HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

362K 24.2K 898

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း(၁၁) - Mistake

7.8K 571 9
By Futawa


အခန်း(၁၁) - Mistake

Unicode

[ကိုယ်ကမီးပင်လယ်ကြီးဆို မင်းကအေးချမ်းသောလမင်း ]

တိတ်ဆိတ်နေတဲ့ Archiဆောင်ပတ်ဝန်းကျင်လေးသို့ဆောင်းလေညှင်းလေးများက တဖြူးဖြူးနဲ့တိုက်ခတ်လျက်ရှိသည်။

ကော်ဖီလှည်းလေးရဲ့အပေါ်ဘက်မှာရှိတဲ့ သစ်သားခုံတန်းလေးပေါ်၌ထိုင်နေတဲ့
ကောင်လေးတစ်ယောက်ဟာဆိုရင် သူ့လက်ထဲကဖုန်း screenလေးကိုမျက်လွှာချကြည့်နေရင်းကနေ နှုတ်ခမ်းလွှာလေးတွေကအလှဆုံးကွေးညွှတ်သွားရပေသည်။

ရှိုင်းဇေယံသည် သောက်လက်စကော်ဖီခွက်လေးကို တစ်ငုံစုပ်သောက်လိုက်ပြီးနောက်ကော်ဖီစက်လေးတွေတင်ကျန်နေတဲ့နှုတ်ခမ်းပါးပါးလေးကို လျှာဖျားလေးနဲ့တို့ထိသပ်လိုက်ကာ မျက်ဝန်းလေးတွေကိုမှိတ်စင်းလိုက်လျက် ပါးပြင်ပေါ်ကိုဖြတ်တိုက်လာတဲ့လေပြေလေးတွေကိုကျေနပ်မှုအပြည့်နဲ့နမ်းရှိုက်လိုက်သည်။

ထိုကောင်လေးရဲ့တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ ကိုယ်ပိုင်နယ်မြေလေး၌ ရုတ်တရက်ထွက်ပေါ်လာတဲ့ တစ်စုံတစ်ယောက်ရဲ့သြရှရှအသံဟာဆိုရင် ဆိတ်ငြိမ်မှုတို့ကိုဖြိုခွင်း၍ပဲ့တင်ထပ်သွားတော့သည်။

"ရှိုင်းဇေယံ"

ရင်းနှီးလွန်းတဲ့အသံတစ်သံဖြစ်သော်လည်း ဘာကြောင့်မှန်းမသိ သူ့အတွက်စိမ်းကားနေသလိုပင်။ ထိုအသံအဆုံး၌ရှိုင်းဇေယံဟာ သူဖန်တီးထားသောအလှဆုံးအပြုံးလေးကို တစ်ဖက်လူမမြင်စေရန် ချက်ချင်းပင်ရုတ်သိမ်းပစ်လိုက်လေ၏။

'သူ့ကို ညီလို့တောင် မခေါ်တော့ပါလားနော်'

ရှိုင်းဇေယံဟာ မင်းခန့်ထည်ကိုကျောခိုင်းထားလျက် သစ်သားခုံတန်းလေးပေါ်တွင် မလှုပ်မယှက်နှင့်ထိုင်နေခဲ့ပြီး အနောက်ဘက်ကလူသားကို တစ်စွန်းတစ်စမျှခွန်းတုံ့ပြန်ခြင်းမရှိလာဘဲ ဆောင်းလေစိမ်းတို့သည်သာ
သူတို့နှစ်ဦးကြား ဝေ့လည်တိုက်ခတ်ရင်းအေးစက်မှုတစ်စုံတစ်ရာကကြီးစိုးလို့နေလျက်။

နောက်ဆုံးတော့ မနေနိုင်တဲ့မင်းခန့်ထည်ကပဲ အရှုံးပေးလိုက်ကာ ရှိုင်းနဲ့မျက်နှာချင်းဆိုင်ဘက်ဆီသို့ သူ့ရဲ့ခြေထောက်တွေကို ရွေ့လျားလိုက်တော့လေသည်။

မင်းခန့်ထည်တစ်ယောက် ရှိုင်းဇေယံရှေ့သို့ရောက်သွားခဲ့သော်လည်း ထိုကောင်လေးက သူ့အားနဲနဲလေးမျှပင့်ကြည့်မလာခဲ့ပေ။
သူလေးကဖုန်း screenကိုသဲသဲမဲမဲငုံ့ကြည့်နေရင်းဖြင့်သာအလုပ်ရှုပ်နေခဲ့ပြီး ဥပေက္ခာပြုထားခံရတဲ့ မင်းခန့်ထည်ခမျာ အနှီကောင်ဆိုးလေးကိုစိုက်ကြည့််နေရင်းနဲ့ လည်ချောင်းဝကိုလှိုက်တက်လာတဲ့စိတ်ခံစားချက်တို့ကိုအတတ်နိုင်ဆုံးဖိနှိပ်ထားပြီး မေးလိုက်သည်။

"မင်း ကိုယ့်ကိုစိတ်ဆိုးနေတယ်မှတ်လား"

မင်းခန့်ထည်စကားသာဆုံးသွားခဲ့ပေမယ့်် ရှိုင်းဇေယံဘက်မှ လားလားမျှတုံ့ပြန်လာခြင်းမရှိဘဲ သူ့ရဲ့စကားသံများကိုမကြားချင်ယောင်ဆောင်နေလျက်သာ ဆက်တိတ်ဆိတ်နေခဲ့သည်။

အေးတိအေးစက်နိုင်တဲ့နေရာမှာနာမည်ကြီးတဲ့စီနီယာကြီးမင်းခန့်ထည်ဟာဆိုရင် စသိတာတစ်ပတ်လောက်ပဲရှိသေးတဲ့ဂျူနီယာလေးဆီကနေ မှုန့်မှုန့်ညက်ညက်ကြေအောင်အချေခံနေရခြင်းအပေါ် စိတ်ဆိုးဒေါသထွက်ခြင်းတို့အလျဉ်းမရှိပါဘဲ
သူ့ရင်ထဲမှာ ချိုးနှိမ်မရတဲ့စိတ်ခံစားချက်တို့သည်သာ ဒုန်းဆိုင်းဖြစ်တည်လာရသည်။

သူ့ရဲ့အပြောအဆိုမတတ်တဲ့ အကျင့်စရိုက်အရ ဒီကောင်လေးရဲ့စိတ်ထဲက အစိုင်အခဲတွေကို သူမခြေဖျက်ပေးနိုင်မှာကိုလည်း စိုးကြောက်နေမိလေသည်။

မင်းခန့်ထည်ဟာ သူ့ကြောင့်တဖက်လူစိတ်အနှောင့်အယှက် ဖြစ်သွားလျှင်လုံးဝမနေတတ်သူဖြစ်တဲ့အလျောက် အခုသူ့ကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားရတဲ့တစ်ဖက်လူကရှိုင်းဇေယံဖြစ်နေတဲ့အခါမှာ သည်အမှန်တရားက သူ့အားပို၍အကြပ်ရိုက်စေလေသည်။

ရှိိုင်းဇေယံဆိုတဲ့ချာတိတ်လေးကသူ့အပေါ်၌ ဘယ်အရာကိုစိတ်ကွက်သွားခဲ့မှန်း မရှာဖွေနိုင်ခဲ့တဲ့မင်းခန့်ထည်ဟာ ထိုကောင်လေးသူ့ကိုလျစ်လျူရှုထားချိန်ကစပြီး သူတို့၂ယောက်သူစိမ်းတွေဖြစ်သွားကြတဲ့အနာဂတ်အထိ တဆုံးတွေးချလိုက်ပြီးနောက်သူ့ရဲ့တည်ငြိမ်မှုတို့ဟာလုံးဝတိုက်စားခံလိုက်ရချေသည်။

နောက်ဆုံး မင်းစက်အကြံပေးတဲ့အတိုင်း သူ့ရင်ထဲသို့ဝေဒနာများ ပေးကမ်းစွန့်ကြဲနိုင်လွန်းသောထိုကောင်လေးနဲ့ မျက်နှာချင်းဆိုင်ရှင်းရုံကတစ်ပါး သူတခြားဘာမှမတတ်နိုင်တော့တာကြောင့် သူအခုဒီနေရာကိုရောက်လာခဲ့ရခြင်းပေ။

"ကိုယ့်ကို မင်းစိတ်ဆိုးရတဲ့အကြောင်းရင်းလေးပြောပြသင့်ပြီထင်တယ်"

မင်းခန့်ထည်ရဲ့စကားသံလေးများက တစ်ခွန်းပြီးတစ်ခွန်းပဲ့တင်ထပ်သွားရသော်လည်း ကောင်ကလေးရဲ့အသံလှိုင်းလေးတွေကတောာ့တစ်ခွန်းတစ်လေမျှ ပဲ့တင်ထပ်ခဲ့ခြင်းမရှိတာကြောင့် မင်းခန့်ထည်လည်း ရှိုင်းပြန်ဖြေလာမယ့်အချိန်ကိုစိတ်ရှည်ရှည်နှင့်ရပ်စောင့်ရန်သာဆုံးဖြတ်လိုက်တော့သည်။

မင်းခန့်ထည်ရဲ့မျက်ဝန်းတစ်စုံဟာ သူ့ကိုမသိကျိုးကျွံပြုနေပါသော ကောင်လေးရဲ့နူးညံ့ဖြူစင်သောမျက်နှာလေးအား တစ်စက္ကန့်မျှသွေဖယ်သွားခြင်းမရှိစွာ တစိုက်မတ်မတ်နှင့် ငေးစိုက်ကြည့်နေခဲ့ကာရှည်လျားတဲ့အရိပ်တစ်ခုကကောင်လေးပေါ်သို့ဖုံးလွှမ်းကျရောက်နေသည်။

သစ်သားခုံတန်းလျားလေးအစွန်းမှာတင်ထားတဲ့ ကော်ဖီခွက်လေးထဲက ရေခဲတုံးလေးတွေရေလုံးလုံးပျော်ကျသွားမှပဲရှိုင်းဇေယံရဲ့မျဥ်းဖြောင့်သဏ္ဍာန်နှုတ်ခမ်းလွှာလေးတွေက
ပွင့်ဟလာခဲ့သည်။

ထိုကောင်လေးပြောလိုက်တာက
"ကျွန်တော့်ကို စကားပြောစေချင်ရင် ညီလို့အရင်ပြန်ခေါ်ပါ" တဲ့လေ။

ရှိုင်းနှုတ်ဖျားလေးတွေဆီက ပထမဆုံးပြေးထွက်လာတဲ့စကားလေးကိုကြားတော့ မင်းခန့်ထည်တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်သွားရကာ သူ့ရဲ့နှုတ်ခမ်းတွေကကွေးတက်လို့သွား၏။

'ဘယ်လိုတောင်နောက်ပြောင်တတ်တဲ့ကလေးလေးလဲ ? '

ထို့နောက် သူ့ရဲ့သြရှရှအသံလေးမှာ ရယ်သံသဲ့သဲ့လေးရောနှောလျက်ပျံ့လွင့်လာခဲ့သည်။

"ညီ ကိုယ့်ကို နောက်တယ်နော် "

"ကျွန်တော် ဒီအခြေအနေမှာမနောက်ဘူး"

မင်းခန့်ထည်ရဲ့ရွှတ်နောက်နောက်စကားသံကို ရှိုင်းဇေယံရဲ့အေးစက်စက်နိုင်လွန်းသော အသံလှိုင်းလေးကအပီအပြင်ရိုက်ချလာခဲ့ကာ မင်းခန့်ထည်ရဲ့ ရယ်သံလွင့်လွင့်လေးများက ထိုနေရာ၌ထိန်းမရတော့အောင်ပဲ့တင်ထပ်သွားရလျက်။

ထိုခပ်ဟဟရယ်သံများဟာ အခုအချိန်မှာ ရှိုင်းဇေယံဆိုတဲ့ဗုံးလေးတစ်လုံးကို ပေါက်ကွဲစေဖို့အတွက် စနက်တံဖြုတ်ပေးလိုက်သလိုပင်။

ကောင်လေးကနီရဲရဲမျက်နှာလေးနဲ့ပေါက်ကွဲလာခဲ့ပေ၏။

"ခများဘာလို့ရယ်နေတာလဲ။ ခများမျက်လုံးထဲမှာ ကျွန်တော့်ကို ဟာသလို့ပဲမြင်နေတာလား"

မင်းခန့်ထည်ရဲ့မျက်ဝန်းများဆီသို့ ရှိုင်းဇေယံကနီရဲရဲမျက်ဝန်းလေးများနဲ့ စူးစူးရဲရဲစိုက်ကြည့်လိုက်ရင်း ရင့်ရင့်သီးသီးပုတ်ခတ်လာခဲ့တဲ့အခါ မင်းခန့်ထည်ရဲ့ရယ်သံတွေက တမဟုတ်ချင်းပျောက်ရှသွားရပြီး သူတို့နှစ်ဦးကြား၌အေးစိမ့်စိမ့်ဆောင်းလေစိမ်းတို့သည်သာ ယှက်သန်းတိုက်ခတ်လာခဲ့ရသည်။

အချိန်တစ်ခုကြာပြီးတဲ့နောက်ရှိုင်းဇေယံလည်း မင်းခန့်ထည်ဆီမှာ နစ်မြုပ်နေခဲ့ရတဲ့
သူ့ရဲ့မျက်ဝန်းလေးများကို ပြန်ရုတ်သိမ်းလိုက်ပြီး လွယ်အိတ်ကိုကြိုးတစ်ဖက်ကနေလွယ်လိုက်ကာ ထိုနေရာမှထထွက်သွားဖို့ပြင်လိုက်သည်။

သို့သော် သူလှည့်ထွက်မည်အပြု မင်းခန့်ထည်က သူ့ရဲ့လက်ကောက်ဝတ်လေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာပြီးဆောင့်ဆွဲလိုက်တာကြောင့် သူ၏ကိုယ်လေးဟာဆန့်ကျင်ဘက်တစ်နေရာသို့ ယိမ်းယိုင်သွားရလေသည်။

သူသတိပြန်ဝင်လာတဲ့အချိန်မှာတော့ မင်းခန့်ထည်ဆိုတဲ့လူရမ်းကားကြီးက သူ့ရဲ့တစ်ကိုယ်လုံးကိုနံရံပေါ်မှာအကြွင်းမဲ့ဖိကပ်ထားလိုက်ချေပြီ။

မင်းခန့်ထည်က ပတ်တီးအဖြူရောင်စည်းပတ်ထားတဲ့ သူ့ရဲ့ ဘယ်ဘက်လက်တစ်ဖက်ကို ရှိုင်းမျက်နှာလေးရဲ့တစ်ဖက်တစ်ချက်၌ထောက်ထားလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကောင်လေးရဲ့လက်တွေကိုချုပ်ထားတာကြောင့် ထောင်ချောက်မိသွားရတဲ့ယုန်ပေါက်လေး ရှိုင်းဇေယံအတွက်လွတ်မြောက်ဖို့ရာပြေးပေါက်မရှိခဲ့ပေ။

"အကို ဘာလုပ်တာလဲ"

"ညီက ကိုယ့်ကို လာဆွနေလို့အပြစ်ပေးတာ"

ရှိုင်းဇေယံဟာ အခုချိန်မှာမင်းခန့်ထည်နဲ့အနီးဆုံးအကွာအဝေးမှာရှိနေတာကြောင့် သူတို့အသက်ရှူလိုက်တိုင်း နှစ်ဦးစလုံးရဲ့ ဝင်သက်ထွက်သက်တွေတိုင်းဟာ အချင်းချင်းယှက်နွယ်ရိုက်ခတ်နေရတဲ့အထိ အင်မတန်မှနီးကပ်လို့နေ၏။

"ဖယ်ဗျာ"

ရှိုင်းဇေယံကသူရဲ့လက်ကလေးများနှင့် မင်းခန့်ထည်ကိုတွန်းဖယ်ပစ်လိုက်သော်လည်း ထိုသန်မာသောကျောက်ဆောင်ကြီးက နဲနဲလေးတောင်မရွေ့သွားခဲ့ဘဲ သူ့ရဲ့လက်တစ်စုံကို ချုပ်နှောင်ထားတဲ့လက်တစ်ဖက်၌ပိုပြီးအားထည့်လာခဲ့လေသည်။

ထိုစဥ် ရှိုင်းရဲ့ရင်အစုံဟာ အမြင့်ဆုံးလှုပ်ခါနှုန်းဆီသို့ရောက်ရှိလာခဲ့ရပြီး မင်းခန့်ထည်နဲ့အနီးတကာ့အနီးဆုံးအကွာအဝေးမှာ ရှိနေရခြင်းဟာ သူ့အတွက်ငရဲရောက်နေတဲ့အလားအဆုံးမဲ့မွန်းကြပ်လွန်းကာခြောက်ခြားစရာကောင်းလှပေ၏။

သူအခုချက်ချင်းအငွေ့ပုံစံပြောင်းလို့ရလျှင် အငွေ့လေးအဖြစ်ပျောက်ကွယ်သွားချင်လေသည်။ ဘာကြောင့်လဲဆိုတော့ သူ့ရင်ဘက်ထဲမှာ တဒုတ်ဒုတ်ခုန်ပေါက်နေတဲ့အရာတစ်ခုကသူကိုယ်တိုင်တောင်မသိလိုက်ခင်မှာထိန်းချုပ်မှုတို့ကင်းမဲ့သွားမှာကိုစိုးထိတ်မိတာကြောင့်ပင်။

"အကို့ကို ကျွန်တော် စိတ်ဆိုးမပြေသေးဘူးနော်"

"ကဲ ဒါဆို ပြောလေ ကိုယ့်ကို ညီစိတ်ဆိုးရတဲ့အကြောင်းလေး"

"ကျွန်တော် ဒီအတိုင်းနေပြီး ပြောရမှာလား"

"ဟုတ်တယ် ဒီအတိုင်းနေပြီးပဲပြော"

မင်းခန့်ထည်ရဲ့နိုင်ထက်စီးနင်းစကားများက ရှိုင်းဇေယံရဲ့ရင်အစုံကို တစ်စထက်တစ်စပို၍လှုပ်ခတ်သွားစေလေသည်။

