ႏွင္းဆီငယ္

By Fire_puppy

23.6K 1.7K 167

အကယ္၍... မင္းရဲ့အဆိပ္ဆူးေတြကို အနာက်င္ခံဆုပ္ကိုင္ၿပီး မင္းကိုနမ္းမယ္ဆိုရင္ေရာ... ခြင့္ျပဳ ႏိုင္မလား ႏွင္းဆီင... More

Intro
1
2
3
4
5
6
7
9
10

8

1.5K 139 5
By Fire_puppy

Zawgyi>>>

ႏွင္းဆီနဲ႔တူတဲ့ baby က အဆိပ္ျပင္းတယ္ Xing...

လ်စ္လ်ဴ႐ႈတတ္တဲ့ဆူး...
ေသြးစိမ္း႐ွင္႐ွင္ထြက္ေစမဲ့ဆူး...
ခင္ဗ်ားရဲ႕ ႏွလံုးသားကိုစိုက္ၿပီး အသက္ကိုေႁခြမဲ့ဆူး...

ဒီဆူးေတြျပည့္ႏွက္ေနတာကို ခံႏိုင္ရည္႐ွိရင္ေတာ့ baby ဘဝထဲဝင္လာခဲ့ေပါ့ Xing...

Baby နႈတ္ခမ္းေတြက Xing နမ္းရမဲ့ ပြင့္ဖတ္ေလးတစ္ခုအျဖစ္ အျမဲေစာင့္ႀကိဳေနတယ္...

********************************

ထိုေန႔က Mr.kim ေျပာသြားေသာ စကားေတြကိုျပႏ္ၾကားေယာင္ရင္း
Jun တစ္ေယာက္ထဲအေတြးေတြမ်ားေနမိ၏...

သူေျပာခဲ့သမွ်ကို Jun နားမလည္ႏိုင္ေတာ့ဘူး
Jun ကပဲ ထူးဆန္းေနတာလား?

အေဖဆိုတဲ့သူ႔ထက္ Xing ကို ပိုယံုေနမိတယ္...
Jun ရဲ႕မသိစိတ္ကေန Xing ကို ကာကြယ္ေပးခ်င္ေနမိတာ...

Jun ေလ...
တကယ္ပဲ Xing ကိုမုန္းခဲ့တာ ဟုတ္ရဲ႕လား?

"မင္းနားလည္ဖို႔ မလိုပါဘူး JunMyeom...
မင္းအလုပ္က Zhang yixing ရဲ႕ ယံုၾကည္မႈနဲ႔အခ်စ္ကိုယူၿပီး သူ႔ကိုသတ္ဖို႔ပဲ"

"ဒါဆို ခင္ဗ်ားသတ္လဲရတာပဲေလ"

"အင္း ရတာေပါ့....ဒါေပမဲ့ ငါက သူသိပ္ခ်စ္တဲ့သူဆီကပဲ နာနာက်င္က်င္ သတ္တာပဲခံေစခ်င္တာ...Zhang yixing ရဲ႕ႏွလံုးသားေရာ...လူေရာ..
တစ္ၿပိဳင္နက္ေသေစခ်င္တာဆိုရင္ေရာ?"

"ကြၽန္ေတာ္ကဘာလို႔အဲ့လိုလုပ္ရမွာလဲ Mr.kim.."

Mr.kim ရဲ႕အေျဖက သိပ္႐ိုး႐ွင္းခဲ့ပါသည္...

"ဘာလို႔လဲဆိုေတာ့...
မင္းက... သူ႔တန္ဖိုးထားတဲ့ႏွင္းဆီငယ္ မို႔လို႔ေပါ့...

မင္းရဲ႕ဆူးေတြက...
သူ႔အတြက္အဆိပ္ျဖစ္ေနရင္ေတာင္...
သူကဆုပ္ကိုင္ၿပီး ဆက္နမ္းေနဦးမွာပဲမို႔ေလ"

Jun က ဘာလို႔...
Zhang yixing ကို သတ္ဖို႔ လက္ထပ္ခဲ့ရတာလဲ?

Jun က ဘယ္လိုအမုန္းေတြ ႐ွိေနလို႔လဲ?
ဒါမွမဟုတ္ တျခားကိစၥေတြေၾကာင့္ပဲလား?

Jun သည္ ေတြးရင္းႏွင့္ အမွန္ပင္ ေခါင္းေနာက္လာရ၏...

Jun အေပၚဒီေလာက္ေကာင္းတဲ့သူကိုမွ ဘာလို႔ သတ္ပစ္ရမည္လဲ?

"Baby..."

မိမိအေနာက္ဘက္မွေန၍ ခါးကိုသိုင္းဖက္လာတဲ့ လက္တစ္စံုေၾကာင့္ ထိုလူရဲ႕ရင္ခြင္ထဲ သူ့ကိုယ္လံုးေလးက်ေရာက္သြားရသည္...

ခန္႔မွန္းၾကည့္ရံုနဲ႔သိနိုင္သည္က Xing က သူ႔ကိုေထြးေပြ႔ထားျခင္း...

"Xing...ခင္ဗ်ားျပန္ေရာက္လာၿပီလား"

"အင္း baby..."

Xing ရဲ႕ အသက္႐ွဴသံေငြ႔ေငြ႔က jun ပါးျပင္သို႔ ႐ိုက္ခတ္ေန၏...
Jun သည္ Xing ႏွင့္မ်က္ႏွာခ်င္းဆိုင္ဖက္သို႔ လွည့္လိုက္သည္မို႔ ႏွစ္ဦးသားအၾကည့္တို႔ဆံုကာ jun ရဲ႕ခါးသြယ္သြယ္ေလးသည္လဲ သူ႔လက္ထဲ၌သာ...

"ဒီရက္ပိုင္း...ခင္ဗ်ား က်ြန္ေတာ့္ကို
ဘာလို႔ဖုန္းမဆက္တာလဲ Xing.."

Xing သည္ အံ့ျသသြားဟန္ျပဳရင္း Jun ကို စိုက္ၾကည့္လာပါသည္... ထို႔ေနာက္မွ သက္ျပင္းတစ္ခုခ်ရင္း အေျဖေပးလာတယ္

"Baby က... ကိုယ္ဖုန္းဆက္တာမႀကိဳက္ဘူးေလ"

"ကြၽန္ေတာ္က ဘာလို႔မႀကိဳက္..."

Jun ေျပာရမည့္စကားတို႔ပင္ ရပ္တန္႔သြားရသည္...
ယခုခ်ိန္မွာဖုန္းဆက္ေစခ်င္သည္မွန္ေသာ္ျငား
အရင္က မိမိသည္ Xing အေပၚဘယ္ေလာက္ဆိုးခဲ့ေၾကာင္း သူလဲရိပ္မိပါသည္

Xing အတြက္လဲ အခုဆိုေနသားက်ေနေလာက္ေရာေပါ့...

"Baby ခြင့္ျပဳတယ္ဆိုရင္ ကိုယ္ဆက္ပါ့မယ္...ကိုယ္...ကိုယ္လဲ baby ကိုအရမ္းလြမ္းတာမို႔..."

Xing က Jun ရဲ႕ မ်က္ႏွာနားကပ္ကာ ေျပာလိုက္သည္မို႔ ႏွစ္ဦးသား၏ အသက္႐ွဴသံသည္ ပါးျပင္ထက္႐ိုက္ခတ္လ်က္...

အနီးကပ္ၾကည့္ကာမွ Xing သည္ ခန္႔ျငားတာထက္ပို၏...

မဲနက္ေနေသာ မ်က္ခံုးႏွစ္ဖက္ေအာက္က စူး႐ွ႐ွအၾကည္႔ေတြက Jun ႏွလံုးသားကို အထိန္းအကြပ္မဲ့ေစ၏ ...

လူႀကီးလူေကာင္းဆန္ဆန္ suit အနက္ေရာင္နဲ႔ လွန္တင္ထားေသာ ဆံႏြယ္တို႔က Xing ကိုပိုၿပီး smart က်ေစသည္...

သူသည္ကား မိမိကို သည္းသည္းလႈပ္ခ်စ္ေသာ သူတဲ့...

ရင္ခုန္ သံသည္ အျပင္သို႔ထြက္က်ကာ ေပါက္ထြက္ေတာ့မည့္အလား ခံစားရေစသည္မို႔ Jun အလ်င္စလိုပဲ Xing ရင္ဘတ္ကို အသာတြန္းလိုက္ရသည္...

"ကြၽန္ေတာ့္ကို...ေျပာျပ"

"ဟင္?"

"ခင္ဗ်ားနဲ႔ ပက္သက္တဲ့ အမွန္တရေတြအကုန္ေျပာျပလို႔...ခင္ဗ်ားကိုထားတဲ့ ကြၽန္ေတာ့္စိတ္ကို ျပန္ေလ့လာခ်င္တယ္"

"Baby သေဘာအတိုင္းပါ"

*********************************

Unicode>>>

နှင်းဆီနဲ့တူတဲ့ baby က အဆိပ်ပြင်းတယ် Xing...

လျစ်လျူရှုတတ်တဲ့ဆူး...
သွေးစိမ်းရှင်ရှင်ထွက်စေမဲ့ဆူး...
ခင်ဗျားရဲ့ နှလုံးသားကိုစိုက်ပြီး အသက်ကိုခြွေမဲ့ဆူး...

ဒီဆူးတွေပြည့်နှက်နေတာကို ခံနိုင်ရည်ရှိရင်တော့ baby ဘဝထဲဝင်လာခဲ့ပေါ့ Xing...

Baby နှုတ်ခမ်းတွေက Xing နမ်းရမဲ့ ပွင့်ဖတ်လေးတစ်ခုအဖြစ် အမြဲစောင့်ကြိုနေတယ်...

********************************

ထိုနေ့က Mr.kim ပြောသွားသော စကားတွေကိုပြန်ကြားယောင်ရင်း
Jun တစ်ယောက်ထဲအတွေးတွေများနေမိ၏...

သူပြောခဲ့သမျှကို Jun နားမလည်နိုင်တော့ဘူး
Jun ကပဲ ထူးဆန်းနေတာလား?

အဖေဆိုတဲ့သူ့ထက် Xing ကို ပိုယုံနေမိတယ်...
Jun ရဲ့မသိစိတ်ကနေ Xing ကို ကာကွယ်ပေးချင်နေမိတာ...

Jun လေ...
တကယ်ပဲ Xing ကိုမုန်းခဲ့တာ ဟုတ်ရဲ့လား?

"မင်းနားလည်ဖို့ မလိုပါဘူး JunMyeom...
မင်းအလုပ်က Zhang yixing ရဲ့ ယုံကြည်မှုနဲ့အချစ်ကိုယူပြီး သူ့ကိုသတ်ဖို့ပဲ"

"ဒါဆို ခင်ဗျားသတ်လဲရတာပဲလေ"

"အင်း ရတာပေါ့....ဒါပေမဲ့ ငါက သူသိပ်ချစ်တဲ့သူဆီကပဲ နာနာကျင်ကျင် သတ်တာပဲခံစေချင်တာ...Zhang yixing ရဲ့နှလုံးသားရော...လူရော..
တစ်ပြိုင်နက်သေစေချင်တာဆိုရင်ရော?"

"ကျွန်တော်ကဘာလို့အဲ့လိုလုပ်ရမှာလဲ Mr.kim.."

Mr.kim ရဲ့အဖြေက သိပ်ရိုးရှင်းခဲ့ပါသည်...

"ဘာလို့လဲဆိုတော့...
မင်းက... သူ့တန်ဖိုးထားတဲ့နှင်းဆီငယ် မို့လို့ပေါ့...

မင်းရဲ့ဆူးတွေက...
သူ့အတွက်အဆိပ်ဖြစ်နေရင်တောင်...
သူကဆုပ်ကိုင်ပြီး ဆက်နမ်းနေဦးမှာပဲမို့လေ"

Jun က ဘာလို့...
Zhang yixing ကို သတ်ဖို့ လက်ထပ်ခဲ့ရတာလဲ?

Jun က ဘယ်လိုအမုန်းတွေ ရှိနေလို့လဲ?
ဒါမှမဟုတ် တခြားကိစ္စတွေကြောင့်ပဲလား?

Jun သည် တွေးရင်းနှင့် အမှန်ပင် ခေါင်းနောက်လာရ၏...

Jun အပေါ်ဒီလောက်ကောင်းတဲ့သူကိုမှ ဘာလို့ သတ်ပစ်ရမည်လဲ?

"Baby..."

မိမိအနောက်ဘက်မှနေ၍ ခါးကိုသိုင်းဖက်လာတဲ့ လက်တစ်စုံကြောင့် ထိုလူရဲ့ရင်ခွင်ထဲ သူ့ကိုယ်လုံးလေးကျရောက်သွားရသည်...

