဲ့ Camera manကို တည့်တည့်မကြည့်နိုင်မှာကြောက်တာ'

မင်းစက်လည်း ရှိုင်းဇေယံနှင့် ခနစကားပြောနေပြီးနောက် စီနီယာအမကြီးများက လှမ်းခေါ်သဖြင့်တံမြက်စည်းကြီးကိုင်ကာ ကို့ယို့ကားယားနှင့်ထွက်သွားရပြန်သည်။

ထို့နောက် ဌာနထဲသို့ မမလှလှတစ်ဦးက ဝင်လာခဲ့သည်နဲ့တစ်ပြိုင်နက် ဌာနထဲရှိ ယောက်ျားလေးများအားလုံးရဲ့အကြည့်အာရုံများကသူမဆီသို့သာစုပြုံကျရောက်သွားတော့သည်။ ရှိုင်းဇေယံလေးကတော့ မင်းခန့်ထည်ကိုမျှော်နေတာနဲ့တင်အလုပ်ရှုပ်နေတာကြောင့် ထိုမမအားမျက်စိထဲမထည့်အားပေ။

မမအလန်းဇယားလေးက ရှိုင်းဇေယံတို့ထိုင်နေတဲ့နေရာနားသို့လျှောက်လာခဲ့ရင်းမေးမြန်းလာသည်။
"မောင်လေးတို့က king selectionတွေလား"

King Selectionတွေထဲကဆက်နောင်ခဆိုတဲ့တစ်ယောက်ကခပ်သွက်သွက်ပြန်ဖြေလိုက်သည်

"ဟုတ်တယ်အမ"

"အမက ထားသရဖီဦးပါ မနှစ်က Majorရဲ့Queen ပေါ့။
ဒီကမောင်လေးတွေကို Welcomeပွဲအတွက်လေ့ကျင့်ပေးဖို့ အမတာဝန်ယူထားတာကြောင့် အမကိုရင်းရင်းနှီးနှီးပဲပြောဆိုလို့ရပါတယ်။"

ထိုသို့ဆိုပြီးနောက် သူမလေးက King Selection ၆ယောက်ရဲ့FB accတွေကို မေးပြီးအပြန်အလှန်Addလိုက်ကြကာ messengerမှာရှိတဲ့ Fresher Welcomeဆိုတဲ့Groupတစ်ခုထဲသို့
ထိုကလေးတွေကိုသွင်းပေးလိုက်လေသည်။

ရှိုင်းဇေယံကသူ့ Accလေး groupထဲရောက်သွားသည်နှင့် Group memberတွေကိုအပေါ်အောက်ဆွဲကြည့်လိုက်တော့ ကျယ်ပြောလှတဲ့ပန်းခင်းကြီးတစ်ခင်းကို Profileပုံထားထားတဲ့ Khant Htaeဆိုတဲ့ Accလေးကိုတွေ့လိုက်ရသည်။
သူထို Accလေးထဲကိုဝင်ကြည့်ဖို့လုပ်နေစဥ်မှာပင် အမထားသရဖီဦးဆက်ပြောလာတဲ့စကားကိုကြားလိုက်ရတာကြောင့် ဖုန်းကိုပြန်ပိတ်လိုက်တော့သည်။

"ကဲ အခု အမတို့လမ်းလျှောက်ကျင့်ရအောင်နော်"

ကျနော်တို့လည်းထိုအမသင်ပေးတဲ့အတိုင်း တညီတညွတ်တည်းစလေ့ကျင့်ကြသည်။

ထိုအမက အရမ်းလည်းလှသလောက် အရမ်းလည်းဖော်ရွေလေသည်။
တစ်နာရီကျော်ကျော်ကြာလေ့ကျင့်ပြီးသွားတော့ ကျနော်တို့ခနနားဖြစ်ကြသည်။

အနားယူနေကြတဲ့အချိန်မှာ သူမရဲ့ကောင်လေးဖြစ်ဟန်တူတဲ့အကိုတစ်ယောက်က Royal Dတစ်ဗူးနဲ့Snow towerတစ်ထုပ်ကိုသူမလေးလက်ထဲကိုကြင်နာစွာထည့်ပေးလာခဲ့သည်။

သူတို့နှစ်ယောက်ရဲ့အခေါ်အဝေါ်တွေကလည်း အင်မတန်မှချစ်ခင်စုံမက်နေကြတဲ့သမီးရည်းစားတွေမှန်းသိသာပေါ်လွင်နေတာကြောင့် ထိုအမကိုလိုက်ဖို့ကြံနေကြတဲ့ ကျနော်တို့အဖွဲ့ထဲက တချို့ကောင်တွေဟာဆိုရင်ထိုမြင်ကွင်းကိုဆက်မကြည့််နိုင်တော့ဘဲမျှော်လင့်ချက်မဲ့စွာဖြင့် အကြည့်တွေလွှဲသွားကြတော့သည်။

ကျနော်ဘေးဘီကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ အရှေ့ပြေးလိုက် အနောက်ပြေးလိုက်နှင့်အလုပ်ရှုပ်နေသော အကိုမင်းခန့်ထည့်အား နောက်ဆုံးတော့တွေ့လိုက်ရပါပြီ။
သူ့အလုပ်နဲ့သူရှုပ်နေတာကြောင့်ကျနော်တို့ကိုတောင်အာရုံမစိုက်အားပေ။

"မောင်လေးတို့ 2nd roundလမ်းလျှောက်နည်းကို ထပ်ကျင့်ကြည့်ရအောင်နော်"

ထို့နောက်ကျနော်တို့ထပ်လေ့ကျင့်ကြပြန်သည်။ နေ့လည် Break Timeအချိန်ရောက်တော့ ကျနော်တို့ လေ့ကျင့်နေရာကနေရပ်နားလိုက်ကြပြီး အမထားသရဖီဦးကလည်းသူ့ကောင်လေးနဲ့ Canteenသွားကြသလို ကျန်တဲ့လူတွေကလည်းဌာနကနေအလျှိုလျှိုထွက်သွားကြတော့သည်။

ရှိုင်းဇေယံကတော့ ဌာနမှာ Wifiရတာမို့
ထောင့်တစ်ထောင့်မှာ လိုင်းခနထိုင်သုံးနေတဲ့အခိုက် မင်းစက်က သူ့ရှေ့သို့Ice coffeeတစ်ခွက်နဲ့ရောက်လာခဲ့သည်။

သူလည်း အကိုမင်းစက်ကမ်းပေးလာတဲ့ကော်ဖီခွက်လေးကိုလှမ်းယူလိုက်ကာကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကိုမင်းစက်"

အကိုမင်းစက်က ကျနော့်ကို ပြုံးပြကာထွက်သွားပြီးနောက် ဌာနမှာကျန်နေသေးတဲ့တခြားလူတွေကိုလည်းကော်ဖီတစ်ယောက်တစ်ခွက်ကျစီဖြင့်လိိုက်ဝေပေးနေလေသည်။

'အကိုမင်းခန့်ထည်ကလည်းအလုပ်ရှုပ်နေတော့ ဒီတစ်ပတ်လုံး coffeeနဲ့Takoyakiငတ်မယ့်ကိန်းဆိုက်ပြီထင်တယ်။'

ရှိုင်းဇေယံသည်လက်ထဲကcoffeeခွက်လေးအား အတန်ငယ်စိုက်ကြည့်နေပြီးနောက်သောက်မည်အပြု
တစ်စုံတစ်ယောက်က သူ့coffeeခွက်လေးကိုဆွဲလုသွားလေ၏။

ရှိုင်းမော့ကြည့်လိုက်တော့ အေးမြသောအပြုံးတစ်စုံနှင့်မျက်လွှာချကြည့်နေတဲ့တစ်ယောက်သောသူကိုတွေ့လိုက်ရကာ
ထိုလူက သူ့လက်ထဲကို Ice coffeeအသစ်တစ်ခွက် ထည့်ပေးလာခဲ့သည်။

"ညီက အကို့Coffeeကို မေ့နေတယ်ပေါ့လေ ဒါမှမဟုတ် ငြီးငွေ့သွားတာများလား"

ထိုအခါ ရှိုင်းဇေယံက ဟွန်းဆို၍ရယ်သံလေးနဲ့အသံပြုလာကာ လက်ထဲရောက်လာတဲ့ကော်ဖီခွက်လေးကိုတစ်ငုံသောက်လိုက်ပြီး မျက်လုံးလေးတွေကိုလှိမ့်လိုက်တော့သည်။

"Coffeeဆက်တဲ့ အကိုက အားမှမအားတာကို ကျနော်လည်းရရာသောက်ကတာပေါ့ အကိုမင်းစက်တိုက်တဲ့ကော်ဖီလည်းမဆိုးပါဘူး"

ထိုအခါမင်းခန့်ထည်က သူ့ရဲ့မျက်လုံးတွေကိုမှေးကျဥ်းလိုက်ပြီးကောင်လေးရဲ့ဂုတ်သားဖွေးဖွေးလေးကိုဆွဲညှစ်လာခဲ့လေသည်။ထိုအထိအတွေ့ကြောင့် ရှိုင်းဇေယံလေးမှာမနေတတ်ဘဲတွန့်လိမ်သွားရတော့သည်။

"နောက်နေ့တွေကျရင်လည်း ဒီကကျနော်မျိုးက အရှေ့ကခများလေးသောက်ဖို့Coffeeအပြေးလေးလာဆက်ဦးမှာမို့လို့ တခြားCoffeeတွေကိုသောက်လို့မဖြစ်ဘူးနော် ညီ.."

"ဟုတ်ကဲ့ပါဗျာ"

"ဒါနဲ့မေ့နေတာ ရော့ Takoyaki ပူမယ်နော်သတိထားစား အခုမှ သွားဝယ်လာတာမို့လို့ ပူနေတုန်းပဲရှိသေးတယ်"

"ဟီးဟီး ကျနော်က ဒီတစ်ပတ်လုံးငတ်ပြီထင်ထားတာ Thanks a lotပါ ကိုကို"

'ကိုကို!!!!'

မင်းခန့်ထည်ရဲ့အပြုံးလေးများကခေတ္တတောင့််ခဲသွားရလေ၏။
ရှိုင်းဇေယံလည်း တိတ်ဆိတ်သွားသောမင်းခန့်ထည်ကို မော့ကြည့်လိုက်ကာ ရယ်ကျဲကျဲအသံလေးဖြင့်။

"ကိုကိုလို့ ခေါ်လို့စိတ်ဆိုးသွားတာတော့ မဟုတ်ပါဘူးနော် ကျနော်က ဒီအတိုင်းလေးစလိုက်တာပါ အကိုမကြိုက်ရင်နောက်မစတော့ဘူးနော်"

သူထိုသို့ဆိုလိုက်တော့မှ အကိုမင်းခန့်ထည်ရဲ့မျက်နှာထက်မှာအပြုံးတို့ကပြန်အသက်ဝင်လာရပြီး သူ့ရဲ့ခေါင်းလေးကိုကိုင်၍ငြင်သာစွာပွတ်သပ်ပေးလာသည်။

"အကို စိတ်မဆိုးတာမို့ စိတ်ထဲမထားနဲ့နော်" ဟု မင်းခန့်ထည်ကဘာမှမဖြစ်သလိုပဲပြောလာပြီးနောက် ကျောခိုင်းကာထွက်သွားတော့လေသည်။
အနောက်၌ကျန်ရစ်ခဲ့ရတဲ့ ရှိုင်းဇေယံကတော့ မင်းခန့်ထည်ရဲ့အေးစက်စက်ကျောပြင်လေးကိုငေးကြည့်လို့နေလျက် လက်ထဲကကော်ဖီခွက်လေးကိုတင်းတင်းဆုပ်ကိုင်မိထားသည်။

'ဟုတ်သားပဲ အကိုမင်းခန့်ထည်က ဒီလိုမျိုးတွေကိုမှမကြိုက်တာ သူကGayတွေကိုမုန်းနေတဲ့သူပဲဟာ'

2nd roundလျှောက်တာလေ့ကျင့်ပြီးသွားတော့ အမထားသရဖီဦးက ကျနော်တို့အား photoရိုက်ဖို့အတွက်မိတ်ကပ်ပြင်ပေးလေသည်။အကို မင်းခန့်ထည်ကတော့ ကျနော်တို့ကို photoရိုက်ပေးမယ့် Cameraကိုအာရုံဝင်စားစွာဖြင့်စစ်ဆေးနေပြီး Cameraစမ်းတဲ့အနေနဲ့လှည့်ပတ်ကာဓာတ်ပုံရိုက်ကြည့်နေ၏။

"မောင်လေးရဲ့အသားအရည်က မိတ်ကပ်လိမ်းစရာမလိုအောင်ဖြူဖွေးညက်ညောနေတဲ့အပြင်ကို မျက်နှာအသားလေးကနုနေတာပဲနော် မောင်လေးသာ မိန်းကလေးဆိုရင်တော်တော်လှတယ်လို့တင်စားမိမှာ
အမတို့majorက the whole queenတောင်စွဲသွားနိုင်တယ်"

ရှိုင်းဇေယံကို မိတ်ကပ်လိမ်းနေစဉ် ထားသရဖီဦးက အားကျစွာဆိုလေသည်။
သူလည်းထိုအမစကားကို ဘာမှခွန်းတုံ့ပြန်မနေတော့ဘဲ ရယ်ပဲရယ်နေလိုက်တော့သည်။

"မိတ်ကပ်ပြင်ပြီးတဲ့သူတွေ photoရိုက်ဖို့ ဌာနရှေ့ကိုထွက်ခဲ့ပေးပါ"

မင်းခန့်ထည်က ထိုသို့အော်ပြောလိုက်ပြီး Cameraကြိုးကိုလွယ်လိုက်လျက် ဌာနရှေ့သို့ထွက်သွားတော့လေသည်။

ထိုအခိုက်အတန့်တွင်
ထိုအမကအကိုမင်းခန့်ထည်ရဲ့နောက်ကျောလေးကိုတောက်ပတဲ့မျက်ဝန်းလေးတွေနဲ့လိုက်ကြည့်နေတာကို သူသတိထားမိလိုက်သည်။

"လိမ်းပြီးသွားတဲ့မောင်လေးတွေ ခုနကအကိုပြောတဲ့အတိုင်းဌာနရှေ့ကိုသွားလို့ရပြီနော်"
ဟုသူမကလှမ်းပြောလိုက်ပြီးနောက်
ရှိုင်းဇေယံကိုဆံပင်ပုံစံဆက်သွင်းပေးနေလေသည်။

"မောင်လေး ခုနကအကို ကိုသိလား"

"ဟုတ်သိတယ် အကိုမင်းခန့်ထည်ကိုပြောတာမှတ်လား"

"အင်း အဲ့ဒီအကိုက အရမ်းချေတယ်။ပြီးတော့ သူ့ရည်းစားကိုလည်း အရမ်းချစ်တတ်တာ။"

သူမက စပရေးဖြန်းကာဖီးသင်လိုက်ရင်းဆက်ပြောလာသည်။သူမရဲ့စကားသံတို့ထဲမှာနှမြောတသဖြစ်နေတဲ့ခံစားချက်တို့ကသိသိသာသာရောယှက်နေလျက်။

"ဘယ်လောက်ပဲလှတဲ့ မိန်းကလေးဖြစ်ပါစေ ဘယ်လောက်ပဲနာမည်ကြီးနေတဲ့ Queenဖြစ်ပါစေ သူ့ရည်းစားကလွဲလို့ ဘယ်မိန်းကလေးကိုမှသူစိတ်မဝင်စားဖူးဘူး။
သူ့ရည်းစားကလည်း အရမ်းလှတဲ့ မိန်းကလေးဖြစ်နေတော့လည်း အဲ့အမကို အရမ်းဖူးဖူးမှုတ်ထားပြီးချစ်နေတာက
မထူးဆန်းပါဘူးလေ။"

"အမကျနော်မေးတာကို စိတ်တော့မဆိုးနဲ့နော် အမကော အကိုမင်းခန့်ထည်ကိုစိတ်ဝင်စားခဲ့ဖူးလား"

ရှိုင်းဇေယံက သိချင်စိတ်ဖြင့်သာမေးလိုက်ခြင်းဖြစ်ပေမယ့် သူထိုအမကိုအားတုံ့အားနာလည်းဖြစ်မိပြန်သည်။ ရှိုင်းဇေယံရဲ့မေးခွန်းကို ထားသရဖီဦးကလည်း စိတ်အနှောင့်အယှက်မဖြစ်ဘဲ ဖော်ရွေပွင့်လင်းစွာဖြင့်ပြန်တုံ့ပြန်လာခဲ့သည်။

"မောင်လေးကိုမြင်မြင်ချင်း ခင်လို့အမပြောပြပါ့မယ်။ အမကလည်း အကိုမင်းခန့်ထည်ရဲ့ငြင်းဆန်တာကိုခံခဲ့ရလို့ သူနဲ့တွေ့ခဲ့တာပဲဆိုပါတော့"
ထိုအမက သူ့ကောင်လေးရှိရာဘက်သို့မေးဆတ်ပြလာခဲ့သည်။
ထိုစဥ် ထိုသူကိုမြင်နေရတဲ့သူမရဲ့မျက်ဝန်းလေးတွေဟာအတိုင်းအဆမရှိပျော်ရွှင်မှုတို့နဲ့အတူကွေးညွှတ်တက်နေလေရဲ့။

"ကိုယ်ချစ်ကိုမရွေးနဲ့ သူချစ်ကိုရွေးဆိုတဲ့ ဆိုရိုးစကားလည်းရှိတာပဲလေ အမရည်းစားကအမကို စစတွေ့ကတည်းကြိတ်Crushနေခဲ့တာတဲ့။ အမက အကိုမင်းခန့်ထည်ကိုကြိုက်နေမှန်းသိလို့ သူကဖွင့်မပြောဘဲ သူ့ခံစားချက်တွေကို အချိန်တော်တော်ကြာတဲ့ထိသိမ်းဆည်းထားတာပေါ့လေ။"

သူမက သက်ပြင်းလေးလေးတစ်ချက်ချလိုက်ကာ
"အမကလည်း အဲ့တုန်းက အကိုမင်းခန့်ထည်နဲ့အကြည့်တစ်ချက်ဆုံလိုက်တာလေးနဲ့တင် ပျော်မဆုံးမော်မဆုံးဖြစ်နေပြီးသူ့ကိုသတိမမူမိခဲ့ဘူး။
နောက်ဆုံးတော့လည်း အမကိုယ်တိုင်ပဲ အမနဲ့ထိုက်တန်တဲ့အချစ်ကိုရှာဖွေနိုင်ခဲ့တယ်ဆိုတော့ကာ သူချစ်ကိုပဲ အမရွေးချယ်လိုက်တယ်လို့ဆိုရမှာပေါ့လေ။"

"အမအကောင်းဆုံးကို ရွေးချယ်ခဲ့တာပဲ။အမ အခုအရမ်းပျော်နေတယ်မှတ်လား"

"ဒါပေါ့ မောင်လေး။"

"အမလည်း ပျော်နေတာဆိုတော့ အမအစားကျနော်ဝမ်းသာပါတယ်"

"မောင်လေးကိုလည်း အမတစ်ခုပြောပြချင်တယ်။ အချစ်ဆိုတဲ့အရာက ရယူပိုင်ဆိုင်နိုင်မှပဲအချစ်လို့သတ်မှတ်နိုင်တာမဟုတ်ဘူးမောင်လေး။ ကိုယ်ချစ်တဲ့လူ ပျော်ရွှင်နေတာလေးကိုငေးကြည့်ရင်း အဝေးတစ်နေရာကနေ တိတ်တဆိတ်ချစ်ပေးနေတာကလည်း လူတစ်ယောက်ကိုချစ်နည်းတစ်မျိုးပဲဆိုတာကို အမကောင်လေးကြောင့် အမသိခွင့်ရလိုက်တယ်"

"ဟုတ် ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အမ"

"Wow! ငါ့မောင်လေးကချောလိုက်တာ ဒီလိုမျိုးဆံပင်ကို အပေါ်ဖက်ကို ဖြီးတင်ထားတာကမှမောင်လေးနဲ့လိုက်တာ ကဲ သွားတော့ ဌာနရှေ့မှာ photographerကြီးစောင့်နေလောက်ပြီ"

သူလည်း ထိုအမကိုရင်းနှီးစွာပြန်ပြုံးပြလိုက်ပြီးမှ ဌာနရှေ့သို့ထွက်လာလိုက်တော့သည်။
သူ ဌာနရှေ့ကိုရောက်တော့ သူ၏ခန့်ညားလှတဲ့ တစ်ဦးတည်းသော photographerကြီးကိုတွေ့လိုက်ရလေသည်။