'ဒီအတိုင်းသာ ကြာကြာနေရင်တော့လားသောက်ကျိုးနဲစရာတွေတော့ဖြစ်ကုန်တော့မှာပဲ'

"ကျွန်တော့်လက်ကိုလွှတ်ပြီးရင် ကျွန်တော်ပြောပြမယ်လေ"

ရှိုင်းဇေယံက သူ့ရဲ့မျက်ဝန်းလေးတွေကိုသနားစရာကောင်းစွာရုတ်ချည်းပြောင်းလဲလိုက်၍တိုးဖျစွာဆိုလာလေသော် မင်းခန့်ထည်က ညစ်ကျယ်ကျယ်ရယ်သွမ်းလိုက်ပြီးနောက် ရယ်ရွှမ်းရွှမ်းမျက်ဝန်းတစ်စုံနဲ့ ကောင်လေးရဲ့နှုတ်ခမ်းဖူးဖူးလေးတွေဆီသို့ဦးတည်ကြည့်လာကာ ခပ်ဖြည်းဖြည်းချင်းဆိုလာ၏။

"ကိုယ်က အခုညီ့ရဲ့လက်ကလေးတွေကိုပဲချုပ်ထားတာလေ ညီ့ရဲ့နှုတ်ခမ်းလေးတွေကိုချုပ်ထားတာမှမဟုတ်တာ
ကိုယ်က မင်းလက်ကလေးတွေကိုမလွှတ်ပေးလည်း ညီပြောပြလို့ရပါသေးတယ်"

'အဲ့အကြည့်ကဘာအကြည့်လဲ?သူတောင်းစားကြီး... ခဗျားကကျွန်‌တော့်ရဲ့နှုတ်ခမ်းတွေကိုပါချုပ်ထားချင်သေးလို့လား'

သူဘယ်လိုပဲပြောပြော မျက်စိရှေ့ကထိုလူကတော့ လုံးဝလွှတ်ပေးမယ့်ပုံမပေါ်တာကြောင့် မုဆိုးရဲ့သားကောင်လေးဖြစ်နေရတဲ့ ယုန်သူငယ်ရှိုင်းဇေယံကပဲ မုဆိုးကြီးကိုလက်မြှောက်အရှုံးပေးလိုက်တော့လေသည်။

"ကျွန်တော် အကို့ကိုစိတ်ဆိုးရတဲ့အကြောင်းက အကိုအဲ့မနက်ကပြောလိုက်တဲ့ အထွေအထူးမဟုတ်လို့ရေးကြီးခွင်ကျယ်မလုပ်နဲ့ဆိုတဲ့စကားကြောင့်ပဲ အကိုမှတ်မိတယ်မှတ်လား အကိုပြောလိုက်တာလေ"

"အဲ့စကားက တကယ်တော့ အကိုက မင်းစက်ကိုပြောလိုက်တာလေ ညီ့ကိုပြောတာမဟုတ်ဘူးလေကွာ
ပြီးတော့ အကိုအဲ့စကားပြောလိုက်တာကလည်းမင်းစက်စကားကြောင့် ညီအရမ်းစိုးရိမ်သွားမှာစိုးလို့လည်းပါတယ်။
ညီကဒါကိုစိတ်ကွက်သွားတယ်တဲ့လား ?"

"အဲ့ညက ကျွန်တော် အကို့ကို ဘယ်လောက်ထိစိုးရိမ်နေလဲ အကိုသိရဲ့လား။  အကို့ကိုကျွန်‌တော်စိတ်ပူနေရလို့ တစ်ညလုံးအိပ်မရခဲ့ဘူး အိပ်မပျော်လို့ ဖုန်းဆက်ကြည့်ပြန်တော့လည်း တောက်လျှောက်စက်ပိတ်ထားတယ်လို့ပဲဖြေနေတယ်။ ကျွန်‌တော်က အကိုတစ်ခုခုဖြစ်နေပြီထင်နေတာ။
တကယ်လည်းတစ်ခုခုဖြစ်နေတာပဲလေ။"

"ကျွန်တော့်ရှေ့ကို ပတ်တီးကြီးနဲ့ရောက်လာတဲ့အကို့ကိုမြင်လိုက်ရတော့ ကျွန်‌တော်အရမ်း စိတ်သက်သာရာရနေတယ်လို့အကိုထင်နေလား
ပြီးတော့ အကိုပြောလိုက်တဲ့အဲ့စကားက အကို့ကိုတစ်ညလုံးစိတ်ပူနေတဲ့ကျွန်တော့်ကိုလှောင်လိုက်သလိုပဲဗျာ။"

"အကို့အတွက်ပူပန်ခဲ့ရတဲ့ကျွန်တော့်ရဲ့စိတ်ရင်းအမှန်တွေက တကယ်ပဲပုံကြီးချဲ့သလိုဖြစ်နေခဲ့တာလားဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် ဒီသုံးရက်အတွင်းမှာမေးခွန်းထုတ်ဖြစ်ခဲ့တယ်။
ကျွန်တော် ဒီအတိုင်းပြောလိုက်ချင်တဲ့စကားလုံးတွေကတောင် ကျွန်‌တော့်နှုတ်ဖျားကနေထွက်ကျမလာတော့ဘူး။
ဘာလို့လဲဆိုတော့ အကို့မျက်လုံးတွေထဲမှာ ကျွန်တော်က ဟာသတစ်ခုပဲဆိုပြီးမြင်နေရလို့လေ။"

ရှိုင်းဇေယံရဲ့နှုတ်ဖျားထက်မှ အဆက်မပြတ်ထွက်ကျလာတဲ့ စကားတစ်ခွန်းစီတိုင်းမှာလေးနက်သောရှိုက်သံလေးများက ရောယှက်နေလျက်။

ရှိုင်းရဲ့မျက်ဝန်းကန်ငယ်တွေထဲမှာ အရည်ကြည်လေးများက အပြင်ဘက်ဆီသို့လျှံကျမလာခဲ့ဘဲ တောက်ပစွာခိုတွဲလျက်ရှိနေကာ မင်းခန့်ထည်ကတော့ ထိုမျက်ဝန်းလေးတွေကိုငေးကြည့်နေရင်း ကောင်လေးရဲ့စကားလုံးလေးများကို ငြိမ်သက်စွာနားထောင်ပေးနေခဲ့သည်။

ထို့နောက်  သူချုပ်ထားခဲ့တဲ့ ချစ်စရာကောင်လေးရဲ့လက်သေးသေးလေးတွေကို ဖြေညှင်းစွာလွှတ်ပေးလိုက်ပြီး ရှိုင်းရဲ့ကိုယ်သေးသေးလေးကိုတော့ သူ့ရဲ့ကျယ်ပြန့်တဲ့ရင်ခွင်ထဲမှာသိမ်းဆည်းဖက်ထားလိုက်တော့သည်။

'သူ့ရဲ့မျက်ရည်ဥလေးတွေဟာ အကိုမင်းခန့်ထည်ရဲ့ရင်ခွင်ထဲကိုရောက်သွားခဲ့ရတဲ့အချိန်ကနေစပြီး သူကိုယ်တိုင်တောင်တားဆီးချိန်မရလိုက်ပဲ ပါးပြင်၂ဖက်ပေါ်ကိုတဖြည်းဖြည်းနဲ့လှိမ့်ဆင်းလာခဲ့ကြလေတယ်။
အချော့ခံရတဲ့ကလေးတွေကပိုငိုတတ်တယ်မှတ်လား။'

ကောင်လေးရဲ့မျက်ရည်တွေနဲ့မမျှော်လင့်ဘဲထိတွေ့လိုက်ရတဲ့ မင်းခန့်ထည်ရဲ့နှလုံးအိမ်မှာတင်းကြပ်ဆို့နင်လာခဲ့ရကာတဆစ်ဆစ်ကိုက်ခဲလာလေရဲ့။

သူ့လောက်တည်ငြိမ်လွန်းခဲ့တဲ့လူက ဒီကောင်လေးနဲ့ဆုံတွေ့ပြီးတဲ့အချိန်ကနေစပြီး
မရေမရာတဲ့စိတ်ခံစားချက်တို့ကသူ့ရဲ့အသိစိတ်နယ်ပယ်ထဲမှာ ဗလောင်ဆူလှတဲ့အသွေးအသားတို့နဲ့သောင်းပြောင်းရှုပ်ထွေးနေခဲ့ရကာ သူကိုယ်တိုင်တောင်ဘယ်လိုလူမျိုးလဲဆိုတာတစ်ခါတစ်ခါမေ့လျော့သွားလုမတတ်ပင်။

'ညီရယ် ကိုယ့်လိုလူမျိုးအပေါ်ကို အရမ်းကြီးသံယောဇဥ်မတွယ်ပါနဲ့လား။ '

'မင်းလေးရဲ့ဒီပုံစံလေးက ကိုယ့်ရဲ့မျက်လုံးတွေထဲမှာတစ်စုံတစ်ယောက်ကိုပြန်မြင်ယောင်လာမိစေတယ် ပြီးတော့ အဲ့ဒီတစ်စုံတစ်ယောက်ကိုဆုံးရှုံးလိုက်ရသလိုမျိုးကံကြမ္မာတစ်ပတ်ပြန်လည်လာမှာကိုလည်း ကိုယ် သိပ်ကြောက်မိတယ်ကွာ'

===============================

မင်းစက်တစ်ယောက်သူ့သူငယ်ချင်းမင်းခန့်ထည်ရဲ့အရှုပ်တော်ပုံကိုအဖြေဝိုင်းရှာပေးပြီးနောက် ပျင်းစရာကောင်းလှတဲ့ သင်္ချာချိန်ကို 'တက်မယ်' 'မတက်ဘူး'ဆိုပြီး နံကြားထောက်လိုက်တဲ့အခါ မတက်ဘူးဟုကျသဖြင့် အဆောင်ဘက်ဆီသို့တက်ကြွစွာ ပြန်လှိမ့်လာခဲ့လေသည်။

အကယ်၍နံကြားထောက်လို့တက်မယ်ကျရင်လည်းပဲ အဆောင်၌ပြန်အိပ်ဖို့သာ သူစိတ်ကူးထားကာအတန်းတက်ဖို့အစီအစဥ်လုံးဝမရှိပေ။

ခြေတံရှည်ရှည်နဲ့စီနီယာမင်းစက်ဟာ အညိုဆင်ဖြစ်ပြီးအဝေးကနေကြည့်မယ်ဆိုလျှင်မဟားတရားဆွဲဆောင်မှုရှိပေမယ့်လို့သူ့ရဲ့မျက်နှာထက်မှာတစ်ချိန်လုံးချိတ်ဆွဲထားပါတဲ့ဗရုတ်သုတ်ခနိုင်လှသောအပြုံးတို့ကြောင့် အခုထိရောင်းမထွက်နိုင်ဘဲဖြစ်နေရလေသည်။

အဆောင်ကိုပြန်ရောက်ပြီး သူ့အခန်းရှိရာဆီသို့မြောက်ကြွမြောက်ကြွနဲ့လျှောက်လှမ်းလာခဲ့ပြီးမှ သူ့ရှေ့ကမြင်ကွင်းကြောင့်ခြေလှမ်းတွေကိုဘရိတ်အုပ်ပစ်လိုက်ရကာ မျက်လုံးတွေကပြူးကျယ်ဝိုင်းစက်သွားတော့လေသည်။

"ငါ့အခန်းတံခါးကြီး ပွင့်နေပါလား!!
ငါကျောင်းသွားတုန်းက သေသေချာချာ သော့ခတ်ခဲ့ပါတယ် အခုအခန်းက ပွင့်နေတယ်ဆိုတော့ မဟုတ်မှလွဲ သူခိုးဝင်တာပဲဖြစ်ရမယ်"

ထိုသို့ရေရွတ်လိုက်ပြီးမင်းစက်ဟာ သူ့လက်ထဲမှာကိုင်ထားတဲ့ ထီးရှည်ကိုလိပ်လိုက်၍လက်နက်သဖွယ်ကိုင်ဆောင်လိုက်လျက် သူ့အခန်းဆီသို့ဖြည်းဖြည်းချင်းချဉ်းကပ်သွားလိုက်သည်။ အခန်းနဲ့နီးကပ်လာလေလေ အခန်းထဲကနေပဲ့တင်သံထွက်နေတဲ့လူတစ်ယောက်ရဲ့တရှပ်ရှပ်ခြေသံများကိုထင်ထင်ရှားရှားကြားရလေဖြစ်တာကြောင့်သူ၏ဒူးတို့မှာတဆတ်ဆတ်တုန်လာရတော့သည်။

"အရှင်ဘုရား သူခိုးဆီမှာ ဓားတွေ တုတ်တွေမပါပါစေနဲ့ဘုရား
ကျနော်ကြောက်လို့မဟုတ်ပါဘူးကျနော်မသေချင်သေးလို့ပါ"

"ဘဲချောချောလေးနဲ့ အမ်...မဟုတ်ဘူးမှားကုန်ပြီ! စော်ချောချောလေးနဲ့ RSချိတ်ချင်ပါသေးတယ် ဘုရား"

"ကျနော့်လိုFAဘဝကို စာနာသနားသောအားဖြင့် ဒီနေ့သူခိုးကို ကျနော် ကောင်းကောင်းမွန်မွန်နဲ့ဖမ်းနိုင်အောင် ကူညီစောင့်မပေးတော်မူပါ အရှင်ဘုရား"

မင်းစက်သည်ရှိရှိသမျှဘုရားတွေအကုန်လုံးကိုတစ်ထပ်တည်းတိုင်တည်ဆုတောင်းပြီးနောက် သူ့ရဲ့လက်ထဲကထီးရှည်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး အခန်းထဲသို့ တဟုန်ထိုးပြေးဝင်သွားတော့လေသည်။

မျက်စိစုံမှိတ်ကာပြေးဝင်သွားပြီးထိုသူခိုးအားထုရိုက်ဖို့ပြင်လိုက်တဲ့အခါ
သူမြှောက်ကိုင်ထားတဲ့ထီးရှည်ကို သန်မာတဲ့လက်တစ်စုံကအားနဲ့ဖမ်းဆုပ်လိုက်၍သူ၏လက်ထဲကနေဆတ်ခနဲဆွဲလုသွားကာ ထိုသူခိုးကသူ့အားပြန်မရိုက်လာဘဲဘေးဘက်သို့ပစ်ချလိုက်ဟန်တူသည်။ ထီးရိုးနဲ့ကြမ်းပြင်တို့ထိတွေ့သွားရတာကြောင့်ကြည်လင်စွာထွက်ပေါ်လာခဲ့တဲ့ ခပ်ဆတ်ဆတ်ရိုက်ခတ်သံတစ်သံကို နားနဲ့ဆက်ဆက်ကြားလိုက်ရလေ၏။

ထိုအသံကြားမှသတ္တိခဲ အမောင်မင်းစက်ရဲ့မှိတ်ထားသောမျက်ဝန်းများက ဖြတ်ခနဲပွင့်လာခဲ့ရပြီး
သူ မျက်စိပွင့်လာချင်းချင်းပင်
မြင်လိုက်ရတဲ့တစ်ဖက်လူ၏မျက်နှာသွင်ပြင်ကြောင့် မင်းစက်ခမျာ ခုနကသူခိုးဆိုတဲ့အတွေးတွေထက်ပင် ပိုပြီးတုန်လှုပ်သွားခဲ့ရသည်။

ထို့နောက်သူ့ရဲ့ပါးစပ်ဖျားကနေလွှတ်ခနဲထွက်ကျသွားရ၏။

"မာန်!!!"ဆို၍။

မင်းစက်ရဲ့နှုတ်ဖျားကနေရုတ်တရက်ထွက်လာခဲ့သော မာန်ဆိုတဲ့နာမည်လေးကြောင့် ထိုကောင်လေးရဲ့မျက်ဝန်းတွေကအနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကို မင်းစက်တစ်ယောက် သတိထားမိလိုက်ပေမယ့််
ထိုကောင်လေးကတည်ငြိမ်မှုအပြည့်နဲ့အမြန်ပြန်ထိန်းလိုက်နိုင်တာကြောင့် အရာအားလုံးကအချိန်တိုအတွင်း ထင်ယောင်ထင်မှားအဖြစ်သို့ပြောင်းလဲသွားတော့လေသည်။

သူ့ထက်အရပ်ပိုရှည်တဲ့ခပ်ချောချောကောင်လေးကရယ်သံသဲ့သဲ့လေးနှောလျက်သူ့ကိုယ်သူစတင်မိတ်ဆက်လာသည်။

"ကျနော်က ဟန်လင်းထက်ပါ အကိုက အကိုမြတ်မင်းစက်လား"

"အင်း ဟုတ်တယ်"

အူတူတူမျက်နှာပေးနဲ့မင်းစက်ကတောင့်တောင့်ကြီးခေါင်းငြိမ့်ပြလာခဲ့သည်။

"ကျနော်က အကို့အခန်းဖော်အသစ်ပါ
ဒီနေ့မှကျောင်းကိုရောက်လာတာလေ
ပြောရမယ်ဆို ကျနော်ကကျောင်းပြောင်းအုပ်စုနဲ့ပါလာတာပေါ့"

"သြော်.. ဟုတ်လား  ဒီနေ့အခန်းဖော်ရောက်လာမယ်ဆိုတာအကိုမသိလိုက်ဘူး Sorryနော် အကိုကမင်းကိုသူခိုးလို့ထင်သွားတာ အကိုတို့အဆောင်ကအစွန်ဘက်ကျတော့လေ တစ်ခါတစ်လေအဲ့လိုလေးတွေရှိလို့"

"အာ..ရပါတယ်ဗျာ ကျနော်ကလည်းစိတ်ထဲမထားပါဘူး"
ဟု ထိုကောင်လေးကပြေပြေလည်လည်ပဲဆိုလာပြီးနောက် မင်းစက်ကိုကျောပေးလိုက်ပြီး ခရီးဆောင်အိတ်ထဲကသူ့ရဲ့ပစ္စည်းတွေကိုထုတ်ကာ ဂရုတစိုက်နဲ့နေရာချနေလေသည်။

