With Zawgyi....
"ကျေးဇူးHyung...."
အခုထိပညာလည်းဆုံးခန်းမတိုင်သေး....အဲဒီfileထဲမှာမင်းကြည့်ကြည့်...သူတို့Companyအကြောင်းတွေ...သူ့အဖေအကြောင်းတွေ....သူကျောင်းနားထားတဲ့အကြောင်းတွေ..."
_____________သခင်___________
"Kim Tae Hyung..."
"Nae..."
"...."
"ခင်ဗျား....ခင်ဗျား..."
Tae Hyungစိတ်မထိန်းနိုင်စွာထိုသူ၏အင်္ကျီကော်လံကိုလက်ဖက်နဲ့ဆွဲထားလိုက်မိသည်....။
အိမ်ကြီးရဲ့အရှေ့ဘဲလ်ကိုနှိပ်လိုက်တော့ချက်ချင်းပွင့်လာခဲ့တဲ့တံခါး....။
"ကျစ်....Jeon Jung Kook...."
"အဲဒီမှာရပ်လိုက်...."
"လွှတ်..."
___________သခင်________________
With unicode.....
"ရော့...မင်းရှာခိုင်းတဲ့သူ့အကြောင်းတွေ..."
Yoongiကစားပွဲပေါ်သို့fileတစ်ထပ်ပစ်တင်ပေးလိုက်သည်.....။
"ကျေးဇူးHyung...."
"သနားဖို့တော့ကောင်းသား.."
"ဘာ...အဟားဟား...သနားဖို့ကောင်းတယ်..."
Fileတွေကိုကောက်ပီးကြည့်ဖို့ပြင်နေတဲ့Jung KookကYoongiစကားကြောင့်လှောင်ရယ်မိသည်....။
ခင်ဗျားကသနားဖို့ကောင်းတယ်တဲ့လား...။
"ဟုတ်တယ်Jung Kook ah...သူ့အဖေကအလိမ်ခံထိပြီးCompanyတစ်ခုလုံးဒေဝါလီခံလိုက်ရတာ....။ ရှိသမျှစည်းစိမ်တွေလည်းကုန်ရော....။
နောက်ဆုံးမခံစားနိုင်တော့လို့သူ့ကိုယ်သူသတ်သေသွားတာ....သူ့အမေကလည်းနာတာရှည်ရောဂါဖြစ်နေတာဆေးရုံမှာ....
ရွှေဘုံစံသူဌေးသားလေးကနေချက်ချင်းလက်ငင်းကြီးအကြွေးပတ်လည်၀ိုင်း....နောက်ဆုံးclubမှာအကြွေးနဲ့သိမ်းခံလိုက်ရတာ...
အခုထိပညာလည်းဆုံးခန်းမတိုင်သေး....အဲဒီfileထဲမှာမင်းကြည့်ကြည့့်...သူတို့Companyအကြောင်းတွေ...သူ့အဖေအကြောင်းတွေ....သူကျောင်းနားထားတဲ့အကြောင်းတွေ..."
Yoongiယူလာသည့်သူ့ရဲ့ဘ၀ဇာတ်ကြောင်းတွေကိုJung Kookကြည့်ရင်းမဲ့ပြုံးလေးပြုံးလိုက်မိသည်.....။
ခင်ဗျားသာKim Tae Hyungမဟုတ်ခဲ့ရင်...
ကျုပ်သာJeon Jung Kookမဟုတ်ခဲ့ရင်...
ခင်ဗျားကိုကျုပ်အရမ်းသနားမိမှာပဲ...။
ဒါပေမယ့်စိတ်မကောင်းစွာနဲ့ခင်ဗျားကJeon Jung Kookဆိုတဲ့ကျုပ်အရမ်းမုန်းတဲ့Kim Tae Hyungဖြစ်နေတယ်လေ....။
ခင်ဗျားနဲ့ကျုပ်ကြားမှာ သနားတယ်ဆိုတဲ့စကားလုံးကိုမထားကြရအောင်....။
_____________သခင်___________
"Kim Tae Hyung..."
"Nae..."
"မင်းဒီမှာအလုပ်လုပ်စရာမလိုတော့ဘူး...."
"...."
"မင်းငါတို့အပေါ်တင်နေတဲ့အကြွေးတွေအတိုးရောအရင်းရောအကုန်ပေးပြီးလူတစ်ယောက်ကမင်းကို၀ယ်သွားပြီ...မင်းသူ့ဆီမှာပဲအလုပ်လုပ်ရတော့မယ်..."
"ဘာ..၀ယ်...၀ယ်သွားတယ်...ဒီမှာသူဌေး..ကျုပ်ကရောင်းကုန်တစ်ခုမဟုတ်ဘူးနော်...ဘယ်သူ့ခွင့်ပြုချက်နဲ့ဒီလိုမျိုးလုပ်တာလဲ....ကျုပ်ကဒီအကြောင်းကိုဘာကြောင့်အခုမှသိရတာလဲ...."
