HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

362K 24.2K 898

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း(၂)- Mechatronic bro

10.9K 668 8
By Futawa

အခန်း (၂)- Mechatronic bro

Unicode

[First yearလေးနဲ့ကတောက်ကဆ]

ထိုစူးရှရှအကြည့်များကိုသည်းမခံနိုင်တော့တဲ့အဆုံး ရှိုင်းဇေယံတစ်ယောက် အကြည့်လွှဲလိုက်ကာထိုလူအားကျောခိုင်းထားလျက် ပင်အခန်းထဲသို့အေးတိအေးစက်နှင့်လျှောက်ဝင်သွားလေ၏။
ထိုအပြုအမူက မင်းခန့်ထည်ရဲ့ဒေါသမီးတောက်ကိုထောင်းခနဲလောင်မြိုက်သွားစေသည်။

ဒီနေ့မင်းခန့်ထည်တစ်ယောက်စောစောနားချင်တာကြောင့် ဌာနကနေအဆောင်ဆီကိုအမြန်ပြန်လာခဲ့ကာ တစ်ကိုယ်လုံးပူလောင်အိုက်စပ်နေရတဲ့အပြင်ကိုတော်တော်လေးလည်းမောပန်းပင်ပန်းနေလေ၏။

သို့ပေမယ့် အဆောင်ရောက်တော့ သော့ခတ်လျက်သားကြီးဖြစ်နေတဲ့အဆောင်တံခါးကသူ့အားပြုံးပြုံးကြီးစောင့်ကြိုနေခဲ့ကာ သူ၏ခေါင်းကိုထိုးကိုက်သွားစေလေသည်။သူ့ခမျာဒေါသကိုမြိုချထားရင်း တခြားအခန်းဖော်တစ်ယောက်ဆီမှာ အားနာနာနှင့်သွားစောင့်နေရသည့်အဖြစ်ကိုပြန်တွေးကြည့်တိုင်းလက်ခံနိုင်စရာတစ်ကွက်မှကိုမရှိပေ။

'ဒီကလေး တစ်ကယ်ရိုင်းတာပဲ !'

'အကြီးတစ်ယောက်ကသူ့ကြောင့်နာရီဝက်လောက် အပြင်မှာစောင့်နေလိုက်ရတာကို အားမနာတဲ့အပြင်မတောင်းပန်ပဲကျောခိုင်းသွားတာ သူ့ကိုသူ့မိဘတွေကမဆုံးမထားဘူးလား ?
သူတစ်ပါးကိုအားနာတတ်ရကောင်းမှန်းဒီကလေး မသိဘူးလား'

'မင်းခန့်ထည်ဆိုတဲ့ငါ့ကိုတော့ ဒီလိုအကြောကြီးနဲ့တော့
လာကြောလို့မရဘူး သောက်first yearလေး'

မင်းခန့်ထည်အခန်းထဲဝင်သွားတော့ ခုတင်နှစ်ခုကြားမှာရှိတဲ့စားပွဲခုံလေးပေါ်သို့ လွယ်အိတ်ထဲကစာအုပ်လေးတွေကိုထုတ်ကာတင်နေပါသော ယဥ်ကျေးမှုမရှိတဲ့ရှည်သွယ်သွယ်ကောင်လေးကိုမျက်လုံးထောင့်ကနေမြင်လိုက်ရလေသည်။

ထိုအဖြစ်ကိုပြန်တွေးလေလေဒေါသထွက်လာလေလေဖြစ်လာတာကြောင့် မင်းခန့်ထည်တစ်ယောက်စိတ်မရှည်စွာစုတ်သတ်လိုက်ကာ ထိုကောင်လေးဘက်သို့လှည့်ကြည့်လိုက်ပြီးအသံမာမာနဲ့မေးလိုက်လေသည်။

"မင်း တောင်းပန်ရကောင်းမှန်းမသိဘူးလား"

သူ၏အကြည့််တွေကအင်မတန်မှစူးရှခက်ထန်နေခဲ့ပေမယ့် ကံမကောင်းစွာပင် ထိုကောင်လေးကခေါင်းငုံ့ထားတာကြောင့်ထိုအကြည့်တွေကိုမမြင်လိုက်ရပေ။

မင်းခန့်ထည်ရဲ့ဒေါသသံကိုကြားတော့ရှိုင်းဇေယံ၏လုပ်လက်စအလုပ်လေးမှာရပ်တန့်သွားရတော့သည်။

တစ်စက္ကန့် ...

နှစ်စက္ကန့်....

သုံးစက္ကန့် ....လောက်ကြာတော့မှ
အသံတိုးတိုးလေးတစ်ခုထွက်လာ၏။

"Sorry..."

ရှိုင်းဇေယံအသံကပုံမှန်ဆန်ကာဝတ်ကျေတန်းကျေသဘောသက်ရောက်နေတာကြောင့်မင်းခန့်ထည်ရဲ့နှဖူးကြောတို့မှာထောင်ထလာရတော့သည်။ မင်းခန့်ထည်ကဟက်ခနဲတစ်ချက်ရယ်လိုက်ပြီးနောက် ထိုကောင်လေးကိုအချိန်တစ်ခုကြာတဲ့အထိစိုက်ကြည့်ပေးလိုက်လေ၏။

သူဆိုတဲ့ကောင်ကသူ့ရဲ့မေဂျာမှာဆိုသွားမစသင့်တဲ့လူစာရင်းရဲ့ထိပ်ဆုံးနေရာ၌ဖြစ်တာကြောင့်သူ့အားပမာမခန့်လုပ်ရဲတဲ့လူဆိုတာတော်တော်ကိုရှားလေသည်။
သူ့မေဂျာကိုရောက်လာသမျှFirst yearတွေဆို သူ့အားဒီလိုမျိုးဆက်ဆံရဲဖို့နေနေသာသာ သူနဲ့အကြည့်ချင်းတောင်မဆုံရဲပေ။

အခုသူ့မျက်စိရှေ့ကဒီကလေးရဲ့အမှားလုပ်ပြီးကျေကျေလည်လည်မတောင်းပန်တတ်တဲ့စရိုက်က သူ၏မာနကိုလာရောက်ထိပါးသကဲ့သို့ခံစားရတာကြောင့် သူအင်မတန်ဒေါသထွက်လာရလေသည်။

'ဘာ sorryတဲ့  ..ကောင်းရော အကြီးကိုတောင်းပန်ချက်ကကမ်းကုန်တယ်
အရမ်းယဉ်ကျေးတာပဲ သောက် First yearရယ်'

'ငါ့majorကဆိုရင်တော့ နားရင်းအုပ်လိုက်ပြီ'

မင်းခန့်ထည် တစ်ယောက်တည်းစိတ်ဆိုးမာန်ဆိုးနှင့်ပွားနေချိန်တွင် ရှိုင်းဇေယံမှာမူ သူ့စာအုပ်တွေကိုလွယ်အိတ်ထဲကနေအကုန်အစင်ထုတ်ပြီး၍ စားပွဲပေါ်၌စီစီရီရီတင်ထားပြီးပြီဖြစ်သည်။

နောက်ဆုံးတော့ထိုကောင်လေးအား ဒေါသအိုးမင်းခန့်ထည်ကပဲ လက်ဖျားခါကာအလျှော့ပေးလိုက်ရလေသည်။
ပြောနေရင်လည်းထူးတော့မှာမဟုတ်ဘူးလေ ဟိုကဖြင့်နားရွက်ခတ်မည့်ပုံမပေါ်။

အချေခံလိုက်ရတဲ့မင်းခန့်ထည်ကသူ့စာအုပ်တွေကိုစားပွဲပေါ်သို့ဆောင့်တင်လိုက်ပြီးနောက် ထိုကောင်လေးကိုလျစ်လျူရှုလိုက်ကာရေချိုးဆောင်ဘက်သို့ဦးတည်ထွက်လာလိုက်တော့သည်။

"တကယ်ဘာလေးမှန်းကိုမသိဘူး"

