HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

362K 24.2K 898

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း(၆) -အချိုမြိန်ဆုံးသော

8.4K 604 4
By Futawa


အခန်း(၆) - အချိုမြိန်ဆုံးသော

Unicode

[အနီရောင်စတော်ဘယ်ရီသီးလေး ]

မနက်စောစောစီးစီး တိတ်ဆိတ်ခြင်းတို့ကြီးစိုးနေတဲ့အခန်းနယ်ပယ်ထဲ၌ ကျယ်ကျယ်လောင်လောင်ပျံ့လွင့်လာတဲ့ဖုန်းRingtoneသံဟာဆိုရင် သူ့ရဲ့အိပ်စက်ချိန်ကို လုံးဝအနှောင့်အယှက်ပေးလိုက်လေပြီ။
သူဖုန်း Screenကိုပွတ်ဆွဲလိုက်ပြီးနောက် Speakerဖွင့်ထားကာ အိပ်ရာပေါ်၌မျက်စိမဖွင့်ဘဲ လဲလျောင်းနေလျက်နှင့်ပင် တစ်ဖက်ကအသံကိုနားစွင့်ထားလိုက်သည်။

"ဟိတ်ကောင် မင်း သင်တန်းကိုလာဦးမှာလား"

တစ်ဖက်လူရဲ့အသံမှာပြောင်ချော်ချော်နှင့်ကီးကြောင်နေတဲ့အလား သူ့အတွက်မူ
မနက်ခင်းမှာ လုံးဝကျက်သရေမရှိတဲ့အသံဆိုးတစ်သံပင်ဖြစ်လေသည်။

မင်းခန့်ထည်ကသူ၏မျက်နှာထက်ဆီကိုခေါင်းအုံးနဲ့အုပ်ထားလိုက်ပါသောကြောင့်
သူစကားပြောတဲ့အခါ အသံမှာပိုပြီးသြနေပြီးလေးတိလေးကန်ဖြစ်နေလေသည်။

"ငါမလာလို့ကော ဘာဖြစ်မှာမို့လို့လဲကွာ"

တကယ်တော့သူဟာကြက်ခြေနီအသင်းရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမယ့်လို့ ဆရာဖြစ်သူကိုယ်တိုင်ကိုက သူ့အားအခွင့်ထူးခံပေးထားတာကြောင့် သူသွားသည်ဖြစ်စေ ၊မသွားသည်ဖြစ်စေဘာမှပြောင်းလဲသွားမည်မဟုတ်ပေ။

တစ်ဖက်ကအမျိုးသားကတော့တက်ကြွရွှင်လန်းမှုအပြည့်နဲ့ရယ်ကျဲကျဲအသံတို့ဖြည့်စွက်လျက်ဆက်ပြောလာခဲ့ပြန်သည်။

"ဟာ မင်းကွာ ဒီနေ့နောက်ဆုံးနေ့လေ အဓိကနေ့လေကွာ"

"ဘာကို အဓိကနေ့လဲ"

"မပြောဘူး မင်းသိချင်ရင်ရောက်အောင်လာခဲ့ "

မင်းခန့်ထည်မှာစိတ်တိုသွားရကာခေါင်းအုံးကိုနံရံဆီသို့ပစ်ပေါက်လိုက်ပြီးနောက် ဖုန်းကိုဆွဲယူလိုက်၍ မျက်နှာနားကပ်လျက်ဖျစ်ညစ်မေးလိုက်လေ၏။

"အေး ! သင်တန်းကအရင်နေရာပဲမှတ်လား !"

"အေး ဟုတ်တယ် မြန်မြန်လာခဲ့ကွာ"

အကင်းမပါးတဲ့ငတုံးကောင်ကသူ၏စိတ်အခြေအနေကိုဖုန်းတစ်ဖက်ကနေမရိပ်မိဘဲထပ်တလဲလဲ ဆော်သြနေတာကြောင့်သူစိတ်ပေါက်ပေါက်နဲ့ဆဲဆိုပေးလိုက်သည်။

"_ီးမို့ လာလောနေတာလား"

"မင်းအဓိကကို လွတ်သွားမှာစိုးလို့ပါကွာ"

တစ်ဖက်ကလူကသူဘယ်လောက်ဆဲဆိုဆဲဆိုစိတ်ဆိုးသွားခြင်းမရှိဘဲ ပိုပြီးတော့တောင်အူမြူးလာခဲ့လေသည်။

"တော်ပြီ ဟိတ်ကောင် ငါစောစောစီးစီးအကုသိုလ်မများချင်ဘူး"

"ခုနကပဲ မင်းငါ့ကိုဆဲပြီးပြီလေကွာ"

"ထပ်အဆဲခံချင်လို့လား ?
ပြောနေရင်ကြာတယ် ငါပြင်ဆင်စရာရှိတာ ပြင်ဆင်ရဦးမယ် ဖုန်းချလိုက်တော့ !"

သူထိုသို့ပြောပြီးပြီးချင်းပဲ တစ်ဖက်မှphချသွားသည်ကိုစောင့်မနေတော့ဘဲ သူ့ဘက်ကပဲအရင်ချလိုက်ကာ အိပ်ချင်မူးတူးနဲ့ဒယိမ်းဒယိုင်ထရပ်လိုက်ပြီး ကြက်ခြေနီသင်တန်းသို့ သွားဖို့အတွက်ကမန်းကတမ်းပြင်ဆင်ရပါတော့သည်။

သူသာထပ်ပြီးနောက်ကျနေလို့ကတော့ ထိုစိတ်မှတ်မရှိတဲ့ဗရုတ်ကောင်ဆီကနေဒီထက်ပိုဆိုးသောစကားလုံးများနဲ့နားပူနားဆာတိုက်ခံရနိုင်ချေရှိသလို သူကိုယ်တိုင်ကလည်းထိုငနဲသားအား ဆိုးရွားတဲ့စကားလုံးလှလှတွေနဲ့ဆဲရေးတိုင်းထွာနိုင်ချေရှိလေသည်။

နေ့သစ်တစ်နေ့ကိုတော့ အကုသိုလ်ကင်းကင်းနဲ့ဖြတ်သန်းချင်ပါသောကြောင့် မနက်စာတောင်မစားအားဘဲ သင်တန်းရှိရာ Drawingဆောင်ဘက်ဆီသို့ သူခပ်သော့သော့နှင်ရပြန်လေသည်။

သူရောက်တော့ သင်တန်းကစတောင်စနေပြီဖြစ်ကာ ဂျူနီယာလေးတွေကနှစ်ယောက်တစ်စုထိုင်နေကြတာကြောင့် နှစ်ယောက်တစ်ဖွဲ့စီအဖွဲ့,ဖွဲ့ထားကြမှန်းသူသိလိုက်ပြီိဖြစ်သည်။
နောက်ဆုံးနေ့ဆိုတော့ပို့ချစရာဆိုလို့ဒီတစ်ခုပဲရှိတော့တာလေ။ဒါကနှစ်တိုင်းထုံးစံဖြစ်နေတာဆိုတော့ သူသိပ်ပြီးမအံ့သြမိ။

သူအခန်းထဲကိုတစ်ချက်ဝှေ့ကြည့်လိုက်တဲ့အခါ အသားဖြူဖြူနဲ့သူ၏အခန်းဖော်လေးကိုထင်းစွာဦးဆုံးတွေ့လိုက်ရပြီးထိုကောင်လေးကကောင်မလေးတစ်ယောက်နဲ့မျက်နှာချင်းဆိုင်ထိုင်နေပေသည်။
သူ့အထင်ပြောရရင် ထိုချာတိတ်လေးက 2nd year ITကကောင်မလေးနဲ့တစ်ဖွဲ့ဖွဲ့လိုက်ရသည်ဖြစ်မည်။  ဒါ့ကြောင့်သူတို့၂ယောက်အတူတူထိုင်နေရခြင်းပေ။

သူ အခန်းထဲကိုခြေချလိုက်တော့ လူတော်တော်များများကသူရောက်လာပြီဖြစ်မှန်းအသီးသီးသတိထားမိကြသော်လည်း
ထိုအခန်းဖော်လေးကတော့ သူ့အားတစ်ချက်ကလေးတောင်လှည့်ကြည့်မလာခဲ့ပေ။

သူ အခန်းထဲရောက်တော့ မင်းစက်က သူ့မှာရှိသမျှသွား၃၂ချောင်းလုံးပေါ်အောင်ဖြီးပြလာကာ သူ့နားလာဖို့အရိပ်အခြည်ပြတာကြောင့်မင်းစက်နဲ့စကားပြောရန် အရင်ဦးတည်သွားလိုက်သည်။

"သားရီး ဘယ်လေတိုက်လို့ရောက်လာတာလဲကွ"

ဒီကောင် သူ့ကိုမြင်တာနဲ့ ဒီလိုမျိုးအမြင်ကပ်စရာကောင်းစွာ ခနဲ့တဲ့တဲ့ ရိသဲ့သဲ့လုပ်မည်ဆိုတာကိုကြိုတွက်ထားပြီးသားဖြစ်တာကြောင့် လူရိုက်ချင်လောက်တဲ့အထိတော့သူဒေါသမထွက်ခဲ့ပေ။

နှုတ်ခမ်းထောင့်စွန်းတွေကိုအနည်းငယ်မျှသာတွန့်ကွေးလိုက်ရင်း မျက်လုံးထောင့်ကနေဆွေကြည့်လိုက်ကာ ထိုသကောင့်သားအားခပ်စပ်စပ်လေးစောင်းထေ့ပေးလိုက်တော့သည်။

"မသိပါဘူးကွာ မနက်စောစောစီးစီး ဘယ်ကခွေးလည်းမသိဘူး ဟောင်နေတာနဲ့ အိပ်မရလို့ထွက်လာလိုက်တာ အဲ့ခွေးက Drawing ဆောင်မှာရှိတယ်ဆိုလို့ အဟောင်တိတ်အောင် အရိုးကျွေးမလို့"

မင်းစက်ကလည်းအရှက်မရှိစွာပြန်ပြောလာသည်။

"အဲ့ခွေးက အရိုးမကြိုက်လောက်ဘူး မင်းခန့်ရ ပသျှူးထမင်းကြော်လောက်ဆိုရင်တော့ မဆိုးဘူးပေါ့ကွာ"

မင်းခန့်ထည်ရဲ့မျက်စောင်းကမင်းစက်ဆီသို့ဒိုင်းခနဲပင်။

"အေး မင်း ဖင် ခံ လေ"

"ဟား ဟား"

မင်းစက်ကမင်းခန့်ထည်ရဲ့မှုန်ကုပ်ကုပ်မျက်နှာကြီးကိုမြင်တော့ အားပါးတရထရယ်လာတော့သည်။
ထိုအခါမှ မင်းစက်တစ်ယောက် သူ့ရဲ့စိတ်ထဲ၌သက်တောင့်သက်သာဖြစ်သွားသလိုမျိုးခံစားလိုက်ရလေသည်။

သူ မင်းစက်နဲ့စကားပြောနေရင်း ထိုကလေးနဲ့တစ်ချက်အကြည့်ချင်းဆုံသွားခဲ့သော်လည်း သူလေးဟာလုံးဝအချေပင် ။

သူ့အခန်းဖော်ဖြစ်တဲ့ ကျနော့်ကိုမြင်လိုက်တာတောင် တစ်ချက်ကလေးမှရယ်ပြမလာခဲ့။
ပြီးတော့ သူသတိထားကြည့်နေမိတာ ထိုကလေးရဲ့မျက်နှာလေးကလေ နို့ကိတ်လေးလိုဖြူဖြူဖွေးဖွေးလေးဖြစ်နေရာကနေ
စတော်ဘယ်ရီရောင်နီရဲရဲလေးအဖြစ်တဖြည်းဖြည်းသန်းလာသလားလို့။

ဒါ့အပြင် ထိုကလေးရဲ့ကြွပ်ဆပ်ဆပ်နားရွက်ထိပ်ဖျားလေးတွေကလည်း နီတွတ်နေခဲ့ကာ နှဖူးပြင်လေးတွင်လည်း ချွေးသီးချွေးပေါက်ကလေးတွေက ရေစက်ရေပေါက်လေးတွေအလားခိုတွဲလို့နေပေသည်။ ရံဖန်ရံခါ ထိုကလေး၏ခေါင်းလေးကလည်း ကြမ်းပြင်ထဲနစ်ဝင်တော့မတတ် ငိုက်စိုက်ကျသွားတတ်ပေ၏။

ဒီကလေး နေများမကောင်းဘူးလား ?

ဆရာက သူတို့အကြီးတန်းတွေဘက်လှည့်ကာသင်တန်းသားအသစ်လေးတွေကိုကြီးကြပ်ပေးဖို့ပြောပြီးပြီးချင်းပင် သူ၏ခြေလှမ်းများက ထိုချာတိတ်လေးရှိရာဆီသို့သာဦးတည်မိသွားသည်။

ထို့ကြောင့်မင်းစက်ကတော့ကြောင်တောင်တောင်နှင့် တခြားအဖွဲ့ကိုကြီးကြပ်ဖို့သာတာဝန်ယူလိုက်ရသည်။

တကယ်တော့ မင်းစက်ကသာ ဒီကလေးအဖွဲ့ရဲ့တာဝန်ခံပင်။ အစက သူ မင်းစက်ဆီီခဏတဖြုတ်လာပြီးအဆောင်ပြန်သွားမလို့တွေးထားခဲ့ပေမယ့် သူ့အခန်းဖော် ချာတိတ်လေးတစ်ယောက်ဘာဖြစ်နေသလဲဆိုတာကို သိချင်စိတ်တို့က သူ့အား ဒီအခန်းမှာဆက်နေဖို့အတွက် အားကောင်းစွာဆွဲငင်ထားပေသည်။

သူ ချာတိတ်လေးနောက်ကိုဝင်ရပ်လိုက်တော့ သူ့နောက်မှာကျနော်ရောက်နေမှန်းထိုကောင်လေးကတော့သိမယ့်ပုံမပေါ်တဲ့အပြင်
ကျနော်က သူ့အဖွဲ့ရဲ့တာဝန်ခံဖြစ်တယ်ဆိုတာကိုလည်းစိတ်မဝင်စားတဲ့ပုံပင်။

မင်းခန့်ထည်ကရှိုင်းဇေယံနောက်မှာရပ်နေတဲ့တစ်လျှောက်လုံးသူ့ရဲ့အကြည့်တွေက ထိုကောင်လေးဆီမှာသာမြဲမြံနေခဲ့သည်။

ဆရာကရှေ့နှစ်တွဲကိုသင်တန်းပေးနေတဲ့အချိန်၌ သူသည်လည်းထိုဘက်သို့စိတ်ရောက်သွားခဲ့တာကြောင့် သတိတစ်ချက်လွတ်သွားတဲ့အချိန်မှာပင် သူ့ရဲ့ပုဆိုးအောက်ပိုင်းကိုတစ်စုံတစ်ယောက်ကအားနဲ့ဆောင့်ဆွဲလိုက်တာမို့ သူအထိတ်တလန့်နဲ့ထဆဲမိလိုက်သည်။

"လခွမ်း!!!!! ဘာလဲဟ?"

အပေါ်ပိုင်းလုံချည်အစကိုသူဆတ်ခနဲဆွဲထိန်းလိုက်နိုင်တာကြောင့် ကံကောင်းစွာပင် သူ၏ပုဆိုးကကွင်းလုံးကျွတ်မသွားခဲ့ပေမယ့်သူ့ရဲ့ဒေါသကတော့တပြိုက်နက်ထောင်းခနဲထွက်သွားခဲ့ရသည်။

သူအောက်ကို မျက်မှောင်ကြုတ်လျက်စူးစူးရဲရဲငုံ့ကြည့်လိုက်တော့  အကူအညီတောင်းခံနေသည့်ရွှန်းတောက်တောက်မျက်ဝန်းလေးတစ်စုံနဲ့ ချာတိတ်လေးက သူ့အားမော့ကြည့်နေတာကိုမြင်လိုက်ရတဲ့အခါ
အစပျိုးနေပြီဖြစ်တဲ့ဒေါသမီးတောက်တွေဟာဆိုရင်  ဟုပ်ခနဲငြိမ်းသက်သွားရလေသည်။
သူ ဒီကောင်လေးကို ဘယ်လိုနည်းနဲ့မှဒေါသမထွက်ရက်တော့ပေ။

သူ့ကိုယ်သူတောင်မသိလိုက်ခင်အချိန်မှာပဲ ထိုကောင်လေးရှေ့မှာဒူးတစ်ဖက်ထောက်ထိုင်ချပြီးသွားပြီဖြစ်သည်။

"ညီဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

သူငြင်သာစွာမေးလိုက်တော့ ထိုကောင်လေးကခေါင်းခါပြလာကာ သူ၏နားစပ်နားသို့တိုးကပ်လာခဲ့ပြီး တိုးညှင်းသောလေသံသေးသေးလေးဖြင့်ဆိုလာသည်။

"ကျနော် အဲ့. . . . အမကြီးနဲ့. . . . မလုပ်ရဲဘူး ကျနော့်ကို ကူညီပါဦး အကို" တဲ့လေ။

အဲ့ကျတော့မှပဲ သူရှင်းရှင်းလင်းလင်းသဘောပေါက်သွားရသည်။
ဒီကလေးကလည်းမင်းစက်လိုပဲ အဓိကကို ပြေးမြင်နေတာကြောင့်ရှက်နေရခြင်းပဲဖြစ်မည်။
မလုပ်လို့မရဘူးလို့ သူပြောပြန်ရင်လည်း အရှက်သည်းနေပါတဲ့ ချစ်စရာကောင်လေးက နှာတရှုံ့ရှုံ့နဲ့ထိုင်ကာငိုတော့မယ့်ပုံ။

ထိုအခါကျမှ အခြေအနေတွေကပိုပြီးရှက်စရာကောင်းဖွယ်အတိဖြစ်လာမှာစိုးတာကြောင့် ဘယ်သူမှသွားမစရဲလောက်တဲ့အရှိန်အဝါတစ်ခုနဲ့အေးတိအေးစက်နေတတ်ပါသည့်  MC Majorကစီနီယာမင်းခန့်ထည်ဟာဆိုရင် အခုမှစရင်းနှီးဖူးတဲ့ထိုသူစိမ်းကောင်လေးတစ်ယောက်အတွက်နဲ့ သူ့ရဲ့ရှိသမျှမာနတွေကို ရွယ်တူစီနီယာကျောင်းသားတွေရှေ့မှာခဝါချဖို့ဆုံးဖြတ်ခဲ့လိုက်သည်။

မင်းခန့်ထည်က မျက်နှာရဲရဲနဲ့ဂျူနီယာညီမလေးကိုလှည့်ကြည့်လိုက်ရင်း တည်ငြိမ်အေးဆေးစွာတောင်းဆိုလိုက်သည်။

"ဒီက ညီမ အကို့အစား ဒီအဖွဲ့ရဲ့တာဝန်ခံလုပ်ပေးပါလား အကိုကိုယ်တိုင်ပဲ ဒီကလေးရဲ့ partner အနေနဲ့ သေချာသင်ပြချင်လို့ပါ"

"ဟုတ် ရပါတယ် အကို"

သူမလေးကလည်းချက်ချင်းသဘောတူလိုက်ပြီး ထိုင်နေရာကနေဖယ်ပေးလိုက်ကာ အစောနကသူရပ်နေတဲ့နေရာ၌ သွားရပ်လိုက်လေသည်။တကယ်တော့ သူမလေးကမနှစ်ထဲကသင်တန်းဆင်းပြီးပြီဖြစ်ကာ ဒီကလေးမှာအဖွဲ့ဖွဲ့စရာလူမရှိတာကြောင့်စီနီယာတစ်ယောက်ယောက်က သူမနဲ့ခနတွဲပေးခဲ့ခြင်းပေ။

သူတို့၂ယောက်အတွက်စောင့်ကြပ်သူလုပ်ပေးတဲ့သူမအား သူတကယ်ကို ကျေးဇူးတင်မိပါသည်။အကယ်၍ သူတို့အဖွဲ့ရဲ့တာဝန်ခံသာမင်းစက်ဖြစ်ပါက ဖြစ်လာမည့်အကျိုးဆက်မှာမတွေးရဲစရာပင်။

ထိုစဥ်မင်းစက်ကမူ သူ့အဖွဲ့ရဲ့ဂျူနီယာညီမလေးတွေနဲ့အရွှန်းဖောက်နေတာကြောင့် ရုတ်တရက်ပြောင်းလဲသွားတဲ့ သူတို့အဖွဲ့ရဲ့အပြောင်းအလဲလေးကို သတိမထားမိလိုက်တာမို့ မင်းခန့်ထည်တစ်ယောက်ခေတ္တစိတ်အေးသွားရသည်။
သို့ပေမယ့် ရောက်လာရမယ့်အချိန်ကတော့ရောက်ကိုရောက်လာဦးမှာပင်။

"ကျေနပ်ပြီလား"

သူကပြုံး၍မေးလိုက်တော့ ထိုကလေးကဘာစကားမှမဆိုလာဘဲခေါင်းလေးငြိမ့်ပြီးတော့သာအဖြေပေးလာသည်။
ခေါင်းငြိမ့်သည့်ပုံစံကိုကသူ့အတွက်အသဲယားစရာကောင်းနေတာကြောင့် မင်းခန့်ထည်ခမျာသူ၏ပေါင်ကိုတိတ်တဆိတ်ဆွဲလိမ်ထားမိလေ၏။

အခုသူ့ရဲ့မျက်စိရှေ့က ထိုကလေးမှာ ခုနကနီရဲရွှန်းလဲ့နေတဲ့စတော်ဘယ်ရီသီးလေးမဟုတ်ခဲ့တဲ့အတိုင်းပင် ဒင်းလေးက သူ့ကိုတောင်လှည့်ကြည့်မလာတော့ပဲ တခြားအဖွဲ့များကိုသာသူ့ရဲ့မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်ထပ်မံစပ်စုနေပြန်၏။

အပြောင်းအလဲသိပ်မြန်လိုက်တဲ့ကောင်စုတ်ကလေး.....

နာရီဝက်ခန့်ကြာပြီးနောက် နောက်ဆုံးမှာတော့သူတို့အလှည့်သို့ရောက်လာပြီဖြစ်သည်။
ထိုကောင်လေးက သူ့အား မျက်ခွံလေးတွေနဲ့ ပင့်တင်ကာတစ်ချက်ရှုကြည့်လာပြီးနောက် ခေါင်းငုံ့သွားပြန်လေသည်။

ဒီကောင်လေး သူ့ကိုပါရှက်နေတာတော့ မဟုတ်ပါဘူးနော်.....

သူထိုသို့တွေးလိုက်မိပြီးချက်ချင်းပင် သေးသွယ်လှတဲ့ပုခုံးလေးတစ်ဖက်ကိုလှမ်းကိုင်လိုက်တဲ့အခါ ထိုကောင်လေးရဲ့ကိုယ်လေးကတစ်ချက်တွန့်သွားတာကိုခံစားမိလိုက်တာကြောင့် မင်းခန့်ထည်တစ်ယောက်မထိန်းနိုင်စွာပြုံးမိလိုက်သည်။

ထို့နောက် ထိုကလေးစိတ်အေးရအောင်သူ့ဘက်ကနေစကားဆိုလိုက်တော့သည်။

"ညီ ကိုယ့်အပေါ်ကိုရှက်စရာလည်းမလိုဘူး ကြောက်စရာလည်းမလိုဘူး အားနာစရာလည်းမလိုဘူးနော်

အခုညီမှတ်ထားရမှာက ကိုယ်ကအရေးပေါ်ကုသမှုလိုအပ်နေတဲ့ လူနာတစ်ယောက် ညီကကို့ကိုအကောင်းဆုံးကြိုးစားပြီး ကယ်တင်ပေးရမယ်ဆိုတာပဲ"

ထိုစကားဆုံးတော့ ထိုကလေးဆီကနေ
"ဟုတ်"
ဆိုသောအသံတိုးတိုးလေးထွက်လာလေသည်။

သူအဆင်ပြေပြီဆိုမှ မင်းခန့်ထည်သည်ထိုကောင်လေးရှေ့၌လှဲအိပ်လိုက်ကာ သူ့ရဲ့မျက်လုံးတွေကိုမှိတ်စင်းထားလိုက်၏။

အခုချိန်မင်းစက်ရဲ့မျက်နှာဟာ ဘယ်၍ဘယ်ပုံသို့ပြောင်းလဲသွားမလဲဆိုတာကို သူတွေးမိလိုက်တဲ့အခါ ရယ်ချင်လာမိလေသည်။ မျက်လုံးတွေစုံမှိတ်ထားလျက်နှင့် ဘေးပတ်ဝန်းကျင်ကိုနားစွင့်ထားလိုက်တဲ့နောက် ဆရာ့ရဲ့ကြည်တောက်သြရှလှတဲ့အသံတစ်သံကလွဲ၍ တခြားအသံတွေကတော့ဗလာနတ္ထိကင်းမဲ့နေသည်။

ဆရာက စလုပ်ရမယ့်အဆင့်ဆင့်ကိုရှင်းပြပြောဆိုပြီးတာနဲ့တစ်ပြိုင်နက် ကောင်ကလေးရဲ့နူးနူးညံ့ညံ့လက်ဖဝါးလေးတွေက သူ့ရင်ဘက်ရဲ့အလယ်ဗဟိုတည့်တည့်မှာနေရာယူထားပြီးပြီဖြစ်သည်။

ထိုကလေးရဲ့လက်ဖဝါးလေးတွေထံမှစိမ့်ထွက်လာတဲ့အေးစက်မှုတို့ကိုအဖြူရောင်ရှပ်အင်္ကျီအောက်က အသားစိုင်များကတောင် သိသိသာသာသတိပြုမိနေတာကြောင့် ဒီကလေးစိတ်လှုပ်ရှားနေမှန်းသူအတပ်သိလေသည်။

ကျန်တဲ့အဆင့်အတွက်ကော သူအဆင်သင့်ဖြစ်ရဲ့လား?

"အခု ရှိုင်းဇေယံက လေကိုအပြည့်အဝရှုသွင်းလိုက်ပြီးရင် လူနာရဲ့နှာခေါင်းဝလေးကိုပိတ်ထားပြီး လူနာရဲ့mouthထဲကို လေမှုတ်သွင်းလိုက်ပါ"

ဆရာ့အသံအဆုံး သူပထမဆုံးသတိထားမိတာက လာဗင်ဒါရေမွှေးနံ့သင်းသင်းလေးက နှာခေါင်းဝနားကို
ရိုက်ခတ်လာခဲ့တဲ့အခိုက်အတန့်လေးဖြစ်ပြီးနောက်ထပ်တစ်ခုကတော့
သူ့နှုတ်ခမ်းပေါ်ကိုကျရောက်လာတဲ့နူးအိအိနှုတ်ခမ်းတစ်စုံ...

အစကကြောက်ရွံ့မှုကြောင့် ခြောက်ကပ်ကပ်လေးဖြစ်နေတဲ့ ကောင်ကလေးရဲ့ နှုတ်ခမ်းသားလေးတွေဟာစပျစ်သီးခြောက်ကလေးတွေ စားလိုက်ရသလို၊
နောက်ဆုံးအကြိမ်ထိတွေ့လာခဲ့တဲ့နှုတ်ခမ်းသားလေးတွေကတော့ သူ့နှုတ်ခမ်းသားရဲ့စိုစွတ်မှုတို့ကကူးစက်သွားပြီဖြစ်တာကြောင့် ခြောက်သွေ့မနေတော့ဘဲ အရည်ရွှမ်းပြီး ချိုမြိန်တဲ့စတော်ဘယ်ရီသီးလေးတွေကိုစားသုံးလိုက်ရသလိုမျိုးအရသာရှိလွန်းလှပေသည်။

အလွန့်အလွန် ချိုမြိန်လွန်းတာကြောင့်
ထိုချိုမြိန်မှုများနဲ့အတူ ခနတာ သူမေ့မြောသွားခဲ့ရသည်။

ဒီအခိုက်အတန့်လေးဟာ တစ်သက်လုံးရပ်တန့်ထားချင်မိတဲ့
သူ၏ဘဝ၌ပထမဆုံးဖြစ်တည်လာခဲ့ရတဲ့ အချိုမြိန်ဆုံးသောအခိုက်အတန့်လေးတစ်ခုပင်။

ဘယ်တော့မှမေ့ဖျောက်လို့မရမယ့်အခိုက်အတန့်လေးတစ်ခုပေါ့......

**********************************

အခန္း(၆) - အခ်ိဳၿမိန္ဆုံးေသာ

Zawgyi

[အနီေရာင္စေတာ္ဘယ္ရီသီးေလး ]

မနက္ေစာေစာစီးစီး တိတ္ဆိတ္ျခင္းတို႔ႀကီးစိုးေနတဲ့အခန္းနယ္ပယ္ထဲ၌ က်ယ္က်ယ္ေလာင္ေလာင္ပ်ံ႕လြင့္လာတဲ့ဖုန္းRingtoneသံဟာဆိုရင္ သူ႕ရဲ႕အိပ္စက္ခ်ိန္ကို လုံးဝအေႏွာင့္အယွက္ေပးလိုက္ေလၿပီ။
သူဖုန္း Screenကိုပြတ္ဆြဲလိုက္ၿပီးေနာက္ Speakerဖြင့္ထားကာ အိပ္ရာေပၚ၌မ်က္စိမဖြင့္ဘဲ လဲေလ်ာင္းေနလ်က္ႏွင့္ပင္ တစ္ဖက္ကအသံကိုနားစြင့္ထားလိုက္သည္။

"ဟိတ္ေကာင္ မင္း သင္တန္းကိုလာဦးမွာလား"

တစ္ဖက္လူရဲ႕အသံမွာေျပာင္ေခ်ာ္ေခ်ာ္ႏွင့္ကီးေၾကာင္ေနတဲ့အလား သူ႕အတြက္မူ
မနက္ခင္းမွာ လုံးဝက်က္သေရမ႐ွိတဲ့အသံဆိုးတစ္သံပင္ျဖစ္ေလသည္။

မင္းခန္႔ထည္ကသူ၏မ်က္ႏွာထက္ဆီကိုေခါင္းအုံးနဲ႔အုပ္ထားလိုက္ပါေသာေၾကာင့္
သူစကားေျပာတဲ့အခါ အသံမွာပိုၿပီးၾသေနၿပီးေလးတိေလးကန္ျဖစ္ေနေလသည္။

"ငါမလာလို႔ေကာ ဘာျဖစ္မွာမို႔လို႔လဲကြာ"

တကယ္ေတာ့သူဟာၾကက္ေျခနီအသင္းရဲ႕ေခါင္းေဆာင္တစ္ေယာက္ျဖစ္ေပမယ့္လို႔ ဆရာျဖစ္သူကိုယ္တိုင္ကိုက သူ႕အားအခြင့္ထူးခံေပးထားတာေၾကာင့္ သူသြားသည္ျဖစ္ေစ ၊မသြားသည္ျဖစ္ေစဘာမွေျပာင္းလဲသြားမည္မဟုတ္ေပ။

တစ္ဖက္ကအမ်ိဳးသားကေတာ့တက္ႂကြ႐ႊင္လန္းမႈအျပည့္နဲ႔ရယ္က်ဲက်ဲအသံတို႔ျဖည့္စြက္လ်က္ဆက္ေျပာလာခဲ့ျပန္သည္။

"ဟာ မင္းကြာ ဒီေန႔ေနာက္ဆုံးေန႔ေလ အဓိကေန႔ေလကြာ"

"ဘာကို အဓိကေန႔လဲ"

"မေျပာဘူး မင္းသိခ်င္ရင္ေရာက္ေအာင္လာခဲ့ "

မင္းခန္႔ထည္မွာစိတ္တိုသြားရကာေခါင္းအုံးကိုနံရံဆီသို႔ပစ္ေပါက္လိုက္ၿပီးေနာက္ ဖုန္းကိုဆြဲယူလိုက္၍ မ်က္ႏွာနားကပ္လ်က္ဖ်စ္ညစ္ေမးလိုက္ေလ၏။

"ေအး ! သင္တန္းကအရင္ေနရာပဲမွတ္လား !"

"ေအး ဟုတ္တယ္ ျမန္ျမန္လာခဲ့ကြာ"

အကင္းမပါးတဲ့ငတုံးေကာင္ကသူ၏စိတ္အေျခအေနကိုဖုန္းတစ္ဖက္ကေနမရိပ္မိဘဲထပ္တလဲလဲ ေဆာ္ၾသေနတာေၾကာင့္သူစိတ္ေပါက္ေပါက္နဲ႔ဆဲဆိုေပးလိုက္သည္။

"_ီးမို႔ လာေလာေနတာလား"

"မင္းအဓိကကို လြတ္သြားမွာစိုးလို႔ပါကြာ"

တစ္ဖက္ကလူကသူဘယ္ေလာက္ဆဲဆိုဆဲဆိုစိတ္ဆိုးသြားျခင္းမ႐ွိဘဲ ပိုၿပီးေတာ့ေတာင္အူျမဴးလာခဲ့ေလသည္။

"ေတာ္ၿပီ ဟိတ္ေကာင္ ငါေစာေစာစီးစီးအကုသိုလ္မမ်ားခ်င္ဘူး"

"ခုနကပဲ မင္းငါ့ကိုဆဲၿပီးၿပီေလကြာ"

"ထပ္အဆဲခံခ်င္လို႔လား ?
ေျပာေနရင္ၾကာတယ္ ငါျပင္ဆင္စရာ႐ွိတာ ျပင္ဆင္ရဦးမယ္ ဖုန္းခ်လိုက္ေတာ့ !"

သူထိုသို႔ေျပာၿပီးၿပီးခ်င္းပဲ တစ္ဖက္မွphခ်သြားသည္ကိုေစာင့္မေနေတာ့ဘဲ သူ႕ဘက္ကပဲအရင္ခ်လိုက္ကာ အိပ္ခ်င္မူးတူးနဲ႔ဒယိမ္းဒယိုင္ထရပ္လိုက္ၿပီး ၾကက္ေျခနီသင္တန္းသို႔ သြားဖို႔အတြက္ကမန္းကတမ္းျပင္ဆင္ရပါေတာ့သည္။

သူသာထပ္ၿပီးေနာက္က်ေနလို႔ကေတာ့ ထိုစိတ္မွတ္မ႐ွိတဲ့ဗ႐ုတ္ေကာင္ဆီကေနဒီထက္ပိုဆိုးေသာစကားလုံးမ်ားနဲ႔နားပူနားဆာတိုက္ခံရႏိုင္ေခ်႐ွိသလို သူကိုယ္တိုင္ကလည္းထိုငနဲသားအား ဆိုး႐ြားတဲ့စကားလုံးလွလွေတြနဲ႔ဆဲေရးတိုင္းထြာႏိုင္ေခ်႐ွိေလသည္။

ေန႔သစ္တစ္ေန႔ကိုေတာ့ အကုသိုလ္ကင္းကင္းနဲ႔ျဖတ္သန္းခ်င္ပါေသာေၾကာင့္ မနက္စာေတာင္မစားအားဘဲ သင္တန္း႐ွိရာ Drawingေဆာင္ဘက္ဆီသို႔ သူခပ္ေသာ့ေသာ့ႏွင္ရျပန္ေလသည္။

သူေရာက္ေတာ့ သင္တန္းကစေတာင္စေနၿပီျဖစ္ကာ ဂ်ဴနီယာေလးေတြကႏွစ္ေယာက္တစ္စုထိုင္ေနၾကတာေၾကာင့္ ႏွစ္ေယာက္တစ္ဖြဲ႕စီအဖြဲ႕,ဖြဲ႕ထားၾကမွန္းသူသိလိုက္ၿပီိျဖစ္သည္။
ေနာက္ဆုံးေန႔ဆိုေတာ့ပို႔ခ်စရာဆိုလို႔ဒီတစ္ခုပဲ႐ွိေတာ့တာေလ။ဒါကႏွစ္တိုင္းထုံးစံျဖစ္ေနတာဆိုေတာ့ သူသိပ္ၿပီးမအံ့ၾသမိ။

သူအခန္းထဲကိုတစ္ခ်က္ေဝွ႔ၾကည့္လိုက္တဲ့အခါ အသားျဖဴျဖဴနဲ႔သူ၏အခန္းေဖာ္ေလးကိုထင္းစြာဦးဆုံးေတြ႕လိုက္ရၿပီးထိုေကာင္ေလးကေကာင္မေလးတစ္ေယာက္နဲ႔မ်က္ႏွာခ်င္းဆိုင္ထိုင္ေနေပသည္။
သူ႕အထင္ေျပာရရင္ ထိုခ်ာတိတ္ေလးက 2nd year ITကေကာင္မေလးနဲ႔တစ္ဖြဲ႕ဖြဲ႕လိုက္ရသည္ျဖစ္မည္။  ဒါ့ေၾကာင့္သူတို႔၂ေယာက္အတူတူထိုင္ေနရျခင္းေပ။

သူ အခန္းထဲကိုေျခခ်လိုက္ေတာ့ လူေတာ္ေတာ္မ်ားမ်ားကသူေရာက္လာၿပီျဖစ္မွန္းအသီးသီးသတိထားမိၾကေသာ္လည္း
ထိုအခန္းေဖာ္ေလးကေတာ့ သူ႕အားတစ္ခ်က္ကေလးေတာင္လွည့္ၾကည့္မလာခဲ့ေပ။

သူ အခန္းထဲေရာက္ေတာ့ မင္းစက္က သူ႕မွာ႐ွိသမွ်သြား၃၂ေခ်ာင္းလုံးေပၚေအာင္ၿဖီးျပလာကာ သူ႕နားလာဖို႔အရိပ္အျခည္ျပတာေၾကာင့္မင္းစက္နဲ႔စကားေျပာရန္ အရင္ဦးတည္သြားလိုက္သည္။

"သားရီး ဘယ္ေလတိုက္လို႔ေရာက္လာတာလဲကြ"

ဒီေကာင္ သူ႕ကိုျမင္တာနဲ႔ ဒီလိုမ်ိဳးအျမင္ကပ္စရာေကာင္းစြာ ခနဲ႔တဲ့တဲ့ ရိသဲ့သဲ့လုပ္မည္ဆိုတာကိုႀကိဳတြက္ထားၿပီးသားျဖစ္တာေၾကာင့္ လူ႐ိုက္ခ်င္ေလာက္တဲ့အထိေတာ့သူေဒါသမထြက္ခဲ့ေပ။

ႏႈတ္ခမ္းေထာင့္စြန္းေတြကိုအနည္းငယ္မွ်သာတြန္႔ေကြးလိုက္ရင္း မ်က္လုံးေထာင့္ကေနေဆြၾကည့္လိုက္ကာ ထိုသေကာင့္သားအားခပ္စပ္စပ္ေလးေစာင္းေထ့ေပးလိုက္ေတာ့သည္။

"မသိပါဘူးကြာ မနက္ေစာေစာစီးစီး ဘယ္ကေခြးလည္းမသိဘူး ေဟာင္ေနတာနဲ႔ အိပ္မရလို႔ထြက္လာလိုက္တာ အဲ့ေခြးက Drawing ေဆာင္မွာ႐ွိတယ္ဆိုလို႔ အေဟာင္တိတ္ေအာင္ အ႐ိုးေကြၽးမလို႔"

မင္းစက္ကလည္းအ႐ွက္မ႐ွိစြာျပန္ေျပာလာသည္။

"အဲ့ေခြးက အ႐ိုးမႀကိဳက္ေလာက္ဘူး မင္းခန္႔ရ ပသွ်ဴးထမင္းေၾကာ္ေလာက္ဆိုရင္ေတာ့ မဆိုးဘူးေပါ့ကြာ"

မင္းခန္႔ထည္ရဲ႕မ်က္ေစာင္းကမင္းစက္ဆီသို႔ဒိုင္းခနဲပင္။

"ေအး မင္း ဖင္ ခံ ေလ"

"ဟား ဟား"

မင္းစက္ကမင္းခန္႔ထည္ရဲ႕မႈန္ကုပ္ကုပ္မ်က္ႏွာႀကီးကိုျမင္ေတာ့ အားပါးတရထရယ္လာေတာ့သည္။
ထိုအခါမွ မင္းစက္တစ္ေယာက္ သူ႕ရဲ႕စိတ္ထဲ၌သက္ေတာင့္သက္သာျဖစ္သြားသလိုမ်ိဳးခံစားလိုက္ရေလသည္။

သူ မင္းစက္နဲ႔စကားေျပာေနရင္း ထိုကေလးနဲ႔တစ္ခ်က္အၾကည့္ခ်င္းဆုံသြားခဲ့ေသာ္လည္း သူေလးဟာလုံးဝအေခ်ပင္ ။

သူ႕အခန္းေဖာ္ျဖစ္တဲ့ က်ေနာ္႕ကိုျမင္လိုက္တာေတာင္ တစ္ခ်က္ကေလးမွရယ္ျပမလာခဲ့။
ၿပီးေတာ့ သူသတိထားၾကည့္ေနမိတာ ထိုကေလးရဲ႕မ်က္ႏွာေလးကေလ ႏို႔ကိတ္ေလးလိုျဖဴျဖဴေဖြးေဖြးေလးျဖစ္ေနရာကေန
စေတာ္ဘယ္ရီေရာင္နီရဲရဲေလးအျဖစ္တျဖည္းျဖည္းသန္းလာသလားလို႔။

ဒါ့အျပင္ ထိုကေလးရဲ႕ႂကြပ္ဆပ္ဆပ္နား႐ြက္ထိပ္ဖ်ားေလးေတြကလည္း နီတြတ္ေနခဲ့ကာ ႏွဖူးျပင္ေလးတြင္လည္း ေခြၽးသီးေခြၽးေပါက္ကေလးေတြက ေရစက္ေရေပါက္ေလးေတြအလားခိုတြဲလို႔ေနေပသည္။ ရံဖန္ရံခါ ထိုကေလး၏ေခါင္းေလးကလည္း ၾကမ္းျပင္ထဲနစ္ဝင္ေတာ့မတတ္ ငိုက္စိုက္က်သြားတတ္ေပ၏။

ဒီကေလး ေနမ်ားမေကာင္းဘူးလား ?

ဆရာက သူတို႔အႀကီးတန္းေတြဘက္လွည့္ကာသင္တန္းသားအသစ္ေလးေတြကိုႀကီးၾကပ္ေပးဖို႔ေျပာၿပီးၿပီးခ်င္းပင္ သူ၏ေျခလွမ္းမ်ားက ထိုခ်ာတိတ္ေလး႐ွိရာဆီသို႔သာဦးတည္မိသြားသည္။

ထို႔ေၾကာင့္မင္းစက္ကေတာ့ေၾကာင္ေတာင္ေတာင္ႏွင့္ တျခားအဖြဲ႕ကိုႀကီးၾကပ္ဖို႔သာတာဝန္ယူလိုက္ရသည္။

တကယ္ေတာ့ မင္းစက္ကသာ ဒီကေလးအဖြဲ႕ရဲ႕တာဝန္ခံပင္။ အစက သူ မင္းစက္ဆီီခဏတျဖဳတ္လာၿပီးအေဆာင္ျပန္သြားမလို႔ေတြးထားခဲ့ေပမယ့္ သူ႕အခန္းေဖာ္ ခ်ာတိတ္ေလးတစ္ေယာက္ဘာျဖစ္ေနသလဲဆိုတာကို သိခ်င္စိတ္တို႔က သူ႕အား ဒီအခန္းမွာဆက္ေနဖို႔အတြက္ အားေကာင္းစြာဆြဲငင္ထားေပသည္။

သူ ခ်ာတိတ္ေလးေနာက္ကိုဝင္ရပ္လိုက္ေတာ့ သူ႕ေနာက္မွာက်ေနာ္ေရာက္ေနမွန္းထိုေကာင္ေလးကေတာ့သိမယ့္ပုံမေပၚတဲ့အျပင္
က်ေနာ္က သူ႕အဖြဲ႕ရဲ႕တာဝန္ခံျဖစ္တယ္ဆိုတာကိုလည္းစိတ္မဝင္စားတဲ့ပုံပင္။

မင္းခန္႔ထည္က႐ိႈင္းေဇယံေနာက္မွာရပ္ေနတဲ့တစ္ေလွ်ာက္လုံးသူ႕ရဲ႕အၾကည့္ေတြက ထိုေကာင္ေလးဆီမွာသာၿမဲျမံေနခဲ့သည္။

ဆရာကေ႐ွ႕ႏွစ္တြဲကိုသင္တန္းေပးေနတဲ့အခ်ိန္၌ သူသည္လည္းထိုဘက္သို႔စိတ္ေရာက္သြားခဲ့တာေၾကာင့္ သတိတစ္ခ်က္လြတ္သြားတဲ့အခ်ိန္မွာပင္ သူ႕ရဲ႕ပုဆိုးေအာက္ပိုင္းကိုတစ္စုံတစ္ေယာက္ကအားနဲ႔ေဆာင့္ဆြဲလိုက္တာမို႔ သူအထိတ္တလန္႔နဲ႔ထဆဲမိလိုက္သည္။

"လခြမ္း!!!!! ဘာလဲဟ?"

အေပၚပိုင္းလုံခ်ည္အစကိုသူဆတ္ခနဲဆြဲထိန္းလိုက္ႏိုင္တာေၾကာင့္ ကံေကာင္းစြာပင္ သူ၏ပုဆိုးကကြင္းလုံးကြၽတ္မသြားခဲ့ေပမယ့္သူ႕ရဲ႕ေဒါသကေတာ့တၿပိဳက္နက္ေထာင္းခနဲထြက္သြားခဲ့ရသည္။

သူေအာက္ကို မ်က္ေမွာင္ၾကဳတ္လ်က္စူးစူးရဲရဲငုံ႔ၾကည့္လိုက္ေတာ့  အကူအညီေတာင္းခံေနသည့္႐ႊန္းေတာက္ေတာက္မ်က္ဝန္းေလးတစ္စုံနဲ႔ ခ်ာတိတ္ေလးက သူ႕အားေမာ့ၾကည့္ေနတာကိုျမင္လိုက္ရတဲ့အခါ
အစပ်ိဳးေနၿပီျဖစ္တဲ့ေဒါသမီးေတာက္ေတြဟာဆိုရင္  ဟုပ္ခနဲၿငိမ္းသက္သြားရေလသည္။
သူ ဒီေကာင္ေလးကို ဘယ္လိုနည္းနဲ႔မွေဒါသမထြက္ရက္ေတာ့ေပ။

သူ႕ကိုယ္သူေတာင္မသိလိုက္ခင္အခ်ိန္မွာပဲ ထိုေကာင္ေလးေ႐ွ႕မွာဒူးတစ္ဖက္ေထာက္ထိုင္ခ်ၿပီးသြားၿပီျဖစ္သည္။

"ညီဘာျဖစ္လို႔လဲ ေနမေကာင္းဘူးလား"

သူျငင္သာစြာေမးလိုက္ေတာ့ ထိုေကာင္ေလးကေခါင္းခါျပလာကာ သူ၏နားစပ္နားသို႔တိုးကပ္လာခဲ့ၿပီး တိုးညႇင္းေသာေလသံေသးေသးေလးျဖင့္ဆိုလာသည္။

"က်ေနာ္ အဲ့. . . . အမႀကီးနဲ႔. . . . မလုပ္ရဲဘူး က်ေနာ္႕ကို ကူညီပါဦး အကို" တဲ့ေလ။

အဲ့က်ေတာ့မွပဲ သူ႐ွင္း႐ွင္းလင္းလင္းသေဘာေပါက္သြားရသည္။
ဒီကေလးကလည္းမင္းစက္လိုပဲ အဓိကကို ေျပးျမင္ေနတာေၾကာင့္႐ွက္ေနရျခင္းပဲျဖစ္မည္။
မလုပ္လို႔မရဘူးလို႔ သူေျပာျပန္ရင္လည္း အ႐ွက္သည္းေနပါတဲ့ ခ်စ္စရာေကာင္ေလးက ႏွာတ႐ႈံ႕႐ႈံ႕နဲ႔ထိုင္ကာငိုေတာ့မယ့္ပုံ။

ထိုအခါက်မွ အေျခအေနေတြကပိုၿပီး႐ွက္စရာေကာင္းဖြယ္အတိျဖစ္လာမွာစိုးတာေၾကာင့္ ဘယ္သူမွသြားမစရဲေလာက္တဲ့အ႐ွိန္အဝါတစ္ခုနဲ႔ေအးတိေအးစက္ေနတတ္ပါသည့္  MC Majorကစီနီယာမင္းခန္႔ထည္ဟာဆိုရင္ အခုမွစရင္းႏွီးဖူးတဲ့ထိုသူစိမ္းေကာင္ေလးတစ္ေယာက္အတြက္နဲ႔ သူ႕ရဲ႕႐ွိသမွ်မာနေတြကို ႐ြယ္တူစီနီယာေက်ာင္းသားေတြေ႐ွ႕မွာခဝါခ်ဖို႔ဆုံးျဖတ္ခဲ့လိုက္သည္။

မင္းခန္႔ထည္က မ်က္ႏွာရဲရဲနဲ႔ဂ်ဴနီယာညီမေလးကိုလွည့္ၾကည့္လိုက္ရင္း တည္ၿငိမ္ေအးေဆးစြာေတာင္းဆိုလိုက္သည္။

"ဒီက ညီမ အကို႔အစား ဒီအဖြဲ႕ရဲ႕တာဝန္ခံလုပ္ေပးပါလား အကိုကိုယ္တိုင္ပဲ ဒီကေလးရဲ႕ partner အေနနဲ႔ ေသခ်ာသင္ျပခ်င္လို႔ပါ"

"ဟုတ္ ရပါတယ္ အကို"

သူမေလးကလည္းခ်က္ခ်င္းသေဘာတူလိုက္ၿပီး ထိုင္ေနရာကေနဖယ္ေပးလိုက္ကာ အေစာနကသူရပ္ေနတဲ့ေနရာ၌ သြားရပ္လိုက္ေလသည္။တကယ္ေတာ့ သူမေလးကမႏွစ္ထဲကသင္တန္းဆင္းၿပီးၿပီျဖစ္ကာ ဒီကေလးမွာအဖြဲ႕ဖြဲ႕စရာလူမ႐ွိတာေၾကာင့္စီနီယာတစ္ေယာက္ေယာက္က သူမနဲ႔ခနတြဲေပးခဲ့ျခင္းေပ။

သူတို႔၂ေယာက္အတြက္ေစာင့္ၾကပ္သူလုပ္ေပးတဲ့သူမအား သူတကယ္ကို ေက်းဇူးတင္မိပါသည္။အကယ္၍ သူတို႔အဖြဲ႕ရဲ႕တာဝန္ခံသာမင္းစက္ျဖစ္ပါက ျဖစ္လာမည့္အက်ိဳးဆက္မွာမေတြးရဲစရာပင္။

ထိုစဥ္မင္းစက္ကမူ သူ႕အဖြဲ႕ရဲ႕ဂ်ဴနီယာညီမေလးေတြနဲ႔အ႐ႊန္းေဖာက္ေနတာေၾကာင့္ ႐ုတ္တရက္ေျပာင္းလဲသြားတဲ့ သူတို႔အဖြဲ႕ရဲ႕အေျပာင္းအလဲေလးကို သတိမထားမိလိုက္တာမို႔ မင္းခန္႔ထည္တစ္ေယာက္ေခတၱစိတ္ေအးသြားရသည္။
သို႔ေပမယ့္ ေရာက္လာရမယ့္အခ်ိန္ကေတာ့ေရာက္ကိုေရာက္လာဦးမွာပင္။

"ေက်နပ္ၿပီလား"

သူကျပဳံး၍ေမးလိုက္ေတာ့ ထိုကေလးကဘာစကားမွမဆိုလာဘဲေခါင္းေလးၿငိမ့္ၿပီးေတာ့သာအေျဖေပးလာသည္။
ေခါင္းၿငိမ့္သည့္ပုံစံကိုကသူ႕အတြက္အသဲယားစရာေကာင္းေနတာေၾကာင့္ မင္းခန္႔ထည္ခမ်ာသူ၏ေပါင္ကိုတိတ္တဆိတ္ဆြဲလိမ္ထားမိေလ၏။

အခုသူ႕ရဲ႕မ်က္စိေ႐ွ႕က ထိုကေလးမွာ ခုနကနီရဲ႐ႊန္းလဲ့ေနတဲ့စေတာ္ဘယ္ရီသီးေလးမဟုတ္ခဲ့တဲ့အတိုင္းပင္ ဒင္းေလးက သူ႕ကိုေတာင္လွည့္ၾကည့္မလာေတာ့ပဲ တျခားအဖြဲ႕မ်ားကိုသာသူ႕ရဲ႕မ်က္လုံးဝိုင္းဝိုင္းေလးမ်ားျဖင့္ထပ္မံစပ္စုေနျပန္၏။

အေျပာင္းအလဲသိပ္ျမန္လိုက္တဲ့ေကာင္စုတ္ကေလး.....

နာရီဝက္ခန္႔ၾကာၿပီးေနာက္ ေနာက္ဆုံးမွာေတာ့သူတို႔အလွည့္သို႔ေရာက္လာၿပီျဖစ္သည္။
ထိုေကာင္ေလးက သူ႕အား မ်က္ခြံေလးေတြနဲ႔ ပင့္တင္ကာတစ္ခ်က္႐ႈၾကည့္လာၿပီးေနာက္ ေခါင္းငုံ႔သြားျပန္ေလသည္။

ဒီေကာင္ေလး သူ႕ကိုပါ႐ွက္ေနတာေတာ့ မဟုတ္ပါဘူးေနာ္.....

သူထိုသို႔ေတြးလိုက္မိၿပီးခ်က္ခ်င္းပင္ ေသးသြယ္လွတဲ့ပုခုံးေလးတစ္ဖက္ကိုလွမ္းကိုင္လိုက္တဲ့အခါ ထိုေကာင္ေလးရဲ႕ကိုယ္ေလးကတစ္ခ်က္တြန္႔သြားတာကိုခံစားမိလိုက္တာေၾကာင့္ မင္းခန္႔ထည္တစ္ေယာက္မထိန္းႏိုင္စြာျပဳံးမိလိုက္သည္။

ထို႔ေနာက္ ထိုကေလးစိတ္ေအးရေအာင္သူ႕ဘက္ကေနစကားဆိုလိုက္ေတာ့သည္။

"ညီ ကိုယ့္အေပၚကို႐ွက္စရာလည္းမလိုဘူး ေၾကာက္စရာလည္းမလိုဘူး အားနာစရာလည္းမလိုဘူးေနာ္

အခုညီမွတ္ထားရမွာက ကိုယ္ကအေရးေပၚကုသမႈလိုအပ္ေနတဲ့ လူနာတစ္ေယာက္ ညီကကို႔ကိုအေကာင္းဆုံးႀကိဳးစားၿပီး ကယ္တင္ေပးရမယ္ဆိုတာပဲ"

ထိုစကားဆုံးေတာ့ ထိုကေလးဆီကေန
"ဟုတ္"
ဆိုေသာအသံတိုးတိုးေလးထြက္လာေလသည္။

သူအဆင္ေျပၿပီဆိုမွ မင္းခန္႔ထည္သည္ထိုေကာင္ေလးေ႐ွ႕၌လွဲအိပ္လိုက္ကာ သူ႕ရဲ႕မ်က္လုံးေတြကိုမွိတ္စင္းထားလိုက္၏။

အခုခ်ိန္မင္းစက္ရဲ႕မ်က္ႏွာဟာ ဘယ္၍ဘယ္ပုံသို႔ေျပာင္းလဲသြားမလဲဆိုတာကို သူေတြးမိလိုက္တဲ့အခါ ရယ္ခ်င္လာမိေလသည္။ မ်က္လုံးေတြစုံမွိတ္ထားလ်က္ႏွင့္ ေဘးပတ္ဝန္းက်င္ကိုနားစြင့္ထားလိုက္တဲ့ေနာက္ ဆရာ့ရဲ႕ၾကည္ေတာက္ၾသ႐ွလွတဲ့အသံတစ္သံကလြဲ၍ တျခားအသံေတြကေတာ့ဗလာနတၳိကင္းမဲ့ေနသည္။

ဆရာက စလုပ္ရမယ့္အဆင့္ဆင့္ကို႐ွင္းျပေျပာဆိုၿပီးတာနဲ႔တစ္ၿပိဳင္နက္ ေကာင္ကေလးရဲ႕ႏူးႏူးညံ့ညံ့လက္ဖဝါးေလးေတြက သူ႕ရင္ဘက္ရဲ႕အလယ္ဗဟိုတည့္တည့္မွာေနရာယူထားၿပီးၿပီျဖစ္သည္။

ထိုကေလးရဲ႕လက္ဖဝါးေလးေတြထံမွစိမ့္ထြက္လာတဲ့ေအးစက္မႈတို႔ကိုအျဖဴေရာင္႐ွပ္အက်ႌေအာက္က အသားစိုင္မ်ားကေတာင္ သိသိသာသာသတိျပဳမိေနတာေၾကာင့္ ဒီကေလးစိတ္လႈပ္႐ွားေနမွန္းသူအတပ္သိေလသည္။

က်န္တဲ့အဆင့္အတြက္ေကာ သူအဆင္သင့္ျဖစ္ရဲ႕လား?

"အခု ႐ိႈင္းေဇယံက ေလကိုအျပည့္အဝ႐ႈသြင္းလိုက္ၿပီးရင္ လူနာရဲ႕ႏွာေခါင္းဝေလးကိုပိတ္ထားၿပီး လူနာရဲ႕mouthထဲကို ေလမႈတ္သြင္းလိုက္ပါ"

ဆရာ့အသံအဆုံး သူပထမဆုံးသတိထားမိတာက လာဗင္ဒါေရေမႊးနံ႔သင္းသင္းေလးက ႏွာေခါင္းဝနားကို
႐ိုက္ခတ္လာခဲ့တဲ့အခိုက္အတန္႔ေလးျဖစ္ၿပီးေနာက္ထပ္တစ္ခုကေတာ့
သူ႕ႏႈတ္ခမ္းေပၚကိုက်ေရာက္လာတဲ့ႏူးအိအိႏႈတ္ခမ္းတစ္စုံ...

အစကေၾကာက္႐ြံ႕မႈေၾကာင့္ ေျခာက္ကပ္ကပ္ေလးျဖစ္ေနတဲ့ ေကာင္ကေလးရဲ႕ ႏႈတ္ခမ္းသားေလးေတြဟာစပ်စ္သီးေျခာက္ကေလးေတြ စားလိုက္ရသလို၊
ေနာက္ဆုံးအႀကိမ္ထိေတြ႕လာခဲ့တဲ့ႏႈတ္ခမ္းသားေလးေတြကေတာ့ သူ႕ႏႈတ္ခမ္းသားရဲ႕စိုစြတ္မႈတို႔ကကူးစက္သြားၿပီျဖစ္တာေၾကာင့္ ေျခာက္ေသြ႕မေနေတာ့ဘဲ အရည္႐ႊမ္းၿပီး ခ်ိဳၿမိန္တဲ့စေတာ္ဘယ္ရီသီးေလးေတြကိုစားသုံးလိုက္ရသလိုမ်ိဳးအရသာ႐ွိလြန္းလွေပသည္။

အလြန္႔အလြန္ ခ်ိဳၿမိန္လြန္းတာေၾကာင့္
ထိုခ်ိဳၿမိန္မႈမ်ားနဲ႔အတူ ခနတာ သူေမ့ေျမာသြားခဲ့ရသည္။

ဒီအခိုက္အတန္႔ေလးဟာ တစ္သက္လုံးရပ္တန္႔ထားခ်င္မိတဲ့
သူ၏ဘဝ၌ပထမဆုံးျဖစ္တည္လာခဲ့ရတဲ့ အခ်ိဳၿမိန္ဆုံးေသာအခိုက္အတန္႔ေလးတစ္ခုပင္။

ဘယ္ေတာ့မွေမ့ေဖ်ာက္လို႔မရမယ့္အခိုက္အတန္႔ေလးတစ္ခုေပါ့......

**********************************

Continue Reading

You'll Also Like

74.6K 4.9K 123
နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်‌ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယ...
23K 1.7K 45
အလွဲတစ်ခုရဲ့အစကနေ ပေါက်ဖွားလာတဲ့အချစ် အလြဲတစ္ခုရဲ႕အစကေန ေပါက္ဖြားလာတဲ့အခ်စ္
69K 5.8K 34
ယုဇနပန်းရနံ့ကိုရှူရှိုက်ပါ။ သံစဉ်​​ထဲမှာစီး​မြောပြီး လခြမ်း​ကွေးလို အလှတရားနဲ့ မင်းသမီးက​လေးကို ရှုစားပါတဲ့...။ ဪ မင်းသမီး​လေးရယ်... မဖြစ်နိုင်ဘူးဆို...
79.6K 6.7K 35
မင်းကို​ပြောပြချင်တဲ့အ​ကြောင်းအရာ​တွေအတွက်အခွင့်ရှိနိုင်ပါ့မလား....