ထာ၀ရ ပုံပေ

By akyinnamon

1.5M 183K 10.7K

အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝ... More

Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (2017) (Unicode)
Part 24 (AD 79) (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
Part 34 (Unicode)
Part 35 (Unicode)
Part 36 (2017) (Unicode)
Part 37 (AD 79) (Unicode)
Part 38 (Unicode)
Part 39 (Unicode)
Part 40 (Unicode)
Part 41 (Unicode)
Part 42 (Unicode)
Part 43 (Unicode)
Part 44 (2017) (Unicode)
Part 45 (AD 79) (Unicode)
Part 46 (Unicode)
Part 47 (Unicode)
Part 48 (Unicode)
Part 49 (Unicode)
Part 50 (Unicode)
Part 51 (Unicode)
Part 52 (Unicode)
Part 53 (Unicode)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
Extra Story (Unicode)
Extra Story - 2 ( Unicode )
Author's Note
Part 1 (oct 2017)
Part 2 (AD 78)
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9 (oct 2017)
Part 10 (AD 78)
Part 11 (Zawgyi)
Part 12 (Zawgyi)
Part 13 (Zawgyi)
Part 14 (Zawgyi)
Part 15 (Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 18 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
Part 21 (Zawgyi)
Part 22 (Zawgyi)
Part 23 (2017) (Zawgyi)
Part 24 (AD 79) (Zawgyi)
Part 25 (Zawgyi)
Part 26 (Zawgyi)
Part 27 (Zawgyi)
Part 28 (Zawgyi)
Part 29 (Zawgyi)
Part 30 (Zawgyi)
Part 31 (Zawgyi)
Part 32 (Zawgyi)
Part 33 (Zawgyi)
Part 34 (Zawgyi)
Part 35 (Zawgyi)
Part 36 (2017) (Zawgyi)
Part 37 (AD 79) (Zawgyi)
Part 38 (Zawgyi)
Part 39 (Zawgyi)
Part 40 (Zawgyi)
Part 41 (Zawgyi)
Part 42 (Zawgyi)
Part 43 (Zawgyi)
Part 44 (2017) (Zawgyi)
Part 45 (AD79) (Zawgyi)
Part 46 (Zawgyi)
Part 47 (Zawgyi)
Part 48 (Zawgyi)
Part 49 (Zawgyi)
Part 50 (Zawgyi)
Part 51 (Zawgyi)
Part 52 (Zawgyi)
Part 53 (Zawgyi)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
ထာဝရပုံပေ
Bookshops
Extra Story (Zawgyi)
Extra Story - 2 ( Zawgyi )

Part 1 (Unicode)

179K 6.5K 272
By akyinnamon

စာအုပ်အဖြစ်ထွက်ရှိပြီးဖြစ်တဲ့

* စည်း__✏️

* ကြယ်တွေကြွေသောည 🌠

* ကြယ်တွေကြွေသောည Sequel 🌌

* ထာ၀ရပုံပေ 🌋

* တောင်တောရယ်သာ 🏞

* ဆူး ❤️‍🩹

စာအုပ်တွေအားလုံးကို we distribution online bookshop မှာ မှာယူနိုင်ပါတယ်။
ကျေးဇူးပါ ❤️💛💙

we distribution Facebook Page

📞09250091913
📞09972293371
⌚9:00 Am to 5:00 PM

💕💕💕💕💕💕💕💕💕💕💕💕


အောက်တိုဘာလ

၂၀၁၇ ခုနှစ်

ပုံပေမြို့

အီတလီနိုင်ငံ

NIHIL DURARE POTEST TEMPORE PERPETUO

CUM BENE SOL NITUIT REDDITUR OCEANO

DECRESCIT PHOEBE QUAE MODO PLENA FUIT

VEN(TO)RUM FERITAS SAEPE FIT AURA L(E)VIS

ဘယ်အရာမှ ထာဝရ မတည်မြဲနိုင်ပါဘူး..

နေမင်းဟာ တောက်ပခဲ့ပြီးရင် ပင်လယ်သမုဒ္ဒရာအောက်မှာ ပျောက်ကွယ်သွားဦးမှာ...

၀ိုင်းစက်နေခဲ့တဲ့ လပြည့်ဝန်းဟာလည်း သေးငယ်သွားဦးမှာ...

မာန်ဟုန်ပြင်းတဲ့ လေပြင်းတွေလည်း လေပြည်အဖြစ် ပြောင်းလဲသွားကြမှာ...

