HE=MY FIRST LOVE [ကိုယ့်အချစ်...

Od Futawa

362K 24.2K 898

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... Více

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း(၁၀) - Please take care of me!

7.5K 483 9
Od Futawa

အခန်း(၁၀) - Please Take care of me!

Unicode

[ဂရုအစိုက်မခံလိုက်ရတဲ့အပြင် စိတ်ပါအဆိုးခံလိုက်ရတယ် ]

ရှိုင်းဇေယံတစ်ယောက် အတွေးပင်လယ်ထဲမှာနစ်မြောနေစဉ်မှာပင်တစ်စုံတစ်ယောက်ကအခန်းတံခါးကို အဆတ်မပြတ်ထုရိုက်နေတာကြောင့် သူခုတင်ပေါ်ကနေပျင်းရိပျင်းတွဲထလိုက်ကာ အခန်းတံခါးဆီသို့သွားလိုက်၏။

ဘယ်သူလဲမသိဘူး....

သူတံခါး ဖွင့်ကြည့်လိုက်တော့အခန်းဝမှာ LEDမီးအိမ်လေးနဲ့မတ်တပ်ရပ်နေသောအကိုမင်းစက်ဆိုသူကိုတွေ့လိုက်ရသည်။

မင်းစက်က အဖြူရောင်အလင်းအောက်၌ထွက်ပေါ်လာတဲ့ရှိုင်းဇေယံရဲ့မျက်နှာသေးသေးလေးကိုမြင်တော့သူ့ရဲ့မျက်လုံးတွေထဲမှာအံ့အားသင့်တဲ့အရိပ်အယောင်တို့ဖြတ်ပြေးသွားပြီးနောက် သူကရယ်ပြလာရင်းမေးလိုက်လေသည်။

"ညီလေး မင်းခန့်ကော"

"သူ မရောက်သေးဘူး"

"အဲ့အကောင် မနက်ထဲကအပြင်သွားတာအခုထိပြန်မလာသေးတာလား"

"ဟုတ်တယ် အကိုမင်းစက်"

မင်းစက်ကမျက်မှောင်ကြုတ်သွားပြီးစိတ်တိုတဲ့လေသံနဲ့အတူထပ်ပြောလာသည်။

"ဘာလားဒီကောင် သူ့ရည်းစားနဲ့သွားတွေ့တာတဲ့လား ?"

"ဟုတ် ဒီနေ့သူ့ရည်းစားနဲ့သွားတွေ့မယ်လို့တော့ပြောတယ်"

"ဟုတ်လား ဒီအချိန်ကြီးထိတောင်ပြန်မလာသေးတာ နှစ်ယောက်သားဘာတွေလုပ်နေကြလို့တုန်း ! "

မင်းစက်က စိတ်တိုတိုနဲ့ပါးစပ်ထွက်ရာဇွတ်ပြောနေပေမယ့် သူ့ရှေ့ကကောင်လေးရဲ့မျက်နှာအရောင်ကတစ်ဖြည်းဖြည်းနဲ့ညှိုုးလျော်လာနေပြီဆိုတာကိုသူသတိမထားမိလိုက်ပေ။

ရှိုင်းဇေယံကအောက်နှုတ်ခမ်းလေးကိုဖိကိုက်လိုက်ပြီးနောက် ပွရောင်းရောင်းပွင့်ရိုက်ဝမ်းဆက်ကြီးနဲ့မင်းစက်ကိုကြည့်လိုက်ကာစိုးရိမ်မှုတို့ရောယှက်နေတဲ့လေသံနဲ့တိုးဖျစွာမေးလာခဲ့သည်။

"အကိုမင်းစက် အကိုမင်းခန့်ထည်ကိုဖုန်းဆက်ကြည့်ပြီးပြီလား ?"

မင်းစက်ကသူ့ရဲ့ညာဘက်လက်၌ကိုင်ထားတဲ့ဖုန်းလေးကိုကောင်လေးမြင်အောင်မြှောက်ပြလာရင်းစိတ်ရှုပ်နေတဲ့အသံတို့ဖြင့်ပြန်ဖြေလာသည်။

"အကိုညနေတုန်းကတစ်ခါဆက်သေးတယ် ဖုန်းက စက်ပိတ်ထားတယ်ဆိုပြီးဖြေနေလို့"

"သူတစ်ခုခုများဖြစ်နေတာလား မသိဘူး"

"မသိဘူးအကိုလဲ"

မင်းစက်ကခေါင်းတွင်တွင်ခါကာ လိုင်းပေါ်ကနေစာပို့လိုက်ရင်းမင်းခန့်ထည်နဲ့အဆက်အသွယ်ရှိနိုင်မယ့်အပြင်ကစီနီယာတွေကိုလိုက်ပတ်မေးကြည့်နေသည်။

ကီးဘုတ်ပေါ်၌တတောက်တောက်နဲ့စာရိုက်လိုက်ရင်းဆက်ဆိုလာသည်။
"အကိုကအခုသူပြန်ရောက်နေပြီထင်လို့လာကြည့်တာ အခုတော့ အကိုလည်းစိတ်မအေးနိုင်တော့ဘူး အဆောင်ပြင်ထွက်ရှာဖို့ကလည်းအဆောင်တံခါးကပိတ်သွားပြီ"

"အရင်တုန်းကကော သူအဆောင်ကိုပြန်မလာတာမျိုးတွေရှိလား သူ့အိမ်ကိုပြန်သွားတာမျိုးတို့လေ"

"အကိုသိသလောက်ပြောရရင်မင်းခန့်ကတော်တော်ဝေးတဲ့မြို့ကနေဒီကိုတစ်ယောက်တည်းလာခဲ့တာ...
မြို့ထဲမှာဆွေမျိုးတွေဘာတွေရှိတယ်လို့တော့ ပြောသံမကြားမိဘူး ပြီးတော့တစ်ခါမှလည်းအဆောင်ကိုသတ်မှတ်ချိန်အတွင်းပြန်မရောက်တာမျိုးလည်းမရှိဖူးဘူး ဒါပထမဆုံးပဲ .."

"ဒုက္ခပါပဲဗျာ သူဘယ်များရောက်နေတာလည်းမသိဘူး"

'ခများဘယ်တွေရောက်နေတာလဲဗျာ
ကျနော်လေခများကို လုံးဝလျစ်လျူရှုထားချင်ပေမယ့် လျစ်လျူရှုထားဖို့ကျပြန်တော့လည်းတအားခဲယဥ်းလွန်းနေတယ်'

မင်းစက်လည်းစကားပြောရင်းအခန်းထဲကိုဝေ့ကြည့်လိုက်တော့ အခန်းတစ်ခန်းလုံးက မဲမှောင်နေတာကိုမြင်လိုက်ရတာကြောင့်သူသိချင်စိတ်ဖြင့်မေးကြည့််လိုက်၏။

"ညီလေးအခန်းကမှောင်နေပါလား LEDမီးတွေဘာတွေ မရှိဘူးလား"

"ရှိတယ်အကို မထွန်းချင်တာနဲ့ အမှောင်ထဲမှာပဲအိပ်နေတာ"

"ညီလေး တစ်ယောက်တည်းဖြစ်ရဲ့လား
အကို အဖော်နေပေးရမလား"

"ဟုတ် ရပါတယ်အကိုမင်းစက် ကျနော့်ကြောင့်အကို့ကိုဒုက္ခပေးသလို ဖြစ်နေပါဦးမယ်"

"ရတယ် အကိုလည်းအခန်းထဲမှာတစ်ယောက်တည်းဖြစ်နေတာ အကို့အခန်းဖော်ကမနက်ကပြောင်းသွားလို့လေ
ညီလေးစိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုရင် အကိုအဖော်နေပေးမယ်လေ ရလား ?"

"ဟုတ် ဒါဆိုလည်းဝင်ခဲ့လေ အကို"

ရှိုင်းဇေယံကလည်းဖော်ရွေစွာဆိုလိုက်ရင်းမင်းစက်အကြံကိုသဘောတူလိုက်ပြီးနောက် အခန်းဝမှာပိတ်ရပ်နေတဲ့သူ့ရဲ့ကိုယ်လေးကိုတစ်ဖက်သို့ရွှေ့ပေးလိုက်၏။

မင်းစက်အခန်းထဲကိုဝင်လာပြီးတဲ့အခါ
မှောင်မဲနေတဲ့အခန်းငယ်လေးက LEDမီးလေးကြောင့်ထိန်လင်းသွားခဲ့လေပြီ။

မင်းစက်က တစ်ဖက်ခုတင်ပေါ်၌တင်ပျဥ်ခွေထိုင်လိုက်ပြီးတရစပ်စာရိုက်နေရင်းနဲ့အလုပ်ရှုပ်နေကာ ရှိုင်းဇေယံကတော့အခန်းထဲ ရုတ်တရက်ရောက်လာတဲ့သူစိမ်းကြောင့်အနည်းငယ်အနေကြပ်ဖြစ်မိလေသည်။

မင်းစက်ကမူမင်းခန့်ထည်ကိုအရမ်းစိတ်ပူနေတာကြောင့်ကျန်တာတွေကိုခေါင်းထဲမထည့်နိုင်ဘဲဖြစ်နေရကာ အနေကြပ်တယ်ဆိုတာဂျိုနဲ့လားလို့တောင်ပြန်မေးလာမယ့်ပုံဖြင့် အလွန်တရာသက်တောင့်သက်သာဖြစ်နေခဲ့၏။

Messageဝင်လာတဲ့ Notiသံ တတင်တင်နဲ့အခန်းထဲမှာဆူညံနေပြီးနောက် မင်းစက်ရဲ့စိတ်မရှည်စွာစုတ်သပ်လိုက်သံကိုသူအတိုင်းသားကြားနေရလေသည်။

အကိုမင်းစက်ဆိုသူကအသားညိုညိုနဲ့ဆွဲဆောင်မှုရှိတဲ့ယောကျာ်းတစ်ယောက်ဖြစ်ပေမယ့်လို့ သူ့ရဲ့ထိုအရှိန်အဝါတွေကိုသူ့နှုတ်ကထွက်လာတဲ့ဗရုတ်သုတ်ခနဲ့ထွေရာလေးပါးစကားတွေက ဖျက်လိုဖျက်ဆီးလုပ်နေခဲ့တယ်ဆိုတာကိုတော့ ကာယကံရှင်ခမျာမသိရှာခဲ့ပေ။

"တောက်!!!!!! ဒီကောင်မတွေကလည်းအားအားရှိဒါပဲဖြေတတ်လားမသိဘူး
အရေးနဲ့အကြောင်းနဲ့ဆိုရင် လူကြီးမင်းနဲ့ပဲပတ်တိုးနေတာ...
သောက်ဖုန်းလိုင်းတွေကအစ စုတ်ပြတ်သတ်နေတာ ချီးပဲ"

"စက်ပိတ်ထားတယ်တဲ့လား အကို"

"အေး ဒီကောင်ကွာ ! မဟုတ်မှလွဲရော ဒီကောင်သူ့စော်ကိုများ မသွားပြီလားမသိဘူး"

မင်းစက်ရဲ့အကြိုဝေဖန်သုံးသပ်ချက်များကို မင်းခန့်ထည်သာကြားရင်တော့လား အရမ်းကိုသာယာချိုသာလွန်းတဲ့ အဆဲသံလေးတွေစီထွက်လာမည်မှာကျိန်းသေပေါက်ပင်။

"ဟာ အကိုကလည်း မဟုတ်နိုင်လောက်ပါဘူး"

"အကိုလည်း မထင်ပါဘူး ဒါပေမယ့်အဆိုးဆုံးကိုကြိုတွေးထားရမှာပဲလေ ဒီကောင်က မထင်ရင်မထင်သလိုလုပ်တတ်တာ ညီလေးမှမသိတာ"

မင်းစက်ရဲ့ဘုမသိဘမသိနဲ့လျှာရိုးမရှိတိုင်းလျှောက်ပြောလာတဲ့စကားတွေက ကော်ဖီအေးတွေနဲ့မနည်းငြိမ်းသတ်ထားရတဲ့ရှိုင်းဇေယံရဲ့ရင်ဘက်ထဲကအပူမီးတောက်ကို ဓာတ်ဆီတွေရောဒီဇယ်တွေပါလောင်းထည့်နေတဲ့အပြင် မီးညွန့်မီးလျံတွေတက်အောင်ပန်ကာနဲ့ပါမှုတ်ပေးနေသကဲ့သို့ မီးလောင်ရာလောင်စာထည့်ဖြစ်နေသည်ကိုထိုပုဇွန်ဦးနှောက်ကမရိပ်မိပြန်ပေ။

ရှိုင်းဇေယံရဲ့မျက်နှာကတဖြည်းဖြည်းနဲ့ပျက်ယွင်းလာခဲ့ကာ သူက LEDမီးရောင်ကိုကျောပေးထားတာကြောင့်သူ့ရဲ့ထိုမူမမှန်တဲ့အမူအရာတွေကို အကိုမင်းစက်ဆိုသူက အသေးစိတ်ဖတ်နိုင်လိမ့်မည်မဟုတ်ပေ။

'သူတကယ်များအဲ့လိုလုပ်ခဲ့ရင်လေ...သူ့ချစ်သူနဲ့ပေါင်းဖက်ရလို့ဝမ်းမြောက်ဝမ်းသာဖြစ်နေမှာလား။ ဒါမှမဟုတ် သူ့ရဲ့အဲ့လိုတဇွတ်ထိုးလုပ်ရပ်အတွက် ငါဝမ်းနည်းနေမိမှာလား ။'

မင်းစက်ရဲ့စနက်ကြောင့်ရှိုင်းဇေယံမှာအတွေးလွန်သွားရ၍ ရစ်ပတ်ရှုပ်ထွေးနေချိန်တွင်
မင်းစက်ကတော့ မင်းခန့်ထည်ခုတင်ပေါ်၌
ကျောချအိပ်လိုက်ရင်းဇိမ်ကျနေလေသည်။

မင်းခန့်ထည်ကအသန့်အရမ်းကြိုက်သလိုအကောင်းကြိုက်တတ်တဲ့သူလည်းဖြစ်တာကြောင့်သူ၏ခုတင်ပေါ်၌သုံးထားတဲ့ရေမြှုပ်ကအကောင်းစား Brandဖြစ်ပြီးလုံးဝအိစက်နေကာမင်းစက်တစ်ယောက်အတော်လေးသဘောကျလို့နေသည်။

"အကို မင်းစက်"

"ပြောလေ ညီလေး"

"ကျနော့်ကိုလေ အကိုမင်းခန့်ထည်အကြောင်းပြောပြပါလား"

မင်းစက်လည်းပျင်းရိနေရင်းက ရှိုင်းဇေယံမေးမြန်းလိုက်တဲ့အကြောင်းအရာလေးကို စိတ်ဝင်စားသွားတာကြောင့် သူ့ရဲ့နှုတ်ခမ်းထောင့််စွန်းတို့ကအမြန်နှုန်းဖြင့်ကွေးတက်သွားရသည်။
သူ့ရဲ့အပြုံးလှိုင်းလေးကအလွန်ပင်မြန်ဆန်လွန်းတာကြောင့်ရှိုင်းဇေယံတောင်မဖမ်းမိလိုက်ပေ။

"ညီလေးက အဲ့ကောင်အကြောင်းဘာလို့သိချင်ရတာလဲ"

"အကိုမင်းခန့်ထည်က ကျနော့်အခန်းဖော်လေ အနည်းဆုံးသူဘွဲ့ရတဲ့အထိ ကျနော်တို့အတူတူ တစ်ခန်းတည်း ဖြတ်သန်းရမှာဆိုတော့... ကျနော်ကကျနော့်အခန်းဖော်အကြောင်းကိုနဲနဲလေးပဲဖြစ်ဖြစ် သိထားချင်လို့ပါ
ကာယကံရှင်ကို ကိုယ်တိုင်မေးဖို့ကျတော့မျက်နှာပူစရာကောင်းနေလို့"

ဒီကောင်လေးရဲ့အကြောင်းပြချက်ကတော့ အဆင်ချောနေတာပဲ။
ဘာကြောင့်မှန်းမသိ သူ့ရဲ့စုံထောက်ဝင်စားတဲ့ဝမ်းတွင်းအသိစိတ်အရ ဒီကောင်လေးကတစ်ခုခုကိုဖုံးကွယ်ထားတယ်ဆိုတာသူခံစားနေရတယ်။

သူ့ပုံစံလေးက အဓိကအကြောင်းအရာကိုရေးဖို့အတွက် အရင်နိဒါန်းပျိုးလိုက်တဲ့ပုံစံမျိုးလေးဖြစ်နေတာကို အကဲခတ်တော်တဲ့ မင်းစက်ကချက်ချင်းသိလိုက်ပေမယ့်
တကယ်တမ်းထိုညီလေးအမှန်တကယ်သိချင်တဲ့အရာကဘာလဲဆိုတာကိုတော့
သူအတွင်းကျကျမရိပ်မိခဲ့ပေ။

ဒီကောင်လေးအမှန်တကယ်သိချင်နေတာကဘာလဲဆိုတာကိုဖော်ထုတ်ဖို့အတွက်
အချစ်ဆုံးသူငယ်ချင်းကြီးရဲ့အတ္ထုပ္ပတိလေးကို အပျင်းပြေဝေမျှပေးဖို့ရာဆုံးဖြတ်လိုက်ပါတော့သည်။  ထိုအကြောင်းတွေဖောက်သည်ချလိုက်လို့လည်းကာယကံရှင်ဖြစ်တဲ့ဟိုခွေးကောင်ကသူ့ကိုအခုချက်ချင်းလာပြေးမရိုက်နိုင်တာကြောင့်သူပျော်ပျော်ကြီးကိုအားရပါးရပြောပစ်ပေဦးမည်။

မင်းစက်က ခုတင်ပေါ်မှာကျောရိုးမရှိသလိုမျိုးလဲလျောင်းနေရင်းကနေငေါက်ခနဲထထိုင်လိုက်ပြီး ချောင်း၂ချက်ဟန့်၍လည်ချောင်းရှင်းလိုက်ကာရှိုင်းဇေယံရှိတဲ့ဘက်သို့မျက်နှာမူလိုက်တော့သည်။
သူ့ရဲ့ပုံစံကမသိလျှင်ပညာရှိကြီးကစာချတော့မည့်ဟန်ဖြင့်။

ထို့နောက် ကရားရေလွတ်ထွက်ကျလာတဲ့မင်းစက်ရဲ့စကားသံတွေကို ရှိုင်းဇေယံခမျာနားအူတဲ့အထိကြားလိုက်ရတော့လေသည်။

"အကို မင်းခန့်နဲ့စတွေ့တုန်းက Compoundခန်းကနေစတွေ့တာ။သူနဲ့အကိုနဲ့က Compoundတစ်ခန်းတည်းပဲ။ သူကကျောင်းစတက်တည်းက ကောင်မလေးတွေကြားမှာအရမ်းနာမည်ကြီးတယ်။ "

"တချို့စီနီယာမမတွေဆိုရင် အကိုတို့Compoundခန်းက စော်ကြည်ဘဲကြီးကို တစ်နေ့တစ်နေ့လာလာချောင်းကြတာအမော။ "

"အကိုတို့နှစ်ယောက် ပခုံးချင်းယှဥ်ပြီး Canteenသွားရင်လည်း အကိုဆို သူနဲ့အတူတူမသွားရဲဘူးသိလား ကောင်မလေးတွေဝိုင်းကြည့်ကြလွန်းတော့ အကိုဆိုတအားရှက်တာပဲ။အကို့ကိုကြည့်တာမဟုတ်ပေမယ့်ပေါ့လေ"

တစ်ဖက်ခုတင်ပေါ်ကရှိုင်းဇေယံကလည်း
ကိုလေရွှီးအားစိတ်ဝင်တစားဖြင့်ဝင်ထောက်လာခဲ့သည်။

"အကိုမင်းခန့်ထည်က အဲ့လောက်နာမည်ကြီးတယ်လား"

"အင်း အကိုပြောတာထက်တောင်ပိုသေးတယ်။"

"wow!!! တကယ့်SKBကြီးပဲ"

"အင်း SKBကြီးလေ ဒါပေမယ့်ညီလေးရာ အဲ့ကောင်ကအချေကြီးတယ်သိလား။သူ့accountကိုလာအပ်ကြတဲ့ကောင်မလေးတွေကိုလေ တစ်ယောက်မှကို Confirmမလုပ်ဘူး။စိတ်ရှုပ်လို့တဲ့လေ။အကိုနဲ့များကွာပါ့ကွာ"

ထိုသို့ဆိုကာဟွန့်ခနဲနှာခေါင်းရှုံ့လိုက်ပြီးနောက် သူ့ရဲ့လက်၂ဖက်ကိုအပေါ်အောက်ထား၍မြှောက်ပြလာခဲ့ကာအရောင်တောက်တောက်မျက်လုံးတွေနဲ့မြိန်ရည်ယှက်ရည်ကိုအတင်းတုပ်ပြန်လေသည်။

"ပြီးတော့အဲ့တုန်းက အဲ့အကောင်ကတကယ့်လူရိုး သူ့ဆီမှာကွာ တက္ကသိုလ်ဘုန်းနိုင်ရဲ့စာအုပ်တွေမှ အထပ်လိုက်။ တစ်အုပ်တစ်အုပ်ကို ဆယ်ခါလောက်ထိုင်ဖတ်တယ်။သူ့ဆီမှာရှိတဲ့စာအုပ်တွေကိုဖတ်ရတာအားမရလို့တဲ့ စာကြည့်တိုက်မှာကဒ်သွားလုပ်ပြီး ထပ်ငှားဖတ်တယ်။ "

"အတန်းကလည်းတက်လိုက်တာမပြောနဲ့
ခုံတောင်မီးတောက်တော့မယ် ဖင်ပူအောင်ကိုထိုင်ပြီးတက်နေတာ။ သူ့ကိုကြောင်နေတဲ့မမချောချောတွေ ရွယ်တူကောင်မလေးတွေမှအများကြီး။ အကိုသာသူ့နေရာမှာဆို အမုန်းဆွဲပစ်လိုက်ပြီ။ အဲ့ဒါကို ဒင်းကကန်းနေလို့ မမြင်ဘူးလေ။တစ်နေ့တစ်နေ့စာကိုဖင်ကုန်းလုပ်နေတာအမော။ စာမလုပ်ရင်ပဲ သူ့ကိုသမ္မတကထောင်ချတော့မယ့်ပုံနဲ့။
တကယ့်ကောင်ကွာ!"