မင်းစက်က ထိုကောင်လေးကိုမှင်သက်စွာဖြင့် အနောက်ကနေအချိန်တော်တော်ကြာအောင် ရပ်ကြည့်နေမိတာကြောင့်
လှုပ်ရှားနေတဲ့ဟန်လင်းထက်ရဲ့ကျောပြင်ကျယ်ကျယ်ကရုတ်တရက်ဖြောင့်တန်းသွားရပြီး သူ့ရဲ့လည်ပင်းကိုစောင်းချလိုက်ကာ မင်းစက်ကိုမျက်ဝန်းထောင့်ကနေစောင်းငဲ့ကြည့်လာလေသည်။

သူကနှုတ်ခမ်းလွှာရဲ့ညာဘက်ထောင့်စွန်းနားကပါးချိုင့်လေးကိုခွက်နေအောင်ပြုံးလိုက်ရင်း ခန့်ညားငြိမ့်ညောင်းတဲ့လေသံနဲ့အတူ မေးလာခဲ့သည်။

"အကို ကျောင်းကပြန်လာတာလား"

"အင်း အာ..မဟုတ်ဘူး အကိုစာအုပ်ကျန်ခဲ့လို့ လာပြန်ယူတာ"

မင်းစက်ကအယောင်ယောင်အမှားမှားနဲ့စကားဆိုလိုက်လေသော် ဟန်လင်းထက်ကခေါင်းလေးညိတ်၍သာတုံ့ပြန်လာပြီးနောက်ရှေ့သို့ပြန်လှည့််သွားတော့လေသည်။

မင်းစက်လည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာနဲ့စားပွဲခုံပေါ်ကတွေ့ကရာစာအုပ်တစ်အုပ်ကိုကမန်းကတမ်းကောက်ယူလိုက်ပြီး အခန်းထဲကနေ ခြေမြန်သုတ်ကာပြေးထွက်သွားတော့လေသည်။

မင်းစက်ရဲ့မြန်ဆန်လွန်းပြီးအလျင်လိုနေတဲ့ခြေသံတွေကိုသေချာနားစိုက်ထောင်နေပါတဲ့ဟန်လင်းထက်ရဲ့မျက်ဝန်းတွေက မျက်ဝန်းထောင့်၌အစင်းကြောင်းလေးတွေပေါ်လာတဲ့အထိကွေးတက်လာခဲ့ရပြီး ရေရွတ်လာတဲ့အသံလှိုင်းလေးတစ်လှိုင်းက ခပ်ဖွဖွရယ်သံလေးနဲ့အတူအခန်းနံရံတွေထဲမှာတိုးဝင်ပျောက်ကွယ်သွားတော့သည်။

"အကို မင်းစက်က တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲ ...ငါထပ်ပြီးမပျင်းရတော့ဘူးပေါ့"

မင်းစက်အဆောင်ကနေပြန်ထွက်လာခဲ့တဲ့လမ်းတစ်လျှောက်လုံး ကြက်သီးတွေတဖြန်းဖြန်းထလာတာကြောင့်သူ့ရဲ့လက်၂ဖက်စလုံးကိုထပ်ခါတလဲလဲပွတ်သပ်နေခဲ့ကာ တစ်ယောက်တည်းတုန်လှုပ်စွာရေရွတ်လိုက်တော့လေသည်။

"မာန် ! ဟိုကောင်လေးကမာန်နဲ့တော်တော်တူတာပဲ။
ဒါပေမယ့် သေချာတယ်မာန်တော့မဟုတ်ဘူး။
သူ့ရဲ့မျက်နှာပုံစံက ငါမာန်နဲ့စတွေ့တုန်းကနဲ့တစ်ထပ်တည်းပဲ။ "

"မာန်ဆီမှာညီတွေဘာတွေရှိတယ်လို့လဲတစ်ခါမှ မကြားမိပါဘူး။
ဟန်လင်းထက် နဲ့မာန်လင်းထက်... နာမည်ကလည်းခပ်ဆင်ဆင်ပဲ။ညီအကိုတွေသာဆို တကယ်ယုံနိုင်တယ် ..."

"ဟာ မသိတော့ဘူးကွာ !"

နောက်ဆုံးမင်းစက်လည်းသူ့ရဲ့ခေါင်းကိုကုတ်လိုက်ပြီးနောက် သူဆွဲမိဆွဲရာနှင့်ယူလာခဲ့မိသော Digitalစာအုပ်ကိုလက်တွင်ပိုက်ကာ Canteenဘက်သို့သာ ဦးတည်လိုက်ပါတော့သည်။

================================

Archiဆောင်ကနှစ်ယောက်ကတော့ အခုထိတိုင်ထိုနေရာကနေမထွက်သွားသေးဘဲ ၃ရက်လေးစကားမပြောရတာကို နှစ်၃၀များအောက်မေ့ရလောက်အောင် နှစ်ဦးသားမပြီးနိုင်မစီးနိုင်နဲ့အတိုးချစကားပြောနေကြလေသည်။

"ညီ အကို့ကို စိတ်ဆိုးပြေပြီပေါ့"

"အင်း"

"ok ညီ့ကိုအကိုပြောစရာရှိတယ်။ အကို့မျက်လုံးကိုတစ်ချက်ကြည့်"

ရှိုင်းဇေယံလည်း မင်းခန့်ထည်စကားအတိုင်း သူ့မျက်ဝန်းလေးများကိုမင်းခန့်ထည်ရဲ့မျက်ဝန်းတွေဆီသို့နာခံစွာရွေ့လျားလိုက်တော့မင်းခန့်ထည်ကကောင်လေးကို ကျေနပ်နေတဲ့အပြုံးကြီးဖြင့်ပြုံးဖြီးပြလိုက်ရင်း စကားတချို့ကိုဆက်ပြောလာလေသည်။

"ညီ နောက်တစ်ခါကိုယ့််ကို အဲ့လောက်ထိမစိုးရိမ်နဲ့တော့နော်။
အကို ညီ့ကိုဒီလိုပြောတယ်ဆိုတာ ညီကကို့အတွက် ဟာသဖြစ်နေလို့မဟုတ်ဘူး။
ညီ အကို့ကြောင့်နောက်တစ်ကြိမ် စိတ်ဒုက္ခရောက်ရမယ့်အဖြစ်မျိုး အကို ထပ်မမြင်ချင်တော့လို့"

"အကို ဒီနေ့ကစပြီး ညီ့ကိုကတိပေးတယ်ကွာ ဒီကရှိုင်းဇေယံဆိုတဲ့ ညီလေးတစ်ယောက်အတွက် အကိုဟာ အမြဲတမ်းပျော်ရွှင်အောင်ပဲလုပ်ပေးနိုင်တဲ့ စီနီယာအကိုကောင်းတစ်ယောက် ဖြစ်စေရမယ်လို့
အကို ညီ့ကို အရှေ့ကစိန်ပန်းပင်ကြီးကိုသက်သေထားပြီးကတိပေးတယ် ဟုတ်ပြီလား"

ထိုအခါရှိုင်းဇေယံကမင်းခန့်ထည်လက်ညှိုးထိုးပြလာတဲ့စိန်ပန်းပင်ကိုကြည့်လိုက်ပြီးနောက် သူ့ရဲ့ မျက်တောင်လေးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ နားမလည်စွာမေးလာခဲ့သည်။

"ကတိပေးတာက ဘာလို့ ဘာမှမဆိုင်တဲ့စိန်ပန်းပင်ပါ ,ပါလာရတာလဲ"

မင်းခန့်ထည်ကလည်းလုံးဝအတည်ပေါက်နဲ့ခပ်တည်တည်ဆိုလာသည်။

"ကိုယ့်ကတိကို ပိုပြီးလေးနက်အောင်လေ"

ထိုစကားကြားတော့ရှိုင်းဇေယံလေးကခေါင်းခါလျက်ရယ်လာခဲ့သည်။

"အမဖြူစင်သော်ကိုကော ကျောင်းရဲ့ဘယ်အပင်တွေကိုဆွဲသွင်းပြီး ကတိပေးပြီးပြီလဲ"

"ဒီရှေ့က စိန်ပန်းပင်ကြီးက ပထမဆုံးပါကွာ"

'ဟုတ်တယ် ပထမဆုံးပဲ
ကိုယ့်ဘဝမှာ ကိုယ့်ဘက်ကနေစပြီးကတိတွေပေးဖူးချင်တဲ့ လူဆိုလို့ ရှိုင်းဇေယံဆိုတဲ့မင်းလေးတစ်ယောက်ပဲရှိဖူးသေးတယ် '

ထိုစကားတွေကိုတော့သူမထုတ်ပြောမိ။
ရင်ထဲတစ်နေရာ၌သာလျှို့ဝှက်စွာသိမ်းဆည်းထားခဲ့သည်။

သူတို့နှစ်ဦးကြား၌ဆောင်းလေပြေညှင်းလေးကဝေ့ကာသီကာနဲ့ကလူကျီစယ်နေခဲ့ကာ နှစ်ဦးသားရဲ့ရယ်သံလွင်လွင်လေးတွေက ကြည်နူးစရာအခိုက်အတန့်လေးကို လှပအောင်အသက်သွင်းပေးနေလေရဲ့။

"ဒါနဲ့ ဒီနေ့majorတွေခွဲပြီမှတ်လား"

"အင်း ခွဲပြီလေ"

ရှိုင်းကသဘောခွေ့စွာပြုံးလာလျက်ပြန်ဖြေလာလေသည်။

"ညီ အကို့ကိုအမှန်အတိုင်းဖြေနော်"

မင်းခန့်ထည်ဆီကနေထိုစကားကြားတော့ရှိုင်းဇေယံက ဘာပါလိမ့်ဆိုတဲ့အတွေးဖြင့်မင်းခန့်ထည်ဘက်ကိုလှည့်ကြည့်လာခဲ့သည်။

"ညီ အကိုတို့ majorကို သဘောကျရဲ့လား။ မဟုတ်ဘူးကွာ ကိုယ်ပြောချင်တာက အကိုတို့majorကိုရောက်လာရတာကို ညီပျော်ရဲ့လား"

"ကြိုက်တယ်"

ကြိုက်တယ်ဆိုတဲ့ရှိုင်းရဲ့အသံလေးဟာ မင်းခန့်ထည်ရဲ့အပြောတွေကိုရပ်တန့်သွားစေသည်။

မင်းခန့်ထည်ကမယုံသင်္ကာနဲ့သံသယဖြစ်စွာမျက်ခုံးပင့်လိုက်ရင်း
"ဂျူဂျူလေးက တစ်စက္ကန့်တောင်မစဉ်းစားဘဲ ချက်ချင်းကြီးဖြေချလိုက်တယ်နော်။ အကိုတို့majorရဲ့ဘယ်အချက်တွေကများ ညီ့ကိုမငြင်းရက်နိုင်အောင်ဆွဲဆောင်နေတာပါလိမ့်"

"အရာအားလုံးပဲ"

ရှိုင်းက ဗီလိန်ဆန်တဲ့အပြုံးလေးဖြင့်သွားတက်လေးကိုလှစ်ဟာပြလိုက်ရင်းမင်းခန့်ထည်ရဲ့မေးခွန်းကို တစ်ချက်တည်းရိုက်ချပစ်လိုက်သည်။

မင်းခန့်ထည်ကတော့ ရှိုင်းရဲ့အဖြေလေးကိုသဘောကျလျက် ခေါင်းတညိတ်ညိတ်ဖြင့်ရယ်မောလာခဲ့လေ၏။

"အလျှောက်ကောင်းတဲ့ဂျူဂျူလေးကို ဒီကစီနီယာကြီးက တစ်ခုလောက်တော့ထပ်မေးချင်သေးတယ်။
ညီပြောတဲ့အဲ့ဒီအရာအားလုံးထဲမှာ ဒီကကိုယ်ကောပါလား"

ရှိုင်းဇေယံကလည်း တစ်စက္ကန့်မျှတုန့်ဆိုင်းခြင်းမရှိဘဲ။

"အကိုက ကိုယ့်က်ိုယ်ကို majorနဲ့သက်ဆိုင်တယ်လို့မှတ်ယူထားခဲ့ရင်တော့ ကျနော်ပြောတဲ့ အရာအားလုံးထဲမှာ အကိုပါကောင်းပါနိုင်ပါတယ်။"ဟူ၍လှည့်ပတ်ဆိုလာခဲ့သည်။

မင်းခန့်ထည်ဆိုတဲ့ထိုလူသားပိုင်ဆိုင်သောမျက်ဝန်းတစ်စုံဆီသို့ သွေဖယ်ခြင်းမရှိဘဲ အပြီးပိုင်နယ်ချဲ့သိမ်းပိုက်လိုက်သည့်နှယ်စိုက်ကြည့်လာခဲ့ကာ လေပြေလေးကဲ့သို့နူးညံ့စွာသောအလျင်နှုန်းနှင့် သူ့ရဲ့ညာဘက်မျက်ခုံးလေးကို အနဲငယ်ကော့ညွှတ်ပြလိုက်တဲ့အခါ တစ်စုံတစ်ယောက်ရဲ့မေးခွန်းတွေကတော့လှပစွာပွဲသိမ်းသွားခဲ့ရလေပြီ။

'အကိုက အီလက်ထရွန်မှုန်လေးတွေထက်
သေးငယ်တဲ့ အရာလေးတစ်ခုဖြစ်နေရင်တောင်မှ အဲ့ဒီအရာအားလုံးဆိုတာအကိုတစ်ယောက်တည်းပါပဲ'

တစ်စုံတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံးသောတစ်နေရာကနေပြောပြနေတဲ့ ထိုစကားလုံးတို့ကို သူ၏ဘေးနားရှိတစ်စုံတစ်ယောက်ကတော့လုံးဝမကြားသိနိုင်ခဲ့ပေ။

ကျနော်ပျောက်ကွယ်သွားရမယ့်အချိန်တွေဆီကိုရောက်လာခဲ့ရင်လည်း ဒီ Archiဆောင်ကြီးက သူနဲ့သက်ဆိုင်တဲ့အမှတ်တရလေးတွေကို ဆက်ပြီးသိမ်းဆည်းထားပေးဦးမှာပဲမှတ်လား။

================================

ညနေခင်းအချိန်အဆောင်ပြန်ရောက်တော့ သူတို့အခန်းထဲမှာဂိမ်းလာဆော့နေပါတဲ့ငရှုပ်ကောင်မင်းစက်မှာအဆောင်ပိတ်ချိန်ရောက်တဲ့အထိ သူ့အဆောင်ဆီမပြန်ချင်ဘူးဆို၍ခေါင်းမာနေခဲ့ကာမင်းခန့်ထည်ရဲ့အိပ်ယာပေါ်၌ဘောလုံးတစ်လုံးကဲ့သို့လူးလိမ့်နေလေသည်။

"ငါ့အခန်းမပြန်ချင်ဘူးဆိုနေ!! ဝူး ..ဝူး ..ဝူး"

မင်းခန့်ထည်က စိတ်ရှုပ်စွာသက်ပြင်းနက်နက်မှုတ်ထုတ်ကာခါးထောက်လိုက်လျက်။

"မင်းမပြန်ရင် ငါတို့နှစ်ယောက်က ဘယ်လိုအိပ်ရမှာလဲ"

"အယ်လဲ့ မင်းတို့နှစ်ယောက်က ဘယ်လိုအိပ်ဖို့တွေးထားလို့လဲ"

"မြတ်! မင်း! စက်!"

မင်းခန့်ထည်ကခုတင်ပေါ်ကလူသားဘောလုံးကိုပေါက်ထွက်တော့မတတ်စူးစိုက်ကြည့်လာ  ရင်းသွားကြားထဲကလေနဲ့အံကြိတ်ကာဖြစ်ညစ်ဆိုလိုက်တော့ မင်းစက်က ဖက်လုံးလေးကိုဆွဲကိုင်လိုက်ကာထိုဒေါသအိုးရှေ့၌ပိတ်ကာလိုက်လျက် အသံစူးစူးနဲ့အော်ပြောလာခဲ့လေသည်။

"မင်းကလည်း မင်းရဲ့အသံဆိုးကြီးနဲ့ငါ့နာမည်ကိုအဲ့လိုမခေါ်စမ်းပါနဲ့
ကြားကနေညီလေးရှိုင်းဇေယံ လန့်သွားဦးမယ်"

ရှိုင်းဇေယံကတော့ သူတို့နှစ်ယောက်ကိုအခန့်သားထိုင်ကြည့်နေရင်းကနေခုတင်ပေါ်၌ပွဲကျနေတော့လေသည်။

မင်းခန့်ထည်ကအလိပ်လိုက်တက်လာနေတဲ့ဒေါသတွေကိုရှိုင်းဇေယံရှေ့မှာအတတ်နိုင်ဆုံးချုပ်တည်းထားရင်းအပြုံးမမည်သောအပြုံးကြီးနဲ့မေးလာခဲ့သည်။

"မင်းစက် မင်းဘာဖြစ်ချင်နေတာလဲ"

"ငါ ဒီည ဒီမှာပဲအိပ်မယ်။ ငါ့အခန်းကိုလုံးဝမပြန်နိုင်ဘူး။
ရတယ် မင်းခုတင်ပေါ်မှာမအိပ်ရရင် ညီလေးရှိုင်းဇေယံရဲ့ ခုတင်ပေါ်မှာ ငါသွားအိပ်မယ်"

"နှုတ်သီး ဖျက်ရိုက်ထည့်လိုက်လို့။ ညီ့ရဲ့ခုတင်နားကို ကပ်ရဲရင်ကပ်ကြည့်လိုက် မင်းကို ငါမသေမရှင်လုပ်ပစ်လိုက်မယ် နားလည်လား"

"အဲ့ဒါဆို မင်းခုတင်မှာပေးအိပ်လေ"

"တော်တော်ခက်တဲ့ကောင်ပဲကွာ"

"မင်းကငါ့ကိုငြိုငြင်ချင်တာလား ရတယ်လေ။
မင်းထပ်ပြီး အဘိုးကြီးလိုပွားနေလို့ကတော့ နေ့ခင်းကဖြစ်ပျက်နေတဲ့ မင်းရဲ့ပုံစံတွေကို ငါ ဒီ. . . . . . . . . "

မင်းစက်စကားပင်မဆုံးလိုက် မင်းခန့်ထည်ရဲ့တုတ်ခိုင်တဲ့လက်မောင်းတစ်ဖက်က မင်းစက်ရဲ့လည်ပင်းဆီသို့အလည်တစ်ခေါက်ရောက်သွားတော့လေ၏။

"မင်းခန့်ထည်! ခွေးကောင် ! အစ် ... ငါလည်ပင်းအစ်နေပြီကွ"

လည်ပင်းအညှစ်ခံထားရတာတောင်မှ မင်းစက်ဆိုတဲ့ငနဲသားမှာမင်းခန့်ထည်အားရရင်ရသလို ကျိန်ဆဲဆဲဆိုလိုက်ပါသေးသည်။

"အကိုရယ် လွှတ်လိုက်ပါ အကိုမင်းစက် လည်ပင်းအစ်ပြီးသေသွားဦးမယ်"

မင်းစက်ရဲ့မျက်နှာက လည်ပင်းညှစ်ခံထားရတာကြောင့်နီရဲနေရာကနေအစိမ်းရောင်ပြောင်းသွားပြီး၂ယောက်စလုံးကိုမကြည််ကြည့်ဖြင့်ကြည့်လာခဲ့ကာ ရင်ဘက်ထဲ၌နာကျင်သွားရလေ၏။

'တယ်လည်း လိုက်ဖက်ကြတဲ့အခန်းဖော်နှစ်ယောက် ငါ့ကိုကြုံရင်ကြုံသလို ဆွမ်းကြီးဝိုင်းလောင်းနေကြတယ်ပေါ့ ငါလေးဟာသိပ်သနားစရာကောင်းပါလားနော် '

ရှိုင်းဇေယံဝင်တားလာတော့မင်းခန့်ထည်က မင်းစက်ကိုချက်ချင်းပဲလွှတ်ပေးလိုက်တော့သည်။

'လဒက သူ့ကလေးပြောတော့ တစ်စက္ကန့်တောင် မကြာဘူး ဟမ့် ! '

"မင်းသောက်ပါးစပ်ကိုပိတ်ထား။ မင်းအဲ့ပါးစပ်ကိုမပိတ်လို့ကတော့ ငါကိုယ်တိုင် အခန်းပြင်ကိုကန်ထုတ်တော့မှာ။
အဲ့တော့ အေးအေးဆေးဆေးနေလိုက်ရင်ကောင်းမယ် အသံထပ်မထွက်လာနဲ့ !"

