ႏွင္းဆီငယ္

Fire_puppy द्वारा

23.6K 1.7K 167

အကယ္၍... မင္းရဲ့အဆိပ္ဆူးေတြကို အနာက်င္ခံဆုပ္ကိုင္ၿပီး မင္းကိုနမ္းမယ္ဆိုရင္ေရာ... ခြင့္ျပဳ ႏိုင္မလား ႏွင္းဆီင... अधिक

Intro
1
2
3
5
6
7
8
9
10

4

1.6K 150 10
Fire_puppy द्वारा

Zawgyi>>>

"ကြၽန္ေတာ့္နာမည္က JunMyeon…
ကြၽန္ေတာ့္မွာ အေဖ႐ွိတယ္… ကြၽန္ေတာ္က တရားမဝင္လူသတ္ဂိုဏ္းေခါင္းေဆာင္းရဲ႕သားနဲ႔ လက္ထပ္ထားတာ?"

Jun ေရရြတ္သည္မ်ားကို Bin ေခါင္းၿငိမ့္ျပ၏

Bin က Xing တို႔ အိမ္ေတာ္ရဲ႕ အေစခံေတြထဲကတစ္ေယာက္… Jun ေနမေကာင္းတုန္း အနားမွာ႐ွိဖို႔ ခိုင္းရန္ထားထားတဲ့ လူဆိုလဲမမွားေပ...

သူ႔အလုပ္က သခင္ေလး Jun ခိုင္းတာ လုပ္ေပးဖို႔နဲ႔ သူ႔ကိုအေဖာ္ျပဳေပးဖို႔...

Boss xing ရဲ႕ ခိုင္းေစခ်က္အရ
အတိတ္ေမ့ေနတဲ့ သခင္ေလးကို တစ္ခုခုမျဖစ္ရန္ ပိုၿပီးဂ႐ုစိုက္ေပးဖို႔သာ ျဖစ္သည္...

"သခင္ေလး တစ္ခုခုမ်ားမွတ္မိလို႔လားဟင္?"

Jun ေခါင္းကို ေလးပင္စြာပင္ ခါျပမိပါသည္...
သူ႔မွတ္ဥာဏ္နဲ႔ ဦးေႏွာက္ထဲ ဘာဆိုဘာမွမ႐ွိ အလြတ္ဗလာအတိုင္းျဖစ္ပါသည္...

Zhang yixing ဆိုတဲ့သူက သူမ႐ွိတဲ့အခ်ိန္ဆိုရင္ Bin ကို အနားမွာပို႔ေပးထားသည္

Zhang yixing … အဲ့လူက သူ႔ရဲ႕ေယာက်ာ္းတဲ့ သူကတကယ္ထူးဆန္းတယ္ jun အေပၚကို အရမ္းေကာင္းလြန္းၿပီးေတာ့ အရမ္းဂ႐ုစိုက္တယ္

ဒါေပမဲ့ Jun ကိုအျပင္မထြက္ခိုင္းဘူး

သူက အေစာင့္ေတြအမ်ားႀကီးနဲ႔ ထားထားတယ္ jun အဲ့တာကို တကယ္မႀကိဳက္ဘူး အရမ္းမြန္းၾကပ္တယ္ေလ

"Bin"

"ဟုတ္ကဲ့ သခင္ေလး"

"Zhang yixing … သူကဘယ္လိုလူမ်ိဳးလဲဟင္? ကြၽန္ေတာ့္ကိုခင္ဗ်ားသိသေလာက္ေျပာျပေပးပါလား"

Jun ေမးေတာ့ Bin က အနည္းငယ္ျပံဳးေယာင္ သန္းသြား၏... သူ႔အေနနဲ႔လဲ ဤေမးခြန္းကို အေတာ္ေလးေျဖခ်င္ေနဟန္...

"Boss က ရက္စက္ၿပီးေသြးေအးတဲ့ လူသတ္သမားဆိုလဲဟုတ္တယ္ အရမ္းေတာ္တဲ့ ဆရာဝန္ဆိုလဲဟုတ္တယ္ ဒါေပမဲ့ သခင္ေလးအတြက္ဆိုရင္ေတာ့ သိပ္ကိုၾကင္နာတတ္တဲ့ ခင္ပြန္းေကာင္းတစ္ေယာက္ပါဗ်ာ"

Jun သည္ ေခါင္းကိုၿငိမ့္ရံုသာ အသိအမွတ္ျပဳ၏ ဒါကိုသူလဲသိေနပါသည္ အဲ့ဒီလူ ဘယ္ေလာက္ထိဂ႐ုစိုက္သလဲဆိုတာကိုေပါ့...

