ကို​ ​လေး .. [ Complete ]
By DaeminChennie
67K 7.4K 362
ငါ မင်း ကိုမုန်းလိုက်​တာ .. More
I Know Your Secret ..
Are U FUCKING Stupid !!??
I Want to FUCK U !!!
Deep inside My Heart ..
I Show U My Place ..
Only One For Me ..
If We Are Distance ..
Lonely Christmas ..
Finally I Found U ..
Love Meaning is U ..
All My Love is For U ..
Just Stay Beside Me ..
Past ..
Please .. Don't Leave Me ..
Love in NightDream ..
I Know Your Secret [U]
Are U FUCKING Stupid !!?? [U]
I Want to FUCK U !!!! [U]
Deep inside My Heart .. [U]
I Show U My Place .. [U]
Only One For Me .. [U]
If We Are Distance .. [U]
Lonely Christmas .. [U]
Finally I Found U .. [U]
Love Meaning is U .. [U]
All My Love is For U [U]..
Just Stay Beside Me [U]..
Past .. [U]
I Hate U [U]..
Please .. Don't Leave Me .. [U]
Love in NightDream .. [U]
I Hate U ..
2.8K 376 11
By DaeminChennie
" ဒယ်​ ဒီ .. "
" ဆယ်​ ဟွန်း နီး အ​ကြောင်း သိပြီးပြီ​ပေါ့ "
ညဘက်​မိသားစုစုံရာစကားဝိုင်းတွင်​ ​မာမီကိုယ်​တိုင်
ဖျော်​​ပေး​သော​အ​အေးတစ်ခွက်​​နှင့်​ စာအုပ်​ဖတ်​​နေသည့်
ဒယ်​ဒီ့နားသွားထိုင်​ပြီး ဆယ်​ ဟွန်း အ​ကြောင်းကို
မ​ပြောပြရ​ကောင်းလားဟု ဂျုံအင်​ တစ်​​ယောက်
ပြသာနာသွားရှာ​လေရဲ့ ။
" ကျ​တော်​ ဆယ်​ ဟွန်း ကို ချစ်​တယ်​ .. ဒယ်​ ဒီ
ခွင့်​ပြု​ပေး "
" တယ်​ .. ဒီ​ကောင်​​လေး မိဘ​ရှေ့မှာ
ပြောမထွက်​တဲ့စကားကိုမရှိဘူး "
ကိတ်​မုန့်​နှင့်​အသီးမျိုးစုံလာချ​ပေး​သော မာမီက
ဂျုံ အင်​ စကားကိုကြားကြားချင်း ​ခေါင်းကို ခပ်​ဖွဖွထုကာ
အရယ်တစ်ဝက်နှင့် ​မာန်​မဲသည်​ ။
" မာ မီ လည်း ဆယ်​ ဟွန်း ကို ချစ်​တာဘဲ .. ။
သားအ​နေနဲ့​တောင်​လက်​ခံတယ်​ဆိုရင်​ သမက်​အ​နေနဲ့
လည်းဘာမှမထူးခြားသွားပါဘူး "
" ဆယ်​ ဟွန်း နီး က မာနကြီးတယ်​ ။
အဲ့ဒါကို သားမ​​မေ့နဲ့ "
ဆယ်​ ဟွန်း ဘယ်​​လောက်​ထိ မာနကြီး​ကြောင်း
ဂျုံ အင်​သိပြီးသားဖြစ်​​ပေမဲ့ အို ဆယ်​ ဟွန်း ကို
ချစ်​လွန်း၍ဟူ​သောအ​ကြောင်းပြချက်​က ထိုမာန၏
အကျိုးသက်​​ရောက်​မှုကို မမှုချင်​ပါ ။
" ကျ​တော်​လည်း အချစ်​ကြီးတယ်​ ဒယ်​ ဒီ ။
သူ​ခေါင်းမာတာကို သိ​ပေမဲ့
တစ်​​ယောက်​တည်း ရှိသမျှပြသာနာအကုန်​လုံးကို
ကြိတ်​​ဖြေရှင်း​နေတာကို​တော့ ခွင့်​မပြုနိုင်​ဘူး ။ "