"ဟာ....ငါပိုက်ဆံရမယ့်ကိစ္စမှာမင်းကိုတိုင်ပင်နေရဦးမှာလား...မင်းလိုေ-ာက်ဖြစ်မရှိတဲ့အထည်ကြီးပျက်ထဲကပိုက်ဆံကိုငါကရူးနေလို့မျှော်နေရမှာလား..."
"ခင်ဗျား....ခင်ဗျား..."
Tae Hyungစိတ်မထိန်းနိုင်စွာထိုသူ၏အကျႌကော်လံကိုလက်ဖက်နဲ့ဆွဲထားလိုက်မိသည်....။
"Oh ho...ဘာလဲထိုးမလို့လား...ထိုးလေ..ထိုးလိုက်စမ်းပါ...မကျေနပ်ဘူးလား...ဒါဆိုငါတို့ဥပဒေအရဖြေရှင်းရအောင်....အရင်းမပြောနဲ့အတိုးတောင်ကျေအောင်မဆပ်နိုင်တဲ့မင်းကိုထောင်ထဲတစ်ခါထဲထည့်လိုက်လို့ရတယ်ဆိုတာသဘောပေါက်..."
Tae Hyungနှုတ်ခမ်းကိုသာတင်းတင်းဖိကိုက်ထားရင်းကထိုသူ၏ကော်လံပေါ်ကလက်တွေကိုဖြေလျော့လိုက်မိသည်....။
သူ့ကိုမှီခိုနေသည့်ဆေးရုံပေါ်ကMommyမျက်နှာကမျက်လုံးထဲမြင်ယောင်လာသည်....။
"ဘယ်သူလဲ...ကျုပ်အလုပ်လုပ်ပေးရမယ့်သူက.."
"အစထဲကဒီလိုမှပေါ့....ငါလည်းမသိဘူး လိပ်စာပဲပေးသွားတယ်....သူ့အတွင်းရေးမှူးဆိုတဲ့သူက...ရော့.."
ခမ်းနားကြီးကျယ်လှတဲ့အိမ်ကြီးကိုTae Hyungတမေ့တမောကြည့်ရင်းကအလိုလိုမျက်ရည်စို့တက်လာသည်....။
ဘာလို့ဒီအိမ်ဖြစ်နေရတာလဲ....။ Mommyရဲ့ဗိုက်ထဲကထွက်လာတည်းကနေခဲ့တဲ့ဒီအိမ်ကြီး...Daddyခေါင်းချခဲ့တဲ့ဒီအိမ်ကြီး....
မြတ်နိုးရတဲ့ဒီအိမ်ကြီးကိုလက်လွှတ်ဆုံးရှုံးရပြီး....နောက်တစ်ကြိမ်ပြန်ရောက်လာမိတဲ့အချိန်မှာအရှင်သခင်တစ်ယောက်အနေနဲ့မဟုတ်ခဲ့ဘဲသူများရဲ့ခိုင်းဖက်တစ်ယောက်အဖြစ်နှင့်တဲ့လေ....။
မတရားလိုက်တာ....။ အခုအချိန်မှာကလေးလေးတစ်ယောက်သာဖြစ်ခဲ့ရင်ခြေဆောင့်ပြီးအားရအောင်အော်ငိုလိုက်ချင်ပေမယ့်...ကိုယ်ဟာဟန်ဆောင်ကောင်းလွန်းတဲ့လူတစ်ယောက်ဖြစ်နေခဲ့ပြီပဲ....။
အိမ်ကြီးရဲ့အရှေ့ဘဲလ်ကိုနှိပ်လိုက်တော့ချက်ချင်းပွင့့်လာခဲ့တဲ့တံခါး....။
ချစ်ရတဲ့ပန်းပင်လေးတွေနဲ့အမြဲပြည့်နေတဲ့ခြံ၀င်းလေးကယခုတော့မြက်ခင်းစိမ်းများနှင့်ပြည့်နေခဲ့လေပြီ.....။
"ဒီမှာ....ဘယ်သူမှမရှိဘူးလား..."
အိမ်ထဲတွင်တံခါးသာဖွင့်ထားသော်လည်းလူအရိပ်အယောင်မတွေ့တာမို့Tae Hyungအသံပြုလိုက်သည်....။
"Welcome from my home Kim Tae Hyung shi..."
အသံလာရာဘက်သို့Tae Hyungလှည့်ကြည့်လိုက်တော့ဘောင်းဘီအိတ်ထဲလက်ထည့်ကာမဲ့ပြုံးတစ်ခုမျက်နှာထက်ချိတ်ဆွဲပြီးကြည့်နေသောသူ.....။
"ကျစ်....Jeon Jung Kook...."