သူ့သူငယ်ချင်းကြီးအကြောင်း စကားတစ်ခွန်းဆိုတိုင်းမင်းစက်ရဲ့မျက်ဝန်းတွေက အဓိပ္ပါယ်လေးနက်လှသောအရောင်များနဲ့ ဝင်းလက်လာခဲ့ချေသည်။

"အကို့သူငယ်ချင်း မင်းခန့်ထည်ကအဲ့တုန်းကဆိုရင် အပူအပင်တွေမရှိဘဲ သူ့ရည်မှန်းချက်ကိုပဲအာရုံစိုက်ပြီး လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးဖြတ်သန်းနေရှာတဲ့ အနှောင်အဖွဲ့တွေကင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်ခဲ့တာပေါ့။"

'ဒါပေမယ့် နောက်ပိုင်းကျတော့ ..... '

သူ့ရဲ့မျက်ဝန်းတွေထဲမှာ အရင်တစ်ချိန်တုန်းကပြီးဆုံးခဲ့ပြီဖြစ်တဲ့ ပုံရိပ်လေးများကပူနွေးစွာပြန်လွှမ်းမိုးလာခဲ့ရကာ နောက်ဆုံးစကားတစ်ခွန်းမှာတော့  မင်းစက်ရဲ့အသံများက ဘာကြောင့်မှန်းမသိဝမ်းနည်းမှုများနှင့်ရောယှက်လာခဲ့သလိုပင်။

"မေဂျာခွဲတော့လည်းအကို့တို့ကတစ်မေဂျာတည်း ကျတယ်။ Mechatronicsမေဂျာလေ။
မင်းခန့်ကဒီမေဂျာကိုအရမ်းကြိုက်တာ။
အစကသူ ဒီမေဂျာကိုမကြိုက်ဘူးလို့အကိုထင်ထားခဲ့တာ။
ဘယ်ဟုတ်မလဲ သူ့အိမ်မက်က တစ်နေ့သူက်ိုယ်တိုင်စက်ရုပ်အကြီးစားကြီးထွင်ပြီးတော့ Civilတွေဆောက်တဲ့တိုက်တွေကိုဖြိုမလို့တဲ့လေ။"

"သူဘာလို့အဲ့လိုပြောလဲ ညီလေးသိလား? အဲ့နှစ်တုန်းကအကိုတို့မေဂျာကဗိုလ်လုပွဲမတက်ခင် Civilတွေနဲ့အရင်ကန်ရတာကိုရှုံးသွားလို့လေ။သူကအဲ့တာကိုအငြိုးထားတာ ..
တကယ့်ကို ခပ်ဆိုးဆိုးအကောင်ကွာ။ "

"တစ်ခါတစ်လေ သူ့ပုံစံက အလေးအနက်ထားတတ်တဲ့ပုံစံမပေါက်ပေမယ့် သူရဲ့ရင်ထဲမှာတော့အမြဲတမ်းလေးနက်မှုတွေနဲ့ပြည့်နှက်နေခဲ့တယ်ဆိုတာ သူ့BFFဖြစ်တဲ့အကိုကအသိဆုံးပဲ။ ပြီးတော့ သူ့အကြောင်းကိုကောင်းကောင်းသိတာ တစ်ယောက်ထပ်ရှိသေးတယ်။
သူနဲ့က မေဂျာခွဲမှအကိုတို့နှစ်ယောက်နဲ့စသိတာ"

"အဲ့တစ်ယောက်က ဘယ်သူလဲ အကိုမင်းစက်"

ထိုအခါမင်းစက်ရဲ့မျက်တောင်တို့ကလှုပ်ခတ်သွားရပြီး သူ့ရဲ့မျက်လွှာတွေကအောက်သို့ညွတ်ကျသွားကာအပြုံးတွေလည်းပျောက်ကွယ်သွားရသည်။

"ညီလေးက သူ့အကြောင်းသိချင်လို့လား အကို့အတွက်သူ့အကြောင်းတွေကိုပြောပြဖို့တော့ ခက်မယ်"

"ရပါတယ် အကိုမပြောချင်ရင်လည်း ကျနော့်ကိုမပြောပြပါနဲ့"

ရှိုင်းဇေယံကအားတုံ့အားနာဖြစ်စွာအလျင်အမြန်ဆိုလိုက်သည်။သို့ပေမယ့်သူ့ရဲ့စိတ်ထဲမှာတော့အစိုင်အခဲလေးတစ်ခုဖြစ်သွားရ၏။

'ဘယ်သူလဲ အဲ့တစ်ယောက်က။ 
ထားလိုက်ပါတော့...ငါသိချင်တာသူ့အကြောင်းမှမဟုတ်တာ။
ငါတကယ်သိချင်တဲ့အကြောင်းအရာကျန်သေးတယ်လေ '

" ဒါနဲ့လေ အကိုမင်းခန့်ထည်က Gayတွေကိုမုန်းတယ်ဆိုတာတကယ်လား  "

မင်းစက်တစ်ယောက်တန့်သွားကာခနတာတိတ်ဆိတ်သွားပြန်လေသည်။
သူ့ထံမေးလာတဲ့ ထိုညီလေးရဲ့မေးခွန်းလေးကိုကြားတဲ့အခါ သူတစ်စုံတစ်ရာကိုသဘောပေါက်သွားသည့်ဟန် နှုတ်ခမ်းသားလေးတွေကို ခပ်ရေးရေးလေးတွန့်ကွေးလိုက်သည်။

'ကောင်လေး နောက်ဆုံးတော့ မင်းတကယ်သိချင်တာ ဒါကိုလား'

"ညီလေးက ဒါကို ဘယ်လိုလုပ်သိချင်သွားတာလဲ။
ညီလေးကို မင်းခန့််အကြောင်း ဘယ်သူကဘာပြောလိုက်လို့လဲ"

မင်းစက်ကဖြည်းညင်းစွာတစ်လုံးချင်းမေးလိုက်၍မျက်စိရှေ့ကကောင်လေးကိုမျက်လုံးပင့်ကြည့်လိုက်သည်။ထိုအခါကောင်လေးရဲ့အကြည့်တွေကတစ်ဖက်သို့လွှဲသွားကာ သူ့ရဲ့အကြည့်တွေကိုရှောင်ဖယ်သွားပြီး ရေရွတ်လာခဲ့သည်။

"အဲ့ဒါဆို မှန်နေတာပေါ့"

"ဟိုးထားညီလေး..အကိုကမှန်တယ်လို့မပြောဘူးနော်။ အကိုသိတဲ့အဖြေတွေထဲမှာအဲ့အဖြေတော့ မရှိသေးဘူး။
အဲ့ဒီအဖြေက ကာယကံရှင်ဖြစ်တဲ့မင်းခန့်ကိုယ်တိုင်ပဲ သိလိမ့်မယ်"

ထိုစကားကြားတော့အဝေးကိုလွင့်သွားတဲ့ကောင်လေးရဲ့အကြည့််တွေကသူ့ဆီပြန်ရောက်လာခဲ့ကာ တွေဝေစွာမေးလာခဲ့သည်။

" အကိုမင်းစက်လည်း ဒီအဖြေကိုမသိဘူးပေါ့ "

"ညီလေး သေချာသိချင်ရင်အဲ့ကောင်ကြီးပြန်လာမှမေးကြည့်လေ"

မင်းစက်ကဆရာကြီးစတိုင်နဲ့မျက်ခုံးပင့်လျက်ဆိုလာတော့
ရှိိုင်းဇေယံကမင်းစက်အားအပြုံးမမည်သောအပြုံးလေးနဲ့ပြန်စိုက်ကြည့်လိုက်တော့လေသည်။

'အော်...အဲ့လူကိုမမေးရဲလို့ သူ့သူငယ်ချင်းကိုတီးခေါက်ကြည့်ပါတယ်ဆိုမှ သူကငါ့ပြန်မေးခိုင်းနေတယ်။
သော်တာပြောသလိုသာဟိုတစ်ယောက်ကသောက်ရမ်းမုန်းနေရင်တော့လား မေးလိုက်တဲ့သူပါ အဗျင်းခံရမယ့်ကိန်း။
ရှိုင်းဇေယံရေ မင်းတော့အားကိုးမှားပြီသိလား ? '

ရှိုင်းဇေယံတစ်ယောက် သူ့အတွေးနဲ့သူ ချာလည်ပတ်လည်ရိုက်နေချိန်၌ မင်းစက်မှာမူ ခုတင်ပေါ်မှာအပြုံးကိုယ်တော်ဖြစ်နေလေပြီ။

'ငါဒီမှာ စိတ်ဝင်စားဖို့ကောင်းတဲ့အနံ့တစ်ခုခုရနေတယ်'

အခန်းထဲ၌နှစ်ယောက်စလုံးသူ့အတွေးနဲ့သူပြည့်နှက်နေရင်းနှင့်ပင် ရှိုင်းဇေယံရဲ့အထီးကျန်ညလေးဟာ အခန်းထဲသို့မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်နဲ့အတူ ရောက်တတ်ရာရာပြောရင်းကုန်ဆုံးသွားခဲ့ပေသည်။

မနက်၆နာရီခွဲအချိန်လောက်ရောက်တော့အခန်းတံခါးကိုတစ်စုံတစ်ယောက်ကတဘုန်းဘုန်းနဲ့လာထုရိုက်နေသည်။
အခန်းထဲရှိလူနှစ်ယောက်မှာတော့ ဘာအသံမှမကြားတဲ့အလားတုပ်တုပ်မျှမလှုပ်။

တံခါးခေါက်သံကပိုပိုပြီးမြန်ဆန်လာတဲ့အခါရှိုင်းကအရင်ဆုံးနိုးလာ၍ဆတ်ခနဲထထိုင်လိုက်ပြီးဘေးကခုတင်ပေါ်သို့ဝေ့ကြည့်လိုက်လေသော် တခေါခေါနဲ့ဟောက်သံထွက်နေသည့်အကိုမင်းစက်ကိုတွေ့လိိုက်ရလေသည်။

'အကိုမင်းစက် ညကမပြန်ဘူးပဲ။
ဒါဆိုအပြင်မှာတံခါးခေါက်နေတာက ဘယ်သူလဲ။'

ရှိုင်းတံခါးနားလေးကို ဖြည်းဖြည်းချင်းတိုးကပ်သွားပြီး တံခါးချက်လေးကိုဖွင့်ကာအခန်းပြင်သို့ကြည့်လိုက်လေသော် မျက်စိထဲတိုးဝင်လာတဲ့မြင်ကွင်းကတော့ဘယ်ဘက်လက်ကိုအဖြူရောင်ပတ်တီးနှင့်သိုင်းလွယ်ထားသော လူတစ်ယောက်ရဲ့ပုံရိပ်ပင်။

ထိူလူမှာတခြားလူမဟုတ်။
မနေ့ညကအဆောင်ကိုပြန်မလာတဲ့အခန်းဖော်ကြီး မင်းခန့်ထည်ပင်ဖြစ်သည်။

"အကို ဘာဖြစ်လာတာလဲ!"

ရှိုင်းဇေယံတစ်ယောက် မကျယ်စဖူး ကျယ်လောင်သောအသံဖြင့်အော်မေးမိလိုက်သည်။ မင်းခန့်ထည်လည်း ရှိုင်းဇေယံရဲ့အသံကျယ်ကျယ်လေးကိုဒီတစ်ခါကျမှပထမဦးဆုံးအနေနဲ့ကြားဖူးသေးတာကြောင့်မျက်လုံးတွေကပြူးကျယ်သွားပြီး
သူ့ရဲ့လက်ညှိုးလေးကိုနှုတ်ခမ်းတွေထက်သို့တင်လိုက်ကာ လေသံတိုးတိုးနဲ့ဆိုသည်။

"ရှူး တိုးတိုး ညီ ဘေးအခန်းဖော်တွေနိုးသွားဦးမယ်"

"အခု အကို့အခြေအနေကဘေးအခန်းကလူတွေနိုးသွားမှာကိုကြောက်နေရမယ့်အခြေအနေမဟုတ်ဘူး ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်စမ်းပါဦး အကိုမင်းခန့်ထည်!"

ကောင်လေးရဲ့မာရေကြောရေစကားအတိုင်း ပတ်တီးတွေစည်းထားတဲ့လက်ကိုပြန်ငုံ့ကြည့််လိုက်တဲ့အခါ မင်းခန့်ထည်ရဲ့မျက်နှာထက်မှာအပြုံးတစ်ပွင့်ပေါ်ပေါက်လာရသည်။

"ညီ ကို့ကိုတအားတွေစိတ်ပူနေပါလား"

"ဘယ်သူကစိတ်ပူနေလို့လဲ"

"စိတ်မပူတဲ့လူက အကို့ကိုအခန်းထဲတောင်ပေးမဝင်ဘဲ အခန်းရှေ့မှာတင် တခြားအခန်းဖော်တွေနိုးသွားမှာကြောက်တဲ့ ကို့ကိုဒေါသထွက်နေမလား"

မင်းခန့်ထည်ထိုသို့ပြောလာမှပဲရှိုင်းဇေယံခမျာပါးစပ်လေးပိတ်သွားကာအသံတိတ်သွားတော့သည်။

ကောင်ကလေးရဲ့မျက်နှာပါးပါးလေးထက်၌စတော်ဘယ်ရီသီးရောင်လေးဖျက်ခနဲဖြတ်ပြေးသွားတဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးကို မင်းခန့်ထည်ဆိုတဲ့အကြံသမားဟာတစ်ချက်ကလေးတောင်အလွတ်မပေးခဲ့ဘဲသူ့ရဲ့မျက်ဝန်းများနှင့် အဆက်မပြတ်ဖမ်းယူနေချေ၏။

"အကို့ကို အခန်းထဲ ပေးဝင်ဦးမှာလား ညီ"

ထို့နောက်ရှိုင်းဇေယံကစကားတစ်ခွန်းမှပြန်မပြောလာတော့ဘဲ တံခါးကိုသာစောင့်တွန်းဖွင့်လိုက်ပြီးနောက် ကျောခိုင်းလျက်ပြန်ဝင်သွားတော့သည်။

ထိုကောင်လေး သူ့ကိုစိတ်ဆိုးသွားပြီမှန်းမင်းခန့်ထည်တစ်ယောက်အတပ်သိလိုက်ပြီမို့
သူမရယ်မိဘဲမနေနိုင်ပေ။

မင်းခန့်ထည်ရဲ့မျက်ဝန်းတွေထဲမှာ ချာတိတ်လေးရဲ့အိပ်ရာနိုးခါစဆူပုပ်ပုပ်ပုံစံလေးဟာပြည့်နှက်စွာနေရာယူထားပြီးညှို့ငင်သိမ်းပိုက်ထား၏။

'အကယ်၍သူ့လက်သာ ပတ်တီးမစည်းထားဘူးဆိုရင် ဒီကောင်လေးရဲ့ပါးနီနီလေးတွေကို ဖျစ်ညှစ်ပြီးနေလောက်ပြီ'

မင်းခန့်ထည်ဟာ ကြည်နူးမဆုံးတပြုံးပြုံးနဲ့အခန်းထဲသို့မြောက်ကြွမြောက်ကြွနဲ့ဝင်လာပြီးနောက် ဘေးဘီကိုသေချာကြည့်လိုက်တဲ့အခါ သူ့ခုတင်ပေါ်မှာအခန့်သားဇိမ်ကျနေသည့် ချစ်ရပါသောသူငယ်ချင်းကြီးအားတွေ့လိုက်ရသည်နှင့်တပြိုင်နက်သူ့ရဲ့မျက်နှာကတမဟုတ်ချင်းမဲမှောင်သွားလေ၏။

"ဒီ သူတောင်းစားက ဒီမှာဘာလုပ်နေတာလဲ"

သူမျက်ခုံးပင့်လျက်ရွေရွတ်လိုက်ပြီးနောက် မင်းခန့်ထည်ရဲ့ညာဘက်ခြေထောက်က ခုတင်ပေါ်ရှိ မင်းစက်ရဲ့တင်ပါးလုံးလုံးနဲ့ချက်ချင်းမိတ်ဆက်သွားတော့လေသည်။

"အောင်မလေး သေပါပြီဗျ!!!"

ဒီမနက်တွင်တော့ အနော်ရထာဆောင်တစ်ခုလုံး နားစည်ကွဲတော့မည့်အရေးကိုကြိုတင်မြင်ယောင်နေပြီဖြစ်သည်။

သူတို့နှင့်ဘေးချင်းကပ်လျက်ရှိနေသော အခန်းဖော်များရဲ့အဖြစ်ဟာဆိုရင်
မနက်စောစောစီးစီးငှက်ဆိုးထိုးသံထက် ဆိုးရွားလှတဲ့အသံနက်ကြီးကိုနားဆင်လိုက်ရတာကြောင့်အင်မတန်ကိုမှသနားစရာကောင်းလွန်းလှပေ၏။

"မင်းက ဘာကိစ္စဒီအခန်းထဲရောက်နေတာလဲ !"

တင်ပါးအသားနုနုလေးကိုထိပါးခံလိုက်ရတဲ့မင်းစက်ဟာ သူ့ရဲ့အဖိုးတန်လေးတွေကိုဖွဖွလေးပွတ်သပ်လိုက်ရင်းခြေဆောင့်ကာအော်ပြောလာခဲ့လေသည်။

"ငါ မနေ့ညကအဆောင်မှာ မီးပျက်နေလို့ ညီလေးရှိုင်းဇေယံနဲ့အဖော်လာနေပေးတာလေ။အဲ့တာငါမှားလား !!!"

မထွက်တဲ့မျက်ရည်ကိုအတင်းညှစ်ချရင်းပြောဆိုပြီးတဲ့နောက် မင်းခန့်ထည်ရဲ့ ပတ်တီးစည်းထားတဲ့ဘယ်ဘက်လက်ကိုမြင်လိုက်ရလေသော် စိတ်မှတ်မရှိစွာအပူတပြင်းမေးလိုက်လေသည်။

"သားကြီး မင်းလက်ကဘာဖြစ်တာလဲ"

မင်းခန့်ထည်ကမင်းစက်အမေးကိုဂရုမစိုက်ပဲရှိုင်းဇေယံဘက်လှည့်ကာမကျေမနပ်ဆိုလိုက်၏။

"ညီ ဘာလို့ ဒီအကောင်ကို အခန်းထဲပေးဝင်တာလဲ"

ခုတင်ပေါ်မှာလက်လေးပိုက်ကာငုတ်တုတ်လေးထိုင်နေသောရှိုင်းဇေယံကတော့ဘာမှပြန်မပြောဘဲ မင်းခန့်ထည်စကားကို မကြားချင်ယောင်ဆောင်နေပေသည်။

"ဟေ့ရောင် အခုအဲ့ကိစ္စကအရေးမကြီးဘူး မင်းလက်ကဘာဖြစ်တာလဲဆိုတာပြောပြစမ်းပါကွာ"

"ဘာမှအထွေအထူးမဖြစ်ဘူး အရေးကြီးခွင်ကျယ်မလုပ်စမ်းနဲ့ "

မင်းခန့်ထည်ရဲ့ထိုစကားဆုံးတော့ ရှိုင်းဇေယံကမင်းခန့်ထည်ဘက်ကို တစ်ချက်ကလေးတောင်လှည့်မကြည့်တော့ဘဲ အခန်းပြင်သို့ချာခနဲလှည့်ထွက်သွားတော့သည်။

"ညီ!!!"