ထိုလူသားကိုကြည့်နေရင်း သူ့ရဲ့ခေါင်းထဲမှာအမထားသရဖီဦးပြောလိုက်တဲ့စကားတွေကိုထပ်ခါတလဲလဲပြန်ကြားယောင်နေမိလေသည်။
'အချစ်ဆိုတဲ့အရာက ရယူပိုင်ဆိုင်နိုင်မှပဲအချစ်လို့သတ်မှတ်နိုင်တာမဟုတ်ဘူး'တဲ့။အမရဲ့စကားကသိပ်မှန်တာပဲ။'

ဒါ့ကြောင့် ရှိုင်းဇေယံလေးဟာ တစ်ယောက်သောသူရဲ့အပြုံးလေးတွေကို အဝေးတစ်နေရာကနေ ငေးကြည့်နေဖို့သာ ရွေးချယ်လိုက်ပါတော့သည်။

သူငေးကြည့်နေတဲ့ထိုလူသားကတော့ အခုချိန်၌ King Selectionတစ်ယောက်နဲ့တိုင်ပတ်နေရှာလေသည်။

"ညီလေးရေ ဒါ passportပုံရိုက်နေတာမဟုတ်ဘူးလေကွာ postလေးဘာလေးပေးပါဦး ။ ညီလေးတို့ကိုအကိုတစ်ခုပြောစရာရှိတယ်။ ဒီပွဲမှာ ဒီလိုphotoတွေရိုက် ပြီးmodelတွေလိုမျိုး လမ်းလျှောက်ကျင့်ရတာမျိုးတွေက ညီလေးတို့လိုအင်ဂျင်နီယာလောင်းတွေအတွက် အကိုတို့က အဓိပ္ပါယ်မရှိတာတွေလုပ်ခိုင်းနေတယ်လို့ထင်နေတဲ့လူရှိကောင်းရှိလိမ့်မယ်။"

"ဒါပေမယ့် ညီလေးတို့အတွက် ဒီလိုပွဲမျိုးတွေမှာပါဝင်ဆင်နွှဲခွင့်ရတာ အရမ်းကံကောင်းတယ်သိလား။ ညီလေးတို့လူအများကြီးရှိတဲ့စင်ပေါ်မှာ showလျှောက်ရတဲ့အခါ ညီလေးတို့အတွက် stage စင်နဲ့ပတ်သတ်ပြီးတော့ အတွေ့အကြုံတွေရင်းနှီးသွားမယ်။နောင်တစ်ချိန် ညီလေးတို့တွေထဲမှာ foreignerတွေရှေ့စင်ပေါ်တက်ပြီး မိန့်ခွန်းပြောရမယ့်လူ မရှိဘူးလို့မပြောနိုင်ဘူးလေ။ အဲ့ဒီအခါကျရင် ကိုယ်က အတွေ့အကြုံရှိပြီးသားလူမို့လို့ တခြားလူတွေလို ဒူးချောင်နေစရာမလိုတော့ဘူးပေါ့။ "

"ပြီးတော့ ဒီလိုphotoတွေရိုက်တာကလည်း ညီလေးတို့တစ်ချိန်ကျ အောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတွေဖြစ်လာတဲ့အခါ ညီလေးတို့အရိုက်ခံရပြီလေ သတင်းထောက်တွေဆီကနေ မီးရောင်လေးတွေတဖျက်ဖျက်နဲ့ပေါ့။ အဲ့ဒီအချိန်ကျရင်ကော ဒီလိုမျိုး မပြုံးမရယ်တဲ့passportပုံကြီးတွေပဲအရိုက်ခံမှာလား။ အဲ့လိုရိုက်လို့မရတော့ဘူးလေ ကိုယ်က သူဌေးကြီးပီပီလုပ်ငန်းရှင်ကြီးပီပီ စတိုင်ထုတ်ရတော့မယ်။အခုရိုက်ရမယ့်အဆင့်က အဲ့အတွက်ကြိုလေ့ကျင့်ထားတဲ့သဘောလို့သဘောထားလိုက်ပေါ့။"

"နောက်ဆုံးပြောချင်တာက ညီလေးတို့အမြဲတမ်းရှက်ကြောက်နေလို့မရဘူး။ အနာဂတ်ရဲ့လူငယ်တွေကအမြဲတမ်းရဲတင်းနေရမယ်။ အရမ်းကြီးရဲတင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့လေ။လူတစ်ယောက်အတွက်ရှိသင့်ရှိထိုက်သလောက်ပေါ့။ညီလေးတို့ နောင်တစ်ချိန် ဒီလိုပွဲမျိုးတွေတက်ရရင် လူတွေအများကြီးနဲ့တွေ့ရပြီလေ။ အဲ့အခါကျရင် ညီလေးတို့ပြောဆိုဆက်ဆံတတ်နေရမယ်။"

"အဲ့ဒါကြောင့် ဒီမှာရှိတဲ့ကိုယ်နဲ့မရင်းနှီးတဲ့စီနီယာတွေကို ညီလေးတို့ဘက်ကနေစပြီးအရင်နှုတ်ဆက်ရမယ်။မိတ်ဖွဲ့ရမယ်။ ဖော်ဖော်ရွေရွေပြောဆိုဆက်ဆံရမယ်။ဒါမှ ညီလေးတို့ရဲ့communication scaleတွေကဒီ့ထက်ပိုကောင်းလာပြီးတော့ နောင် တစ်ချိန်ကျပြန်အသုံးချတတ်မှာကွာ။
အကိုပြောတာသဘောပေါက်ကြတယ်မှတ်လား။"

မင်းခန့်ထည်ကအာခေါင်ခြောက်လုမတတ်စကားအရှည်ကြီးပြောလိုက်ပြီးနောက် King Selectionလေးတွေက ထောက်ခံသည့်နှယ်ခေါင်းညှိတ်ပြလာတာကြောင့် ပြောရမယ်ဆိုအမောခံရကျိုးနပ်တယ်ပေါ့။

"ညီလေးတို့က MCကိုယ်စားပြု King Selectionတွေဖြစ်တဲ့အတွက် ကိုယ်တို့majorအပေါ်လူစိတ်ဝင်စားမှုများအောင် ညီလေးတို့ကပဲ လုပ်ဆောင်ပေးရမယ်။Handsome, Smart ,Attractive guysတွေဖြစ်နေရမယ်။
ဟုတ်ပြီနော် ကဲ ဟိုညီလေး အကိုတို့ပြန်ရိုက်မယ်"

မင်းခန့်ထည်က King Selectionတွေထဲကဆက်နောင်ခဆိုတဲ့ကောင်လေးကို Cameraရှေ့၌နေရာပြန်ယူခိုင်းလိုက်လေသည်။

'ဒီနှစ် First yearလေးတွေက စကားနားထောင်ကြသားပဲ။သူပြောတဲ့အတိုင်းတော့ကြိုးစားပြီးpostပေးရှာပါတယ်။
နဲနဲရယ်ချင်စရာလေးတွေဖြစ်နေတာကလွဲလို့ပေါ့။'

"ညီလေး ညီလေး နာမည်ဘယ်လိုခေါ်လဲ"

"ကျနော့်နာမည်က ထက်ခန့်ချောမောင်ပါခမျ"

အသားညိုညိုနဲ့အင်မတိအင်မတန်မှတက်ကြွနေပါတဲ့ကောင်လေးကစစ်တပ်ထဲကိုရောက်နေတဲ့လေသံနဲ့ပြန်ဖြေလာတာကြောင့်မင်းခန့်ထည်တစ်ယောက် သဘောတကျရယ်မိလိုက်လေသည်။

'လခွမ်းရှည်ချက်ကွာ။'

"ဟုတ်ပါပြီ ညီလေး ထက်ခန့်ချောမောင်ရေ နာမည်က ခန့်ချောနေပြီး လူက ရှူနာရှိုက်ကုန်းဖြစ်နေလို့မရဘူးလေ ညီလေးနာမည်နဲ့လိုက်အောင် ကိုယ်ခန့်ချောကြောင်းပြရမှာပေါ့မဟုတ်ဘူးလား ဒါမှညီလေးကို တစ်ကျောင်းလုံးကမမတွေကကြွေမှပေါ့ကွ။ Cameraကိုကြည့် အကောင်းဆုံး postပေးမယ်။
မမတွေအသဲကိုခြွေချမယ့်postမျိုး။"

မင်းခန့်ထည်ကနောက်နောက်ပြောင်ပြောင်နဲ့ထိုသို့ဆိုလိုက်တော့စိမ်းသက်သက်ကြီးဖြစ်နေတဲ့လေထုကခနတွင်းချင်းပင်ပေါ့ပါးသွားရကာတစ်ယောက်နဲ့တစ်ယောက်ရင်းနှီးလာခဲ့ကြပြီးအကုန်လုံးဆီကနေတခစ်ခစ်ရယ်မောသံတွေထွက်ကျလာတော့သည်။

ထို့နောက် နောက်တစ်ယောက်လည်း ထိုနည်း၎င်းပင် သူ မနည်းချော့ပြောရပြန်သည်။
တကယ့်ဟာလေးတွေပါ။ နူးညံ့ပျော့ပျောင်းနေလိုက်ကြတာ Queenတောင်အရှုံးပေးရမယ့်ပုံတွေနဲ့။
မင်းခန့်ထည်မှာအူလည်းတက်ရသလိုစိတ်လဲညစ်မိလေသည်။

နောက်ဆုံးတော့ ကျနော့်Cameraရဲ့ဗဟိုပြုချက်ဆီသို့ ကျနော်ရဲ့မင်းသားလေးက ရောက်ရှိလာခဲ့လေပြီ။ဟုတ်တယ်ဗျ ကျနော်က ရှိုင်းလေးတစ်ယောက်ထဲကိုပဲ အချောဆုံး၊အပေါ်လွင်ဆုံးဖြစ်အောင်ရိုက်ပေးချင်တာ။အဲ့ဒါကြောင့် တစ်ခါမှမထုတ်ဖူးတဲ့ကိုယ်ပိုင်cameraကိုတောင်အဆောင်ကနေအပြေးသွားပြန်ယူလာခဲ့တာပေါ့။

မနှစ်တုန်းကတော့အငှားcameraနဲ့ပဲရိုက်ပေးခဲ့ပေမယ့် ဒီနှစ်တော့ ကျနော့်Cameraလေးကိုထုတ်သုံးချင်စိတ်တို့ကလုံးဝထိန်းမနိုင်သိမ်းမရဖြစ်နေရကာ ဘာတွေဖြစ်လို့ဖြစ်နေမှန်းကျနော်ကိုယ်တိုင်တောင်
မသိတော့ပါဘူး.....

"ညီ postအကောင်းဆုံးပေးပါ။အကိုမျှော်လင့်နေမယ်"

စလာပြန်ပြီ ရှိုင်းဇေယံရဲ့ပုတ်ခတ်ပုတ်ခတ်မျက်ဝန်းလေးတွေ ....ကြက်ခြေနီသင်တန်းမှာတုန်းကလိုမျိုး ရှက်ရွံ့နေတဲ့မျက်ဝန်းလေးတွေနဲ့တစ်ထပ်တည်းပင်....

"ညီ ကိုယ့်ကိုပဲကြည့် Cameraကိုစိတ်ထဲမထားနဲ့ ညီ့မျက်လုံးတွေထဲမှာ အကိုကိုင်ထားတဲ့Cameraကိုဖျောက်လိုက်။
ညီ အရင်နေ့တွေတုန်းကကြည့်နေကျမျက်ဝန်းတွေနဲ့ပဲ အကို့ကို အညှို့ငင်နိုင်ဆုံး
ကြည့်စေချင်တယ် ဟုတ်ပြီလား ?"

"ဟုတ်"

တစ်ယောက်သောသူကို စိတ်မညစ်စေဖို့အတွက်
ရှိုင်းဇေယံတစ်ယောက် သူချစ်ရတဲ့သူကို
အကြည့်ချင်ဆုံးသော မျက်ဝန်းအရောင်လေးများဖြင့်ငေးကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
သူ့မျက်စိရှေ့မှာရပ်နေတဲ့လူကလည်း
သူတိတ်တခိုးချစ်နေရတဲ့တစ်ဦးတည်းသောသူပဲလေ။

'ဒီမျက်ဝန်းတွေထဲက စကားသံလေးတွေကအကို့ကို ကျနော်ထုတ်ပြောပြခွင့်မရှိတဲ့ ကျနော့်နှလုံးသားထက်က အစစ်မှန်ဆုံးသော စကားသံလေးတွေပေါ့။
အကိုသာ ကြားနိုင်ရင် သိပ်ကောင်းမှာပဲ'

"OK ညီ။ Good!"

မင်းခန့်ထည်ကတော့သာမန်photographerတစ်ယောက်လိုပဲ ပြန်တုံ့ပြန်လာခဲ့ကာ ရှိုင်းဇေယံရဲ့မျက်ဝန်းတွေထဲကစကားသံလေးတွေကိုတော့ ကြားတဲ့ပုံမပေါ်ပေ။

ရှိုင်းဇေယံကနောက်ဆုံးတစ်ယောက်ဖြစ်တာကြောင့် ဓာတ်ပုံရိုက်ခြင်းကအဆင်ပြေပြေပဲပြီးဆုံးသွားခဲ့ပြီး မင်းခန့်ထည်ကCameraထဲမှပုံတွေကိုတစ်ပုံချင်းပြန်စစ်ဆေးနေရင်းဌာနအပြင်ဘက်၌ကျန်နေခဲ့လေ၏။

ရှိုင်းဇေယံတို့ကတော့ ဌာနထဲပြန်ဝင်သွားကြကာခနနားလိုက်ပြီးနောက် အမထားသရဖီဦးနဲ့အတူဆက်လေ့ကျင့်ကြပြန်လေသည်။

မင်းခန့်ထည်လည်း ဌာနရှေ့တစ်နေရာမှာရှိတဲ့အုတ်ခုံလေးပေါ်မှာခနထိုင်လိုက်ပြီး Cameraထဲကပုံတွေကို တစ်ပုံချင်းပြန်ကြည့်နေရင်းကနေ ရှိုင်းရဲ့ပုံလေးအရောက်မှာ သူ့ရဲ့လက်တွေက ရပ်တန့်သွားခဲ့လေသည်။

ထို့နောက် မင်းခန့်ထည်ရဲ့ကွေးညွှတ်နေတဲ့နှုတ်ခမ်းသားများသည်အောက်ဘက်သို့ပြေလျော့ကျသွားခဲ့ကာ ထိုပုံလေးကိုသာ နင့်နင့်နဲနဲစိုက်ကြည့်နေရင်း အတွေးများသွားရ၏။

'ကောင်လေး မင်းမှာသဘောကျနေရတဲ့လူရှိနေပြီလား'

^~^^~^^~^^~^^~^^~^^~^^~^^~^^~^^~

ထိုစဥ်Archiဆောင်ဘက်တွင်လည်း
လေ့ကျင့်နေကြလေသည်။

ဒီအချိန်က Major ၉ခုစလုံး သူတို့ဌာနမှာအသီးသီးအလုပ်ရှုပ်နေကြပြီး ကိုယ့်ဌာနရဲ့Welcomeပွဲကတခြား ဌာနတွေထက်အကောင်းဆုံးဖြစ်အောင်အပြိုင်အဆိုင်ပြင်ဆင်နေကြတဲ့အချိန်ပင်။

Archiဘက်က King၊ Queen Selectionတွေကတော့အရှက်အကြောက်နည်းကြပြီးသွက်လက်တက်ကြွကြသည်။

ထိုထဲကမှ ဟန်လင်းထက်ဆိုတဲ့နာမည်လေးကစီနီယာတွေရဲ့ပါးစပ်ဖျားတိုင်းမှာ
ပြောစမှတ်တွင်နေအောင်ထူးခြားလို့နေသည်။

အဘယ်ကြောင့်ဆိုသော် ထိုကောင်လေးက ဘယ်သူ့ကိုမှဂရုတစိုက်နဲ့စကားပြောဆိုလာခြင်းမရှိသလိုစီနီယာတွေကလေ့ကျင့်ခိုင်းရင် မငြီးမငြူလေ့ကျင့်သည်။လေ့ကျင့်ပြီးလျှင်တစ်ဦးတစ်ယောက်ကိုမှ နှုတ်ဆက်စကားပြောချင်းမရှိဘဲ သူတစ်ဦးတည်းသာ သီးခြားနေတတ်လေသည်။

ဟန်လင်းထက်က သူ့ရဲ့Partnerနဲ့လေ့ကျင့်တဲ့နေရာမှာလည်းတခြားလူတွေလိုရှက်ကြောက်နေခြင်းမရှိ အေးတိအေးစက်နဲ့ခံစားချက်ကင်းမဲ့နေတဲ့မျက်နှာထားကိုသာတစ်ချိန်လုံးတပ်ဆင်ထားကာ စီနီယာတွေကဘယ်လိုပဲပြုံးခိုင်းပြုံးခိုင်း လုံးဝပြုံးရယ်လာခြင်းမရှိခဲ့ပေ။

လေ့ကျင့်တဲ့အချိန်တစ်လျှောက်လုံးတွင် အတော်ဆုံးမှာ ဟန်လင်းထက်ပင်ဖြစ်တာကြောင့်စီနီယာတွေကမျှော်လင့်တကြီးနဲ့သူ့အားစောင့်ကြည့်နေကြပြီးကျေနပ်အားရနေကြပေမယ့် ချွင်းချက်လေးတစ်ခုတော့ရှိလေသည်။အဲ့တာဘာလဲဆို ထိုကလေးကစင်ပေါ်မှာလုံးဝမပြုံးတတ်ခြင်းပင်။

ဖြူစင်သော်ကတော့ ထိုကောင်လေးရဲ့ပုံရိပ်တွေကို အဆက်မပြတ်စောင့်ကြည့်နေခဲ့ပြီးဟန်လင်းထက်ကတော့ သူမအား ရှိတယ်လို့တောင်မမှတ်ဘဲ ဂရုမစိုက်စွာလျစ်လျူရှုထားလေသည်။

"မောင်လေး ညီမလေးတို့အတွက် Dressတွေကို အမတို့စီနီယာတွေထဲက အမတစ်ယောက်ရဲ့အသိဆိုင်ကနေ Sponsorပေးမှာမို့လို့ မောင်လေးညီမလေးတို့ရဲ့ sizeတွေကို
တစ်ချက်လောက်တိုင်းယူထားချင်တယ်
အဲ့လိုတိုင်းထားမှ ငှားတဲ့Dressတွေကမောင်လေး ညီမလေးတို့နဲ့Fitဖြစ်မှာမို့လို့ ဒီဘက်ကိုတစ်ချက်လောက်လာပေးပါဦးနော် "

စီနီယာအမတစ်ယောက်ကselectionများထံသို့ ထိုသို့အော်ပြောလိုက်ပြီးနောက် ဖြူစင်သော်ဘက်လှည့်ကာဆိုလိုက်သည်။

"ဖြူစင်ရေ အမတို့ကို တချက်လောက်လာကူပေးပါဦး"

ဖြူစင်သော်က Handmadeအဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်ကာထိုအမအော်ခေါ်လိုက်တဲ့အချိန်မှာ သူမက 2nd yearကဂျူနီယာညီမလေးများအားနှင်းပွင့်လေးတွေခေါက်ဖို့သင်ပြပေးနေခဲ့သည်။ဖြူစင်သော်က ထိုအမအသံကြားတော့လက်ထဲကကတ်ကြေးနဲ့ရောင်စုံစက္ကူတွေကိုချလိုက်ကာ ထရပ်လိုက်ပြီးပြန်ဖြေလာသည်။

"ဟုတ် ညီမအခုလာပြီ အမ"

ဖြူစင်သော်လည်း ထိုအမနားသို့ ချက်ချင်းသွားလိုက်ပြီးသူမဆီသို့ကမ်းပေးလာတဲ့ပေကြိုးနဲ့စာအုပ်ကိုလှမ်းယူလိုက်လေသည်။

"ညီမက king selectionလေးတွေကို ကိုယ်တိုင်း တိုင်းဖို့တာဝန်ယူပေးပါနော်"

"ဟုတ်ကဲ့ အမ"

"King selectionမောင်လေးတွေ အမက မောင်လေးတို့ရဲ့ကိုယ်တိုင်းကို တိုင်းပေးမှာမို့လို့ အမဆီတစ်ချက်လောက်လာပေးကြပါ"

ဖြူစင်သော်ရဲ့စကားကိုကြားတော့ king selection ၆ယောက်က သူမအနားသို့စုပြုံရောက်ရှိလာလေသည်။
Archi Majorက King selectionကို၇ယောက်ရွေးချယ်ထားရာ
သူမဆီသို့ရောက်လာတဲ့အထဲတွင် ဟန်လင်းထက်မပါလာမှန်းဖြူစင်သော်တစ်ယောက်သတိမထားမိလိုက်ပေ။