"Yes sir!!!!!"

မင်းခန့်ထည်ကဘယ်လောက်ပဲဒေါပွနေပါစေနောက်ဆုံးတော့ခွင့်ပြုလိုက်ပြီဖြစ်တာကြောင့်မင်းစက်ကသူ့ရဲ့ညာဘက်လက်ကိုနှဖူးပေါ်မြှောက်တင်လိုက်ပြီးအလေးပြုဟန်ဖြင့်ပြန်ပြောလိုက်ပြီးနောက်ခုတင်ပေါ်မှာလက်ကားယားခြေကားယားနဲ့အူမြူးသွားတော့ပေသည်။

မင်းခန့်ထည်ကတော့ထိုငရှုပ်ကောင်အားမျက်စောင်းတွေချည်းလှိမ့်ပိတ်ထိုးနေခဲ့ကာ ရှိုင်းဇေယံမှာမူ သိပ်ချစ်ကြတဲ့ထို၂ယောက်သားကိုကြည့်နေရင်းနဲ့ ခေါင်းလေးတခါခါဖြင့်။

ည ၁၂နာရီရောက်တော့ အဆောင်မှာရှိတဲ့အခန်းမီးတွေအကုန်မှိတ်သွားကြပြီးတပြိုင်နက်အိပ်စက်အနားယူကုန်ကြလေပြီ။တချို့အခန်းကကျောင်းသားတွေကတော့အခန်းမီးသာပိတ်ထားကြပေမယ့်် ဖုန်း Screenထက်ကနေထွက်ပေါ်လာတဲ့ပြာလဲ့လဲ့အလင်းတို့ဖြင့်အခန်းထဲမှာလင်းထင်းနေခဲ့ကာသူတို့၏ညတာကိုမအိပ်မနေဖြုန်းတီးလို့နေသည်။

မင်းခန့်ထည်ကတော့ မင်းစက်ကိုကျောခိုင်းထား၍နံရံဘက်သို့မျက်နှာမူလျက် အိပ်စက်ခြင်းကိုအစပြုနေတဲ့အချိန် တစ်ဖက်ရှိ မင်းစက်မှာမူ သူ့ရဲ့နှဖူးပေါ်သို့လက်တင်ထားရင်း ခြင်ထောင်အမိုးကိုတည့်တည့်စိုက်ကြည့်နေလျက် သက်ပြင်းများကို အကြိမ်ကြိမ်အခါခါချနေလေသည်။

"မင်း သက်ပြင်းနဲ့ငါလွင့်ထွက်တော့မယ် ဟိတ်ကောင် !"

"မင်းမအိပ်သေးဘူးလား ငါကမင်းအိပ်နေပြီထင်လို့"

"ပြောစမ်း မင်းဘာတွေ သက်ပြင်းချနေတာလဲ။
ပြီးတော့ ဘာလို့ဒီညမင်းအခန်းကို မပြန်တာလဲ?"

"မင်းခန့် မင်း မာန်ကိုသတိရသေးလား"

"Shit!!!!!!!"

မင်းခန့်ထည်ကလေသံနိမ့်နိမ့်နဲ့ထဆဲလာကာ ရှိုင်းရဲ့ခုတင်ဘက်ဆီသို့ကမန်းကတန်းထကြည့်လာခဲ့လေသည်။

"ညီကြားသွားဦးမယ်"

"မကြားပါဘူးကွာ။ ငါတို့အခန်းမီးမပိတ်ခင်ကတည်းက မင်းရဲ့ရှိုင်းလေးက အိပ်ပျော်သွားတာ"

"ဘာကိုငါ့ရဲ့ရှိုင်းလေးလဲ !။
မင်းအပြောတွေဆင်ခြင်နော်။
ကလေးစိတ်ထဲ တစ်ခုခုစွန်းထင်းသွားမှာမျိုး ငါမလိုလားဘူး။"

"မင်းက သူလေးကိုပါ မာန်လိုဖြစ်သွားမှာကိုကြောက်နေတာလား? မကြောက်ပါနဲ့ကွာ ကမ္ဘာပေါ်မှာရှိတဲ့လူတွေတိုင်းကမာန်လိုလူတွေချည်းပဲမဟုတ်ပါဘူး"

"မင်း အဲ့အကြောင်းတွေကို ပြန်အစမဖော်လို့မရဘူးလား"

"ငါလည်း မပြောတော့ဘူးလို့ဆုံးဖြတ်ထားတာကြာပြီ။
ဒါပေမယ့် ငါဒီနေ့ ကောင်လေးတစ်ယောက်ကိုမြင်လိုက်တော့ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့မှတ်ဥာဏ်အပိုင်းအစတွေက ငါ့ဦးနှောက်ထဲမှာပြန်ပေါ်လာခဲ့ရတယ်။"

မင်းခန့်ထည်ကနားထောင်နေရင်းထထိုင်လိုက်ပြီးနောက် တစ်ဖက်မှာလှဲနေတဲ့မင်းစက်ကိုငုံ့ကြည့််လိုက်ကာ မင်းစက်ရဲ့စကားတွေထဲက ထိုကောင်လေးဆိုတဲ့စကားလုံးကိုစိတ်ဝင်တစားထပ်မေးလိုက်၏။

"ဘယ်သူလဲ အဲ့ကောင်လေးက"

"အဲ့ကောင်လေးနာမည်ကဟန်လင်းထက်တဲ့ ငါ့အခန်းဖော်အသစ်လေ ဒီနေ့မှကျောင်းကိုရောက်လာတာ..."

"ဟန်လင်းထက်ဟုတ်လား မာန်နဲ့နာမည်ခပ်ဆင်ဆင်ပဲ"

"နာမည်တင်မဟုတ်ဘူး ဟိတ်ကောင် မျက်လုံးတွေ နှုတ်ခမ်းတွေ မျက်နှာသွင်ပြင်တွေကအစ ခပ်ဆင်ဆင်ပဲ
ငါဆိုရုတ်တရက် မာန်ကိုတွေ့လိုက်ရတယ်လို့တောင် ခံစားမိတဲ့အထိပဲကွာ
ဒါနဲ့ မာန်မှာ ညီရှိတယ်လို့ မင်းကြားဖူးလား"

မင်းစက်ကတိုးညင်းစွာပြောလာရင်းခုတင်ပေါ်မှာထထိုင်လိုက်ပြီးနောက်ခေါင်းအုံး၂လုံးကိုခုတင်အုံးတား၌ခုထပ်လိုက်သည်။ပြီးတော့ထိုခေါင်းအုံးတွေပေါ်ကိုမှီချလိုက်ကာ မျက်လွှာချလျက်နံရံပေါ်ကိုကျောမှီထားတဲ့မင်းခန့်ထည်ကိုဝေ့ကြည့်လာခဲ့သည်။

"ငါလည်းမသိဘူး မာန်ကသူ့အကြောင်းတွေကိုအမြဲတမ်းလျှိုထားတတ်တယ်လေ"

"တကယ်လို့ အဲ့ကောင်လေးက မာန်ရဲ့ညီဖြစ်နေမယ်ဆိုရင် ပြီးတော့ သူကအဲ့အကြောင်းတွေအကုန်လုံးကို သိထားပြီး တစ်စုံတစ်ယောက်ကို လက်တုံ့ပြန်ဖို့ရောက်လာခဲ့တယ်ဆိုရင်..."

ထိုအခါမင်းခန့်ထည်ကသူ့ရဲ့မျက်နှာကိုအုပ်ကိုင်ပွတ်သပ်လိုက်ကာမျက်လုံးတွေကိုမှိတ်ချလိုက်ရင်း ပြတ်ပြတ်သားသားဆိုလာသည်။

"တစ်ချိန်ကမှားခဲ့တဲ့ငါ့အမှားအတွက် ငါရဲရဲဝင့်ဝင့်ရင်ဆိုင်မှာပါ"

"မင်းအမှားမဟုတ်ဘူးလေကွာ မှားတဲ့လူကသပ်သပ်ရှိတယ်လေ။ မင်းကွာ ဒီလောက်အချိန်တွေကြာလာတာတောင် မင်းရဲ့တာဝန်ယူစိတ်ကြီးက ခုထိမပျောက်သေးဘူးလား"

"ငါ့အမှားလည်းပါတယ်လေ အဲ့ဒီနေ့က ငါသာ အဲ့လိုမပြောခဲ့ရင်"

"တော်ပြီ ဆက်မပြောနဲ့တော့ မင်းနဲ့ပြိုင်ငြင်းနေလည်း ထူးမှာမဟုတ်ဘူး အိပ်တော့ကွာ။"ဟုမင်းစက်ကစုတ်သပ်လျက်စိတ်တိုစွာဆိုလိုက်ပြီးနောက် မင်းခန့်ထည်ဘက်ကိုပြန်လှည့်ကြည့်လိုက်ရင်းထပ်ပြောလာခဲ့သည်။

"ဒါပေမယ့် တစ်ခုတော့ငါပြောထားမယ် အဲ့ကိစ္စသာတစ်ဖန်ထပ်ပြီးအစပျိုးလာခဲ့ရင် ငါအရင်တစ်ခါကလို မင်းစကားနားထောင်ပြီးငြိမ်နေတော့မှာမဟုတ်ဘူးနော်
မင်းအဲ့ဒါတော့ မှတ်ထား !"

မင်းစက်ရဲ့မျက်ဝန်းများကထိုစကားတို့ဆိုနေစဥ်တွင် ခိုင်မာပြတ်သားသောအရိပ်အယောင်များနှင့်ပြည့်နှက်နေခဲ့ကာ အရင်တစ်ချိန်ကသူ့ရဲ့သူငယ်ချင်းအတွက် ပူပန်ခဲ့ရတဲ့ စိုးရိမ်ကြောင့်ကြမှုတွေဟာဆိုရင်ထိုတစ်ချိန်တုန်းကအတိုင်းပင် ထုနဲ့ထည်နဲ့တစ်ဖန်လွှမ်းမိုးလာခဲ့ပြန်လေသည်။

နှစ်ဦးစလုံး ဘာမှန်းမသိတဲ့အနာဂတ်အတွက်တွေးပူမိကြရင်း သက်ပြင်းများကိုသာ တစ်ယောက်တစ်လှည့်စီချနေမိကြလျက်။

ဒီနေ့ညအတွက် သူတို့နှစ်ယောက်ရဲ့အိပ်စက်ခြင်းဟာဆိုရင် ထိုအတိတ်တစ်ချိန်ကအကြောင်းအရာများကြောင့် ပျယ်လွင့်ပျောက်ကွယ်သွားရချေပြီ။

မင်းစက်ခုတင်ပေါ်ပြန်လှဲချလိုက်ပြီးတစ်ဖက်သို့ပြန်လှည့်သွားတဲ့အချိန်မှာ မင်းခန့်ထည်ကတော့ ပါးလွှာတဲ့ခြင်ထောင်သားလေးကို ဖြတ်သန်းလျက် ညာဘက်ခုတင်ပေါ်၌နှစ်ခြိုက်စွာအိပ်စက်နေခဲ့သော ရှိုင်းဇေယံရဲ့ကျောပြင်လေးကို တစ်ညလုံးထိုင်ကြည့်နေခဲ့သည်မှာဝေလီဝေလင်းအချိန်ထိတိုင်ပင်။

'ဒီရင်ဘက်ကြီးတစ်ခုလုံးကမီးပင်လယ်ကြီးတမျှပူပြင်းလောင်ကျွမ်းနေခဲ့ရပေမယ့် မင်းဆိုတဲ့ လမင်းလေးကိုမြင်နေရတဲ့အခါအေးချမ်းမှုတစ်စုံတစ်ရာကို ကိုယ်ခံစားလိုက်ရတယ်'

***********************************

အခုမှစဖတ်မယ့်စာဖတ်သူလေးတွေဆီကနေကြယ်လေးတွေတောင်းခံပါတယ်ရှင်😁😘

••••••••••••••••••••••••••••••••••••••••••••••••••

အခန္း(၁၁) - Mistake

Zawgyi

[ကိုယ္ကမီးပင္လယ္ႀကီးဆို မင္းကေအးခ်မ္းေသာလမင္း ]

တိတ္ဆိတ္ေနတဲ့ Archiေဆာင္ပတ္ဝန္းက်င္ေလးသို႔ေဆာင္းေလညႇင္းေလးမ်ားက တျဖဴးျဖဴးနဲ႔တိုက္ခတ္လ်က္႐ွိသည္။

ေကာ္ဖီလွည္းေလးရဲ႕အေပၚဘက္မွာ႐ွိတဲ့ သစ္သားခုံတန္းေလးေပၚ၌ထိုင္ေနတဲ့
ေကာင္ေလးတစ္ေယာက္ဟာဆိုရင္ သူ႕လက္ထဲကphone screenေလးကိုမ်က္လႊာခ်ၾကည့္ေနရင္းကေနႏႈတ္ခမ္းလႊာေလးေတြကအလွဆုံးေကြးၫႊတ္ေနရေပသည္။

႐ိႈင္းေဇယံသည္ ေသာက္လက္စေကာ္ဖီခြက္ေလးကို တစ္ငုံစုပ္ေသာက္လိုက္ၿပီးေနာက္ေကာ္ဖီစက္ေလးေတြတင္က်န္ေနတဲ့ႏႈတ္ခမ္းပါးပါးေလးကိုလွ်ာဖ်ားေလးနဲ႔တို႔ထိသပ္လိုက္ကာ မ်က္ဝန္းေလးေတြကိုမွိတ္စင္းလိုက္လ်က္ ပါးျပင္ေပၚကိုျဖတ္တိုက္လာတဲ့ေလေျပေလးေတြကိုေက်နပ္မႈအျပည့္နဲ႔နမ္း႐ိႈက္လိုက္သည္။

ထိုေကာင္ေလးရဲ႕တိတ္ဆိတ္ၿငိမ္သက္လြန္းတဲ့ကိုယ္ပိုင္နယ္ေျမေလး၌ ႐ုတ္တရက္ထြက္ေပၚလာတဲ့ တစ္စုံတစ္ေယာက္ရဲ႕ၾသ႐ွ႐ွအသံဟာဆိုရင္ဆိတ္ၿငိမ္မႈတို႔ကိုၿဖိဳခြင္း၍ပဲ့တင္ထပ္သြားေတာ့သည္။

"႐ိႈင္းေဇယံ"

ရင္းႏွီးလြန္းတဲ့အသံတစ္သံျဖစ္ေသာ္လည္း ဘာေၾကာင့္မွန္းမသိ သူ႕အတြက္စိမ္းကားေနသလိုပင္။ ထိုအသံအဆုံး၌႐ိႈင္းေဇယံဟာ သူဖန္တီးထားေသာအလွဆုံးအျပဳံးေလးကို တစ္ဖက္လူမျမင္ေစရန္ ခ်က္ခ်င္းပင္႐ုတ္သိမ္းပစ္လိုက္ေလ၏။

'သူ႕ကို ညီလို႔ေတာင္ မေခၚေတာ့ပါလားေနာ္'

႐ိႈင္းေဇယံဟာ မင္းခန္႔ထည္ကိုေက်ာခိုင္းထားလ်က္ သစ္သားခုံတန္းေလးေပၚတြင္မလႈပ္မယွက္ႏွင့္ထိုင္ေနခဲ့ၿပီး အေနာက္ဘက္ကလူသားကို တစ္စြန္းတစ္စမွ်ခြန္းတုံ႔ျပန္ျခင္းမ႐ွိလာဘဲ ေဆာင္းေလစိမ္းတို႔သည္သာ
သူတို႔ႏွစ္ဦးၾကား ေဝ့လည္တိုက္ခတ္ရင္းေအးစက္မႈတစ္စုံတစ္ရာကႀကီးစိုးလို႔ေနလ်က္။