မင်းခန့်ထည်လည်းပြောစရာစကားတို့ပျောက်ရှသွားရပြီးနောက် ဟူးခနဲသက်ပြင်းချလျက် ခုတင်ပေါ်သို့စိတ်ပျက်လက်ပျက်ထိုင်ချလိုက်တာကို မင်းစက်က မတ်တပ်ရပ်လျက်အနေအထားဖြင့်ကြည့်နေရင်းအကဲခတ်နေခဲ့သည်။

"ကဲ ပြောတော့ မင်း အခန်းဖော်ရှိနေလို့ ငါ့ကိုမပြောချင်တဲ့အကြောင်းလေးတွေ ဘာဖြစ်လာတာလဲ အဲ့လက်က"

"မနေ့ကကားပေါ်ကဆင်းတော့ ဆိုင်ကယ်ဝင်ကျုံးခံရတာ"

"မင်းမနေ့က ဖြူစင်သော်နဲ့ချိန်းထားလို့သွားတာဆို မင်းဒီလိုဖြစ်တာဟိုမိန်းမကော သိလား"

"မသိဘူး သူပြန်သွားပြီးမှဖြစ်တာ။
ငါဘုရားကနေနံပါတ်၈ကားစီးပြီးပြန်လာတော့ ရုပ်ရှင်ရုံမှတ်တိုင်မှာ မီးပွိုင့်မိလို့ နောက်ကားစီးဖို့ကမမ်းကတန်းဆင်းလိုက်တဲ့အချိန်နောက်ကနေဝင်လာတဲ့ ဆိုင်ကယ်ကိုငါမမြင်လိုက်ဘူး။ "

"ဆိုင်ကယ်ကငါ့ကိုအရှိန်နဲ့ဝင်ကျုံးတော့ အဲ့နားမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်ကွာ။
ငါကဘာမှမဖြစ်သလိုပဲထားပြီး ပြန်လာမလို့ပဲ။အဲ့အချိန်မှာရဲတွေပါရောက်လာတော့ ငါကကျေအေးပေးတဲ့အနေနဲ့ ဆိုင်ကယ်သမားကို ဆေးရုံကိုလိုက်ပို့ခိုင်းလိုက်တာ။"

"ဆေးရုံရောက်ပြန်တော့လည်း ငါ့ကိုဆရာဝန်ကတော်တော်နဲ့ပေးမပြန်ဘူး။
အဲ့တာနဲ့ ဆေးရုံမှာတစ်ညအိပ်လိုက်ရတယ်။ ဆရာဝန်ကဓာတ်မှန်တွေဘာတွေရိုက်ဖို့ကျန်သေးတယ်လို့တော့ဆိုတာပဲ။
ငါလည်း ပြန်လာချင်ဇောနဲ့ဓာတ်မှန်ရိုက်မယ့်အထိမစောင့်တော့ဘဲ အစောဆုံးကားနဲ့ပြန်ချလာလိုက်တာ။"

မင်းခန့်ထည်ရဲ့အကြည့်တွေကပွင့်လျက်သားကျန်ရစ်ခဲ့တဲ့အခန်းတံခါးဝဆီရောက်သွားပြီးနောက်စိတ်ညှိုးငယ်စွာထပ်ပြောလာသည်။

"ငါကသာ အဆောင်ကိုပြန်လာချင်ဇောကြီးနေတာ။
ငါပြန်ရောက်လာတော့လည်း သူကငါ့ကိုစိတ်ဆိုးသွားပြန်ပြီ သူငါ့ကို နဲနဲလေးတောင် စိတ်မပူဘူးလားမသိဘူး"

မင်းစက်ကသက်ပြင်းချလျက်မင်းခန့်ထည်ရဲ့ပခုံးတစ်ဖက်ကိုဆွဲကိုင်လာကာ
"လူတစ်ဖက်သားကို ကို့သဘောနဲ့ကိုယ် တွေးလို့မရဘူးလေ"

"မင်းဆိုလိုချင်တာက သူကငါ့ကိုစိတ်ပူတယ်ပေါ့"

"သူ့စိတ်ထဲမှာ ဘာရှိလဲဆိုတာငါကဘယ်လိုလုပ်သိမှာလဲ ဒါပေမယ့် မနေ့ညက သူတစ်ညလုံးမအိပ်ဘူးဆိုတာတော့ငါသိတယ်။"

"ပြီးတော့ ငါ့ဆီကနေ မင်း ph no.တောင်းပြီး တစ်ညလုံးတောက်လျှောက်ဆက်နေတာ။
အဲ့လိုလုပ်နေတဲ့ ရှိုင်းဇေယံက မင်းကို စိတ်ပူနေလား စိတ်မပူနေဘူးလား ဆိုတာ
မင်းဘာသာမင်းတွေးကြည့်ပေါ့"

ထိုအခါကျမှ မင်းခန့်ထည်တစ်ယောက်ငူငိုင်နေရင်းမှသူ့ဖုန်းကိုကပြာကယာပြန်ထုတ်ကြည့်မိတော့သည်။

"Shit!! သောက်ဖုန်းက powerကျနေတာပဲ။"

အဖြေကပေါ်သွားခဲ့လေပြီ။

တကယ်တော့မင်းခန့်ထည်ရဲ့ဖုန်းက မနေ့ကaccidentဖြစ်တဲ့အချိန်ပြုတ်ကျသွားတဲ့အရှိန်ကြောင့် powerပိတ်သွားခဲ့ခြင်းပေ။

မနေ့ညကတစ်ညလုံး ဆေးရုံကသွင်းလိုက်တဲ့ဆေးအရှိန်ကြောင့် အိပ်ပျော်သွားခဲ့တာမို့သူ့phone powerကျနေမှန်း သူအခုမှသိခြင်းဖြစ်သည်။

သူဖုန်းကို powerဖွင့်နေတဲ့အချိန်တစ်လျှောက်လုံး သူ၏ရင်အစုံဟာအဘယ်ကြောင့်မှန်းမသိတဒုတ်ဒုတ်နဲ့ခုန်လှုပ်လို့နေ၏။

"power ပွင့်သွားပြီ"

"တော်သေးတာပေါ့ ဖုန်းပါဘာမှမဖြစ်လို့"

ဖုန်း Screenထက်ကအနီရောင် Missed callတန်းလေးတွေကိုကြည့်နေရင်းနဲ့မင်းခန့်ထည်ဟာအရူးတစ်ယောက်လိုပြုံးမိသွားရသည်။

'ညီ ကို့ကိုစိတ်ပူနေခဲ့တာပဲ'

မင်းစက်ကအရူးလိုပြုံးနေတဲ့မင်းခန့်ထည်အားနားမလည်စွာငုံ့ကြည့်လာပြီးနောက်
သူလက်မြှောက်လိုက်ကာ ခေါင်းသာခါမိလေသည်။

'ဒီကောင်ဘာဖြစ်နေတာလဲ'

" မင်းပြုံးနေတာကြီးကို တော်လိုက်တော့ဟေ့ကောင် ငါဆက်ကြည့်မနေနိုင်တော့ဘူး။
တစ်ခုခုအကူအညီလိုရင်ငါ့ကို ဖုန်းဆက်ခေါ်လိုက်နော်။"

သူသာထိုသို့ဂရုတစိုက်နဲ့မှာကြားနေသော်လည်းသကောင့်သားကနားရွက်မခတ်လာတာကြောင့်ဟမ့်ဆို၍ခပ်ထေ့ထေ့တစ်ချက်လှောင်ရယ်ရယ်လိုက်ပြီးနောက်

"ငါ့အခန်းကိုပြန်ပြီးအိပ်တာပဲကောင်းပါတယ်ကွာ။ "ဟုဆိုကာ
အခန်းပြင်သို့လှည့်ကြည့်လှည့်ကြည့်နဲ့ထွက်သွားတော့လေသည်။

သူ မထွက်သွားသေးခင် အခန်းထဲသို့ခေါင်းပြူကြည့်လျက်အော်ပြောသွားသေးလေ၏။

"သွားပြီနော် ဟိတ်ကောင်။
မင်းအခန်းဖော်လေးလာရင် ချော့လိုက်ဦး"ဟူ၍။

မင်းခန့်ထည်ကတော့ မင်းစက်ထွက်သွားမှန်းသိတောင်မသိလိုက်ပေ။

ဆယ်နှစ်ကျော်ကြာကွဲကွာသွားတဲ့အချစ်ဦးနဲ့ပြန်ဆုံတွေ့လိုက်ရသလိုမျိုး ဖုန်းစခရင်မ်ကိုသာနှောင်းမြေ့နက်ရှိုင်းတဲ့အကြည့်များနှင့်မခွဲနိုင်မခွာရက်ကြည့်နေခဲ့တဲ့မင်းခန့်ထည်ဟာဆိုရင်လုံးဝရူးသွပ်သွားခဲ့ပြီဖြစ်သည်။

အခန်းပြင်ကိုထွက်သွားတဲ့မင်းစက်ကတော့ မင်းခန့်ထည်ရဲ့ထိုပုံစံကိုသူ့ခေါင်းထဲမှာ ပြန်တွေးမိလိုက်တိုင်းအူတက်မိကာကြိတ်ခွီနေပေသည်။

'ဒီဘာမဟုတ်တဲ့ missed callလေးတွေကမင်းဆိုတဲ့ကောင်ကိုဒီလိုမျိုးပြုံးလာအောင်လုပ်နိုင်တယ်ဆိုကတည်းက မင်းရူးနေပြီဆိုတာသေချာပေါက်ပဲ '

================================

နောက်တစ်နေ့ကျောင်းရောက်တော့ဖြူစင်သော်ကမင်းခန့်ထည်လက်ပေါ်ကပတ်တီးကိုကြည့်ပြီးသူမရဲ့မျက်နှာလေးမှာဖြူဖျော့လာရတော့သည်။

"မောင် လက်ကဘာဖြစ်လာတာလဲ!!!"

သူမကထိခိုက်ထားတဲ့မင်းခန့်ထည်ရဲ့လက်တစ်ဖက်ကိုထိဖို့ပြင်လိုက်တော့ မင်းခန့်ထည်ကရှောင်ဖယ်လိုက်ပြီးတစ်ဖက်ကိုငေးကြည့်နေရင်းသာမန်ကာလျှံကာသာဆိုလာသည်။

"ဟိုနေ့က ဘုရားသွားပြီးပြန်လာတော့ ဆိုင်ကယ်တိုက်မိတာ"

"ဘာလို့ ဖြူ့ကို ဘာမှမပြောတာလဲ"

"ဖြူ ဒီလို..စိတ်ပူနေမှာစိုးလို့"

"ပူတာပေါ့. . . ဖြူစိတ်ပူတာပေါ့မောင်ရယ်။ မောင်ကဖြူ့ချစ်သူလေ။
ဖြူအချစ်ရဆုံးသူလေ။
အဲ့လိုလူကိုဖြူကစိတ်ပူတယ်ဆိုတာ ဖြစ်သင့်တာပဲမဟုတ်ဘူးလား ?"

ငိုသံစွက်လာတဲ့သူမလေးရဲ့အသံကိုကြားတော့မှမင်းခန့်ထည်ကလှည့်ကြည့်လာကာတုန်ယင်နေတဲ့ သူမရဲ့လက်ဖဝါးလေးတစ်ဖက်ကိုဆုပ်ကိုင်ပေးထားလိုက်သည်။

"ကို ဘာမှမဖြစ်ဘူး စိတ်မပူနဲ့တော့နော်။ ကို့ကြောင့် တစ်ဖက်လူစိတ်မကောင်းဖြစ်သွားရတာမျိုးတွေကို ကိုမကြိုက်မှန်းလည်းဖြူသိရဲ့သားနဲ့ ..."

ဖြူစင်သော်ကမင်းခန့်ထည်ရဲ့နွေးထွေးကြမ်းရှသောလက်ဖဝါးပြင်ကိုပြန်အုပ်ကိုင်လိုက်ပြီး နောက် သူမစိတ်တို့ကပြန်တည်ငြိမ်သွားတော့သည်။

"အင်းပါ မောင် မကြိုက်တဲ့အရာတွေကိုဖြူမလုပ်တော့ပါဘူး
နောက်ဒီလိုထပ်မဖြစ်တော့အောင် ဂရုစိုက်ပါ့မယ်လို့တော့ ဖြူ့ကိုကတိပေးရမယ်"

"ပေးတယ်"

"ကတိနော်"

"အင်း ကတိ"

ဖြူစင်သော်နဲ့မင်းခန့်ထည်တို့ရဲ့လက်သန်းလေးတွေက တစ်ယောက်နဲ့တစ်ယောက်ခိုင်မာစွာယှက်သန်းလို့နေလျက်။

မသေချာသေးတဲ့အနာဂတ်မှာကော မင်းခန့်ထည်က ဖြူစင်သော်အနားမှာထာဝရနေထိုင်သွားပြီးဒီလိုမျိုးကတိတွေထပ်ပေးနိုင်ဦးမလားဆိုတာ လူသားတွေကို သူလိုရာကြိုးဆွဲကနေတဲ့ကံကြမ္မာကသာအသိဆုံးဖြစ်ပေလိမ့်မည်။

မင်းခန့်ထည်တစ်ယောက် ကျောင်းသားရေးရာအရှေ့ဘက်ရှိလမ်းလေးအတိုင်းတိတ်ဆိတ်ငြိမ်သက်စွာ တကိုယ်တည်းလျှောက်လှမ်းနေတဲ့ပုံစံမှာအသိစိတ်ကင်းမဲ့နေတဲ့အရူးတစ်ယောက်ကဲ့သို့ပင်။
ဤသည်ကိုသူ့အနောက်ကနေဖြည်းဖြည်းချင်းလိုက်နေတဲ့ မင်းစက်ကတော့မူမမှန်ကြောင်းသတိထားမိတာကြောင့် သူအော်ခေါ်လိုက်သည်။

"ဟိတ်ကောင် မင်းခန့်"

"မင်းခန့်ထည်"

"သားကြီးရေ"

"မင်းခန့် သူတောင်းစားရေ ငါခေါ်တာကြားလားဟ"

သူသာ ဒီနေ့လိပ်ခေါင်းထွက်ပြီးအသံသာဝင်သွားမယ် ဒီအကောင်နားပေါက်ကကန်းနေပြီဖြစ်တာကြောင့်ကြားမယ့်ပုံမပေါ်ပေ။
ဘေးနားကနေဖြတ်သွားတဲ့တချို့သောကျောင်းသားတွေကသူ့အားမနှစ်မြို့တဲ့အကြည့်တွေနဲ့လှည့််ကြည့်သွားကြတာကြောင့်ဝိုင်းအရိုက်မခံရအောင်သူအတတ်နိုင်ဆုံးဖျစ်ညစ်ပြုံးပြလိုက်ရလေသည်။

သူ့အသံကို အရှေ့ကနားပင်းကသာမကြားတာ တခြားလူတွေအကုန်ကြားလို့
သုံးထပ်ဆောင်ပေါ်ကလူတွေတောင်သူ့ကို ဝိုင်းကြည့်လာကြလေပြီ။

မင်းစက်တစ်ယောက်နောက်ဆုံးတော့စိတ်မရှည်တော့ဘဲ မင်းခန့်ထည်ရဲ့ခေါင်းကိုခပ်ပြင်းပြင်းတစ်ချက်တီးထည့်ပေးလိုက်လေ၏။

"_ီးဖြစ်နေတာလား ! မင်းက !"

"နောက်ဆုံးတော့ အသိပြန်ဝင်လာပြီပဲ ငါ့ကိုတောင်ဆဲဖို့သတိရသေးတယ်ဆိုတော့လေ"

မင်းခန့်ထည်ကမျက်ထောက်နီကြီးနဲ့စိုက်ကြည့်လာပြီးနောက်သူ့အားဒေါသထွက်ကာကြိမ်းမောင်းလာခဲ့သည်။
"မင်းဘာကိစ္စ ငါ့ခေါင်းကိုလာရိုက်တာတုန်း မင်းမှာပါးစပ်မပါဘူးလား ကောင်းကောင်းခေါ်ပါလား"

'WTF!! Bro WTF !!'

'ကျနော်မျိုးသာကောင်းကောင်းမွန်မွန်ခေါ်နေလို့ကတော့ ဘဝသာကူးသွားမယ် ခွေးကောင်မင်းကကြားမှာမို့လို့လား !!! '

မတရားအပြောခံလိုက်ရတဲ့မင်းစက်မှာလိမ့်တက်လာတဲ့ဒေါသတွေကိုစိတ်ကောင်းလေးထားကာပြန်မြိုချလိုက်လေသည်။

"ငါကောင်းကောင်းမွန်မွန်ခေါ်နေတာကို မင်းသာမကြားတာ သုံးထပ်ဆောင်ပေါ်ကလူတွေတောင်ကြားလို့ ပတ်ဝန်းကျင်ဆူညံမှုနဲ့
ငါ့ကိုဝိုင်းရိုက်ကြတော့မယ်သိလား"

"ဝိုင်းရိုက်တော့လည်း ခံလိုက်ပေါ့"

"အေး ငါလည်းနောက်ဆို မင်းကိုသတိပြန်ဝင်လာအောင်မလုပ်ပေးတော့ဘူး ကားတိုက်ပြီးဂန့်သွားတဲ့အထိ လွှတ်ထားပြီးလက်ပိုက်ကြည့်နေတော့မှာ"

"သောက်ရေးမပါတာတွေ မပြောစမ်းနဲ့ကွာ"

မင်းခန့်ထည်ကတကယ်ကြီးကိုဒေါသထွက်နေပြီဖြစ်တာကြောင့် မင်းစက်လည်းရန်မစရဲတော့ဘဲစကားလမ်းကြောင်းလွှဲလိုက်တော့သည်။

"မင်း ဘယ်သွားမလို့လဲ"

"Archi ဆောင်"

"ဖြူစင်သော်ကိုသွားတွေ့မလို့လား"

"မဟုတ်ဘူး ဖြူနဲ့တွေ့ပြီးပြီ ရှိုင်းဇေယံကိုသွားရှာမလို့"

"ရှိုင်းဇေယံက Compoundခန်းမှာရှိမှာပေါ့ ဘယ်လိုလုပ်Archiဆောင်မှာရှိမှာလဲ"

First yearတွေကမေဂျာခွဲတဲ့စာရင်းမထွက်လာသေးမချင်း Compoundခန်းထဲမှာပဲရှိနေမှာဖြစ်တာကြောင့် မင်းခန့်ထည်ကထိုကောင်လေးကိုတွေ့ဖို့ Archiဆောင်ကိုဘာလို့သွားလဲဆိုတာသူဘယ်လိုတွေးတွေးနားမလည်နိုင်အောင်ဖြစ်ရသည်။ မင်းခန့်ထည်ကမင်းစက်ရဲ့အတွေးတွေကိုသိနေတာကြောင့်ထပ်ပြောလာသည်။

"ငါ Compoundခန်းသွားပြီးပြီ ရှိုင်းဇေယံမရှိဘူး သူသွားတတ်တဲ့နေရာဆိုလို့ Archi ဆောင်ပဲရှိတယ်"

"မင်းခန့် မင်းဘာဖြစ်နေတာလဲသားကြီး 
မင်းကိုကြည့်ရတာစိတ်တွေရှုပ်နေသလိုပဲ
ဒီလိုဖြစ်နေရတဲ့အကြောင်းရင်းနဲ့ပက်သတ်ပြီး မင်း ငါ့ကိုပြောပြချင်လား"

ထို့နောက် မင်းစက်တစ်ယောက် မင်းခန့်ထည်ကို ကျောင်းသားရေးရာရှိကျောင်းသားများWifiသုံးနေကျနေရာဖြစ်သော သူတို့သူငယ်ချင်းနှစ်ယောက် စကားပြောနေကျနေရာလေးဆီသို့ဆွဲခေါ်သွားလိုက်ပြီးအကျိုးအကြောင်းမေးမြန်းတော့လေသည်။

"ပြော မင်းနဲ့အဲ့ကောင်လေးက ပြဿနာတက်ထားတာလား"

"ဘာပြဿနာမှမတက်ဘူး
အဲ့နေ့ကတည်းက စကားမပြောတော့တာ ဒီနေ့နဲ့ဆိုသုံးရက်ရှိပြီ"

'အဲ့တာချီးကိုပြဿနာမတက်တာလားဟ ဒီကောင်ကပြဿနာဆိုတာကိုဘယ်လိုပေတံမျိုးနဲ့တိုင်းတာနေတာလဲ'

"မင်းကို ရှိုင်းဇေယံ စကားမပြောတာ သုံးရက်ရှိပြီဟုတ်လား"

"အေး"

"ဟိုနေ့က မင်းမချော့ဘူးလား"

"ငါလည်း သူစိတ်ဆိုးပြေအောင် စကားလိုက်ပြောတာပဲ ဒါပေမယ့်ကွာ သူကငါ့ကိုဘာမှပြန်မပြောတဲ့အပြင်ကို ငါ့ကိုရှိတယ်လို့တောင်မမှတ်ဘူး"

ထိုအခါ မင်းစက်ကသူ့မျက်လုံးတွေကိုကျဥ်းမြောင်းလိုက်ပြီးမေးဖျားလေးကိုပွတ်သပ်လိုက်ကာဟိတ်ဟန်အပြည့်ဖြင့်ကောက်ချက်ချလာ၏။

"ရှိုင်းဇေယံ မင်းကိုတော်တော်တင်းနေတာပဲ"

"အေး တင်းနေတယ် ဒါပေမယ့် သူဘာကြောင့်ငါ့ကိုတင်းနေမှန်းကိုငါမသိတာ။
လက်ကျိုးတာငါလေ။ အဲ့လိုဖြစ်နေတဲ့ငါ့ကိုသူက စိတ်မဆိုးဘဲဂရုစိုက်ရမှာမဟုတ်ဘူးလား"

ထိုစကားကြားတော့ မင်းစက်ကသူ့ရဲ့နှုတ်ခမ်းတွေကိုရွဲ့စောင်းလိုက်ကာ မင်းခန့်ထည်အားဆွေကြည့်လာခဲ့သည်။

"နေစမ်းပါဦး မင်းကဘာလို့အဲ့ကောင်လေးရဲ့ဂရုစိုက်မှုကို ခံချင်နေရတာလဲ
မင်းမှာမင်းကို သောက်ရမ်းတွေဂရုစိုက်နေတဲ့မင်းစော်တစ်ယောက်လုံးရှိနေတာပဲဟာ"

"ဖြူက ငါ့ချစ်သူမို့လို့ငါ့ကိုဂရုစိုက်ပေးတယ် ဆိုတာတော့ဟုတ်ပါပြီ။အဲ့တာကအသာထားသူကကျဘာလို့ငါ့ကိုဂရုမစိုက်တာလဲ။ "

'အော် ဒီကောင်နဲ့တော့ခက်ပြီ'

မင်းခန့်ထည်ကတော့မင်းစက်ရဲ့ထိုရိုက်ပေါက်အတွေးတွေကိုမသိရှာ သူ့အာရုံနဲ့သူဆက်ပြောနေခဲ့သည်။

"ငါဘာလို့ ဒီလို accidentဖြစ်တာလဲဆိုတာမင်းလဲသိတယ်မှတ်လား ငါ့မှာတော့ သူ့သင်တန်းဆင်းပွဲလေးကိုအမှီလာချင်လွန်းလို့ ငါ့ဘေးကိုတောင်ငါဂရုမစိုက်နိုင်တော့တဲ့အထိဖြစ်သွားတာလေ။
အခုကျ သူကငါ့ကို စကားလေးတစ်ခွန်းတောင်ပြန်မပြောတော့ဘူးကွာ"

မင်းစက်ကသက်ပြင်းဖွဖွချလျက်။

"ဟိတ်ကောင် ....မင်းကိုအတိုင်းထက်လွန် ဂရုစိုက်ပေးနေရအောင် မင်းကသူ့ရဲ့သူစိမ်းလေ။ဘာဆိုင်လို့လဲ ?

ပြီးတော့ မင်းဒီလိုaccidentဖြစ်တာလည်း သင်တန်းဆင်းပွဲကိုအမှီလာလို့ဖြစ်မှန်းမှ သူလည်းမသိတာ ဒါပေမယ့် အဲ့ကောင်လေးတစ်ညလုံးတော့မင်းကိုစိတ်ပူနေခဲ့ပါတယ်။"

မင်းစက်ကထိုသို့ဆိုလာတော့မင်းခန့်ထည်ရဲ့ဒေါသတွေနဲ့ရှုပ်ထွေးနေတဲ့စိတ်အခြေအနေတို့က အဆုံးစွန်ထိတိုင်ထိုးတက်သွားရကာ
သူ့ကိုယ်သူလဲမထိန်းချုပ်နိုင်တော့ပေ။

"အေး ငါ့ကိုဂရုမစိုက်လည်းနေ ငါဘာမှမဖြစ်ဘူး။ သူငါ့ကို ဒီလိုမျိုးမခေါ်မပြောဘဲနေနေတာကြီးကို ငါမနေတတ်တာ။
ငါပြောချင်တာကကွာ ငါ့ကို ဂရုစိုက်ကိုစိုက်ရမယ်လို့ဆိုလိုချင်တာမဟုတ်ဘူး သူငါ့ကို အရင်လို စကားပြန်ပြောတာလေးကိုပဲလိုချင်တာ"

"အဲ့ဒါဆိုလည်း သူမင်းကိုစိတ်ဆိုးနေတဲ့ အကြောင်းအရင်းကိုရှာကြည့်လေ။ နောက်ဆုံးရှာမရရင် မင်းကိုယ်တိုင် သူ့ဆီတိုက်ရိုက်သာ သွာမေးပေတော့။မင်းတို့နှစ်ယောက် မျက်နှာချင်းဆိုင်ရှင်းမှပဲ ဒီကိစ္စကပြီးမှာ"

မင်းခန့်ထည်တစ်ယောက် အတွေးများစွာနှင့်ပူထူနေကာခေါင်းမီးတောက်နေပေသည်။ သူဘာမှဆက်မပြောချင်တော့တာကြောင့်အသံတိတ်ပြီးထိုင်နေလိုက်ကာ သူ့ရဲ့ဖိနပ်အောက်မှာတွားသွားနေတဲ့ပုရွက်ဆိတ်လေးတွေကို စိတ်လွက်လက်လွတ်ငေးကြည့်နေမိသည်။

ဒီအကြောင်းအရာတွေထက်စာရင် ပိုဆိုးတာတစ်ခုကသူ့ရင်ဘက်ထဲမှာ အနက်ရှိုင်းဆုံးနစ်ဝင်နေပါတဲ့အဓိပ္ပါယ်မဖော်နိုင်သည့်ဝေဒနာတစ်ခုပင်။

ရှိုင်းဇေယံဆိုတဲ့ထိုချာတိတ်လေးဟာဝေဒနာအမျိုးမျိုးခံစားရအောင် သူ့အားပြုစားနိုင်စွမ်းရှိတဲ့နတ်သူငယ်လေးလို့မင်းခန့်ထည်ကသူ့ရဲ့စိတ်ထဲမှာတင်စားခေါ်ဝေါ်ထားလိုက်၏။

တစ်ခါမှမချစ်တတ်ခဲ့ဖူးတဲ့မင်းခန့်ထည်ဟာဆိုရင် သူ့ရင်ဘက်ထဲကဝေဒနာကိုအဓိပ္ပါယ်ဖော်နိုင်ဖို့အတွက် သူတော်တော်ကိုရုန်းကန်ရဦးပေမည်။

ခနကြာတော့ကျောင်းသားရေးရာက Wifiနဲ့လိုင်းသုံးနေတဲ့မင်းစက်က ဖုန်းပွတ်နေရင်းထအော်လာသည်။

"မင်းခန့် majorတွေခွဲပြီဟ"

မင်းစက်ပြောတာကြားတဲ့အခါမင်းခန့်ထည်ကအတွေးလွန်နေရာကနေသတိပြန်ကပ်လာပြီး မင်းစက်နားတိုးကပ်ကြည့်လိုက်တော့ phone screenပေါ်မှာ First year တွေရဲ့ majorစာရင်းတွေကတစ်ပုံပြီးတစ်ပုံတက်လာနေတာကိုတွေ့လိုက်ရသည်။

" ရှိုင်းဇေယံ ဘာ majorရလဲ ငါ့ကိုကြည့်ပေးဦး"

"သူ့Rollကဘယ်လောက်လဲ"

"65"

"ok Archi မှာရှိလောက်မယ်"

မင်းစက်က သူငယ်ချင်းကောင်းပီသစွာဖြင့် ရှိုင်းဇေယံဆိုတဲ့နာမည်လေးကို Archi majorမှာအချိန်တစ်ခုကြာတဲ့အထိသွားမွှေနှောက်လိုက်ပြီးနောက် စိတ်ရှုပ်စွာငြီးတွားလာခဲ့သည်။

"Archiမှာ ရှိုင်းဇေယံနဲ့တူတဲ့နာမည်တစ်လုံးမှကိုမရှိဘူး"

"မဖြစ်နိုင်တာ သူ့ Rollလောက်ဆိုရင် ကျိန်းသေ Archiဝင်မှာ"

မင်းစက်တစ်ယောက်တခြားmajorများတွင်လည်းရှာဖွေကြည့်လိုက်ပေမယ့်် EP,EC,IT majorသုံးခုလုံးသာရှာပြီးသွားသည်။
ရှိုင်းဇေယံနှင့်ဆင်တူသော နာမည်တစ်လုံးမှကိုရှာမတွေ့သေးပေ။

"သူမင်းကို ရှေ့ရက်တွေတုန်းက majorတွေနဲ့ပက်သတ်ပြီးဘာပြောသေးလဲ"

" သူ Civilလျှောက်ထားတယ်လို့ပဲပြောဖူးတယ်"

"Civilမှာလည်းမရှိဘူး"

"Mechanicalမှာကော"

"မရှိဘူး"

"ငါတို့ majorမှာကော"

မင်းစက်တစ်ယောက် ထပ်ပြီးကြိုးစားပမ်းစားနဲ့ရှာဖွေလိုက်သည်။

မင်းခန့်ထည်ကတော့ သူ့အခန်းဖော်လေးရောက်မယ့် majorကို အလွန်ပင်စိတ်ဝင်တစားဖြစ်နေတာကြောင့်အလျင်စလိုဖြစ်နေပေသည်။

မင်းစက်သာ ရှိုင်းဇေယံဆိုတဲ့ နာမည်ကို majorကိုးခုလုံးမှာရှာမတွေ့ခဲ့ဘူးဆိုရင် မင်းခန့်ထည်တစ်ယောက်ဖြစ်လာမယ့်စိတ်အခြေအနေကတော့ မတွေးရဲစရာပင်။ထို့ကြောင့်မင်းစက်ခမျာဖုန်း Screenကိုဆက်တိုက်ဆွဲချနေရင်းချွေးပျံလာရတော့သည်။

"ဒီမှာတွေ့ပြီ IMC 1 ရှိုင်းဇေယံတဲ့။သူကငါတို့majorကိုရောက်လာတာပဲ။မဟုတ်မှလွဲရောဆိုပြီး ငါထင်နေတဲ့အတိုင်းပဲ။ "

'ဟူး!!!!! တော်ပါသေးရဲ့ နာမည်ရှာတွေ့လို့ မဟုတ်လို့ကတော့ငါ့ရဲ့မရှိမယ့်ရှိမယ့်ဖုန်းလေးပါအခွဲခံရဖို့နီးနေပြီ'

"သူဘာလို့ ငါတို့majorရောက်လာတာလဲ။"

ထိုကျပြန်တော့လည်း မင်းခန့်ထည်ကနားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့မေးခွန်းထုတ်လာပြန်လေသော်မင်းစက်ကသူ့ရဲ့ဖုန်းလေးကိုပြန်ပိတ်လိုက်ကာ စိတ်အိုက်စွာဆိုသည်။

"ဘာဖြစ်လို့လဲ မင်းမပျော်ပြန်ဘူးလား"

"ငါပျော်တာမပျော်တာကကိစ္စမဟုတ်ဘူး။
ရှိုင်းဇေယံက Archiရသင့်တာကို ဘာလို့ငါတို့မေဂျာလဲ ?
ဒီကောင်လေးကကော ငါတို့မေဂျာရလို့ပျော်နေမှာတဲ့လား ငါ့အထင်တော့ သူ့ကိုmajorပြန်ပြောင်းဖို့ ငါတိုက်တွန်းသင့်တယ်ထင်တယ်"

ထိုအခါမင်းစက်ကသူ့ရဲ့ပါးစပ်လေးကိုဖွင့်ဟကာတစ်ခုခုပြောဖို့ပြင်လိုက်ပေမယ့်မင်းခန့်ထည်ရဲ့သုန်မှုန်နေတဲ့မျက်နှာကြီးကိုမြင်ပြီး သူဘာမှမပြောဖြစ်တော့ပေ။

မင်းခန့်ထည်ရဲ့ရင်ထဲမှာတော့ အတိုင်းမသိပျော်ရွှင်နေတဲ့စိတ်နဲ့ ထိုကောင်လေးက သူတို့majorကိုရောက်လာရလို့ ပျော်နေပါ့မလားဆိုတဲ့စိတ်နှစ်ခုဟာ ဒွန်တွဲယှဉ်တွဲနေလျက်။

ရှိုင်းကဒီမေဂျာကို သူတကယ်ပဲနှစ်သက်လို့ရောက်လာတာလားဆိုတဲ့အကြောင်းအရင်းမှန်ကိုလည်းမင်းခန့်ထည်တစ်ယောက်အတိုင်းထက်အလွန်သိချင်နေမိပေသည်။

အဘယ်ကြောင့်ဆိုသော် ရှိုင်းလိုအမှတ်မြင့်မြင့်နဲ့ဝင်လာတဲ့ကျောင်းသားတိုင်းဟာလူပြောများတဲ့ဘာသာရပ်တွေဖြစ်တဲ့ Civilနဲ့ Archiကိုမဝင်လျှင်စိတ်ဓာတ်ကျသွားတတ်ကြသည်။

ဌာနမှူးတွေကအစည်းအဝေးထိုင်ပြီး အမှတ်မြင့်တဲ့ကျောင်းသားတချို့ကိုသူတို့ majorတွေဆီဆွဲသွင်းခေါ်တတ်တာကြောင့်ဝါသနာမပါဘဲရောက်လာရတဲ့ကျောင်းသားတွေလည်းနှစ်စဥ်နှစ်တိုင်းရှိခဲ့သည်။

သူတို့စိတ်ဝင်စားမှုမရှိတဲ့ဘာသာရပ်တွေဆီရောက်သွားရတဲ့တချို့သောကျောင်းသားတွေကစိတ်လေသွားကြပြီးလမ်းလွဲသွားတာတွေကိုသူမြင်နေရတာကြောင့် မင်းခန့်ထည်ဟာရှိုင်းဇေယံအပေါ်majorကိစ္စနဲ့ပက်သတ်ပြီးစိုးရိမ်နေရခြင်းပေ။

ဒါ့ကြောင့် ရှိုင်းဇေယံကို majorပြန်ပြောင်းဖို့တိုက်တွန်းခြင်းဟာ သူလုပ်ကိုလုပ်ရမယ့်အမှန်ကန်ဆုံးလုပ်ရပ်တစ်ခုဖြစ်တယ်လို့
စီနီယာကြီးမင်းခန့်ထည်တစ်ယောက် သူ့ရဲ့စိတ်ထဲ၌ခိုင်ခိုင်မာမာပင်ကောက်ချက်ချလိုက်တော့သည်။

**********************************

List of nine engineering subjects

1.Architectural Engineering
2.Chemical Engineering
3.Civil Engineering
4.Information Technology Engineering
5.Electrical Engineering
6.Electrical Power Engineering
7.Mechanical Engineering
8.Mechatronics Engineering
9.Petroleum Engineering

*Major၉ခုနာမည်တွေသိအောင် Alphabetအလိုက်စီထားခြင်းဖြစ်ပါတယ်*

••••••••••••••••••••••••••••••••••••••••••••••••••

အခန္း(၁၀) - Please Take care me!

Zawgyi

[ဂ႐ုအစိုက္မခံလိုက္ရတဲ့အျပင္ စိတ္ပါအဆိုးခံလိုက္ရတယ္ ]

႐ိႈင္းေဇယံတစ္ေယာက္ အေတြးပင္လယ္ထဲမွာနစ္ေျမာေနစဥ္မွာပင္တစ္စုံတစ္ေယာက္ကအခန္းတံခါးကို အဆတ္မျပတ္ထု႐ိုက္ေနတာေၾကာင့္ သူခုတင္ေပၚကေနပ်င္းရိပ်င္းတြဲထလိုက္ကာ အခန္းတံခါးဆီသို႔သြားလိုက္၏။

ဘယ္သူလဲမသိဘူး....

သူတံခါး ဖြင့္ၾကည့္လိုက္ေတာ့အခန္းဝမွာ LEDမီးအိမ္ေလးနဲ႔မတ္တပ္ရပ္ေနေသာအကိုမင္းစက္ဆိုသူကိုေတြ႕လိုက္ရသည္။

မင္းစက္က အျဖဴေရာင္အလင္းေအာက္၌ထြက္ေပၚလာတဲ့႐ိႈင္းေဇယံရဲ႕မ်က္ႏွာေသးေသးေလးကိုျမင္ေတာ့သူ႕ရဲ႕မ်က္လုံးေတြထဲမွာအံ့အားသင့္တဲ့အရိပ္အေယာင္တို႔ျဖတ္ေျပးသြားၿပီးေနာက္ သူကရယ္ျပလာရင္းေမးလိုက္ေလသည္။

"ညီေလး မင္းခန္႔ေကာ"

"သူ မေရာက္ေသးဘူး"

"အဲ့အေကာင္ မနက္ထဲကအျပင္သြားတာအခုထိျပန္မလာေသးတာလား"

"ဟုတ္တယ္ အကိုမင္းစက္"

မင္းစက္ကမ်က္ေမွာင္ၾကဳတ္သြားၿပီးစိတ္တိုတဲ့ေလသံနဲ႔အတူထပ္ေျပာလာသည္။

"ဘာလားဒီေကာင္ သူ႕ရည္းစားနဲ႔သြားေတြ႕တာတဲ့လား ?"

"ဟုတ္ ဒီေန႔သူ႕ရည္းစားနဲ႔သြားေတြ႕မယ္လို႔ေတာ့ေျပာတယ္"

"ဟုတ္လား ဒီအခ်ိန္ႀကီးထိေတာင္ျပန္မလာေသးတာ ႏွစ္ေယာက္သားဘာေတြလုပ္ေနၾကလို႔တုန္း ! "

မင္းစက္က စိတ္တိုတိုနဲ႔ပါးစပ္ထြက္ရာဇြတ္ေျပာေနေပမယ့္ သူ႕ေ႐ွ႕ကေကာင္ေလးရဲ႕မ်က္ႏွာအေရာင္ကတစ္ျဖည္းျဖည္းနဲ႔ညိႇဳုးေလ်ာ္လာေနၿပီဆိုတာကိုသူသတိမထားမိလိုက္ေပ။

႐ိႈင္းေဇယံကေအာက္ႏႈတ္ခမ္းေလးကိုဖိကိုက္လိုက္ၿပီးေနာက္ ပြေရာင္းေရာင္းပြင့္႐ိုက္ဝမ္းဆက္ႀကီးနဲ႔မင္းစက္ကိုၾကည့္လိုက္ကာစိုးရိမ္မႈတို႔ေရာယွက္ေနတဲ့ေလသံနဲ႔တိုးဖ်စြာေမးလာခဲ့သည္။

"အကိုမင္းစက္ အကိုမင္းခန္႔ထည္ကိုဖုန္းဆက္ၾကည့္ၿပီးၿပီလား ?"