ခန့်မှန်းကြည့်ရုံနဲ့သိနိုင်သည်က Xing က သူ့ကိုထွေးပွေ့ထားခြင်း...

"Xing...ခင်ဗျားပြန်ရောက်လာပြီလား"

"အင်း baby..."

Xing ရဲ့ အသက်ရှူသံငွေ့ငွေ့က jun ပါးပြင်သို့ ရိုက်ခတ်နေ၏...
Jun သည် Xing နှင့်မျက်နှာချင်းဆိုင်ဖက်သို့ လှည့်လိုက်သည်မို့ နှစ်ဦးသားအကြည့်တို့ဆုံကာ jun ရဲ့ခါးသွယ်သွယ်လေးသည်လဲ သူ့လက်ထဲ၌သာ...

"ဒီရက်ပိုင်း...ခင်ဗျား ကျွန်တော့်ကို
ဘာလို့ဖုန်းမဆက်တာလဲ Xing.."

Xing သည် အံ့သြသွားဟန်ပြုရင်း Jun ကို စိုက်ကြည့်လာပါသည်... ထို့နောက်မှ သက်ပြင်းတစ်ခုချရင်း အဖြေပေးလာတယ်

"Baby က... ကိုယ်ဖုန်းဆက်တာမကြိုက်ဘူးလေ"

"ကျွန်တော်က ဘာလို့မကြိုက်..."

Jun ပြောရမည့်စကားတို့ပင် ရပ်တန့်သွားရသည်...
ယခုချိန်မှာဖုန်းဆက်စေချင်သည်မှန်သော်ငြား
အရင်က မိမိသည် Xing အပေါ်ဘယ်လောက်ဆိုးခဲ့ကြောင်း သူလဲရိပ်မိပါသည်

Xing အတွက်လဲ အခုဆိုနေသားကျနေလောက်ရောပေါ့...

"Baby ခွင့်ပြုတယ်ဆိုရင် ကိုယ်ဆက်ပါ့မယ်...ကိုယ်...ကိုယ်လဲ baby ကိုအရမ်းလွမ်းတာမို့..."

Xing က Jun ရဲ့ မျက်နှာနားကပ်ကာ ပြောလိုက်သည်မို့ နှစ်ဦးသား၏ အသက်ရှူသံသည် ပါးပြင်ထက်ရိုက်ခတ်လျက်...

အနီးကပ်ကြည့်ကာမှ Xing သည် ခန့်ငြားတာထက်ပို၏...

မဲနက်နေသော မျက်ခုံးနှစ်ဖက်အောက်က စူးရှရှအကြည့်တွေက Jun နှလုံးသားကို အထိန်းအကွပ်မဲ့စေ၏ ...

လူကြီးလူကောင်းဆန်ဆန် suit အနက်ရောင်နဲ့ လှန်တင်ထားသော ဆံနွယ်တို့က Xing ကိုပိုပြီး smart ကျစေသည်...

သူသည်ကား မိမိကို သည်းသည်းလှုပ်ချစ်သော သူတဲ့...

ရင်ခုန် သံသည် အပြင်သို့ထွက်ကျကာ ပေါက်ထွက်တော့မည့်အလား ခံစားရစေသည်မို့ Jun အလျင်စလိုပဲ Xing ရင်ဘတ်ကို အသာတွန်းလိုက်ရသည်...

"ကျွန်တော့်ကို...ပြောပြ"

"ဟင်?"

"ခင်ဗျားနဲ့ ပက်သက်တဲ့ အမှန်တရတွေအကုန်ပြောပြလို့...ခင်ဗျားကိုထားတဲ့ ကျွန်တော့်စိတ်ကို ပြန်လေ့လာချင်တယ်"

"Baby သဘောအတိုင်းပါ"

*********************************

Continue Reading

You'll Also Like

5.1K 933 20
පන්දුවෙන් වැඩදාන දගකාර හිතක් ලග ගන් එකෙන් වැඩ දාන සීතල හිතක් නතර උනොත් , #විරුශ් ...... 💞 For the love Of...
1.6M 102K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
453K 41.1K 58
Note::Possessive Type မျိုးတွေ🔴 စကားလုံးရင့်သီးတာတွေ ပွင့်လင်းရိုင်းစိုင်းတာတွေပါနေတာမို့ဒါမျိုးတွေမကြိုက်ရင်မဖတ်ကြရန်မေတ္တာရပ်ခံပါသည်။
62.9K 16.4K 57
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