သူမက King selectionလေးများရဲ့Sizeကိုတိုင်းပြီးနောက် စာအုပ်ထဲတွင်သေသေချာချာရေးမှတ်ထားလိုက်သည်။

"ညီမ အကုန်တိုင်းပြီးပြီလား"

"ဟုတ်ကဲ့ အကုန်တိုင်းပြီးပြီ အမ"

ထိုအမက ဖြူစင်သော်ရေးမှတ်ထားတဲ့စာအုပ်လေးကိုတစ်ချက်စစ်ကြည့်လိုက်ပြီး
"ညီမ ၆ယောက်တည်းလား"ဟုမေးလိုက်သော် ဖြူစင်သော်ကစာအုပ်လေးကိုပြန်ကြည့်လိုက်ကာဆိုလာသည်။

"ဟုတ် ညီမဆီရောက်လာတာ သူတို့အကုန်ပဲ"

"မဟုတ်သေးဘူး တစ်ယောက်ကျန်သေးတယ် ညီမရဲ့"

"ဟုတ်လား? ... ဟုတ်သားပဲ king selectionက ၇ယောက်နော် အမ"

"အင်းလေ ၇ယောက်"

ထို့နောက် ထိုအမက နာမည်တွေကိုသေချာပြန်စစ်ကြည့်လိုက်တော့ကျန်နေတဲ့တစ်ယောက်ကိုရှာတွေ့သွားတော့လေသည်။

"ဟန်လင်းထက် ကျန်နေတာပဲ"

ထိုနာမည်ကိုကြားတော့ ဖြူစင်သော်ရဲ့လက်ထဲက Lincဘောပင်လေးဟာ မြေပြင်ပေါ်သို့ခုန်ဆင်းသွားရတော့သည်။

"မောင်လေးတို့ရေ ဟန်လင်းထက်ဘယ်မှာလဲသိလား"

ထိုအမအမေးကိုကြားတော့ Selectionတွေ အကုန်လုံးက တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်လိုက်ကြကာ တိတိလင်းလင်းမဖြေနိုင်ခဲ့ကြပေ။
သူတို့လည်း ဟန်လင်းထက်တစ်ယောက်ဘယ်ပေါက်လို့ဘယ်ရောက်နေမှန်းမသိတာကြောင့် ဖြစ်သည်။

"ကျနော် ဒီမှာ"

အသံထွက်လာတဲ့နေရာကိုအကုန်လုံးလှမ်းကြည့်လိုက်တော့ ခုံတစ်ခုပေါ်မှာရပ်နေတဲ့ နာမည်ပိုင်ရှင်လေးကိုတွေ့လိုက်ရလေသည်။
မာနခဲဒင်းလေးက စီနီယာအကိုကြီးတစ်ယောက်ကို မီးဝိုင်းကူဆင်ပေးနေခြင်းပင်။

"မောင်လေး ခနဆင်းလာခဲ့ဦး ဒီအမက မင်း sizeကိုတိုင်းပေးရဦးမယ် တိုင်းဖို့ကလည်း မောင်လေးတစ်ယောက်ပဲကျန်တော့တာ"

ထိုအခါ ဟန်လင်းထက်က ခုံပေါ်မှဆင်းလာပြီး ဖြူစင်သော်နဲ့ထိုအမရှေ့၌ရပ်လိုက်ကာဖြူစင်သော်ကိုမကြည့်လာဘဲ ဘေးကအမကိုပဲကြည့်လာလျက် စိတ်မရှည်စွာဆိုလာ၏။

"ကျနော့်ကိုအသေးစိတ်တိုင်းပေးစရာမလိုပါဘူး။ကျနော်က X ကနေ XL ထိဘာဖြစ်ဖြစ် အကုန်တော်တယ်။ ကျနော့်အတွက် အဝတ်အစားတွေက Fitဖြစ်နေစရာလည်းမလိုဘူး။ခုနကပြောတဲ့sizeတွေနဲ့ အကုန်အဆင်ပြေတယ်။"

"မဟုတ်ဘူးလေ မောင်လေးရဲ့......"

ထိုအမစကားပင်မဆုံးအားအချေကောင်လေးဟန်လင်းထက်ကတော့ ထိုနေရာမှ ထွက်သွားနှင့်ပြီးပြီပင်။ဟန်လင်းထက်ထွက်သွားတော့မှ ဖြူစင်သော်က ထိုကောင်လေးရဲ့ကျောပြင်ကို တစ်ချက်ကြည့်လိုက်ပေတော့သည်။

"ဒီခေါင်းမာတဲ့ကောင်လေးနဲ့ကတော့...
ညီမရေ သူ့နာမည်အောက်မှာ X to XLလို့ပဲရေးထားလိုက်တော့"

ဖြူစင်သော်လည်း ထိုအမပြောတဲ့အတိုင်းပဲရေးမှတ်ထားလိုက်လေသည်။

နေ့လည်၂နာရီခွဲမှာလေ့ကျင့်ရေးကပြီးသွားခဲ့ပြီဖြစ်တာကြောင့် ဟန်လင်းထက်တစ်ယောက် Archiဆောင်ကနေခပ်သုတ်သုတ်ထွက်လာလိုက်ကာ MCဌာနဘက်သို့ဦးတည်လိုက်သည်။

သူ MC ဌာနဘက်ကိုရောက်တော့ အပ်ကျသံမကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေသဖြင့် ဌာနထဲသို့ခနဝင်ကြည့်လိုက်သည်။
ဌာနထဲမှာလည်းလေ့ကျင့်တဲ့လူတွေမရှိတော့ဘဲ ရှင်းလင်းနေခဲ့ကာ သီချင်းတိုက်နေကြတဲ့စီနီယာအကိုတစ်စုကိုပဲတွေ့ရလေသည်။

"ကိုစက်ပြန်များပြန်သွားပြီလား"

ဟန်လင်းထက်လည်း ဌာနမှပြန်ထွက်လာလိုက်ပြီး အဆောင်ဆီသို့မြန်မြန်ပြန်လာလိုက်သည်။သူတို့နှစ်ယောက်ရဲ့အခန်းရှေ့ရောက်တော့ အခန်းတံခါးက မပြောင်းမလဲ သော့ခတ်လျက်ပင်။

"အဆောင်လည်း ပြန်မရောက်သေးပါလား"

ဟန်လင်းထက်တစ်ယောက် အခန်းတံခါးကိုသော့မဖွင့်အားဘဲ မင်းစက်ဆီသို့ phoneအရင်ဆက်လိုက်တော့သည်။

တစ်ခါခေါ်တယ် ဖုန်းကတစ်ခါကျသွားတယ်။ နောက်တစ်ခါထပ်ခေါ်တယ်နောက်တစ်ခါလည်းဖုန်းကပြန်မဖြေဘဲထပ်ကျသွားပြန်တယ်။

သုံးခါမြောက်ခေါ်တော့မှဖုန်းကဝင်သွားပြီး

"ဟဲလို"ဆိုတဲ့သူစိမ်းတစ်ယောက်ရဲ့အသံကတစ်ဖက်ကနေထွက်လာတာကြောင့် သူဆက်လိုက်တဲ့ဖုန်းနံပါတ်က မှားများမှားနေလားဆိုပြီး သူ့ခမျာသေသေချာချာတစ်ချက်ပြန်ကြည့်လိုက်ရလေသည်။

" ကိုစက်နဲ့စကားပြောချင်လို့ပါ ဒါကိုစက်ဖုန်းဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ် ဒါမင်းစက်ရဲ့ဖုန်းပါ ။
အခုမင်းစက်က ပတ်တီးစည်းနေရလို့ အစားကိုင်ပေးတာပါ
ဘယ်သူလို့ပြောပေးရမလဲမသိဘူး"

ထိုစကားကြားတော့သူ့ရဲ့နှလုံးအိမ်က
တမဟုတ်ချင်းတင်းကြပ်သွားရလေ၏။
"ဗျာ!!! ပတ်တီးစည်းနေရတယ်။
ကိုစက် ဘာဖြစ်လို့လဲ။"

တီ..တီ..တီ.....

"ဟဲလို ဟဲလို တောက်!"

ဖုန်းကျသွားခဲ့ပြီပင်။

'ကိုစက်ကို ကျနော် ဘယ်လိုနည်းနဲ့မှအထိအခိုက်မခံနိုင်ဘူးဆိုမှ ကျနော်မသိလိုက်တဲ့အချိန်ခနလေးမှာ
ကိုစက်ဘာတွေဖြစ်သွားတာလဲ'

မင်းစက်တစ်ယောက်ဘာတွေဖြစ်နေမှန်းအသေးစိတ်မသိလိုက်ရတဲ့ဟန်လင်းထက်မှာစိုးရိမ်သောကတို့နဲ့အတူကမ္ဘာပျက်နေရပြီး အဆောင်ကနေဒုန်းဆိုင်းထွက်သွားတော့လေသည်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

လွန်ခဲ့တဲ့တစ်နာရီခန့်က နေ့လည်ခင်း photoရိုက်ပြီးတော့ မင်းခန့်ထည်တစ်ယောက် မီးတွေဝိုင်းဆင်နေရကာ မင်းစက်လည်းထိုအဖွဲ့တွင်အပါအဝင်ဖြစ်သည်။

"မင်းခန့် ဒီမီးချောင်းတွေပါ ဖွင့်လို့ရရင် ဌာနထဲမှာတော်တော်လင်းသွားမှာကွာ စလိုက်မီးတွေအများကြီးမလိုတော့ဘူး"

"အေး ဒါပေမယ့် ဌာနမှူးက ဒီမီးတွေကို မဖွင့်တာကြာပြီနဲ့တူတယ်"

"ငါ တချက်မေးကြည့်လိုက်ဦးမယ်"

သူကဆိုလိုက်ရင်းနောက်ကိုခေါင်းလှည့်ကြည့်လိုက်ကာခပ်လှမ်းလှမ်းမှာရပ်နေတဲ့ဆရာတစ်ယောက်ကိုမေးလိုက်လေသည်။

"ဆရာ ဒီမီးချောင်းတွေရဲ့ခလုတ်က ဘယ်နားမှာလဲ"

"Circuit board တွေနောက်မှာရှိတယ်"

"ဟုတ်ကဲ့ ဆရာ"

မင်းခန့်ထည်က Circuit boardတွေကိုအရင်ဖယ်လိုက်ပြီး မီးခလုတ်တွေကိုဖွင့်ကြည့်လိုက်တော့ မျက်နှာကျက်ပေါ်မှာတပ်ဆင်ထားတဲ့ LEDမီးချောင်း၅ချောင်းအနက် အရှေ့ဘက်က၃ချောင်းလုံးကလင်းပြီး အနောက်ဘက်က၂ချောင်းကတော့အပြည့်အဝမလင်းလာဘဲမှိတ်တုတ်မှိတ်တုတ်ဖြစ်နေပေသည်။

"လွတ်နေတာလား မသိဘူး"
မင်းခန့်ထည်ကမော့ကြည့်ရင်းရေရွတ်လိုက်၏။

"အေး ဖြစ်နိုင်တယ်"
မင်းစက်ကလည်းထောက်ခံလာသည်။
"သားကြီး ငါ့ကို ခုံမြင့်မြင့်လေးတစ်ခုံလောက်သွားရှာပေးပါလား။ငါ တက်ပြီးစစ်ကြည့်မလို့"

"အေး ခနစောင့်"

မင်းခန့်ထည်ကအနောက်ဘက် စတိုခန်းဘက်သို့ပြေးဝင်သွားပြီးနောက် ၈ပေနီးပါးလောက်မြင့်တဲ့ခြေတံရှည်သစ်သားခုံတစ်ခုကို သယ်လာလိုက်ပြီး မင်းစက်ရှေ့၌ချပေးလိုက်သည်။ မင်းစက်ကလည်း မင်းခန့်ထည်ချပေးလာတဲ့ထိုခုံပေါ်၌ မတ်တပ်တက်ရပ်လိုက်ပြီးနောက် လွတ်နေတဲ့ မီးချောင်းတစ်ချောင်းကိုအရင်စစ်ကြည့်လိုက်ရာ
ခနအကြာတွင် ထိုမီးချောင်းကလင်းလာလေသည်။

"Ok တယ်သားကြီး နောက်တစ်ချောင်းပဲကျန်တော့တယ်"

"သတိထားဆင်းဦး ယိုင်ပြီးလဲမယ် ဒီခုံကခြေထောက်သိပ်ငြိမ်တာမဟုတ်ဘူး"

နောက်မီးချောင်းရှိရာဆီသို့ ခုံကိုရွှေ့ပြောင်းလိုက်ပြီးနောက် မင်းစက်ကခုံပေါ်တက်ဖို့ပြင်တဲ့အခိုက် ခေါ်သံတစ်သံကိုကြားလိုက်ရသည်။

"မင်းခန့်ထည် သား ခနလာဦး projectorရွှေ့ဖို့လူမရှိလို့"

"ဟုတ်ကဲ့ ဆရာ"

ဟုတ်တာပေါ့။ တခြားစီနီယာကြီးတွေလည်း ထမင်းစားနားလို့Canteenရောက်နေကြတာကို သူလည်းမေ့နေတာ။

"မင်းစက် ခနနေဦး မတက်နဲ့ဦးနော် ငါပြန်လာမှ တက်ပြီးစစ်နော် တော်ကြာ တစ်ခုခုဖြစ်ရင် ငါလည်းမကယ်အားဘူးကြားလား"

"အေးပါကွာ သွားစရာရှိတာသွားစမ်းပါ ငါ့ကိုဘဲအရောက်ပို့မနေစမ်းပါနဲ့"

မင်းခန့်ထည်က မင်းစက်ကို အသေအချာမှာပြီးထိုနေရာကနေခပ်မြန်မြန်ထွက်သွားကာ ဆရာနဲ့အတူ projectorကို ထောင့်နားဘက်သို့ဝိုင်းကူရွှေ့ပေးလိုက်လေသည်။

ထိုစဥ် ထောင့်တစ်နေရာကနေသူတို့နှစ်ယောက်ကိုထိုင်ကြည့်နေတဲ့ရှိုင်းဇေယံက မင်းခန့်ထည်ထွက်သွားတာကိုမြင်တာကြောင့် မင်းစက်အနားသို့သွားလိုက်ကာ အကူအညီပေးဖို့မေးလာခဲ့သည်။

"အကိုမင်းစက် ကျနော်ကော ဘာကူပေးရဦးမလဲ"

" ညီလေးလာတာနဲ့အတော်ပဲ အကို့ကိုလေ ခုံလေးတစ်ချက်လောက် ကိုင်ပေးထားပါလား။ အကိုမီးချောင်းတက်စစ်ကြည့်မလို့။ခုနတုန်းက မင်းခန့်နဲ့အတူတူစစ်နေတာ။ မင်းခန့်ကိုဆရာက ခနခေါ်ခိုင်းနေလို့"

"ဟုတ် ရပါတယ် ကျနော်ထိန်းပေးထားမယ်လေ"

"ကျေးဇူးပဲနော် ညီလေး"

မင်းစက်လည်း ရှိုင်းဇေယံကိုအားကိုးလိုက်ပြီး ကျန်နေတဲ့မီးချောင်းကိုတက်စစ်လိုက်သည်။

"ဒီ မီးချောင်းက ချုပ်လောင်နေတာလား
ရှော့တွေဘာတွေများဖြစ်နေတာလားဘဲ"

"ညှော်နံ့တွေဘာတွေများရလို့လား"

"မရတော့ မရဘူး။ ညီလေးရေ ဟိုနားက စားပွဲခုံပေါ်မှာလေ မီးစမ်းတဲ့ဝက်အူလှည့်လေးရှိတယ်။ အဲ့တာတစ်ချက်လောက်သွားယူပေးပါလား"

"ဟုတ် ကျနော် သွားယူပေးမယ်"

ရှိုင်းဇေယံလည်း သူထိန်းကိုင်ထားတဲ့ခုံကိုခနလွှတ်လိုက်ပြီး တစ်ဖက်စားပွဲခုံပေါ်မှာရှိတဲ့ဝက်အူလှည့်လေးကိုယူဖို့ဦးတည်လိုက်သည်။

မင်းစက်ကတော့ခုံပေါ်မှာမတ်တပ်ရပ်လျက်အနေအထားနှင့်ရှိုင်းဇေယံကိုစောင့်နေရင်းကနေ "ဒီ wireတွေကြောင့်များလား"ဟုရေရွတ်လိုက်ကာ Wireတွေကို ချုပ်အပြင်ဘက်သို့ဆွဲထုတ်လိုက်သည်။

ထိုစဥ် နမော်နမဲ့နိုင်တဲ့မင်းစက်ကလျှပ်စစ်စီးနေတာကိုသတိမထားမိဘဲ ပေါက်နေတဲ့wireကြိုးစတစ်စကိုသွားကိုင်မိလိုက်တဲ့အခါ သူ့ရဲ့လက်ချောင်းလေးများက ကျင်တက်သွားရတာကြောင့် ခုံပေါ်၌ဖြောင့်ဖြောင့်တန်းတန်းရပ်နေရာကအနေအထားပျက်သွားရသည်။

သူက လက်ထဲမှာလည်း ဖြုတ်ထားတဲ့မီးချောင်းကို ကိုင်ထားလျက်ရှိတာကြောင့် ဟန်ချက်မထိန်းနိုင်ခဲ့ဘဲ အောက်ရှိ သမန်သလင်းပေါ်သို့အရှိန်ပြင်းပြင်းနှင့်ပြုတ်ကျသွားတော့လေသည်။

"ဒုန်း!!!!!!!!! ခွမ်း!!!!!!!!!"

ဆူဆူညံညံနဲ့တစ်စုံတစ်ရာကျကွဲသံများဟာ ဌာနတစ်ခုလုံးကိုကျယ်လောင်စွာပဲ့တင်ထပ်သွားပြီး ရုံးခန်းထဲကဆရာများကိုတောင်လှုပ်လှုပ်ရှားရှားဖြစ်သွားစေလေသည်။

"အကိုမင်းစက်!!!"

မင်းခန့်ထည်လည်း ရှိုင်းဇေယံရဲ့အထိတ်တလန့်အော်သံကိုကြားတော့ အလန့်တကြားဖြင့်လှည့်ကြည့်လိုက်ကာချက်ချင်းပြေးလာခဲ့လေသည်။

"မင်းစက်!!!"

သူကသမန်သလင်းပေါ်မှာမျက်နှာအပ်လျက်လဲနေတဲ့မင်းစက်ကိုကောက်ထူလိုက်ပြီးစိုးရိမ်တကြီးမေးလာခဲ့သည်။

"မင်းစက် သားကြီး မင်းဘာဖြစ်သွားသေးလဲ"

တော်သေးတယ်။ခေါင်းနဲ့သမန်သလင်းနဲ့မဆောင့်သွားလို့။ ခေါင်းနဲ့သာဆောင့်မိသွားရင်တော့ မတွေးရဲစရာပင်။

မင်းစက်ကတော့ သူ့ညာဘက်လက်ကိုသာကိုင်ထားပြီးစူးစူးဝါးဝါးအော်နေလေသည်။

"မင်းခန့် ငါ့လက်! ငါ့လက်!"

"ညာဘက်လက်လား"

"အေး"

ခနကြာတော့ Canteenရောက်နေတဲ့တခြားစီနီယာအကိုကြီးတွေကလည်းထိုအကြောင်းကြားကြားချင်းပင် အပြေးအလွှားနဲ့ရောက်ချလာကြသည်။

ထို့နောက် သူတို့အားလုံး မင်းစက်ကိုဌာနမှူးကားဆီသို့တွဲပို့ပေးလိုက်ကြကာ နေလင်းနှင့်တခြားစီနီယာအကိုနှစ်ယောက်ကပါ မင်းစက်နဲ့အတူ ကျောင်းဆေးခန်းသို့ပါသွားကြလေသည်။

ထို့ကြောင့်သူလည်း ခနနေကျမှလိုက်ရန်ဆုံးဖြတ်လိုက်သည်။ကျောင်းဆေးခန်းမှာလူတွေကြပ်နေတာက ဆရာဝန်ကိုစိတ်အနှောက်အယှက်ဖြစ်စေလိမ့်မည်ပေ။

မင်းခန့်ထည်က တခြားလူတွေထပ်ပြီးထိခိုက်မိမှာစိုးတာကြောင့်ထိုနေရာရှိ ဖန်ကွဲစများကို ရှင်းလင်းရန်ဌာနထဲသို့ပြန်ဝင်သွားလိုက်သည်။

သူ ထိုနေရာရောက်တော့ ရှိုင်းဇေယံကမလှုပ်မယှက်နှင့် ရပ်နေမြဲရပ်နေဆဲဖြစ်တာကြောင့်မင်းခန့်ထည်လည်း ကောင်လေးရဲ့ပခုံးလေးကိုလှမ်းကိုင်လိုက်ရင်းမေးကြည့််လိုက်၏။

"ညီ လန့်သွားလို့လား"

သူမေးလိုက်တော့

"ကျနော် ...ကျနော်..."ဟု ထိုကောင်လေးကတိုးဖျစွာရေရွတ်လာခဲ့ကာဦးခေါင်းလေးဟာ ခြေထောက်အောက်ဘက်သို့ ထိတ်လန့်စွာနဲ့ငုံ့ကြည့်နေခဲ့လေသည်။

အဲ့ဒါနဲ့သူလည်းသေချာလိုက်ကြည့်လိုက်တော့ ညီ့ရဲ့ခြေချောင်းဖွေးဖွေးလေးတွေက နီရဲပြီးရွှန်းရွှန်းစိုနေတဲ့သွေးအိုင်ထဲမှာ နစ်မြုပ်နေခဲ့ရချေပြီ။

"ဟာ...ညီ!"