"ကြၽန္ေတာ္တို႔ကခ်စ္လို႔ လက္ထပ္ခဲ့ၾကတာလားဟင္"

"အဲ့လိုေတာ့ မဟုတ္ဘူး သခင္ေလးရဲ႕…
Boss က သခင္ေလးကိုခ်စ္လြန္းလို႔ အတင္းအၾကပ္လက္ထပ္ခဲ့တာ…"

"အတင္းအၾကပ္လက္ထပ္တယ္? ကြၽန္ေတာ့္ဆႏၵမပါပဲနဲ႔လား?"

"ဟုတ္ေတာ့ဟုတ္ပါတယ္ ဒါေပမဲ့ သူကလက္ထပ္ၿပီးေတာ့လဲ သခင္ေလးကိုသိပ္ခ်စ္တာေလ သိပ္ဂ႐ုစိုက္ၿပီး ေႂကြ႐ုပ္ကေလးလို အပြန္းအပဲ့မခံႏိုင္ေအာင္ထား႐ွာတာ"

Bin စကားအဆံုး Jun သက္ျပင္းကိုခ်၏
သူ႔အေနနဲ႔ အတင္းအၾကပ္လက္ထပ္ထားတဲ့လူကို မုန္းသလိုဆက္ဆံရမလား သူ႔ရဲ႕ဂ႐ုစိုက္မႈေတြကို အသိအမွတ္ျပဳသင့္သလား ?

Zhang yixing နဲ႔ပက္သက္ရင္ ခံစားခ်က္ေတြက သိပ္႐ႈပ္ေထြးပါသည္

"ဒါဆိုကြၽန္ေတာ္ကေရာ? ကြၽန္ေတာ္ကေရာ ဘယ္လိုလူမ်ိဴးလဲ Bin?"

Bin သည္ သက္ျပင္းကိုခ်၏....

"အင္း.. သခင္ေလးက ပိုၿပီးေသြးေအးတယ္ လုပ္ခ်င္တာကိုလုပ္တယ္ boss အေပၚကိုဆို အရမ္းဆိုးလြန္းတယ္ေလ ဒါေပမဲ့ ကြၽန္ေတာ္တို႔ boss က အရမ္းခ်စ္တာဗ် သခင္ေလးဘာလုပ္လုပ္ အျပစ္မျမင္႐ွာဘူး ဟီး"

Bin ေျပာသည့္ စကားမ်ားကို နားေထာင္ရင္း Jun
အေတြးထဲ လြင့္ေမ်ာေနရ၏…

ေသြးေအးတယ္…

ဒီေလာက္ထိ သူ႔အေပၚဂ႐ုစိုက္တဲ့လူကို ႏိုင္စားတယ္ဆိုတာက တကယ္ပဲ သူကဘယ္လိုလူမ်ိဴးျဖစ္ခဲ့ပါလိမ့္?

"ေဟာ boss ေရာက္လာၿပီ သခင္ေလး"

"ဟင္ "

တံခါးကိုဖြင့္ရင္းဝင္လာတဲ့
ထိုလူကို Jun လွည့္ၾကည့္မိ၏…

Zhang yixing ဆိုတဲ့ထိုလူ မ်က္ႏွာက ပင္ပန္းေနသည့္အလား တျဖည္းျဖည္းမ်က္ႏွာက ေခ်ာင္က်လာပါသည္

အထူးသျဖင့္ သူေနမေကာင္းရင္ပိုဆိုးတယ္
သူ႔ခမ်ာ အ႐ူးမီးဝိုင္း ျဖစ္ေနရ႐ွာတာ

ၾကာေတာ့ Jun လဲ အဲ့လူကို သနားမိလာတယ္…

ဘာလို႔ Jun ကို ဒီေလာက္ထိ ခ်စ္ေနရသလဲပဲ ...

"Baby သက္သာရဲ႕လား ဘာေတြအဆင္မေျပတာ႐ွိလဲဟင္"

"X..xing.."

Xing လို႔ နာမ္စားေလးသံုးလိုက္သည့္အခိုက္တန္႔ ထိုလူ႔လက္ေတြမသိသာေလး တုန္ယင္သြားပါသည္

"Ba..baby ကိုယ့္ကိုမွတ္မိၿပီလားဟင္"

"မဟုတ္ဘူး…အရင္က ကြၽန္ေတာ္ ခင္ဗ်ားကို အဲ့လိုေခၚတယ္ ဆိုလို႔ပါ အဲ့တာေၾကာင့့္.."