အဟက်....အစထဲကသိခဲ့သင့်တာပဲ....။ ငါ့ရဲ့အပူတွေကများလွန်းလို့မင်းကိုထည့်စဉ်းစားဖို့ခဏမေ့သွားတာပဲ....။
"ကိုယ့်ရဲ့အိမ်ရှင်ကိုတွေ့တွေ့ချင်းပြောတဲ့စကားက မယဉ်ကျေးလွန်းဘူးလားKim Tae Hyung..."
"Jeon Jung Kook...မင်းဘာဖြစ်ချင်နေတာလဲ...ငါမင်းနဲ့မပတ်သက်ပါရစေနဲ့...ကျေးဇူးပြုပြီး...."
Tae Hyungရဲ့စကားကိုကြားတော့Jung Kookကဟက်ဟက်ပက်ပက်လှောင်ရီလိုက်ရင်းက
"အဟား....တကယ်ရီရတယ်...ဘာလဲခင်ဗျားကြောက်နေပြီလား..."
"ငါသွားပြီJeon Jung Kook...မင်းမှာရှိတဲ့အကြွေးတွေလည်းငါကျေအောင်ဆပ်မှာမို့...မပူနဲ့..."
"အဲဒီမှာရပ်လိုက်...."
အိမ်ထဲကလှည့်ထွက်သွားဖို့လုပ်နေတဲ့Tae Hyungကိုလှမ်းဆွဲရင်းတားလိုက်သည်.....။
"လွှတ်..."
"ခင်ဗျားကိုကျုပ်အပိုင်၀ယ်ထားတာနော်...Kim Tae Hyung...အခုအချိန်မှာကျုပ်ကခင်ဗျားရဲ့သခင်ပဲ..."
တစ်ချိန်ကခင်ဗျားကျုပ်ကိုပြောခဲ့သလိုပေါ့....။
ဒီအိမ်...ဒီနေရာ...ဒီလူနှစ်ယောက်ကထပ်တူညီနေပေမယ့်.....သခင်ကတော့ပြောင်းလဲသွားခဲ့ပြီပေါ့Kim Tae Hyung....။
"Jeon Jung Kook....မင်းတကယ်....မင်းငါ့ဆီကဘာလိုချင်နေတာလဲ....ဘာလို့ဒီလိုအရမ်းကလေးဆန်တဲ့အလုပ်တွေလုပ်နေတာလဲ..."
"မသိလို့မေးနေတာလား.....ခင်ဗျားကျုပ်အပေါ်ယုတ်မာခဲ့သလို...ထပ်တူညီတဲ့နည်းနဲ့..ခင်ဗျားကိုပြန်ပြီးနှိပ်စက်မလို့....ခင်ဗျားရဲ့ဘ၀ကိုဖျက်ဆီးပစ်မလို့..."
၀ဋ်ဆိုတာလည်တတ်ကြောင်းခင်ဗျားကိုပြမယ်....
သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုရှိကြောင်းခင်ဗျားသိစေရမယ်....
ကျုပ်အရှေ့မှာခင်ဗျားဒူးထောက်လာစေရမယ်....
"မင်းအရမ်းကလေးဆန်လွန်းတယ်Jeon Jung Kook...."
မင်းစိတ်ကြိုက်သာလုပ်လိုက်စမ်းပါ....ငါ့ဘ၀မှာဒီ့ထက်ပိုပြီးတော့လည်းနစ်နာစရာမရှိတော့တာမို့...ငါဘာကိုမှကြောက်မနေတော့ဘူး....။
တစ်ခုပဲJeon Jung Kook....တစ်လောကလုံးကိုငါဒူးထောက်ထားရင်တောင်အဲ့ဒီထဲမှာမင်းမပါစေရဘူး....။
ငါ့ဘ၀အတွက်မင်းကငါ့ရဲ့သခင်ဘယ်တော့မှမဖြစ်လာစေရဘူး....။
အမုန်းတွေ...အတ္တတွေ...မာနတွေ...ကိုရှေ့တန်းတင်ထားတဲ့ကောင်လေးနှစ်ဦးဟာအချစ်ဆိုတဲ့အရာကိုမျက်ကွယ်ပြုထားကြတယ်......။
အနိုင်လိုချင်စိတ်တွေ...အရှုံးမပေးချင်တဲ့စိတ်တွေကိုရှေ့တန်းတင်ထားကြတဲ့သူတို့နှစ်ဦး....။
ကံကြမ္မာဟာတစ်ခါတစ်ရံမှာကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်ခွင့်မရနိုင်ဘူးဆိုတာသူတို့မေ့လျော့နေခဲ့ကြတယ်.....။
___________သခင်________________
Part 5 ကတအားတိုနေလို့Part 6လေးပါတခါတည်းရေးလိုက်တာပါ😘
ဒီနေ့တကယ်စိတ်မကောင်းဘူး....Taeguk selcaမယ်လို့ထင်ထားတာ....😢
Special Thanks To My All Readers💜💜