ေနာက္ဆုံးေတာ့ မေနႏိုင္တဲ့မင္းခန္႔ထည္ကပဲ အ႐ႈံးေပးလိုက္ကာ ႐ိႈင္းနဲ႔မ်က္ႏွာခ်င္းဆိုင္ဘက္ဆီသို႔ သူ႕ရဲ႕ေျခေထာက္ေတြကို ေ႐ြ႕လ်ားလိုက္ေတာ့ေလသည္။

မင္းခန္႔ထည္တစ္ေယာက္ ႐ိႈင္းေဇယံေ႐ွ႕သို႔ေရာက္သြားခဲ့ေသာ္လည္း ထိုေကာင္ေလးက သူ႕အားနဲနဲေလးမွ်ပင့္ၾကည့္မလာခဲ့ေပ။
သူေလးကဖုန္း screenကိုသဲသဲမဲမဲငုံ႔ၾကည့္ေနရင္းျဖင့္သာအလုပ္႐ႈပ္ေနခဲ့ၿပီး ဥေပကၡာျပဳထားခံရတဲ့ မင္းခန္႔ထည္ခမ်ာေကာင္ေလးကိုစိုက္ၾကည္္႕ေနရင္းနဲ႔လည္ေခ်ာင္းဝကိုလိႈက္တက္လာတဲ့စိတ္ခံစားခ်က္တို႔ကိုအတတ္ႏိုင္ဆုံးဖိႏွိပ္ထားၿပီး ေမးလိုက္သည္။

"မင္း ကိုယ့္ကိုစိတ္ဆိုးေနတယ္မွတ္လား"

မင္းခန္႔ထည္စကားသာဆုံးသြားခဲ့ေပမယ္္႕ ႐ိႈင္းေဇယံဘက္မွ လားလားမွ်တုံ႔ျပန္လာျခင္းမ႐ွိဘဲ သူ႕ရဲ႕စကားသံမ်ားကိုမၾကားခ်င္ေယာင္ေဆာင္ေနလ်က္သာဆက္တိတ္ဆိတ္ေနခဲ့သည္။

ေအးတိေအးစက္ႏိုင္တဲ့ေနရာမွာနာမည္ႀကီးတဲ့စီနီယာႀကီးမင္းခန္႔ထည္ဟာဆိုရင္ စသိတာတစ္ပတ္ေလာက္ပဲ႐ွိေသးတဲ့ဂ်ဴနီယာေလးဆီကေနမႈန္႔မႈန္႔ညက္ညက္ေၾကေအာင္အေခ်ခံေနရျခင္းအေပၚ စိတ္ဆိုးေဒါသထြက္ျခင္းတို႔အလ်ဥ္းမ႐ွိပါဘဲ
သူ႕ရင္ထဲမွာ ခ်ိဳးႏွိမ္မရတဲ့ခံစားခ်က္တို႔သည္သာဒုန္းဆိုင္းျဖစ္တည္လာရသည္။

သူ႕ရဲ႕အေျပာအဆိုမတတ္တဲ့ အက်င့္စ႐ိုက္အရ ဒီေကာင္ေလးရဲ႕စိတ္ထဲက အစိုင္အခဲေတြကိုသူမေျခဖ်က္ေပးႏိုင္မွာကိုလည္း စိုးေၾကာက္ေနမိေလသည္။

မင္းခန္႔ထည္ဟာ သူ႕ေၾကာင့္တဖက္လူစိတ္အေႏွာင့္အယွက္ ျဖစ္သြားလွ်င္လုံးဝမေနတတ္သူျဖစ္တဲ့အေလ်ာက္ အခုသူ႕ေၾကာင့္စိတ္အေႏွာက္အယွက္ျဖစ္သြားရတဲ့တစ္ဖက္လူက႐ိႈင္းေဇယံျဖစ္ေနတဲ့အခါ ဒီအမွန္တရားက
သူ႕အားပိုအၾကပ္႐ိုက္ေစေလသည္။

႐ွိိဳင္းေဇယံဆိုတဲ့ခ်ာတိတ္ေလးကသူ႕အေပၚ၌ဘယ္အရာကိုစိတ္ကြက္သြားခဲ့မွန္းမ႐ွာေဖြႏိုင္ခဲ့တဲ့မင္းခန္႔ထည္ဟာ ထိုေကာင္ေလးသူ႕ကိုလ်စ္လ်ဴ႐ႈထားခ်ိန္ကစၿပီး သူတို႔၂ေယာက္သူစိမ္းေတြျဖစ္သြားၾကတဲ့အနာဂတ္အထိ တဆုံးေတြးခ်လိုက္ၿပီးေနာက္သူ႕ရဲ႕တည္ၿငိမ္မႈတို႔ဟာလုံးဝတိုက္စားခံလိုက္ရေခ်သည္။

ေနာက္ဆုံး မင္းစက္အၾကံေပးတဲ့အတိုင္း သူ႕ရင္ထဲသို႔ေဝဒနာမ်ား ေပးကမ္းစြန္႔ႀကဲႏိုင္လြန္းေသာထိုေကာင္ေလးနဲ႔ မ်က္ႏွာခ်င္းဆိုင္႐ွင္း႐ုံကတစ္ပါး သူတျခားဘာမွမတတ္ႏိုင္ေတာ့တာေၾကာင့္ သူအခုဒီေနရာကိုေရာက္လာခဲ့ရျခင္းေပ။

"ကိုယ့္ကို မင္းစိတ္ဆိုးရတဲ့အေၾကာင္းရင္းေလးေျပာျပသင့္ၿပီထင္တယ္"

မင္းခန္႔ထည္ရဲ႕စကားသံေလးမ်ားက တစ္ခြန္းၿပီးတစ္ခြန္းပဲ့တင္ထပ္သြားရေသာ္လည္း ေကာင္ကေလးရဲ႕အသံလိႈင္းေလးေတြကေတာာ့တစ္ခြန္းတစ္ေလမွ် ပဲ့တင္ထပ္ခဲ့ျခင္းမ႐ွိတာေၾကာင့္ မင္းခန္႔ထည္လည္း ႐ိႈင္းျပန္ေျဖလာမယ့္အခ်ိန္ကိုစိတ္႐ွည္႐ွည္ႏွင့္ရပ္ေစာင့္ရန္သာဆုံးျဖတ္လိုက္ေတာ့သည္။

မင္းခန္႔ထည္ရဲ႕မ်က္ဝန္းတစ္စုံဟာ သူ႕ကိုမသိက်ိဳးကြၽံျပဳေနပါေသာ ေကာင္ေလးရဲ႕ႏူးညံ့ျဖဴစင္ေသာမ်က္ႏွာေလးအား တစ္စကၠန္႔မွ်ေသြဖယ္သြားျခင္းမ႐ွိဘဲတစိုက္မတ္မတ္ႏွင့္ စိုက္ၾကည့္ေနခဲ့ကာ႐ွည္လ်ားတဲ့အရိပ္တစ္ခုကေကာင္ေလးေပၚသို႔ဖုံးလႊမ္းက်ေရာက္ေနသည္။

သစ္သားခုံတန္းလ်ားေလးအစြန္းမွာတင္ထားတဲ့ ေကာ္ဖီခြက္ေလးထဲက ေရခဲတုံးေလးေတြေရလုံးလုံးေပ်ာ္က်သြားမွပဲ႐ိႈင္းေဇယံရဲ႕မ်ဥ္းေျဖာင့္သ႑ာန္ႏႈတ္ခမ္းလႊာေလးေတြက
ပြင့္ဟလာခဲ့သည္။

ထိုေကာင္ေလးေျပာလိုက္တာက
"က်ေနာ္႕ကို စကားေျပာေစခ်င္ရင္ ညီလို႔အရင္ျပန္ေခၚပါ" တဲ့ေလ။

႐ိႈင္းႏႈတ္ဖ်ားေလးေတြဆီက ပထမဆုံးေျပးထြက္လာတဲ့စကားေလးကိုၾကားေတာ့ မင္းခန္႔ထည္တစ္ေယာက္ ရယ္ရခက္ ငိုရခက္ ျဖစ္သြားရကာ သူ႕ရဲ႕ႏႈတ္ခမ္းေတြကေကြးတက္လို႔သြား၏။

'ဘယ္လိုေတာင္ေနာက္ေျပာင္တတ္တဲ့ကေလးေလးလဲ ? '

ထို႔ေနာက္ သူ႕ရဲ႕ၾသ႐ွ႐ွအသံေလးမွာ ရယ္သံသဲ့သဲ့ေလးေရာေႏွာလ်က္ပ်ံ႕လြင့္လာခဲ့သည္။

"ညီ ကို႔ကို ေနာက္တယ္ေနာ္ "

"က်ေနာ္ ဒီအေျခအေနမွာမေနာက္ဘူး"

မင္းခန္႔ထည္ရဲ႕႐ႊတ္ေနာက္ေနာက္စကားသံကို ႐ိႈင္းေဇယံရဲ႕ေအးစက္စက္ႏိုင္လြန္းေသာ အသံလိႈင္းေလးကအပီအျပင္႐ိုက္ခ်လာခဲ့ကာ မင္းခန္႔ထည္ရဲ႕ ရယ္သံလြင့္လြင့္ေလးမ်ားက ထိုေနရာ၌ထိန္းမရေတာ့ေအာင္ပဲ့တင္ထပ္ေနလ်က္။

ထိုခပ္ဟဟရယ္သံမ်ားဟာ အခုအခ်ိန္မွာ ႐ိႈင္းေဇယံဆိုတဲ့ဗုံးေလးတစ္လုံးကို ေပါက္ကြဲေစဖို႔အတြက္ စနက္တံျဖဳတ္ေပးလိုက္သလိုပင္။

ေကာင္ေလးကနီရဲရဲမ်က္ႏွာေလးနဲ႔ေပါက္ကြဲလာခဲ့ေပ၏။

"ခမ်ားဘာလို႔ရယ္ေနတာလဲ။ ခမ်ားမ်က္လုံးထဲမွာ က်ေနာ္႕ကို ဟာသလို႔ပဲျမင္ေနတာလား"

မင္းခန္႔ထည္ရဲ႕မ်က္ဝန္းမ်ားဆီသို႔ ႐ိႈင္းေဇယံကနီရဲရဲမ်က္ဝန္းေလးမ်ားနဲ႔ တစိုက္မတ္မတ္စိုက္ၾကည့္ရင္း ရင့္ရင့္သီးသီးပုတ္ခတ္လာခဲ့တဲ့အခါ မင္းခန္႔ထည္ရဲ႕ရယ္သံေတြက တမဟုတ္ခ်င္းေပ်ာက္႐ွသြားရၿပီး သူတို႔ႏွစ္ဦးၾကား၌ေအးစိမ့္စိမ့္ေဆာင္းေလစိမ္းတို႔သည္သာယွက္သန္းတိုက္ခတ္လာခဲ့ရသည္။

အခ်ိန္တစ္ခုၾကာၿပီးေနာက္႐ိႈင္းေဇယံလည္း မင္းခန္႔ထည္ဆီမွာ နစ္ျမဳပ္ေနခဲ့ရတဲ့
သူ႕ရဲ႕မ်က္ဝန္းေလးမ်ားကိုျပန္႐ုတ္သိမ္းလိုက္ၿပီး လြယ္အိတ္ကိုႀကိဳးတစ္ဖက္ကေနလြယ္လိုက္ကာ ထိုေနရာမွထြက္သြားဖို႔ျပင္လိုက္သည္။

သို႔ေသာ္ သူလွည့္ထြက္မည္အျပဳ မင္းခန္႔ထည္က သူ႕ရဲ႕လက္ေကာက္ဝတ္ေလးကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လာၿပီးေဆာင့္ဆြဲလိုက္တာေၾကာင့္ သူ၏ကိုယ္ေလးဟာဆန္႔က်င္ဘက္တစ္ေနရာသို႔ ယိုင္သြားရေလသည္။

သူသတိျပန္ဝင္လာတဲ့အခ်ိန္မွာေတာ့ မင္းခန္႔ထည္ဆိုတဲ့လူရမ္းကားႀကီးက သူ႕ရဲ႕တစ္ကိုယ္လုံးကိုနံရံေပၚမွာအႂကြင္းမဲ့ဖိကပ္ထားလိုက္ေခ်ၿပီ။

မင္းခန္႔ထည္က ပတ္တီးအျဖဴေရာင္စည္းပတ္ထားတဲ့ သူ႕ရဲ႕ ဘယ္ဘက္လက္တစ္ဖက္ကို ႐ိႈင္းမ်က္ႏွာေလးရဲ႕တစ္ဖက္တစ္ခ်က္၌ေထာက္ထားလိုက္ၿပီး က်န္လက္တစ္ဖက္ျဖင့္ေကာင္ေလးရဲ႕လက္ေတြကိုခ်ဳပ္ထားတာေၾကာင့္ ေထာင္ေခ်ာက္မိသြားရတဲ့ယုန္ေပါက္ေလး ႐ိႈင္းေဇယံအတြက္လြတ္ေျမာက္ဖို႔ရာေျပးေပါက္မ႐ွိခဲ့ေပ။

"အကို ဘာလုပ္တာလဲ"

"ညီက ကိုယ့္ကို လာဆြေနလို႔အျပစ္ေပးတာ"

႐ိႈင္းေဇယံဟာ အခုခ်ိန္မွာမင္းခန္႔ထည္နဲ႔အနီးဆုံးအကြာအေဝးမွာ႐ွိေနတာေၾကာင့္ သူတို႔အသက္႐ွဴလိုက္တိုင္း ႏွစ္ဦးစလုံးရဲ႕ ဝင္သက္ထြက္သက္ေတြတိုင္းဟာ အခ်င္းခ်င္းယွက္ႏြယ္႐ိုက္ခတ္ေနရတဲ့အထိ အင္မတန္မွနီးကပ္လို႔ေန၏။

"ဖယ္ဗ်ာ"

႐ိႈင္းေဇယံကသူရဲ႕လက္ကေလးမ်ားႏွင့္ မင္းခန္႔ထည္ကိုတြန္းဖယ္ပစ္လိုက္ေသာ္လည္း ထိုသန္မာေသာေက်ာက္ေဆာင္ႀကီးကနဲနဲေလးေတာင္မေ႐ြ႕သြားခဲ့ဘဲ သူ႕ရဲ႕လက္တစ္စုံကို ခ်ဳပ္ေႏွာင္ထားတဲ့လက္တစ္ဖက္၌ပိုၿပီးအားထည့္လာခဲ့ေလသည္။

ထိုစဥ္႐ိႈင္းရဲ႕ရင္အစုံဟာ အျမင့္ဆုံးလႈပ္ခါႏႈန္းဆီသို႔ေရာက္႐ွိလာခဲ့ရၿပီးမင္းခန္႔ထည္နဲ႔အနီးတကာ့အနီးဆုံးအကြာအေဝးမွာ ႐ွိေနရျခင္းဟာ သူ႕အတြက္ငရဲေရာက္ေနတဲ့အလားအဆုံးမဲ့မြန္းၾကပ္လြန္းကာေျခာက္ျခားစရာေကာင္းလွေပ၏။

သူအခုခ်က္ခ်င္းအေငြ႕ပုံစံေျပာင္းလို႔ရလွ်င္ အေငြ႕ေလးအျဖစ္ေပ်ာက္ကြယ္သြားခ်င္ေလသည္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႕ရင္ဘက္ထဲမွာတဒုတ္ဒုတ္ခုန္ေပါက္ေနတဲ့အရာတစ္ခုကသူကိုယ္တိုင္ေတာင္မသိလိုက္ခင္မွာထိန္းခ်ဳပ္မႈတို႔ကင္းမဲ့သြားမွာကိုစိုးထိတ္မိတာေၾကာင့္ပင္။

"အကို႔ကို က်ေနာ္ စိတ္ဆိုးမေျပေသးဘူးေနာ္"

"ကဲ ဒါဆို ေျပာေလ ကိုယ့္ကို ညီစိတ္ဆိုးရတဲ့အေၾကာင္းေလး"

"က်ေနာ္ ဒီအတိုင္းေနၿပီး ေျပာရမွာလား"

"ဟုတ္တယ္ ဒီအတိုင္းေနၿပီးပဲေျပာ"

မင္းခန္႔ထည္ရဲ႕ႏိုင္ထက္စီးနင္းစကားမ်ားက ႐ိႈင္းေဇယံရဲ႕ရင္အစုံကို တစ္စထက္တစ္စပို၍လႈပ္ခတ္သြားေစေလသည္။

'ဒီအတိုင္းသာ ၾကာၾကာေနရင္ေတာ့လားေသာက္က်ိဳးနဲစရာေတြေတာ့ျဖစ္ကုန္ေတာ့မွာပဲ'

"က်ေနာ္႕လက္ကိုလႊတ္ၿပီးရင္ က်ေနာ္ေျပာျပမယ္ေလ"

႐ိႈင္းေဇယံက သူ႕ရဲ႕မ်က္ဝန္းေလးေတြကိုသနားစရာေကာင္းစြာ႐ုတ္ခ်ည္းေျပာင္းလဲလိုက္၍တိုးဖ်စြာဆိုလာေလေသာ္ မင္းခန္႔ထည္က ညစ္က်ယ္က်ယ္ရယ္သြမ္းလိုက္ၿပီးေနာက္ ရယ္႐ႊမ္း႐ႊမ္းမ်က္ဝန္းတစ္စုံနဲ႔ ေကာင္ေလးရဲ႕ႏႈတ္ခမ္းဖူးဖူးေလးေတြဆီသို႔ဦးတည္ၾကည့္လာကာ ခပ္ျဖည္းျဖည္းဆိုလာ၏။

"ကိုယ္က အခုညီ့ရဲ႕လက္ကေလးေတြကိုပဲခ်ဳပ္ထားတာေလ ညီ့ရဲ႕ႏႈတ္ခမ္းေလးေတြကိုခ်ဳပ္ထားတာမွမဟုတ္တာ
ကိုယ္က မင္းလက္ကေလးေတြကိုမလႊတ္ေပးလည္း ညီေျပာျပလို႔ရပါေသးတယ္"

'အဲ့အၾကည့္ကဘာအၾကည့္လဲ?သူေတာင္းစားႀကီး ခဗ်ားကက်ေနာ္႕ရဲ႕ႏႈတ္ခမ္းေတြကိုပါခ်ဳပ္ထားခ်င္ေသးလို႔လား'

သူဘယ္လိုပဲေျပာေျပာ မ်က္စိေ႐ွ႕ကထိုလူကေတာ့လုံးဝလႊတ္ေပးမယ့္ပုံမေပၚတာေၾကာင့္မုဆိုးရဲ႕သားေကာင္ေလးျဖစ္တဲ့႐ိႈင္းေဇယံကပဲ မုဆိုးႀကီးကိုလက္ေျမႇာက္အ႐ႈံးေပးလိုက္ေတာ့ေလသည္။

"က်ေနာ္ အကို႔ကိုစိတ္ဆိုးရတဲ့အေၾကာင္းက အကိုအဲ့မနက္ကေျပာလိုက္တဲ့ အေထြအထူးမဟုတ္လို႔ေရးႀကီးခြင္က်ယ္မလုပ္နဲ႔ဆိုတဲ့စကားေၾကာင့္ပဲ အကိုမွတ္မိတယ္မွတ္လား အကိုေျပာလိုက္တာေလ"

"အဲ့စကားက တကယ္ေတာ့ အကိုက မင္းစက္ကိုေျပာလိုက္တာေလ ညီ့ကိုေျပာတာမဟုတ္ဘူးေလကြာ
ၿပီးေတာ့ အကိုအဲ့စကားေျပာလိုက္တာကလည္းမင္းစက္စကားေၾကာင့္ ညီအရမ္းစိုးရိမ္သြားမွာစိုးလို႔လဲပါတယ္။
ညီကဒါကိုစိတ္ကြက္သြားတယ္တဲ့လား ?"