"ေအာ္… ရပါတယ္ baby…
Baby အဆင္ေျပသလိုေခၚေနာ္"

Xing သည္ သူယူလာတဲ့ Jun အတြက္ မုန္႔ေတြအား စားပြဲေပၚအစီအရီခ်ေနရင္း Jun ကို ေသခ်ာဂ႐ုစိုက္ေပးေန႐ွာသည္

သူကအျမဲအဲ့လိုပဲ...
Jun အေပၚကို သိပ္ဂ႐ုစိုက္လြန္းတာ မသိရင္ကေလးေလးလိုပဲ...

Jun သည္ ေခါင္းငံု႔ထားရာမွ တျဖည္းျဖည္းေမာ့လိုက္ရင္း Xing ကို မဝံ့မရဲၾကည့္မိ၏...

"ဟိုေလ Xing… ကြၽန္ေတာ့္ကို အေစာင့္ေတြဖယ္ေပးလို႔ရမလား"

"ဘာျဖစ္လို႔လဲ baby သူတို႔ဘာလုပ္လို႔လဲ ကိုယ့္ကိုေျပာ ကိုယ့္အခုခ်က္ခ်င္းသတ္ပစ္ေပးမယ္"

"အာအာ အဲ့လိုမဟုတ္ပါဘူး ကြၽန္ေတာ္ကဒီတိုင္း စိတ္႐ႈပ္လို႔"

Xing သည္ သက္ျပင္းဖြဖြခ်ရင္း baby ေခါင္းေလးကိုပုတ္ေပး၏

"ကိုယ္စိတ္မခ်လို႔ပါ  baby ရယ္…"

Jun သည္ ဘာမွမေျပာေတာ့ပဲ တစ္ဖက္သို႔လွည့္ကာ အိပ္စက္ေနလိုက္ေတာ့သည္

"Baby "

Xing ေခၚေနတာ သိေသာ္ျငား လွည့္မၾကည့္ေတာ့ဘဲ မ်က္လံုးကိုမွိတ္ရင္း ၿငိမ္သက္ေနမိေတာ့သည္

သက္ျပင္းခ်သံတစ္ခုအဆံုး
မၾကာမီ မီးပိတ္၍ အခန္းတစ္ခုလံုး အေမွာင္က်ၿပီးေနာက္ တံခါးပိတ္သံေလးကိုလဲ ၾကားလိုက္ရသည္

ေျခသံဖြဖြႏွင့္
ထိုလူႀကီးထြက္သြားၿပီ ျဖစ္ေပမည္…

မဆိုးပါဘူး...

အဲ့လူႀကီးကို စိတ္ေကာက္ရတာလဲ ေပ်ာ္ဖို႔ေကာင္းတာပဲ...

Hkhk...

*****************************

Unicode>>>

"ကျွန်တော့်နာမည်က JunMyeon…
ကျွန်တော့်မှာ အဖေရှိတယ်… ကျွန်တော်က တရားမဝင်လူသတ်ဂိုဏ်းခေါင်းဆောင်းရဲ့သားနဲ့ လက်ထပ်ထားတာ?"

Jun ရေရွတ်သည်များကို Bin ခေါင်းငြိမ့်ပြ၏

Bin က Xing တို့ အိမ်တော်ရဲ့ အစေခံတွေထဲကတစ်ယောက်… Jun နေမကောင်းတုန်း အနားမှာရှိဖို့ ခိုင်းရန်ထားထားတဲ့ လူဆိုလဲမမှားပေ...

သူ့အလုပ်က သခင်လေး Jun ခိုင်းတာ လုပ်ပေးဖို့နဲ့ သူ့ကိုအဖော်ပြုပေးဖို့...

Boss xing ရဲ့ ခိုင်းစေချက်အရ
အတိတ်မေ့နေတဲ့ သခင်လေးကို တစ်ခုခုမဖြစ်ရန် ပိုပြီးဂရုစိုက်ပေးဖို့သာ ဖြစ်သည်...

"သခင်လေး တစ်ခုခုများမှတ်မိလို့လားဟင်?"

Jun ခေါင်းကို လေးပင်စွာပင် ခါပြမိပါသည်...
သူ့မှတ်ဥာဏ်နဲ့ ဦးနှောက်ထဲ ဘာဆိုဘာမှမရှိ အလွတ်ဗလာအတိုင်းဖြစ်ပါသည်...

Zhang yixing ဆိုတဲ့သူက သူမရှိတဲ့အချိန်ဆိုရင် Bin ကို အနားမှာပို့ပေးထားသည်

Zhang yixing … အဲ့လူက သူ့ရဲ့ယောကျာ်းတဲ့ သူကတကယ်ထူးဆန်းတယ် jun အပေါ်ကို အရမ်းကောင်းလွန်းပြီးတော့ အရမ်းဂရုစိုက်တယ်

ဒါပေမဲ့ Jun ကိုအပြင်မထွက်ခိုင်းဘူး

သူက အစောင့်တွေအများကြီးနဲ့ ထားထားတယ် jun အဲ့တာကို တကယ်မကြိုက်ဘူး အရမ်းမွန်းကြပ်တယ်လေ

"Bin"

"ဟုတ်ကဲ့ သခင်လေး"

"Zhang yixing … သူကဘယ်လိုလူမျိုးလဲဟင်? ကျွန်တော့်ကိုခင်ဗျားသိသလောက်ပြောပြပေးပါလား"

Jun မေးတော့ Bin က အနည်းငယ်ပြုံးယောင် သန်းသွား၏... သူ့အနေနဲ့လဲ ဤမေးခွန်းကို အတော်လေးဖြေချင်နေဟန်...

"Boss က ရက်စက်ပြီးသွေးအေးတဲ့ လူသတ်သမားဆိုလဲဟုတ်တယ် အရမ်းတော်တဲ့ ဆရာဝန်ဆိုလဲဟုတ်တယ် ဒါပေမဲ့ သခင်လေးအတွက်ဆိုရင်တော့ သိပ်ကိုကြင်နာတတ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါဗျာ"

Jun သည် ခေါင်းကိုငြိမ့်ရုံသာ အသိအမှတ်ပြု၏ ဒါကိုသူလဲသိနေပါသည် အဲ့ဒီလူ ဘယ်လောက်ထိဂရုစိုက်သလဲဆိုတာကိုပေါ့...

"ကျွန်တော်တို့ကချစ်လို့ လက်ထပ်ခဲ့ကြတာလားဟင်"

"အဲ့လိုတော့ မဟုတ်ဘူး သခင်လေးရဲ့…
Boss က သခင်လေးကိုချစ်လွန်းလို့ အတင်းအကြပ်လက်ထပ်ခဲ့တာ…"

"အတင်းအကြပ်လက်ထပ်တယ်? ကျွန်တော့်ဆန္ဒမပါပဲနဲ့လား?"

"ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့ သူကလက်ထပ်ပြီးတော့လဲ သခင်လေးကိုသိပ်ချစ်တာလေ သိပ်ဂရုစိုက်ပြီး ကြွေရုပ်ကလေးလို အပွန်းအပဲ့မခံနိုင်အောင်ထားရှာတာ"

Bin စကားအဆုံး Jun သက်ပြင်းကိုချ၏
သူ့အနေနဲ့ အတင်းအကြပ်လက်ထပ်ထားတဲ့လူကို မုန်းသလိုဆက်ဆံရမလား သူ့ရဲ့ဂရုစိုက်မှုတွေကို အသိအမှတ်ပြုသင့်သလား ?

Zhang yixing နဲ့ပက်သက်ရင် ခံစားချက်တွေက သိပ်ရှုပ်ထွေးပါသည်

"ဒါဆိုကျွန်တော်ကရော? ကျွန်တော်ကရော ဘယ်လိုလူမျိူးလဲ Bin?"

Bin သည် သက်ပြင်းကိုချ၏....

"အင်း.. သခင်လေးက ပိုပြီးသွေးအေးတယ် လုပ်ချင်တာကိုလုပ်တယ် boss အပေါ်ကိုဆို အရမ်းဆိုးလွန်းတယ်လေ ဒါပေမဲ့ ကျွန်တော်တို့ boss က အရမ်းချစ်တာဗျ သခင်လေးဘာလုပ်လုပ် အပြစ်မမြင်ရှာဘူး ဟီး"

Bin ပြောသည့် စကားများကို နားထောင်ရင်း Jun
အတွေးထဲ လွင့်မျောနေရ၏…

သွေးအေးတယ်…

ဒီလောက်ထိ သူ့အပေါ်ဂရုစိုက်တဲ့လူကို နိုင်စားတယ်ဆိုတာက တကယ်ပဲ သူကဘယ်လိုလူမျိူးဖြစ်ခဲ့ပါလိမ့်?