ဟိုတယ်ခန်းမ၏ ဧည့်သည်နားနေခန်းရှိ ဆိုဖာထိုင်ခုံထက်တွင် ထိုင်နေသော ကောင်လေးတစ်ယောက်သည် အခန်းနံရံရှိ ဘောင်ခတ်ထားသော စာတမ်းပုံကို လှမ်းကြည့်နေသည်။ နက်ပြာရောင် ကျောပိုးအိတ်ငယ်သည် အားကစားဖိနပ်စီးထားသော လူငယ်၏ခြေရင်းနားမှာ လဲကျနေသည်။ လိပ်ခွေနေသော ဆံပင်နက်များသည် နဖူးပေါ် ဝဲကျနေသည်။ နားရွက်အထက်နားမှစပြီး ဘေးနှစ်ဖက်စလုံးကို ခပ်ပါးပါးရိတ်ထားသောကြောင့် လည်တိုင်မှာ ရှင်းနေသည်။

"ဒါ ပုံပေမြို့ဟောင်းရဲ့ နံရံစာတမ်းတွေထဲကတစ်ခုပဲ ကောင်လေးရ။"

တည်းခိုခန်းပိုင်ရှင်ဖြစ်ဟန်တူသော လူကြီးတစ်ယောက်က လူငယ့်ဘေးမှာရပ်ရင်း စကားဆိုသည်။ ရှေးဟောင်းလက်တင်ဘာသာစကားဖြင့် ရေးသားထားသည့် ထိုစကားလုံးများသည် ပုံပေမြို့ဟောင်းကြီး၏ များပြားလှစွာသော နံရံစာတမ်းများထဲမှ တစ်ခုဖြစ်သည်။ မူရင်းရေးသားခဲ့သူသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ နီးပါးက အသက်ရှင်ခဲ့သူတစ်ယောက်။ မည်သူမှန်းမသိ။ မည်သည့်အတွက် ရည်ရွယ်ရေးသားခဲ့မှန်းမသိ။ နှစ်ပေါင်းများစွာ မြေအောက်မှာ နားခိုခဲ့ပြီးမှ တူးဖော်မြင်တွေ့ခွင့်ရခဲ့သော မြို့ဟောင်းကြီးနှင့်အတူ ထိုစကားလုံးများသည် တစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့ပြီဖြစ်သည်။

"ဦးလေး အရမ်းသဘောကျလို့ ပုံစံတူကူးရေးပြီး မှန်ဘောင်သွင်းခိုင်းထားတာ။ ဒီတည်းခိုခန်း စဖွင့်ကတည်းကလေ။ ကြာလှရောပေါ့။"

လူငယ်သည် စကားတစ်ခွန်းမှမကြားသလို တုံ့ပြန်မှုမရှိဘဲ တည်းခိုခန်းအပြင်ဘက်သို့ လှမ်းကြည့်နေသည်။ တည်းခိုခန်းပြင်ပတွင် အခြားရွယ်တူလူငယ်များ နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ စကားပြောကာ နောက်ပြောင်နေကြသည်။ သူတို့အားလုံးသည် ၁၈၊ ၁၉ နှစ်ဝန်းကျင်ဖြစ်ပြီး လာရောက်ကြိုဆိုမည့် ကားကြီးများကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

"ကျောင်းလေ့လာရေးခရီးဆိုတာ အင်မတန် ပျော်စရာကောင်းတာပဲကွ။ ဦးလေးတို့တုန်းကလည်း..."

လူငယ်သည် ခင်မင်ရင်းနှီးချင်ပုံရသည့် တည်းခိုခန်းပိုင်ရှင်၏ စကားကို အဆုံးထိ နားမထောင်။ နံရံတွင် ဘောင်ခတ်ချိတ်ထားသော စာတမ်းကို နောက်တစ်ဖန် စူးစိုက်ကြည့်ပြီးသည့်နောက်မှာတော့ ခြေရင်းနားမှ ကျောပိုးအိတ်ငယ်ကို လှမ်းယူကာ ထိုင်နေရာမှ မတ်တတ်ရပ်လိုက်သည်။

.....................

လှေကားတစ်ဝက်အရောက်မှာ ကုတ်အကျီင်္အိတ်ကပ်ထဲ လက်ထိုးထည့်ပြီး မာကို မျက်နှာရှုံ့မဲ့သွားသည်။ ကားသော့က အိတ်ကပ်ထဲမှာ မရှိ။

အသက် ၆၀ ဆိုသည့်အရွယ်သည် အဘိုးအိုတစ်ယောက်ဟု မခေါ်တွင်နိုင်သေးပါ။ ဒါက သူ့ရဲ့ ယုံကြည်ချက်ဖြစ်သည်။ ဖခင်ဖြစ်သူ အသက် ၆၀ ပြည့်တုန်းက ငါ့အဖေ အိုလှပြီဟု တွေးခဲ့မိပေမယ့် မိမိ အသက် ၆၀ ပြည့်ခါနီးအချိန်မှာတော့ ငါ လူလတ်ပိုင်းအရွယ်ပဲ ရှိသေးတယ်ဟု ယုံကြည်နေသည်။ ဒါပေမဲ့ မှတ်ဉာဏ်ဦးနှောက်ကိုတော့ လိမ်ညာချင်လို့မရ။ သတိမေ့တတ်သည်မှာ အကျင့်တစ်ခုလိုပင် ဖြစ်နေပြီဖြစ်သည်။

သက်ပြင်းတစ်ချက်ချရင်း လှေကားထစ်များပေါ် ပြန်တက်ခဲ့သည်။ မိမိတစ်ဦးတည်း နေထိုင်သော တိုက်ခန်းသည် မြင်မကောင်းအောင် ရှုပ်ပွနေသည်။ ဝတ်ပြီးသား ရှပ်အကျီင်္ဟောင်းများ၊ ဘောင်းဘီရှည်များသည် ဧည့်ခန်းထိုင်ခုံများပေါ်တွင် အပုံလိုက် ဖြစ်နေသည်။ ဆိုဖာရှေ့ရှိ စားပွဲဝိုင်းလေးပေါ်တွင်လည်း မနေ့ညက စားလက်စ ပစ်ထားခဲ့သော ပီဇာဘူးခွံများ၊ ဘီယာပုလင်းခွံများနှင့် ဖြစ်သည်။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက် လိုအပ်သည်ဟု မကြာခဏ တွေးမိပေမယ့် အမျိုးသမီးများနှင့် ခြောက်လ၊ တစ်နှစ်ထက်မပိုသော ရင်းနှီးမှုများကြားမှာ သူသည် ယခုအချိန်အထိ တစ်ကိုယ်တည်းသမားဖြစ်နေသည်။

ကားသော့သည် မာကို ပစ်ထားခဲ့သော အနွေးထည်ဂျာကင်အကျီင်္အိတ်ကပ်ထဲမှာ မရှိသလို၊ တီဗွီဘေးမှ သော့များထားရာ ငွေဇလုံငယ်လေးထဲမှာလည်း မရှိ။ လက်ကောက်ဝတ်မှ လက်ပတ်နာရီကို ငုံ့ကြည့်ပြီးချိန်မှာတော့ ပိုပြီး စိတ်ညစ်သွားသည်။ အလုပ်နှင့်အိမ်နီးသည်ဆိုသည့် အကြောင်းပြချက်နှင့် အလုပ်ချိန်ဆယ်မိနစ်အလိုမှ အိမ်မှထွက်တတ်သည့် အကျင့်သည် အခုတော့ သူ့ကို ကောင်းကောင်းကြီး ဒုက္ခပေးနေပြီဖြစ်သည်။

"ဟာ.."

ဘောင်းဘီအိတ်ကပ်ထဲမှ သော့ပုံစံ ဖောင်းကြွကြွကို စမ်းမိတော့မှ ဝမ်းသာသွားသည်။ ကုတ်အကျီင်္အိတ်ကပ်ထဲမှာ အသည်းအသန်ရှာနေသည့် ကားသော့သည် ဘောင်းဘီအိတ်ထဲ ရောက်နေခြင်းဖြစ်သည်။ အိမ်သော့ကိုအမြန်ခတ်၊ လှေကားပေါ်မှ ခပ်သွက်သွက်ဆင်းပြီး ဂိုဒေါင်ရှိရာသို့ အပြေးတပိုင်း လမ်းလျှောက်သွားကာ ကားပေါ်ခုန်တက်ပြီး အမြန်ဆုံးမောင်းလာခဲ့သည်။ တော်သေးသည်။ အသက်ငါးဆယ်ကျော်ပေမယ့် လှုပ်ရှားမှုများသည် သွက်လက်နေသေးသည်။ ခြောက်ဆယ်နားနီးပြီဆိုတာထက် ငါးဆယ်ကျော်ဆိုသည့် အသုံးအနှုန်းကို မာကို ပိုပြီးသဘောကျသည်။

အီတလီနိုင်ငံတောင်ပိုင်းရှိ ပုံပေမြို့သစ်၏ မနက်ခင်းသည် ဆောင်းဦးရာသီဖြစ်သောကြောင့် လန်းဆန်းအေးမြနေသည်။ စိမ်းညို့နေသော ဂျုံခင်းများနှင့် ခပ်မြင့်မြင့်တောင်ကုန်းတောင်တန်းများသည် ကားနောက်မှာ တရိပ်ရိပ် ကျန်နေရစ်ခဲ့သည်။ လွင်ပြင်ကျယ်များကို တိုးဝှေ့တိုက်ခတ်လာသော လေပြည်သည် ဂျုံခင်းစိမ်းများကြားမှ ဖြတ်သန်းပြေးလွှားသွားကာ အစိမ်းရောင်ရေလှိုင်းများနှင့် ဆင်ဆင်တူသည့် ပုံရိပ်တစ်ချို့ ချန်ထားရစ်ခဲ့သည်။

ကုန်းကျော်တံတားအောက်မှ ဖြတ်သန်းမောင်းနှင်လိုက်သည်နှင့် အီတလီဘာသာဖြင့် ရေးသားထားသော Pompei မြို့ဆိုသည့် ဆိုင်းဘုတ်က ဆီးကြိုနေသည်။ ကားလမ်းနှင့်ယှဉ်လျက် လမ်းဘေးတစ်လျှောက်ရှိနေသည့် မီးရထားလမ်းမှ အမြန်မီးရထားတစ်စီး ဖြတ်သန်းသွားသည်။ ဒီရထားကြီးပေါ်တွင် ပုံပေမြို့ဟောင်းသို့ သွားရောက်လည်ပတ်ကြမည့် ခရီးသည်တွေ ပါလိမ့်မည်။ ပျမ်းမျှအားဖြင့် နှစ်စဉ်နှစ်တိုင်းလိုလို ခရီးသွားဧည့်သည် ၂ သန်းကျော် လာရောက်လည်ပတ်နေသည့် ပုံပေမြို့ဟောင်းသည် မာကို၏ လုပ်ငန်းခွင်နေရာဖြစ်သည်။

သူသည် ပုံပေမြို့ဟောင်း၏ ခရီးသွားလမ်းညွှန်တစ်ယောက်။

မြို့ဟောင်းနားရောက်သည်နှင့် ဆိုင်းဘုတ်တစ်ခုကို ခပ်မြင့်မြင့်ကိုင်ကာ ရှေ့မှဦးဆောင် လျှောက်သွားသော လမ်းညွှန်နှင့် ၎င်းနောက်မှ တန်းစီလိုက်ပါလာကြသော ဂျပန်လူမျိုး ခရီးသွားများကို တွေ့လိုက်ရသည်။ လူကြီး၊ လူငယ်စုံပေမယ့် လူငယ်ပိုင်းကများသည်။ စုံတွဲများလည်းပါသည်။ စည်းကမ်းရှိစွာ ငြိမ်ငြိမ်သက်သက်နှင့် မြို့ဟောင်းရှိရာသို့ လမ်းလျှောက်သွားနေကြသည်။ ဝင်ပေါက်နားတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ မြို့ဟောင်းနှင့်ပတ်သက်သည့် စာအုပ်စာတမ်းများ ရောင်းချရာ ဆိုင်ငယ်များရှိနေသလို အစောင့်ရဲကားများလည်း ဝတ္တရားမပျက် ရောက်နေကြပြီဖြစ်သည်။

ကားများရပ်ရန် သတ်မှတ်ထားရာ မျဉ်းဖြူလိုင်းအတွင်းမှာ မာကို ကားကိုရပ်တန့်ကာ ဆင်းလာခဲ့သည်။ ဧည့်လမ်းညွှန်များ၏ ရုံးခန်းအဆောက်အဦးရှေ့မှာ ခရီးသွားဧည့်သည် အတော်များများ ရှိနေကြပြီဖြစ်သည်။ လက်မှတ်ဝယ်ယူရန် တန်းစီနေကြသည့် လူတန်းကြီးသည်လည်း ဝင်းအပြင်ဘက်သို့ပင် ရောက်တော့မည်။ ထိုလူများနှင့် မတိုက်မိအောင် ခွင့်တောင်းကျော်ဖြတ်ကာ ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။

"Buongiorno"

"Buongiorno မာကို။ ဒီမှာ ဧည့်သည်တွေရောက်နေပြီ။"

ရုံးခန်းထဲမှ အကြီးအကဲဖြစ်သူက ပြန်လည်နှုတ်ဆက်ရင်း ပြောသည်။ အလုပ်မစခင် အနားမှာရှိသည့် ကော်ဖီဆိုင်လေးမှ espresso ခါးခါးလေးတစ်ခွက်လောက် မှာသောက်လိုက်ချင်သည့် ဆန္ဒသည် မပြည့်ဝနိုင်တော့။ ဝန်ထမ်းကတ်ပြားကို လှမ်းယူပြီး လည်ပင်းမှာ ဆွဲချိတ်လိုက်သည်။ အလုပ်တာဝန်ဆိုတော့လည်း ငြင်းလို့မရ။ သူ့ထက်အရင်ရောက်နေသည့် အခြား လုပ်ဖော်ကိုင်ဖက်များပင် လူစုနေကြပြီးဖြစ်သည်။

"ဆယ်ယောက်ပြည့်ပြီလားဗျ။"

"ဟင့်အင်း။ နှစ်ယောက်လိုသေးတယ်။"

အဆောက်အဦးအပြင်ဘက်တွေ မတ်တတ်ရပ်စောင့်နေကြသော လူအုပ်စုကို လှမ်းကြည့်လိုက်သည်။ ဧည့်သည်များမှာ အီတလီလူမျိုးများပင်ဖြစ်မည်။ စကားသံ လေယူလေသိမ်းအရ အီတလီမြောက်ပိုင်းပြည်နယ်များမှ လာကြသူများ ဖြစ်လိမ့်မည်။ ဆယ်နှစ်အရွယ် ကလေးတစ်ယောက်လည်း ပါသည်။ အားလုံးက မိသားစုဝင်၊ သူငယ်ချင်းများဖြစ်ပုံရသည်။ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီးနောက်ပြောင် စကားပြောနေကြသည်။ ဧည့်သည်အုပ်စု ကို မာကို နှုတ်ဆက်ပြီးသည်နှင့် ဆက်ပြောလိုက်သည်။

"လူနှစ်ယောက်လောက် ထပ်စောင့်လိုက်ရအောင်ဗျာ။ မဟုတ်ရင် လမ်းညွှန်ခကို ရှစ်ယောက်ထဲ ခွဲပေးနေရမှာ။"

"အင်းလေ။ စောင့်တာပေါ့။"