သူလည်း ဘာကိုမှဂရုမစိုက်အားတော့ဘဲ အနီးအနားရှိကော်ကုလားထိုင်ခုံလေးကိုဆွဲယူလိုက်ကာထိုခုံပေါ်သို့ ကောင်လေးရဲ့ရှယ်သွယ်သွယ်ကိုယ်လေးကို လေထဲမြောက်အောင်ပွေ့ချီလိုက်ပြီးထိုင်စေလိုက်သည်။

"ညီ ခနစောင့်နော် ကိုယ် ပြန်လာခဲ့မယ်"

သူထိုသို့မှာလိုက်တော့ ထိုကလေးက နာခံစွာခေါင်းငြိမ့်ပြလာခဲ့သည်။

မင်းခန့်ထည်လည်း စတိုခန်းရဲ့စင်လေးပေါ်မှာရှိတဲ့ဆေးသေတ္တာလေးကိုအပြေးသွားဆွဲယူကာ
တစ်စက္ကန့်တောင်ကြာမြင့်ခြင်းမရှိပါဘဲ ကောင်လေးရှေ့သို့ပြန်ရောက်လာခဲ့လေသည်။

မင်းခန့်ထည်အရင်ဆုံး ဒူးထောက်ထိုင်ချလိုက်ပြီးနောက် ကောင်လေးရဲ့ခြေထောက်တစ်ဖက်ကိုဆွဲယူကြည့််လိုက်တော့ကောင်လေးရဲ့ခြေဖဝါးနုနုလေးထက်မှာစိုက်ဝင်နေတဲ့ဖန်ကွဲစတွေကိုမြင်လိုက်ရသည်။

"အကို ဖန်စတွေကို ဆွဲထုတ်လိုက်မယ်နော် ဒါမှမဟုတ် ညီအရမ်းနာမှာကြောက်ရင် အကိုကျောင်းဆေးခန်းကိုပို့ပေးရမလား"

"ရတယ်အကို ဆွဲထုတ်လိုက်"

"ဒါဆို ခနသည်းခံနော်"

မင်းခန့်ထည် ရှိုင်းရဲ့နီရဲနေတဲ့ခြေဖဝါးလေးထဲမှာစိုက်ဝင်နေတဲ့ လက်မဝက်ခန့်ရှိတဲ့ဖန်စအချွန်လေးတွေကိုဖြေးဖြေးချင်း ငြင်သာစွာဆွဲထုတ်လိုက်တော့လေသည်။

သူ ရှိုင်းကိုတစ်ချက်ကြည့်လိုက်တော့ ထိုကလေးက သူ့ရဲ့အောက်နှုတ်ခမ်းလေးကို အတင်းဖိကိုက်ထားကာ မျက်ဝန်းလေးတွေကနာကျင်မှုကြောင့်ရွှန်းစိုနေခဲ့သည်မှာ ကမာခွံထဲကပုလဲလုံးလေးတွေပမာမြတ်နိုးစရာကောင်းစွာတောက်ပနေခဲ့သည်။

"သတ္တိခဲလေးပါလား အရမ်းနာလို့တင်းမခံနိုင်ရင်အော်လိုက်ပါကွာ အကိုမရယ်ပါဘူး"

"ကျနော်မအော်ချင်ဘူး"

"ဘာလို့လဲ"

"အကို့ရှေ့မှာပျော့ညံ့တဲ့လူတစ်ယောက်မဖြစ်ချင်လို့"

"ညီကလည်းကွာ စိတ်ချ အကို့အမြင်မှာညီကဘယ်တော့မှပျော့ညံ့တဲ့လူတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး
ဒါ့ကြောင့် ညီတင်းမခံနိုင်ရင်အော်လိုက် ဟုတ်ပြီလား?"

ထိုအခါ ကောင်လေးက သူ့ကိုပြုံးပြီးကြည့်နေလေသည်။
ကွေးညွတ်နေတဲ့ထိုမျက်ဝန်းလေးတွေက သူ့ရှေ့မှာပျော့ညံ့တဲ့လူတစ်ယောက်အဖြစ်အမြင်ခံရမှာကြောက်လို့ ဟန်ဆောင်ပြုံးပြနေတဲ့မျက်ဝန်းလေးတွေမှန်း သူအတပ်သိနေလေ၏။

မင်းခန့်ထည်ကဆေးသေတ္တာလေးထဲမှ ဆေးပစ္စည်းလေးများကိုထုတ်ကာ ရှိုင်းဇေယံရဲ့ဒဏ်ရာကိုဆေးထည့်ပေးရင်းနဲ့ရုတ်တရက် လုပ်လိုက်သောအပြုအမူကြောင့် မင်းခန့်ထည်လက်တွင်းမှ သူ့ခြေထောက်လေးကို ရှိုင်း ရုန်းမိလိုက်လေသည်။

"ဘာဖြစ်လို့လဲ ညီ!"

"ကျနော့်ခြေထောက်ကို ဘာလို့လေမှုတ်ပေးနေတာလဲ ဆေးထည့်ပေးတာနဲ့တင် ရနေပြီပဲဟာ"

"ညီ့ဒဏ်ရာက စပ်နေမှာစိုးလို့လေ"

"ကျနော်က အဲ့လောက်ထိနုရအောင် မိန်းကလေးမှမဟုတ်တာ ကျနော်ယောက်ျားလေးဗျ ဒီလောက်တော့ သတ္တိရှိပါတယ်"

"အင်းလေ ညီကမကြိုက်ဘူးဆိုတော့လည်း အကိုမလုပ်တော့ပါဘူး"

မင်းခန့်ထည် ရှိုင်းရဲ့ဖြူဖွေးတဲ့ခြေဖမိုးလေးပေါ်သို့ ပတ်တီးလိပ်ဖြူလွှလွှလေးများကိုတစ်ထပ်ပြီးတစ်ထပ်ရစ်ပတ်နေလျက်ပတ်တီးလိပ်လေးတွေရဲ့အရေအတွက်အတိုင်းပင် သက်ပြင်းလေးများကလည်း အပြင်ဘက်ဆီသို့ပြေးထွက်လာနေသည်။

"Don't worry Bro. I'm OK"

"But I'm not OK if you hurt"

"Why ?"

"I have no idea"

'ဟုတ်ပါတယ်။ကျနော်မသိခဲ့ဘူး။ဒီလိုဖြစ်နေရတဲ့ခံစားချက်တွေကိုလဲနားမလည်နိုင်ခဲ့ဘူး။'

'ဒါပေမယ့် ကျနော့်မျက်စိရှေ့ကဒီကောင်လေးကိုတော့ ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ထိခိုက်ခွင့်လုံးဝမပေးနိုင်ဘူးဆိုတဲ့ အဖြေတစ်ခုတော့ ကျနော့်ရင်ထဲမှာအမြဲတမ်းရှိနေပါတယ်။'

"Thank you Bro"

"Thank youဆိုတဲ့စကားက သူစိမ်းတွေပဲသုံးရတာ"

"အဲ့ဒါဆို ဘယ်လိုသုံးရမှာလဲ"

"မသုံးနဲ့တော့"

ထို့နောက်မင်းခန့်ထည်က ရှိုင်းဇေယံရဲ့ရှေ့၌မတ်တပ်ရပ်လိုက်ပြီး ကောင်လေးရဲ့ရှေ့သို့ သူလက်ကလေးကို ဖြန့်ပေးလိုက်သည်။

"ညီ မတ်တပ်ရပ်နိုင်လား"

"မတ်တပ်မရပ်နိုင်ဘူးဆိုရင်ကော.."

"ညီ လူကြည့်ခံရဲလား"

မင်းခန့်ထည်က ထိုစကားကိုဆိုလာစဥ်တွင်သူ့ကိုယ်ကိုကိုင်းချကာ ဘယ်ဘက်မျက်ခုံးလေးကို တစ်ချက်ပင့်တင်လိုက်ပြီးညစ်ကျယ်ကျယ်အသံနဲ့ပြောလာတာကြောင့် ရှိုင်းဇေယံရဲ့မျက်နှာလေးကရဲတက်သွားရပြီး ကောက်ခနဲမတ်တပ်ထရပ်လိုက်လေသည်။

"ကြည့်! ကျနော် ရပ်နိုင်တယ်"
ဟူ၍ ညာဘက်ခြေထောက်ပေါ်အားပြုရပ်လျက် အသံစူးစူးလေးနဲ့ဆိုလာလေ၏။

ထိုအခါ မင်းခန့်ထည်က ရှိုင်းရဲ့အုပ်ဖောင်းဖောင်းခေါင်းလေးကို ခပ်ဖွဖွ ပုတ်လိုက်ပြီးနူးညံ့ရှတစွာရေရွတ်လာခဲ့သည်။

"လိမ္မာစမ်းပါ ကလေးလေးရယ်"

'ကလေး' ဆိုတဲ့အသံကြားသည်နှင့်
ကောင်လေးရဲ့မျက်စောင်းလေးတွေက ဒိုင်းခနဲပင်။
သို့နှင့်ရှိုင်းဇေယံကနှုတ်ခမ်းလေးစူကာမင်းခန့်ထည်အား ရန်တွေ့လာချေ၏။

"ကျနော် လူကြီးဗျ ကလေးမဟုတ်ဘူး"

"ဟားဟား ဟားဟား ကလေးက ကလေးပါပဲကွာ"

နောက်ဆုံးတော့လည်း ထုံးစံအတိုင်း ရှိုင်းဇေယံဘက်ကပဲအရှုံးပေးလိုက်ရတော့သည်။

မင်းစက်တစ်ယောက်မှာမူ ကျောင်းဆေးခန်းတွင် ထိခိုက်သွားတဲ့ညာဘက်လက်ကို ကျောက်ပတ်တီးစည်းနေရတာကြောင့်အချိန်အတော်ကြာမြင့်သွားရလေ၏။ပတ်တီးစည်းတဲ့လုပ်ငန်းစဥ်ပြီးသွားတဲ့အခါဆရာဝန်ရဲ့အမှာစကားများကိုဂရုတစိုက်နားထောင်လိုက်ပြီးဆေးခန်းရှေ့သို့ထော့နဲ့ထော့နဲ့နှင့်ထွက်လာခဲ့လိုက်သည်။

သို့သော်ဆေးခန်းရှေ့အရောက်တွင်တော့ သူ
မမျှော်လင့်ထားတဲ့လူတစ်ဦးကိုသူ့ရဲ့မျက်ဝန်းတွေကနေတဆင့်တွေ့လိုက်ရမယ်လို့သူလုံးဝမထင်ထားခဲ့ပေ။

•••••♪•••••••••••••••••••••♪••••••••••♪••••••••••

အခန္း (၁၄) - Don't Worry!

Zawgyi

[I'm not Ok If you hurt]

က်ေနာ္အခန္းဆီျပန္ေရာက္ေတာ့ ညီလည္းျပန္ေရာက္ေနေလၿပီ။

ခုတင္ေပၚမွာ နံရံဘက္ကိုမ်က္ႏွာမူၿပီးေကြးေကြးေလးအိပ္ေပ်ာ္ေနကာ မနက္ကဝတ္စုံကိုေတာင္မလဲအားေသး ဒီအတိုင္းေလးသာ။

'ဒီကေလး ေနမ်ားမေကာင္းဘူးလား'

က်ေနာ္ သူ႕ႏွဖူးေလးကို စမ္းၾကည့္ဖို႔ျပင္လိုက္ေသာ္ က်ေနာ္႕လက္ေတြက ေ႐ွ႕မဆက္ႏိုင္ဘဲ ေလထုထဲမွာတင္
ရပ္တန္႔သြားတာေၾကာင့္ တိတ္တိတ္ဆိတ္ဆိတ္ပဲ ျပန္႐ုတ္လိုက္ကာခပ္လွမ္းလွမ္းကေနေခၚလိုက္သည္။

"ညီ.. ညီ.."

က်ေနာ္႕ေခၚသံကိုျပန္မတုံ႔ျပန္လာတာကိုၾကည့္ရသေလာက္ ဒီကေလး တကယ္အိပ္ေပ်ာ္ေနၿပီျဖစ္မည္။
က်ေနာ္လည္း ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနတဲ့ထိုကေလးကို အတင္းအၾကပ္မႏိႈးရက္ပါဘူးေလ။

ေတာ္ၾကာ က်ေနာ္ႏိႈးလိုက္မွ ဒီကေလးေခါင္းမူးသြားပါဦးမယ္။

မင္းခန္႔ထည္လည္းသူ႕ခုတင္ေပၚမွာတိုးတိုးတိတ္တိတ္ထိုင္ခ်လိုက္ၿပီး ႐ိႈင္းေဇယံရဲ႕ေက်ာျပင္ေလးကိုအသံတိတ္စိုက္ၾကည့္ေနမိကာ အခ်ိန္အေတာ္ၾကာၿပီးမွ ေရခ်ိဳးေဆာင္ဆီသို႔ထြက္သြားေတာ့ေလသည္။

တစ္ေယာက္ေသာသူရဲ႕ေျခသံေတြက အခန္းထဲမွာေပ်ာက္ကြယ္သြားေတာ့မွ ႐ႊန္းစိုေနဆဲမ်က္ဝန္းေလးတစ္စုံရဲ႕ေကာ့ၫႊတ္ေနတဲ့မ်က္ေတာင္ေလးမ်ားဟာ ပါးျပင္ေပၚအရိပ္က်ေနရာကေန ႏိုးထလာခဲ့ၾကေလသည္။

ေနာက္တစ္ပတ္ေက်ာင္းစတက္ေတာ့ king queen selectionမ်ားက ႒ာနသို႔အခ်ိန္ျပည့္သြားေနရတာေၾကာင့္အတန္းမတက္ရေပ။

ႏွစ္အသီးသီးကSeniorေတြလည္း ႒ာနသို႔အကုန္စုေဝးေရာက္ေနၾကၿပီျဖစ္ကာ ပြဲအျပင္အဆင္မ်ားကိုအရင္ႏွစ္ေတြထက္ပိုေကာင္းေအာင္ျပင္ဆင္ဖို႔စု႐ုံးတိုင္ပင္ေနၾကတဲ့အဖြဲ႕ကတစ္ဖြဲ႕၊
စလိုက္မီးမ်ားဆင္ဖို႔နဲ႔စင္ေဆာက္ဖို႔ေခါင္းခ်င္းဆိုင္ေနၾကတဲ့အဖြဲ႕ကတစ္ဖြဲ႕၊ ျပဇာတ္ကဖို႔ ဇာတ္ၫႊန္းေရးေနၾကတဲ့အဖြဲ႕ကတစ္ဖြဲ႕နဲ႔အဖြဲ႕အသီးသီးခြဲၿပီးအားႀကိဳးမာန္တက္ျပင္ဆင္ေနၾကေလသည္။

"ေမာင္ေလးေတြ လာေလ"

ဌာနေ႐ွ႕မွာမတ္တပ္ရပ္ေနၾကေသာ First yearေလးမ်ားကို Seniorမမတစ္ေယာက္ကဌာနထဲသို႔ဝင္ရန္လွမ္းေခၚလိုက္ျခင္းျဖစ္သည္။Juniorေလးေတြအထဲေရာက္ေတာ့ ႏွစ္အႀကီးမွစီနီယာေတြအားလုံးက ေႏြးေထြးစြာႀကိဳဆိုလာၾကေလသည္။

"king queen selectionေလးေတြ ဒီမွာခနထိုင္ေစာင့္ဦးေနာ္ ေမာင္ေလးတို႔ကို Trainေပးမယ့္အမတစ္ေယာက္က မေရာက္ေသးလို႔"
ဟု ထိုအမက ခုံမ်ားကိုခ်ေပးေနရင္း ဂ်ဴနီယာေလးေတြကိုလွမ္းေျပာေနေလသည္။

က်ေနာ္တို႔၆ေယာက္လည္းသူမခ်ေပးလာတဲ့ခုံေတြမွာတြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ဝင္ထိုင္လိုက္ၾကၿပီး ပတ္ဝန္းက်င္ေလထုကအနည္းငယ္စိမ္းသက္သက္ျဖစ္ေနရကာ စီနီယာေတြရဲ႕လႈပ္႐ွားမႈမ်ားကိုသာ စိတ္ဝင္တစားနဲ႔ၿငိမ္ၿငိမ္ဆိမ္ဆိမ္သာထိုင္ၾကည့္ေနမိၾကသည္။

က်ေနာ္ရဲ႕မ်က္လုံးေတြထဲမွာေတာ့ က်ေနာ္ေတြ႕ခ်င္ေနတဲ့သူကို အခုထိမဖမ္းမိေသးေပ။ဘယ္ေရာက္ေနပါလိမ့္။
သူက ဒုတိယတာဝန္ခံဆိုေတာ့ အလုပ္မ်ားေနမွာေပါ့ေလ။

"ညီေလး ႐ိႈင္းေဇယံ"

အကိုမင္းစက္ကလက္တစ္ဖက္ကေနလူတစ္ရပ္႐ွည္တဲ့အုန္းလ်က္တံျမက္စည္းကိုကိုင္ထားရင္း သူ႕အနားသို႔ေရာက္ခ်လာသည္။

႐ိႈင္းေဇယံလည္း မင္းစက္အားျပဳံးျပလိုက္ရင္း

"အကိုမင္းစက္ အကိုမင္းခန္႔ထည္ေကာ"ဟုေမးလိုက္ေတာ့ မင္းစက္ကေတာင္ၾကည့္ေျမာက္ၾကည့္လုပ္လိုက္ၿပီးေနာက္ တစ္စုံတစ္ရာကိုအမွတ္ရသြားဟန္ျဖင့္သံ႐ွည္ဆြဲကာေျပာလာခဲ့သည္။

"aww မင္းခန္႔လား ညီေလးတို႔ကို photo႐ိုက္ေပးဖို႔အေဆာင္မွာ Cameraျပန္ယူေနတယ္"

"က်ေနာ္တို႔ကို အကိုမင္းခန္႔ထည္က ႐ိုက္ေပးမွာလား!"