မင္းစက္ကသူ႕ရဲ႕ညာဘက္လက္၌ကိုင္ထားတဲ့ဖုန္းေလးကိုေကာင္ေလးျမင္ေအာင္ေျမႇာက္ျပလာရင္းစိတ္႐ႈပ္ေနတဲ့အသံတို႔ျဖင့္ျပန္ေျဖလာသည္။

"အကိုညေနတုန္းကတစ္ခါဆက္ေသးတယ္ ဖုန္းက စက္ပိတ္ထားတယ္ဆိုၿပီးေျဖေနလို႔"

"သူတစ္ခုခုမ်ားျဖစ္ေနတာလား မသိဘူး"

"မသိဘူးအကိုလဲ"

မင္းစက္ကေခါင္းတြင္တြင္ခါကာ လိုင္းေပၚကေနစာပို႔လိုက္ရင္းမင္းခန္႔ထည္နဲ႔အဆက္အသြယ္႐ွိႏိုင္မယ့္အျပင္ကစီနီယာေတြကိုလိုက္ပတ္ေမးၾကည့္ေနသည္။

ကီးဘုတ္ေပၚ၌တေတာက္ေတာက္နဲ႔စာ႐ိုက္လိုက္ရင္းဆက္ဆိုလာသည္။
"အကိုကအခုသူျပန္ေရာက္ေနၿပီထင္လို႔လာၾကည့္တာ အခုေတာ့ အကိုလည္းစိတ္မေအးႏိုင္ေတာ့ဘူး အေဆာင္ျပင္ထြက္႐ွာဖို႔ကလည္းအေဆာင္တံခါးကပိတ္သြားၿပီ"

"အရင္တုန္းကေကာ သူအေဆာင္ကိုျပန္မလာတာမ်ိဳးေတြ႐ွိလား သူ႕အိမ္ကိုျပန္သြားတာမ်ိဳးတို႔ေလ"

"အကိုသိသေလာက္ေျပာရရင္မင္းခန္႔ကေတာ္ေတာ္ေဝးတဲ့ၿမိဳ႕ကေနဒီကိုတစ္ေယာက္တည္းလာခဲ့တာ...
ၿမိဳ႕ထဲမွာေဆြမ်ိဳးေတြဘာေတြ႐ွိတယ္လို႔ေတာ့ ေျပာသံမၾကားမိဘူး ၿပီးေတာ့တစ္ခါမွလည္းအေဆာင္ကိုသတ္မွတ္ခ်ိန္အတြင္းျပန္မေရာက္တာမ်ိဳးလည္းမ႐ွိဖူးဘူး ဒါပထမဆုံးပဲ .."

"ဒုကၡပါပဲဗ်ာ သူဘယ္မ်ားေရာက္ေနတာလည္းမသိဘူး"

'ခမ်ားဘယ္ေတြေရာက္ေနတာလဲဗ်ာ
က်ေနာ္ေလခမ်ားကို လုံးဝလ်စ္လ်ဴ႐ႈထားခ်င္ေပမယ့္ လ်စ္လ်ဴ႐ႈထားဖို႔က်ျပန္ေတာ့လည္းတအားခဲယဥ္းလြန္းေနတယ္'

မင္းစက္လည္းစကားေျပာရင္းအခန္းထဲကိုေဝ့ၾကည့္လိုက္ေတာ့ အခန္းတစ္ခန္းလုံးက မဲေမွာင္ေနတာကိုျမင္လိုက္ရတာေၾကာင့္သူသိခ်င္စိတ္ျဖင့္ေမးၾကည္္႕လိုက္၏။

"ညီေလးအခန္းကေမွာင္ေနပါလား LEDမီးေတြဘာေတြ မ႐ွိဘူးလား"

"႐ွိတယ္အကို မထြန္းခ်င္တာနဲ႔ အေမွာင္ထဲမွာပဲအိပ္ေနတာ"

"ညီေလး တစ္ေယာက္တည္းျဖစ္ရဲ႕လား
အကို အေဖာ္ေနေပးရမလား"

"ဟုတ္ ရပါတယ္အကိုမင္းစက္ က်ေနာ္႕ေၾကာင့္အကို႔ကိုဒုကၡေပးသလို ျဖစ္ေနပါဦးမယ္"

"ရတယ္ အကိုလည္းအခန္းထဲမွာတစ္ေယာက္တည္းျဖစ္ေနတာ အကို႔အခန္းေဖာ္ကမနက္ကေျပာင္းသြားလို႔ေလ
ညီေလးစိတ္အေႏွာင့္အယွက္မျဖစ္ဘူးဆိုရင္ အကိုအေဖာ္ေနေပးမယ္ေလ ရလား ?"

"ဟုတ္ ဒါဆိုလည္းဝင္ခဲ့ေလ အကို"

႐ိႈင္းေဇယံကလည္းေဖာ္ေ႐ြစြာဆိုလိုက္ရင္းမင္းစက္အၾကံကိုသေဘာတူလိုက္ၿပီးေနာက္ အခန္းဝမွာပိတ္ရပ္ေနတဲ့သူ႕ရဲ႕ကိုယ္ေလးကိုတစ္ဖက္သို႔ေ႐ႊ႕ေပးလိုက္၏။

မင္းစက္အခန္းထဲကိုဝင္လာၿပီးတဲ့အခါ
ေမွာင္မဲေနတဲ့အခန္းငယ္ေလးက LEDမီးေလးေၾကာင့္ထိန္လင္းသြားခဲ့ေလၿပီ။

မင္းစက္က တစ္ဖက္ခုတင္ေပၚ၌တင္ပ်ဥ္ေခြထိုင္လိုက္ၿပီးတရစပ္စာ႐ိုက္ေနရင္းနဲ႔အလုပ္႐ႈပ္ေနကာ ႐ိႈင္းေဇယံကေတာ့အခန္းထဲ ႐ုတ္တရက္ေရာက္လာတဲ့သူစိမ္းေၾကာင့္အနည္းငယ္အေနၾကပ္ျဖစ္မိေလသည္။

မင္းစက္ကမူမင္းခန္႔ထည္ကိုအရမ္းစိတ္ပူေနတာေၾကာင့္က်န္တာေတြကိုေခါင္းထဲမထည့္ႏိုင္ဘဲျဖစ္ေနရကာ အေနၾကပ္တယ္ဆိုတာဂ်ိဳနဲ႔လားလို႔ေတာင္ျပန္ေမးလာမယ့္ပုံျဖင့္ အလြန္တရာသက္ေတာင့္သက္သာျဖစ္ေနခဲ့၏။

Messageဝင္လာတဲ့ Notiသံ တတင္တင္နဲ႔အခန္းထဲမွာဆူညံေနၿပီးေနာက္ မင္းစက္ရဲ႕စိတ္မ႐ွည္စြာစုတ္သပ္လိုက္သံကိုသူအတိုင္းသားၾကားေနရေလသည္။

အကိုမင္းစက္ဆိုသူကအသားညိဳညိဳနဲ႔ဆြဲေဆာင္မႈ႐ွိတဲ့ေယာက်ာ္းတစ္ေယာက္ျဖစ္ေပမယ့္လို႔ သူ႕ရဲ႕ထိုအ႐ွိန္အဝါေတြကိုသူ႕ႏႈတ္ကထြက္လာတဲ့ဗ႐ုတ္သုတ္ခနဲ႔ေထြရာေလးပါးစကားေတြက ဖ်က္လိုဖ်က္ဆီးလုပ္ေနခဲ့တယ္ဆိုတာကိုေတာ့ ကာယကံ႐ွင္ခမ်ာမသိ႐ွာခဲ့ေပ။

"ေတာက္!!!!!! ဒီေကာင္မေတြကလည္းအားအား႐ွိဒါပဲေျဖတတ္လားမသိဘူး
အေရးနဲ႔အေၾကာင္းနဲ႔ဆိုရင္ လူႀကီးမင္းနဲ႔ပဲပတ္တိုးေနတာ...
ေသာက္ဖုန္းလိုင္းေတြကအစ စုတ္ျပတ္သတ္ေနတာ ခ်ီးပဲ"

"စက္ပိတ္ထားတယ္တဲ့လား အကို"

"ေအး ဒီေကာင္ကြာ ! မဟုတ္မွလြဲေရာ ဒီေကာင္သူ႕ေစာ္ကိုမ်ား မသြားၿပီလားမသိဘူး"

မင္းစက္ရဲ႕အႀကိဳေဝဖန္သုံးသပ္ခ်က္မ်ားကို မင္းခန္႔ထည္သာၾကားရင္ေတာ့လား အရမ္းကိုသာယာခ်ိဳသာလြန္းတဲ့ အဆဲသံေလးေတြစီထြက္လာမည္မွာက်ိန္းေသေပါက္ပင္။

"ဟာ အကိုကလည္း မဟုတ္ႏိုင္ေလာက္ပါဘူး"

"အကိုလည္း မထင္ပါဘူး ဒါေပမယ့္အဆိုးဆုံးကိုႀကိဳေတြးထားရမွာပဲေလ ဒီေကာင္က မထင္ရင္မထင္သလိုလုပ္တတ္တာ ညီေလးမွမသိတာ"

မင္းစက္ရဲ႕ဘုမသိဘမသိနဲ႔လွ်ာ႐ိုးမ႐ွိတိုင္းေလွ်ာက္ေျပာလာတဲ့စကားေတြက ေကာ္ဖီေအးေတြနဲ႔မနည္းၿငိမ္းသတ္ထားရတဲ့႐ိႈင္းေဇယံရဲ႕ရင္ဘက္ထဲကအပူမီးေတာက္ကို ဓာတ္ဆီေတြေရာဒီဇယ္ေတြပါေလာင္းထည့္ေနတဲ့အျပင္ မီးၫြန္႔မီးလ်ံေတြတက္ေအာင္ပန္ကာနဲ႔ပါမႈတ္ေပးေနသကဲ့သို႔ မီးေလာင္ရာေလာင္စာထည့္ျဖစ္ေနသည္ကိုထိုပုဇြန္ဦးေႏွာက္ကမရိပ္မိျပန္ေပ။

႐ိႈင္းေဇယံရဲ႕မ်က္ႏွာကတျဖည္းျဖည္းနဲ႔ပ်က္ယြင္းလာခဲ့ကာ သူက LEDမီးေရာင္ကိုေက်ာေပးထားတာေၾကာင့္သူ႕ရဲ႕ထိုမူမမွန္တဲ့အမူအရာေတြကို အကိုမင္းစက္ဆိုသူက အေသးစိတ္ဖတ္ႏိုင္လိမ့္မည္မဟုတ္ေပ။

'သူတကယ္မ်ားအဲ့လိုလုပ္ခဲ့ရင္ေလ...သူ႕ခ်စ္သူနဲ႔ေပါင္းဖက္ရလို႔ဝမ္းေျမာက္ဝမ္းသာျဖစ္ေနမွာလား။ ဒါမွမဟုတ္ သူ႕ရဲ႕အဲ့လိုတဇြတ္ထိုးလုပ္ရပ္အတြက္ ငါဝမ္းနည္းေနမိမွာလား ။'

မင္းစက္ရဲ႕စနက္ေၾကာင့္႐ိႈင္းေဇယံမွာအေတြးလြန္သြားရ၍ ရစ္ပတ္႐ႈပ္ေထြးေနခ်ိန္တြင္
မင္းစက္ကေတာ့ မင္းခန္႔ထည္ခုတင္ေပၚ၌
ေက်ာခ်အိပ္လိုက္ရင္းဇိမ္က်ေနေလသည္။

မင္းခန္႔ထည္ကအသန္႔အရမ္းႀကိဳက္သလိုအေကာင္းႀကိဳက္တတ္တဲ့သူလည္းျဖစ္တာေၾကာင့္သူ၏ခုတင္ေပၚ၌သုံးထားတဲ့ေရျမႇဳပ္ကအေကာင္းစား Brandျဖစ္ၿပီးလုံးဝအိစက္ေနကာမင္းစက္တစ္ေယာက္အေတာ္ေလးသေဘာက်လို႔ေနသည္။

"အကို မင္းစက္"

"ေျပာေလ ညီေလး"

"က်ေနာ္႕ကိုေလ အကိုမင္းခန္႔ထည္အေၾကာင္းေျပာျပပါလား"

မင္းစက္လည္းပ်င္းရိေနရင္းက ႐ိႈင္းေဇယံေမးျမန္းလိုက္တဲ့အေၾကာင္းအရာေလးကို စိတ္ဝင္စားသြားတာေၾကာင့္ သူ႕ရဲ႕ႏႈတ္ခမ္းေထာင္္႕စြန္းတို႔ကအျမန္ႏႈန္းျဖင့္ေကြးတက္သြားရသည္။
သူ႕ရဲ႕အျပဳံးလိႈင္းေလးကအလြန္ပင္ျမန္ဆန္လြန္းတာေၾကာင့္႐ိႈင္းေဇယံေတာင္မဖမ္းမိလိုက္ေပ။

"ညီေလးက အဲ့ေကာင္အေၾကာင္းဘာလို႔သိခ်င္ရတာလဲ"

"အကိုမင္းခန္႔ထည္က က်ေနာ္႕အခန္းေဖာ္ေလ အနည္းဆုံးသူဘြဲ႕ရတဲ့အထိ က်ေနာ္တို႔အတူတူ တစ္ခန္းတည္း ျဖတ္သန္းရမွာဆိုေတာ့... က်ေနာ္ကက်ေနာ္႕အခန္းေဖာ္အေၾကာင္းကိုနဲနဲေလးပဲျဖစ္ျဖစ္ သိထားခ်င္လို႔ပါ
ကာယကံ႐ွင္ကို ကိုယ္တိုင္ေမးဖို႔က်ေတာ့မ်က္ႏွာပူစရာေကာင္းေနလို႔"

ဒီေကာင္ေလးရဲ႕အေၾကာင္းျပခ်က္ကေတာ့ အဆင္ေခ်ာေနတာပဲ။
ဘာေၾကာင့္မွန္းမသိ သူ႕ရဲ႕စုံေထာက္ဝင္စားတဲ့ဝမ္းတြင္းအသိစိတ္အရ ဒီေကာင္ေလးကတစ္ခုခုကိုဖုံးကြယ္ထားတယ္ဆိုတာသူခံစားေနရတယ္။

သူ႕ပုံစံေလးက အဓိကအေၾကာင္းအရာကိုေရးဖို႔အတြက္ အရင္နိဒါန္းပ်ိဳးလိုက္တဲ့ပုံစံမ်ိဳးေလးျဖစ္ေနတာကို အကဲခတ္ေတာ္တဲ့ မင္းစက္ကခ်က္ခ်င္းသိလိုက္ေပမယ့္
တကယ္တမ္းထိုညီေလးအမွန္တကယ္သိခ်င္တဲ့အရာကဘာလဲဆိုတာကိုေတာ့
သူအတြင္းက်က်မရိပ္မိခဲ့ေပ။

ဒီေကာင္ေလးအမွန္တကယ္သိခ်င္ေနတာကဘာလဲဆိုတာကိုေဖာ္ထုတ္ဖို႔အတြက္
အခ်စ္ဆုံးသူငယ္ခ်င္းႀကီးရဲ႕အတၳဳပၸတိေလးကို အပ်င္းေျပေဝမွ်ေပးဖို႔ရာဆုံးျဖတ္လိုက္ပါေတာ့သည္။  ထိုအေၾကာင္းေတြေဖာက္သည္ခ်လိုက္လို႔လည္းကာယကံ႐ွင္ျဖစ္တဲ့ဟိုေခြးေကာင္ကသူ႕ကိုအခုခ်က္ခ်င္းလာေျပးမ႐ိုက္ႏိုင္တာေၾကာင့္သူေပ်ာ္ေပ်ာ္ႀကီးကိုအားရပါးရေျပာပစ္ေပဦးမည္။

မင္းစက္က ခုတင္ေပၚမွာေက်ာ႐ိုးမ႐ွိသလိုမ်ိဳးလဲေလ်ာင္းေနရင္းကေနေငါက္ခနဲထထိုင္လိုက္ၿပီး ေခ်ာင္း၂ခ်က္ဟန္႔၍လည္ေခ်ာင္း႐ွင္းလိုက္ကာ႐ိႈင္းေဇယံ႐ွိတဲ့ဘက္သို႔မ်က္ႏွာမူလိုက္ေတာ့သည္။
သူ႕ရဲ႕ပုံစံကမသိလွ်င္ပညာ႐ွိႀကီးကစာခ်ေတာ့မည့္ဟန္ျဖင့္။

ထို႔ေနာက္ ကရားေရလြတ္ထြက္က်လာတဲ့မင္းစက္ရဲ႕စကားသံေတြကို ႐ိႈင္းေဇယံခမ်ာနားအူတဲ့အထိၾကားလိုက္ရေတာ့ေလသည္။

"အကို မင္းခန္႔နဲ႔စေတြ႕တုန္းက Compoundခန္းကေနစေတြ႕တာ။သူနဲ႔အကိုနဲ႔က Compoundတစ္ခန္းတည္းပဲ။ သူကေက်ာင္းစတက္တည္းက ေကာင္မေလးေတြၾကားမွာအရမ္းနာမည္ႀကီးတယ္။ "

"တခ်ိဳ႕စီနီယာမမေတြဆိုရင္ အကိုတို႔Compoundခန္းက ေစာ္ၾကည္ဘဲႀကီးကို တစ္ေန႔တစ္ေန႔လာလာေခ်ာင္းၾကတာအေမာ။ "

"အကိုတို႔ႏွစ္ေယာက္ ပခုံးခ်င္းယွဥ္ၿပီး Canteenသြားရင္လည္း အကိုဆို သူနဲ႔အတူတူမသြားရဲဘူးသိလား ေကာင္မေလးေတြဝိုင္းၾကည့္ၾကလြန္းေတာ့ အကိုဆိုတအား႐ွက္တာပဲ။အကို႔ကိုၾကည့္တာမဟုတ္ေပမယ့္ေပါ့ေလ"

တစ္ဖက္ခုတင္ေပၚက႐ိႈင္းေဇယံကလည္း
ကိုေလ႐ႊီးအားစိတ္ဝင္တစားျဖင့္ဝင္ေထာက္လာခဲ့သည္။

"အကိုမင္းခန္႔ထည္က အဲ့ေလာက္နာမည္ႀကီးတယ္လား"

"အင္း အကိုေျပာတာထက္ေတာင္ပိုေသးတယ္။"

"wow!!! တကယ့္SKBႀကီးပဲ"

"အင္း SKBႀကီးေလ ဒါေပမယ့္ညီေလးရာ အဲ့ေကာင္ကအေခ်ႀကီးတယ္သိလား။သူ႕accountကိုလာအပ္ၾကတဲ့ေကာင္မေလးေတြကိုေလ တစ္ေယာက္မွကို Confirmမလုပ္ဘူး။စိတ္႐ႈပ္လို႔တဲ့ေလ။အကိုနဲ႔မ်ားကြာပါ့ကြာ"

ထိုသို႔ဆိုကာဟြန္႔ခနဲႏွာေခါင္း႐ႈံ႕လိုက္ၿပီးေနာက္ သူ႕ရဲ႕လက္၂ဖက္ကိုအေပၚေအာက္ထား၍ေျမႇာက္ျပလာခဲ့ကာအေရာင္ေတာက္ေတာက္မ်က္လုံးေတြနဲ႔ၿမိန္ရည္ယွက္ရည္ကိုအတင္းတုပ္ျပန္ေလသည္။

"ၿပီးေတာ့အဲ့တုန္းက အဲ့အေကာင္ကတကယ့္လူ႐ိုး သူ႕ဆီမွာကြာ တကၠသိုလ္ဘုန္းႏိုင္ရဲ႕စာအုပ္ေတြမွ အထပ္လိုက္။ တစ္အုပ္တစ္အုပ္ကို ဆယ္ခါေလာက္ထိုင္ဖတ္တယ္။သူ႕ဆီမွာ႐ွိတဲ့စာအုပ္ေတြကိုဖတ္ရတာအားမရလို႔တဲ့ စာၾကည့္တိုက္မွာကဒ္သြားလုပ္ၿပီး ထပ္ငွားဖတ္တယ္။ "

"အတန္းကလည္းတက္လိုက္တာမေျပာနဲ႔
ခုံေတာင္မီးေတာက္ေတာ့မယ္ ဖင္ပူေအာင္ကိုထိုင္ၿပီးတက္ေနတာ။ သူ႕ကိုေၾကာင္ေနတဲ့မမေခ်ာေခ်ာေတြ ႐ြယ္တူေကာင္မေလးေတြမွအမ်ားႀကီး။ အကိုသာသူ႕ေနရာမွာဆို အမုန္းဆြဲပစ္လိုက္ၿပီ။ အဲ့ဒါကို ဒင္းကကန္းေနလို႔ မျမင္ဘူးေလ။တစ္ေန႔တစ္ေန႔စာကိုဖင္ကုန္းလုပ္ေနတာအေမာ။ စာမလုပ္ရင္ပဲ သူ႕ကိုသမၼတကေထာင္ခ်ေတာ့မယ့္ပုံနဲ႔။
တကယ့္ေကာင္ကြာ!"

သူ႕သူငယ္ခ်င္းႀကီးအေၾကာင္း စကားတစ္ခြန္းဆိုတိုင္းမင္းစက္ရဲ႕မ်က္ဝန္းေတြက အဓိပၸါယ္ေလးနက္လွေသာအေရာင္မ်ားနဲ႔ ဝင္းလက္လာခဲ့ေခ်သည္။

"အကို႔သူငယ္ခ်င္း မင္းခန္႔ထည္ကအဲ့တုန္းကဆိုရင္ အပူအပင္ေတြမ႐ွိဘဲ သူ႕ရည္မွန္းခ်က္ကိုပဲအာ႐ုံစိုက္ၿပီး လြတ္လြတ္လပ္လပ္ေပါ့ေပါ့ပါးပါးျဖတ္သန္းေန႐ွာတဲ့ အေႏွာင္အဖြဲ႕ေတြကင္းတဲ့ေကာင္ေလးတစ္ေယာက္ျဖစ္ခဲ့တာေပါ့။"

'ဒါေပမယ့္ ေနာက္ပိုင္းက်ေတာ့ ..... '

သူ႕ရဲ႕မ်က္ဝန္းေတြထဲမွာ အရင္တစ္ခ်ိန္တုန္းကၿပီးဆုံးခဲ့ၿပီျဖစ္တဲ့ ပုံရိပ္ေလးမ်ားကပူေႏြးစြာျပန္လႊမ္းမိုးလာခဲ့ရကာ ေနာက္ဆုံးစကားတစ္ခြန္းမွာေတာ့  မင္းစက္ရဲ႕အသံမ်ားက ဘာေၾကာင့္မွန္းမသိဝမ္းနည္းမႈမ်ားႏွင့္ေရာယွက္လာခဲ့သလိုပင္။

"ေမဂ်ာခြဲေတာ့လည္းအကို႔တို႔ကတစ္ေမဂ်ာတည္း က်တယ္။ Mechatronicsေမဂ်ာေလ။
မင္းခန္႔ကဒီေမဂ်ာကိုအရမ္းႀကိဳက္တာ။
အစကသူ ဒီေမဂ်ာကိုမႀကိဳက္ဘူးလို႔အကိုထင္ထားခဲ့တာ။
ဘယ္ဟုတ္မလဲ သူ႕အိမ္မက္က တစ္ေန႔သူက္ိဳယ္တိုင္စက္႐ုပ္အႀကီးစားႀကီးထြင္ၿပီးေတာ့ Civilေတြေဆာက္တဲ့တိုက္ေတြကိုၿဖိဳမလို႔တဲ့ေလ။"

"သူဘာလို႔အဲ့လိုေျပာလဲ ညီေလးသိလား? အဲ့ႏွစ္တုန္းကအကိုတို႔ေမဂ်ာကဗိုလ္လုပြဲမတက္ခင္ Civilေတြနဲ႔အရင္ကန္ရတာကို႐ႈံးသြားလို႔ေလ။သူကအဲ့တာကိုအၿငိဳးထားတာ ..
တကယ့္ကို ခပ္ဆိုးဆိုးအေကာင္ကြာ။ "

"တစ္ခါတစ္ေလ သူ႕ပုံစံက အေလးအနက္ထားတတ္တဲ့ပုံစံမေပါက္ေပမယ့္ သူရဲ႕ရင္ထဲမွာေတာ့အၿမဲတမ္းေလးနက္မႈေတြနဲ႔ျပည့္ႏွက္ေနခဲ့တယ္ဆိုတာ သူ႕BFFျဖစ္တဲ့အကိုကအသိဆုံးပဲ။ ၿပီးေတာ့ သူ႕အေၾကာင္းကိုေကာင္းေကာင္းသိတာ တစ္ေယာက္ထပ္႐ွိေသးတယ္။
သူနဲ႔က ေမဂ်ာခြဲမွအကိုတို႔ႏွစ္ေယာက္နဲ႔စသိတာ"

"အဲ့တစ္ေယာက္က ဘယ္သူလဲ အကိုမင္းစက္"

ထိုအခါမင္းစက္ရဲ႕မ်က္ေတာင္တို႔ကလႈပ္ခတ္သြားရၿပီး သူ႕ရဲ႕မ်က္လႊာေတြကေအာက္သို႔ၫြတ္က်သြားကာအျပဳံးေတြလည္းေပ်ာက္ကြယ္သြားရသည္။

"ညီေလးက သူ႕အေၾကာင္းသိခ်င္လို႔လား အကို႔အတြက္သူ႕အေၾကာင္းေတြကိုေျပာျပဖို႔ေတာ့ ခက္မယ္"

"ရပါတယ္ အကိုမေျပာခ်င္ရင္လည္း က်ေနာ္႕ကိုမေျပာျပပါနဲ႔"

႐ိႈင္းေဇယံကအားတုံ႔အားနာျဖစ္စြာအလ်င္အျမန္ဆိုလိုက္သည္။သို႔ေပမယ့္သူ႕ရဲ႕စိတ္ထဲမွာေတာ့အစိုင္အခဲေလးတစ္ခုျဖစ္သြားရ၏။

'ဘယ္သူလဲ အဲ့တစ္ေယာက္က။ 
ထားလိုက္ပါေတာ့...ငါသိခ်င္တာသူ႕အေၾကာင္းမွမဟုတ္တာ။
ငါတကယ္သိခ်င္တဲ့အေၾကာင္းအရာက်န္ေသးတယ္ေလ '

" ဒါနဲ႔ေလ အကိုမင္းခန္႔ထည္က Gayေတြကိုမုန္းတယ္ဆိုတာတကယ္လား  "

မင္းစက္တစ္ေယာက္တန္႔သြားကာခနတာတိတ္ဆိတ္သြားျပန္ေလသည္။
သူ႕ထံေမးလာတဲ့ ထိုညီေလးရဲ႕ေမးခြန္းေလးကိုၾကားတဲ့အခါ သူတစ္စုံတစ္ရာကိုသေဘာေပါက္သြားသည့္ဟန္ ႏႈတ္ခမ္းသားေလးေတြကို ခပ္ေရးေရးေလးတြန္႔ေကြးလိုက္သည္။

'ေကာင္ေလး ေနာက္ဆုံးေတာ့ မင္းတကယ္သိခ်င္တာ ဒါကိုလား'

"ညီေလးက ဒါကို ဘယ္လိုလုပ္သိခ်င္သြားတာလဲ။
ညီေလးကို မင္းခန္္႕အေၾကာင္း ဘယ္သူကဘာေျပာလိုက္လို႔လဲ"

မင္းစက္ကျဖည္းညင္းစြာတစ္လုံးခ်င္းေမးလိုက္၍မ်က္စိေ႐ွ႕ကေကာင္ေလးကိုမ်က္လုံးပင့္ၾကည့္လိုက္သည္။ထိုအခါေကာင္ေလးရဲ႕အၾကည့္ေတြကတစ္ဖက္သို႔လႊဲသြားကာ သူ႕ရဲ႕အၾကည့္ေတြကိုေ႐ွာင္ဖယ္သြားၿပီး ေရ႐ြတ္လာခဲ့သည္။

"အဲ့ဒါဆို မွန္ေနတာေပါ့"

"ဟိုးထားညီေလး..အကိုကမွန္တယ္လို႔မေျပာဘူးေနာ္။ အကိုသိတဲ့အေျဖေတြထဲမွာအဲ့အေျဖေတာ့ မ႐ွိေသးဘူး။
အဲ့ဒီအေျဖက ကာယကံ႐ွင္ျဖစ္တဲ့မင္းခန္႔ကိုယ္တိုင္ပဲ သိလိမ့္မယ္"

ထိုစကားၾကားေတာ့အေဝးကိုလြင့္သြားတဲ့ေကာင္ေလးရဲ႕အၾကည္္႕ေတြကသူ႕ဆီျပန္ေရာက္လာခဲ့ကာ ေတြေဝစြာေမးလာခဲ့သည္။

" အကိုမင္းစက္လည္း ဒီအေျဖကိုမသိဘူးေပါ့ "

"ညီေလး ေသခ်ာသိခ်င္ရင္အဲ့ေကာင္ႀကီးျပန္လာမွေမးၾကည့္ေလ"

မင္းစက္ကဆရာႀကီးစတိုင္နဲ႔မ်က္ခုံးပင့္လ်က္ဆိုလာေတာ့
႐ွိိဳင္းေဇယံကမင္းစက္အားအျပဳံးမမည္ေသာအျပဳံးေလးနဲ႔ျပန္စိုက္ၾကည့္လိုက္ေတာ့ေလသည္။

'ေအာ္...အဲ့လူကိုမေမးရဲလို႔ သူ႕သူငယ္ခ်င္းကိုတီးေခါက္ၾကည့္ပါတယ္ဆိုမွ သူကငါ့ျပန္ေမးခိုင္းေနတယ္။
ေသာ္တာေျပာသလိုသာဟိုတစ္ေယာက္ကေသာက္ရမ္းမုန္းေနရင္ေတာ့လား ေမးလိုက္တဲ့သူပါ အဗ်င္းခံရမယ့္ကိန္း။
႐ိႈင္းေဇယံေရ မင္းေတာ့အားကိုးမွားၿပီသိလား ? '

႐ိႈင္းေဇယံတစ္ေယာက္ သူ႕အေတြးနဲ႔သူ ခ်ာလည္ပတ္လည္႐ိုက္ေနခ်ိန္၌ မင္းစက္မွာမူ ခုတင္ေပၚမွာအျပဳံးကိုယ္ေတာ္ျဖစ္ေနေလၿပီ။

'ငါဒီမွာ စိတ္ဝင္စားဖို႔ေကာင္းတဲ့အနံ႔တစ္ခုခုရေနတယ္'

အခန္းထဲ၌ႏွစ္ေယာက္စလုံးသူ႕အေတြးနဲ႔သူျပည့္ႏွက္ေနရင္းႏွင့္ပင္ ႐ိႈင္းေဇယံရဲ႕အထီးက်န္ညေလးဟာ အခန္းထဲသို႔မဖိတ္ေခၚဘဲေရာက္လာတဲ့ဧည့္သည္နဲ႔အတူ ေရာက္တတ္ရာရာေျပာရင္းကုန္ဆုံးသြားခဲ့ေပသည္။

မနက္၆နာရီခြဲအခ်ိန္ေလာက္ေရာက္ေတာ့အခန္းတံခါးကိုတစ္စုံတစ္ေယာက္ကတဘုန္းဘုန္းနဲ႔လာထု႐ိုက္ေနသည္။
အခန္းထဲ႐ွိလူႏွစ္ေယာက္မွာေတာ့ ဘာအသံမွမၾကားတဲ့အလားတုပ္တုပ္မွ်မလႈပ္။

တံခါးေခါက္သံကပိုပိုၿပီးျမန္ဆန္လာတဲ့အခါ႐ိႈင္းကအရင္ဆုံးႏိုးလာ၍ဆတ္ခနဲထထိုင္လိုက္ၿပီးေဘးကခုတင္ေပၚသို႔ေဝ့ၾကည့္လိုက္ေလေသာ္ တေခါေခါနဲ႔ေဟာက္သံထြက္ေနသည့္အကိုမင္းစက္ကိုေတြ႕လိိဳက္ရေလသည္။

'အကိုမင္းစက္ ညကမျပန္ဘူးပဲ။
ဒါဆိုအျပင္မွာတံခါးေခါက္ေနတာက ဘယ္သူလဲ။'

႐ိႈင္းတံခါးနားေလးကို ျဖည္းျဖည္းခ်င္းတိုးကပ္သြားၿပီး တံခါးခ်က္ေလးကိုဖြင့္ကာအခန္းျပင္သို႔ၾကည့္လိုက္ေလေသာ္ မ်က္စိထဲတိုးဝင္လာတဲ့ျမင္ကြင္းကေတာ့ဘယ္ဘက္လက္ကိုအျဖဴေရာင္ပတ္တီးႏွင့္သိုင္းလြယ္ထားေသာ လူတစ္ေယာက္ရဲ႕ပုံရိပ္ပင္။

ထိူလူမွာတျခားလူမဟုတ္။
မေန႔ညကအေဆာင္ကိုျပန္မလာတဲ့အခန္းေဖာ္ႀကီး မင္းခန္႔ထည္ပင္ျဖစ္သည္။

"အကို ဘာျဖစ္လာတာလဲ!"

႐ိႈင္းေဇယံတစ္ေယာက္ မက်ယ္စဖူး က်ယ္ေလာင္ေသာအသံျဖင့္ေအာ္ေမးမိလိုက္သည္။ မင္းခန္႔ထည္လည္း ႐ိႈင္းေဇယံရဲ႕အသံက်ယ္က်ယ္ေလးကိုဒီတစ္ခါက်မွပထမဦးဆုံးအေနနဲ႔ၾကားဖူးေသးတာေၾကာင့္မ်က္လုံးေတြကျပဴးက်ယ္သြားၿပီး
သူ႕ရဲ႕လက္ညိႇဳးေလးကိုႏႈတ္ခမ္းေတြထက္သို႔တင္လိုက္ကာ ေလသံတိုးတိုးနဲ႔ဆိုသည္။

"႐ွဴး တိုးတိုး ညီ ေဘးအခန္းေဖာ္ေတြႏိုးသြားဦးမယ္"

"အခု အကို႔အေျခအေနကေဘးအခန္းကလူေတြႏိုးသြားမွာကိုေၾကာက္ေနရမယ့္အေျခအေနမဟုတ္ဘူး ကိုယ့္ကိုယ္ကိုလည္းျပန္ၾကည့္စမ္းပါဦး အကိုမင္းခန္႔ထည္!"

ေကာင္ေလးရဲ႕မာေရေၾကာေရစကားအတိုင္း ပတ္တီးေတြစည္းထားတဲ့လက္ကိုျပန္ငုံ႔ၾကည္္႕လိုက္တဲ့အခါ မင္းခန္႔ထည္ရဲ႕မ်က္ႏွာထက္မွာအျပဳံးတစ္ပြင့္ေပၚေပါက္လာရသည္။

"ညီ ကို႔ကိုတအားေတြစိတ္ပူေနပါလား"

"ဘယ္သူကစိတ္ပူေနလို႔လဲ"

"စိတ္မပူတဲ့လူက အကို႔ကိုအခန္းထဲေတာင္ေပးမဝင္ဘဲ အခန္းေ႐ွ႕မွာတင္ တျခားအခန္းေဖာ္ေတြႏိုးသြားမွာေၾကာက္တဲ့ ကို႔ကိုေဒါသထြက္ေနမလား"

မင္းခန္႔ထည္ထိုသို႔ေျပာလာမွပဲ႐ိႈင္းေဇယံခမ်ာပါးစပ္ေလးပိတ္သြားကာအသံတိတ္သြားေတာ့သည္။

ေကာင္ကေလးရဲ႕မ်က္ႏွာပါးပါးေလးထက္၌စေတာ္ဘယ္ရီသီးေရာင္ေလးဖ်က္ခနဲျဖတ္ေျပးသြားတဲ့ခ်စ္စရာေကာင္းတဲ့ပုံရိပ္ေလးကို မင္းခန္႔ထည္ဆိုတဲ့အၾကံသမားဟာတစ္ခ်က္ကေလးေတာင္အလြတ္မေပးခဲ့ဘဲသူ႕ရဲ႕မ်က္ဝန္းမ်ားႏွင့္ အဆက္မျပတ္ဖမ္းယူေနေခ်၏။

"အကို႔ကို အခန္းထဲ ေပးဝင္ဦးမွာလား ညီ"

ထို႔ေနာက္႐ိႈင္းေဇယံကစကားတစ္ခြန္းမွျပန္မေျပာလာေတာ့ဘဲ တံခါးကိုသာေစာင့္တြန္းဖြင့္လိုက္ၿပီးေနာက္ ေက်ာခိုင္းလ်က္ျပန္ဝင္သြားေတာ့သည္။

ထိုေကာင္ေလး သူ႕ကိုစိတ္ဆိုးသြားၿပီမွန္းမင္းခန္႔ထည္တစ္ေယာက္အတပ္သိလိုက္ၿပီမို႔
သူမရယ္မိဘဲမေနႏိုင္ေပ။

မင္းခန္႔ထည္ရဲ႕မ်က္ဝန္းေတြထဲမွာ ခ်ာတိတ္ေလးရဲ႕အိပ္ရာႏိုးခါစဆူပုပ္ပုပ္ပုံစံေလးဟာျပည့္ႏွက္စြာေနရာယူထားၿပီးညိႇဳ႕ငင္သိမ္းပိုက္ထား၏။

'အကယ္၍သူ႕လက္သာ ပတ္တီးမစည္းထားဘူးဆိုရင္ ဒီေကာင္ေလးရဲ႕ပါးနီနီေလးေတြကို ဖ်စ္ညႇစ္ၿပီးေနေလာက္ၿပီ'

မင္းခန္႔ထည္ဟာ ၾကည္ႏူးမဆုံးတျပဳံးျပဳံးနဲ႔အခန္းထဲသို႔ေျမာက္ႂကြေျမာက္ႂကြနဲ႔ဝင္လာၿပီးေနာက္ ေဘးဘီကိုေသခ်ာၾကည့္လိုက္တဲ့အခါ သူ႕ခုတင္ေပၚမွာအခန္႔သားဇိမ္က်ေနသည့္ ခ်စ္ရပါေသာသူငယ္ခ်င္းႀကီးအားေတြ႕လိုက္ရသည္ႏွင့္တၿပိဳင္နက္သူ႕ရဲ႕မ်က္ႏွာကတမဟုတ္ခ်င္းမဲေမွာင္သြားေလ၏။

"ဒီ သူေတာင္းစားက ဒီမွာဘာလုပ္ေနတာလဲ"

သူမ်က္ခုံးပင့္လ်က္ေ႐ြ႐ြတ္လိုက္ၿပီးေနာက္ မင္းခန္႔ထည္ရဲ႕ညာဘက္ေျခေထာက္က ခုတင္ေပၚ႐ွိ မင္းစက္ရဲ႕တင္ပါးလုံးလုံးနဲ႔ခ်က္ခ်င္းမိတ္ဆက္သြားေတာ့ေလသည္။

"ေအာင္မေလး ေသပါၿပီဗ်!!!"

ဒီမနက္တြင္ေတာ့ အေနာ္ရထာေဆာင္တစ္ခုလုံး နားစည္ကြဲေတာ့မည့္အေရးကိုႀကိဳတင္ျမင္ေယာင္ေနၿပီျဖစ္သည္။

သူတို႔ႏွင့္ေဘးခ်င္းကပ္လ်က္႐ွိေနေသာ အခန္းေဖာ္မ်ားရဲ႕အျဖစ္ဟာဆိုရင္
မနက္ေစာေစာစီးစီးငွက္ဆိုးထိုးသံထက္ ဆိုး႐ြားလွတဲ့အသံနက္ႀကီးကိုနားဆင္လိုက္ရတာေၾကာင့္အင္မတန္ကိုမွသနားစရာေကာင္းလြန္းလွေပ၏။

"မင္းက ဘာကိစၥဒီအခန္းထဲေရာက္ေနတာလဲ !"

တင္ပါးအသားႏုႏုေလးကိုထိပါးခံလိုက္ရတဲ့မင္းစက္ဟာ သူ႕ရဲ႕အဖိုးတန္ေလးေတြကိုဖြဖြေလးပြတ္သပ္လိုက္ရင္းေျခေဆာင့္ကာေအာ္ေျပာလာခဲ့ေလသည္။

"ငါ မေန႔ညကအေဆာင္မွာ မီးပ်က္ေနလို႔ ညီေလး႐ိႈင္းေဇယံနဲ႔အေဖာ္လာေနေပးတာေလ။အဲ့တာငါမွားလား !!!"

မထြက္တဲ့မ်က္ရည္ကိုအတင္းညႇစ္ခ်ရင္းေျပာဆိုၿပီးတဲ့ေနာက္ မင္းခန္႔ထည္ရဲ႕ ပတ္တီးစည္းထားတဲ့ဘယ္ဘက္လက္ကိုျမင္လိုက္ရေလေသာ္ စိတ္မွတ္မ႐ွိစြာအပူတျပင္းေမးလိုက္ေလသည္။

"သားႀကီး မင္းလက္ကဘာျဖစ္တာလဲ"

မင္းခန္႔ထည္ကမင္းစက္အေမးကိုဂ႐ုမစိုက္ပဲ႐ိႈင္းေဇယံဘက္လွည့္ကာမေက်မနပ္ဆိုလိုက္၏။

"ညီ ဘာလို႔ ဒီအေကာင္ကို အခန္းထဲေပးဝင္တာလဲ"

ခုတင္ေပၚမွာလက္ေလးပိုက္ကာငုတ္တုတ္ေလးထိုင္ေနေသာ႐ိႈင္းေဇယံကေတာ့ဘာမွျပန္မေျပာဘဲ မင္းခန္႔ထည္စကားကို မၾကားခ်င္ေယာင္ေဆာင္ေနေပသည္။

"ေဟ့ေရာင္ အခုအဲ့ကိစၥကအေရးမႀကီးဘူး မင္းလက္ကဘာျဖစ္တာလဲဆိုတာေျပာျပစမ္းပါကြာ"

"ဘာမွအေထြအထူးမျဖစ္ဘူး အေရးႀကီးခြင္က်ယ္မလုပ္စမ္းနဲ႔ "

မင္းခန္႔ထည္ရဲ႕ထိုစကားဆုံးေတာ့ ႐ိႈင္းေဇယံကမင္းခန္႔ထည္ဘက္ကို တစ္ခ်က္ကေလးေတာင္လွည့္မၾကည့္ေတာ့ဘဲ အခန္းျပင္သို႔ခ်ာခနဲလွည့္ထြက္သြားေတာ့သည္။

"ညီ!!!"

မင္းခန္႔ထည္လည္းေျပာစရာစကားတို႔ေပ်ာက္႐ွသြားရၿပီးေနာက္ ဟူးခနဲသက္ျပင္းခ်လ်က္ ခုတင္ေပၚသို႔စိတ္ပ်က္လက္ပ်က္ထိုင္ခ်လိုက္တာကို မင္းစက္က မတ္တပ္ရပ္လ်က္အေနအထားျဖင့္ၾကည့္ေနရင္းအကဲခတ္ေနခဲ့သည္။

"ကဲ ေျပာေတာ့ မင္း အခန္းေဖာ္႐ွိေနလို႔ ငါ့ကိုမေျပာခ်င္တဲ့အေၾကာင္းေလးေတြ ဘာျဖစ္လာတာလဲ အဲ့လက္က"

"မေန႔ကကားေပၚကဆင္းေတာ့ ဆိုင္ကယ္ဝင္က်ံဳးခံရတာ"

"မင္းမေန႔က ျဖဴစင္ေသာ္နဲ႔ခ်ိန္းထားလို႔သြားတာဆို မင္းဒီလိုျဖစ္တာဟိုမိန္းမေကာ သိလား"

"မသိဘူး သူျပန္သြားၿပီးမွျဖစ္တာ။
ငါဘုရားကေနနံပါတ္၈ကားစီးၿပီးျပန္လာေတာ့ ႐ုပ္႐ွင္႐ုံမွတ္တိုင္မွာ မီးပြိဳင့္မိလို႔ ေနာက္ကားစီးဖို႔ကမမ္းကတန္းဆင္းလိုက္တဲ့အခ်ိန္ေနာက္ကေနဝင္လာတဲ့ ဆိုင္ကယ္ကိုငါမျမင္လိုက္ဘူး။ "

"ဆိုင္ကယ္ကငါ့ကိုအ႐ွိန္နဲ႔ဝင္က်ံဳးေတာ့ အဲ့နားမွာ ႐ုတ္႐ုတ္သဲသဲျဖစ္သြားတယ္ကြာ။
ငါကဘာမွမျဖစ္သလိုပဲထားၿပီး ျပန္လာမလို႔ပဲ။အဲ့အခ်ိန္မွာရဲေတြပါေရာက္လာေတာ့ ငါကေက်ေအးေပးတဲ့အေနနဲ႔ ဆိုင္ကယ္သမားကို ေဆး႐ုံကိုလိုက္ပို႔ခိုင္းလိုက္တာ။"

"ေဆး႐ုံေရာက္ျပန္ေတာ့လည္း ငါ့ကိုဆရာဝန္ကေတာ္ေတာ္နဲ႔ေပးမျပန္ဘူး။
အဲ့တာနဲ႔ ေဆး႐ုံမွာတစ္ညအိပ္လိုက္ရတယ္။ ဆရာဝန္ကဓာတ္မွန္ေတြဘာေတြ႐ိုက္ဖို႔က်န္ေသးတယ္လို႔ေတာ့ဆိုတာပဲ။
ငါလည္း ျပန္လာခ်င္ေဇာနဲ႔ဓာတ္မွန္႐ိုက္မယ့္အထိမေစာင့္ေတာ့ဘဲ အေစာဆုံးကားနဲ႔ျပန္ခ်လာလိုက္တာ။"

မင္းခန္႔ထည္ရဲ႕အၾကည့္ေတြကပြင့္လ်က္သားက်န္ရစ္ခဲ့တဲ့အခန္းတံခါးဝဆီေရာက္သြားၿပီးေနာက္စိတ္ညိႇဳးငယ္စြာထပ္ေျပာလာသည္။

"ငါကသာ အေဆာင္ကိုျပန္လာခ်င္ေဇာႀကီးေနတာ။
ငါျပန္ေရာက္လာေတာ့လည္း သူကငါ့ကိုစိတ္ဆိုးသြားျပန္ၿပီ သူငါ့ကို နဲနဲေလးေတာင္ စိတ္မပူဘူးလားမသိဘူး"

မင္းစက္ကသက္ျပင္းခ်လ်က္မင္းခန္႔ထည္ရဲ႕ပခုံးတစ္ဖက္ကိုဆြဲကိုင္လာကာ
"လူတစ္ဖက္သားကို ကို႔သေဘာနဲ႔ကိုယ္ ေတြးလို႔မရဘူးေလ"

"မင္းဆိုလိုခ်င္တာက သူကငါ့ကိုစိတ္ပူတယ္ေပါ့"

"သူ႕စိတ္ထဲမွာ ဘာ႐ွိလဲဆိုတာငါကဘယ္လိုလုပ္သိမွာလဲ ဒါေပမယ့္ မေန႔ညက သူတစ္ညလုံးမအိပ္ဘူးဆိုတာေတာ့ငါသိတယ္။"

"ၿပီးေတာ့ ငါ့ဆီကေန မင္း ph no.ေတာင္းၿပီး တစ္ညလုံးေတာက္ေလွ်ာက္ဆက္ေနတာ။
အဲ့လိုလုပ္ေနတဲ့ ႐ိႈင္းေဇယံက မင္းကို စိတ္ပူေနလား စိတ္မပူေနဘူးလား ဆိုတာ
မင္းဘာသာမင္းေတြးၾကည့္ေပါ့"

ထိုအခါက်မွ မင္းခန္႔ထည္တစ္ေယာက္ငူငိုင္ေနရင္းမွသူ႕ဖုန္းကိုကျပာကယာျပန္ထုတ္ၾကည့္မိေတာ့သည္။

"Shit!! ေသာက္ဖုန္းက powerက်ေနတာပဲ။"

အေျဖကေပၚသြားခဲ့ေလၿပီ။

တကယ္ေတာ့မင္းခန္႔ထည္ရဲ႕ဖုန္းက မေန႔ကaccidentျဖစ္တဲ့အခ်ိန္ျပဳတ္က်သြားတဲ့အ႐ွိန္ေၾကာင့္ powerပိတ္သြားခဲ့ျခင္းေပ။

မေန႔ညကတစ္ညလုံး ေဆး႐ုံကသြင္းလိုက္တဲ့ေဆးအ႐ွိန္ေၾကာင့္ အိပ္ေပ်ာ္သြားခဲ့တာမို႔သူ႕phone powerက်ေနမွန္း သူအခုမွသိျခင္းျဖစ္သည္။

သူဖုန္းကို powerဖြင့္ေနတဲ့အခ်ိန္တစ္ေလွ်ာက္လုံး သူ၏ရင္အစုံဟာအဘယ္ေၾကာင့္မွန္းမသိတဒုတ္ဒုတ္နဲ႔ခုန္လႈပ္လို႔ေန၏။

"power ပြင့္သြားၿပီ"

"ေတာ္ေသးတာေပါ့ ဖုန္းပါဘာမွမျဖစ္လို႔"

ဖုန္း Screenထက္ကအနီေရာင္ Missed callတန္းေလးေတြကိုၾကည့္ေနရင္းနဲ႔မင္းခန္႔ထည္ဟာအ႐ူးတစ္ေယာက္လိုျပဳံးမိသြားရသည္။

'ညီ ကို႔ကိုစိတ္ပူေနခဲ့တာပဲ'

မင္းစက္ကအ႐ူးလိုျပဳံးေနတဲ့မင္းခန္႔ထည္အားနားမလည္စြာငုံ႔ၾကည့္လာၿပီးေနာက္
သူလက္ေျမႇာက္လိုက္ကာ ေခါင္းသာခါမိေလသည္။

'ဒီေကာင္ဘာျဖစ္ေနတာလဲ'

" မင္းျပဳံးေနတာႀကီးကို ေတာ္လိုက္ေတာ့ေဟ့ေကာင္ ငါဆက္ၾကည့္မေနႏိုင္ေတာ့ဘူး။
တစ္ခုခုအကူအညီလိုရင္ငါ့ကို ဖုန္းဆက္ေခၚလိုက္ေနာ္။"

သူသာထိုသို႔ဂ႐ုတစိုက္နဲ႔မွာၾကားေနေသာ္လည္းသေကာင့္သားကနား႐ြက္မခတ္လာတာေၾကာင့္ဟမ့္ဆို၍ခပ္ေထ့ေထ့တစ္ခ်က္ေလွာင္ရယ္ရယ္လိုက္ၿပီးေနာက္

"ငါ့အခန္းကိုျပန္ၿပီးအိပ္တာပဲေကာင္းပါတယ္ကြာ။ "ဟုဆိုကာ
အခန္းျပင္သို႔လွည့္ၾကည့္လွည့္ၾကည့္နဲ႔ထြက္သြားေတာ့ေလသည္။

သူ မထြက္သြားေသးခင္ အခန္းထဲသို႔ေခါင္းျပဴၾကည့္လ်က္ေအာ္ေျပာသြားေသးေလ၏။

"သြားၿပီေနာ္ ဟိတ္ေကာင္။
မင္းအခန္းေဖာ္ေလးလာရင္ ေခ်ာ့လိုက္ဦး"ဟူ၍။

မင္းခန္႔ထည္ကေတာ့ မင္းစက္ထြက္သြားမွန္းသိေတာင္မသိလိုက္ေပ။

ဆယ္ႏွစ္ေက်ာ္ၾကာကြဲကြာသြားတဲ့အခ်စ္ဦးနဲ႔ျပန္ဆုံေတြ႕လိုက္ရသလိုမ်ိဳး ဖုန္းစခရင္မ္ကိုသာေႏွာင္းေျမ့နက္႐ိႈင္းတဲ့အၾကည့္မ်ားႏွင့္မခြဲႏိုင္မခြာရက္ၾကည့္ေနခဲ့တဲ့မင္းခန္႔ထည္ဟာဆိုရင္လုံးဝ႐ူးသြပ္သြားခဲ့ၿပီျဖစ္သည္။

အခန္းျပင္ကိုထြက္သြားတဲ့မင္းစက္ကေတာ့ မင္းခန္႔ထည္ရဲ႕ထိုပုံစံကိုသူ႕ေခါင္းထဲမွာ ျပန္ေတြးမိလိုက္တိုင္းအူတက္မိကာႀကိတ္ခြီေနေပသည္။

'ဒီဘာမဟုတ္တဲ့ missed callေလးေတြကမင္းဆိုတဲ့ေကာင္ကိုဒီလိုမ်ိဳးျပဳံးလာေအာင္လုပ္ႏိုင္တယ္ဆိုကတည္းက မင္း႐ူးေနၿပီဆိုတာေသခ်ာေပါက္ပဲ '

================================

ေနာက္တစ္ေန႔ေက်ာင္းေရာက္ေတာ့ျဖဴစင္ေသာ္ကမင္းခန္႔ထည္လက္ေပၚကပတ္တီးကိုၾကည့္ၿပီးသူမရဲ႕မ်က္ႏွာေလးမွာျဖဴေဖ်ာ့လာရေတာ့သည္။

"ေမာင္ လက္ကဘာျဖစ္လာတာလဲ!!!"

သူမကထိခိုက္ထားတဲ့မင္းခန္႔ထည္ရဲ႕လက္တစ္ဖက္ကိုထိဖို႔ျပင္လိုက္ေတာ့ မင္းခန္႔ထည္ကေ႐ွာင္ဖယ္လိုက္ၿပီးတစ္ဖက္ကိုေငးၾကည့္ေနရင္းသာမန္ကာလွ်ံကာသာဆိုလာသည္။

"ဟိုေန႔က ဘုရားသြားၿပီးျပန္လာေတာ့ ဆိုင္ကယ္တိုက္မိတာ"

"ဘာလို႔ ျဖဴ႕ကို ဘာမွမေျပာတာလဲ"

"ျဖဴ ဒီလို..စိတ္ပူေနမွာစိုးလို႔"

"ပူတာေပါ့. . . ျဖဴစိတ္ပူတာေပါ့ေမာင္ရယ္။ ေမာင္ကျဖဴ႕ခ်စ္သူေလ။
ျဖဴအခ်စ္ရဆုံးသူေလ။
အဲ့လိုလူကိုျဖဴကစိတ္ပူတယ္ဆိုတာ ျဖစ္သင့္တာပဲမဟုတ္ဘူးလား ?"

ငိုသံစြက္လာတဲ့သူမေလးရဲ႕အသံကိုၾကားေတာ့မွမင္းခန္႔ထည္ကလွည့္ၾကည့္လာကာတုန္ယင္ေနတဲ့ သူမရဲ႕လက္ဖဝါးေလးတစ္ဖက္ကိုဆုပ္ကိုင္ေပးထားလိုက္သည္။

"ကို ဘာမွမျဖစ္ဘူး စိတ္မပူနဲ႔ေတာ့ေနာ္။ ကို႔ေၾကာင့္ တစ္ဖက္လူစိတ္မေကာင္းျဖစ္သြားရတာမ်ိဳးေတြကို ကိုမႀကိဳက္မွန္းလည္းျဖဴသိရဲ႕သားနဲ႔ ..."

ျဖဴစင္ေသာ္ကမင္းခန္႔ထည္ရဲ႕ေႏြးေထြးၾကမ္း႐ွေသာလက္ဖဝါးျပင္ကိုျပန္အုပ္ကိုင္လိုက္ၿပီး ေနာက္ သူမစိတ္တို႔ကျပန္တည္ၿငိမ္သြားေတာ့သည္။

"အင္းပါ ေမာင္ မႀကိဳက္တဲ့အရာေတြကိုျဖဴမလုပ္ေတာ့ပါဘူး
ေနာက္ဒီလိုထပ္မျဖစ္ေတာ့ေအာင္ ဂ႐ုစိုက္ပါ့မယ္လို႔ေတာ့ ျဖဴ႕ကိုကတိေပးရမယ္"

"ေပးတယ္"

"ကတိေနာ္"

"အင္း ကတိ"

ျဖဴစင္ေသာ္နဲ႔မင္းခန္႔ထည္တို႔ရဲ႕လက္သန္းေလးေတြက တစ္ေယာက္နဲ႔တစ္ေယာက္ခိုင္မာစြာယွက္သန္းလို႔ေနလ်က္။

မေသခ်ာေသးတဲ့အနာဂတ္မွာေကာ မင္းခန္႔ထည္က ျဖဴစင္ေသာ္အနားမွာထာဝရေနထိုင္သြားၿပီးဒီလိုမ်ိဳးကတိေတြထပ္ေပးႏိုင္ဦးမလားဆိုတာ လူသားေတြကို သူလိုရာႀကိဳးဆြဲကေနတဲ့ကံၾကမၼာကသာအသိဆုံးျဖစ္ေပလိမ့္မည္။

မင္းခန္႔ထည္တစ္ေယာက္ ေက်ာင္းသားေရးရာအေ႐ွ႕ဘက္႐ွိလမ္းေလးအတိုင္းတိတ္ဆိတ္ၿငိမ္သက္စြာ တကိုယ္တည္းေလွ်ာက္လွမ္းေနတဲ့ပုံစံမွာအသိစိတ္ကင္းမဲ့ေနတဲ့အ႐ူးတစ္ေယာက္ကဲ့သို႔ပင္။
ဤသည္ကိုသူ႕အေနာက္ကေနျဖည္းျဖည္းခ်င္းလိုက္ေနတဲ့ မင္းစက္ကေတာ့မူမမွန္ေၾကာင္းသတိထားမိတာေၾကာင့္ သူေအာ္ေခၚလိုက္သည္။

"ဟိတ္ေကာင္ မင္းခန္႔"

"မင္းခန္႔ထည္"

"သားႀကီးေရ"

"မင္းခန္႔ သူေတာင္းစားေရ ငါေခၚတာၾကားလားဟ"

သူသာ ဒီေန႔လိပ္ေခါင္းထြက္ၿပီးအသံသာဝင္သြားမယ္ ဒီအေကာင္နားေပါက္ကကန္းေနၿပီျဖစ္တာေၾကာင့္ၾကားမယ့္ပုံမေပၚေပ။
ေဘးနားကေနျဖတ္သြားတဲ့တခ်ိဳ႕ေသာေက်ာင္းသားေတြကသူ႕အားမႏွစ္ၿမိဳ႕တဲ့အၾကည့္ေတြနဲ႔လွည္္႕ၾကည့္သြားၾကတာေၾကာင့္ဝိုင္းအ႐ိုက္မခံရေအာင္သူအတတ္ႏိုင္ဆုံးဖ်စ္ညစ္ျပဳံးျပလိုက္ရေလသည္။

သူ႕အသံကို အေ႐ွ႕ကနားပင္းကသာမၾကားတာ တျခားလူေတြအကုန္ၾကားလို႔
သုံးထပ္ေဆာင္ေပၚကလူေတြေတာင္သူ႕ကို ဝိုင္းၾကည့္လာၾကေလၿပီ။

မင္းစက္တစ္ေယာက္ေနာက္ဆုံးေတာ့စိတ္မ႐ွည္ေတာ့ဘဲ မင္းခန္႔ထည္ရဲ႕ေခါင္းကိုခပ္ျပင္းျပင္းတစ္ခ်က္တီးထည့္ေပးလိုက္ေလ၏။

"_ီးျဖစ္ေနတာလား ! မင္းက !"

"ေနာက္ဆုံးေတာ့ အသိျပန္ဝင္လာၿပီပဲ ငါ့ကိုေတာင္ဆဲဖို႔သတိရေသးတယ္ဆိုေတာ့ေလ"

မင္းခန္႔ထည္ကမ်က္ေထာက္နီႀကီးနဲ႔စိုက္ၾကည့္လာၿပီးေနာက္သူ႕အားေဒါသထြက္ကာႀကိမ္းေမာင္းလာခဲ့သည္။
"မင္းဘာကိစၥ ငါ့ေခါင္းကိုလာ႐ိုက္တာတုန္း မင္းမွာပါးစပ္မပါဘူးလား ေကာင္းေကာင္းေခၚပါလား"

'WTF!! Bro WTF !!'

