Love Him Till Eternity ( Myan...

By Fuyu5445

15.2K 1.6K 46

Love Him Till Eternity Original Author-hydrazona Cover -BlessedWolf Full Credit to original author.I own noth... More

Intro Part
Chapter-1 ဘဝသစ်
Chapter-1 ဘဝသစ် ( Part-2 )
Chapter-2 အိမ်ပြန်ခြင်း
Chapter-3 ရင်းနှီးတဲ့Cross-dresserသူငယ်ချင်းတစ်ယောက်
Chapter-5 သဘောတူညီချက်အသစ်
Chapter-6 စိတ်ရှုပ်ထွေးခြင်း

Chapter-4 သူရောက်လာသည်

1.1K 186 12
By Fuyu5445

လီရိုနာကြက်ကြော်စားပြီးတော့ပြန်သွားခဲ့သည် နောက်တစ်ခေါက်ထပ်လာဦးမယ်ဟုလည်းပြောသွားသေးသည် ထယ်ဟန်အစကလီရိုနာကိာအထက်စီးဆန်ပြီးမာနကြီးတဲ့သူလို့ထင်ထားတာဒါပေမယ့်သူမှားယွင်းခဲ့သည် လီရိုနာကလူကောင်းတစ်ယောက်ပါ သူကမိန်းမဆန်တဲ့သိမ်မွေ့တဲ့ခန္ဓာကိုယ်အချိုးအစားရှိယုံသာမကပဲစိတ်ဓာတ်ကလည်းသူ့ပုံပန်းသွင်ပြင်နဲ့လိုက်ဖက်စွာသိမ်မွေ့နေသည်  ဒီခန္ဓာကိုယ်ပိုင်ရှင်ကသူငယ်ချင်းကောင်းကိုရွေးချယ်ခဲ့နိုင်တာပဲ သူ့မှာမိသားစုမရှိပေမယ့် နှလုံးသားလှတဲ့သူငယ်ချင်းရှိသည် ထိုအခွင့်အရေးအတွက်သူစိတ်ချမ်းသာသင့်သည်

ထို့နောက်ထယ်ဟန်သူ့သူငယ်ချင်းတွေကိုသတိရမိသည် သ့ရဲ့ရင်းနှီးတဲ့သူငယ်ချင်း ဟွမ်ဂျောင်ဆိုလျှင်လီရိုနာနဲ့တူသည် ရိုင်းရိုင်းဆိုင်းဆိုင်းပြောဆိုပေမယ့်စိတ်ထားကောင်းတဲ့သူမျိုး နောက်ယိုဂျင်ဆော့ဆိုလျင်တောင့်တင်းတဲ့နောက်ခံရှိတဲ့မိသားစုမှဖြစ်ပြီးPHdဘွဲ့အထိဆက်တတ်ခဲ့သူဖြစ်သည် လုံ့လဝီရိယရှိပြီးအကောင်းမြင်တတ်တဲ့အတွက်လူတိုင်းကသူ့ကိုချစ်ကြသည်

တံခါးခေါက်သံတစ်ခုကြောင့်ထယ်ဟန်ရဲ့အတွေးစများပျက်တောက်သွားခဲ့ရသည် လီရိုနာကအခုလေးတင်ပြန်သွားတာဆိုတော့ဘယ်သူလာတာလဲ…?

ထယ်ဟန်ဖြေးညှင်းစွာဖြင့်တံခါးဆီသို့သွားလိုက်သည် သူတံခါးကိုဖွင့်လိုက်သည့်အခါရင်းနှီးနေတဲ့မျက်နှာတစ်ခုသူ့မျက်လုံးရှေ့တွင်ပေါ်သည်

"ယောင်းရှန်း?!" ထယ်ဟန်မျက်ခုံးများကိုတွန့်ခြေလိုက်သည် သူ့ယောကျာ်းဖြစ်သူလာမည်ဟုမထင်ထားသောကြောင့်ဖြစ်သည်

သူ့သက်တော်စောင့်တွေပြောတော့အလုပ်ကိစ္စနဲ့ခရီးသွားစရာရှိတယ်ဆိုပြီးတော့ဘယ်လိုလုပ်ဒီရောက်လာတာလဲ?

ယောင်းရှန်းယောင်းမင်ရဲ့ခြေထောက်ဆီသို့ကြည့်လိုက်သည်

"လမ်းလျှောက်နိုင်ရဲ့လား?"

"အင်းလျှောက်နိုင်ပါတယ်ချိုင်းထောက်တော့သုံးရတာပေါ့"ထယ်ဟန်တိုးညှင်းစွာဖြေလိုက်သည် ယောင်းရှန်းသူ့အခြေအနေကိုမေးနေတာကထူးဆန်းနေတယ်လို့ခံစားမိနေသည်

သူင့ါကိုဂရုစိုက်တယ်လို့တော့လာမပြောနဲ့နော်

ယောင်းရှန်းသက်ပြင်းတစ်ချက်ချလိုက်ပြီးအိမ်ထဲသို့ဝင်လာသည် ထယ်ဟန်လည်းတံခါးကိုပိတ်လိုက်ကာယောင်းရှန်းနောက်ကလိုက်လာခဲ့သည်ယောင်းရှန်းအရပ်က187cm(6ပေ1.6လက်မ)ရှိပြီးထယ်ဟန်ထက်အရပ်ရှည်တာမို့စကားပြောတဲ့အခါ ထယ်ဟန်မှာခေါင်းမော့ပြီးပြောနေရသည်

"ငါမင်းကိုပြောထားတာက…"

"ငါသိပါတယ် ငါမှမသွားချင်တာ ငါ့ဘာသာစီမံနိုင်တယ် ငါ့ကိုစိတ်ပူစရာမလိုဘူး ငါတို့ကအမည်ခံလင်မယားတွေမလား တကယ့်လင်မယားတွေမဟုတ်ကျဘူးလေ" ထယ်ဟန်ယောင်းရှန်းရဲ့စကားကိုဖြတ်ပြောလိုက်သည်

"ဒါပေမယ့်ငါတို့ကတရားဝင်လက်ထပ်ထားတာလေ" ယောင်းရှန်းသူတို့ရဲ့အခြေအနေကိုပြောပြလိုက်သည်

တရားဝင်လက်ထပ်ထားတာ? ဒါဆိုငါကမိန်းမနေရာမှာပဲနေနေရမယ့်သဘောပေါ့ ဘုရားရေ!ငါကst8(straight)စစ်စစ်ကြီးလေ

"ဒါနဲ့ဘယ်လိုလုပ်ဒီရောက်လာတာလဲ ခရီးသွားရမယ်ဆို?"

"ဖျက်လိုက်ရတယ် ကုမ္ပဏီမှာကိစ္စရှိလို့ငါဒီမှာနေမှရမယ်" ယောင်းရှန်းခုံတစ်ခု(sofa)မှာထိုင်ရင်းရှင်းပြလိုက်သည်

"သောက်စရာတစ်ခုခုသွားယူပေးမယ်" ယောင်းရှန်းကအခုဧည့်သည်လေ တစ်ခုခုမတိုက်ရင်မသင့်တော်ဘူးမလား

ယောင်းရှန်းမျက်ခုံးပင့်လိုက်သည် သောက်စရာတစ်ခုခုယူပေးမယ်?ယောင်းမင်ကဒီလိုလုပ်မယ့်လူစားမျိုးမှမဟုတ်တာ ဒီကစစလာတုန်းကဆို မီးဖိုချောင်မှာရှိတဲ့ပစ္စည်းတစ်ခုမှထိခွင့်မပေးတဲ့အပြင် ဘာမှလည်းမတိုက်ဘူးလေ ဒါကြောင့်လည်းဒီအိမ်မှာသူကြာကြာမနေနိုင်တာ ခဏထိုင်ပြီးတာနဲ့ပြန်သည် ယောင်းမင်ဘက်ကလည်းသူ့ကိုခင်ပွန်းတစ်ယောက်အဖြစ်မဆက်ဆံခဲ့သလိုသူ့ဘက်ကလည်းယောင်းမင်ကိုဇနီးတစ်ယောက်အဖြစ်မဆက်ဆံခဲ့ဘူး ယောင်းမင်ပြောတာမှန်သည် သူတို့ကအမည်ခံလင်မယားသက်သက်ပဲ နှလုံးသားချင်းလည်းမဆက်နွယ်ထားကျဘူး ဒါပေမယ့်သူ့ကိုအခုကြည့် သောက်စရာတစ်ခုခုယူပေးမယ်လို့ပြောနေသည် မတော်တဆမှုဖြစ်ပြီးတဲ့နောက်ပိုင်းယောင်းမင်ကိုကောင်းတဲ့အမူအကျင့်နဲ့လူသစ်တစ်ယောက်အဖြစ်မြင်နေရသည် ဒီပုံစံအသစ်နဲ့သူသက်တောင့်သက်သာပိုရှိသည်ဟုခံစားမိသည်

ယောင်းရှန်းကိုသောက်စရာချပေးဖို့ထယ်ဟန်မီးဖိုချောင်ဘက်သွားလိုက်သည် ယောင်းမင်လမ်းလျှောက်ဖို့ခက်ခဲနေသည်ဆိုတာယောင်းရှန်းတွေ့လိုက်သည် နှစ်ခါတွေးမနေတော့ဘဲယောင်းရှန်းထိုင်နေရာမှထလိုက်သည် သူရဲ့ရှည်လျားပြီးကြွက်သားတွေနဲ့တောင်းတင်းနေတဲ့လက်ဟာယောင်းမင်ရဲ့ပုခုံးဆီသို့လှမ်းလိုက်ပြီးယောင်းမင်ကိုလမ်းကောင်းကောင်းလျှောက်နိုင်အောင်ကူညီပေးလိုက်သည်

ထယ်ဟန်ရုတ်တရက်ထိတွေ့မှုကြောင့်လန့်သွားပြီးလက်ကိုပုတ်ထုတ်လိုက်မိသည် ယောင်းရှန်းနောက်ဆုတ်လိုက်မိသည် ဒီမတိုင်မီတုန်းကသူ့မိန်းမဖြစ်တဲ့ယောင်းမင်ကိုထိတုန်းကသူမငြင်းဆန်ခဲ့ဘူး ဒါပေမယ့်ဒီအချိန်မှာတော့ထိတွေ့မှုအနည်းငယ်ကတော့ယောင်းမင်ကိုမသက်မသာဖြစ်စေသည် ယောင်းမင်ကအရင်လိုမဟုတ်ဘဲပြောင်းလဲသွားတာဆိုတာသူသေချာသိနေသည်

"ယောင်းမင်?"

ထယ်ဟန်ထိတ်လန့်ခြင်းမှသက်သာသွားပြီးသူ့ကိုယ်သူရှက်သွားကာခေါင်းအနည်းငယ်ငုံ့လိုက်သည်

"တောင်းပန်ပါတယ် ယောကျာ်းတစ်ယောက်ထိတာစိတ်မသက်မသာဖြစ်စေလို့"

ယောင်းရှန်း: "……"

ထယ်ဟန်သူ့ရဲ့တုန်ရီနေတဲ့လက်နဲ့ခုံကိုညွှန်ပြလိုက်သည်

"နင်အဲ့မှာထိုင်နေ ငါလက်ဖက်ရည်လုပ်ပေးမယ် ကူညီစရာမလိုပါဘူး ငါလမ်းလျှောက်နိုင်တယ်" ဒီကသိကအောက်ဖြစ်နေတဲ့အခြေအနေကိုကိုင်တွယ်ဖို့ထယ်ဟန်တက်နိုင်သလောက်သရုပ်ဆောင်နေလိုက်သည်

"ကောင်းပြီ" ယောင်းရှန်းချက်ချင်းသဘောတူလိုက်သည်သူ့ရဲ့အကြည့်တွေကယောင်းမင်ရဲ့ဖော်ပြလို့မရတဲ့မျက်နှာပေါ်မှာပဲရှိနေသည် ဒါယောင်းမင်မဟုတ်ဘူး သူအော်ပြောလိုက်ချင်ပေမယ့်သက်သေပြဖို့အခိုင်အမာပြောဖို့ဘာသက်သေအချက်အလက်မှမရှိဘူးဖြစ်နေသည်

သိပ်မကြာခင်မှာပဲထယ်ဟန်ခွက်တစ်ခုပါသည့်ဗန်းတစ်ခုကိုသယ်ကာမီးဖိုချောင်ဆီမှထွက်လာသည် ယောင်းမင်တစ်ယောက်ဗန်းနှင့်ချိုင်းထောက်ကြားဗျာများနေသည်ကိုတွေ့လိုက်သောအခါ ယောင်းရှန်းထသွားပြီးယောင်းမင်လက်ထဲမှဗန်းကိုယူလိုက်သည်

"မင်းအနားယူသင့်တယ် လျှောက်သွားမနေနဲ့ မင်းခြေထောက်တွေကအခုမှပြန်ကောင်းကာစရှိသေးတာ" ယောင်းမင်တစ်ယောက်လမ်းပျောက်နေတဲ့သူလိုလျှောက်သွားနေတာကိုတွေ့ရသောကြောင့်ယောင်းရှန်းသူ့ကိုအကြံပေးလိုက်သည် ဒီလိုသာအပြင်းအထန်လုပ်နေရင် သူ့ခြေထောက်တွေပြန်ကောင်းဖို့အချိန်အရမ်းကြာလိမ့်မည်

ထယ်ဟန်ယောင်းရှန်းလိုပဲဝင်ထိုင်လိုက်သည် သို့ပေမယ့်သူထိုင်နေသောနေရာကယောင်းရှန်းနဲ့အတော်အသင့်ဝေးသည်

"ကုမ္ပဏီမှာဘာဖြစ်လို့ ခရီးကိုတောင်ဖျက်လိုက်ရတာလဲ ငါကအရေးကြီးတဲ့ခရီးစဉ်လို့ထင်နေတာ" ထယ်ဟန်စကားစလိုက်သည် သူယောင်းရှန်းနဲ့ဆွေးနွေးစရာရှိတဲ့အတွက်ကြောင့် ပုံမှန်စကားနဲ့စပြောတာကောင်းမည်ဟုထင်သောကြောင့်စကားစလိုက်ခြင်းဖြစ်သည်

ယောင်းရှန်းလက်ဖက်ရည်တစ်ငုံသောက်လိုက်သည် ဒါကသာမန်လက်ဖက်ရည်ပေမယ့်ဘာလို့မှန်းမသိတစ်ခြားလက်ဖက်ရည်တွေနဲ့ကွဲပြားတယ်ဟုထင်နေမိသည် သူ့ရဲ့မိန်းမကိုယ်တိုင်ဖျော်ပေးလို့လည်းဖြစ်တန်ရာ၏ လူတွေပြောသလိုပေါ့ အမေ့ဟင်းလက်ရာကအကောင်းဆုံးဆိုပေမယ့်လည်းသူလက်ထပ်လိုက်တာနဲ့မိန်းမလက်ရာကနံပါတ်တစ်ဖြစ်သွားသလိုပေါ့

"အဲလက်စ်နဲ့ယီပြောတယ် မင်းဒီကိုလာတယ်လို့ မင်းကအခုမှပြန်ကောင်းကာစရှိသေးတာမင်းကိုဂရုစိုက်ဖို့လူတစ်ယောက်ရှိနေသင့်တယ်" ယောင်းရှန်းစကားပြန်ပြောပေမယ့်လည်းကုမ္ပဏီအကြောင်းမေးတဲ့သူ့မေးခွန်းကိုပြန်မဖြေခဲ့ဘူး ကိစ္စမရှိပါဘူး သူစိတ်ပူနေရမယ့်ကိစ္စမှမဟုတ်တာ ကုမ္ပဏီကိစ္စကသူ့အတွက်ဦးစားပေးမဟုတ်ဘူး

"တကယ်တော့ ငါဘာအကူအညီမှမလိုချင်ဘူး" ယောင်းမင်အတိအလင်းပြန်ပြောလိုက်သည်

ယောင်းရှန်းခေါင်းကိုယောင်းမင်ဘက်ချက်ချင်းလှည့်လိုက်သည်

"ဘာကိုဆိုလိုတာလဲ?"

"နင်သိတယ်မလား ဒီလက်ထပ်မှုကြီးကအမှားတစ်ခုပဲ မဟာအမှားကြီး
ငါတို့ဒီဟာကြီးကိုဆက်လုပ်မနေသင့်ဘူး ငါ့ကိုသွားခွင့်ပေးစေချင်တယ်" နောက်ဆုံးတော့ထယ်ဟန်နှုတ်မှသူ့ဆုံးဖြတ်ချက်ကိုပြောမိသွားသည်

ယောင်းရှန်းမေးစေ့ကိုပွတ်လိုက်သည် သူသိတဲ့ယောင်းမင်ကဒီလိုကိစ္စမျိုးပြောမှာမဟုတ်ဘူး ဒီကြားထဲယောင်းမင်ဘက်ကွာရှင်းဖို့ကိစ္စမပြောခဲ့ဖူးဘူး

"ငါထင်တာ ငါကအကြွေးကြောင့်နင့်ကိုလက်ထပ်ခဲ့တာမလား တကယ်တမ်းလည်းနင်ငါ့အကြွေးတွေအားလံကိုဆပ်ပေးခဲ့တယ်လေ ဒါပေမယ့်ငါသိချင်တာနင်ငါ့ဆီကဘာပြန်တောင်းဆိုစရာရှိလည်း" ထယ်ဟန်အတတ်နိုင်ဆုံးစကားကိုနားလည်လွယ်အောင်ဝါကျတွေစကားလုံးတွေကိုတည်ဆောက်နေခြင်းဖြစ်သည်

"မင်းပြန်သတိရလာပြီလား?"

ထယ်ဟန်ခေါင်းကိုဖြေးညှင်းစွာညိမ့်လိုက်သည် သူဘာမှမမှတ်မိဘူးဒီလက်ထပ်မှုနောက်ကွယ်ကအကြောင်းအရာတွေကိုဒါပေမယ့်လီရိုနာကအရေးကြီးတဲ့အချက်အလက်တွေကိုပြောပြထားခဲ့သည်လေ သို့ပေမယ့်လီရိုနာပြောခဲ့တယ်ဆိုတာယောင်းရှန်းကိုသူပြန်ပြောမှာမဟုတ်ဘူး လီရိုနာကယောင်းရှန်းနဲ့ပဋိပက္ခမဖြစ်ချင်တာကြောင့်ဖြစ်သည်ပြောပြနေစရာမလိုပေမယ့် သူ့သူငယ်ချင်းကယောင်းရှန်းကိုသေလောက်အောင်မုန်းနေသည်လေ

ယောင်းရှန်းနှုတ်ခမ်းကိုကိုက်လိုက်သည်

"တကယ်လို့အရင်တုန်းကသဘောတူညီမှုတွေရှိခဲ့ရင်အခုချိန်ကအဲ့သဘောတူညီမှုတွေကိုဖျက်ဖို့အချိန်လို့ငါထင်တယ်"

အင်း ဖျက်ပစ်လိုက်ရအောင် ငါသာမန်လူတစ်ယောက်ပဲဖြစ်ချင်တယ် ဒီလိုထူးဆန်းတဲ့ဂါဝန်ကြီးလည်းမဝတ်ချင်တော့ဘူး မိန်းကလေးတစ်ယောက်နဲကချစ်ကျွမ်းဝင်ပြီးသူမနဲ့အတူမိသားစုတစ်ခုတည်ထောင်ချင်တယ်

ယောင်းမင်ဘက်ကအရင်ကွာရှင်းစပြောလာမယ်လို့ယောင်းရှန်းမထင်ထားခဲ့ပေ ဒါပေမယ့်လည်းသူ့ဆန္ဒကိုဖြည့်ပေးရန်ကွာရှင်းဖို့ကမဖြစ်နိုင်ပေ ယခုအချိန်တွင်မဒမ်မန်ကယောင်းမင်ကိုအတော်သံယောစဉ်တွယ်နေ၍ဖြစ်သည် သူ့ချွေးမကိုတုန်နေအောင်ချစ်ရှာတာ ကွာရှင်းဖို့ကိုသူမသဘောတူဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူး ချွေးမနဲ့ယောက္ခမကြားကသံယောစဉ်ကိုယောင်းမင်ကြိုးစားပမ်းစားဖျက်နေသည်ကိုသာသူမသိလျင်ဝမ်းနည်းသွားမည်ဖြစ်သည်

ယောင်းမင်ကိုလက်ထပ်ပြီးငါးလအကြာမှာကွာရှင်းဖို့ရည်ရွယ်ထားပြီးထားဖြစ်သည်ယောင်းမင်မတော်တဆဖြစ်မှုထဲပါသွားသည်ဟုသူကြားသောအခါဒီပြဿနာကိုယောင်းမင်သာသေသွားရင်ဖြေရှင်းနိုင်ပြီဟုထင်နေခဲ့သည် ဒါပေမယ့်ယောင်းမင်ကမသေခဲ့ပဲလွတ်မြောက်ခဲ့သည် ယခုတော့ဒီကိစ္စသည်ဖြေရှင်းဖို့ပိုပြီးခက်ခဲလာပြီဖြစ်သည်

"ငါတို့အခုကွာရှင်းလို့မရဘူး"

"ဘာလို့လဲ နင်မိန်းကလေးတစ်ယောက်နဲ့ချစ်ကျွမ်းမဝင်ချင်ဘူးလား တကယ့်ဇနီးတစ်ယောက်မလိုချင်ဘူးလား သူမနဲ့တူတူကလေးတွေမရချင်ဘူးလား" ထယ်ဟန်မေးခွန်းတွေတရစပ်မေးလိုက်သည် ယောင်းရှန်းကခေါင်းညိမ့်ခြင်းဖြင့်ပြန်ဖြေသည် ဒါပေါ့ဒါတွေသူအကုန်လိုချင်တာပေါ့

"ငါလိုချင်တယ် ဒါပေမယ့်အခုတော့မဖြစ်နိုင်ဘူး ငါ့အမေကမင်းကအရမ်းချစ်တာ အဲ့တာကြောင့်ငါတို့ကွာရှင်းလိုက်တာကြောင့်သူမကိုစိတ်မပျက်သွားစေချင်ဘူး"

"သူမသိလား ငါတို့ပြဿနာတက်ထားပြီးသက်သက်ဆီခွဲနေနေတယ်ဆိုတာ?"

ယောင်းရှန်းလည်ပင်းကိုပွတ်လိုက်သည် ဟိုးအစကတည်းကသူတို့သသန့်စီနေခဲ့ကျတာကို ယောင်းမင်ပြောတော့သူအကုန်မှတ်မိပြီဆိုပြီးတော့ သူတို့ဘယ်တုန်းကမှအမိုးတစ်ခုအောက်မှအတူမနေခဲ့ကျဘူး င်္ဒအိမ်ကိုလည်းအလည်အပတ်အဖြစ်သာလာဖူးပြီးတစ်ညမှမအိပ်ခဲ့ပေ သူတို့ပြဿနာတက်ပြီးနှစ်ယောက်ခွဲနေနေကျတယ်လို့လူတွေအားလုံးကိုလိမ်ထားခြင်းဖြစ်သည် သူယောင်းမင်နဲ့အတူတူမနေချင်သောကြောင့်ဖြစ်သည်

"ယောင်းရှန်း?"

ယောင်းရှန်းတိတ်ဆိတ်နေတာကြောင့် ယောင်းမင်ယောင်းရှန်းမျက်နှာရှေ့တွင်လက်ကိုဝှေ့လိုက်သည်

ယောင်းရှန်းမျက်လုံးများကိုပင့်ကာကြည့်လိုက်သည်

"ငါတို့ဘယ်တုန်းကမှအတူမနေဖူးဘူးလေယောင်းမင်" ယောင်းရှန်းသူတို့ရဲ့အခြေအနေကိုရှင်းပြလိုက်သည် ထယ်ဟန်တွင်တော့အံ့သြထိတ်လန့်မှုများဖြစ်တည်လာသည်

"အဲ့တော့ ဒါကလိမ်ထားတာပေါ့"

ယောင်းရှန်းသဘောတူညီကြောင်းခေါင်းသာညိမ့်ပြသည်

"ဒါဆိုလည်း ငါတို့သာ…"

"ငါပြောထားသလိုပဲ,မရဘူး"

"ဒါဆို ဘယ်တော့ထိ ငါတို့လင်နဲ့မယားအဖြစ်ဆက်ဟန်ဆောင်နေရဦးမှာလဲ?"

"မသိဘူး"

ထယ်ဟန်ခုံပေါ်မှာအားလျော့စွာထိုင်လိုက်သည် သူ့ကိုရူးအောင်လုပ်နေတာပဲ သူ့ကိုဒီတိုင်းကွာရှင်ပေးဖို့ဘာတွေများအဲ့လောက်ခက်နေလို့လဲ သူပဲတကယ့်မိန်းမလိုချင်တယ်ဆိုပြီးတော့ ဘာလို့သူ့ကြည့်ရတာတုံ့ဆိုင်းနေတာလဲ သူ့အမေကြောင့်ဆိုရင်လည်းသူမကိုအကုန်ဖွင့်ပြောလိုက်ပေါ့ ယောင်းရှန်းကတကယ့်ငကြောက်ပဲ

T/N:မူရင်းစာရေးသူက ထယ်ဟန်နဲ့ယောင်းမင်ကိုတစ်လှည့်ဆီသုံးထားပါတယ် ထယ်ဟန်ဆိုတာကိုရီးယကနေနေတရုတ်ရောက်လာတဲ့ဝိဥာဏ်ဖြစ်ပြီးယောင်းမင်ဆိုတာခန္ဓာကိုယ်ပိုင်ရှင်ရဲ့နာမည်ပါ

Continue Reading

You'll Also Like

1.5M 32.5K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
500K 11.4K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
1.6M 121K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...