႐ိႈင္းေဇယံကအံ့ၾသတႀကီးေမးလိုက္ေတာ့မင္းစက္ကေခါင္းၿငိမ့္ျပရင္းဆိုသည္။

"အင္းေလ မႏွစ္ကလည္း သူပဲ႐ိုက္ေပးတာ စိတ္မပူပါနဲ႔ညီေလးရာ မင္းခန္႔႐ိုက္တာ ပုံထြက္ေကာင္းပါတယ္"

ထိုစကားကိုၾကားေတာ့႐ွိိဳင္းေဇယံရဲ႕မ်က္ႏွာထက္မွာအျပဳံးတစ္ပြင့္ေပၚလာခဲ့ေပမယ့္ တကယ္ေတာ့မခ်ိျပဳံးေလးသာျဖစ္သည္။

'က်ေနာ္က ပုံထြက္မေကာင္းမွာကို ေၾကာက္ေနတာမဟုတ္ဘူး
႐ိုက္ေပးတဲ့ Camera manကို တည့္တည့္မၾကည့္ႏိုင္မွာေၾကာက္တာ'

မင္းစက္လည္း ႐ိႈင္းေဇယံႏွင့္ ခနစကားေျပာေနၿပီးေနာက္ စီနီယာအမႀကီးမ်ားက လွမ္းေခၚသျဖင့္တံျမက္စည္းႀကီးကိုင္ကာ ကို႔ယို႔ကားယားႏွင့္ထြက္သြားရျပန္သည္။

ထို႔ေနာက္ ဌာနထဲသို႔ မမလွလွတစ္ဦးက ဝင္လာခဲ့သည္နဲ႔တစ္ၿပိဳင္နက္ ဌာနထဲ႐ွိ ေယာက်္ားေလးမ်ားအားလုံးရဲ႕အၾကည့္အာ႐ုံမ်ားကသူမဆီသို႔သာစုျပဳံက်ေရာက္သြားေတာ့သည္။ ႐ိႈင္းေဇယံေလးကေတာ့ မင္းခန္႔ထည္ကိုေမွ်ာ္ေနတာနဲ႔တင္အလုပ္႐ႈပ္ေနတာေၾကာင့္ ထိုမမအားမ်က္စိထဲမထည့္အားေပ။

မမအလန္းဇယားေလးက ႐ိႈင္းေဇယံတို႔ထိုင္ေနတဲ့ေနရာနားသို႔ေလွ်ာက္လာခဲ့ရင္းေမးျမန္းလာသည္။
"ေမာင္ေလးတို႔က king selectionေတြလား"

King Selectionေတြထဲကဆက္ေနာင္ခဆိုတဲ့တစ္ေယာက္ကခပ္သြက္သြက္ျပန္ေျဖလိုက္သည္

"ဟုတ္တယ္အမ"

"အမက ထားသရဖီဦးပါ မႏွစ္က Majorရဲ႕Queen ေပါ့။
ဒီကေမာင္ေလးေတြကို Welcomeပြဲအတြက္ေလ့က်င့္ေပးဖို႔ အမတာဝန္ယူထားတာေၾကာင့္ အမကိုရင္းရင္းႏွီးႏွီးပဲေျပာဆိုလို႔ရပါတယ္။"

ထိုသို႔ဆိုၿပီးေနာက္ သူမေလးက King Selection ၆ေယာက္ရဲ႕FB accေတြကို ေမးၿပီးအျပန္အလွန္Addလိုက္ၾကကာ messengerမွာ႐ွိတဲ့ Fresher Welcomeဆိုတဲ့Groupတစ္ခုထဲသို႔
ထိုကေလးေတြကိုသြင္းေပးလိုက္ေလသည္။

႐ိႈင္းေဇယံကသူ႕ Accေလး groupထဲေရာက္သြားသည္ႏွင့္ Group memberေတြကိုအေပၚေအာက္ဆြဲၾကည့္လိုက္ေတာ့ က်ယ္ေျပာလွတဲ့ပန္းခင္းႀကီးတစ္ခင္းကို Profileပုံထားထားတဲ့ Khant Htaeဆိုတဲ့ Accေလးကိုေတြ႕လိုက္ရသည္။
သူထို Accေလးထဲကိုဝင္ၾကည့္ဖို႔လုပ္ေနစဥ္မွာပင္ အမထားသရဖီဦးဆက္ေျပာလာတဲ့စကားကိုၾကားလိုက္ရတာေၾကာင့္ ဖုန္းကိုျပန္ပိတ္လိုက္ေတာ့သည္။

"ကဲ အခု အမတို႔လမ္းေလွ်ာက္က်င့္ရေအာင္ေနာ္"

က်ေနာ္တို႔လည္းထိုအမသင္ေပးတဲ့အတိုင္း တညီတၫြတ္တည္းစေလ့က်င့္ၾကသည္။

ထိုအမက အရမ္းလည္းလွသေလာက္ အရမ္းလည္းေဖာ္ေ႐ြေလသည္။
တစ္နာရီေက်ာ္ေက်ာ္ၾကာေလ့က်င့္ၿပီးသြားေတာ့ က်ေနာ္တို႔ခနနားျဖစ္ၾကသည္။

အနားယူေနၾကတဲ့အခ်ိန္မွာ သူမရဲ႕ေကာင္ေလးျဖစ္ဟန္တူတဲ့အကိုတစ္ေယာက္က Royal Dတစ္ဗူးနဲ႔Snow towerတစ္ထုပ္ကိုသူမေလးလက္ထဲကိုၾကင္နာစြာထည့္ေပးလာခဲ့သည္။

သူတို႔ႏွစ္ေယာက္ရဲ႕အေခၚအေဝၚေတြကလည္း အင္မတန္မွခ်စ္ခင္စုံမက္ေနၾကတဲ့သမီးရည္းစားေတြမွန္းသိသာေပၚလြင္ေနတာေၾကာင့္ ထိုအမကိုလိုက္ဖို႔ၾကံေနၾကတဲ့ က်ေနာ္တို႔အဖြဲ႕ထဲက တခ်ိဳ႕ေကာင္ေတြဟာဆိုရင္ထိုျမင္ကြင္းကိုဆက္မၾကည္္႕ႏိုင္ေတာ့ဘဲေမွ်ာ္လင့္ခ်က္မဲ့စြာျဖင့္ အၾကည့္ေတြလႊဲသြားၾကေတာ့သည္။

က်ေနာ္ေဘးဘီကိုတစ္ခ်က္ေဝ့ၾကည့္လိုက္ေတာ့ အေ႐ွ႕ေျပးလိုက္ အေနာက္ေျပးလိုက္ႏွင့္အလုပ္႐ႈပ္ေနေသာ အကိုမင္းခန္႔ထည့္အား ေနာက္ဆုံးေတာ့ေတြ႕လိုက္ရပါၿပီ။
သူ႕အလုပ္နဲ႔သူ႐ႈပ္ေနတာေၾကာင့္က်ေနာ္တို႔ကိုေတာင္အာ႐ုံမစိုက္အားေပ။

"ေမာင္ေလးတို႔ 2nd roundလမ္းေလွ်ာက္နည္းကို ထပ္က်င့္ၾကည့္ရေအာင္ေနာ္"

ထို႔ေနာက္က်ေနာ္တို႔ထပ္ေလ့က်င့္ၾကျပန္သည္။ ေန႔လည္ Break Timeအခ်ိန္ေရာက္ေတာ့ က်ေနာ္တို႔ ေလ့က်င့္ေနရာကေနရပ္နားလိုက္ၾကၿပီး အမထားသရဖီဦးကလည္းသူ႕ေကာင္ေလးနဲ႔ Canteenသြားၾကသလို က်န္တဲ့လူေတြကလည္းဌာနကေနအလွ်ိဳလွ်ိဳထြက္သြားၾကေတာ့သည္။

႐ိႈင္းေဇယံကေတာ့ ဌာနမွာ Wifiရတာမို႔
ေထာင့္တစ္ေထာင့္မွာ လိုင္းခနထိုင္သုံးေနတဲ့အခိုက္ မင္းစက္က သူ႕ေ႐ွ႕သို႔Ice coffeeတစ္ခြက္နဲ႔ေရာက္လာခဲ့သည္။

သူလည္း အကိုမင္းစက္ကမ္းေပးလာတဲ့ေကာ္ဖီခြက္ေလးကိုလွမ္းယူလိုက္ကာေက်းဇူးတင္စကားဆိုလိုက္သည္။

"ေက်းဇူးတင္ပါတယ္ အကိုမင္းစက္"

အကိုမင္းစက္က က်ေနာ္႕ကို ျပဳံးျပကာထြက္သြားၿပီးေနာက္ ဌာနမွာက်န္ေနေသးတဲ့တျခားလူေတြကိုလည္းေကာ္ဖီတစ္ေယာက္တစ္ခြက္က်စီျဖင့္လိိဳက္ေဝေပးေနေလသည္။

'အကိုမင္းခန္႔ထည္ကလည္းအလုပ္႐ႈပ္ေနေတာ့ ဒီတစ္ပတ္လုံး coffeeနဲ႔Takoyakiငတ္မယ့္ကိန္းဆိုက္ၿပီထင္တယ္။'

႐ိႈင္းေဇယံသည္လက္ထဲကcoffeeခြက္ေလးအား အတန္ငယ္စိုက္ၾကည့္ေနၿပီးေနာက္ေသာက္မည္အျပဳ
တစ္စုံတစ္ေယာက္က သူ႕coffeeခြက္ေလးကိုဆြဲလုသြားေလ၏။

႐ိႈင္းေမာ့ၾကည့္လိုက္ေတာ့ ေအးျမေသာအျပဳံးတစ္စုံႏွင့္မ်က္လႊာခ်ၾကည့္ေနတဲ့တစ္ေယာက္ေသာသူကိုေတြ႕လိုက္ရကာ
ထိုလူက သူ႕လက္ထဲကို Ice coffeeအသစ္တစ္ခြက္ ထည့္ေပးလာခဲ့သည္။

"ညီက အကို႔Coffeeကို ေမ့ေနတယ္ေပါ့ေလ ဒါမွမဟုတ္ ၿငီးေငြ႕သြားတာမ်ားလား"

ထိုအခါ ႐ိႈင္းေဇယံက ဟြန္းဆို၍ရယ္သံေလးနဲ႔အသံျပဳလာကာ လက္ထဲေရာက္လာတဲ့ေကာ္ဖီခြက္ေလးကိုတစ္ငုံေသာက္လိုက္ၿပီး မ်က္လုံးေလးေတြကိုလွိမ့္လိုက္ေတာ့သည္။

"Coffeeဆက္တဲ့ အကိုက အားမွမအားတာကို က်ေနာ္လည္းရရာေသာက္ကတာေပါ့ အကိုမင္းစက္တိုက္တဲ့ေကာ္ဖီလည္းမဆိုးပါဘူး"

ထိုအခါမင္းခန္႔ထည္က သူ႕ရဲ႕မ်က္လုံးေတြကိုေမွးက်ဥ္းလိုက္ၿပီးေကာင္ေလးရဲ႕ဂုတ္သားေဖြးေဖြးေလးကိုဆြဲညႇစ္လာခဲ့ေလသည္။ထိုအထိအေတြ႕ေၾကာင့္ ႐ိႈင္းေဇယံေလးမွာမေနတတ္ဘဲတြန္႔လိမ္သြားရေတာ့သည္။

"ေနာက္ေန႔ေတြက်ရင္လည္း ဒီကက်ေနာ္မ်ိဳးက အေ႐ွ႕ကခမ်ားေလးေသာက္ဖို႔Coffeeအေျပးေလးလာဆက္ဦးမွာမို႔လို႔ တျခားCoffeeေတြကိုေသာက္လို႔မျဖစ္ဘူးေနာ္ ညီ.."

"ဟုတ္ကဲ့ပါဗ်ာ"

"ဒါနဲ႔ေမ့ေနတာ ေရာ့ Takoyaki ပူမယ္ေနာ္သတိထားစား အခုမွ သြားဝယ္လာတာမို႔လို႔ ပူေနတုန္းပဲ႐ွိေသးတယ္"

"ဟီးဟီး က်ေနာ္က ဒီတစ္ပတ္လုံးငတ္ၿပီထင္ထားတာ Thanks a lotပါ ကိုကို"

'ကိုကို!!!!'

မင္းခန္႔ထည္ရဲ႕အျပဳံးေလးမ်ားကေခတၱေတာင္္႕ခဲသြားရေလ၏။
႐ိႈင္းေဇယံလည္း တိတ္ဆိတ္သြားေသာမင္းခန္႔ထည္ကို ေမာ့ၾကည့္လိုက္ကာ ရယ္က်ဲက်ဲအသံေလးျဖင့္။

"ကိုကိုလို႔ ေခၚလို႔စိတ္ဆိုးသြားတာေတာ့ မဟုတ္ပါဘူးေနာ္ က်ေနာ္က ဒီအတိုင္းေလးစလိုက္တာပါ အကိုမႀကိဳက္ရင္ေနာက္မစေတာ့ဘူးေနာ္"

သူထိုသို႔ဆိုလိုက္ေတာ့မွ အကိုမင္းခန္႔ထည္ရဲ႕မ်က္ႏွာထက္မွာအျပဳံးတို႔ကျပန္အသက္ဝင္လာရၿပီး သူ႕ရဲ႕ေခါင္းေလးကိုကိုင္၍ျငင္သာစြာပြတ္သပ္ေပးလာသည္။

"အကို စိတ္မဆိုးတာမို႔ စိတ္ထဲမထားနဲ႔ေနာ္" ဟု မင္းခန္႔ထည္ကဘာမွမျဖစ္သလိုပဲေျပာလာၿပီးေနာက္ ေက်ာခိုင္းကာထြက္သြားေတာ့ေလသည္။
အေနာက္၌က်န္ရစ္ခဲ့ရတဲ့ ႐ိႈင္းေဇယံကေတာ့ မင္းခန္႔ထည္ရဲ႕ေအးစက္စက္ေက်ာျပင္ေလးကိုေငးၾကည့္လို႔ေနလ်က္ လက္ထဲကေကာ္ဖီခြက္ေလးကိုတင္းတင္းဆုပ္ကိုင္မိထားသည္။

'ဟုတ္သားပဲ အကိုမင္းခန္႔ထည္က ဒီလိုမ်ိဳးေတြကိုမွမႀကိဳက္တာ သူကGayေတြကိုမုန္းေနတဲ့သူပဲဟာ'

2nd roundေလွ်ာက္တာေလ့က်င့္ၿပီးသြားေတာ့ အမထားသရဖီဦးက က်ေနာ္တို႔အား photo႐ိုက္ဖို႔အတြက္မိတ္ကပ္ျပင္ေပးေလသည္။အကို မင္းခန္႔ထည္ကေတာ့ က်ေနာ္တို႔ကို photo႐ိုက္ေပးမယ့္ Cameraကိုအာ႐ုံဝင္စားစြာျဖင့္စစ္ေဆးေနၿပီး Cameraစမ္းတဲ့အေနနဲ႔လွည့္ပတ္ကာဓာတ္ပုံ႐ိုက္ၾကည့္ေန၏။

"ေမာင္ေလးရဲ႕အသားအရည္က မိတ္ကပ္လိမ္းစရာမလိုေအာင္ျဖဴေဖြးညက္ေညာေနတဲ့အျပင္ကို မ်က္ႏွာအသားေလးကႏုေနတာပဲေနာ္ ေမာင္ေလးသာ မိန္းကေလးဆိုရင္ေတာ္ေတာ္လွတယ္လို႔တင္စားမိမွာ
အမတို႔majorက the whole queenေတာင္စြဲသြားႏိုင္တယ္"

႐ိႈင္းေဇယံကို မိတ္ကပ္လိမ္းေနစဥ္ ထားသရဖီဦးက အားက်စြာဆိုေလသည္။
သူလည္းထိုအမစကားကို ဘာမွခြန္းတုံ႔ျပန္မေနေတာ့ဘဲ ရယ္ပဲရယ္ေနလိုက္ေတာ့သည္။

"မိတ္ကပ္ျပင္ၿပီးတဲ့သူေတြ photo႐ိုက္ဖို႔ ဌာနေ႐ွ႕ကိုထြက္ခဲ့ေပးပါ"

မင္းခန္႔ထည္က ထိုသို႔ေအာ္ေျပာလိုက္ၿပီး Cameraႀကိဳးကိုလြယ္လိုက္လ်က္ ဌာနေ႐ွ႕သို႔ထြက္သြားေတာ့ေလသည္။

ထိုအခိုက္အတန္႔တြင္
ထိုအမကအကိုမင္းခန္႔ထည္ရဲ႕ေနာက္ေက်ာေလးကိုေတာက္ပတဲ့မ်က္ဝန္းေလးေတြနဲ႔လိုက္ၾကည့္ေနတာကို သူသတိထားမိလိုက္သည္။

"လိမ္းၿပီးသြားတဲ့ေမာင္ေလးေတြ ခုနကအကိုေျပာတဲ့အတိုင္းဌာနေ႐ွ႕ကိုသြားလို႔ရၿပီေနာ္"
ဟုသူမကလွမ္းေျပာလိုက္ၿပီးေနာက္
႐ိႈင္းေဇယံကိုဆံပင္ပုံစံဆက္သြင္းေပးေနေလသည္။

"ေမာင္ေလး ခုနကအကို ကိုသိလား"

"ဟုတ္သိတယ္ အကိုမင္းခန္႔ထည္ကိုေျပာတာမွတ္လား"

"အင္း အဲ့ဒီအကိုက အရမ္းေခ်တယ္။ၿပီးေတာ့ သူ႕ရည္းစားကိုလည္း အရမ္းခ်စ္တတ္တာ။"

သူမက စပေရးျဖန္းကာဖီးသင္လိုက္ရင္းဆက္ေျပာလာသည္။သူမရဲ႕စကားသံတို႔ထဲမွာႏွေျမာတသျဖစ္ေနတဲ့ခံစားခ်က္တို႔ကသိသိသာသာေရာယွက္ေနလ်က္။

"ဘယ္ေလာက္ပဲလွတဲ့ မိန္းကေလးျဖစ္ပါေစ ဘယ္ေလာက္ပဲနာမည္ႀကီးေနတဲ့ Queenျဖစ္ပါေစ သူ႕ရည္းစားကလြဲလို႔ ဘယ္မိန္းကေလးကိုမွသူစိတ္မဝင္စားဖူးဘူး။
သူ႕ရည္းစားကလည္း အရမ္းလွတဲ့ မိန္းကေလးျဖစ္ေနေတာ့လည္း အဲ့အမကို အရမ္းဖူးဖူးမႈတ္ထားၿပီးခ်စ္ေနတာက
မထူးဆန္းပါဘူးေလ။"

"အမက်ေနာ္ေမးတာကို စိတ္ေတာ့မဆိုးနဲ႔ေနာ္ အမေကာ အကိုမင္းခန္႔ထည္ကိုစိတ္ဝင္စားခဲ့ဖူးလား"

႐ိႈင္းေဇယံက သိခ်င္စိတ္ျဖင့္သာေမးလိုက္ျခင္းျဖစ္ေပမယ့္ သူထိုအမကိုအားတုံ႔အားနာလည္းျဖစ္မိျပန္သည္။ ႐ိႈင္းေဇယံရဲ႕ေမးခြန္းကို ထားသရဖီဦးကလည္း စိတ္အေႏွာင့္အယွက္မျဖစ္ဘဲ ေဖာ္ေ႐ြပြင့္လင္းစြာျဖင့္ျပန္တုံ႔ျပန္လာခဲ့သည္။

"ေမာင္ေလးကိုျမင္ျမင္ခ်င္း ခင္လို႔အမေျပာျပပါ့မယ္။ အမကလည္း အကိုမင္းခန္႔ထည္ရဲ႕ျငင္းဆန္တာကိုခံခဲ့ရလို႔ သူနဲ႔ေတြ႕ခဲ့တာပဲဆိုပါေတာ့"
ထိုအမက သူ႕ေကာင္ေလး႐ွိရာဘက္သို႔ေမးဆတ္ျပလာခဲ့သည္။
ထိုစဥ္ ထိုသူကိုျမင္ေနရတဲ့သူမရဲ႕မ်က္ဝန္းေလးေတြဟာအတိုင္းအဆမ႐ွိေပ်ာ္႐ႊင္မႈတို႔နဲ႔အတူေကြးၫႊတ္တက္ေနေလရဲ႕။

"ကိုယ္ခ်စ္ကိုမေ႐ြးနဲ႔ သူခ်စ္ကိုေ႐ြးဆိုတဲ့ ဆို႐ိုးစကားလည္း႐ွိတာပဲေလ အမရည္းစားကအမကို စစေတြ႕ကတည္းႀကိတ္Crushေနခဲ့တာတဲ့။ အမက အကိုမင္းခန္႔ထည္ကိုႀကိဳက္ေနမွန္းသိလို႔ သူကဖြင့္မေျပာဘဲ သူ႕ခံစားခ်က္ေတြကို အခ်ိန္ေတာ္ေတာ္ၾကာတဲ့ထိသိမ္းဆည္းထားတာေပါ့ေလ။"

သူမက သက္ျပင္းေလးေလးတစ္ခ်က္ခ်လိုက္ကာ
"အမကလည္း အဲ့တုန္းက အကိုမင္းခန္႔ထည္နဲ႔အၾကည့္တစ္ခ်က္ဆုံလိုက္တာေလးနဲ႔တင္ ေပ်ာ္မဆုံးေမာ္မဆုံးျဖစ္ေနၿပီးသူ႕ကိုသတိမမူမိခဲ့ဘူး။
ေနာက္ဆုံးေတာ့လည္း အမကိုယ္တိုင္ပဲ အမနဲ႔ထိုက္တန္တဲ့အခ်စ္ကို႐ွာေဖြႏိုင္ခဲ့တယ္ဆိုေတာ့ကာ သူခ်စ္ကိုပဲ အမေ႐ြးခ်ယ္လိုက္တယ္လို႔ဆိုရမွာေပါ့ေလ။"

"အမအေကာင္းဆုံးကို ေ႐ြးခ်ယ္ခဲ့တာပဲ။အမ အခုအရမ္းေပ်ာ္ေနတယ္မွတ္လား"

"ဒါေပါ့ ေမာင္ေလး။"

"အမလည္း ေပ်ာ္ေနတာဆိုေတာ့ အမအစားက်ေနာ္ဝမ္းသာပါတယ္"