"အဲ့ညက က်ေနာ္ အကို႔ကို ဘယ္ေလာက္ထိစိုးရိမ္ေနလဲ အကိုသိရဲ႕လား။  အကို႔ကိုက်ေနာ္စိတ္ပူေနရလို႔ တစ္ညလုံးအိပ္မရခဲ့ဘူး အိပ္မေပ်ာ္လို႔ ဖုန္းဆက္ၾကည့္ျပန္ေတာ့လည္း ေတာက္ေလွ်ာက္စက္ပိတ္ထားတယ္လို႔ပဲေျဖေနတယ္။ က်ေနာ္က အကိုတစ္ခုခုျဖစ္ေနၿပီထင္ေနတာ။
တကယ္လည္းတစ္ခုခုျဖစ္ေနတာပဲေလ။"

"က်ေနာ္႕ေ႐ွ႕ကို ပတ္တီးႀကီးနဲ႔ေရာက္လာတဲ့အကို႔ကိုျမင္လိုက္ရေတာ့ က်ေနာ္အရမ္း စိတ္သက္သာရာရေနတယ္လို႔အကိုထင္ေနလား
ၿပီးေတာ့ အကိုေျပာလိုက္တဲ့အဲ့စကားက အကို႔ကိုတစ္ညလုံးစိတ္ပူေနတဲ့က်ေနာ္႕ကိုေလွာင္လိုက္သလိုပဲဗ်ာ။"

"အကို႔အတြက္ပူပန္ခဲ့ရတဲ့က်ေနာ္႕ရဲ႕စိတ္ရင္းအမွန္ေတြက တကယ္ပဲပုံႀကီးခ်ဲ႕သလိုျဖစ္ေနခဲ့တာလားဆိုတာ က်ေနာ္႕ကိုယ္က်ေနာ္ ဒီသုံးရက္အတြင္းမွာေမးခြန္းထုတ္ျဖစ္ခဲ့တယ္။
က်ေနာ္ ဒီအတိုင္းေျပာလိုက္ခ်င္တဲ့စကားလုံးေတြကေတာင္ က်ေနာ္႕ႏႈတ္ဖ်ားကေနထြက္က်မလာေတာ့ဘူး။
ဘာလို႔လဲဆိုေတာ့ အကို႔မ်က္လုံးေတြထဲမွာ က်ေနာ္က ဟာသတစ္ခုပဲဆိုၿပီးျမင္ေနရလို႔ေလ။"

႐ိႈင္းေဇယံရဲ႕ႏႈတ္ဖ်ားမွထြက္လာတဲ့ စကားတစ္ခြန္းစီတိုင္းမွာေလးနက္ေသာ႐ိႈက္သံေလးမ်ားက ေရာယွက္ေနလ်က္။

႐ိႈင္းရဲ႕မ်က္ဝန္းေတြထဲမွာ အရည္ၾကည္ေလးမ်ားက အျပင္ဘက္ဆီသို႔လွ်ံက်မလာခဲ့ဘဲ ေတာက္ပစြာခိုတြဲလ်က္႐ွိေနကာ မင္းခန္႔ထည္ကေတာ့ထိုမ်က္ဝန္းေလးေတြကိုေငးၾကည့္ေနရင္း ေကာင္ေလးရဲ႕စကားလုံးေလးမ်ားကို ၿငိမ္သက္စြာနားေထာင္ေပးေနခဲ့သည္။

ထို႔ေနာက္  သူခ်ဳပ္ထားခဲ့တဲ့ ခ်စ္စရာေကာင္ေလးရဲ႕လက္ေသးေသးေလးေတြကိုေျဖညႇင္းစြာလႊတ္ေပးလိုက္ၿပီး ႐ိႈင္းရဲ႕ကိုယ္ေသးေသးေလးကိုေတာ့ သူ႕ရဲ႕က်ယ္ျပန္႔တဲ့ရင္ခြင္ထဲမွာသိမ္းဆည္းဖက္ထားလိုက္ေတာ့သည္။

'သူ႕ရဲ႕မ်က္ရည္ဥေလးေတြဟာ အကိုမင္းခန္႔ထည္ရဲ႕ရင္ခြင္ထဲကိုေရာက္သြားခဲ့ရတဲ့အခ်ိန္ကေနစၿပီး သူကိုယ္တိုင္ေတာင္တားဆီးခ်ိန္မရလိုက္ပဲ ပါးျပင္၂ဖက္ေပၚကိုတျဖည္းျဖည္းနဲ႔လွိမ့္ဆင္းလာခဲ့ၾကေလတယ္။
အေခ်ာ့ခံရတဲ့ကေလးေတြကပိုငိုတတ္တယ္မွတ္လား။'

ေကာင္ေလးရဲ႕မ်က္ရည္ေတြနဲ႔မေမွ်ာ္လင့္ဘဲထိေတြ႕လိုက္ရတဲ့ မင္းခန္႔ထည္ရဲ႕ႏွလုံးအိမ္မွာတင္းၾကပ္ဆို႔နင္လာခဲ့ရကာတဆစ္ဆစ္ကိုက္ခဲလာေလရဲ႕။

သူ႕ေလာက္တည္ၿငိမ္လြန္းခဲ့တဲ့လူက ဒီေကာင္ေလးနဲ႔ဆုံေတြ႕ၿပီးတဲ့အခ်ိန္ကေနစၿပီး
မေရမရာတဲ့စိတ္ခံစားခ်က္တို႔ကသူ႕ရဲ႕အသိစိတ္နယ္ပယ္ထဲမွာ ဗေလာင္ဆူလွတဲ့အေသြးအသားတို႔နဲ႔ေသာင္းေျပာင္း႐ႈပ္ေထြးေနခဲ့ရကာ သူကိုယ္တိုင္ေတာင္ဘယ္လိုလူမ်ိဳးလဲဆိုတာတစ္ခါတစ္ခါေမ့ေလ်ာ့သြားလုမတတ္ပင္။

'ညီရယ္ ကိုယ့္လိုလူမ်ိဳးအေပၚကို အရမ္းႀကီးသံေယာဇဥ္မတြယ္ပါနဲ႔လား။ '

'မင္းေလးရဲ႕ဒီပုံစံေလးက ကိုယ့္ရဲ႕မ်က္လုံးေတြထဲမွာတစ္စုံတစ္ေယာက္ကိုျပန္ျမင္ေယာင္လာမိေစတယ္ ၿပီးေတာ့ အဲ့ဒီတစ္စုံတစ္ေယာက္ကိုဆုံး႐ႈံးလိုက္ရသလိုမ်ိဳးကံၾကမၼာတစ္ပတ္ျပန္လည္လာမွာကိုလည္း ကိုယ္ သိပ္ေၾကာက္မိတယ္ကြာ'

===============================

မင္းစက္တစ္ေယာက္သူ႕သူငယ္ခ်င္းမင္းခန္႔ထည္ရဲ႕အ႐ႈပ္ေတာ္ပုံကိုအေျဖဝိုင္း႐ွာေပးၿပီးေနာက္ ပ်င္းစရာေကာင္းလွတဲ့ သခ်ၤာခ်ိန္ကို 'တက္မယ္' 'မတက္ဘူး'ဆိုၿပီး နံၾကားေထာက္လိုက္တဲ့အခါ မတက္ဘူးဟုက်သျဖင့္ အေဆာင္ဘက္ဆီသို႔တက္ႂကြစြာ ျပန္လွိမ့္လာခဲ့ေလသည္။

အကယ္၍နံၾကားေထာက္လို႔တက္မယ္က်ရင္လည္းပဲ အေဆာင္၌ျပန္အိပ္ဖို႔သာ သူစိတ္ကူးထားကာအတန္းတက္ဖို႔အစီအစဥ္လုံးဝမ႐ွိေပ။

ေျခတံ႐ွည္႐ွည္နဲ႔စီနီယာမင္းစက္ဟာ အညိဳဆင္ျဖစ္ၿပီးအေဝးကေနၾကည့္မယ္ဆိုလွ်င္မဟားတရားဆြဲေဆာင္မႈ႐ွိေပမယ့္လို႔သူ႕ရဲ႕မ်က္ႏွာထက္မွာတစ္ခ်ိန္လုံးခ်ိတ္ဆြဲထားပါတဲ့ဗ႐ုတ္သုတ္ခႏိုင္လွေသာအျပဳံးတို႔ေၾကာင့္ အခုထိေရာင္းမထြက္ႏိုင္ဘဲျဖစ္ေနရေလသည္။

အေဆာင္ကိုျပန္ေရာက္ၿပီး သူ႕အခန္း႐ွိရာဆီသို႔ေျမာက္ႂကြေျမာက္ႂကြနဲ႔ေလွ်ာက္လွမ္းလာခဲ့ၿပီးမွ သူ႕ေ႐ွ႕ကျမင္ကြင္းေၾကာင့္ေျခလွမ္းေတြကိုဘရိတ္အုပ္ပစ္လိုက္ရကာ မ်က္လုံးေတြကျပဴးက်ယ္ဝိုင္းစက္သြားေတာ့ေလသည္။

"ငါ့အခန္းတံခါးႀကီး ပြင့္ေနပါလား!!
ငါေက်ာင္းသြားတုန္းက ေသေသခ်ာခ်ာ ေသာ့ခတ္ခဲ့ပါတယ္ အခုအခန္းက ပြင့္ေနတယ္ဆိုေတာ့ မဟုတ္မွလြဲ သူခိုးဝင္တာပဲျဖစ္ရမယ္"

ထိုသို႔ေရ႐ြတ္လိုက္ၿပီးမင္းစက္ဟာ သူ႕လက္ထဲမွာကိုင္ထားတဲ့ ထီး႐ွည္ကိုလိပ္လိုက္၍လက္နက္သဖြယ္ကိုင္ေဆာင္လိုက္လ်က္ သူ႕အခန္းဆီသို႔ျဖည္းျဖည္းခ်င္းခ်ဥ္းကပ္သြားလိုက္သည္။ အခန္းနဲ႔နီးကပ္လာေလေလ အခန္းထဲကေနပဲ့တင္သံထြက္ေနတဲ့လူတစ္ေယာက္ရဲ႕တ႐ွပ္႐ွပ္ေျခသံမ်ားကိုထင္ထင္႐ွား႐ွားၾကားရေလျဖစ္တာေၾကာင့္သူ၏ဒူးတို႔မွာတဆတ္ဆတ္တုန္လာရေတာ့သည္။

"အ႐ွင္ဘုရား သူခိုးဆီမွာ ဓားေတြ တုတ္ေတြမပါပါေစနဲ႔ဘုရား
က်ေနာ္ေၾကာက္လို႔မဟုတ္ပါဘူးက်ေနာ္မေသခ်င္ေသးလို႔ပါ"

"ဘဲေခ်ာေခ်ာေလးနဲ႔ အမ္...မဟုတ္ဘူးမွားကုန္ၿပီ! ေစာ္ေခ်ာေခ်ာေလးနဲ႔ RSခ်ိတ္ခ်င္ပါေသးတယ္ ဘုရား"

"က်ေနာ္႕လိုFAဘဝကို စာနာသနားေသာအားျဖင့္ ဒီေန႔သူခိုးကို က်ေနာ္ ေကာင္းေကာင္းမြန္မြန္နဲ႔ဖမ္းႏိုင္ေအာင္ ကူညီေစာင့္မေပးေတာ္မူပါ အ႐ွင္ဘုရား"

မင္းစက္သည္႐ွိ႐ွိသမွ်ဘုရားေတြအကုန္လုံးကိုတစ္ထပ္တည္းတိုင္တည္ဆုေတာင္းၿပီးေနာက္ သူ႕ရဲ႕လက္ထဲကထီး႐ွည္ကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္လိုက္ၿပီး အခန္းထဲသို႔ တဟုန္ထိုးေျပးဝင္သြားေတာ့ေလသည္။

မ်က္စိစုံမွိတ္ကာေျပးဝင္သြားၿပီးထိုသူခိုးအားထု႐ိုက္ဖို႔ျပင္လိုက္တဲ့အခါ
သူေျမႇာက္ကိုင္ထားတဲ့ထီး႐ွည္ကို သန္မာတဲ့လက္တစ္စုံကအားနဲ႔ဖမ္းဆုပ္လိုက္၍သူ၏လက္ထဲကေနဆတ္ခနဲဆြဲလုသြားကာ ထိုသူခိုးကသူ႕အားျပန္မ႐ိုက္လာဘဲေဘးဘက္သို႔ပစ္ခ်လိုက္ဟန္တူသည္။ ထီး႐ိုးနဲ႔ၾကမ္းျပင္တို႔ထိေတြ႕သြားရတာေၾကာင့္ၾကည္လင္စြာထြက္ေပၚလာခဲ့တဲ့ ခပ္ဆတ္ဆတ္႐ိုက္ခတ္သံတစ္သံကို နားနဲ႔ဆက္ဆက္ၾကားလိုက္ရေလ၏။

ထိုအသံၾကားမွသတၱိခဲ အေမာင္မင္းစက္ရဲ႕မွိတ္ထားေသာမ်က္ဝန္းမ်ားက ျဖတ္ခနဲပြင့္လာခဲ့ရၿပီး
သူ မ်က္စိပြင့္လာခ်င္းခ်င္းပင္
ျမင္လိုက္ရတဲ့တစ္ဖက္လူ၏မ်က္ႏွာသြင္ျပင္ေၾကာင့္ မင္းစက္ခမ်ာ ခုနကသူခိုးဆိုတဲ့အေတြးေတြထက္ပင္ ပိုၿပီးတုန္လႈပ္သြားခဲ့ရသည္။

ထို႔ေနာက္သူ႕ရဲ႕ပါးစပ္ဖ်ားကေနလႊတ္ခနဲထြက္က်သြားရ၏။

"မာန္!!!"ဆို၍။

မင္းစက္ရဲ႕ႏႈတ္ဖ်ားကေန႐ုတ္တရက္ထြက္လာခဲ့ေသာ မာန္ဆိုတဲ့နာမည္ေလးေၾကာင့္ ထိုေကာင္ေလးရဲ႕မ်က္ဝန္းေတြကအနည္းငယ္လႈပ္လႈပ္႐ွား႐ွားျဖစ္သြားသည္ကို မင္းစက္တစ္ေယာက္ သတိထားမိလိုက္ေပမယ္္႕
ထိုေကာင္ေလးကတည္ၿငိမ္မႈအျပည့္နဲ႔အျမန္ျပန္ထိန္းလိုက္ႏိုင္တာေၾကာင့္ အရာအားလုံးကအခ်ိန္တိုအတြင္း ထင္ေယာင္ထင္မွားအျဖစ္သို႔ေျပာင္းလဲသြားေတာ့ေလသည္။

သူ႕ထက္အရပ္ပို႐ွည္တဲ့ခပ္ေခ်ာေခ်ာေကာင္ေလးကရယ္သံသဲ့သဲ့ေလးေႏွာလ်က္သူ႕ကိုယ္သူစတင္မိတ္ဆက္လာသည္။

"က်ေနာ္က ဟန္လင္းထက္ပါ အကိုက အကိုျမတ္မင္းစက္လား"

"အင္း ဟုတ္တယ္"

အူတူတူမ်က္ႏွာေပးနဲ႔မင္းစက္ကေတာင့္ေတာင့္ႀကီးေခါင္းၿငိမ့္ျပလာခဲ့သည္။

"က်ေနာ္က အကို႔အခန္းေဖာ္အသစ္ပါ
ဒီေန႔မွေက်ာင္းကိုေရာက္လာတာေလ
ေျပာရမယ္ဆို က်ေနာ္ကေက်ာင္းေျပာင္းအုပ္စုနဲ႔ပါလာတာေပါ့"

"ေၾသာ္.. ဟုတ္လား  ဒီေန႔အခန္းေဖာ္ေရာက္လာမယ္ဆိုတာအကိုမသိလိုက္ဘူး Sorryေနာ္ အကိုကမင္းကိုသူခိုးလို႔ထင္သြားတာ အကိုတို႔အေဆာင္ကအစြန္ဘက္က်ေတာ့ေလ တစ္ခါတစ္ေလအဲ့လိုေလးေတြ႐ွိလို႔"

"အာ..ရပါတယ္ဗ်ာ က်ေနာ္ကလည္းစိတ္ထဲမထားပါဘူး"
ဟု ထိုေကာင္ေလးကေျပေျပလည္လည္ပဲဆိုလာၿပီးေနာက္ မင္းစက္ကိုေက်ာေပးလိုက္ၿပီး ခရီးေဆာင္အိတ္ထဲကသူ႕ရဲ႕ပစၥည္းေတြကိုထုတ္ကာ ဂ႐ုတစိုက္နဲ႔ေနရာခ်ေနေလသည္။

မင္းစက္က ထိုေကာင္ေလးကိုမွင္သက္စြာျဖင့္ အေနာက္ကေနအခ်ိန္ေတာ္ေတာ္ၾကာေအာင္ ရပ္ၾကည့္ေနမိတာေၾကာင့္
လႈပ္႐ွားေနတဲ့ဟန္လင္းထက္ရဲ႕ေက်ာျပင္က်ယ္က်ယ္က႐ုတ္တရက္ေျဖာင့္တန္းသြားရၿပီး သူ႕ရဲ႕လည္ပင္းကိုေစာင္းခ်လိုက္ကာ မင္းစက္ကိုမ်က္ဝန္းေထာင့္ကေနေစာင္းငဲ့ၾကည့္လာေလသည္။

သူကႏႈတ္ခမ္းလႊာရဲ႕ညာဘက္ေထာင့္စြန္းနားကပါးခ်ိဳင့္ေလးကိုခြက္ေနေအာင္ျပဳံးလိုက္ရင္း ခန္႔ညားၿငိမ့္ေညာင္းတဲ့ေလသံနဲ႔အတူ ေမးလာခဲ့သည္။

"အကို ေက်ာင္းကျပန္လာတာလား"

"အင္း အာ..မဟုတ္ဘူး အကိုစာအုပ္က်န္ခဲ့လို႔ လာျပန္ယူတာ"

မင္းစက္ကအေယာင္ေယာင္အမွားမွားနဲ႔စကားဆိုလိုက္ေလေသာ္ ဟန္လင္းထက္ကေခါင္းေလးညိတ္၍သာတုံ႔ျပန္လာၿပီးေနာက္ေ႐ွ႕သို႔ျပန္လွည္္႕သြားေတာ့ေလသည္။

မင္းစက္လည္းဘာလုပ္လို႔ဘာကိုင္ရမွန္းမသိတာနဲ႔စားပြဲခုံေပၚကေတြ႕ကရာစာအုပ္တစ္အုပ္ကိုကမန္းကတမ္းေကာက္ယူလိုက္ၿပီး အခန္းထဲကေန ေျချမန္သုတ္ကာေျပးထြက္သြားေတာ့ေလသည္။

မင္းစက္ရဲ႕ျမန္ဆန္လြန္းၿပီးအလ်င္လိုေနတဲ့ေျခသံေတြကိုေသခ်ာနားစိုက္ေထာင္ေနပါတဲ့ဟန္လင္းထက္ရဲ႕မ်က္ဝန္းေတြက မ်က္ဝန္းေထာင့္၌အစင္းေၾကာင္းေလးေတြေပၚလာတဲ့အထိေကြးတက္လာခဲ့ရၿပီး ေရ႐ြတ္လာတဲ့အသံလိႈင္းေလးတစ္လိႈင္းက ခပ္ဖြဖြရယ္သံေလးနဲ႔အတူအခန္းနံရံေတြထဲမွာတိုးဝင္ေပ်ာက္ကြယ္သြားေတာ့သည္။

"အကို မင္းစက္က တကယ္ကိုစိတ္ဝင္စားဖို႔ေကာင္းတာပဲ ...ငါထပ္ၿပီးမပ်င္းရေတာ့ဘူးေပါ့"

မင္းစက္အေဆာင္ကေနျပန္ထြက္လာခဲ့တဲ့လမ္းတစ္ေလွ်ာက္လုံး ၾကက္သီးေတြတျဖန္းျဖန္းထလာတာေၾကာင့္သူ႕ရဲ႕လက္၂ဖက္စလုံးကိုထပ္ခါတလဲလဲပြတ္သပ္ေနခဲ့ကာ တစ္ေယာက္တည္းတုန္လႈပ္စြာေရ႐ြတ္လိုက္ေတာ့ေလသည္။

"မာန္ ! ဟိုေကာင္ေလးကမာန္နဲ႔ေတာ္ေတာ္တူတာပဲ။
ဒါေပမယ့္ ေသခ်ာတယ္မာန္ေတာ့မဟုတ္ဘူး။
သူ႕ရဲ႕မ်က္ႏွာပုံစံက ငါမာန္နဲ႔စေတြ႕တုန္းကနဲ႔တစ္ထပ္တည္းပဲ။ "

"မာန္ဆီမွာညီေတြဘာေတြ႐ွိတယ္လို႔လဲတစ္ခါမွ မၾကားမိပါဘူး။
ဟန္လင္းထက္ နဲ႔မာန္လင္းထက္... နာမည္ကလည္းခပ္ဆင္ဆင္ပဲ။ညီအကိုေတြသာဆို တကယ္ယုံႏိုင္တယ္ ..."

"ဟာ မသိေတာ့ဘူးကြာ !"

ေနာက္ဆုံးမင္းစက္လည္းသူ႕ရဲ႕ေခါင္းကိုကုတ္လိုက္ၿပီးေနာက္ သူဆြဲမိဆြဲရာႏွင့္ယူလာခဲ့မိေသာ Digitalစာအုပ္ကိုလက္တြင္ပိုက္ကာ Canteenဘက္သို႔သာ ဦးတည္လိုက္ပါေတာ့သည္။

================================

Archiေဆာင္ကႏွစ္ေယာက္ကေတာ့ အခုထိတိုင္ထိုေနရာကေနမထြက္သြားေသးဘဲ ၃ရက္ေလးစကားမေျပာရတာကို ႏွစ္၃၀မ်ားေအာက္ေမ့ရေလာက္ေအာင္ ႏွစ္ဦးသားမၿပီးႏိုင္မစီးႏိုင္နဲ႔အတိုးခ်စကားေျပာေနၾကေလသည္။

"ညီ အကို႔ကို စိတ္ဆိုးေျပၿပီေပါ့"

"အင္း"

"ok ညီ့ကိုအကိုေျပာစရာ႐ွိတယ္။ အကို႔မ်က္လုံးကိုတစ္ခ်က္ၾကည့္"

႐ိႈင္းေဇယံလည္း မင္းခန္႔ထည္စကားအတိုင္း သူ႕မ်က္ဝန္းေလးမ်ားကိုမင္းခန္႔ထည္ရဲ႕မ်က္ဝန္းေတြဆီသို႔နာခံစြာေ႐ြ႕လ်ားလိုက္ေတာ့မင္းခန္႔ထည္ကေကာင္ေလးကို ေက်နပ္ေနတဲ့အျပဳံးႀကီးျဖင့္ျပဳံးၿဖီးျပလိုက္ရင္း စကားတခ်ိဳ႕ကိုဆက္ေျပာလာေလသည္။

"ညီ ေနာက္တစ္ခါကိုယ္္႕ကို အဲ့ေလာက္ထိမစိုးရိမ္နဲ႔ေတာ့ေနာ္။
အကို ညီ့ကိုဒီလိုေျပာတယ္ဆိုတာ ညီကကို႔အတြက္ ဟာသျဖစ္ေနလို႔မဟုတ္ဘူး။
ညီ အကို႔ေၾကာင့္ေနာက္တစ္ႀကိမ္ စိတ္ဒုကၡေရာက္ရမယ့္အျဖစ္မ်ိဳး အကို ထပ္မျမင္ခ်င္ေတာ့လို႔"

"အကို ဒီေန႔ကစၿပီး ညီ့ကိုကတိေပးတယ္ကြာ ဒီက႐ိႈင္းေဇယံဆိုတဲ့ ညီေလးတစ္ေယာက္အတြက္ အကိုဟာ အၿမဲတမ္းေပ်ာ္႐ႊင္ေအာင္ပဲလုပ္ေပးႏိုင္တဲ့ စီနီယာအကိုေကာင္းတစ္ေယာက္ ျဖစ္ေစရမယ္လို႔
အကို ညီ့ကို အေ႐ွ႕ကစိန္ပန္းပင္ႀကီးကိုသက္ေသထားၿပီးကတိေပးတယ္ ဟုတ္ၿပီလား"

ထိုအခါ႐ိႈင္းေဇယံကမင္းခန္႔ထည္လက္ညိႇဳးထိုးျပလာတဲ့စိန္ပန္းပင္ကိုၾကည့္လိုက္ၿပီးေနာက္ သူ႕ရဲ႕ မ်က္ေတာင္ေလးေတြကိုပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ကာ နားမလည္စြာေမးလာခဲ့သည္။

"ကတိေပးတာက ဘာလို႔ ဘာမွမဆိုင္တဲ့စိန္ပန္းပင္ပါ ,ပါလာရတာလဲ"

မင္းခန္႔ထည္ကလည္းလုံးဝအတည္ေပါက္နဲ႔ခပ္တည္တည္ဆိုလာသည္။

"ကိုယ့္ကတိကို ပိုၿပီးေလးနက္ေအာင္ေလ"

ထိုစကားၾကားေတာ့႐ိႈင္းေဇယံေလးကေခါင္းခါလ်က္ရယ္လာခဲ့သည္။

"အမျဖဴစင္ေသာ္ကိုေကာ ေက်ာင္းရဲ႕ဘယ္အပင္ေတြကိုဆြဲသြင္းၿပီး ကတိေပးၿပီးၿပီလဲ"

"ဒီေ႐ွ႕က စိန္ပန္းပင္ႀကီးက ပထမဆုံးပါကြာ"

'ဟုတ္တယ္ ပထမဆုံးပဲ
ကိုယ့္ဘဝမွာ ကိုယ့္ဘက္ကေနစၿပီးကတိေတြေပးဖူးခ်င္တဲ့ လူဆိုလို႔ ႐ိႈင္းေဇယံဆိုတဲ့မင္းေလးတစ္ေယာက္ပဲ႐ွိဖူးေသးတယ္ '

ထိုစကားေတြကိုေတာ့သူမထုတ္ေျပာမိ။
ရင္ထဲတစ္ေနရာ၌သာလွ်ိဳ႕ဝွက္စြာသိမ္းဆည္းထားခဲ့သည္။

သူတို႔ႏွစ္ဦးၾကား၌ေဆာင္းေလေျပညႇင္းေလးကေဝ့ကာသီကာနဲ႔ကလူက်ီစယ္ေနခဲ့ကာ ႏွစ္ဦးသားရဲ႕ရယ္သံလြင္လြင္ေလးေတြက ၾကည္ႏူးစရာအခိုက္အတန္႔ေလးကို လွပေအာင္အသက္သြင္းေပးေနေလရဲ႕။

"ဒါနဲ႔ ဒီေန႔majorေတြခြဲၿပီမွတ္လား"

"အင္း ခြဲၿပီေလ"

႐ိႈင္းကသေဘာေခြ႕စြာျပဳံးလာလ်က္ျပန္ေျဖလာေလသည္။

"ညီ အကို႔ကိုအမွန္အတိုင္းေျဖေနာ္"

မင္းခန္႔ထည္ဆီကေနထိုစကားၾကားေတာ့႐ိႈင္းေဇယံက ဘာပါလိမ့္ဆိုတဲ့အေတြးျဖင့္မင္းခန္႔ထည္ဘက္ကိုလွည့္ၾကည့္လာခဲ့သည္။

"ညီ အကိုတို႔ majorကို သေဘာက်ရဲ႕လား။ မဟုတ္ဘူးကြာ ကိုယ္ေျပာခ်င္တာက အကိုတို႔majorကိုေရာက္လာရတာကို ညီေပ်ာ္ရဲ႕လား"

"ႀကိဳက္တယ္"

ႀကိဳက္တယ္ဆိုတဲ့႐ိႈင္းရဲ႕အသံေလးဟာ မင္းခန္႔ထည္ရဲ႕အေျပာေတြကိုရပ္တန္႔သြားေစသည္။

မင္းခန္႔ထည္ကမယုံသကၤာနဲ႔သံသယျဖစ္စြာမ်က္ခုံးပင့္လိုက္ရင္း
"ဂ်ဴဂ်ဴေလးက တစ္စကၠန္႔ေတာင္မစဥ္းစားဘဲ ခ်က္ခ်င္းႀကီးေျဖခ်လိုက္တယ္ေနာ္။ အကိုတို႔majorရဲ႕ဘယ္အခ်က္ေတြကမ်ား ညီ့ကိုမျငင္းရက္ႏိုင္ေအာင္ဆြဲေဆာင္ေနတာပါလိမ့္"

"အရာအားလုံးပဲ"

႐ိႈင္းက ဗီလိန္ဆန္တဲ့အျပဳံးေလးျဖင့္သြားတက္ေလးကိုလွစ္ဟာျပလိုက္ရင္းမင္းခန္႔ထည္ရဲ႕ေမးခြန္းကို တစ္ခ်က္တည္း႐ိုက္ခ်ပစ္လိုက္သည္။

မင္းခန္႔ထည္ကေတာ့ ႐ိႈင္းရဲ႕အေျဖေလးကိုသေဘာက်လ်က္ ေခါင္းတညိတ္ညိတ္ျဖင့္ရယ္ေမာလာခဲ့ေလ၏။

"အေလွ်ာက္ေကာင္းတဲ့ဂ်ဴဂ်ဴေလးကို ဒီကစီနီယာႀကီးက တစ္ခုေလာက္ေတာ့ထပ္ေမးခ်င္ေသးတယ္။
ညီေျပာတဲ့အဲ့ဒီအရာအားလုံးထဲမွာ ဒီကကိုယ္ေကာပါလား"

႐ိႈင္းေဇယံကလည္း တစ္စကၠန္႔မွ်တုန္႔ဆိုင္းျခင္းမ႐ွိဘဲ။

"အကိုက ကိုယ့္က္ိဳယ္ကို majorနဲ႔သက္ဆိုင္တယ္လို႔မွတ္ယူထားခဲ့ရင္ေတာ့ က်ေနာ္ေျပာတဲ့ အရာအားလုံးထဲမွာ အကိုပါေကာင္းပါႏိုင္ပါတယ္။"ဟူ၍လွည့္ပတ္ဆိုလာခဲ့သည္။

မင္းခန္႔ထည္ဆိုတဲ့ထိုလူသားပိုင္ဆိုင္ေသာမ်က္ဝန္းတစ္စုံဆီသို႔ ေသြဖယ္ျခင္းမ႐ွိဘဲ အၿပီးပိုင္နယ္ခ်ဲ႕သိမ္းပိုက္လိုက္သည့္ႏွယ္စိုက္ၾကည့္လာခဲ့ကာ ေလေျပေလးကဲ့သို႔ႏူးညံ့စြာေသာအလ်င္ႏႈန္းႏွင့္ သူ႕ရဲ႕ညာဘက္မ်က္ခုံးေလးကို အနဲငယ္ေကာ့ၫႊတ္ျပလိုက္တဲ့အခါ တစ္စုံတစ္ေယာက္ရဲ႕ေမးခြန္းေတြကေတာ့လွပစြာပြဲသိမ္းသြားခဲ့ရေလၿပီ။

'အကိုက အီလက္ထ႐ြန္မႈန္ေလးေတြထက္
ေသးငယ္တဲ့ အရာေလးတစ္ခုျဖစ္ေနရင္ေတာင္မွ အဲ့ဒီအရာအားလုံးဆိုတာအကိုတစ္ေယာက္တည္းပါပဲ'

တစ္စုံတစ္ေယာက္ရဲ႕ အနက္႐ိႈင္းဆုံးေသာတစ္ေနရာကေနေျပာျပေနတဲ့ ထိုစကားလုံးတို႔ကို သူ၏ေဘးနား႐ွိတစ္စုံတစ္ေယာက္ကေတာ့လုံးဝမၾကားသိႏိုင္ခဲ့ေပ။

က်ေနာ္ေပ်ာက္ကြယ္သြားရမယ့္အခ်ိန္ေတြဆီကိုေရာက္လာခဲ့ရင္လည္း ဒီ Archiေဆာင္ႀကီးက သူနဲ႔သက္ဆိုင္တဲ့အမွတ္တရေလးေတြကို ဆက္ၿပီးသိမ္းဆည္းထားေပးဦးမွာပဲမွတ္လား။

================================

ညေနခင္းအခ်ိန္အေဆာင္ျပန္ေရာက္ေတာ့ သူတို႔အခန္းထဲမွာဂိမ္းလာေဆာ့ေနပါတဲ့င႐ႈပ္ေကာင္မင္းစက္မွာအေဆာင္ပိတ္ခ်ိန္ေရာက္တဲ့အထိ သူ႕အေဆာင္ဆီမျပန္ခ်င္ဘူးဆို၍ေခါင္းမာေနခဲ့ကာမင္းခန္႔ထည္ရဲ႕အိပ္ယာေပၚ၌ေဘာလုံးတစ္လုံးကဲ့သို႔လူးလိမ့္ေနေလသည္။

"ငါ့အခန္းမျပန္ခ်င္ဘူးဆိုေန!! ဝူး ..ဝူး ..ဝူး"

မင္းခန္႔ထည္က စိတ္႐ႈပ္စြာသက္ျပင္းနက္နက္မႈတ္ထုတ္ကာခါးေထာက္လိုက္လ်က္။

"မင္းမျပန္ရင္ ငါတို႔ႏွစ္ေယာက္က ဘယ္လိုအိပ္ရမွာလဲ"

"အယ္လဲ့ မင္းတို႔ႏွစ္ေယာက္က ဘယ္လိုအိပ္ဖို႔ေတြးထားလို႔လဲ"

"ျမတ္! မင္း! စက္!"

မင္းခန္႔ထည္ကခုတင္ေပၚကလူသားေဘာလုံးကိုေပါက္ထြက္ေတာ့မတတ္စူးစိုက္ၾကည့္လာ  ရင္းသြားၾကားထဲကေလနဲ႔အံႀကိတ္ကာျဖစ္ညစ္ဆိုလိုက္ေတာ့ မင္းစက္က ဖက္လုံးေလးကိုဆြဲကိုင္လိုက္ကာထိုေဒါသအိုးေ႐ွ႕၌ပိတ္ကာလိုက္လ်က္ အသံစူးစူးနဲ႔ေအာ္ေျပာလာခဲ့ေလသည္။

"မင္းကလည္း မင္းရဲ႕အသံဆိုးႀကီးနဲ႔ငါ့နာမည္ကိုအဲ့လိုမေခၚစမ္းပါနဲ႔
ၾကားကေနညီေလး႐ိႈင္းေဇယံ လန္႔သြားဦးမယ္"

႐ိႈင္းေဇယံကေတာ့ သူတို႔ႏွစ္ေယာက္ကိုအခန္႔သားထိုင္ၾကည့္ေနရင္းကေနခုတင္ေပၚ၌ပြဲက်ေနေတာ့ေလသည္။

မင္းခန္႔ထည္ကအလိပ္လိုက္တက္လာေနတဲ့ေဒါသေတြကို႐ိႈင္းေဇယံေ႐ွ႕မွာအတတ္ႏိုင္ဆုံးခ်ဳပ္တည္းထားရင္းအျပဳံးမမည္ေသာအျပဳံးႀကီးနဲ႔ေမးလာခဲ့သည္။

"မင္းစက္ မင္းဘာျဖစ္ခ်င္ေနတာလဲ"

"ငါ ဒီည ဒီမွာပဲအိပ္မယ္။ ငါ့အခန္းကိုလုံးဝမျပန္ႏိုင္ဘူး။
ရတယ္ မင္းခုတင္ေပၚမွာမအိပ္ရရင္ ညီေလး႐ိႈင္းေဇယံရဲ႕ ခုတင္ေပၚမွာ ငါသြားအိပ္မယ္"

"ႏႈတ္သီး ဖ်က္႐ိုက္ထည့္လိုက္လို႔။ ညီ့ရဲ႕ခုတင္နားကို ကပ္ရဲရင္ကပ္ၾကည့္လိုက္ မင္းကို ငါမေသမ႐ွင္လုပ္ပစ္လိုက္မယ္ နားလည္လား"

"အဲ့ဒါဆို မင္းခုတင္မွာေပးအိပ္ေလ"

"ေတာ္ေတာ္ခက္တဲ့ေကာင္ပဲကြာ"

"မင္းကငါ့ကိုၿငိဳျငင္ခ်င္တာလား ရတယ္ေလ။
မင္းထပ္ၿပီး အဘိုးႀကီးလိုပြားေနလို႔ကေတာ့ ေန႔ခင္းကျဖစ္ပ်က္ေနတဲ့ မင္းရဲ႕ပုံစံေတြကို ငါ ဒီ. . . . . . . . . "

မင္းစက္စကားပင္မဆုံးလိုက္ မင္းခန္႔ထည္ရဲ႕တုတ္ခိုင္တဲ့လက္ေမာင္းတစ္ဖက္က မင္းစက္ရဲ႕လည္ပင္းဆီသို႔အလည္တစ္ေခါက္ေရာက္သြားေတာ့ေလ၏။

"မင္းခန္႔ထည္! ေခြးေကာင္ ! အစ္ ... ငါလည္ပင္းအစ္ေနၿပီကြ"

လည္ပင္းအညႇစ္ခံထားရတာေတာင္မွ မင္းစက္ဆိုတဲ့ငနဲသားမွာမင္းခန္႔ထည္အားရရင္ရသလို က်ိန္ဆဲဆဲဆိုလိုက္ပါေသးသည္။

"အကိုရယ္ လႊတ္လိုက္ပါ အကိုမင္းစက္ လည္ပင္းအစ္ၿပီးေသသြားဦးမယ္"

မင္းစက္ရဲ႕မ်က္ႏွာက လည္ပင္းညႇစ္ခံထားရတာေၾကာင့္နီရဲေနရာကေနအစိမ္းေရာင္ေျပာင္းသြားၿပီး၂ေယာက္စလုံးကိုမၾကည္္ၾကည့္ျဖင့္ၾကည့္လာခဲ့ကာ ရင္ဘက္ထဲ၌နာက်င္သြားရေလ၏။

'တယ္လည္း လိုက္ဖက္ၾကတဲ့အခန္းေဖာ္ႏွစ္ေယာက္ ငါ့ကိုၾကဳံရင္ၾကဳံသလို ဆြမ္းႀကီးဝိုင္းေလာင္းေနၾကတယ္ေပါ့ ငါေလးဟာသိပ္သနားစရာေကာင္းပါလားေနာ္ '

႐ိႈင္းေဇယံဝင္တားလာေတာ့မင္းခန္႔ထည္က မင္းစက္ကိုခ်က္ခ်င္းပဲလႊတ္ေပးလိုက္ေတာ့သည္။

'လဒက သူ႕ကေလးေျပာေတာ့ တစ္စကၠန္႔ေတာင္ မၾကာဘူး ဟမ့္ ! '

"မင္းေသာက္ပါးစပ္ကိုပိတ္ထား။ မင္းအဲ့ပါးစပ္ကိုမပိတ္လို႔ကေတာ့ ငါကိုယ္တိုင္ အခန္းျပင္ကိုကန္ထုတ္ေတာ့မွာ။
အဲ့ေတာ့ ေအးေအးေဆးေဆးေနလိုက္ရင္ေကာင္းမယ္ အသံထပ္မထြက္လာနဲ႔ !"

"Yes sir!!!!!"

မင္းခန္႔ထည္ကဘယ္ေလာက္ပဲေဒါပြေနပါေစေနာက္ဆုံးေတာ့ခြင့္ျပဳလိုက္ၿပီျဖစ္တာေၾကာင့္မင္းစက္ကသူ႕ရဲ႕ညာဘက္လက္ကိုႏွဖူးေပၚေျမႇာက္တင္လိုက္ၿပီးအေလးျပဳဟန္ျဖင့္ျပန္ေျပာလိုက္ၿပီးေနာက္ခုတင္ေပၚမွာလက္ကားယားေျခကားယားနဲ႔အူျမဴးသြားေတာ့ေပသည္။

မင္းခန္႔ထည္ကေတာ့ထိုင႐ႈပ္ေကာင္အားမ်က္ေစာင္းေတြခ်ည္းလွိမ့္ပိတ္ထိုးေနခဲ့ကာ ႐ိႈင္းေဇယံမွာမူ သိပ္ခ်စ္ၾကတဲ့ထို၂ေယာက္သားကိုၾကည့္ေနရင္းနဲ႔ ေခါင္းေလးတခါခါျဖင့္။

ည ၁၂နာရီေရာက္ေတာ့ အေဆာင္မွာ႐ွိတဲ့အခန္းမီးေတြအကုန္မွိတ္သြားၾကၿပီးတၿပိဳင္နက္အိပ္စက္အနားယူကုန္ၾကေလၿပီ။တခ်ိဳ႕အခန္းကေက်ာင္းသားေတြကေတာ့အခန္းမီးသာပိတ္ထားၾကေပမယ္္႕ ဖုန္း Screenထက္ကေနထြက္ေပၚလာတဲ့ျပာလဲ့လဲ့အလင္းတို႔ျဖင့္အခန္းထဲမွာလင္းထင္းေနခဲ့ကာသူတို႔၏ညတာကိုမအိပ္မေနျဖဳန္းတီးလို႔ေနသည္။

မင္းခန္႔ထည္ကေတာ့ မင္းစက္ကိုေက်ာခိုင္းထား၍နံရံဘက္သို႔မ်က္ႏွာမူလ်က္ အိပ္စက္ျခင္းကိုအစျပဳေနတဲ့အခ်ိန္ တစ္ဖက္႐ွိ မင္းစက္မွာမူ သူ႕ရဲ႕ႏွဖူးေပၚသို႔လက္တင္ထားရင္း ျခင္ေထာင္အမိုးကိုတည့္တည့္စိုက္ၾကည့္ေနလ်က္ သက္ျပင္းမ်ားကို အႀကိမ္ႀကိမ္အခါခါခ်ေနေလသည္။

"မင္း သက္ျပင္းနဲ႔ငါလြင့္ထြက္ေတာ့မယ္ ဟိတ္ေကာင္ !"

"မင္းမအိပ္ေသးဘူးလား ငါကမင္းအိပ္ေနၿပီထင္လို႔"

"ေျပာစမ္း မင္းဘာေတြ သက္ျပင္းခ်ေနတာလဲ။
ၿပီးေတာ့ ဘာလို႔ဒီညမင္းအခန္းကို မျပန္တာလဲ?"

"မင္းခန္႔ မင္း မာန္ကိုသတိရေသးလား"

"Shit!!!!!!!"

မင္းခန္႔ထည္ကေလသံနိမ့္နိမ့္နဲ႔ထဆဲလာကာ ႐ိႈင္းရဲ႕ခုတင္ဘက္ဆီသို႔ကမန္းကတန္းထၾကည့္လာခဲ့ေလသည္။

"ညီၾကားသြားဦးမယ္"

"မၾကားပါဘူးကြာ။ ငါတို႔အခန္းမီးမပိတ္ခင္ကတည္းက မင္းရဲ႕႐ိႈင္းေလးက အိပ္ေပ်ာ္သြားတာ"

"ဘာကိုငါ့ရဲ႕႐ိႈင္းေလးလဲ !။
မင္းအေျပာေတြဆင္ျခင္ေနာ္။
ကေလးစိတ္ထဲ တစ္ခုခုစြန္းထင္းသြားမွာမ်ိဳး ငါမလိုလားဘူး။"

"မင္းက သူေလးကိုပါ မာန္လိုျဖစ္သြားမွာကိုေၾကာက္ေနတာလား? မေၾကာက္ပါနဲ႔ကြာ ကမ႓ာေပၚမွာ႐ွိတဲ့လူေတြတိုင္းကမာန္လိုလူေတြခ်ည္းပဲမဟုတ္ပါဘူး"

"မင္း အဲ့အေၾကာင္းေတြကို ျပန္အစမေဖာ္လို႔မရဘူးလား"

"ငါလည္း မေျပာေတာ့ဘူးလို႔ဆုံးျဖတ္ထားတာၾကာၿပီ။
ဒါေပမယ့္ ငါဒီေန႔ ေကာင္ေလးတစ္ေယာက္ကိုျမင္လိုက္ေတာ့ ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတဲ့မွတ္ဥာဏ္အပိုင္းအစေတြက ငါ့ဦးေႏွာက္ထဲမွာျပန္ေပၚလာခဲ့ရတယ္။"

မင္းခန္႔ထည္ကနားေထာင္ေနရင္းထထိုင္လိုက္ၿပီးေနာက္ တစ္ဖက္မွာလွဲေနတဲ့မင္းစက္ကိုငုံ႔ၾကည္္႕လိုက္ကာ မင္းစက္ရဲ႕စကားေတြထဲက ထိုေကာင္ေလးဆိုတဲ့စကားလုံးကိုစိတ္ဝင္တစားထပ္ေမးလိုက္၏။

"ဘယ္သူလဲ အဲ့ေကာင္ေလးက"

"အဲ့ေကာင္ေလးနာမည္ကဟန္လင္းထက္တဲ့ ငါ့အခန္းေဖာ္အသစ္ေလ ဒီေန႔မွေက်ာင္းကိုေရာက္လာတာ..."

"ဟန္လင္းထက္ဟုတ္လား မာန္နဲ႔နာမည္ခပ္ဆင္ဆင္ပဲ"

"နာမည္တင္မဟုတ္ဘူး ဟိတ္ေကာင္ မ်က္လုံးေတြ ႏႈတ္ခမ္းေတြ မ်က္ႏွာသြင္ျပင္ေတြကအစ ခပ္ဆင္ဆင္ပဲ
ငါဆို႐ုတ္တရက္ မာန္ကိုေတြ႕လိုက္ရတယ္လို႔ေတာင္ ခံစားမိတဲ့အထိပဲကြာ
ဒါနဲ႔ မာန္မွာ ညီ႐ွိတယ္လို႔ မင္းၾကားဖူးလား"

မင္းစက္ကတိုးညင္းစြာေျပာလာရင္းခုတင္ေပၚမွာထထိုင္လိုက္ၿပီးေနာက္ေခါင္းအုံး၂လုံးကိုခုတင္အုံးတား၌ခုထပ္လိုက္သည္။ၿပီးေတာ့ထိုေခါင္းအုံးေတြေပၚကိုမွီခ်လိုက္ကာ မ်က္လႊာခ်လ်က္နံရံေပၚကိုေက်ာမွီထားတဲ့မင္းခန္႔ထည္ကိုေဝ့ၾကည့္လာခဲ့သည္။

"ငါလည္းမသိဘူး မာန္ကသူ႕အေၾကာင္းေတြကိုအၿမဲတမ္းလွ်ိဳထားတတ္တယ္ေလ"

"တကယ္လို႔ အဲ့ေကာင္ေလးက မာန္ရဲ႕ညီျဖစ္ေနမယ္ဆိုရင္ ၿပီးေတာ့ သူကအဲ့အေၾကာင္းေတြအကုန္လုံးကို သိထားၿပီး တစ္စုံတစ္ေယာက္ကို လက္တုံ႔ျပန္ဖို႔ေရာက္လာခဲ့တယ္ဆိုရင္..."

ထိုအခါမင္းခန္႔ထည္ကသူ႕ရဲ႕မ်က္ႏွာကိုအုပ္ကိုင္ပြတ္သပ္လိုက္ကာမ်က္လုံးေတြကိုမွိတ္ခ်လိုက္ရင္း ျပတ္ျပတ္သားသားဆိုလာသည္။

"တစ္ခ်ိန္ကမွားခဲ့တဲ့ငါ့အမွားအတြက္ ငါရဲရဲဝင့္ဝင့္ရင္ဆိုင္မွာပါ"

"မင္းအမွားမဟုတ္ဘူးေလကြာ မွားတဲ့လူကသပ္သပ္႐ွိတယ္ေလ။ မင္းကြာ ဒီေလာက္အခ်ိန္ေတြၾကာလာတာေတာင္ မင္းရဲ႕တာဝန္ယူစိတ္ႀကီးက ခုထိမေပ်ာက္ေသးဘူးလား"

"ငါ့အမွားလည္းပါတယ္ေလ အဲ့ဒီေန႔က ငါသာ အဲ့လိုမေျပာခဲ့ရင္"

"ေတာ္ၿပီ ဆက္မေျပာနဲ႔ေတာ့ မင္းနဲ႔ၿပိဳင္ျငင္းေနလည္း ထူးမွာမဟုတ္ဘူး အိပ္ေတာ့ကြာ။"ဟုမင္းစက္ကစုတ္သပ္လ်က္စိတ္တိုစြာဆိုလိုက္ၿပီးေနာက္ မင္းခန္႔ထည္ဘက္ကိုျပန္လွည့္ၾကည့္လိုက္ရင္းထပ္ေျပာလာခဲ့သည္။

"ဒါေပမယ့္ တစ္ခုေတာ့ငါေျပာထားမယ္ အဲ့ကိစၥသာတစ္ဖန္ထပ္ၿပီးအစပ်ိဳးလာခဲ့ရင္ ငါအရင္တစ္ခါကလို မင္းစကားနားေထာင္ၿပီးၿငိမ္ေနေတာ့မွာမဟုတ္ဘူးေနာ္
မင္းအဲ့ဒါေတာ့ မွတ္ထား !"

မင္းစက္ရဲ႕မ်က္ဝန္းမ်ားကထိုစကားတို႔ဆိုေနစဥ္တြင္ ခိုင္မာျပတ္သားေသာအရိပ္အေယာင္မ်ားႏွင့္ျပည့္ႏွက္ေနခဲ့ကာ အရင္တစ္ခ်ိန္ကသူ႕ရဲ႕သူငယ္ခ်င္းအတြက္ ပူပန္ခဲ့ရတဲ့ စိုးရိမ္ေၾကာင့္ၾကမႈေတြဟာဆိုရင္ထိုတစ္ခ်ိန္တုန္းကအတိုင္းပင္ ထုနဲ႔ထည္နဲ႔တစ္ဖန္လႊမ္းမိုးလာခဲ့ျပန္ေလသည္။

ႏွစ္ဦးစလုံး ဘာမွန္းမသိတဲ့အနာဂတ္အတြက္ေတြးပူမိၾကရင္း သက္ျပင္းမ်ားကိုသာ တစ္ေယာက္တစ္လွည့္စီခ်ေနမိၾကလ်က္။

ဒီေန႔ညအတြက္ သူတို႔ႏွစ္ေယာက္ရဲ႕အိပ္စက္ျခင္းဟာဆိုရင္ ထိုအတိတ္တစ္ခ်ိန္ကအေၾကာင္းအရာမ်ားေၾကာင့္ ပ်ယ္လြင့္ေပ်ာက္ကြယ္သြားရေခ်ၿပီ။

မင္းစက္ခုတင္ေပၚျပန္လွဲခ်လိုက္ၿပီးတစ္ဖက္သို႔ျပန္လွည့္သြားတဲ့အခ်ိန္မွာ မင္းခန္႔ထည္ကေတာ့ ပါးလႊာတဲ့ျခင္ေထာင္သားေလးကို ျဖတ္သန္းလ်က္ ညာဘက္ခုတင္ေပၚ၌ႏွစ္ၿခိဳက္စြာအိပ္စက္ေနခဲ့ေသာ ႐ိႈင္းေဇယံရဲ႕ေက်ာျပင္ေလးကို တစ္ညလုံးထိုင္ၾကည့္ေနခဲ့သည္မွာေဝလီေဝလင္းအခ်ိန္ထိတိုင္ပင္။

'ဒီရင္ဘက္ႀကီးတစ္ခုလုံးကမီးပင္လယ္ႀကီးတမွ်ပူျပင္းေလာင္ကြၽမ္းေနခဲ့ရေပမယ့္ မင္းဆိုတဲ့ လမင္းေလးကိုျမင္ေနရတဲ့အခါေအးခ်မ္းမႈတစ္စုံတစ္ရာကို ကိုယ္ခံစားလိုက္ရတယ္'

***********************************

အခုမွစဖတ္မယ့္စာဖတ္သူေလးေတြဆီကေနၾကယ္ေလးေတြေတာင္းခံပါတယ္႐ွင္😁😘

••••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

481K 11.5K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
349K 8.6K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
440K 16.4K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
16.5K 1.3K 59
လမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှော...