Unicode
"ဝါးးး"
နှိုးစက်အသံကြောင့် ကုတင်ပေါ်မှထလာကာ
ခပ်ပြင်းပြင်းသမ်းပြီး အပြာရောင်ဆံနွယ်များကို
ဖွကာ ...
"အားးး.........ပျင်းလိုက်တာ"
အိမ်ကပေးလိုက်တဲ့၁လစာမုန့်ဖိုးကလဲ၁ရက်ထဲနဲ့ကုန် ဘလိူလူကြီးတွေလဲမသိဘူး...သူတို့ပေးလိုက်
တဲ့ပိုက်ဆံကို၁လသုံးရမယ်တဲ့ ကြားကောင်းလား?
မနက်စောစောစီးစီး လူကြီးတွေက်ုမေတ္တာပို့ကာ
အသုံးစရိတ်မရှိတော့သည့်အတွက်ငြီးနေသော
အထက်တန်းကျောင်း၂နှစ်ကျ
"Kim Tae Hyung"
မျက်နှာသစ်ရေမိုးချိုးကာ ကျောင်းဝတ်စုံကိုလဲလိုက်
ပြီး စာအုပ်တစ်အုပ်သာပါသည့်လွယ်အိတ်ကို
ကောက်လွယ်ကာ ဖုန်းကိုထုတ်ပြီး
"အာ...နိုးနေပီလား? အိမ်ရှေ့ကိုလာခဲ့မယ်
ကျောင်းတူတူသွားမယ်လေ"
သူမကတခြားသူတော့မဟုတ်ဘူး
ကျွန်တော်နဲ့ငယ်ငယ်ထဲကကျောင်းနေဖက်
Min Yoonjiတဲ့
ကျွန်တော့်သူငယ်ချင်းတွေကမေးတယ်
"မင်းဘာလို့ချစ်သူမထားသေးတာလဲ"တဲ့
ကျွန်တော်အမြဲဒီလိုပြန်ဖြေတယ်
"Yoonjiရဲ့အချစ်ကိုစောင့်နေတာ"
"မင်းကွာ မင်းဘေးမှာဒီလောက်အချောအလှလေးတွေဝိုင်းနေတာကို ဘာလို့ သူ့လိုအေးစက်စက်ကို
များအဲ့လောက်တန်းတန်းစွဲဖြစ်နေတာလဲ?"
ဟုတ်တယ် သူမက အေးစက်တယ် ဒါပေမဲ့
တည်ငြိမ်တယ် ရင့်ကျက်တယ် စိတ်ထားကောင်းတယ် အဲ့အချက်လေးတွေကိုကျွန်တော်အရမ်းသဘော
ကျတယ် ကျွန်တော်ကသူ့ထက်ငယ်တယ်လေ
သူက ကျွန်တော့်ကိုဆိုအမြဲဆုံးမပေးတယ်
သူ့ရဲ့အေးတိအေးစက် အကျင့်လေးတွေကိုလဲ
ချစ်မိသွားတာနေရင်နေမာပေါ့
Busanမှာကျောင်းတက်ရမည်ဆိုလို့ မိဘတွေက
တိုက်ခန်းလေးငှားပေးထားတယ်...
၁နှစ်ထဲနဲ့အထက်တန်းကျောင်းပြီးမယ်ထင်လို့ပေါ့
ဒါပေမဲ့ Kim Tae Hyungလေးက ၂နှစ်ရှိပြီကျနေ
တော့ တိုက်ခန်းဖိုး၂နှစ်စာနဲ့တင် မွဲတော့မယ်
ထို့ကြောင့် ဘယ်အချိန်မှအောင်မလဲမသိတဲ့သူ့အား
မိဘနှစ်ပါးမှလုံးချင်းအိမ်လေးတစ်လုံးဝယ်ပေးထားတာဖြစ်သည်
အိမ်မှထွက်လာကာYoonjiအိမ်သို့ သွားရန်ခြေဦး
ပြင်လိုက်သည်
အပြင်လည်းရောက်တော့ အနက်ရောင်တူညီဝတ်စုံ
ဝတ်ထားတဲ့လူတစ်ချို့
"ဘာကိစ္စရှိလို့ ကျွန်တော်အိမ်ကိုဓာတ်ပုံတွေရိုက်
နေကြတာလဲ?"
"ကျွန်တော်တို့Bossကဒီမြေကွက်ကို
ဝယ်ချင်လို့ပါတဲ့..."
တူညီဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ကစကားကို
ဆိုလာသည်
"ဘာကိစ္စနဲ့ဝယ်ချင်တာလဲ?"
"ဒီနေရာက Busanရဲ့mainနေရာလိုဖြစ်နေတာရယ် ဒီနေရာလေးကသာယာတာရယ်ကြောင့်
Bossကဒီနေရာမှာ ရုံးခန်းတစ်ခုထပ်ဖွင့်ချင်လို့ပါ"
"တော်စမ်းပါအာရုံတွေ မရောင်းဘူး လစ်လိုက်
တော့"
Taeတစ်ယောက် လှည့်ထွက်သွားရန်အလုပ်
စကားတစ်ခွန်းကြောင့် မျက်လုံးကလေးမှာကြယ်
ပွင့်ကလေးပွင့်သလိုဖြစ်ကာ
"တောင်းသလောက်ပေးပါ့မယ်"
"အဟမ်း ငါ့ကိုငွေမက်တဲ့ကောင်များထင်နေလား?"
"Bossကတောင်းသလောက်ပေးမယ်တဲ့"
"နေဦး မင်းတို့Bossနဲ့အရင်တွေ့မယ်"
"ကျွန်တော်တို့ကားနဲ့လိုက်ခဲ့ပါ..."
Tae Hyungတစ်ယောက် မျက်နှာကြောကိုတင်းကာ
ကားပေါ်သို့တက်ပြီး လိုက်သွားလေသည်
ကားလေးရပ်သွားတော့ သူဆင်းလိုက်တယ်
"wow"
အထပ်ပေါင်း၁၂ထပ်ရှိတဲ့ Jeon Family Group
တည်ထောင်ထားတဲ့Euphoria Companyဆိုတာ
သတင်းစာ ဓာတ်ပူံထဲမှာဘဲ မြင်ဖူးခဲ့တာပါ
ဒီလောက်ကြီးကျယ်မယ်မထင်ထားဘူး
"သွားကြမယ်လေ"
သူ့ဘေးနားကနေ လူ၄ယောက်လောက်ကဝ်ိုင်းပြီး
သူကအလယ်မှ ကိုယ်တော်ချောကြီးက မျက်နှာကြီးပြုံးဖြီးကာ လိုက်လာလေတယ်
"အမလေး ကိုယ့်ကိုကိုယ်တောင်အထင်ကြီးလာပြီ"
ဓာတ်လှေကားထဲဝင်ကာထိပ်ဆုံးအထပ်မှာရှိတဲ့ရုံးခန်းဆီသို့
"အထဲဝင်သွားလိုက်ပါ အထဲမှာBossရှိတယ်"
"အင်းအင်း"
ရုံးခန်းတံခါးကဖွင့်စရာပင်မလိုပါ အခန်းရှေ့ရပ်လိုက်
တာနဲ့အလိုလိုပွင့်လာတဲ့တံခါးကြောင့် အခန်းတွင်းသို့စူးစမ်းမိလိုက်တော့
"ရုံးခန်းတစ်ခန်းကလည်း ငါ့အိမ်တစ်အိမ်လောက်ရှိတယ်"
ရုံးခန်းတစ်ခန်းကတောင်သူ့အိမ်လောက်ရှိတာကို
ဘာကြောင့် သူ့အိမ်သေးသေးကိုဝယ်ချင်မှန်း
စဉ်းစားနေမိသည်
အသက်ငယ်ငယ်ချောချောလူတစ်ယောက်လောက်ကိုလှမ်းမေးလိုက်တော့
"ဒီမှာ မင်းတို့Bossဘယ်မှာလဲ?"
ထိုအသက်ငယ်ငယ်ကောင်လေးကပြန်ဖြေသည်
"ငါလေ"
"ခွီ"
Tae Hyung ဟက်ဟက်ပက်ပက်ရီလိုက်ကာ
"ဟျောင့် အခုလိုခေတ်မှာလာအရူးမလုပ်နဲ့
မင်းလို သူငယ်နာမစင်သေးတဲ့ကောင်ကBossလား? ကဲ သွား မင်းBossကိုသွားခေါ်"
"ဟာ ဒီမှာJeon Familyရဲ့အငယ်ဆုံးသား
Koreaမှာအသက်ငယ်ဆုံးCEO
Jeon Jung Kookဆိုတာငါဘဲ"
ထိုအခါမှ Taeတစ်ယောက် သူ့မျက်နှာအား
အီးမှန်သလို ခံစားလိုက်ရကာ
"မသိလို့ပေါ့...ကဲ ဒါနဲ့အိမ်ကိစ္စ"
"ဟူတ်တယ် အဲ့မြေကွက်ကိုလိုချင်တယ်"
"တောင်းသလောက်ပေးမယ်ဆိုတာကရော?"
"ပိုက်ဆံကိစ္စတော့မပူနဲ့"
"ဟုတ်ပီ.."
"ဒါပေမဲ့ ခင်ဗျားကိုပိုက်ဆံပေးပီးတာနဲ့
အိမ်ပေါ်ကဆင်းရမှာနော် "
"အဲ့တာဆိုငါကဘယ်မှာနေရမာလဲ?"
"အဲ့တာတော့ခင်ဗျားသမိုင်းဘဲ..ကျွန်တော်က
ခင်ဗျားကိုပိုက်ဆံပေးပြီးတာနဲ့ ခင်ဗျားအိမ်ကိုဖျက်ပြီး
ရုံးခွဲတစ်ခုထပ်ဆောက်မှာ"
"ဟာ အဲ့လိုကြီးလား?"
"အင်း အဲ့လိုကြီးဘဲ..."
"အင်းပါ ဒါဆိုပြန်လိုက်အုန်းမယ်နော်"
_______________________________
လမ်းတစ်လျှောက်အတွေးများစွာနဲ့ ကျောင်းသ်ို့
ဘတ်စ်ကားသာ စီး၍လာခဲ့လိုက်ရသည်
ကျောင်းထဲရောက်မှYoonjiကိုတွေ့ပြီး
သူမဆီသို့အပြေးသွားလိုက်ကာ
"Nonna စိတ်မဆိုးပါနဲ့နော် မနက်ကလာမယ်ဆို
ပြီးမလာဖြစ်တာ"
"ရပါတယ်"
"ဒါနဲ့ ကျွန်တော့်ကိုအဖြေပြန်မပေးတော့ဘူးလား
ကျွန်တော်စောင့်ရတာ နှစ်တော်တော်ကြာပြီနော်"
"Nonnaဘာပြောထားလဲ? Nonnaရဲ့ဘဝလက်တွဲဖော်က ပညာတက်ဖြစ်ရမယ် ထောက်ပံ့နိုင်ရမယ် nonnaအပေါ်တကယ်ချစ်ရမယ်မင်းဒီပုံစံနဲ့ဆိုnonnaအချစ်ကိုဘယ်တော့မှမရဘူး ရချင်တယ်ဆို
ရင်မင်းကြိုးစားရမယ်"
"အင်းပါ"
Taeတစ်ယောက်စာသင်ခန်းထဲသာဝင်၍ ခုံပေါ်
ခေါင်းမှောက်ကာ အိပ်နေတော့သည်
စာသင်ချိန်၂ချိန်လောက်ပြီးတော့
မိန်းကလေးများရဲ့ဆူညံသံတစ်ချို့ကိုကြားလိုက်ရ
သည် ဒါပေမဲ့ သူစိတ်မဝင်စားပါ သူအိပ်သာအိပ်၍နေသည် နောက်တော့ အသံတစ်ခုကိုထပ်ကြားလိုက်ရသည်
"ကျွန်တော် အလုပ်ကိစ္စတွေမပီးသေးလို့ကျောင်းနောက်ကျသွားတယ်"
"ရပါတယ် ဆရာတို့ကမင်းကိုနားလည်ပါတယ်
ကဲ ကျောင်းစတက်တဲ့နေ့ဆိုတော့ ကိုယ့်ကိုကိုယ်
မိတ်ဆက်လိုက်ပါအုန်း"
"ANNYEONG ကျွန်တော့်ကိုမသိတဲ့လူမရှိဘူး
ထင်တယ် ကျွန်တော်Jeon Jung Kookပါ"
ထိုအခါမှTaeတစ်ယောက် ခေါင်းထောင်ကာ
ထကြည့်၍ အကြည့်ချင်းစုံမိဝယ်
"ကဲ ဟိုနှစ်ကျကျောင်းသားဘေးက်ိုသွားထိုင်"
ဆရာ့ရဲ့စကားကအရှိုက်ကိုထိသွားတာကြောင့် Tae Hyungတစ်ယောက်
"ဟာဆရာ"
"သူက ဒီကျောင်းကိုချစ်လို့ထင်တယ်
ပြန်တက်တာ ၂နှစ်ရှိပီ ဒီကျောင်းအကြောင်းအကုန်
သူ့ဆီကမေးလို့ရတယ် "
Jeonတစ်ယောက် ပြုံးစိစိနဲ့သာ Tae Hyungဘေးနား
ဝင်ထိုင်လိုက်တယ်
ဖော်ရွေတဲ့Tae Hyungကစပြီးနှုတ်ဆက်လာတယ်
"Hi သူဌေးသားလေး"
_______________________________
❣️
{Zawgyi}
"ဝါးးး"
ဖွကာ ...
"အားးး.........ပျင်းလိုက်တာ"
အိမ်ကပေးလိုက်တဲ့၁လစာမုန့်ဖိုးကလဲ၁ရက်ထဲနဲ့ကုန် ဘလိုလူကြီးတွေလဲမသိဘူး...သူတို့ပေးလိုက်
"Kim Tae Hyung"
Min Yoonjiတဲ့
ပြင်လိုက်သည်
ဝတ်ထားတဲ့လူတစ်ချို့
နေကြတာလဲ?"
ဝယ်ချင်လို့ပါတဲ့..."
ဆိုလာသည်
တော့"
"wow"
"သွားကြမယ်လေ"
သူ့ဘေးနားကနေ လူ၎ယောက်လောက်ကဝိုင်းပြီး
"အင်းအင်း"
စဉ်းစားနေမိသည်
"ငါလေ"
"ခွီ"
"ဟုတ်ပီ.."
"ဟာ အဲ့လိုကြီးလား?"
"အင်း အဲ့လိုကြီးဘဲ..."
_______________________________
လမ်းတစ်လျှောက်အတွေးများစွာနဲ့ ကျောင်းသို့ဘတ်စ်ကားသာ စီး၍လာခဲ့လိုက်ရသည်
ပြီးမလာဖြစ်တာ"
"ရပါတယ်"
ရင်မင်းကြိုးစားရမယ်"
"အင်းပါ"
မိတ်ဆက်လိုက်ပါအုန်း"
"ကဲ ဟိုနှစ်ကျကျောင်းသားဘေးကိုသွားထိုင်"
"ဟာဆရာ"
သူ့ဆီကမေးလို့ရတယ် "
"Hi သူဌေးသားလေး"
_______________________________
❣️