"ေမာင္ေလးကိုလည္း အမတစ္ခုေျပာျပခ်င္တယ္။ အခ်စ္ဆိုတဲ့အရာက ရယူပိုင္ဆိုင္ႏိုင္မွပဲအခ်စ္လို႔သတ္မွတ္ႏိုင္တာမဟုတ္ဘူးေမာင္ေလး။ ကိုယ္ခ်စ္တဲ့လူ ေပ်ာ္႐ႊင္ေနတာေလးကိုေငးၾကည့္ရင္း အေဝးတစ္ေနရာကေန တိတ္တဆိတ္ခ်စ္ေပးေနတာကလည္း လူတစ္ေယာက္ကိုခ်စ္နည္းတစ္မ်ိဳးပဲဆိုတာကို အမေကာင္ေလးေၾကာင့္ အမသိခြင့္ရလိုက္တယ္"

"ဟုတ္ ေျပာျပေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္အမ"

"Wow! ငါ့ေမာင္ေလးကေခ်ာလိုက္တာ ဒီလိုမ်ိဳးဆံပင္ကို အေပၚဖက္ကို ၿဖီးတင္ထားတာကမွေမာင္ေလးနဲ႔လိုက္တာ ကဲ သြားေတာ့ ဌာနေ႐ွ႕မွာ photographerႀကီးေစာင့္ေနေလာက္ၿပီ"

သူလည္း ထိုအမကိုရင္းႏွီးစြာျပန္ျပဳံးျပလိုက္ၿပီးမွ ဌာနေ႐ွ႕သို႔ထြက္လာလိုက္ေတာ့သည္။
သူ ဌာနေ႐ွ႕ကိုေရာက္ေတာ့ သူ၏ခန္႔ညားလွတဲ့ တစ္ဦးတည္းေသာ photographerႀကီးကိုေတြ႕လိုက္ရေလသည္။

ထိုလူသားကိုၾကည့္ေနရင္း သူ႕ရဲ႕ေခါင္းထဲမွာအမထားသရဖီဦးေျပာလိုက္တဲ့စကားေတြကိုထပ္ခါတလဲလဲျပန္ၾကားေယာင္ေနမိေလသည္။
'အခ်စ္ဆိုတဲ့အရာက ရယူပိုင္ဆိုင္ႏိုင္မွပဲအခ်စ္လို႔သတ္မွတ္ႏိုင္တာမဟုတ္ဘူး'တဲ့။အမရဲ႕စကားကသိပ္မွန္တာပဲ။'

ဒါ့ေၾကာင့္ ႐ိႈင္းေဇယံေလးဟာ တစ္ေယာက္ေသာသူရဲ႕အျပဳံးေလးေတြကို အေဝးတစ္ေနရာကေန ေငးၾကည့္ေနဖို႔သာ ေ႐ြးခ်ယ္လိုက္ပါေတာ့သည္။

သူေငးၾကည့္ေနတဲ့ထိုလူသားကေတာ့ အခုခ်ိန္၌ King Selectionတစ္ေယာက္နဲ႔တိုင္ပတ္ေန႐ွာေလသည္။

"ညီေလးေရ ဒါ passportပုံ႐ိုက္ေနတာမဟုတ္ဘူးေလကြာ postေလးဘာေလးေပးပါဦး ။ ညီေလးတို႔ကိုအကိုတစ္ခုေျပာစရာ႐ွိတယ္။ ဒီပြဲမွာ ဒီလိုphotoေတြ႐ိုက္ ၿပီးmodelေတြလိုမ်ိဳး လမ္းေလွ်ာက္က်င့္ရတာမ်ိဳးေတြက ညီေလးတို႔လိုအင္ဂ်င္နီယာေလာင္းေတြအတြက္ အကိုတို႔က အဓိပၸါယ္မ႐ွိတာေတြလုပ္ခိုင္းေနတယ္လို႔ထင္ေနတဲ့လူ႐ွိေကာင္း႐ွိလိမ့္မယ္။"

"ဒါေပမယ့္ ညီေလးတို႔အတြက္ ဒီလိုပြဲမ်ိဳးေတြမွာပါဝင္ဆင္ႏႊဲခြင့္ရတာ အရမ္းကံေကာင္းတယ္သိလား။ ညီေလးတို႔လူအမ်ားႀကီး႐ွိတဲ့စင္ေပၚမွာ showေလွ်ာက္ရတဲ့အခါ ညီေလးတို႔အတြက္ stage စင္နဲ႔ပတ္သတ္ၿပီးေတာ့ အေတြ႕အၾကဳံေတြရင္းႏွီးသြားမယ္။ေနာင္တစ္ခ်ိန္ ညီေလးတို႔ေတြထဲမွာ foreignerေတြေ႐ွ႕စင္ေပၚတက္ၿပီး မိန္႔ခြန္းေျပာရမယ့္လူ မ႐ွိဘူးလို႔မေျပာႏိုင္ဘူးေလ။ အဲ့ဒီအခါက်ရင္ ကိုယ္က အေတြ႕အၾကဳံ႐ွိၿပီးသားလူမို႔လို႔ တျခားလူေတြလို ဒူးေခ်ာင္ေနစရာမလိုေတာ့ဘူးေပါ့။ "

"ၿပီးေတာ့ ဒီလိုphotoေတြ႐ိုက္တာကလည္း ညီေလးတို႔တစ္ခ်ိန္က် ေအာင္ျမင္တဲ့လုပ္ငန္း႐ွင္ႀကီးေတြျဖစ္လာတဲ့အခါ ညီေလးတို႔အ႐ိုက္ခံရၿပီေလ သတင္းေထာက္ေတြဆီကေန မီးေရာင္ေလးေတြတဖ်က္ဖ်က္နဲ႔ေပါ့။ အဲ့ဒီအခ်ိန္က်ရင္ေကာ ဒီလိုမ်ိဳး မျပဳံးမရယ္တဲ့passportပုံႀကီးေတြပဲအ႐ိုက္ခံမွာလား။ အဲ့လို႐ိုက္လို႔မရေတာ့ဘူးေလ ကိုယ္က သူေဌးႀကီးပီပီလုပ္ငန္း႐ွင္ႀကီးပီပီ စတိုင္ထုတ္ရေတာ့မယ္။အခု႐ိုက္ရမယ့္အဆင့္က အဲ့အတြက္ႀကိဳေလ့က်င့္ထားတဲ့သေဘာလို႔သေဘာထားလိုက္ေပါ့။"

"ေနာက္ဆုံးေျပာခ်င္တာက ညီေလးတို႔အၿမဲတမ္း႐ွက္ေၾကာက္ေနလို႔မရဘူး။ အနာဂတ္ရဲ႕လူငယ္ေတြကအၿမဲတမ္းရဲတင္းေနရမယ္။ အရမ္းႀကီးရဲတင္းေနတာမ်ိဳးေတာ့မဟုတ္ဘူးေပါ့ေလ။လူတစ္ေယာက္အတြက္႐ွိသင့္႐ွိထိုက္သေလာက္ေပါ့။ညီေလးတို႔ ေနာင္တစ္ခ်ိန္ ဒီလိုပြဲမ်ိဳးေတြတက္ရရင္ လူေတြအမ်ားႀကီးနဲ႔ေတြ႕ရၿပီေလ။ အဲ့အခါက်ရင္ ညီေလးတို႔ေျပာဆိုဆက္ဆံတတ္ေနရမယ္။"

"အဲ့ဒါေၾကာင့္ ဒီမွာ႐ွိတဲ့ကိုယ္နဲ႔မရင္းႏွီးတဲ့စီနီယာေတြကို ညီေလးတို႔ဘက္ကေနစၿပီးအရင္ႏႈတ္ဆက္ရမယ္။မိတ္ဖြဲ႕ရမယ္။ ေဖာ္ေဖာ္ေ႐ြေ႐ြေျပာဆိုဆက္ဆံရမယ္။ဒါမွ ညီေလးတို႔ရဲ႕communication scaleေတြကဒီ့ထက္ပိုေကာင္းလာၿပီးေတာ့ ေနာင္ တစ္ခ်ိန္က်ျပန္အသုံးခ်တတ္မွာကြာ။
အကိုေျပာတာသေဘာေပါက္ၾကတယ္မွတ္လား။"

မင္းခန္႔ထည္ကအာေခါင္ေျခာက္လုမတတ္စကားအ႐ွည္ႀကီးေျပာလိုက္ၿပီးေနာက္ King Selectionေလးေတြက ေထာက္ခံသည့္ႏွယ္ေခါင္းညႇိတ္ျပလာတာေၾကာင့္ ေျပာရမယ္ဆိုအေမာခံရက်ိဳးနပ္တယ္ေပါ့။

"ညီေလးတို႔က MCကိုယ္စားျပဳ King Selectionေတြျဖစ္တဲ့အတြက္ ကိုယ္တို႔majorအေပၚလူစိတ္ဝင္စားမႈမ်ားေအာင္ ညီေလးတို႔ကပဲ လုပ္ေဆာင္ေပးရမယ္။Handsome, Smart ,Attractive guysေတြျဖစ္ေနရမယ္။
ဟုတ္ၿပီေနာ္ ကဲ ဟိုညီေလး အကိုတို႔ျပန္႐ိုက္မယ္"

မင္းခန္႔ထည္က King Selectionေတြထဲကဆက္ေနာင္ခဆိုတဲ့ေကာင္ေလးကို Cameraေ႐ွ႕၌ေနရာျပန္ယူခိုင္းလိုက္ေလသည္။

'ဒီႏွစ္ First yearေလးေတြက စကားနားေထာင္ၾကသားပဲ။သူေျပာတဲ့အတိုင္းေတာ့ႀကိဳးစားၿပီးpostေပး႐ွာပါတယ္။
နဲနဲရယ္ခ်င္စရာေလးေတြျဖစ္ေနတာကလြဲလို႔ေပါ့။'

"ညီေလး ညီေလး နာမည္ဘယ္လိုေခၚလဲ"

"က်ေနာ္႕နာမည္က ထက္ခန္႔ေခ်ာေမာင္ပါခမ်"

အသားညိဳညိဳနဲ႔အင္မတိအင္မတန္မွတက္ႂကြေနပါတဲ့ေကာင္ေလးကစစ္တပ္ထဲကိုေရာက္ေနတဲ့ေလသံနဲ႔ျပန္ေျဖလာတာေၾကာင့္မင္းခန္႔ထည္တစ္ေယာက္ သေဘာတက်ရယ္မိလိုက္ေလသည္။

'လခြမ္း႐ွည္ခ်က္ကြာ။'

"ဟုတ္ပါၿပီ ညီေလး ထက္ခန္႔ေခ်ာေမာင္ေရ နာမည္က ခန္႔ေခ်ာေနၿပီး လူက ႐ွဴနာ႐ိႈက္ကုန္းျဖစ္ေနလို႔မရဘူးေလ ညီေလးနာမည္နဲ႔လိုက္ေအာင္ ကိုယ္ခန္႔ေခ်ာေၾကာင္းျပရမွာေပါ့မဟုတ္ဘူးလား ဒါမွညီေလးကို တစ္ေက်ာင္းလုံးကမမေတြကေႂကြမွေပါ့ကြ။ Cameraကိုၾကည့္ အေကာင္းဆုံး postေပးမယ္။
မမေတြအသဲကိုေႁခြခ်မယ့္postမ်ိဳး။"

မင္းခန္႔ထည္ကေနာက္ေနာက္ေျပာင္ေျပာင္နဲ႔ထိုသို႔ဆိုလိုက္ေတာ့စိမ္းသက္သက္ႀကီးျဖစ္ေနတဲ့ေလထုကခနတြင္းခ်င္းပင္ေပါ့ပါးသြားရကာတစ္ေယာက္နဲ႔တစ္ေယာက္ရင္းႏွီးလာခဲ့ၾကၿပီးအကုန္လုံးဆီကေနတခစ္ခစ္ရယ္ေမာသံေတြထြက္က်လာေတာ့သည္။

ထို႔ေနာက္ ေနာက္တစ္ေယာက္လည္း ထိုနည္း၎ပင္ သူ မနည္းေခ်ာ့ေျပာရျပန္သည္။
တကယ့္ဟာေလးေတြပါ။ ႏူးညံ့ေပ်ာ့ေပ်ာင္းေနလိုက္ၾကတာ Queenေတာင္အ႐ႈံးေပးရမယ့္ပုံေတြနဲ႔။
မင္းခန္႔ထည္မွာအူလည္းတက္ရသလိုစိတ္လဲညစ္မိေလသည္။

ေနာက္ဆုံးေတာ့ က်ေနာ္႕Cameraရဲ႕ဗဟိုျပဳခ်က္ဆီသို႔ က်ေနာ္ရဲ႕မင္းသားေလးက ေရာက္႐ွိလာခဲ့ေလၿပီ။ဟုတ္တယ္ဗ် က်ေနာ္က ႐ိႈင္းေလးတစ္ေယာက္ထဲကိုပဲ အေခ်ာဆုံး၊အေပၚလြင္ဆုံးျဖစ္ေအာင္႐ိုက္ေပးခ်င္တာ။အဲ့ဒါေၾကာင့္ တစ္ခါမွမထုတ္ဖူးတဲ့ကိုယ္ပိုင္cameraကိုေတာင္အေဆာင္ကေနအေျပးသြားျပန္ယူလာခဲ့တာေပါ့။

မႏွစ္တုန္းကေတာ့အငွားcameraနဲ႔ပဲ႐ိုက္ေပးခဲ့ေပမယ့္ ဒီႏွစ္ေတာ့ က်ေနာ္႕Cameraေလးကိုထုတ္သုံးခ်င္စိတ္တို႔ကလုံးဝထိန္းမႏိုင္သိမ္းမရျဖစ္ေနရကာ ဘာေတြျဖစ္လို႔ျဖစ္ေနမွန္းက်ေနာ္ကိုယ္တိုင္ေတာင္
မသိေတာ့ပါဘူး.....

"ညီ postအေကာင္းဆုံးေပးပါ။အကိုေမွ်ာ္လင့္ေနမယ္"

စလာျပန္ၿပီ ႐ိႈင္းေဇယံရဲ႕ပုတ္ခတ္ပုတ္ခတ္မ်က္ဝန္းေလးေတြ ....ၾကက္ေျခနီသင္တန္းမွာတုန္းကလိုမ်ိဳး ႐ွက္႐ြံ႕ေနတဲ့မ်က္ဝန္းေလးေတြနဲ႔တစ္ထပ္တည္းပင္....

"ညီ ကိုယ့္ကိုပဲၾကည့္ Cameraကိုစိတ္ထဲမထားနဲ႔ ညီ့မ်က္လုံးေတြထဲမွာ အကိုကိုင္ထားတဲ့Cameraကိုေဖ်ာက္လိုက္။
ညီ အရင္ေန႔ေတြတုန္းကၾကည့္ေနက်မ်က္ဝန္းေတြနဲ႔ပဲ အကို႔ကို အညိႇဳ႕ငင္ႏိုင္ဆုံး
ၾကည့္ေစခ်င္တယ္ ဟုတ္ၿပီလား ?"

"ဟုတ္"

တစ္ေယာက္ေသာသူကို စိတ္မညစ္ေစဖို႔အတြက္
႐ိႈင္းေဇယံတစ္ေယာက္ သူခ်စ္ရတဲ့သူကို
အၾကည့္ခ်င္ဆုံးေသာ မ်က္ဝန္းအေရာင္ေလးမ်ားျဖင့္ေငးၾကည့္လိုက္ဖို႔ ဆုံးျဖတ္လိုက္သည္။
သူ႕မ်က္စိေ႐ွ႕မွာရပ္ေနတဲ့လူကလည္း
သူတိတ္တခိုးခ်စ္ေနရတဲ့တစ္ဦးတည္းေသာသူပဲေလ။

'ဒီမ်က္ဝန္းေတြထဲက စကားသံေလးေတြကအကို႔ကို က်ေနာ္ထုတ္ေျပာျပခြင့္မ႐ွိတဲ့ က်ေနာ္႕ႏွလုံးသားထက္က အစစ္မွန္ဆုံးေသာ စကားသံေလးေတြေပါ့။
အကိုသာ ၾကားႏိုင္ရင္ သိပ္ေကာင္းမွာပဲ'

"OK ညီ။ Good!"

မင္းခန္႔ထည္ကေတာ့သာမန္photographerတစ္ေယာက္လိုပဲ ျပန္တုံ႔ျပန္လာခဲ့ကာ ႐ိႈင္းေဇယံရဲ႕မ်က္ဝန္းေတြထဲကစကားသံေလးေတြကိုေတာ့ ၾကားတဲ့ပုံမေပၚေပ။

႐ိႈင္းေဇယံကေနာက္ဆုံးတစ္ေယာက္ျဖစ္တာေၾကာင့္ ဓာတ္ပုံ႐ိုက္ျခင္းကအဆင္ေျပေျပပဲၿပီးဆုံးသြားခဲ့ၿပီး မင္းခန္႔ထည္ကCameraထဲမွပုံေတြကိုတစ္ပုံခ်င္းျပန္စစ္ေဆးေနရင္းဌာနအျပင္ဘက္၌က်န္ေနခဲ့ေလ၏။

႐ိႈင္းေဇယံတို႔ကေတာ့ ဌာနထဲျပန္ဝင္သြားၾကကာခနနားလိုက္ၿပီးေနာက္ အမထားသရဖီဦးနဲ႔အတူဆက္ေလ့က်င့္ၾကျပန္ေလသည္။

မင္းခန္႔ထည္လည္း ဌာနေ႐ွ႕တစ္ေနရာမွာ႐ွိတဲ့အုတ္ခုံေလးေပၚမွာခနထိုင္လိုက္ၿပီး Cameraထဲကပုံေတြကို တစ္ပုံခ်င္းျပန္ၾကည့္ေနရင္းကေန ႐ိႈင္းရဲ႕ပုံေလးအေရာက္မွာ သူ႕ရဲ႕လက္ေတြက ရပ္တန္႔သြားခဲ့ေလသည္။

ထို႔ေနာက္ မင္းခန္႔ထည္ရဲ႕ေကြးၫႊတ္ေနတဲ့ႏႈတ္ခမ္းသားမ်ားသည္ေအာက္ဘက္သို႔ေျပေလ်ာ့က်သြားခဲ့ကာ ထိုပုံေလးကိုသာ နင့္နင့္နဲနဲစိုက္ၾကည့္ေနရင္း အေတြးမ်ားသြားရ၏။

'ေကာင္ေလး မင္းမွာသေဘာက်ေနရတဲ့လူ႐ွိေနၿပီလား'

^~^^~^^~^^~^^~^^~^^~^^~^^~^^~^^~

ထိုစဥ္Archiေဆာင္ဘက္တြင္လည္း
ေလ့က်င့္ေနၾကေလသည္။

ဒီအခ်ိန္က Major ၉ခုစလုံး သူတို႔ဌာနမွာအသီးသီးအလုပ္႐ႈပ္ေနၾကၿပီး ကိုယ့္ဌာနရဲ႕Welcomeပြဲကတျခား ဌာနေတြထက္အေကာင္းဆုံးျဖစ္ေအာင္အၿပိဳင္အဆိုင္ျပင္ဆင္ေနၾကတဲ့အခ်ိန္ပင္။

Archiဘက္က King၊ Queen Selectionေတြကေတာ့အ႐ွက္အေၾကာက္နည္းၾကၿပီးသြက္လက္တက္ႂကြၾကသည္။

ထိုထဲကမွ ဟန္လင္းထက္ဆိုတဲ့နာမည္ေလးကစီနီယာေတြရဲ႕ပါးစပ္ဖ်ားတိုင္းမွာ
ေျပာစမွတ္တြင္ေနေအာင္ထူးျခားလို႔ေနသည္။

အဘယ္ေၾကာင့္ဆိုေသာ္ ထိုေကာင္ေလးက ဘယ္သူ႕ကိုမွဂ႐ုတစိုက္နဲ႔စကားေျပာဆိုလာျခင္းမ႐ွိသလိုစီနီယာေတြကေလ့က်င့္ခိုင္းရင္ မၿငီးမျငဴေလ့က်င့္သည္။ေလ့က်င့္ၿပီးလွ်င္တစ္ဦးတစ္ေယာက္ကိုမွ ႏႈတ္ဆက္စကားေျပာခ်င္းမ႐ွိဘဲ သူတစ္ဦးတည္းသာ သီးျခားေနတတ္ေလသည္။

ဟန္လင္းထက္က သူ႕ရဲ႕Partnerနဲ႔ေလ့က်င့္တဲ့ေနရာမွာလည္းတျခားလူေတြလို႐ွက္ေၾကာက္ေနျခင္းမ႐ွိ ေအးတိေအးစက္နဲ႔ခံစားခ်က္ကင္းမဲ့ေနတဲ့မ်က္ႏွာထားကိုသာတစ္ခ်ိန္လုံးတပ္ဆင္ထားကာ စီနီယာေတြကဘယ္လိုပဲျပဳံးခိုင္းျပဳံးခိုင္း လုံးဝျပဳံးရယ္လာျခင္းမ႐ွိခဲ့ေပ။