'က်ေနာ္မ်ိဳးသာေကာင္းေကာင္းမြန္မြန္ေခၚေနလို႔ကေတာ့ ဘဝသာကူးသြားမယ္ ေခြးေကာင္မင္းကၾကားမွာမို႔လို႔လား !!! '

မတရားအေျပာခံလိုက္ရတဲ့မင္းစက္မွာလိမ့္တက္လာတဲ့ေဒါသေတြကိုစိတ္ေကာင္းေလးထားကာျပန္ၿမိဳခ်လိုက္ေလသည္။

"ငါေကာင္းေကာင္းမြန္မြန္ေခၚေနတာကို မင္းသာမၾကားတာ သုံးထပ္ေဆာင္ေပၚကလူေတြေတာင္ၾကားလို႔ ပတ္ဝန္းက်င္ဆူညံမႈနဲ႔
ငါ့ကိုဝိုင္း႐ိုက္ၾကေတာ့မယ္သိလား"

"ဝိုင္း႐ိုက္ေတာ့လည္း ခံလိုက္ေပါ့"

"ေအး ငါလည္းေနာက္ဆို မင္းကိုသတိျပန္ဝင္လာေအာင္မလုပ္ေပးေတာ့ဘူး ကားတိုက္ၿပီးဂန္႔သြားတဲ့အထိ လႊတ္ထားၿပီးလက္ပိုက္ၾကည့္ေနေတာ့မွာ"

"ေသာက္ေရးမပါတာေတြ မေျပာစမ္းနဲ႔ကြာ"

မင္းခန္႔ထည္ကတကယ္ႀကီးကိုေဒါသထြက္ေနၿပီျဖစ္တာေၾကာင့္ မင္းစက္လည္းရန္မစရဲေတာ့ဘဲစကားလမ္းေၾကာင္းလႊဲလိုက္ေတာ့သည္။

"မင္း ဘယ္သြားမလို႔လဲ"

"Archi ေဆာင္"

"ျဖဴစင္ေသာ္ကိုသြားေတြ႕မလို႔လား"

"မဟုတ္ဘူး ျဖဴနဲ႔ေတြ႕ၿပီးၿပီ ႐ိႈင္းေဇယံကိုသြား႐ွာမလို႔"

"႐ိႈင္းေဇယံက Compoundခန္းမွာ႐ွိမွာေပါ့ ဘယ္လိုလုပ္Archiေဆာင္မွာ႐ွိမွာလဲ"

First yearေတြကေမဂ်ာခြဲတဲ့စာရင္းမထြက္လာေသးမခ်င္း Compoundခန္းထဲမွာပဲ႐ွိေနမွာျဖစ္တာေၾကာင့္ မင္းခန္႔ထည္ကထိုေကာင္ေလးကိုေတြ႕ဖို႔ Archiေဆာင္ကိုဘာလို႔သြားလဲဆိုတာသူဘယ္လိုေတြးေတြးနားမလည္ႏိုင္ေအာင္ျဖစ္ရသည္။ မင္းခန္႔ထည္ကမင္းစက္ရဲ႕အေတြးေတြကိုသိေနတာေၾကာင့္ထပ္ေျပာလာသည္။

"ငါ Compoundခန္းသြားၿပီးၿပီ ႐ိႈင္းေဇယံမ႐ွိဘူး သူသြားတတ္တဲ့ေနရာဆိုလို႔ Archi ေဆာင္ပဲ႐ွိတယ္"

"မင္းခန္႔ မင္းဘာျဖစ္ေနတာလဲသားႀကီး 
မင္းကိုၾကည့္ရတာစိတ္ေတြ႐ႈပ္ေနသလိုပဲ
ဒီလိုျဖစ္ေနရတဲ့အေၾကာင္းရင္းနဲ႔ပက္သတ္ၿပီး မင္း ငါ့ကိုေျပာျပခ်င္လား"

ထို႔ေနာက္ မင္းစက္တစ္ေယာက္ မင္းခန္႔ထည္ကို ေက်ာင္းသားေရးရာ႐ွိေက်ာင္းသားမ်ားWifiသုံးေနက်ေနရာျဖစ္ေသာ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ စကားေျပာေနက်ေနရာေလးဆီသို႔ဆြဲေခၚသြားလိုက္ၿပီးအက်ိဳးအေၾကာင္းေမးျမန္းေတာ့ေလသည္။

"ေျပာ မင္းနဲ႔အဲ့ေကာင္ေလးက ျပႆနာတက္ထားတာလား"

"ဘာျပႆနာမွမတက္ဘူး
အဲ့ေန႔ကတည္းက စကားမေျပာေတာ့တာ ဒီေန႔နဲ႔ဆိုသုံးရက္႐ွိၿပီ"

'အဲ့တာခ်ီးကိုျပႆနာမတက္တာလားဟ ဒီေကာင္ကျပႆနာဆိုတာကိုဘယ္လိုေပတံမ်ိဳးနဲ႔တိုင္းတာေနတာလဲ'

"မင္းကို ႐ိႈင္းေဇယံ စကားမေျပာတာ သုံးရက္႐ွိၿပီဟုတ္လား"

"ေအး"

"ဟိုေန႔က မင္းမေခ်ာ့ဘူးလား"

"ငါလည္း သူစိတ္ဆိုးေျပေအာင္ စကားလိုက္ေျပာတာပဲ ဒါေပမယ့္ကြာ သူကငါ့ကိုဘာမွျပန္မေျပာတဲ့အျပင္ကို ငါ့ကို႐ွိတယ္လို႔ေတာင္မမွတ္ဘူး"

ထိုအခါ မင္းစက္ကသူ႕မ်က္လုံးေတြကိုက်ဥ္းေျမာင္းလိုက္ၿပီးေမးဖ်ားေလးကိုပြတ္သပ္လိုက္ကာဟိတ္ဟန္အျပည့္ျဖင့္ေကာက္ခ်က္ခ်လာ၏။

"႐ိႈင္းေဇယံ မင္းကိုေတာ္ေတာ္တင္းေနတာပဲ"

"ေအး တင္းေနတယ္ ဒါေပမယ့္ သူဘာေၾကာင့္ငါ့ကိုတင္းေနမွန္းကိုငါမသိတာ။
လက္က်ိဳးတာငါေလ။ အဲ့လိုျဖစ္ေနတဲ့ငါ့ကိုသူက စိတ္မဆိုးဘဲဂ႐ုစိုက္ရမွာမဟုတ္ဘူးလား"

ထိုစကားၾကားေတာ့ မင္းစက္ကသူ႕ရဲ႕ႏႈတ္ခမ္းေတြကို႐ြဲ႕ေစာင္းလိုက္ကာ မင္းခန္႔ထည္အားေဆြၾကည့္လာခဲ့သည္။

"ေနစမ္းပါဦး မင္းကဘာလို႔အဲ့ေကာင္ေလးရဲ႕ဂ႐ုစိုက္မႈကို ခံခ်င္ေနရတာလဲ
မင္းမွာမင္းကို ေသာက္ရမ္းေတြဂ႐ုစိုက္ေနတဲ့မင္းေစာ္တစ္ေယာက္လုံး႐ွိေနတာပဲဟာ"

"ျဖဴက ငါ့ခ်စ္သူမို႔လို႔ငါ့ကိုဂ႐ုစိုက္ေပးတယ္ ဆိုတာေတာ့ဟုတ္ပါၿပီ။အဲ့တာကအသာထားသူကက်ဘာလို႔ငါ့ကိုဂ႐ုမစိုက္တာလဲ။ "

'ေအာ္ ဒီေကာင္နဲ႔ေတာ့ခက္ၿပီ'

မင္းခန္႔ထည္ကေတာ့မင္းစက္ရဲ႕ထို႐ိုက္ေပါက္အေတြးေတြကိုမသိ႐ွာ သူ႕အာ႐ုံနဲ႔သူဆက္ေျပာေနခဲ့သည္။

"ငါဘာလို႔ ဒီလို accidentျဖစ္တာလဲဆိုတာမင္းလဲသိတယ္မွတ္လား ငါ့မွာေတာ့ သူ႕သင္တန္းဆင္းပြဲေလးကိုအမွီလာခ်င္လြန္းလို႔ ငါ့ေဘးကိုေတာင္ငါဂ႐ုမစိုက္ႏိုင္ေတာ့တဲ့အထိျဖစ္သြားတာေလ။
အခုက် သူကငါ့ကို စကားေလးတစ္ခြန္းေတာင္ျပန္မေျပာေတာ့ဘူးကြာ"

မင္းစက္ကသက္ျပင္းဖြဖြခ်လ်က္။

"ဟိတ္ေကာင္ ....မင္းကိုအတိုင္းထက္လြန္ ဂ႐ုစိုက္ေပးေနရေအာင္ မင္းကသူ႕ရဲ႕သူစိမ္းေလ။ဘာဆိုင္လို႔လဲ ?

ၿပီးေတာ့ မင္းဒီလိုaccidentျဖစ္တာလည္း သင္တန္းဆင္းပြဲကိုအမွီလာလို႔ျဖစ္မွန္းမွ သူလည္းမသိတာ ဒါေပမယ့္ အဲ့ေကာင္ေလးတစ္ညလုံးေတာ့မင္းကိုစိတ္ပူေနခဲ့ပါတယ္။"

မင္းစက္ကထိုသို႔ဆိုလာေတာ့မင္းခန္႔ထည္ရဲ႕ေဒါသေတြနဲ႔႐ႈပ္ေထြးေနတဲ့စိတ္အေျခအေနတို႔က အဆုံးစြန္ထိတိုင္ထိုးတက္သြားရကာ
သူ႕ကိုယ္သူလဲမထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။

"ေအး ငါ့ကိုဂ႐ုမစိုက္လည္းေန ငါဘာမွမျဖစ္ဘူး။ သူငါ့ကို ဒီလိုမ်ိဳးမေခၚမေျပာဘဲေနေနတာႀကီးကို ငါမေနတတ္တာ။
ငါေျပာခ်င္တာကကြာ ငါ့ကို ဂ႐ုစိုက္ကိုစိုက္ရမယ္လို႔ဆိုလိုခ်င္တာမဟုတ္ဘူး သူငါ့ကို အရင္လို စကားျပန္ေျပာတာေလးကိုပဲလိုခ်င္တာ"

"အဲ့ဒါဆိုလည္း သူမင္းကိုစိတ္ဆိုးေနတဲ့ အေၾကာင္းအရင္းကို႐ွာၾကည့္ေလ။ ေနာက္ဆုံး႐ွာမရရင္ မင္းကိုယ္တိုင္ သူ႕ဆီတိုက္႐ိုက္သာ သြာေမးေပေတာ့။မင္းတို႔ႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္႐ွင္းမွပဲ ဒီကိစၥကၿပီးမွာ"

မင္းခန္႔ထည္တစ္ေယာက္ အေတြးမ်ားစြာႏွင့္ပူထူေနကာေခါင္းမီးေတာက္ေနေပသည္။ သူဘာမွဆက္မေျပာခ်င္ေတာ့တာေၾကာင့္အသံတိတ္ၿပီးထိုင္ေနလိုက္ကာ သူ႕ရဲ႕ဖိနပ္ေအာက္မွာတြားသြားေနတဲ့ပု႐ြက္ဆိတ္ေလးေတြကို စိတ္လြက္လက္လြတ္ေငးၾကည့္ေနမိသည္။

ဒီအေၾကာင္းအရာေတြထက္စာရင္ ပိုဆိုးတာတစ္ခုကသူ႕ရင္ဘက္ထဲမွာ အနက္႐ိႈင္းဆုံးနစ္ဝင္ေနပါတဲ့အဓိပၸါယ္မေဖာ္ႏိုင္သည့္ေဝဒနာတစ္ခုပင္။

႐ိႈင္းေဇယံဆိုတဲ့ထိုခ်ာတိတ္ေလးဟာေဝဒနာအမ်ိဳးမ်ိဳးခံစားရေအာင္ သူ႕အားျပဳစားႏိုင္စြမ္း႐ွိတဲ့နတ္သူငယ္ေလးလို႔မင္းခန္႔ထည္ကသူ႕ရဲ႕စိတ္ထဲမွာတင္စားေခၚေဝၚထားလိုက္၏။

တစ္ခါမွမခ်စ္တတ္ခဲ့ဖူးတဲ့မင္းခန္႔ထည္ဟာဆိုရင္ သူ႕ရင္ဘက္ထဲကေဝဒနာကိုအဓိပၸါယ္ေဖာ္ႏိုင္ဖို႔အတြက္ သူေတာ္ေတာ္ကို႐ုန္းကန္ရဦးေပမည္။

ခနၾကာေတာ့ေက်ာင္းသားေရးရာက Wifiနဲ႔လိုင္းသုံးေနတဲ့မင္းစက္က ဖုန္းပြတ္ေနရင္းထေအာ္လာသည္။

"မင္းခန္႔ majorေတြခြဲၿပီဟ"

မင္းစက္ေျပာတာၾကားတဲ့အခါမင္းခန္႔ထည္ကအေတြးလြန္ေနရာကေနသတိျပန္ကပ္လာၿပီး မင္းစက္နားတိုးကပ္ၾကည့္လိုက္ေတာ့ phone screenေပၚမွာ First year ေတြရဲ႕ majorစာရင္းေတြကတစ္ပုံၿပီးတစ္ပုံတက္လာေနတာကိုေတြ႕လိုက္ရသည္။

" ႐ိႈင္းေဇယံ ဘာ majorရလဲ ငါ့ကိုၾကည့္ေပးဦး"

"သူ႕Rollကဘယ္ေလာက္လဲ"

"65"

"ok Archi မွာ႐ွိေလာက္မယ္"

မင္းစက္က သူငယ္ခ်င္းေကာင္းပီသစြာျဖင့္ ႐ိႈင္းေဇယံဆိုတဲ့နာမည္ေလးကို Archi majorမွာအခ်ိန္တစ္ခုၾကာတဲ့အထိသြားေမႊေႏွာက္လိုက္ၿပီးေနာက္ စိတ္႐ႈပ္စြာၿငီးတြားလာခဲ့သည္။

"Archiမွာ ႐ိႈင္းေဇယံနဲ႔တူတဲ့နာမည္တစ္လုံးမွကိုမ႐ွိဘူး"

"မျဖစ္ႏိုင္တာ သူ႕ Rollေလာက္ဆိုရင္ က်ိန္းေသ Archiဝင္မွာ"

မင္းစက္တစ္ေယာက္တျခားmajorမ်ားတြင္လည္း႐ွာေဖြၾကည့္လိုက္ေပမယ္္႕ EP,EC,IT majorသုံးခုလုံးသာ႐ွာၿပီးသြားသည္။
႐ိႈင္းေဇယံႏွင့္ဆင္တူေသာ နာမည္တစ္လုံးမွကို႐ွာမေတြ႕ေသးေပ။

"သူမင္းကို ေ႐ွ႕ရက္ေတြတုန္းက majorေတြနဲ႔ပက္သတ္ၿပီးဘာေျပာေသးလဲ"

" သူ Civilေလွ်ာက္ထားတယ္လို႔ပဲေျပာဖူးတယ္"

"Civilမွာလည္းမ႐ွိဘူး"

"Mechanicalမွာေကာ"

"မ႐ွိဘူး"

"ငါတို႔ majorမွာေကာ"

မင္းစက္တစ္ေယာက္ ထပ္ၿပီးႀကိဳးစားပမ္းစားနဲ႔႐ွာေဖြလိုက္သည္။

မင္းခန္႔ထည္ကေတာ့ သူ႕အခန္းေဖာ္ေလးေရာက္မယ့္ majorကို အလြန္ပင္စိတ္ဝင္တစားျဖစ္ေနတာေၾကာင့္အလ်င္စလိုျဖစ္ေနေပသည္။

မင္းစက္သာ ႐ိႈင္းေဇယံဆိုတဲ့ နာမည္ကို majorကိုးခုလုံးမွာ႐ွာမေတြ႕ခဲ့ဘူးဆိုရင္ မင္းခန္႔ထည္တစ္ေယာက္ျဖစ္လာမယ့္စိတ္အေျခအေနကေတာ့ မေတြးရဲစရာပင္။ထို႔ေၾကာင့္မင္းစက္ခမ်ာဖုန္း Screenကိုဆက္တိုက္ဆြဲခ်ေနရင္းေခြၽးပ်ံလာရေတာ့သည္။

"ဒီမွာေတြ႕ၿပီ IMC 1 ႐ိႈင္းေဇယံတဲ့။သူကငါတို႔majorကိုေရာက္လာတာပဲ။မဟုတ္မွလြဲေရာဆိုၿပီး ငါထင္ေနတဲ့အတိုင္းပဲ။ "

'ဟူး!!!!! ေတာ္ပါေသးရဲ႕ နာမည္႐ွာေတြ႕လို႔ မဟုတ္လို႔ကေတာ့ငါ့ရဲ႕မ႐ွိမယ့္႐ွိမယ့္ဖုန္းေလးပါအခြဲခံရဖို႔နီးေနၿပီ'

"သူဘာလို႔ ငါတို႔majorေရာက္လာတာလဲ။"

ထိုက်ျပန္ေတာ့လည္း မင္းခန္႔ထည္ကနားမလည္ႏိုင္တဲ့မ်က္ဝန္းေတြနဲ႔ေမးခြန္းထုတ္လာျပန္ေလေသာ္မင္းစက္ကသူ႕ရဲ႕ဖုန္းေလးကိုျပန္ပိတ္လိုက္ကာ စိတ္အိုက္စြာဆိုသည္။

"ဘာျဖစ္လို႔လဲ မင္းမေပ်ာ္ျပန္ဘူးလား"

"ငါေပ်ာ္တာမေပ်ာ္တာကကိစၥမဟုတ္ဘူး။
႐ိႈင္းေဇယံက Archiရသင့္တာကို ဘာလို႔ငါတို႔ေမဂ်ာလဲ ?
ဒီေကာင္ေလးကေကာ ငါတို႔ေမဂ်ာရလို႔ေပ်ာ္ေနမွာတဲ့လား ငါ့အထင္ေတာ့ သူ႕ကိုmajorျပန္ေျပာင္းဖို႔ ငါတိုက္တြန္းသင့္တယ္ထင္တယ္"

ထိုအခါမင္းစက္ကသူ႕ရဲ႕ပါးစပ္ေလးကိုဖြင့္ဟကာတစ္ခုခုေျပာဖို႔ျပင္လိုက္ေပမယ့္မင္းခန္႔ထည္ရဲ႕သုန္မႈန္ေနတဲ့မ်က္ႏွာႀကီးကိုျမင္ၿပီး သူဘာမွမေျပာျဖစ္ေတာ့ေပ။

မင္းခန္႔ထည္ရဲ႕ရင္ထဲမွာေတာ့ အတိုင္းမသိေပ်ာ္႐ႊင္ေနတဲ့စိတ္နဲ႔ ထိုေကာင္ေလးက သူတို႔majorကိုေရာက္လာရလို႔ ေပ်ာ္ေနပါ့မလားဆိုတဲ့စိတ္ႏွစ္ခုဟာ ဒြန္တြဲယွဥ္တြဲေနလ်က္။

႐ိႈင္းကဒီေမဂ်ာကို သူတကယ္ပဲႏွစ္သက္လို႔ေရာက္လာတာလားဆိုတဲ့အေၾကာင္းအရင္းမွန္ကိုလည္းမင္းခန္႔ထည္တစ္ေယာက္အတိုင္းထက္အလြန္သိခ်င္ေနမိေပသည္။

အဘယ္ေၾကာင့္ဆိုေသာ္ ႐ိႈင္းလိုအမွတ္ျမင့္ျမင့္နဲ႔ဝင္လာတဲ့ေက်ာင္းသားတိုင္းဟာလူေျပာမ်ားတဲ့ဘာသာရပ္ေတြျဖစ္တဲ့ Civilနဲ႔ Archiကိုမဝင္လွ်င္စိတ္ဓာတ္က်သြားတတ္ၾကသည္။

ဌာနမႉးေတြကအစည္းအေဝးထိုင္ၿပီး အမွတ္ျမင့္တဲ့ေက်ာင္းသားတခ်ိဳ႕ကိုသူတို႔ majorေတြဆီဆြဲသြင္းေခၚတတ္တာေၾကာင့္ဝါသနာမပါဘဲေရာက္လာရတဲ့ေက်ာင္းသားေတြလည္းႏွစ္စဥ္ႏွစ္တိုင္း႐ွိခဲ့သည္။

သူတို႔စိတ္ဝင္စားမႈမ႐ွိတဲ့ဘာသာရပ္ေတြဆီေရာက္သြားရတဲ့တခ်ိဳ႕ေသာေက်ာင္းသားေတြကစိတ္ေလသြားၾကၿပီးလမ္းလြဲသြားတာေတြကိုသူျမင္ေနရတာေၾကာင့္ မင္းခန္႔ထည္ဟာ႐ိႈင္းေဇယံအေပၚmajorကိစၥနဲ႔ပက္သတ္ၿပီးစိုးရိမ္ေနရျခင္းေပ။

ဒါ့ေၾကာင့္ ႐ိႈင္းေဇယံကို majorျပန္ေျပာင္းဖို႔တိုက္တြန္းျခင္းဟာ သူလုပ္ကိုလုပ္ရမယ့္အမွန္ကန္ဆုံးလုပ္ရပ္တစ္ခုျဖစ္တယ္လို႔
စီနီယာႀကီးမင္းခန္႔ထည္တစ္ေယာက္ သူ႕ရဲ႕စိတ္ထဲ၌ခိုင္ခိုင္မာမာပင္ေကာက္ခ်က္ခ်လိုက္ေတာ့သည္။

**********************************

List of nine engineering subjects

1.Architectural Engineering
2.Chemical Engineering
3.Civil Engineering
4.Information Technology Engineering
5.Electrical Engineering
6.Electrical Power Engineering
7.Mechanical Engineering
8.Mechatronics Engineering
9.Petroleum Engineering

*Major၉ခုနာမည္ေတြသိေအာင္ Alphabetအလိုက္စီထားျခင္းျဖစ္ပါတယ္*

••••••••••••••••••••••••••••••••••••••••••••••••••

Pokračovat ve čtení

Mohlo by se ti líbit

326K 17.9K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
23K 1.7K 45
အလွဲတစ်ခုရဲ့အစကနေ ပေါက်ဖွားလာတဲ့အချစ် အလြဲတစ္ခုရဲ႕အစကေန ေပါက္ဖြားလာတဲ့အခ်စ္
23.5K 2.5K 25
It's not my own fic . I translated English ver to Myanmar ... You all can feel in this fic how Suho take care of his members and the name good leade...
480K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."