"ဟော boss ရောက်လာပြီ သခင်လေး"

"ဟင် "

တံခါးကိုဖွင့်ရင်းဝင်လာတဲ့
ထိုလူကို Jun လှည့်ကြည့်မိ၏…

Zhang yixing ဆိုတဲ့ထိုလူ မျက်နှာက ပင်ပန်းနေသည့်အလား တဖြည်းဖြည်းမျက်နှာက ချောင်ကျလာပါသည်

အထူးသဖြင့် သူနေမကောင်းရင်ပိုဆိုးတယ်
သူ့ခမျာ အရူးမီးဝိုင်း ဖြစ်နေရရှာတာ

ကြာတော့ Jun လဲ အဲ့လူကို သနားမိလာတယ်…

ဘာလို့ Jun ကို ဒီလောက်ထိ ချစ်နေရသလဲပဲ ...

"Baby သက်သာရဲ့လား ဘာတွေအဆင်မပြေတာရှိလဲဟင်"

"X..xing.."

Xing လို့ နာမ်စားလေးသုံးလိုက်သည့်အခိုက်တန့် ထိုလူ့လက်တွေမသိသာလေး တုန်ယင်သွားပါသည်

"Ba..baby ကိုယ့်ကိုမှတ်မိပြီလားဟင်"

"မဟုတ်ဘူး…အရင်က ကျွန်တော် ခင်ဗျားကို အဲ့လိုခေါ်တယ် ဆိုလို့ပါ အဲ့တာကြောင့်.."

"အော်… ရပါတယ် baby…
Baby အဆင်ပြေသလိုခေါ်နော်"

Xing သည် သူယူလာတဲ့ Jun အတွက် မုန့်တွေအား စားပွဲပေါ်အစီအရီချနေရင်း Jun ကို သေချာဂရုစိုက်ပေးနေရှာသည်

သူကအမြဲအဲ့လိုပဲ...
Jun အပေါ်ကို သိပ်ဂရုစိုက်လွန်းတာ မသိရင်ကလေးလေးလိုပဲ...

Jun သည် ခေါင်းငုံ့ထားရာမှ တဖြည်းဖြည်းမော့လိုက်ရင်း Xing ကို မဝံ့မရဲကြည့်မိ၏...

"ဟိုလေ Xing… ကျွန်တော့်ကို အစောင့်တွေဖယ်ပေးလို့ရမလား"

"ဘာဖြစ်လို့လဲ baby သူတို့ဘာလုပ်လို့လဲ ကိုယ့်ကိုပြော ကိုယ့်အခုချက်ချင်းသတ်ပစ်ပေးမယ်"

"အာအာ အဲ့လိုမဟုတ်ပါဘူး ကျွန်တော်ကဒီတိုင်း စိတ်ရှုပ်လို့"

Xing သည် သက်ပြင်းဖွဖွချရင်း baby ခေါင်းလေးကိုပုတ်ပေး၏

"ကိုယ်စိတ်မချလို့ပါ  baby ရယ်…"

Jun သည် ဘာမှမပြောတော့ပဲ တစ်ဖက်သို့လှည့်ကာ အိပ်စက်နေလိုက်တော့သည်

"Baby "

Xing ခေါ်နေတာ သိသော်ငြား လှည့်မကြည့်တော့ဘဲ မျက်လုံးကိုမှိတ်ရင်း ငြိမ်သက်နေမိတော့သည်

သက်ပြင်းချသံတစ်ခုအဆုံး
မကြာမီ မီးပိတ်၍ အခန်းတစ်ခုလုံး အမှောင်ကျပြီးနောက် တံခါးပိတ်သံလေးကိုလဲ ကြားလိုက်ရသည်

ခြေသံဖွဖွနှင့်
ထိုလူကြီးထွက်သွားပြီ ဖြစ်ပေမည်…

မဆိုးပါဘူး...

အဲ့လူကြီးကို စိတ်ကောက်ရတာလဲ ပျော်ဖို့ကောင်းတာပဲ...

Hkhk...

*****************************

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

75.6K 10.2K 38
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
NERVEUX WINE Euphoria द्वारा

फैनफिक्शन

157K 24.1K 18
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
453K 41.1K 58
Note::Possessive Type မျိုးတွေ🔴 စကားလုံးရင့်သီးတာတွေ ပွင့်လင်းရိုင်းစိုင်းတာတွေပါနေတာမို့ဒါမျိုးတွေမကြိုက်ရင်မဖတ်ကြရန်မေတ္တာရပ်ခံပါသည်။
34.5K 7.5K 43
tk sinhala