ေလ့က်င့္တဲ့အခ်ိန္တစ္ေလွ်ာက္လုံးတြင္ အေတာ္ဆုံးမွာ ဟန္လင္းထက္ပင္ျဖစ္တာေၾကာင့္စီနီယာေတြကေမွ်ာ္လင့္တႀကီးနဲ႔သူ႕အားေစာင့္ၾကည့္ေနၾကၿပီးေက်နပ္အားရေနၾကေပမယ့္ ခြၽင္းခ်က္ေလးတစ္ခုေတာ့႐ွိေလသည္။အဲ့တာဘာလဲဆို ထိုကေလးကစင္ေပၚမွာလုံးဝမျပဳံးတတ္ျခင္းပင္။

ျဖဴစင္ေသာ္ကေတာ့ ထိုေကာင္ေလးရဲ႕ပုံရိပ္ေတြကို အဆက္မျပတ္ေစာင့္ၾကည့္ေနခဲ့ၿပီးဟန္လင္းထက္ကေတာ့ သူမအား ႐ွိတယ္လို႔ေတာင္မမွတ္ဘဲ ဂ႐ုမစိုက္စြာလ်စ္လ်ဴ႐ႈထားေလသည္။

"ေမာင္ေလး ညီမေလးတို႔အတြက္ Dressေတြကို အမတို႔စီနီယာေတြထဲက အမတစ္ေယာက္ရဲ႕အသိဆိုင္ကေန Sponsorေပးမွာမို႔လို႔ ေမာင္ေလးညီမေလးတို႔ရဲ႕ sizeေတြကို
တစ္ခ်က္ေလာက္တိုင္းယူထားခ်င္တယ္
အဲ့လိုတိုင္းထားမွ ငွားတဲ့Dressေတြကေမာင္ေလး ညီမေလးတို႔နဲ႔Fitျဖစ္မွာမို႔လို႔ ဒီဘက္ကိုတစ္ခ်က္ေလာက္လာေပးပါဦးေနာ္ "

စီနီယာအမတစ္ေယာက္ကselectionမ်ားထံသို႔ ထိုသို႔ေအာ္ေျပာလိုက္ၿပီးေနာက္ ျဖဴစင္ေသာ္ဘက္လွည့္ကာဆိုလိုက္သည္။

"ျဖဴစင္ေရ အမတို႔ကို တခ်က္ေလာက္လာကူေပးပါဦး"

ျဖဴစင္ေသာ္က Handmadeအဖြဲ႕ရဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္ကာထိုအမေအာ္ေခၚလိုက္တဲ့အခ်ိန္မွာ သူမက 2nd yearကဂ်ဴနီယာညီမေလးမ်ားအားႏွင္းပြင့္ေလးေတြေခါက္ဖို႔သင္ျပေပးေနခဲ့သည္။ျဖဴစင္ေသာ္က ထိုအမအသံၾကားေတာ့လက္ထဲကကတ္ေၾကးနဲ႔ေရာင္စုံစကၠဴေတြကိုခ်လိုက္ကာ ထရပ္လိုက္ၿပီးျပန္ေျဖလာသည္။

"ဟုတ္ ညီမအခုလာၿပီ အမ"

ျဖဴစင္ေသာ္လည္း ထိုအမနားသို႔ ခ်က္ခ်င္းသြားလိုက္ၿပီးသူမဆီသို႔ကမ္းေပးလာတဲ့ေပႀကိဳးနဲ႔စာအုပ္ကိုလွမ္းယူလိုက္ေလသည္။

"ညီမက king selectionေလးေတြကို ကိုယ္တိုင္း တိုင္းဖို႔တာဝန္ယူေပးပါေနာ္"

"ဟုတ္ကဲ့ အမ"

"King selectionေမာင္ေလးေတြ အမက ေမာင္ေလးတို႔ရဲ႕ကိုယ္တိုင္းကို တိုင္းေပးမွာမို႔လို႔ အမဆီတစ္ခ်က္ေလာက္လာေပးၾကပါ"

ျဖဴစင္ေသာ္ရဲ႕စကားကိုၾကားေတာ့ king selection ၆ေယာက္က သူမအနားသို႔စုျပဳံေရာက္႐ွိလာေလသည္။
Archi Majorက King selectionကို၇ေယာက္ေ႐ြးခ်ယ္ထားရာ
သူမဆီသို႔ေရာက္လာတဲ့အထဲတြင္ ဟန္လင္းထက္မပါလာမွန္းျဖဴစင္ေသာ္တစ္ေယာက္သတိမထားမိလိုက္ေပ။

သူမက King selectionေလးမ်ားရဲ႕Sizeကိုတိုင္းၿပီးေနာက္ စာအုပ္ထဲတြင္ေသေသခ်ာခ်ာေရးမွတ္ထားလိုက္သည္။

"ညီမ အကုန္တိုင္းၿပီးၿပီလား"

"ဟုတ္ကဲ့ အကုန္တိုင္းၿပီးၿပီ အမ"

ထိုအမက ျဖဴစင္ေသာ္ေရးမွတ္ထားတဲ့စာအုပ္ေလးကိုတစ္ခ်က္စစ္ၾကည့္လိုက္ၿပီး
"ညီမ ၆ေယာက္တည္းလား"ဟုေမးလိုက္ေသာ္ ျဖဴစင္ေသာ္ကစာအုပ္ေလးကိုျပန္ၾကည့္လိုက္ကာဆိုလာသည္။

"ဟုတ္ ညီမဆီေရာက္လာတာ သူတို႔အကုန္ပဲ"

"မဟုတ္ေသးဘူး တစ္ေယာက္က်န္ေသးတယ္ ညီမရဲ႕"

"ဟုတ္လား? ... ဟုတ္သားပဲ king selectionက ၇ေယာက္ေနာ္ အမ"

"အင္းေလ ၇ေယာက္"

ထို႔ေနာက္ ထိုအမက နာမည္ေတြကိုေသခ်ာျပန္စစ္ၾကည့္လိုက္ေတာ့က်န္ေနတဲ့တစ္ေယာက္ကို႐ွာေတြ႕သြားေတာ့ေလသည္။

"ဟန္လင္းထက္ က်န္ေနတာပဲ"

ထိုနာမည္ကိုၾကားေတာ့ ျဖဴစင္ေသာ္ရဲ႕လက္ထဲက Lincေဘာပင္ေလးဟာ ေျမျပင္ေပၚသို႔ခုန္ဆင္းသြားရေတာ့သည္။

"ေမာင္ေလးတို႔ေရ ဟန္လင္းထက္ဘယ္မွာလဲသိလား"

ထိုအမအေမးကိုၾကားေတာ့ Selectionေတြ အကုန္လုံးက တစ္ေယာက္မ်က္ႏွာတစ္ေယာက္ျပန္ၾကည့္လိုက္ၾကကာ တိတိလင္းလင္းမေျဖႏိုင္ခဲ့ၾကေပ။
သူတို႔လည္း ဟန္လင္းထက္တစ္ေယာက္ဘယ္ေပါက္လို႔ဘယ္ေရာက္ေနမွန္းမသိတာေၾကာင့္ ျဖစ္သည္။

"က်ေနာ္ ဒီမွာ"

အသံထြက္လာတဲ့ေနရာကိုအကုန္လုံးလွမ္းၾကည့္လိုက္ေတာ့ ခုံတစ္ခုေပၚမွာရပ္ေနတဲ့ နာမည္ပိုင္႐ွင္ေလးကိုေတြ႕လိုက္ရေလသည္။
မာနခဲဒင္းေလးက စီနီယာအကိုႀကီးတစ္ေယာက္ကို မီးဝိုင္းကူဆင္ေပးေနျခင္းပင္။

"ေမာင္ေလး ခနဆင္းလာခဲ့ဦး ဒီအမက မင္း sizeကိုတိုင္းေပးရဦးမယ္ တိုင္းဖို႔ကလည္း ေမာင္ေလးတစ္ေယာက္ပဲက်န္ေတာ့တာ"

ထိုအခါ ဟန္လင္းထက္က ခုံေပၚမွဆင္းလာၿပီး ျဖဴစင္ေသာ္နဲ႔ထိုအမေ႐ွ႕၌ရပ္လိုက္ကာျဖဴစင္ေသာ္ကိုမၾကည့္လာဘဲ ေဘးကအမကိုပဲၾကည့္လာလ်က္ စိတ္မ႐ွည္စြာဆိုလာ၏။

"က်ေနာ္႕ကိုအေသးစိတ္တိုင္းေပးစရာမလိုပါဘူး။က်ေနာ္က X ကေန XL ထိဘာျဖစ္ျဖစ္ အကုန္ေတာ္တယ္။ က်ေနာ္႕အတြက္ အဝတ္အစားေတြက Fitျဖစ္ေနစရာလည္းမလိုဘူး။ခုနကေျပာတဲ့sizeေတြနဲ႔ အကုန္အဆင္ေျပတယ္။"

"မဟုတ္ဘူးေလ ေမာင္ေလးရဲ႕......"

ထိုအမစကားပင္မဆုံးအားအေခ်ေကာင္ေလးဟန္လင္းထက္ကေတာ့ ထိုေနရာမွ ထြက္သြားႏွင့္ၿပီးၿပီပင္။ဟန္လင္းထက္ထြက္သြားေတာ့မွ ျဖဴစင္ေသာ္က ထိုေကာင္ေလးရဲ႕ေက်ာျပင္ကို တစ္ခ်က္ၾကည့္လိုက္ေပေတာ့သည္။

"ဒီေခါင္းမာတဲ့ေကာင္ေလးနဲ႔ကေတာ့...
ညီမေရ သူ႕နာမည္ေအာက္မွာ X to XLလို႔ပဲေရးထားလိုက္ေတာ့"

ျဖဴစင္ေသာ္လည္း ထိုအမေျပာတဲ့အတိုင္းပဲေရးမွတ္ထားလိုက္ေလသည္။

ေန႔လည္၂နာရီခြဲမွာေလ့က်င့္ေရးကၿပီးသြားခဲ့ၿပီျဖစ္တာေၾကာင့္ ဟန္လင္းထက္တစ္ေယာက္ Archiေဆာင္ကေနခပ္သုတ္သုတ္ထြက္လာလိုက္ကာ MCဌာနဘက္သို႔ဦးတည္လိုက္သည္။

သူ MC ဌာနဘက္ကိုေရာက္ေတာ့ အပ္က်သံမၾကားရေလာက္ေအာင္တိတ္ဆိတ္ၿငိမ္သက္ေနသျဖင့္ ဌာနထဲသို႔ခနဝင္ၾကည့္လိုက္သည္။
ဌာနထဲမွာလည္းေလ့က်င့္တဲ့လူေတြမ႐ွိေတာ့ဘဲ ႐ွင္းလင္းေနခဲ့ကာ သီခ်င္းတိုက္ေနၾကတဲ့စီနီယာအကိုတစ္စုကိုပဲေတြ႕ရေလသည္။

"ကိုစက္ျပန္မ်ားျပန္သြားၿပီလား"

ဟန္လင္းထက္လည္း ဌာနမွျပန္ထြက္လာလိုက္ၿပီး အေဆာင္ဆီသို႔ျမန္ျမန္ျပန္လာလိုက္သည္။သူတို႔ႏွစ္ေယာက္ရဲ႕အခန္းေ႐ွ႕ေရာက္ေတာ့ အခန္းတံခါးက မေျပာင္းမလဲ ေသာ့ခတ္လ်က္ပင္။

"အေဆာင္လည္း ျပန္မေရာက္ေသးပါလား"

ဟန္လင္းထက္တစ္ေယာက္ အခန္းတံခါးကိုေသာ့မဖြင့္အားဘဲ မင္းစက္ဆီသို႔ phoneအရင္ဆက္လိုက္ေတာ့သည္။

တစ္ခါေခၚတယ္ ဖုန္းကတစ္ခါက်သြားတယ္။ ေနာက္တစ္ခါထပ္ေခၚတယ္ေနာက္တစ္ခါလည္းဖုန္းကျပန္မေျဖဘဲထပ္က်သြားျပန္တယ္။

သုံးခါေျမာက္ေခၚေတာ့မွဖုန္းကဝင္သြားၿပီး

"ဟဲလို"ဆိုတဲ့သူစိမ္းတစ္ေယာက္ရဲ႕အသံကတစ္ဖက္ကေနထြက္လာတာေၾကာင့္ သူဆက္လိုက္တဲ့ဖုန္းနံပါတ္က မွားမ်ားမွားေနလားဆိုၿပီး သူ႕ခမ်ာေသေသခ်ာခ်ာတစ္ခ်က္ျပန္ၾကည့္လိုက္ရေလသည္။

" ကိုစက္နဲ႔စကားေျပာခ်င္လို႔ပါ ဒါကိုစက္ဖုန္းဟုတ္ပါတယ္ေနာ္"

"ဟုတ္ပါတယ္ ဒါမင္းစက္ရဲ႕ဖုန္းပါ ။
အခုမင္းစက္က ပတ္တီးစည္းေနရလို႔ အစားကိုင္ေပးတာပါ
ဘယ္သူလို႔ေျပာေပးရမလဲမသိဘူး"

ထိုစကားၾကားေတာ့သူ႕ရဲ႕ႏွလုံးအိမ္က
တမဟုတ္ခ်င္းတင္းၾကပ္သြားရေလ၏။
"ဗ်ာ!!! ပတ္တီးစည္းေနရတယ္။
ကိုစက္ ဘာျဖစ္လို႔လဲ။"

တီ..တီ..တီ.....

"ဟဲလို ဟဲလို ေတာက္!"

ဖုန္းက်သြားခဲ့ၿပီပင္။

'ကိုစက္ကို က်ေနာ္ ဘယ္လိုနည္းနဲ႔မွအထိအခိုက္မခံႏိုင္ဘူးဆိုမွ က်ေနာ္မသိလိုက္တဲ့အခ်ိန္ခနေလးမွာ
ကိုစက္ဘာေတြျဖစ္သြားတာလဲ'

မင္းစက္တစ္ေယာက္ဘာေတြျဖစ္ေနမွန္းအေသးစိတ္မသိလိုက္ရတဲ့ဟန္လင္းထက္မွာစိုးရိမ္ေသာကတို႔နဲ႔အတူကမ႓ာပ်က္ေနရၿပီး အေဆာင္ကေနဒုန္းဆိုင္းထြက္သြားေတာ့ေလသည္။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

လြန္ခဲ့တဲ့တစ္နာရီခန္႔က ေန႔လည္ခင္း photo႐ိုက္ၿပီးေတာ့ မင္းခန္႔ထည္တစ္ေယာက္ မီးေတြဝိုင္းဆင္ေနရကာ မင္းစက္လည္းထိုအဖြဲ႕တြင္အပါအဝင္ျဖစ္သည္။

"မင္းခန္႔ ဒီမီးေခ်ာင္းေတြပါ ဖြင့္လို႔ရရင္ ဌာနထဲမွာေတာ္ေတာ္လင္းသြားမွာကြာ စလိုက္မီးေတြအမ်ားႀကီးမလိုေတာ့ဘူး"

"ေအး ဒါေပမယ့္ ဌာနမႉးက ဒီမီးေတြကို မဖြင့္တာၾကာၿပီနဲ႔တူတယ္"

"ငါ တခ်က္ေမးၾကည့္လိုက္ဦးမယ္"

သူကဆိုလိုက္ရင္းေနာက္ကိုေခါင္းလွည့္ၾကည့္လိုက္ကာခပ္လွမ္းလွမ္းမွာရပ္ေနတဲ့ဆရာတစ္ေယာက္ကိုေမးလိုက္ေလသည္။

"ဆရာ ဒီမီးေခ်ာင္းေတြရဲ႕ခလုတ္က ဘယ္နားမွာလဲ"

"Circuit board ေတြေနာက္မွာ႐ွိတယ္"

"ဟုတ္ကဲ့ ဆရာ"

မင္းခန္႔ထည္က Circuit boardေတြကိုအရင္ဖယ္လိုက္ၿပီး မီးခလုတ္ေတြကိုဖြင့္ၾကည့္လိုက္ေတာ့ မ်က္ႏွာက်က္ေပၚမွာတပ္ဆင္ထားတဲ့ LEDမီးေခ်ာင္း၅ေခ်ာင္းအနက္ အေ႐ွ႕ဘက္က၃ေခ်ာင္းလုံးကလင္းၿပီး အေနာက္ဘက္က၂ေခ်ာင္းကေတာ့အျပည့္အဝမလင္းလာဘဲမွိတ္တုတ္မွိတ္တုတ္ျဖစ္ေနေပသည္။

"လြတ္ေနတာလား မသိဘူး"
မင္းခန္႔ထည္ကေမာ့ၾကည့္ရင္းေရ႐ြတ္လိုက္၏။

"ေအး ျဖစ္ႏိုင္တယ္"
မင္းစက္ကလည္းေထာက္ခံလာသည္။
"သားႀကီး ငါ့ကို ခုံျမင့္ျမင့္ေလးတစ္ခုံေလာက္သြား႐ွာေပးပါလား။ငါ တက္ၿပီးစစ္ၾကည့္မလို႔"

"ေအး ခနေစာင့္"

မင္းခန္႔ထည္ကအေနာက္ဘက္ စတိုခန္းဘက္သို႔ေျပးဝင္သြားၿပီးေနာက္ ၈ေပနီးပါးေလာက္ျမင့္တဲ့ေျခတံ႐ွည္သစ္သားခုံတစ္ခုကို သယ္လာလိုက္ၿပီး မင္းစက္ေ႐ွ႕၌ခ်ေပးလိုက္သည္။ မင္းစက္ကလည္း မင္းခန္႔ထည္ခ်ေပးလာတဲ့ထိုခုံေပၚ၌ မတ္တပ္တက္ရပ္လိုက္ၿပီးေနာက္ လြတ္ေနတဲ့ မီးေခ်ာင္းတစ္ေခ်ာင္းကိုအရင္စစ္ၾကည့္လိုက္ရာ
ခနအၾကာတြင္ ထိုမီးေခ်ာင္းကလင္းလာေလသည္။

"Ok တယ္သားႀကီး ေနာက္တစ္ေခ်ာင္းပဲက်န္ေတာ့တယ္"

"သတိထားဆင္းဦး ယိုင္ၿပီးလဲမယ္ ဒီခုံကေျခေထာက္သိပ္ၿငိမ္တာမဟုတ္ဘူး"

ေနာက္မီးေခ်ာင္း႐ွိရာဆီသို႔ ခုံကိုေ႐ႊ႕ေျပာင္းလိုက္ၿပီးေနာက္ မင္းစက္ကခုံေပၚတက္ဖို႔ျပင္တဲ့အခိုက္ ေခၚသံတစ္သံကိုၾကားလိုက္ရသည္။

"မင္းခန္႔ထည္ သား ခနလာဦး projectorေ႐ႊ႕ဖို႔လူမ႐ွိလို႔"

"ဟုတ္ကဲ့ ဆရာ"

ဟုတ္တာေပါ့။ တျခားစီနီယာႀကီးေတြလည္း ထမင္းစားနားလို႔Canteenေရာက္ေနၾကတာကို သူလည္းေမ့ေနတာ။

"မင္းစက္ ခနေနဦး မတက္နဲ႔ဦးေနာ္ ငါျပန္လာမွ တက္ၿပီးစစ္ေနာ္ ေတာ္ၾကာ တစ္ခုခုျဖစ္ရင္ ငါလည္းမကယ္အားဘူးၾကားလား"

"ေအးပါကြာ သြားစရာ႐ွိတာသြားစမ္းပါ ငါ့ကိုဘဲအေရာက္ပို႔မေနစမ္းပါနဲ႔"

မင္းခန္႔ထည္က မင္းစက္ကို အေသအခ်ာမွာၿပီးထိုေနရာကေနခပ္ျမန္ျမန္ထြက္သြားကာ ဆရာနဲ႔အတူ projectorကို ေထာင့္နားဘက္သို႔ဝိုင္းကူေ႐ႊ႕ေပးလိုက္ေလသည္။

ထိုစဥ္ ေထာင့္တစ္ေနရာကေနသူတို႔ႏွစ္ေယာက္ကိုထိုင္ၾကည့္ေနတဲ့႐ိႈင္းေဇယံက မင္းခန္႔ထည္ထြက္သြားတာကိုျမင္တာေၾကာင့္ မင္းစက္အနားသို႔သြားလိုက္ကာ အကူအညီေပးဖို႔ေမးလာခဲ့သည္။

"အကိုမင္းစက္ က်ေနာ္ေကာ ဘာကူေပးရဦးမလဲ"

" ညီေလးလာတာနဲ႔အေတာ္ပဲ အကို႔ကိုေလ ခုံေလးတစ္ခ်က္ေလာက္ ကိုင္ေပးထားပါလား။ အကိုမီးေခ်ာင္းတက္စစ္ၾကည့္မလို႔။ခုနတုန္းက မင္းခန္႔နဲ႔အတူတူစစ္ေနတာ။ မင္းခန္႔ကိုဆရာက ခနေခၚခိုင္းေနလို႔"

"ဟုတ္ ရပါတယ္ က်ေနာ္ထိန္းေပးထားမယ္ေလ"

"ေက်းဇူးပဲေနာ္ ညီေလး"

မင္းစက္လည္း ႐ိႈင္းေဇယံကိုအားကိုးလိုက္ၿပီး က်န္ေနတဲ့မီးေခ်ာင္းကိုတက္စစ္လိုက္သည္။

"ဒီ မီးေခ်ာင္းက ခ်ဳပ္ေလာင္ေနတာလား
ေ႐ွာ့ေတြဘာေတြမ်ားျဖစ္ေနတာလားဘဲ"

"ေညႇာ္နံ႔ေတြဘာေတြမ်ားရလို႔လား"

"မရေတာ့ မရဘူး။ ညီေလးေရ ဟိုနားက စားပြဲခုံေပၚမွာေလ မီးစမ္းတဲ့ဝက္အူလွည့္ေလး႐ွိတယ္။ အဲ့တာတစ္ခ်က္ေလာက္သြားယူေပးပါလား"

"ဟုတ္ က်ေနာ္ သြားယူေပးမယ္"

႐ိႈင္းေဇယံလည္း သူထိန္းကိုင္ထားတဲ့ခုံကိုခနလႊတ္လိုက္ၿပီး တစ္ဖက္စားပြဲခုံေပၚမွာ႐ွိတဲ့ဝက္အူလွည့္ေလးကိုယူဖို႔ဦးတည္လိုက္သည္။

မင္းစက္ကေတာ့ခုံေပၚမွာမတ္တပ္ရပ္လ်က္အေနအထားႏွင့္႐ိႈင္းေဇယံကိုေစာင့္ေနရင္းကေန "ဒီ wireေတြေၾကာင့္မ်ားလား"ဟုေရ႐ြတ္လိုက္ကာ Wireေတြကို ခ်ဳပ္အျပင္ဘက္သို႔ဆြဲထုတ္လိုက္သည္။

ထိုစဥ္ နေမာ္နမဲ့ႏိုင္တဲ့မင္းစက္ကလွ်ပ္စစ္စီးေနတာကိုသတိမထားမိဘဲ ေပါက္ေနတဲ့wireႀကိဳးစတစ္စကိုသြားကိုင္မိလိုက္တဲ့အခါ သူ႕ရဲ႕လက္ေခ်ာင္းေလးမ်ားက က်င္တက္သြားရတာေၾကာင့္ ခုံေပၚ၌ေျဖာင့္ေျဖာင့္တန္းတန္းရပ္ေနရာကအေနအထားပ်က္သြားရသည္။

သူက လက္ထဲမွာလည္း ျဖဳတ္ထားတဲ့မီးေခ်ာင္းကို ကိုင္ထားလ်က္႐ွိတာေၾကာင့္ ဟန္ခ်က္မထိန္းႏိုင္ခဲ့ဘဲ ေအာက္႐ွိ သမန္သလင္းေပၚသို႔အ႐ွိန္ျပင္းျပင္းႏွင့္ျပဳတ္က်သြားေတာ့ေလသည္။

"ဒုန္း!!!!!!!!! ခြမ္း!!!!!!!!!"

ဆူဆူညံညံနဲ႔တစ္စုံတစ္ရာက်ကြဲသံမ်ားဟာ ဌာနတစ္ခုလုံးကိုက်ယ္ေလာင္စြာပဲ့တင္ထပ္သြားၿပီး ႐ုံးခန္းထဲကဆရာမ်ားကိုေတာင္လႈပ္လႈပ္႐ွား႐ွားျဖစ္သြားေစေလသည္။

"အကိုမင္းစက္!!!"

မင္းခန္႔ထည္လည္း ႐ိႈင္းေဇယံရဲ႕အထိတ္တလန္႔ေအာ္သံကိုၾကားေတာ့ အလန္႔တၾကားျဖင့္လွည့္ၾကည့္လိုက္ကာခ်က္ခ်င္းေျပးလာခဲ့ေလသည္။

"မင္းစက္!!!"

သူကသမန္သလင္းေပၚမွာမ်က္ႏွာအပ္လ်က္လဲေနတဲ့မင္းစက္ကိုေကာက္ထူလိုက္ၿပီးစိုးရိမ္တႀကီးေမးလာခဲ့သည္။

"မင္းစက္ သားႀကီး မင္းဘာျဖစ္သြားေသးလဲ"

ေတာ္ေသးတယ္။ေခါင္းနဲ႔သမန္သလင္းနဲ႔မေဆာင့္သြားလို႔။ ေခါင္းနဲ႔သာေဆာင့္မိသြားရင္ေတာ့ မေတြးရဲစရာပင္။

မင္းစက္ကေတာ့ သူ႕ညာဘက္လက္ကိုသာကိုင္ထားၿပီးစူးစူးဝါးဝါးေအာ္ေနေလသည္။

"မင္းခန္႔ ငါ့လက္! ငါ့လက္!"

"ညာဘက္လက္လား"

"ေအး"

ခနၾကာေတာ့ Canteenေရာက္ေနတဲ့တျခားစီနီယာအကိုႀကီးေတြကလည္းထိုအေၾကာင္းၾကားၾကားခ်င္းပင္ အေျပးအလႊားနဲ႔ေရာက္ခ်လာၾကသည္။

ထို႔ေနာက္ သူတို႔အားလုံး မင္းစက္ကိုဌာနမႉးကားဆီသို႔တြဲပို႔ေပးလိုက္ၾကကာ ေနလင္းႏွင့္တျခားစီနီယာအကိုႏွစ္ေယာက္ကပါ မင္းစက္နဲ႔အတူ ေက်ာင္းေဆးခန္းသို႔ပါသြားၾကေလသည္။

ထို႔ေၾကာင့္သူလည္း ခနေနက်မွလိုက္ရန္ဆုံးျဖတ္လိုက္သည္။ေက်ာင္းေဆးခန္းမွာလူေတြၾကပ္ေနတာက ဆရာဝန္ကိုစိတ္အေႏွာက္အယွက္ျဖစ္ေစလိမ့္မည္ေပ။

မင္းခန္႔ထည္က တျခားလူေတြထပ္ၿပီးထိခိုက္မိမွာစိုးတာေၾကာင့္ထိုေနရာ႐ွိ ဖန္ကြဲစမ်ားကို ႐ွင္းလင္းရန္ဌာနထဲသို႔ျပန္ဝင္သြားလိုက္သည္။

သူ ထိုေနရာေရာက္ေတာ့ ႐ိႈင္းေဇယံကမလႈပ္မယွက္ႏွင့္ ရပ္ေနၿမဲရပ္ေနဆဲျဖစ္တာေၾကာင့္မင္းခန္႔ထည္လည္း ေကာင္ေလးရဲ႕ပခုံးေလးကိုလွမ္းကိုင္လိုက္ရင္းေမးၾကည္္႕လိုက္၏။

"ညီ လန္႔သြားလို႔လား"

သူေမးလိုက္ေတာ့

"က်ေနာ္ ...က်ေနာ္..."ဟု ထိုေကာင္ေလးကတိုးဖ်စြာေရ႐ြတ္လာခဲ့ကာဦးေခါင္းေလးဟာ ေျခေထာက္ေအာက္ဘက္သို႔ ထိတ္လန္႔စြာနဲ႔ငုံ႔ၾကည့္ေနခဲ့ေလသည္။

အဲ့ဒါနဲ႔သူလည္းေသခ်ာလိုက္ၾကည့္လိုက္ေတာ့ ညီ့ရဲ႕ေျခေခ်ာင္းေဖြးေဖြးေလးေတြက နီရဲၿပီး႐ႊန္း႐ႊန္းစိုေနတဲ့ေသြးအိုင္ထဲမွာ နစ္ျမဳပ္ေနခဲ့ရေခ်ၿပီ။

"ဟာ...ညီ!"

သူလည္း ဘာကိုမွဂ႐ုမစိုက္အားေတာ့ဘဲ အနီးအနား႐ွိေကာ္ကုလားထိုင္ခုံေလးကိုဆြဲယူလိုက္ကာထိုခုံေပၚသို႔ ေကာင္ေလးရဲ႕႐ွယ္သြယ္သြယ္ကိုယ္ေလးကို ေလထဲေျမာက္ေအာင္ေပြ႕ခ်ီလိုက္ၿပီးထိုင္ေစလိုက္သည္။

"ညီ ခနေစာင့္ေနာ္ ကိုယ္ ျပန္လာခဲ့မယ္"

သူထိုသို႔မွာလိုက္ေတာ့ ထိုကေလးက နာခံစြာေခါင္းၿငိမ့္ျပလာခဲ့သည္။

မင္းခန္႔ထည္လည္း စတိုခန္းရဲ႕စင္ေလးေပၚမွာ႐ွိတဲ့ေဆးေသတၱာေလးကိုအေျပးသြားဆြဲယူကာ
တစ္စကၠန္႔ေတာင္ၾကာျမင့္ျခင္းမ႐ွိပါဘဲ ေကာင္ေလးေ႐ွ႕သို႔ျပန္ေရာက္လာခဲ့ေလသည္။

မင္းခန္႔ထည္အရင္ဆုံး ဒူးေထာက္ထိုင္ခ်လိုက္ၿပီးေနာက္ ေကာင္ေလးရဲ႕ေျခေထာက္တစ္ဖက္ကိုဆြဲယူၾကည္္႕လိုက္ေတာ့ေကာင္ေလးရဲ႕ေျခဖဝါးႏုႏုေလးထက္မွာစိုက္ဝင္ေနတဲ့ဖန္ကြဲစေတြကိုျမင္လိုက္ရသည္။

"အကို ဖန္စေတြကို ဆြဲထုတ္လိုက္မယ္ေနာ္ ဒါမွမဟုတ္ ညီအရမ္းနာမွာေၾကာက္ရင္ အကိုေက်ာင္းေဆးခန္းကိုပို႔ေပးရမလား"

"ရတယ္အကို ဆြဲထုတ္လိုက္"

"ဒါဆို ခနသည္းခံေနာ္"

မင္းခန္႔ထည္ ႐ိႈင္းရဲ႕နီရဲေနတဲ့ေျခဖဝါးေလးထဲမွာစိုက္ဝင္ေနတဲ့ လက္မဝက္ခန္႔႐ွိတဲ့ဖန္စအခြၽန္ေလးေတြကိုေျဖးေျဖးခ်င္း ျငင္သာစြာဆြဲထုတ္လိုက္ေတာ့ေလသည္။

သူ ႐ိႈင္းကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ ထိုကေလးက သူ႕ရဲ႕ေအာက္ႏႈတ္ခမ္းေလးကို အတင္းဖိကိုက္ထားကာ မ်က္ဝန္းေလးေတြကနာက်င္မႈေၾကာင့္႐ႊန္းစိုေနခဲ့သည္မွာ ကမာခြံထဲကပုလဲလုံးေလးေတြပမာျမတ္ႏိုးစရာေကာင္းစြာေတာက္ပေနခဲ့သည္။

"သတၱိခဲေလးပါလား အရမ္းနာလို႔တင္းမခံႏိုင္ရင္ေအာ္လိုက္ပါကြာ အကိုမရယ္ပါဘူး"

"က်ေနာ္မေအာ္ခ်င္ဘူး"

"ဘာလို႔လဲ"

"အကို႔ေ႐ွ႕မွာေပ်ာ့ညံ့တဲ့လူတစ္ေယာက္မျဖစ္ခ်င္လို႔"

"ညီကလည္းကြာ စိတ္ခ် အကို႔အျမင္မွာညီကဘယ္ေတာ့မွေပ်ာ့ညံ့တဲ့လူတစ္ေယာက္ျဖစ္လာမွာမဟုတ္ဘူး
ဒါ့ေၾကာင့္ ညီတင္းမခံႏိုင္ရင္ေအာ္လိုက္ ဟုတ္ၿပီလား?"

ထိုအခါ ေကာင္ေလးက သူ႕ကိုျပဳံးၿပီးၾကည့္ေနေလသည္။
ေကြးၫြတ္ေနတဲ့ထိုမ်က္ဝန္းေလးေတြက သူ႕ေ႐ွ႕မွာေပ်ာ့ညံ့တဲ့လူတစ္ေယာက္အျဖစ္အျမင္ခံရမွာေၾကာက္လို႔ ဟန္ေဆာင္ျပဳံးျပေနတဲ့မ်က္ဝန္းေလးေတြမွန္း သူအတပ္သိေနေလ၏။

မင္းခန္႔ထည္ကေဆးေသတၱာေလးထဲမွ ေဆးပစၥည္းေလးမ်ားကိုထုတ္ကာ ႐ိႈင္းေဇယံရဲ႕ဒဏ္ရာကိုေဆးထည့္ေပးရင္းနဲ႔႐ုတ္တရက္ လုပ္လိုက္ေသာအျပဳအမူေၾကာင့္ မင္းခန္႔ထည္လက္တြင္းမွ သူ႕ေျခေထာက္ေလးကို ႐ိႈင္း ႐ုန္းမိလိုက္ေလသည္။

"ဘာျဖစ္လို႔လဲ ညီ!"

"က်ေနာ္႕ေျခေထာက္ကို ဘာလို႔ေလမႈတ္ေပးေနတာလဲ ေဆးထည့္ေပးတာနဲ႔တင္ ရေနၿပီပဲဟာ"

"ညီ့ဒဏ္ရာက စပ္ေနမွာစိုးလို႔ေလ"

"က်ေနာ္က အဲ့ေလာက္ထိႏုရေအာင္ မိန္းကေလးမွမဟုတ္တာ က်ေနာ္ေယာက်္ားေလးဗ် ဒီေလာက္ေတာ့ သတၱိ႐ွိပါတယ္"

"အင္းေလ ညီကမႀကိဳက္ဘူးဆိုေတာ့လည္း အကိုမလုပ္ေတာ့ပါဘူး"

မင္းခန္႔ထည္ ႐ိႈင္းရဲ႕ျဖဴေဖြးတဲ့ေျခဖမိုးေလးေပၚသို႔ ပတ္တီးလိပ္ျဖဴလႊလႊေလးမ်ားကိုတစ္ထပ္ၿပီးတစ္ထပ္ရစ္ပတ္ေနလ်က္ပတ္တီးလိပ္ေလးေတြရဲ႕အေရအတြက္အတိုင္းပင္ သက္ျပင္းေလးမ်ားကလည္း အျပင္ဘက္ဆီသို႔ေျပးထြက္လာေနသည္။

"Don't worry Bro. I'm OK"

"But I'm not OK if you hurt"

"Why ?"

"I have no idea"

'ဟုတ္ပါတယ္။က်ေနာ္မသိခဲ့ဘူး။ဒီလိုျဖစ္ေနရတဲ့ခံစားခ်က္ေတြကိုလဲနားမလည္ႏိုင္ခဲ့ဘူး။'

'ဒါေပမယ့္ က်ေနာ္႕မ်က္စိေ႐ွ႕ကဒီေကာင္ေလးကိုေတာ့ ဘယ္အေျခအေနမ်ိဳးမွာျဖစ္ျဖစ္ ထိခိုက္ခြင့္လုံးဝမေပးႏိုင္ဘူးဆိုတဲ့ အေျဖတစ္ခုေတာ့ က်ေနာ္႕ရင္ထဲမွာအၿမဲတမ္း႐ွိေနပါတယ္။'

"Thank you Bro"

"Thank youဆိုတဲ့စကားက သူစိမ္းေတြပဲသုံးရတာ"

"အဲ့ဒါဆို ဘယ္လိုသုံးရမွာလဲ"

"မသုံးနဲ႔ေတာ့"

ထို႔ေနာက္မင္းခန္႔ထည္က ႐ိႈင္းေဇယံရဲ႕ေ႐ွ႕၌မတ္တပ္ရပ္လိုက္ၿပီး ေကာင္ေလးရဲ႕ေ႐ွ႕သို႔ သူလက္ကေလးကို ျဖန္႔ေပးလိုက္သည္။

"ညီ မတ္တပ္ရပ္ႏိုင္လား"

"မတ္တပ္မရပ္ႏိုင္ဘူးဆိုရင္ေကာ.."

"ညီ လူၾကည့္ခံရဲလား"

မင္းခန္႔ထည္က ထိုစကားကိုဆိုလာစဥ္တြင္သူ႕ကိုယ္ကိုကိုင္းခ်ကာ ဘယ္ဘက္မ်က္ခုံးေလးကို တစ္ခ်က္ပင့္တင္လိုက္ၿပီးညစ္က်ယ္က်ယ္အသံနဲ႔ေျပာလာတာေၾကာင့္ ႐ိႈင္းေဇယံရဲ႕မ်က္ႏွာေလးကရဲတက္သြားရၿပီး ေကာက္ခနဲမတ္တပ္ထရပ္လိုက္ေလသည္။

"ၾကည့္! က်ေနာ္ ရပ္ႏိုင္တယ္"
ဟူ၍ ညာဘက္ေျခေထာက္ေပၚအားျပဳရပ္လ်က္ အသံစူးစူးေလးနဲ႔ဆိုလာေလ၏။

ထိုအခါ မင္းခန္႔ထည္က ႐ိႈင္းရဲ႕အုပ္ေဖာင္းေဖာင္းေခါင္းေလးကို ခပ္ဖြဖြ ပုတ္လိုက္ၿပီးႏူးညံ့႐ွတစြာေရ႐ြတ္လာခဲ့သည္။

"လိမၼာစမ္းပါ ကေလးေလးရယ္"

'ကေလး' ဆိုတဲ့အသံၾကားသည္ႏွင့္
ေကာင္ေလးရဲ႕မ်က္ေစာင္းေလးေတြက ဒိုင္းခနဲပင္။
သို႔ႏွင့္႐ိႈင္းေဇယံကႏႈတ္ခမ္းေလးစူကာမင္းခန္႔ထည္အား ရန္ေတြ႕လာေခ်၏။

"က်ေနာ္ လူႀကီးဗ် ကေလးမဟုတ္ဘူး"

"ဟားဟား ဟားဟား ကေလးက ကေလးပါပဲကြာ"

ေနာက္ဆုံးေတာ့လည္း ထုံးစံအတိုင္း ႐ိႈင္းေဇယံဘက္ကပဲအ႐ႈံးေပးလိုက္ရေတာ့သည္။

မင္းစက္တစ္ေယာက္မွာမူ ေက်ာင္းေဆးခန္းတြင္ ထိခိုက္သြားတဲ့ညာဘက္လက္ကို ေက်ာက္ပတ္တီးစည္းေနရတာေၾကာင့္အခ်ိန္အေတာ္ၾကာျမင့္သြားရေလ၏။ပတ္တီးစည္းတဲ့လုပ္ငန္းစဥ္ၿပီးသြားတဲ့အခါဆရာဝန္ရဲ႕အမွာစကားမ်ားကိုဂ႐ုတစိုက္နားေထာင္လိုက္ၿပီးေဆးခန္းေ႐ွ႕သို႔ေထာ့နဲ႔ေထာ့နဲ႔ႏွင့္ထြက္လာခဲ့လိုက္သည္။

သို႔ေသာ္ေဆးခန္းေ႐ွ႕အေရာက္တြင္ေတာ့ သူ
မေမွ်ာ္လင့္ထားတဲ့လူတစ္ဦးကိုသူ႕ရဲ႕မ်က္ဝန္းေတြကေနတဆင့္ေတြ႕လိုက္ရမယ္လို႔သူလုံးဝမထင္ထားခဲ့ေပ။

•••••♪•••••••••••••••••••••♪••••••••••♪••••••••••

Continue Reading

You'll Also Like

479K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
26.6K 2.5K 21
A love story between the Seaman and teenage boy -ministory-
109K 5.8K 97
စောင့်ဆိုင်းခြင်းနဲ့ ချစ်ခြင်းမေတ္တာဟာ တသတ်မတ်ထောင့်လို။ထပ်တူညီခြင်းဥပဒေသအရ အချစ်သည်..စောင်ဆိုင်းခြင်းနဲ့ တိုက်ရိုက်အချိုးကျနေလေရဲ့ ေစာင့္ဆိုင္းျခင္း...
74.6K 4.9K 123
နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်‌ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယ...