HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

362K 24.2K 898

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း(၇)-ပြိုလဲခြင်းအစ

8.7K 564 3
By Futawa


အခန်း (၇) - ပြိုလဲခြင်းအစ

Unicode

[မောင့််ရဲ့မျက်ဝန်းတွေကသူ့ဆီမှာပဲ]


ဆရာကရှိုင်းကိုချီးကျူးပေးလိုက်သံအားကြားလိုက်ရသည်နဲ့တပြိုင်နက် မင်းခန့်ထည်လည်း သတိပြန်ဝင်လာကာ ထထိုင်လိုက်ပြီးနောက် ကောင်လေးရဲ့မျက်နှာဆီကိုတစ်ချက်ရှုကြည့်လိုက်ပြီး မှင်သေသေမျက်နှာထားနဲ့ထရပ်လိုက်တော့သည်။

သူမတ်တပ်ရပ်လိုက်ပြီးထွက်သွားမည်အလုပ်သူ့ရဲ့ညာဖက်လက်ကို လက်အေးအေးလေးတစ်စုံက ဆုပ်ကိုင်လိုက်တာကြောင့်ထွက်သွားတော့မယ့်ခြေလှမ်းတွေကရပ်တန့်သွားရကာ မင်းခန့်ထည်သည် ထိုလက်အေးအေးပိုင်ရှင်လေးကို ငုံ့ကြည့်လိုက်လျက် ဖြည်းညင်းညင်သာစွာမေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ ညီ.."

ထိုအခါရှိုင်းဇေယံက သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မော့ကြည့်လာပြီး ထိုကောင်လေးရဲ့နှုတ်ခမ်းဖူးဖူးလေးထက်ကနေထွက်ကျလာတဲ့
"ကျေးဇူးတင်ပါတယ် အကိုမင်းခန့်ထည်"
ဆိုသော စကားသံလေးတွေကမထူးဆန်းသော်လည်း သူ၏အတွက်တော့အထူးတဆန်းဖြစ်စွာ ကျေနပ်ပီတိဖြစ်ရကာ သူ၏ရှည်သွယ်သောမျက်လုံးအနားသတ်တို့ကကွေးညွတ်သွားရလေသည်။

"ရပါတယ် ညီရယ်"

"first year သင်တန်းသူသင်တန်းသားများ အရှေ့နားမှာလူလာစုပေးကြပါ ဆရာ ပြောစရာလေး ရှိသေးလို့"

ထိုအသံတို့ဆုံးသည့်တိုင် သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ရှိုင်းဇေယံရဲ့လက်ကလေးကမလွှတ်ပေးသေးတာကြောင့် ကောင်ကလေးရဲ့လက်တစ်ဖက်ကို သူကိုယ်တိုင်ပဲဖြုတ်ချလိုက်တော့သည်။

"သွားတော့လေ ညီ ဆရာခေါ်နေပြီ"

သူမေးဆတ်ပြကာဆိုလိုက်တော့ ကောင်လေးကတစ်ဖက်သို့ခေါင်းလှည့်ကြည့််လိုက်ပြီးမှသူ့အားခေါင်းညှိတ်ပြလာပြီး ကျောခိုင်းလျက်ထွက်သွားတော့သည်။

မင်းခန့်ထည်လည်း ရှိုင်းဇေယံရဲ့ကျောပြင်လေးကိုတစ်ချက်ထပ်ကြည့်လိုက်ပြီးနောက် မင်းစက်နဲ့အတူ Canteenဘက်သို့ထွက်လာခဲ့လိုက်သည်။စီနီယာတွေအနေနဲ့ဘာမှလုပ်စရာမရှိတော့တာကြောင့် သူတို့အရင်ဆုံးသင်တန်းကနေထွက်လာခဲ့ခြင်းပေ။

တရစပ်စကားပြောနေပါတဲ့သာလိကာကောင်အမောင်မင်းစက်ကြောင့် လမ်းတလျှောက်စလုံး သူ၏နား၂ဖက်မှာ အနားမရစွာပူထူလို့နေသည်။
ဒီကောင် မင်းစက်နဲ့Canteen သွားဖို့ဆုံးဖြတ်လိုက်တဲ့သူ့ကိုယ်သူသာ နားရင်းပြန်အုပ်လိုက်ချင်စိတ်တို့ကတဖွားဖွား။

"မင်းခန့် ငါတို့နှစ်တုန်းကတကယ်နာတယ်ကွာ Siliconရုပ်ကြီးတွေနဲ့ ပြန်စဉ်းစားမိတိုင်းကြက်သီးထတယ်" ဟု ရှုံ့မဲ့ကာဆို၍
စီနီယာကြီးမင်းစက်ဟာ သူ၏လက်မောင်း၂ဖက်ကိုအကြမ်းပတမ်းပွတ်သပ်လိုက်တော့သည်။

မင်းခန့်ထည်က သူ့ဖိနပ်အောက်ကကျောက်စရစ်ခဲလေးကိုခပ်ဝေးဝေးရောက်တဲ့အထိကန်ထည့်လိုက်ရင်းမျက်ခုံးရိုးတို့ကိုတွန့်ကြုံ့ထားမိသည်။ထိုအချိန်၌ သူ့ရဲ့အတွေးအာရုံထဲမှာ ဘယ်လိုအရာတွေနဲ့သောင်းပြောင်းပြည့််နှက်နေခဲ့မှန်း သူကိုယ်တိုင်သာအသိဆုံးပင်။

"အရုပ်တွေနဲ့ကတော်သေးတယ် အခုဟာက ငါ့အထင်တော့မသင့်တော်ဘူးနော်"

မင်းစက်ကလက်ထဲရှိအနက်ရောင်ထီးရှည်ကိုဖွင့်ဆောင်းလိုက်ရင်းငြင်းဆန်လာခဲ့သည်။

"ဘာကို မသင့်တော်တာလဲ သူတို့အခုလိုလေ့ကျင့်ထားမှတော်ကာကျမှာ
တကယ်လို့အဲ့လိုအချိန်ရောက်လာရင်
မိန်းကလေးမို့လို့ ယောက်ျားလေးမို့လို့ဆိုပြီးရှက်နေရမှာလား အသက်မကယ်ဘဲနဲ့လေ"

"မင်းအတွေးအခေါ်နဲ့မင်းကတော့ဟုတ်နေတာပဲ မင်းဘာသာ နှာခေါင်းမီးတောက်ချင်ရင် မီးတောက်ချင်တယ်ပေါ့ သောက်ကြီးသောက်ကျယ်တွေပြောစရာမလိုဘူး ဟိတ်ကောင် "

မင်းခန့်ထည်ကပြောနေရင်းနဲ့ခဏရပ်လိုက်ကာစိတ်ပျက်စွာနှာတစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက် မင်းစက်ရဲ့ကျောပြင်ကိုကျောပိုးအိတ်နဲ့ခပ်ပြင်းပြင်းတစ်ချက်ချထည့်လိုက်ရင်းဆက်ပြောလာသည်။

"ပြီးတော့ ဒီကိစ္စကမင်းအကြံပေးလို့အကောင်အထည်ပေါ်လာတယ်ဆိုတာလဲငါသိတယ် ကြည့်လုပ် တစ်နေ့ချောင်းရိုက်ခံရမှ ငါ့ကိုကူပါကယ်ပါလာမလုပ်နဲ့ ခွေးကောင်!"

ကောင်းကျိုးမပေးတဲ့သူငယ်ချင်းကြီးအားလက်တစ်ဖက်ကနေထီးမိုးပေးထားရတဲ့ငယ်ကျွန်ကြီးမင်းစက်ခမျာလွတ်နေတဲ့ကျန်တစ်ဖက်နဲ့ကျိန်းစပ်စပ်ဖြစ်သွားရတဲ့သူ၏ကျောဘက်တစ်နေရာကိုနောက်ပြန်ပွတ်သပ်လိုက်ရင်း သကောင့်သားအား မျက်စောင်းထိုးလာခဲ့သည်။

"မင်းကလည်း ငါ့ဆိုဖဲ့မယ်ဆိုတာကြီးပဲ"

"မင်းလုပ်နေတာတွေက ဟုတ်မှမဟုတ်တာ"

"မင်းကော သင်တန်းက first yearတွေကိုကြည့်ပြီး ငါတို့first year တက်ခဲ့တဲ့အချိန်တွေကို သတိမရဘူးလား အဲ့တုန်းကဆိုရင် မင်းရယ် ငါရယ် မာန်ရယ် လေ ...."

လွမ်းဆွတ်မှုတို့နဲ့တသသရေရွတ်လိုက်တဲ့မင်းစက််ရဲ့စကားသံတို့အဆုံး မင်းခန့်ထည်တစ်ယောက် သူ့ရဲ့လှမ်းလက်စခြေလှမ်းတွေကိုရှေ့ဆက်မရွေ့နိုင်တော့ဘဲ ကျောက်ရုပ်ကြီးတမျှ အနောက်ဘက်၌မတ်တပ်ရပ်ကာကျန်ရစ်ခဲ့ရလေသည်။သူ့ရဲ့မျက်ဝန်းအိမ်တို့ထဲ၌ ပူဆွေးဝမ်းနည်းတဲ့မှိုင်းဖျဖျအရိပ်အယောင်တို့ကတောက်ပခြင်းတို့ကိုလွှမ်းမိုးလာလျက် တရိပ်ရိပ်နဲ့ပြည့််နှက်လာခဲ့ပေ၏။

တမဟုတ်ချင်းပြောင်းလဲသွားသော
မင်းခန့်ထည်ရဲ့အေးစက်ခဲသေသွားရတဲ့ မျက်နှာအမူအရာကိုမျက်စိတစ်မှိတ်အတွင်း ဖတ်လိုက်နိုင်တဲ့ မင်းစက်က ချက်ချင်းပင်ပြောလက်စစကားတို့ကိုဖြတ်ချလိုက်ကာ စကားလမ်းကြောင်းလွှဲလိုက်တော့သည်။

"ဟိတ်ကောင် နောက်ကျနေပြီ မင်းနှေးကျုံ့နှေးကျုံ့လုပ်မနေစမ်းနဲ့
ငါဒီနေ့ ထမင်းစားချင်သေးတယ်ကွာ"

"အာ ...အေး "

သူ့အားမင်းစက်ကပုခုံးကနေသိုင်းဖက်လိုက်ရင်း Canteenဘက်သို့အလျင်အမြန်ဆွဲခေါ်သွားတဲ့အခါမှ သူသတိပြန်ဝင်လာရတော့သည်။

လူစုတဲ့နေရာရောက်တဲ့အခါရှိုင်းဇေယံတစ်ယောက်နောက်သို့တစ်ချက်ပြန်လှည့်ကြည့်လိုက်လေသော် သူရှာနေတဲ့ တစ်စုံတစ်ယောက်ကိုသင်တန်း၌မတွေ့ရတော့ပေ။

"ပြန်သွားပြီထင်တယ်"

ရှိုင်းလည်းသင်တန်းဆင်းပြီးပြီးချင်းပဲ Break timeအချိန်ရောက်ပြီမို့ သူစားနေကျ Takoyakiနဲ့ကော်ဖီဝယ်ရန် Archi ဆောင်သို့ဦးတည်လိုက်သည်။

Archiဆောင်မှာအစိမ်းရောင်သုတ်လိမ်းထားတဲ့၂ထပ်ဆောင်အဆောက်အဦးဖြစ်ပြီးကျောင်းဝန်းထဲ၌သီးသန့်ဝန်းတစ်ခုအဖြစ်
ဖြစ်တည်နေသည်။

ထိုဝန်းထဲမှာ ကျောင်းLibraryရှိပြီး အပေါ်ထပ်လေသာဆောင်ရဲ့အောက်ထပ်မှာတော့ Coffeeရောင်းတဲ့လှည်းလေးတစ်ခုရှိတာကြောင့် Canteenကိုသွားတဲ့ကျောင်းသားအများစုက Canteenမရောက်ခင်လမ်းတစ်ဝက်တွင် ထို Coffeeလှည်းလေးဆီကနေ Coffeeဝယ်သောက်သွားလေ့ရှိကြသည်။

Canteenသွားရမှာပျင်းတဲ့ သူ့လိုတချို့သောကျောင်းသားတွေအတွက်ကတော့ ထိုနေရာကနေ ထမင်းလိပ်နဲ့ Takoyakiတို့ကိုဝယ်၍သာ ဗိုက်ဖြည့်တတ်ကြသည်။

သူဟာအချိန်တစ်ခုကြာတဲ့အထိ တစ်ယောက်တည်းနေလာခဲ့တဲ့သူမို့ အစားအစာကိုသိပ်ပြီးမရွေးတတ်သလို ဖြစ်သလိုသာစားတတ်သည်။
သူစားလိုက်တိုင်းလည်း ready made သို့မဟုတ် အပြင်စာများသာဖြစ်ကာ ထမင်းလည်းအစားနည်းလေသည်။

လူရှုပ်ပြီးဆူညံလှတဲ့နေရာတွေကို မနှစ်သက်သလို တိတ်ဆိတ်ငြိမ်သက်သောအေးချမ်းမှုတစ်စုံတစ်ရာကိုခံစားရတဲ့နေရာများတွင်သာအနေများပြီး ထပ်ပေါင်းပြောရရင် ရှိုင်းဇေယံဆိုတဲ့ သူဟာ လူတစ်ယောက်နဲ့ပက်သတ်ပြီး လွယ်လွယ်နဲ့ခင်မင်တတ်သူလည်းမဟုတ်ပေ။

Coffeeနဲ့ Takoyakiဝင်ဝယ်လိုက်ပြီးပြန်ထွက်လာတဲ့အချိန်မှာ Archiဆောင်အပေါက်ဝနား၌ မိန်းမလှလေးတစ်ယောက်နဲ့သူဝင်တိုက်မိလေ၏။

ဝင်တိုက်မိတဲ့အရှိန်ကြောင့်ရှိုင်းရဲ့ဖော့ဘူးလေးကမြေပြင်ပေါ်သို့၂ပတ်ခန့်လိမ့်သွားရကာ Coffeeကလည်း တစ်ဝက်တိတိမှောက်ကျသွားရလေသည်။

"Sorry...."

ဝင်တိုက်လာတဲ့သူမဘက်ကနေစကာ
သူ့အားအရင်တောင်းပန်စကားဆိုလာတာကြောင့်ရှိုင်းဇေယံကလည်း အေးဆေးစွာသာတုံ့ပြန်လိုက်လေသည်။

"ရပါတယ်"

Takoyakiနဲ့ကော်ဖီကသူအသစ်ပြန်ဝယ်လိုက်ရင်ရတာကြောင့် အခုကိစ္စနဲ့ပက်သတ်ပြီးသူစိတ်အနှောက်ယှက်ဖြစ်သွားရခြင်းတို့မရှိပေမယ့်် သူစားဖို့ဝယ်ထားတဲ့စားစရာတွေမှောက်ကျသွားတာကိုပြန်တွေးမိတဲ့အခါသူနှမြောမိတာတော့အမှန်ပင်။

သူနှမြောတသဖြစ်စွာသက်ပြင်းချလိုက်လျက်ထွက်သွားမည်အပြု သူမရဲ့ခေါ်သံကိုကြားလိုက်ရတာကြောင့် ရှိုင်းအံ့သြသွားရကာ သူမကိုလှည့်ကြည့်မိလိုက်သည်။

"နေဦး မောင်လေး"

"ကျနော့်ကိုမောင်လေးမှန်းဘယ်လိုသိတာလဲ"

သူ မရည်ရွယ်ဘဲနှုတ်ကနေလွှတ်ခနဲထွက်သွားတဲ့စကားတစ်ခွန်းကြောင့်နှုတ်ခမ်းတို့ကိုရှက်ရွံ့စွာတင်းတင်းပြန်စေ့ပိတ်လိုက်ပြီး မျက်စိရှေ့ကသူမလေးအားမျက်လုံးပင့်ကြည့်လိုက်လေသည်။

သူ့ရှေ့မှာရပ်နေတဲ့သူမဟာဆိုရင် အင်မတန်မှလှပသိမ်မွေ့သောအလှတရားကိုပိုင်ဆိုင်ထားသည့်မိန်းမလှလေးတစ်ဦးဖြစ်ကာ သူမက နူးညံ့လှပတဲ့အပြုံးလေးနဲ့သူ့အားကြည့်နေရင်း လေအဝှေ့မှာသူ့ရဲ့ရင်ဘက်ပေါ်၌
အပေါ်ဘက်သို့ဆန်တက်နေတဲ့လည်ဆွဲလေးကိုလက်ညှိုးထိုးပြလာခဲ့သည်။

"အဲ့ဒါများမောင်လေးရယ် ထွေထွေထူးထူးမေးစရာမလိုပါဘူး
မင်းက ကျောင်းသားကတ်ဆွဲထားတယ်လေ"

ထိုအခါမှ ရှိုင်းဇေယံသည် သူ၏ရင်ဘက်၌ဆွဲထားတဲ့ကျောင်းသားကတ်ကိုသတိရသွားကာ ငုံ့ကြည့်လိုက်ရင်း
"ဟုတ်သားပဲ" ဟု တိုးဖွဖွရေရွတ်မိလေသည်။

"မောင်လေးရဲ့Coffee နဲ့စားစရာတွေမှောက်ကုန်ပြီ မောင်လေးအခုသွားရင် ဘာနဲ့စားမှာလဲ"

သူမကမျက်လွှာချကာဘေးပတ်ပတ်လည်မှာမှောက်သွားရတဲ့ကောင်လေး၏နေ့လည်စာကိုခေါင်းစောင်းကြည့်လိုက်ပြီးနောက် စိုးရိမ်စွာ မေးလာခဲ့လေသော် ရှိုင်းဇေယံကလက်ဝှေ့ရမ်းပြလိုက်ကာသူအဆင်ပြေကြောင်းအမြန်ဆိုလိုက်သည်။

"ရတယ်အမ ကျနော်လည်း သိပ်မဆာပါဘူး"

"အမ Canteen မှာတစ်ခုခု ဝယ်ကျွေးမယ်လေ အမနဲ့လိုက်ခဲ့"

"ရပါတယ်အမ"

"ရတယ်လုပ်မနေနဲ့ လာ"

ထို့နောက်ရှိုင်းဇေယံသည် သူမဆွဲခေါ်ရာနောက်သို့ စိတ်ညစ်ညစ်နဲ့ပါသွားရလေ၏။ Canteenနားရောက်တော့ သူမကသစ်ပင်ရိပ်အောက်၌ ခနရပ်လိုက်ကာ ဖုန်းထုတ်လိုက်ပြီးတစ်စုံတစ်ယောက်ကိုဖုန်းဆက်ခေါ်လိုက်သည်။

"ဟဲလို မောင် ဘယ်ဆိုင်မှာလဲ "

မောင်ဆိုတဲ့အသုံးနှုန်းကို ဆန်းစစ်ကြည့်ရသလောက် သူမဖုန်းဆက်လိုက်တဲ့ထိုသူဟာ သေချာပေါက်သူမချစ်သူပဲဖြစ်ပေလိမ့်မည်။ သူ့ကောင်မလေးနောက်ကိုသူစိမ်းကောင်လေးတစ်ယောက်လိုက်လာတာကို မြင်ရင် သူမချစ်သူက သူ့အားသဘောကျပါ့မလား။

ကြားထဲကဘာမှမဟုတ်ပဲ သူပဲပြဿနာတက်တော့မလားဆိုတာကိုတွေးပူနေမိတဲ့ရှိုင်းဇေယံလေးမှာ လက်ဖဝါးထက်၌ချွေးစို့လာရကာ သူထပ်ငြင်းဆိုလိုက်လေသည်။

"အမ ရပါတယ် ကျနော်မဆာတော့ဘူး ကျနော်ပြန်လိုက်တော့မယ်နော်"

"နေပါဦး မောင်လေး"

ရှိုင်းသူမကိုငြင်းနေစဉ်မှာပင် တည်ကြည်သြရှပြီးရင်းနှီးနေတဲ့အသံတစ်သံကသူတို့နဲ့မလှမ်းမကမ်းကနေထွက်ပေါ်လာခဲ့လေသည်။

"ဖြူ"

ချောမောကြည့်ကောင်းတဲ့အရပ်ရှည်ရှည်နဲ့လူတစ်ယောက်ကသူတို့၂ယောက်ရှေ့သို့ရောက်ချလာကာ သူမချစ်သူဖြစ်တဲ့ထိုလူဟာဆိုရင် သူ၏အခန်းဖော်ဖြစ်တဲ့ စီနီယာမင်းခန့်ထည် ဆိုသူပင်။
ထို့ကြောင့်ဒီအသံကိုသူရင်းနှီးနေမိတာ
မထူးဆန်းတော့ပေ။

သူ့ဘေးကအမကတော့ သူ့ရဲ့အခန်းဖော်ကိုမြင်တာနဲ့ ပါးချိုင့်လေးတွေပေါ်လာတဲ့အထိအလှဆုံးပြုံးပြလိုက်ရင်း ထိုလူအနားသို့တိုးကပ်သွားလိုက်ကာ နူးညံ့တိုးလျသောအသံလေးဖြင့်ဆိုလိုက်ပြီး သူမချစ်သူရဲ့လက်ကလေးကိုအမြန်တွဲလိုက်လေ၏။

"မောင် ဖြူလေ ဒီမောင်လေးကို အဆောင်ရှေ့မှာတိုက်မိတာ သူ့Coffeeနဲ့စားစရာတွေမှောက်ကုန်လို့သူ့ကိုအစားပြန်ဝယ်ကျွေးမလို့ဟာကို ဒီမောင်လေးကအတင်းငြင်းနေတယ်"

ရှိုင်းဇေယံကသူ့အားစိုက်ကြည့်နေတဲ့မင်းခန့်ထည်ရဲ့ခပ်စူးစူးအကြည့်တွေကိုခံစားမိတဲ့အခါအသက်ရှူကြပ်လာရတာကြောင့်
ထိုလူကိုသူပြန်မကြည့်ရဲဘဲ ဖြူဆိုတဲ့အမကိုသာကြည့်လိုက်ကာ  ချွေးပြန်စွာပြုံးလိုက်ရင်းကမမ်းကတမ်းနှုတ်ဆက်လိုက်လေသည်။

"ရပါတယ် အမ ကျနော်လည်းအခုသွားစရာရှိလို့သွားလိုက်ပါဦးမယ်"

သူထိုနေရာကနေအမြန်ဆုံးထွက်ပြေးရန်လှည့်အထွက် သူ့ရဲ့လက်မောင်းပေါ်ကိုအားပြင်းတဲ့ဆုပ်ကိုင်မှုတစ်ခုကချက်ချင်းကျရောက်လာကာ အနောက်ဘက်သို့ဆောင့်ဆွဲခံလိုက်ရလေသည်။

ရှိုင်းဇေယံက မင်းခန့်ထည်နဲ့အနီးဆုံးအကွာအဝေးသို့ရောက်သွားရပြီးနောက် မင်းခန့်ထည်က လေသံမာမာနှင့် သူ့အား ပြောလာတဲ့အသံတစ်သံဟာသူ့ရဲ့နားပေါက်လေးနားကပ်ပြောနေသလိုပင် လုံးဝကြည်တောက်ပြတ်သားနေကာ သူ၏ပခုံးတို့ကသိမ့်ခနဲတုန်ယင်သွားရ၏။

ထိုလူသားရဲ့လေသံသြသြထဲမှာ သူ့အား ဆူပူချင်တာထက် စိုးရိမ်ပူပန်စိတ်တို့ကပိုများနေကြောင်းသိသာပေါ်လွင်နေတာကိုတော့ သူသတိထားမိလိုက်သည်။

"ရှိုင်းဇေယံ မင်းမနက်က အဆောင်ကနေဘာမှမစားသွားဘူးဆို !"

"အကို ဘယ်လိုလုပ်သိလဲ"

"အဆောင်ကဆရာပြောတာကိုကြားလိုက်တာ! မင်းမနက်စာလည်းမစားဘူး
အခုနေ့လည်စာလည်းမစားဘူးဆိုရင်
တော်ကြာမင်းမူးလဲသွားရင်ဘယ်လိုလုပ်မလဲ ? "

"ပြီးတော့ကြာရင် မင်းအစာအိမ်ပါဖြစ်လာလိမ့်မယ် ပြောနေရင်ကြာတယ် လာစမ်းပါကွာ"

မင်းခန့်ထည်ကတော့ရှိုင်းငြင်းတာကိုစောင့်မနေတော့ဘဲ ထိုကောင်လေးအား ဆိုင်ထဲသို့အတင်းဆွဲခေါ်သွားခဲ့ကာ သူ့လက်တစ်ဖက်ကိုကိုင်ဆွဲထားတဲ့ဖြူစင်သော်ရဲ့လက်တွေကိုတောင်သတိမရတော့ဘဲဖြုတ်ချခဲ့လိုက်သည်။

ဖြူစင်သော်လည်း နားမလည်ဟန်ဖြင့်မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး မင်းခန့်ထည်ဆွဲကိုင်ထားတဲ့ထိုကောင်လေးရဲ့လက်တစ်ဖက်ကိုမှင်သက်စွာရပ်ကြည့်နေရင်းကနေ ရှိုင်းတို့နောက်သို့လိုက်ဝင်သွားတော့လေသည်။

ဆိုင်ထဲရောက်တော့ ရှိုင်းကိုအတင်းဆွဲခေါ်လာတဲ့ မင်းခန့်ထည်အား လက်ပိုက်ကာပြုံးပြုံးကြီးထိုင်ကြည့်နေပါသောမြတ်မင်းစက်နဲ့တည့်တည့်တိုးကြလေ၏။

"မင်းသောက်ခွက်ကဘာဖြစ်နေတာလဲ"

"ဘာဖြစ်နေလို့လဲ"

"မင်း အခွက်ကိုအခုပြင်လိုက်နော်"

မင်းခန့်ထည်ရဲ့ကြိမ်းမောင်းသံတို့အဆုံး ရှိုင်းဆီမှအသံတိုးတိုးလေး ထွက်လာလေသည်။

"အကို ကျနော့်လက်ကိုလွှတ်တော့လေ"

အခုမှပဲ မင်းခန့်ထည်တစ်ယောက် ရှိုင်းလက်ကလေးကို လွှတ်ပေးဖို့သတိရတော့သည်။
သူဘယ်အချိန်ကတည်းက ကိုင်ထားမိမှန်း သူကိုယ်တိုင်တောင်မသိလိုက်ပေ။

"အာ..Sorry"

ခွီး!!!!!!!

မင်းခန့်ထည်ကယောင်ယောင်နနနဲ့ ရှိုင်းလက်ကလေးကို လွှတ်ပေးလိုက်တဲ့အခါ မင်းစက်ကခွီးခနဲထရယ်လာတာကြောင့်
မင်းခန့်ထည်ရဲ့ဒုတိယံပိမျက်စောင်းက ဒိုင်းခနဲပင်။

"မင်းက မိန်းမကြီးလား မျက်စောင်းထိုးရအောင်"

"မင်း သောက်အသံ ထပ်ထွက်လာရင် ဒီတစ်ရှုးဗူးနဲ့မိတ်ဆက်ဖို့သာပြင်ထားပေတော့"
ဟုသတိပေးတဲ့လေသံနဲ့ပိတ်ဟောက်လိုက်၍ တစ်ရှူးဗူးကိုမြှောက်ပြလိုက်တဲ့အခါ မင်းစက်ကသူ့ရဲ့လက်ငါးချောင်းကိုလေထုထဲမှာဝှေ့ရမ်းပြလိုက်ပြီးမျက်နှာပိုးကိုသတ်လိုက်တော့သည်။

နောက်ဆုံးမင်းခန့်ထည်ကထိုမျက်နှာရူးကောင်ကိုသူ့ရဲ့မျက်လုံးတွေထဲကနေထုတ်ထားလိုက်ကာ ခုံတစ်ခုံကိုဆွဲထုတ်လိုက်ပြီးနောက် ရှိုင်းဇေယံဘက်လှည့်ကြည့်လိုက်ရင်း ခုံကိုပုတ်ပြလာခဲ့သည်။

"ဒီမှာ ထိုင်လေ ညီ"

ရှိုင်းလည်း မင်းခန့်ထည် ချပေးလာတဲ့ခုံ၌ မလှုပ်မယှက်ဝင်ထိုင်လိုက်ရလေသည်။
သူ့ထံ၌ နိုင်ထက်စီးနင်းအမိန့်ပေးတတ်တဲ့ထိုစီနီယာနဲ့ပက်သတ်ပြီးငြင်းဆန်ပိုင်ခွင့်တို့ရှိမနေခဲ့ပေ။
အမှန်အတိုင်းဝန်ခံရရင် မင်းခန့်ထည်ဆိုတဲ့သူ့ရဲ့အခန်းဖော်က သိပ်ကိုကြောက်စရာကောင်းပေ၏။

"မင်းတို့ တစ်စုံတစ်ယောက်ကိုမေ့နေသလားလို့"

မင်းစက်မေးငေါ့ပြတော့မှ မင်းခန့်ထည်လည်း တစ်စုံတစ်ယောက်ကိုပြန်သတိရသွားတော့သည်။
သူတို့နောက်မှာတိတ်တိတ်လေးရပ်နေတဲ့ သူ၏ချစ်သူဖြူစင်သော်ကိုပေါ့။

"ဖြူ လည်းထိုင်လေ"

မင်းခန့်ထည်တို့ဝိုင်း၌ဖြူစင်သော်ဝင်ထိုင်လိုက်သည်နဲ့တစ်ပြိုင်နက် မင်းစက်ကဝုန်းခနဲ ထရပ်လိုက်ကာ အစောနကအထိပြုံးရယ်နေပါတဲ့သူ၏မျက်နှာဟာ ဖတ်မရလောက်အောင်ပျက်ယွင်းအုံ့မှိုင်းလို့လာခဲ့လျက်။

ထိုတဇွတ်ထိုးဆန်တဲ့အပြုအမူကြောင့်
ရှိုင်းမှာလန့်သွားရကာ သူ့ရဲ့မျက်လုံးလေးတွေကဝိုင်းစက်သွားရ၍ အကိုမင်းစက်ဆိုသူအားအံ့အားသင့်စွာခေါင်းမော့ကြည့်လိုက်ပြီး နောက် သူဘာကိုမှနားမလည်လိုက်ပေ။

ထိုအချိန် သူသတိထားမိလိုက်တဲ့တစ်ခုကတော့ ထိုဝိုင်းမှာထိုင်နေတဲ့အမဖြူက
အကိုမင်းစက်ရဲ့ထိုသို့သောမလိုမုန်းထားတုံ့ပြန်မှုတို့ကို
အံ့သြပုံတစ်စွန်းတစ်စမျှမပြဘဲခပ်တည်တည်မျက်နှာထားနဲ့သာ ဂရုမစိုက်စွာဖုန်းသုံးနေခဲ့ကာ သူ့အခန်းဖော်ရဲ့မျက်နှာတွင်လည်းသိသိသာသာပြောင်းလဲသွားခြင်းတို့မရှိပေ။

မင်းစက်က လွယ်အိတ်ကိုကောက်လွယ်လိုက်ကာ မျက်မှောင်ကြုတ်လိုက်ရင်းဆိုလာသည်။

"ငါ သွားတော့မယ်"

"နေဦးလေ မင်းစားပြီးပြီမို့လို့လား"

မင်းစက်ကခေါင်းခါပြလိုက်ကာ
"မစားတော့ဘူး ရုတ်တရက်ကြီးမဆာတော့လို့ ငါသွားပြီနော် နောက်တစ်ခါကျမှပဲ ဒီညီလေးနဲ့ငါ့ကိုမိတ်ဆက်ပေးတော့" ဟု မင်းခန့်ထည်ကိုနှုတ်ဆက်လိုက်ပြီးနောက် Canteenကနေလှည့်ထွက်သွားတော့လေသည်။

မင်းစက်ထွက်သွားပြီးတဲ့နောက် တိတ်ဆိတ်သွားရသောပတ်ဝန်းကျင်လေးကို သူမရဲ့ချိုသာသောဆည်းလည်းသံလေးဖြင့် ဖြူစင်သော်က ဖြိုခွင်းလိုက်သည်။

"မောင် ဖြူ့ကိုမိတ်ဆက်ပေးဦးလေ"

"ရပါတယ် ကျနော့်ဘာသာကျနော်မိတ်ဆက်ပါ့မယ် ကျနော်က ရှိုင်းဇေယံပါ အကိုမင်းခန့်ထည်ရဲ့အခန်းဖော်ပါ။"

"ဟုတ်လား ဒါဆိုမောင်ပြောပြောနေတဲ့ သောက်ကောင်းပေးတဲ့ဟာ. . . . . . "

"ဖြူ!!!!!"

မင်းခန့်ထည် အလန့်တကြားနှင့်ဝင်တားလိုက်ရသည်။
သူ့ချစ်သူကတစ်ခါတစ်လေ မထင်ရင်မထင်သလို ဒီလိုမျိုးလည်း ဆေးထိုးတတ်ပါသေးသည်။ မဟုတ်လျှင် သူအတင်းတုတ်ထားသမျှကိုဒီကလေးသာပြန်ကြားလို့ကတော့
ဒီနဂါးလေးရဲ့မီးတောက်မျက်စောင်းတို့အောက်မှာ ဆိုင်တစ်ဆိုင်လုံးပြာကျနိုင်ခြေရှိလေသည်။

မင်းခန့်ထည်က Menuစာရွက်လေးဆီကို
လက်လှမ်းလိုက်ရင်း မလုံမလဲဖြစ်စွာချောင်းတစ်ချက်ဟန့်လိုက်ကာစကားကြောကိုဖြတ်ချလိုက်၏။

"ညီ ဘာစားမလဲ"

"မသိဘူး ကျနော်ကဒီကအစားအစာတွေကို မရင်းနှီးဘူး"

"ညီက ထမင်းလိပ်ရယ် Takoyakiရယ် ပေါင်မုန့်ရယ်နဲ့ပဲ တစ်ပတ်လုံး သူငယ်ချင်းဖြစ်နေတာမှတ်လား"

ထိုစကားကြားတော့ရှိုင်းဇေယံရဲ့တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းလေးတွေကအံ့သြမှုကြောင့်ပွင့်ဟသွားရသည်။

"ဟင်!!!!! အကိုကဒါတွေကိုဘယ်လိုသိနေပြန်တာလဲ"

'သူ့ရဲ့အခန်းဖော်ကသရဲများလား ? '

ရှိုင်းရဲ့အမေးကိုကြားတော့မင်းခန့်ထည်ကအနိုင်ရသူအပြုံးကြီးတစ်ပွင့်ကိုနှုတ်ခမ်းထောင့်စွန်းတို့၌ချိတ်ဆွဲထားကာ သူ့ရဲ့မျက်ဝန်းတွေကရယ်သွမ်းလို့နေလျက်။

"မသိချင်စမ်းပါနဲ့ ဘာစားမှာလဲမြန်မြန်ပြော"

"ရှမ်းခေါက်ဆွဲ ပဲစားတော့မယ်"

"ok"

မင်းခန့်ထည် ဆိုင်မှစားပွဲထိုးကောင်မလေးကိုလက်ပြကာလှမ်းခေါ်လိုက်ပြီးမကြာမီပင်စားပွဲထိုးကောင်မလေးကသူတို့ဝိုင်းသို့ရောက်လာလေရာ သူမ၏လက်ထဲမှာလည်းစာအုပ်တစ်အုပ်နဲ့ဘောပင်တစ်ချောင်းကိုကိုင်ဆောင်ထား၏။

"ထမင်းကြော်ကို CPနဲ့တစ်ပွဲ ရှမ်းခေါက်ဆွဲနှစ်ပွဲ"
မင်းခန့်ထည်မှာလိုက်တဲ့ အစားအစာများကို ကောင်မလေးကရေးမှတ်လိုက်ပြီး ကောင်တာတွင်သွားမှာလိုက်သည်။

"ကျနော် နှစ်ပွဲမကုန်ဘူးနော်"

"သိတယ် တစ်ပွဲကကိုယ့်အတွက်"

"မောင်က ရှမ်းခေါက်ဆွဲ မကြိုက်ဘူးမှတ်လား"

"အင်းဟုတ်တယ် ဒါပေမယ့် ဒီနေ့တော့ ကိုယ် စားကြည့်မလားလို့"

ရှိုင်းလည်းမင်းခန့်ထည်ကို နားမလည်နိုင်သောအကြည့်တို့ဖြင့်လှမ်းကြည့်ကာ ခေါင်းခါမိလိုက်သည်။ နာရီဝက်လောက်ကြာတော့ သူတို့မှာထားတဲ့အစားအစာများကိုလာချပေးလေသည်။

မင်းခန့်ထည်က ရှမ်းခေါက်ဆွဲတစ်ပွဲကိုရှိုင်းဇေယံရှေ့ချပေးလိုက်ပြီးတူတစ်စုံကိုပန်းကန်လုံးနှုတ်ခမ်းပေါ်၌တင်ပေးလိုက်ပြီးနောက် ထမင်းကြော်ကိုတော့ဖြူစင်သော်ရှေ့သို့သေသေချာချာချပေးလိုက်သည်။ ကျန်တဲ့ရှမ်းခေါက်ဆွဲတစ်ပွဲကိုတော့သူ့ရဲ့ရှေ့တည့်တည့်သို့လှမ်းယူလိုက်ကာ တူတစ်စုံကိုထုတ်လိုက်လေသည်။

ရှိုင်းဇေယံသည် မျက်စိရှေ့ကိုရောက်လာတဲ့ရှမ်းခေါက်ဆွဲပန်းကန်ကိုငုံ့ကြည့်လိုက်ပြီးနောက် ဆိုင်ထဲ၌ တပ်ဆင်ထားတဲ့တိုင်ကပ်နာရီဆီသို့တစ်ချက်လှမ်းကြည့်လိုက်ကာ

"ကျနော် အတန်းနောက်ကျတော့မယ် မြန်မြန်စားမှ" ဟု ရေရွတ်လိုက်ရင်းခပ်မြန်မြန်စားနေမိ၏။

"ဖြည်းဖြည်းစား အတန်းနောက်ကျလို့ဘာမှမဖြစ်ဘူး တော်ကြာနင်ပြီးသေနေမှ ဒုက္ခ"

သူ ရွဲ့ပြောလိုက်တဲ့စကားအဆုံး ရှိုင်းရဲ့ ထက်ရှရှမျက်စောင်းလေးများက သူ့အား တစ်စင်းပြီးတစ်စင်းမရပ်မနားပစ်ခတ်လို့နေ၏။ဖြူစင်သော်ကလည်း ရယ်လိုက်ကာ
သူ့ရဲ့လက်မောင်းတစ်ဖက်ကိုရိုက်လာခဲ့ပေသည်။

"မောင်ကလည်း ကလေးကို"

ထို့နောက်မကြာပါဘူး ကောင်လေးတစ်ယောက်ဆီကနေချောင်းဆိုးသံတစ်သံက စီထွက်လာလေသည်။

"အဟွတ်..အဟွတ်...အဟွတ်"

မင်းခန့်ထည်ပြောတဲ့အတိုင်းပင် ရှိုင်းတကယ်နင်လေပြီ။

မင်းခန့်ထည်လည်းကပြာကယာနှင့် သူ့ဘေးကရေတခေါင်းဘူးမှရေကို ဖန်ခွက်ထဲလောင်းထည့်လိုက်ကာ ရှိုင်းကိိုကမ်းပေးလိုက်ပြီးနောက် ရှိုင်းရဲ့ကြောပြင်လေးကိုပါ ငြင်ငြင်သာသာဖြင့်အလိုက်တသိပွတ်သပ်ပေးနေရှာ၏။

"အကို ပြောသားပဲ နင်မယ်လို့"

နမော်နမဲ့နိုင်တဲ့ရှိုင်းလေးကတော့ စည်းကမ်းကြီးတဲ့စီနီယာကြီးရဲ့ဆူသမျှပြောသမျှကိုခေါင်းငုံ့ခံရတော့ပေမည်။

ထိုအဖြစ်အပျက်ကိုမြင်နေရတဲ့ ဖြူစင်သော်ကတော့ သူမရဲ့ရင်ထဲတစ်နေရာတွင်မွန်းကြပ်ကြပ်ခံစားချက်တို့ကလှိုင်းလုံးကြီးတမျှတိုးကာဝင်ရောက်လာခဲ့ကာ မသက်သာခံစားလာရလေသည်။

ထမင်းကြော်ရဲ့အရသာကိုတောင်သူမရဲ့လျှာဖျားတို့ကမခံစားနိုင်တော့ပဲ မျက်ဝန်းတွေက သူမရှေ့ကလူ၂ယောက်ကိုသာ မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေမိခဲ့သည်။

ဒီကောင်လေးရောက်လာတဲ့အချိန်ကစပြီး မောင့်ရဲ့အကြည့်တွေက သူမထံတွင်မရှိတော့ပေ။

မောင်က ဒီကောင်လေးကို တော်တော်ခင်တဲ့ပုံပဲ။
ဖြူသတိထားမိတယ် အရင်ကနဲ့မတူတဲ့ မောင့်ရဲ့အကြည့်တွေဆီကနေပေါ့။

ဟာ... ငါဘာတွေလျှောက်တွေးနေမိတာလဲ မောင်က ယောက်ျားလေးချင်းစိတ်မဝင်စားပါဘူး။

မာန်နဲ့တုန်းကတောင် မောင့်ဘက်က အစွမ်းကုန်ငြင်းပစ်ခဲ့တာ။

ပြီးတော့ မောင်က ဒီကောင်လေးနဲ့တွေ့တာ တစ်ပတ်တောင်မပြည့်သေးဘူးလေ ငါနဲ့ချစ်သူဖြစ်တာ သုံးနှစ်တောင်ပြည့်တော့မယ့်ဟာ ငါတို့နှစ်ယောက် ပတ်သတ်ခဲ့တဲ့အချိန်အတိုင်းအတာတွေက ဒီကောင်လေးနဲ့စတွေ့တဲ့ အချိန်တစ်ပတ်လေးကိုတောင်မယှဉ်နိုင်ဘူးဆိုတာလုံးဝမဖြစ်နိုင်ဘူး။

မောင့်ရဲ့မျက်ဝန်းတွေကိုအပိုင်သိမ်းထားနိုင်တဲ့လူက သူမကလွဲပြီးဘယ်သူမှထပ်မရှိနိုင်လောက်ဘူးလို့ထင်မှတ်ထားခဲ့တဲ့အချိန်တွေဟာ သူမဒီကောင်လေးနဲ့စတွေ့တဲ့အချိန်ကနေစပြီး ပြိုလဲပျက်စီးစပြုနေခဲ့ပြီလား။

************************************

အခန္း (၇) - ၿပိဳလဲျခင္းအစ

Zawgyi

[ေမာင့္ရဲ႕မ်က္ဝန္းေတြကသူ႕ဆီမွာပဲ]

ဆရာက႐ိႈင္းကိုခ်ီးက်ဴးေပးလိုက္သံအားၾကားလိုက္ရသည္နဲ႔တၿပိဳင္နက္ မင္းခန္႔ထည္လည္း သတိျပန္ဝင္လာကာ ထထိုင္လိုက္ၿပီးေနာက္ ေကာင္ေလးရဲ႕မ်က္ႏွာဆီကိုတစ္ခ်က္႐ႈၾကည့္လိုက္ၿပီး မွင္ေသေသမ်က္ႏွာထားနဲ႔ထရပ္လိုက္ေတာ့သည္။

သူမတ္တပ္ရပ္လိုက္ၿပီးထြက္သြားမည္အလုပ္သူ႕ရဲ႕ညာဖက္လက္ကို လက္ေအးေအးေလးတစ္စုံက ဆုပ္ကိုင္လိုက္တာေၾကာင့္ထြက္သြားေတာ့မယ့္ေျခလွမ္းေတြကရပ္တန္႔သြားရကာ မင္းခန္႔ထည္သည္ ထိုလက္ေအးေအးပိုင္႐ွင္ေလးကို ငုံ႔ၾကည့္လိုက္လ်က္ ျဖည္းညင္းညင္သာစြာေမးလိုက္ေလသည္။

"ဘာျဖစ္လို႔လဲ ညီ.."

ထိုအခါ႐ိႈင္းေဇယံက သူ႕ရဲ႕မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႔ေမာ့ၾကည့္လာၿပီး ထိုေကာင္ေလးရဲ႕ႏႈတ္ခမ္းဖူးဖူးေလးထက္ကေနထြက္က်လာတဲ့
"ေက်းဇူးတင္ပါတယ္ အကိုမင္းခန္႔ထည္"
ဆိုေသာ စကားသံေလးေတြကမထူးဆန္းေသာ္လည္း သူ၏အတြက္ေတာ့အထူးတဆန္းျဖစ္စြာ ေက်နပ္ပီတိျဖစ္ရကာ သူ၏႐ွည္သြယ္ေသာမ်က္လုံးအနားသတ္တို႔ကေကြးၫြတ္သြားရေလသည္။

"ရပါတယ္ ညီရယ္"

"first year သင္တန္းသူသင္တန္းသားမ်ား အေ႐ွ႕နားမွာလူလာစုေပးၾကပါ ဆရာ ေျပာစရာေလး ႐ွိေသးလို႔"

ထိုအသံတို႔ဆုံးသည့္တိုင္ သူ႕လက္ကိုဆုပ္ကိုင္ထားတဲ့႐ိႈင္းေဇယံရဲ႕လက္ကေလးကမလႊတ္ေပးေသးတာေၾကာင့္ ေကာင္ကေလးရဲ႕လက္တစ္ဖက္ကို သူကိုယ္တိုင္ပဲျဖဳတ္ခ်လိုက္ေတာ့သည္။

"သြားေတာ့ေလ ညီ ဆရာေခၚေနၿပီ"

သူေမးဆတ္ျပကာဆိုလိုက္ေတာ့ ေကာင္ေလးကတစ္ဖက္သို႔ေခါင္းလွည့္ၾကည္္႕လိုက္ၿပီးမွသူ႕အားေခါင္းညႇိတ္ျပလာၿပီး ေက်ာခိုင္းလ်က္ထြက္သြားေတာ့သည္။

မင္းခန္႔ထည္လည္း ႐ိႈင္းေဇယံရဲ႕ေက်ာျပင္ေလးကိုတစ္ခ်က္ထပ္ၾကည့္လိုက္ၿပီးေနာက္ မင္းစက္နဲ႔အတူ Canteenဘက္သို႔ထြက္လာခဲ့လိုက္သည္။စီနီယာေတြအေနနဲ႔ဘာမွလုပ္စရာမ႐ွိေတာ့တာေၾကာင့္ သူတို႔အရင္ဆုံးသင္တန္းကေနထြက္လာခဲ့ျခင္းေပ။

တရစပ္စကားေျပာေနပါတဲ့သာလိကာေကာင္အေမာင္မင္းစက္ေၾကာင့္ လမ္းတေလွ်ာက္စလုံး သူ၏နား၂ဖက္မွာ အနားမရစြာပူထူလို႔ေနသည္။
ဒီေကာင္ မင္းစက္နဲ႔Canteen သြားဖို႔ဆုံးျဖတ္လိုက္တဲ့သူ႕ကိုယ္သူသာ နားရင္းျပန္အုပ္လိုက္ခ်င္စိတ္တို႔ကတဖြားဖြား။

"မင္းခန္႔ ငါတို႔ႏွစ္တုန္းကတကယ္နာတယ္ကြာ Silicon႐ုပ္ႀကီးေတြနဲ႔ ျပန္စဥ္းစားမိတိုင္းၾကက္သီးထတယ္" ဟု ႐ႈံ႕မဲ့ကာဆို၍
စီနီယာႀကီးမင္းစက္ဟာ သူ၏လက္ေမာင္း၂ဖက္ကိုအၾကမ္းပတမ္းပြတ္သပ္လိုက္ေတာ့သည္။

မင္းခန္႔ထည္က သူ႕ဖိနပ္ေအာက္ကေက်ာက္စရစ္ခဲေလးကိုခပ္ေဝးေဝးေရာက္တဲ့အထိကန္ထည့္လိုက္ရင္းမ်က္ခုံး႐ိုးတို႔ကိုတြန္႔ၾကဳံ႕ထားမိသည္။ထိုအခ်ိန္၌ သူ႕ရဲ႕အေတြးအာ႐ုံထဲမွာ ဘယ္လိုအရာေတြနဲ႔ေသာင္းေျပာင္းျပည္္႕ႏွက္ေနခဲ့မွန္း သူကိုယ္တိုင္သာအသိဆုံးပင္။

"အ႐ုပ္ေတြနဲ႔ကေတာ္ေသးတယ္ အခုဟာက ငါ့အထင္ေတာ့မသင့္ေတာ္ဘူးေနာ္"

မင္းစက္ကလက္ထဲ႐ွိအနက္ေရာင္ထီး႐ွည္ကိုဖြင့္ေဆာင္းလိုက္ရင္းျငင္းဆန္လာခဲ့သည္။

"ဘာကို မသင့္ေတာ္တာလဲ သူတို႔အခုလိုေလ့က်င့္ထားမွေတာ္ကာက်မွာ
တကယ္လို႔အဲ့လိုအခ်ိန္ေရာက္လာရင္
မိန္းကေလးမို႔လို႔ ေယာက်္ားေလးမို႔လို႔ဆိုၿပီး႐ွက္ေနရမွာလား အသက္မကယ္ဘဲနဲ႔ေလ"

"မင္းအေတြးအေခၚနဲ႔မင္းကေတာ့ဟုတ္ေနတာပဲ မင္းဘာသာ ႏွာေခါင္းမီးေတာက္ခ်င္ရင္ မီးေတာက္ခ်င္တယ္ေပါ့ ေသာက္ႀကီးေသာက္က်ယ္ေတြေျပာစရာမလိုဘူး ဟိတ္ေကာင္ "

မင္းခန္႔ထည္ကေျပာေနရင္းနဲ႔ခဏရပ္လိုက္ကာစိတ္ပ်က္စြာႏွာတစ္ခ်က္မႈတ္ထုတ္လိုက္ၿပီးေနာက္ မင္းစက္ရဲ႕ေက်ာျပင္ကိုေက်ာပိုးအိတ္နဲ႔ခပ္ျပင္းျပင္းတစ္ခ်က္ခ်ထည့္လိုက္ရင္းဆက္ေျပာလာသည္။

"ၿပီးေတာ့ ဒီကိစၥကမင္းအၾကံေပးလို႔အေကာင္အထည္ေပၚလာတယ္ဆိုတာလဲငါသိတယ္ ၾကည့္လုပ္ တစ္ေန႔ေခ်ာင္း႐ိုက္ခံရမွ ငါ့ကိုကူပါကယ္ပါလာမလုပ္နဲ႔ ေခြးေကာင္!"

ေကာင္းက်ိဳးမေပးတဲ့သူငယ္ခ်င္းႀကီးအားလက္တစ္ဖက္ကေနထီးမိုးေပးထားရတဲ့ငယ္ကြၽန္ႀကီးမင္းစက္ခမ်ာလြတ္ေနတဲ့က်န္တစ္ဖက္နဲ႔က်ိန္းစပ္စပ္ျဖစ္သြားရတဲ့သူ၏ေက်ာဘက္တစ္ေနရာကိုေနာက္ျပန္ပြတ္သပ္လိုက္ရင္း သေကာင့္သားအား မ်က္ေစာင္းထိုးလာခဲ့သည္။

"မင္းကလည္း ငါ့ဆိုဖဲ့မယ္ဆိုတာႀကီးပဲ"

"မင္းလုပ္ေနတာေတြက ဟုတ္မွမဟုတ္တာ"

"မင္းေကာ သင္တန္းက first yearေတြကိုၾကည့္ၿပီး ငါတို႔first year တက္ခဲ့တဲ့အခ်ိန္ေတြကို သတိမရဘူးလား အဲ့တုန္းကဆိုရင္ မင္းရယ္ ငါရယ္ မာန္ရယ္ ေလ ...."

လြမ္းဆြတ္မႈတို႔နဲ႔တသသေရ႐ြတ္လိုက္တဲ့မင္းစက္္ရဲ႕စကားသံတို႔အဆုံး မင္းခန္႔ထည္တစ္ေယာက္ သူ႕ရဲ႕လွမ္းလက္စေျခလွမ္းေတြကိုေ႐ွ႕ဆက္မေ႐ြ႕ႏိုင္ေတာ့ဘဲ ေက်ာက္႐ုပ္ႀကီးတမွ် အေနာက္ဘက္၌မတ္တပ္ရပ္ကာက်န္ရစ္ခဲ့ရေလသည္။သူ႕ရဲ႕မ်က္ဝန္းအိမ္တို႔ထဲ၌ ပူေဆြးဝမ္းနည္းတဲ့မိႈင္းဖ်ဖ်အရိပ္အေယာင္တို႔ကေတာက္ပျခင္းတို႔ကိုလႊမ္းမိုးလာလ်က္ တရိပ္ရိပ္နဲ႔ျပည္္႕ႏွက္လာခဲ့ေပ၏။

တမဟုတ္ခ်င္းေျပာင္းလဲသြားေသာ
မင္းခန္႔ထည္ရဲ႕ေအးစက္ခဲေသသြားရတဲ့ မ်က္ႏွာအမူအရာကိုမ်က္စိတစ္မွိတ္အတြင္း ဖတ္လိုက္ႏိုင္တဲ့ မင္းစက္က ခ်က္ခ်င္းပင္ေျပာလက္စစကားတို႔ကိုျဖတ္ခ်လိုက္ကာ စကားလမ္းေၾကာင္းလႊဲလိုက္ေတာ့သည္။

"ဟိတ္ေကာင္ ေနာက္က်ေနၿပီ မင္းေႏွးက်ံဳ႕ေႏွးက်ံဳ႕လုပ္မေနစမ္းနဲ႔
ငါဒီေန႔ ထမင္းစားခ်င္ေသးတယ္ကြာ"

"အာ ...ေအး "

သူ႕အားမင္းစက္ကပုခုံးကေနသိုင္းဖက္လိုက္ရင္း Canteenဘက္သို႔အလ်င္အျမန္ဆြဲေခၚသြားတဲ့အခါမွ သူသတိျပန္ဝင္လာရေတာ့သည္။

လူစုတဲ့ေနရာေရာက္တဲ့အခါ႐ိႈင္းေဇယံတစ္ေယာက္ေနာက္သို႔တစ္ခ်က္ျပန္လွည့္ၾကည့္လိုက္ေလေသာ္ သူ႐ွာေနတဲ့ တစ္စုံတစ္ေယာက္ကိုသင္တန္း၌မေတြ႕ရေတာ့ေပ။

"ျပန္သြားၿပီထင္တယ္"

႐ိႈင္းလည္းသင္တန္းဆင္းၿပီးၿပီးခ်င္းပဲ Break timeအခ်ိန္ေရာက္ၿပီမို႔ သူစားေနက် Takoyakiနဲ႔ေကာ္ဖီဝယ္ရန္ Archi ေဆာင္သို႔ဦးတည္လိုက္သည္။

Archiေဆာင္မွာအစိမ္းေရာင္သုတ္လိမ္းထားတဲ့၂ထပ္ေဆာင္အေဆာက္အဦးျဖစ္ၿပီးေက်ာင္းဝန္းထဲ၌သီးသန္႔ဝန္းတစ္ခုအျဖစ္
ျဖစ္တည္ေနသည္။

ထိုဝန္းထဲမွာ ေက်ာင္းLibrary႐ွိၿပီး အေပၚထပ္ေလသာေဆာင္ရဲ႕ေအာက္ထပ္မွာေတာ့ Coffeeေရာင္းတဲ့လွည္းေလးတစ္ခု႐ွိတာေၾကာင့္ Canteenကိုသြားတဲ့ေက်ာင္းသားအမ်ားစုက Canteenမေရာက္ခင္လမ္းတစ္ဝက္တြင္ ထို Coffeeလွည္းေလးဆီကေန Coffeeဝယ္ေသာက္သြားေလ့႐ွိၾကသည္။

Canteenသြားရမွာပ်င္းတဲ့ သူ႕လိုတခ်ိဳ႕ေသာေက်ာင္းသားေတြအတြက္ကေတာ့ ထိုေနရာကေန ထမင္းလိပ္နဲ႔ Takoyakiတို႔ကိုဝယ္၍သာ ဗိုက္ျဖည့္တတ္ၾကသည္။

သူဟာအခ်ိန္တစ္ခုၾကာတဲ့အထိ တစ္ေယာက္တည္းေနလာခဲ့တဲ့သူမို႔ အစားအစာကိုသိပ္ၿပီးမေ႐ြးတတ္သလို ျဖစ္သလိုသာစားတတ္သည္။
သူစားလိုက္တိုင္းလည္း ready made သို႔မဟုတ္ အျပင္စာမ်ားသာျဖစ္ကာ ထမင္းလည္းအစားနည္းေလသည္။

လူ႐ႈပ္ၿပီးဆူညံလွတဲ့ေနရာေတြကို မႏွစ္သက္သလို တိတ္ဆိတ္ၿငိမ္သက္ေသာေအးခ်မ္းမႈတစ္စုံတစ္ရာကိုခံစားရတဲ့ေနရာမ်ားတြင္သာအေနမ်ားၿပီး ထပ္ေပါင္းေျပာရရင္ ႐ိႈင္းေဇယံဆိုတဲ့ သူဟာ လူတစ္ေယာက္နဲ႔ပက္သတ္ၿပီး လြယ္လြယ္နဲ႔ခင္မင္တတ္သူလည္းမဟုတ္ေပ။

Coffeeနဲ႔ Takoyakiဝင္ဝယ္လိုက္ၿပီးျပန္ထြက္လာတဲ့အခ်ိန္မွာ Archiေဆာင္အေပါက္ဝနား၌ မိန္းမလွေလးတစ္ေယာက္နဲ႔သူဝင္တိုက္မိေလ၏။

ဝင္တိုက္မိတဲ့အ႐ွိန္ေၾကာင့္႐ိႈင္းရဲ႕ေဖာ့ဘူးေလးကေျမျပင္ေပၚသို႔၂ပတ္ခန္႔လိမ့္သြားရကာ Coffeeကလည္း တစ္ဝက္တိတိေမွာက္က်သြားရေလသည္။

"Sorry...."

ဝင္တိုက္လာတဲ့သူမဘက္ကေနစကာ
သူ႕အားအရင္ေတာင္းပန္စကားဆိုလာတာေၾကာင့္႐ိႈင္းေဇယံကလည္း ေအးေဆးစြာသာတုံ႔ျပန္လိုက္ေလသည္။

"ရပါတယ္"

Takoyakiနဲ႔ေကာ္ဖီကသူအသစ္ျပန္ဝယ္လိုက္ရင္ရတာေၾကာင့္ အခုကိစၥနဲ႔ပက္သတ္ၿပီးသူစိတ္အေႏွာက္ယွက္ျဖစ္သြားရျခင္းတို႔မ႐ွိေပမယ္္႕ သူစားဖို႔ဝယ္ထားတဲ့စားစရာေတြေမွာက္က်သြားတာကိုျပန္ေတြးမိတဲ့အခါသူႏွေျမာမိတာေတာ့အမွန္ပင္။

သူႏွေျမာတသျဖစ္စြာသက္ျပင္းခ်လိုက္လ်က္ထြက္သြားမည္အျပဳ သူမရဲ႕ေခၚသံကိုၾကားလိုက္ရတာေၾကာင့္ ႐ိႈင္းအံ့ၾသသြားရကာ သူမကိုလွည့္ၾကည့္မိလိုက္သည္။

"ေနဦး ေမာင္ေလး"

"က်ေနာ္႕ကိုေမာင္ေလးမွန္းဘယ္လိုသိတာလဲ"

သူ မရည္႐ြယ္ဘဲႏႈတ္ကေနလႊတ္ခနဲထြက္သြားတဲ့စကားတစ္ခြန္းေၾကာင့္ႏႈတ္ခမ္းတို႔ကို႐ွက္႐ြံ႕စြာတင္းတင္းျပန္ေစ့ပိတ္လိုက္ၿပီး မ်က္စိေ႐ွ႕ကသူမေလးအားမ်က္လုံးပင့္ၾကည့္လိုက္ေလသည္။

သူ႕ေ႐ွ႕မွာရပ္ေနတဲ့သူမဟာဆိုရင္ အင္မတန္မွလွပသိမ္ေမြ႕ေသာအလွတရားကိုပိုင္ဆိုင္ထားသည့္မိန္းမလွေလးတစ္ဦးျဖစ္ကာ သူမက ႏူးညံ့လွပတဲ့အျပဳံးေလးနဲ႔သူ႕အားၾကည့္ေနရင္း ေလအေဝွ႔မွာသူ႕ရဲ႕ရင္ဘက္ေပၚ၌
အေပၚဘက္သို႔ဆန္တက္ေနတဲ့လည္ဆြဲေလးကိုလက္ညိႇဳးထိုးျပလာခဲ့သည္။

"အဲ့ဒါမ်ားေမာင္ေလးရယ္ ေထြေထြထူးထူးေမးစရာမလိုပါဘူး
မင္းက ေက်ာင္းသားကတ္ဆြဲထားတယ္ေလ"

ထိုအခါမွ ႐ိႈင္းေဇယံသည္ သူ၏ရင္ဘက္၌ဆြဲထားတဲ့ေက်ာင္းသားကတ္ကိုသတိရသြားကာ ငုံ႔ၾကည့္လိုက္ရင္း
"ဟုတ္သားပဲ" ဟု တိုးဖြဖြေရ႐ြတ္မိေလသည္။

"ေမာင္ေလးရဲ႕Coffee နဲ႔စားစရာေတြေမွာက္ကုန္ၿပီ ေမာင္ေလးအခုသြားရင္ ဘာနဲ႔စားမွာလဲ"

သူမကမ်က္လႊာခ်ကာေဘးပတ္ပတ္လည္မွာေမွာက္သြားရတဲ့ေကာင္ေလး၏ေန႔လည္စာကိုေခါင္းေစာင္းၾကည့္လိုက္ၿပီးေနာက္ စိုးရိမ္စြာ ေမးလာခဲ့ေလေသာ္ ႐ိႈင္းေဇယံကလက္ေဝွ႔ရမ္းျပလိုက္ကာသူအဆင္ေျပေၾကာင္းအျမန္ဆိုလိုက္သည္။

"ရတယ္အမ က်ေနာ္လည္း သိပ္မဆာပါဘူး"

"အမ Canteen မွာတစ္ခုခု ဝယ္ေကြၽးမယ္ေလ အမနဲ႔လိုက္ခဲ့"

"ရပါတယ္အမ"

"ရတယ္လုပ္မေနနဲ႔ လာ"

ထို႔ေနာက္႐ိႈင္းေဇယံသည္ သူမဆြဲေခၚရာေနာက္သို႔ စိတ္ညစ္ညစ္နဲ႔ပါသြားရေလ၏။ Canteenနားေရာက္ေတာ့ သူမကသစ္ပင္ရိပ္ေအာက္၌ ခနရပ္လိုက္ကာ ဖုန္းထုတ္လိုက္ၿပီးတစ္စုံတစ္ေယာက္ကိုဖုန္းဆက္ေခၚလိုက္သည္။

"ဟဲလို ေမာင္ ဘယ္ဆိုင္မွာလဲ "

ေမာင္ဆိုတဲ့အသုံးႏႈန္းကို ဆန္းစစ္ၾကည့္ရသေလာက္ သူမဖုန္းဆက္လိုက္တဲ့ထိုသူဟာ ေသခ်ာေပါက္သူမခ်စ္သူပဲျဖစ္ေပလိမ့္မည္။ သူ႕ေကာင္မေလးေနာက္ကိုသူစိမ္းေကာင္ေလးတစ္ေယာက္လိုက္လာတာကို ျမင္ရင္ သူမခ်စ္သူက သူ႕အားသေဘာက်ပါ့မလား။

ၾကားထဲကဘာမွမဟုတ္ပဲ သူပဲျပႆနာတက္ေတာ့မလားဆိုတာကိုေတြးပူေနမိတဲ့႐ိႈင္းေဇယံေလးမွာ လက္ဖဝါးထက္၌ေခြၽးစို႔လာရကာ သူထပ္ျငင္းဆိုလိုက္ေလသည္။

"အမ ရပါတယ္ က်ေနာ္မဆာေတာ့ဘူး က်ေနာ္ျပန္လိုက္ေတာ့မယ္ေနာ္"

"ေနပါဦး ေမာင္ေလး"

႐ိႈင္းသူမကိုျငင္းေနစဥ္မွာပင္ တည္ၾကည္ၾသ႐ွၿပီးရင္းႏွီးေနတဲ့အသံတစ္သံကသူတို႔နဲ႔မလွမ္းမကမ္းကေနထြက္ေပၚလာခဲ့ေလသည္။

"ျဖဴ"

ေခ်ာေမာၾကည့္ေကာင္းတဲ့အရပ္႐ွည္႐ွည္နဲ႔လူတစ္ေယာက္ကသူတို႔၂ေယာက္ေ႐ွ႕သို႔ေရာက္ခ်လာကာ သူမခ်စ္သူျဖစ္တဲ့ထိုလူဟာဆိုရင္ သူ၏အခန္းေဖာ္ျဖစ္တဲ့ စီနီယာမင္းခန္႔ထည္ ဆိုသူပင္။
ထို႔ေၾကာင့္ဒီအသံကိုသူရင္းႏွီးေနမိတာ
မထူးဆန္းေတာ့ေပ။

သူ႕ေဘးကအမကေတာ့ သူ႕ရဲ႕အခန္းေဖာ္ကိုျမင္တာနဲ႔ ပါးခ်ိဳင့္ေလးေတြေပၚလာတဲ့အထိအလွဆုံးျပဳံးျပလိုက္ရင္း ထိုလူအနားသို႔တိုးကပ္သြားလိုက္ကာ ႏူးညံ့တိုးလ်ေသာအသံေလးျဖင့္ဆိုလိုက္ၿပီး သူမခ်စ္သူရဲ႕လက္ကေလးကိုအျမန္တြဲလိုက္ေလ၏။

"ေမာင္ ျဖဴေလ ဒီေမာင္ေလးကို အေဆာင္ေ႐ွ႕မွာတိုက္မိတာ သူ႕Coffeeနဲ႔စားစရာေတြေမွာက္ကုန္လို႔သူ႕ကိုအစားျပန္ဝယ္ေကြၽးမလို႔ဟာကို ဒီေမာင္ေလးကအတင္းျငင္းေနတယ္"

႐ိႈင္းေဇယံကသူ႕အားစိုက္ၾကည့္ေနတဲ့မင္းခန္႔ထည္ရဲ႕ခပ္စူးစူးအၾကည့္ေတြကိုခံစားမိတဲ့အခါအသက္႐ွဴၾကပ္လာရတာေၾကာင့္
ထိုလူကိုသူျပန္မၾကည့္ရဲဘဲ ျဖဴဆိုတဲ့အမကိုသာၾကည့္လိုက္ကာ  ေခြၽးျပန္စြာျပဳံးလိုက္ရင္းကမမ္းကတမ္းႏႈတ္ဆက္လိုက္ေလသည္။

"ရပါတယ္ အမ က်ေနာ္လည္းအခုသြားစရာ႐ွိလို႔သြားလိုက္ပါဦးမယ္"

သူထိုေနရာကေနအျမန္ဆုံးထြက္ေျပးရန္လွည့္အထြက္ သူ႕ရဲ႕လက္ေမာင္းေပၚကိုအားျပင္းတဲ့ဆုပ္ကိုင္မႈတစ္ခုကခ်က္ခ်င္းက်ေရာက္လာကာ အေနာက္ဘက္သို႔ေဆာင့္ဆြဲခံလိုက္ရေလသည္။

႐ိႈင္းေဇယံက မင္းခန္႔ထည္နဲ႔အနီးဆုံးအကြာအေဝးသို႔ေရာက္သြားရၿပီးေနာက္ မင္းခန္႔ထည္က ေလသံမာမာႏွင့္ သူ႕အား ေျပာလာတဲ့အသံတစ္သံဟာသူ႕ရဲ႕နားေပါက္ေလးနားကပ္ေျပာေနသလိုပင္ လုံးဝၾကည္ေတာက္ျပတ္သားေနကာ သူ၏ပခုံးတို႔ကသိမ့္ခနဲတုန္ယင္သြားရ၏။

ထိုလူသားရဲ႕ေလသံၾသၾသထဲမွာ သူ႕အား ဆူပူခ်င္တာထက္ စိုးရိမ္ပူပန္စိတ္တို႔ကပိုမ်ားေနေၾကာင္းသိသာေပၚလြင္ေနတာကိုေတာ့ သူသတိထားမိလိုက္သည္။

"႐ိႈင္းေဇယံ မင္းမနက္က အေဆာင္ကေနဘာမွမစားသြားဘူးဆို !"

"အကို ဘယ္လိုလုပ္သိလဲ"

"အေဆာင္ကဆရာေျပာတာကိုၾကားလိုက္တာ! မင္းမနက္စာလည္းမစားဘူး
အခုေန႔လည္စာလည္းမစားဘူးဆိုရင္
ေတာ္ၾကာမင္းမူးလဲသြားရင္ဘယ္လိုလုပ္မလဲ ? "

"ၿပီးေတာ့ၾကာရင္ မင္းအစာအိမ္ပါျဖစ္လာလိမ့္မယ္ ေျပာေနရင္ၾကာတယ္ လာစမ္းပါကြာ"

မင္းခန္႔ထည္ကေတာ့႐ိႈင္းျငင္းတာကိုေစာင့္မေနေတာ့ဘဲ ထိုေကာင္ေလးအား ဆိုင္ထဲသို႔အတင္းဆြဲေခၚသြားခဲ့ကာ သူ႕လက္တစ္ဖက္ကိုကိုင္ဆြဲထားတဲ့ျဖဴစင္ေသာ္ရဲ႕လက္ေတြကိုေတာင္သတိမရေတာ့ဘဲျဖဳတ္ခ်ခဲ့လိုက္သည္။

ျဖဴစင္ေသာ္လည္း နားမလည္ဟန္ျဖင့္မ်က္ေတာင္ေလးေတြပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ၿပီး မင္းခန္႔ထည္ဆြဲကိုင္ထားတဲ့ထိုေကာင္ေလးရဲ႕လက္တစ္ဖက္ကိုမွင္သက္စြာရပ္ၾကည့္ေနရင္းကေန ႐ိႈင္းတို႔ေနာက္သို႔လိုက္ဝင္သြားေတာ့ေလသည္။

ဆိုင္ထဲေရာက္ေတာ့ ႐ိႈင္းကိုအတင္းဆြဲေခၚလာတဲ့ မင္းခန္႔ထည္အား လက္ပိုက္ကာျပဳံးျပဳံးႀကီးထိုင္ၾကည့္ေနပါေသာျမတ္မင္းစက္နဲ႔တည့္တည့္တိုးၾကေလ၏။

"မင္းေသာက္ခြက္ကဘာျဖစ္ေနတာလဲ"

"ဘာျဖစ္ေနလို႔လဲ"

"မင္း အခြက္ကိုအခုျပင္လိုက္ေနာ္"

မင္းခန္႔ထည္ရဲ႕ႀကိမ္းေမာင္းသံတို႔အဆုံး ႐ိႈင္းဆီမွအသံတိုးတိုးေလး ထြက္လာေလသည္။

"အကို က်ေနာ္႕လက္ကိုလႊတ္ေတာ့ေလ"

အခုမွပဲ မင္းခန္႔ထည္တစ္ေယာက္ ႐ိႈင္းလက္ကေလးကို လႊတ္ေပးဖို႔သတိရေတာ့သည္။
သူဘယ္အခ်ိန္ကတည္းက ကိုင္ထားမိမွန္း သူကိုယ္တိုင္ေတာင္မသိလိုက္ေပ။

"အာ..Sorry"

ခြီး!!!!!!!

မင္းခန္႔ထည္ကေယာင္ေယာင္နနနဲ႔ ႐ိႈင္းလက္ကေလးကို လႊတ္ေပးလိုက္တဲ့အခါ မင္းစက္ကခြီးခနဲထရယ္လာတာေၾကာင့္
မင္းခန္႔ထည္ရဲ႕ဒုတိယံပိမ်က္ေစာင္းက ဒိုင္းခနဲပင္။

"မင္းက မိန္းမႀကီးလား မ်က္ေစာင္းထိုးရေအာင္"

"မင္း ေသာက္အသံ ထပ္ထြက္လာရင္ ဒီတစ္႐ႈးဗူးနဲ႔မိတ္ဆက္ဖို႔သာျပင္ထားေပေတာ့"
ဟုသတိေပးတဲ့ေလသံနဲ႔ပိတ္ေဟာက္လိုက္၍ တစ္႐ွဴးဗူးကိုေျမႇာက္ျပလိုက္တဲ့အခါ မင္းစက္ကသူ႕ရဲ႕လက္ငါးေခ်ာင္းကိုေလထုထဲမွာေဝွ႔ရမ္းျပလိုက္ၿပီးမ်က္ႏွာပိုးကိုသတ္လိုက္ေတာ့သည္။

ေနာက္ဆုံးမင္းခန္႔ထည္ကထိုမ်က္ႏွာ႐ူးေကာင္ကိုသူ႕ရဲ႕မ်က္လုံးေတြထဲကေနထုတ္ထားလိုက္ကာ ခုံတစ္ခုံကိုဆြဲထုတ္လိုက္ၿပီးေနာက္ ႐ိႈင္းေဇယံဘက္လွည့္ၾကည့္လိုက္ရင္း ခုံကိုပုတ္ျပလာခဲ့သည္။

"ဒီမွာ ထိုင္ေလ ညီ"

႐ိႈင္းလည္း မင္းခန္႔ထည္ ခ်ေပးလာတဲ့ခုံ၌ မလႈပ္မယွက္ဝင္ထိုင္လိုက္ရေလသည္။
သူ႕ထံ၌ ႏိုင္ထက္စီးနင္းအမိန္႔ေပးတတ္တဲ့ထိုစီနီယာနဲ႔ပက္သတ္ၿပီးျငင္းဆန္ပိုင္ခြင့္တို႔႐ွိမေနခဲ့ေပ။
အမွန္အတိုင္းဝန္ခံရရင္ မင္းခန္႔ထည္ဆိုတဲ့သူ႕ရဲ႕အခန္းေဖာ္က သိပ္ကိုေၾကာက္စရာေကာင္းေပ၏။

"မင္းတို႔ တစ္စုံတစ္ေယာက္ကိုေမ့ေနသလားလို႔"

မင္းစက္ေမးေငါ့ျပေတာ့မွ မင္းခန္႔ထည္လည္း တစ္စုံတစ္ေယာက္ကိုျပန္သတိရသြားေတာ့သည္။
သူတို႔ေနာက္မွာတိတ္တိတ္ေလးရပ္ေနတဲ့ သူ၏ခ်စ္သူျဖဴစင္ေသာ္ကိုေပါ့။

"ျဖဴ လည္းထိုင္ေလ"

မင္းခန္႔ထည္တို႔ဝိုင္း၌ျဖဴစင္ေသာ္ဝင္ထိုင္လိုက္သည္နဲ႔တစ္ၿပိဳင္နက္ မင္းစက္ကဝုန္းခနဲ ထရပ္လိုက္ကာ အေစာနကအထိျပဳံးရယ္ေနပါတဲ့သူ၏မ်က္ႏွာဟာ ဖတ္မရေလာက္ေအာင္ပ်က္ယြင္းအုံ႔မိႈင္းလို႔လာခဲ့လ်က္။

ထိုတဇြတ္ထိုးဆန္တဲ့အျပဳအမူေၾကာင့္
႐ိႈင္းမွာလန္႔သြားရကာ သူ႕ရဲ႕မ်က္လုံးေလးေတြကဝိုင္းစက္သြားရ၍ အကိုမင္းစက္ဆိုသူအားအံ့အားသင့္စြာေခါင္းေမာ့ၾကည့္လိုက္ၿပီး ေနာက္ သူဘာကိုမွနားမလည္လိုက္ေပ။

ထိုအခ်ိန္ သူသတိထားမိလိုက္တဲ့တစ္ခုကေတာ့ ထိုဝိုင္းမွာထိုင္ေနတဲ့အမျဖဴက
အကိုမင္းစက္ရဲ႕ထိုသို႔ေသာမလိုမုန္းထားတုံ႔ျပန္မႈတို႔ကို
အံ့ၾသပုံတစ္စြန္းတစ္စမွ်မျပဘဲခပ္တည္တည္မ်က္ႏွာထားနဲ႔သာ ဂ႐ုမစိုက္စြာဖုန္းသုံးေနခဲ့ကာ သူ႕အခန္းေဖာ္ရဲ႕မ်က္ႏွာတြင္လည္းသိသိသာသာေျပာင္းလဲသြားျခင္းတို႔မ႐ွိေပ။

မင္းစက္က လြယ္အိတ္ကိုေကာက္လြယ္လိုက္ကာ မ်က္ေမွာင္ၾကဳတ္လိုက္ရင္းဆိုလာသည္။

"ငါ သြားေတာ့မယ္"

"ေနဦးေလ မင္းစားၿပီးၿပီမို႔လို႔လား"

မင္းစက္ကေခါင္းခါျပလိုက္ကာ
"မစားေတာ့ဘူး ႐ုတ္တရက္ႀကီးမဆာေတာ့လို႔ ငါသြားၿပီေနာ္ ေနာက္တစ္ခါက်မွပဲ ဒီညီေလးနဲ႔ငါ့ကိုမိတ္ဆက္ေပးေတာ့" ဟု မင္းခန္႔ထည္ကိုႏႈတ္ဆက္လိုက္ၿပီးေနာက္ Canteenကေနလွည့္ထြက္သြားေတာ့ေလသည္။

မင္းစက္ထြက္သြားၿပီးတဲ့ေနာက္ တိတ္ဆိတ္သြားရေသာပတ္ဝန္းက်င္ေလးကို သူမရဲ႕ခ်ိဳသာေသာဆည္းလည္းသံေလးျဖင့္ ျဖဴစင္ေသာ္က ၿဖိဳခြင္းလိုက္သည္။

"ေမာင္ ျဖဴ႕ကိုမိတ္ဆက္ေပးဦးေလ"

"ရပါတယ္ က်ေနာ္႕ဘာသာက်ေနာ္မိတ္ဆက္ပါ့မယ္ က်ေနာ္က ႐ိႈင္းေဇယံပါ အကိုမင္းခန္႔ထည္ရဲ႕အခန္းေဖာ္ပါ။"

"ဟုတ္လား ဒါဆိုေမာင္ေျပာေျပာေနတဲ့ ေသာက္ေကာင္းေပးတဲ့ဟာ. . . . . . "

"ျဖဴ!!!!!"

မင္းခန္႔ထည္ အလန္႔တၾကားႏွင့္ဝင္တားလိုက္ရသည္။
သူ႕ခ်စ္သူကတစ္ခါတစ္ေလ မထင္ရင္မထင္သလို ဒီလိုမ်ိဳးလည္း ေဆးထိုးတတ္ပါေသးသည္။ မဟုတ္လွ်င္ သူအတင္းတုတ္ထားသမွ်ကိုဒီကေလးသာျပန္ၾကားလို႔ကေတာ့
ဒီနဂါးေလးရဲ႕မီးေတာက္မ်က္ေစာင္းတို႔ေအာက္မွာ ဆိုင္တစ္ဆိုင္လုံးျပာက်ႏိုင္ေျခ႐ွိေလသည္။

မင္းခန္႔ထည္က Menuစာ႐ြက္ေလးဆီကို
လက္လွမ္းလိုက္ရင္း မလုံမလဲျဖစ္စြာေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ကာစကားေၾကာကိုျဖတ္ခ်လိုက္၏။

"ညီ ဘာစားမလဲ"

"မသိဘူး က်ေနာ္ကဒီကအစားအစာေတြကို မရင္းႏွီးဘူး"

"ညီက ထမင္းလိပ္ရယ္ Takoyakiရယ္ ေပါင္မုန္႔ရယ္နဲ႔ပဲ တစ္ပတ္လုံး သူငယ္ခ်င္းျဖစ္ေနတာမွတ္လား"

ထိုစကားၾကားေတာ့႐ိႈင္းေဇယံရဲ႕တင္းတင္းေစ့ထားတဲ့ႏႈတ္ခမ္းေလးေတြကအံ့ၾသမႈေၾကာင့္ပြင့္ဟသြားရသည္။

"ဟင္!!!!! အကိုကဒါေတြကိုဘယ္လိုသိေနျပန္တာလဲ"

'သူ႕ရဲ႕အခန္းေဖာ္ကသရဲမ်ားလား ? '

႐ိႈင္းရဲ႕အေမးကိုၾကားေတာ့မင္းခန္႔ထည္ကအႏိုင္ရသူအျပဳံးႀကီးတစ္ပြင့္ကိုႏႈတ္ခမ္းေထာင့္စြန္းတို႔၌ခ်ိတ္ဆြဲထားကာ သူ႕ရဲ႕မ်က္ဝန္းေတြကရယ္သြမ္းလို႔ေနလ်က္။

"မသိခ်င္စမ္းပါနဲ႔ ဘာစားမွာလဲျမန္ျမန္ေျပာ"

"႐ွမ္းေခါက္ဆြဲ ပဲစားေတာ့မယ္"

"ok"

မင္းခန္႔ထည္ ဆိုင္မွစားပြဲထိုးေကာင္မေလးကိုလက္ျပကာလွမ္းေခၚလိုက္ၿပီးမၾကာမီပင္စားပြဲထိုးေကာင္မေလးကသူတို႔ဝိုင္းသို႔ေရာက္လာေလရာ သူမ၏လက္ထဲမွာလည္းစာအုပ္တစ္အုပ္နဲ႔ေဘာပင္တစ္ေခ်ာင္းကိုကိုင္ေဆာင္ထား၏။

"ထမင္းေၾကာ္ကို CPနဲ႔တစ္ပြဲ ႐ွမ္းေခါက္ဆြဲႏွစ္ပြဲ"
မင္းခန္႔ထည္မွာလိုက္တဲ့ အစားအစာမ်ားကို ေကာင္မေလးကေရးမွတ္လိုက္ၿပီး ေကာင္တာတြင္သြားမွာလိုက္သည္။

"က်ေနာ္ ႏွစ္ပြဲမကုန္ဘူးေနာ္"

"သိတယ္ တစ္ပြဲကကိုယ့္အတြက္"

"ေမာင္က ႐ွမ္းေခါက္ဆြဲ မႀကိဳက္ဘူးမွတ္လား"

"အင္းဟုတ္တယ္ ဒါေပမယ့္ ဒီေန႔ေတာ့ ကိုယ္ စားၾကည့္မလားလို႔"

႐ိႈင္းလည္းမင္းခန္႔ထည္ကို နားမလည္ႏိုင္ေသာအၾကည့္တို႔ျဖင့္လွမ္းၾကည့္ကာ ေခါင္းခါမိလိုက္သည္။ နာရီဝက္ေလာက္ၾကာေတာ့ သူတို႔မွာထားတဲ့အစားအစာမ်ားကိုလာခ်ေပးေလသည္။

မင္းခန္႔ထည္က ႐ွမ္းေခါက္ဆြဲတစ္ပြဲကို႐ိႈင္းေဇယံေ႐ွ႕ခ်ေပးလိုက္ၿပီးတူတစ္စုံကိုပန္းကန္လုံးႏႈတ္ခမ္းေပၚ၌တင္ေပးလိုက္ၿပီးေနာက္ ထမင္းေၾကာ္ကိုေတာ့ျဖဴစင္ေသာ္ေ႐ွ႕သို႔ေသေသခ်ာခ်ာခ်ေပးလိုက္သည္။ က်န္တဲ့႐ွမ္းေခါက္ဆြဲတစ္ပြဲကိုေတာ့သူ႕ရဲ႕ေ႐ွ႕တည့္တည့္သို႔လွမ္းယူလိုက္ကာ တူတစ္စုံကိုထုတ္လိုက္ေလသည္။

႐ိႈင္းေဇယံသည္ မ်က္စိေ႐ွ႕ကိုေရာက္လာတဲ့႐ွမ္းေခါက္ဆြဲပန္းကန္ကိုငုံ႔ၾကည့္လိုက္ၿပီးေနာက္ ဆိုင္ထဲ၌ တပ္ဆင္ထားတဲ့တိုင္ကပ္နာရီဆီသို႔တစ္ခ်က္လွမ္းၾကည့္လိုက္ကာ

"က်ေနာ္ အတန္းေနာက္က်ေတာ့မယ္ ျမန္ျမန္စားမွ" ဟု ေရ႐ြတ္လိုက္ရင္းခပ္ျမန္ျမန္စားေနမိ၏။

"ျဖည္းျဖည္းစား အတန္းေနာက္က်လို႔ဘာမွမျဖစ္ဘူး ေတာ္ၾကာနင္ၿပီးေသေနမွ ဒုကၡ"

သူ ႐ြဲ႕ေျပာလိုက္တဲ့စကားအဆုံး ႐ိႈင္းရဲ႕ ထက္႐ွ႐ွမ်က္ေစာင္းေလးမ်ားက သူ႕အား တစ္စင္းၿပီးတစ္စင္းမရပ္မနားပစ္ခတ္လို႔ေန၏။ျဖဴစင္ေသာ္ကလည္း ရယ္လိုက္ကာ
သူ႕ရဲ႕လက္ေမာင္းတစ္ဖက္ကို႐ိုက္လာခဲ့ေပသည္။

"ေမာင္ကလည္း ကေလးကို"

ထို႔ေနာက္မၾကာပါဘူး ေကာင္ေလးတစ္ေယာက္ဆီကေနေခ်ာင္းဆိုးသံတစ္သံက စီထြက္လာေလသည္။

"အဟြတ္..အဟြတ္...အဟြတ္"

မင္းခန္႔ထည္ေျပာတဲ့အတိုင္းပင္ ႐ိႈင္းတကယ္နင္ေလၿပီ။

မင္းခန္႔ထည္လည္းကျပာကယာႏွင့္ သူ႕ေဘးကေရတေခါင္းဘူးမွေရကို ဖန္ခြက္ထဲေလာင္းထည့္လိုက္ကာ ႐ိႈင္းကိိဳကမ္းေပးလိုက္ၿပီးေနာက္ ႐ိႈင္းရဲ႕ေၾကာျပင္ေလးကိုပါ ျငင္ျငင္သာသာျဖင့္အလိုက္တသိပြတ္သပ္ေပးေန႐ွာ၏။

"အကို ေျပာသားပဲ နင္မယ္လို႔"

နေမာ္နမဲ့ႏိုင္တဲ့႐ိႈင္းေလးကေတာ့ စည္းကမ္းႀကီးတဲ့စီနီယာႀကီးရဲ႕ဆူသမွ်ေျပာသမွ်ကိုေခါင္းငုံ႔ခံရေတာ့ေပမည္။

ထိုအျဖစ္အပ်က္ကိုျမင္ေနရတဲ့ ျဖဴစင္ေသာ္ကေတာ့ သူမရဲ႕ရင္ထဲတစ္ေနရာတြင္မြန္းၾကပ္ၾကပ္ခံစားခ်က္တို႔ကလိႈင္းလုံးႀကီးတမွ်တိုးကာဝင္ေရာက္လာခဲ့ကာ မသက္သာခံစားလာရေလသည္။

ထမင္းေၾကာ္ရဲ႕အရသာကိုေတာင္သူမရဲ႕လွ်ာဖ်ားတို႔ကမခံစားႏိုင္ေတာ့ပဲ မ်က္ဝန္းေတြက သူမေ႐ွ႕ကလူ၂ေယာက္ကိုသာ မ်က္ေတာင္မခတ္စတမ္းစိုက္ၾကည့္ေနမိခဲ့သည္။

ဒီေကာင္ေလးေရာက္လာတဲ့အခ်ိန္ကစၿပီး ေမာင့္ရဲ႕အၾကည့္ေတြက သူမထံတြင္မ႐ွိေတာ့ေပ။

ေမာင္က ဒီေကာင္ေလးကို ေတာ္ေတာ္ခင္တဲ့ပုံပဲ။
ျဖဴသတိထားမိတယ္ အရင္ကနဲ႔မတူတဲ့ ေမာင့္ရဲ႕အၾကည့္ေတြဆီကေနေပါ့။

ဟာ... ငါဘာေတြေလွ်ာက္ေတြးေနမိတာလဲ ေမာင္က ေယာက်္ားေလးခ်င္းစိတ္မဝင္စားပါဘူး။

မာန္နဲ႔တုန္းကေတာင္ ေမာင့္ဘက္က အစြမ္းကုန္ျငင္းပစ္ခဲ့တာ။

ၿပီးေတာ့ ေမာင္က ဒီေကာင္ေလးနဲ႔ေတြ႕တာ တစ္ပတ္ေတာင္မျပည့္ေသးဘူးေလ ငါနဲ႔ခ်စ္သူျဖစ္တာ သုံးႏွစ္ေတာင္ျပည့္ေတာ့မယ့္ဟာ ငါတို႔ႏွစ္ေယာက္ ပတ္သတ္ခဲ့တဲ့အခ်ိန္အတိုင္းအတာေတြက ဒီေကာင္ေလးနဲ႔စေတြ႕တဲ့ အခ်ိန္တစ္ပတ္ေလးကိုေတာင္မယွဥ္ႏိုင္ဘူးဆိုတာလုံးဝမျဖစ္ႏိုင္ဘူး။

ေမာင့္ရဲ႕မ်က္ဝန္းေတြကိုအပိုင္သိမ္းထားႏိုင္တဲ့လူက သူမကလြဲၿပီးဘယ္သူမွထပ္မ႐ွိႏိုင္ေလာက္ဘူးလို႔ထင္မွတ္ထားခဲ့တဲ့အခ်ိန္ေတြဟာ သူမဒီေကာင္ေလးနဲ႔စေတြ႕တဲ့အခ်ိန္ကေနစၿပီး ၿပိဳလဲပ်က္စီးစျပဳေနခဲ့ၿပီလား။

************************************

Continue Reading

You'll Also Like

48.5K 3.2K 136
Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း
79.7K 6.7K 35
မင်းကို​ပြောပြချင်တဲ့အ​ကြောင်းအရာ​တွေအတွက်အခွင့်ရှိနိုင်ပါ့မလား....
479K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
26.6K 2.5K 21
A love story between the Seaman and teenage boy -ministory-