ဧည့်သည်အုပ်စုထဲမှ လူကြီးတစ်ယောက်က ဝင်ဖြေလိုက်ခြင်းဖြစ်သည်။ ဧည့်လမ်းညွှန် လိုချင်သူများအတွက် တစ်အုပ်စုလျှင် ဧည့်သည်ဆယ်ယောက်လက်ခံကာ အခကြေးငွေအဖြစ် ယူရိုငွေ ၁၂၀ ပေးရသည်။ လူဆယ်ယောက် မပြည့်လျှင်လည်း လမ်းညွှန်ခ လျှော့မပေးနိုင်။ ဧည့်သည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ဒီအကြောင်းအရာများကိုပဲ ရှင်းပြရသလို ဒီနေရာများကိုပဲ လိုက်ပြရသည်။ အချိန် နှစ်နာရီ၊ နှစ်နာရီခွဲခန့် ကြာမြင့်နိုင်သည်။ မြို့ဟောင်းနေရာအားလုံးကို လိုက်ပြလျှင်တော့ တစ်နေကုန်ပင် လောက်ငနိုင်မည်မဟုတ်သောကြောင့် အရေးကြီးနေရာတစ်ချို့ကိုသာ ရွေးချယ်ပြသရသည်။

မာကို ချောင်းတစ်ချက်ဟန့်ကာ လူအုပ်စု၏ အာရုံစူးစိုက်မှုကို ရရှိရန် ကြိုးစားလိုက်သည်။

"လူစောင့်နေရင်း သမိုင်းကြောင်းကို နည်းနည်းလောက် ပြန်နွှေးရအောင်လားဗျာ။"

"ဘာလဲဗျာ။ ရောမအင်ပါယာဟာ ကမ္ဘာ့သမိုင်းမှာ အင်အားအကြီးဆုံးနဲ့ အကြာရှည်ဆုံးတည်တံ့ခဲ့တဲ့ အင်ပါယာဆိုတာကိုလား။"

အုပ်စုထဲက ပျော်တတ်ဟန်ရှိသော လူကြီးတစ်ယောက်က ခပ်နောက်နောက်ပြောသည်။

"ခင်ဗျားပြောတာ အမှန်ပဲဗျ။ ဘီစီ ၇၅၃ ခုနှစ် မှာ ရောမမြို့ စတင်ပေါ်ပေါက်လာခဲ့တယ်လို့ သမိုင်းလေ့လာချက်တွေကဆိုခဲ့တယ်။ အေဒီ ၄၇၆ ခုနှစ်မှာတော့ ရောမအင်ပါယာရဲ့ အနောက်ခြမ်းဟာ လူမျိုးခြားတွေလက်ထဲကို လုံးလုံးရောက်သွားခဲ့တယ်။ ဆိုတော့ကာ... ခင်ဗျားတို့စဉ်းစားကြည့်စမ်း။ ဘာပဲဖြစ်ဖြစ် ရောမလူမျိုးတွေရဲ့ သမိုင်းဟာ နှစ်ပေါင်း ၁၂၀၀ လောက် ကြာရှည်တည်တံ့ခဲ့တယ်။"

ဧည့်သည်အုပ်စုမှာ အားနာ၍သာ နားထောင်နေရသည်။ မည်သူမှ စိတ်ဝင်စားဟန်မရှိ။ တစ်ယောက်မှ နားမထောင်ချင်လျှင်တောင် မမြင်ရပေမယ့် ဘေးနားမှာရှိနေတာ သေချာသည့် လေ ကိုပင် ရှင်းပြချင်နေသည့် မာကို့အတွက်တော့ ကိစ္စမရှိ။

"ရောမအင်ပါယာအနေနဲ့ အထွန်းတောက်ဆုံးအချိန်မှာ နယ်နမိတ်အနေနဲ့ လက်ရှိ နိုင်ငံပေါင်း ၄၀ ကျော်လောက်ကို ပေါင်းစည်းအုပ်ချုပ်နိုင်ခဲ့တာဗျ။ တောင်မြောက်အနေအထားအရဆိုရင် အခု စကော့တလန်နိုင်ငံကနေ ကူဝိတ်နိုင်ငံအထိ၊ အရှေ့အနောက် အနေအထားအရဆိုရင် ပေါ်တူဂီနိုင်ငံကနေ အာမေးနီးယားနိုင်ငံအထိဗျာ။ ဘာသာစကားတစ်ခုတည်း၊ ဥပဒေတစ်ခုတည်း၊ ငွေကြေးစနစ်တစ်ခုတည်းနဲ့နော်။ ဒါတင်ဘယ်ကမလဲ။ အဲ့ဒီ့ခေတ်ကာလမှာ လူတိုင်းနီးပါး ရေးတတ်၊ ဖတ်တတ်တယ်။ ဒါနဲ့ ကလေး.. မင်း နာမည် ဘယ်လိုခေါ်လဲ။"

"ဖေဒေရိကို"

ပါးဖောင်းဖောင်းနှင့် ချစ်စရာကလေးငယ်မှာ သွက်လက်စွာ ဖြေကြားလိုက်သည်။ ဒိုင်းရှည်နှင့် လှံတံကိုင်ထားသည့် ရောမစစ်သားရုပ်ကို လက်မှာကိုင်ထားသည့် ကလေးငယ်၏ မျက်လုံးများမှ စိတ်ဝင်စားမှုကိုကြည့်ရင်း မာကို ကျေနပ်သွားသည်။

"ရောမ အင်ပါယာရဲ့ ပထမဆုံး အင်ပါယာရှင်က ဘယ်သူလဲ။"

"ဆီဇာ..လေ။ ဂျူးလိယက်ဆီဇာ ပေါ့။"

စောစောက ဖြေခဲ့သည့် လူက ကလေးငယ်အစား ဝင်ဖြေလိုက်ခြင်းဖြစ်သည်။ မာကို ခေါင်းခါလိုက်သည်။

"မဟုတ်ဘူးဗျ။ ရောမလွှတ်တော်က တရားဝင်သတ်မှတ်ပေးခဲ့တဲ့ အင်ပါယာရှင်က ဂျူးလိယက်ဆီဇာ ဆုံးပြီးတဲ့နောက်မှာ နန်းတက်ခဲ့တဲ့သူ။ တစ်ချို့သမိုင်းပညာရှင်တွေကတော့ ဂျူးလိယက်ဆီဇာကို ပထမဆုံးအင်ပါယာရှင်လို့ သတ်မှတ်ပြောဆိုနေကြပေမယ့် အများကတော့ အာဏာရှင်လို့ သုံးနှုန်းကြတယ်။ အဲ.. သေချာရှင်းရမယ်ဆိုရင် ဇာတ်လမ်းကရှည်ဦးမယ်။ ရောမကို စတင် တည်ထောင်ခဲ့ချိန်တုန်းက ဘုရင်စနစ်ဗျ။ ဘီစီ ၅၀၉ ခုနှစ်မှာတော့ ရောမနိုင်ငံဟာ republic ဖြစ်လာခဲ့ပြီး ပါလီမာန်လွှတ်တော်အမတ်တွေရဲ့ နေရာဟာ အရေးပါခဲ့တယ်။ နောက် ဂျူးလိယက်ဆီဇာလက်ထက်မှာ အကြွင်းမဲ့အာဏာကို ပိုင်ခဲ့တယ်။ ဒါပေမဲ့ ရောမအင်ပါယာရဲ့ ပထမဆုံး အင်ပါယာရှင် ဖြစ်လာသူကတော့..."

"သြဂတ်စတက် မဟုတ်လား ဦးလေး။ ရောမရဲ့ ပထမဆုံး အင်ပါယာရှင်က သူ မဟုတ်လား။"

ကလေးငယ်လေးသည် ခုန်ဆွ ခုန်ဆွနှင့် ဖြေနေခြင်းဖြစ်သည်။ စိတ်အားထက်သန်ကာ လူကြီးတွေကို တွန်းတိုက်ပြီး ရှေ့သို့ တိုးထွက်လာသည်။

"ဟုတ်တယ် ချာတိတ်ရ။ ဂျူးလိယက်ဆီဇာ ရဲ့ မွေးစားသားဖြစ်တဲ့ သြဂတ်စတက်ဟာ ဘီစီ ၂၇ ခုနှစ်မှာ ရောမအင်ပါယာရဲ့ ပထမဆုံး အင်ပါယာရှင် ဖြစ်လာခဲ့တယ်။ မင်း တော်တယ်ကွ။"

ချီးကျူးစကားကြောင့် မျက်နှာမထားတတ်အောင် ဖြစ်သွားသော ကလေးငယ်ကိုကြည့်ရင်း မာကို ပြုံးလိုက်သည်။

"နောက်ပိုင်းတွေမှာ အာဏာလုတာတွေကြောင့်ရော၊ ပြည်တွင်းစစ်တွေကြောင့်ပါ အင်ပါယာရှင် အပြောင်းအလဲတွေများခဲ့တယ်။ အေဒီ ၆၉ ခုနှစ်ဆိုရင် တစ်နှစ်တည်းမှာ အင်ပါယာရှင်လေးယောက် ပြောင်းတဲ့ အထိပဲဗျ။ အဲ... ပုံပေမြို့ကြီး ပျက်စီးခဲ့တဲ့ အေဒီ ၇၉ ခုနှစ်မှာဆိုရင် အီတလီဘာသာနဲ့ခေါ်ဝေါ်ရရင် ဗေစ်စပါစီရားနို (Vespasiano) ဆိုတဲ့ အင်ပါယာရှင်ပေါ့ဗျာ။ သူ ကွယ်လွန်သွားတာ သိပ်မကြာသေးဘဲ သားဖြစ်တဲ့ တိတို (Tito) ဆိုတဲ့ အင်ပါယာရှင် အုပ်ချုပ်နေခဲ့တာ။"

တဖြည်းဖြည်းတောက်ပလာသော နေရောင်သည် မြို့ဟောင်းကြီး၏ နံရံများ၊ အဆောက်အဦးများပေါ်သို့ ထိုးကျလင်းလက်လာသည်။ ခရီးသွားများက အုတ်ပုံ၊ အုတ်ဟောင်းများဟု အလွယ်တကူ သတ်မှတ်လိုက်မည့် မြို့ဟောင်းနေရာတွေသည် သမိုင်းကြောင်းတွေ စီးဆင်းနေရာ မြစ်ကြောင်းရှည်ကြီးပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သောအဖြစ်အပျက်များ၊ အကြောင်းအရာများကို မနားတမ်းပြောပြနေသည့် အဘိုးအိုတစ်ယောက်ပမာ ရောက်လာသူတိုင်းကို အသိပညာတွေ မျှဝေပေးနေဆဲပင်။

မာကို လည်ချောင်းတစ်ချက်ရှင်းကာ မေးခွန်းထုတ်လိုက်သည်။

"ဒီမြို့ဟောင်းကိုလာကြတဲ့ ဧည့်သည်တိုင်းကို ဒီနေရာကို ဘာလို့လာကြတာလဲလို့ ကျုပ် အမြဲမေးတယ်။ အခု ခင်ဗျားတို့အားလုံးကိုလည်း ဒီမေးခွန်းပဲ မေးကြည့်ချင်တယ်။"

"နာမည်ကြီးလို့ လာလည်တာပေါ့ကွာ။"

ခပ်နောက်နောက် လူကြီးကပင် ရယ်ရင်း ဝင်ဖြေပြန်သည်။ ရယ်သံများတိတ်သွားအောင် စောင့်ပြီးမှ လူအုပ်စုကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

"နောက် အဖြေတွေကရောဗျာ.."

"အလောင်းတွေ ကြည့်ချင်လို့.."

နောက်တစ်ကြိမ် ရယ်သံများဆူညံသွားပြန်သည်။

"အလောင်းတွေ မဟုတ်ပါဘူးဗျာ။ ရုပ်လုံးပုံသွင်းထားတာပါ။ နောက်မှ အသေးစိတ် ပြန်ရှင်းပြပေးမယ်။ ၁၉၉၇ ခုနှစ်မှာ ပုံပေမြို့ဟောင်းကို UNESCO က ကမ္ဘာ့အမွေအနှစ်နေရာစာရင်းထဲ ထည့်ခဲ့တာကိုတော့ ခင်ဗျားတို့အားလုံး သိပြီးပြီမဟုတ်လား။ တကယ်တော့ ဒီမြို့ဟောင်းကြီးဟာ ရောမအင်ပါယာကို ကြည့်ခွင့်ရတဲ့ ပြတင်းပေါက်တစ်ချပ်ပဲဗျ။ အဲ့ဒီ့အချိန်တုန်းက ရောမအင်ပါယာထဲက မြို့ကြီးတွေဟာ ရောမမြို့ပုံစံငယ်တွေလား ထင်ရအောင် ဆင်တူတယ်။ အဆောက်အဦးပိုင်းသာမက လူနေမှုစနစ်၊ နေထိုင်မှုပုံစံတွေဟာ တထေရာတည်းပဲ။ ဒါ့ကြောင့် ပုံပေမြို့ကို လွန်ခဲ့တဲ့ နှစ် ၂၀၀၀ အချိန်တုန်းကလို ပုံစံမပျက် ပြန်လည်တူးဖော်တွေ့ရှိခဲ့ရတာဟာ သမိုင်းလေ့လာသူတွေအတွက် ရတနာသိုက်တစ်ခုရှာတွေ့ခဲ့တယ်ဆိုတာထက်ကို ပိုပါတယ်ဗျာ။ ဒီမြို့ဟောင်းကြီးက ရောမခေတ်ရဲ့ အသုံးအဆောင်၊ အပြုအမူ၊ ဘာသာစကား၊ အလေ့အထ ဒါတွေကို အားလုံးရှင်းပြနေသလိုပဲ။ စဉ်းစားကြည့်ကြစမ်းပါဗျာ။ ဒီယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်းအမွေအနှစ်ဟာ အဖိုးမဖြတ်နိုင်ဘူး။"

စကားကိုရပ်ကာ သူပြောနေသည်ကို စိတ်ဝင်စားကြရဲ့လားဟု မသိမသာ အကဲခတ်လိုက်သည်။ ဖေဒေရိကိုလေးမှလွဲလျှင် မည်သူမှ သိပ်စိတ်ဝင်စားကြပုံမရ။ ခရီးသွားဟန်လွှဲကာ ရောက်လာတတ်ကြသည့် ဧည့်သည်များဖြစ်၍ အပြစ်တင်လို့လည်းမရ။ အုပ်စုထဲမှ ဆွဲကြိုးတဝင်းဝင်းနှင့် အသက်ခပ်ကြီးကြီး အမျိုးသမီးကတော့ မျက်စောင်းပင် ထိုးနေပြီဖြစ်သည်။

"ကဲပါရှင်.. သမိုင်းကြောင်းတွေ၊ အရေးပါပုံတွေ တော်စမ်းပါတော့။ ရှင် ပြောတာပဲ တစ်နေကုန်ရပ်ပြီး နားထောင်ရတော့မလား မသိဘူး။ မြို့ဟောင်းထဲ ပတ်ပြပါဦး။ ဟိုမှာ ကျွန်မတို့နောက်မှ ရောက်လာတဲ့ အုပ်စုတွေတောင် ဝင်ကုန်ပြီ။"

"သြော်.. ဟုတ်ကဲ့ပါဗျာ။ ကျုပ် လိုက်ပြပါ့မယ်။ ကြာလည်းကြာနေပြီ။ လူ ထပ်မစောင့်တော့ဘဲ သွားကြရအောင်။"

"ခဏ နေကြဦးဗျ။ ဒီမှာ နောက်ဧည့်သည်တစ်ယောက်.."

ဧည့်လမ်းညွှန် အကြီးအကဲက ရုံးခန်းအတွင်းမှ လှမ်းအော်ပြောလိုက်ခြင်းဖြစ်သည်။ ဂိတ်တံခါးရှိရာ ခြေဦးလှည့်နေရာမှ နောက်လှည့်ကြည့်ဖြစ်သည်။

ရုံးလှေကားထစ်များမှ ခပ်ဖြည်းဖြည်းဆင်းလာသော လူငယ်လေးတစ်ယောက်။

ခပ်သေးသေး ကျောပိုးအိတ် နက်ပြာရောင်ကိုလွယ်ထားသည်။ ဂျင်းဘောင်းဘီနက်ပြာရောင်ကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို သားရေဂျာကင်အိတ်ကပ်ထဲ ထိုးထည့်ထားသည်။ ထူးခြားသည်က ရှေ့ဆံပင်များ ငိုက်ကျဖုံးနေသဖြင့် သိပ်မထင်မရှားမြင်နေရသည့် မျက်လုံးများဖြစ်သည်။ ခပ်သွယ်သွယ်မျက်လုံးများထဲမှ မျက်ဆန်နက်များသည် ခံစားချက်ကင်းမဲ့သလို ပဟေဠိ ဆန်သည်။ ဘယ်အရာကိုမှ စိတ်ဝင်စားပုံမရ။ မည်သူ့ကိုမှ မြင်ဟန်မတူ။

ဘာလူမျိုးလဲ..

ခရီးသွားဧည့်သည် လူမျိုးပေါင်းစုံနှင့် ရင်းနှီးကျွမ်းဝင်ဖူးသော မာကိုတစ်ယောက် အတွေးများသွားသည်။ အီတလီလူမျိုး မဟုတ်တာတော့ သေချာသည်။ ဂျာမန်လည်း မဖြစ်နိုင်။ ဆံပင်အနက်ရောင်။ စပိန်လူမျိုးများ ဖြစ်လေမလားမသိ။

"Buongiorno"

မတတ်သာ၍ နှုတ်ဆက်လိုက်ရသည့်ဟန် အသံသည် ခပ်ပြတ်ပြတ်။ မြင့်မားသောအရပ်နှင့် မလိုက်ဖက်အောင် နုနယ်သောမျက်နှာကို အနားရောက်လာမှ သတိထားမိသည်။ ခပ်လှမ်းလှမ်းမှ မြင်ရစဉ်က မသိသာခဲ့ပေမယ့် လူငယ်မှာ အတော်ပင် ငယ်သေးသည်။ ၁၆ နှစ်အရွယ် ကျောင်းသားတစ်ယောက်ဟုပင် ထင်ရသည်။ သူသာ ငယ်ရွယ်စဉ်က အိမ်ထောင်ကျခဲ့မည်ဆိုလျှင် အခုအချိန်မှာ ဒီအရွယ် သားငယ်တစ်ယောက် ရှိနေလိမ့်မည်ဟု မတွေးဘဲ မနေနိုင်။

"ကဲ ကဲ။ အားလုံးသွားကြစို့။ လက်မှတ်တွေ ကျုပ် ဝယ်ပေးမယ်။ ဒါဆို ခင်ဗျားတို့ တန်းစီစရာမလိုတော့ဘူး။"

မာကို ဧည့်သည်အုပ်စုကို လောလိုက်သည်။ လက်မှတ်ဌာနရှိရာသို့ ခပ်သွက်သွက် လျှောက်သွားလိုက်ရင်း နောက်ဆုံးမှ ရောက်လာသော လူငယ်ကို နောက်တစ်ကြိမ် လည်ပြန်လှည့်ကြည့်ဖြစ်သည်။

Continue Reading

You'll Also Like

135K 7.5K 45
" ငယ်ရယ် ကိုကိုလေ...ငယ့်ကိုသာ ဆုံးရှုံးရမှန်းသိရင် ကိုကိုရှေ့ဆက်မတိုးခဲ့ပါဘူး " # ကြယ်လင်းထက် " ကိုကို ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ ဒီလို မဖြစ်နိုင...
162K 18.1K 95
ဘာသာပြန်သူ - စွဲညို့အသင်း
COTAW(2) By Blueberry

Historical Fiction

135K 24.8K 120
Book1က wallထဲမှာရှိပါတယ်နော်
92.3K 11.7K 88
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...