" သူ့မိသားစုအ​ရေး​လေ ဂျုံ အင်
ဒါကို ဒယ်​ဒီတို့ ဝင်​စွက်​ဖက်​လို့မရဘူး ။
သူကိုယ်​တိုင်​မမှီခိုသ၍ ဒယ်​ဒီတို့ဘက်​က
စောင့်​ကြည့်​ရုံဘဲ "
" ကျ​တော်​တို့က သူ့အတွက်​ သူစိမ်း​တွေလား ။
သူ့ကိုချစ်​လွန်းလို့ စိုးရိမ်​ပူပန်​​နေရတဲ့ ကျ​တော့်​ကို​ရော
မမြင်​​တော့ဘူးလား ။ "
တွေးလိုက်​တိုင်း စိတ်​နာမိသလို စဉ်းစားလိုက်​တိုင်းလည်း
ရင်​တွင်​မချိ ။
အို ဆယ်​ ဟွန်း ဆိုတဲ့ သင်းကို ဂျုံ အင်
ဘယ်​​တောင်​ချစ်​သည်​ထင်​သလဲ ။
မျက်​နှာတစ်​ချက်​​လေးနွမ်းသွားရုံနှင့်​တင်​ ပျာယာခက်​ရ
သည့်​ ဒီဂင်​ဂျုံအင့်​ ​သောကကိုကြ မမြင်​ဘဲ
လွှတ်​ထား​ပေးလိုက်​ပါဆို​တော့ အို ဆယ်​ ဟွန်း မာန
ကဘဲအ​ရေးပါသည်​​ပေါ့ ။
မုန်းစရာ​ကောင်းလွန်းတဲ့ အို ဆယ်​ ဟွန်း ။
တမင်​များသူ့ဘဝထဲဝင်​မရ​လေ​အောင်​ ချိတ်​ပိတ်​ထား
လေသလား ။
" မင်း အဲ့လိုလုပ်​လို့ ဆယ်​ ဟွန်း နီး က
ဝန်​​လေး​နေတာ ။ သူ့အ​တွေးထဲ မင်းနဲ့
တူညီတဲ့အဆင်​အတန်းတစ်​ခုမှာ ရင်​​ဘောင်​တန်းနိုင်​မှ
မင်းအနားပြန်​လာလို့ရမယ်​ဆိုပြီး ရိုက်​သွင်းထား
မှ​တော့ လွယ်​လွယ်​ကူကူ ထုတ်​​ပြောပြမလား "
" ရတယ်​​လေ အဲ့​လောက်​​တောင်​​ ​ခေါင်းမာ​နေရင်
ကျ​တော့်​ဘက်​က အကြမ်းနည်းနဲ့ မရ,ရ​အောင်​ယူပြမယ်​ ။
ဂင်​ဂျုံအင်​ကိုများ ​ပေါ့​သေး​သေးမှတ်​လို့ .. ။
မလုပ်​ရက်​လို့လွှတ်​ထား​ပေးတာကိုများ ​ချေမိုးပြ​နေတယ်​ "
ဒယ်​ ဒီ့ ​ရှေ့တင်​ပင်​ ​ဒေါသတကြီး​ပေါက်​ကွဲပြလိုက်​သဖြင့်
တစ်​နည်းနည်းနှင့်​​တော့ အို ဆယ်​ ဟွန်း ဆီ
ဒီစကား​ရောက်​မည်​ဘဲ ။
မာမီပြန်​​ပြောသည်​ဘဲဖြစ်​ဖြစ်​ ဒယ်​ဒီလှမ်းသတိ​ပေးသည်​ဘဲ
ဖြစ်​ဖြစ်​ ဂျုံ အင်​ ၏ ရာဇသံကို ဆယ်​ဟွန်း သိရန်
အ​ရေးကြီးသည်​ ။
" သားကဘဲ ဆယ်​ ဟွန်းနီး ကို နားလည်​​ပေးလိုက်​ပါ "
" ဒီထက်​နားလည်​​ပေးရင်​လည်း သူမိန်းမယူသွားမှာကို
ထိုင်​ကြည့်​ဖို့ဘဲရှိ​တော့တယ်​ "
အို ဆယ်​ ဟွန်း ဆိုတဲ့သင်းက ​ပြောလို့ရသည့်​အ​ကောင်
မဟုတ်​ ။ ဂင်​ ဂျုံ အင့်​ အချစ်​ကို မျက်​ကွယ်​ပြု ပြီး
အမှန်​တကယ်​ပင်​ မိန်းမယူသွားလျှင်​ ဒီလူဘဲ
ရင်​ကွဲနာကျရဦးမည်​ ။
* ငါတို့ တက်​တူးထိုးခဲ့တဲ့ဆိုင်​ကို လာခဲ့ *
တစ်​ဖက်​မှပြန်​အ​ဖြေကို​တောင်​ မ​စောင့်​​တော့ဘဲ
ထိုတစ်​ခွန်းတည်း​ပြောပြီး ဖုန်းချပစ်​လိုက်​သည်​ ။
အချစ်​ဆိပ်​နှင့်​အမျှ တစ်​ခုခုဆို ​ဒေါသထွက်​လွယ်​သည်
ကလည်း အို ဆယ်​ ဟွန်း ​ကြောင့်​တည်းဟူ​သော
အ​ကြောင်းအရင်းတစ်​ခုတည်းသာ ။
.
.
.
" ကို​လေး .. "
" ​ရောက်​ပြီလား .. "
လက်​ဖျံ​ပေါ် ​​​နောက်​ထပ်​အသစ်​ တက်​တူးထိုး​နေစဉ်
ရောက်​လာ​သော ဆယ်​ ဟွန်း သည်​ ​အဝတ်​မဲ့
အ​ပေါ်ပိုင်းကိုယ်​တစ်​လွှားမှ သူ့နာမည်​ တက်​တူးအများ
အပြားကိုမြင်​ပြီး မျက်​​မှောင်​ကုတ်​သွားသည်​ ။
" ဂင်​ ဂျုံ အင်​ .. မင်း ရူး​နေလား "
" ဘာဖြစ်​လဲ ရူးတယ်​ ။ မင်း​ကြောင့်​ ငါရူးတာဘဲ
ကြည့်​လှတယ်​​လေ "
" ကို​လေး မင်း ကွာ "
ငယ်​ရွယ်​စဉ်​ကထက်​ ​လောဘကြီးတစ်​ကိုယ်​​ကောင်းဆန်
လာ​သော ဂျုံ အင့်​ ၏ အတ္တကို ဆယ်​ ဟွန်း တုန်​လှုပ်
သွားပုံပင်​ ။
စိတ်​ပျက်​လက်​ပျက်​ သက်​ပြင်းချသံနှင့်​အတူ
စိတ်​ကုန်​သွားသလို မျက်​ဝန်းရိပ်​​ကြောင့်
နှစ်​​ပေါင်းများစွာ အချစ်​ကို အချစ်​ထပ်​ခဲ့သည့်
ဂျုံ အင့်​ ၏ ရင်​တွင်းခံစားချက်​များက တန်​ဖိုးမရှိခဲ့သည့်
အတိုင်း .. ။
" ငါ မင်း ကို မုန်းတယ်​ ..
စိတ်​နာတယ်​ .. ငါ့အချစ်​ကို လက်​လွတ်​စပယ်​ပြုရဲတဲ့
အို ဆယ်​ ဟွန်း .. မင်း ကို ​သေ​လောက်​​အောင်​ မုန်းတယ်​ "
ဘယ်​ကဘယ်​လိုလမ်း​ကြောင်းလွဲပြီး မုန်း​ကြောင်း​တွေ
ထုတ်​​ပြောမိ​နေလဲမသိ​တော့​ပေမဲ့ ဂျုံ အင့်​ စကားများကို
ကြားပြီးပြီးချင်း လှစ်​ခနဲပြုံး​ယောင်​သန်းသွားသည့်
နှုတ်​ခမ်းလွှာ​ကြောင့်​ နစ်​နစ်​နာနာအသုံးအနှုန်းများနှင့်
စိတ်​ဆိုးပြမည့်​ ​ဒေါသထွက်​ပြမည့်​ စိတ်​က​လေးပင်
အ​ငွေ့ပျံလုဆဲဆဲ ။
ဆိုးလိုက်​တဲ့ အို ဆယ်​ ဟွန်း .. ။
" ကို​လေး .. မင်း ငါ့ကို မုန်းရက်​တယ်​တဲ့လား "
" မင်း​တောင်​ ငါ့ကို မုန်း​သေးတာဘဲ .. ။ ဒီထက်​​တောင်
ပိုမုန်းပြချင်​တယ်​ ။ မင်းကိုချစ်​တဲ့အချစ်​​တွေကုန်​သွား
အောင်​အထိ "
" ငါ ပြန်​​တော့မယ်​ "
အ​မေရင်း ​ဆေးရုံတက်​​နေရသည့်​အ​ကြောင်းနှင့်
ဆယ်​ဟွန်းကိုအ​တွေ့မခံသည့်​ အ​ကြောင်းကို
ကြိုသိထားသဖြင့်​ အနည်းငယ်​​ချောင်​ကျသွား
သော မျက်​နှာပြင်​ကို မကြည့်​ရက်​​တော့သည်​​ကြောင့်
လှည့်​ထွက်သွား​သော ဆယ်​ ဟွန်း ကို တားရန်
တက်​တူးအပ်​ကိုပင်​ ဂရုမထား​တော့ဘဲ ချက်​ချင်းထကာ
လက်​​ကောက်​ဝတ်​မှ ဖမ်းဆွဲထားလိုက်​သည်​ ။
" ငါ့ညီ .. လက်​ထိမိကုန်​ပြီ "
" အကို .. အားနာ​ပေမဲ့ ခဏ​လောက်​ အပြင်​ထွက်
ပေးလို့ရမလား ။ ကျ​တော်​ သူနဲ့ စကား​ပြောချင်​လို့ "
အ​ကြောင်းသိ​များဖြစ်​​သော​ကြောင့်​ ​ခေါင်းတစ်​ချက်​ငြိမ့်
ပြပြီး ​ရှောင်​​ပေး၏ ။
" ပိန်​သွားလိုက်​တာ ဆယ်​ ဟွန်း ရာ .. "
" ငါ့ကို မုန်းတယ်​ဆို "
" စကားအဖြစ်​​ပြောတာပါကွာ ။
ငါက မင်း ကို မုန်းလို့ရမှာတဲ့လား "
" စကားအဖြစ်​​တောင်​ထွက်​လာပြီဘဲ
ဘယ်​​ပြောနိုင်​မလဲ တကယ်​မုန်း​နေမလားဆိုတာ "
" ငါသာမင်းကို မုန်းမယ်​ဆို ဒီ​နေရာမှာတင်
မင်း​ရောငါ​ရော ငါ့လက်​ချက်​နဲ့ ​သေလိမ့်​မယ်​ "
" ဟက်​ .. ​ကြောက်​​​တောင်​​ကြောက်​လာပြီ "
" မလုပ်​ရဲဘူးမထင်​နဲ့ အို ဆယ်​ ဟွန်း .. ။
ချစ်​လွန်းလို့ သည်းခံ​နေတာ "
" အ​မေ ငါ့ကို အ​တွေ့မခံဘူး ကို ​လေး "
" ငါရှိတယ်​ ။ စိတ်​မပူနဲ့ ​"
ငိုချင်​​နေ​သော်​ငြား မျက်​ရည်​မကျ​အောင်​တင်းခံထားသည့်
ပုံစံ​ကြောင့်​ ရဲတက်​လာ​သော မျက်​လုံးများကို
အနားယူ​စေစိတ်​ဖြင့်​ မျက်​ခွံကိုဖိချ​ပေးပြီး ခပ်​ဖွဖွ
နမ်းလိုက်​သည်​ ။
" မင်းတစ်​​ယောက်​တည်းမဟုတ်​ဘူး ..
ငါရှိတယ်​ "
" ကို ​လေး .. "
.
.
.
မ​ရေးဘူး မ​ရေး​သေးဘူး လုပ်​​နေတာ
ပြီးသွားရင်​ဒီလူမှာ နှ​မြောပြီးလွမ်းစိတ်​နဲ့ကျန်​ခဲ့ရတယ်​​လေ 💔 စာ​မေးပွဲရှိတဲ့ကိုယ့်​အသဲအကုန်​လုံး​ဖြေနိုင်​ကြပါ​စေ
တစ်​ပိုင်းဘဲလို​တော့တယ်​ စိတ်​မပူပါနဲ့
ဒီ​နေ့အပြီးအပ်​​ပေးမှာပါ ❤
ချောင်း​တော့မရိုက်​ကြနဲ့​နော်​ ကိုယ်​စိတ်​ကအစိုးမရရယ်
Continue Reading
You'll Also Like
64K 4.9K 64
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
127K 13K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...
64.3K 4.9K 29
588K 36.8K 73
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...