မင်းခန့်ထည်တစ်ယောက် ရေချိုးနေရင်းနဲ့လည်းအဖိုးကြီးသဖွယ်ပွားနေမိလေ၏။

သူအခန်းသို့ပြန်ရောက်လာချိန်မှာတော့ ထိုကောင်လေးက ညာဘက်ခြမ်းကခုတင်ပေါ်မှာခွေခွေလေး အိပ်ပျော်နေပြီဖြစ်ကာ
မင်းခန့်ထည်က ထိုကောင်လေးကိုမျက်လုံးထောင့်ကနေလှမ်းကြည့်လိုက်ရင်း စိတ်ပျက်စွာခေါင်းသာခါမိလိုက်လေသည်။

================================

မနက် မင်းခန့်ထည်နိုးလာတော့ အခန်းထဲတွင်သူ၏ချစ်လှစွာသောအခန်းဖော်လေးမရှိတော့ပေ။ First yearတွေကစီနီယာကြီးတွေထက်အတန်းစောတက်ရကာ မေဂျာမခွဲသေးသရွေ့အချိန်ဇယားတွေကကြပ်ပိတ်သိပ်နေမည်မှာဧကန်ပင်။

သူ ဖုန်းကနာရီကိုမျက်လုံးမှေးရင်းကြည့်လိုက်တော့ မနက်၉နာရီကျော်နေပြီဖြစ်ရာ နောက်ကျနေပြီမို့ ကမန်းကတန်းပြင်ဆင်လိုက်ပြီး ကျောင်းသို့ထွက်ခဲ့ရပြန်သည်။
ကျောင်းရှေ့ရေပန်းနားရောက်တော့ အဖြူအပြာဝတ်စုံလေးနဲ့ကြောရှင်းလှပလှသည့်သူ၏ကောင်မလေးကသူ့အားစောင့်ဆိုင်းနေသည်ကိုတွေ့လိုက်ရသည်။

ဖြူစင်သော်က သူမ၏မှင်နက်ရောင်ဆံဖျားလေးတွေထက်ဖြတ်တိုက်လာတဲ့ဆောင်းလေညှင်းလေးတွေကိုမျက်စိမှိတ်ကာခေါင်းမော့လျက်နမ်းရှိုက်နေရင်း နေရောင်အောက်မှာရပ်နေတဲ့သူမ၏ပုံရိပ်ကလေးဟာဆိုရင် ရှင်းသန့်စင်ကြယ်တဲ့အလှတရားတို့ကိန်းဝပ်နေကာ မြင်ရသူတိုင်းရဲ့နှလုံးသားတို့ကိုတဒုတ်ဒုတ်မြည်လာတဲ့အထိခုန်လှပ်သွားစေနိုင်သည်။

ထိုနေရာကနေဖြတ်သွားတဲ့ကျောင်းသားတွေအများစုက တောက်ပစူးရှတဲ့မျက်ဝန်းတွေနဲ့သူမလေးအား သမင်လည်ပြန်ငေးကြည့်သွားတတ်ကြတဲ့ထိုမြင်ကွင်းကိုအဝေးတစ်နေရာကနေလှမ်းမြင်နေရတဲ့မင်းခန့်ထည်ရဲ့မျက်နှာဟာ ရေသေအလားတည်ငြိမ်မြဲတည်ငြိမ်နေခဲ့ကာ သူ၏မျက်ဝန်းအရောင်ကမူ အရှေ့ကကျောင်းသားတွေလောက်တောင်တောက်ပခြင်းတို့ရှိမနေခဲ့ပေ။

ဖြူစင်သော်ကသူမနဲ့တဖြည်းဖြည်းနီးကပ်လာတဲ့ ခန့်ညားချောမောလွန်းသည့်ပုံရိပ်လေးကို ချိုမြိန်မှုတို့ပျော်ဝင်နေတဲ့မျက်ဝန်းတွေနဲ့ငေးကြည့်လိုက်ရင်း နူးညံ့တိုးဖျစွာငြီးတွားလိုက်သည်။

"မောင်ရယ် ကြာလိုက်တာ.."

"sorry ကိုယ်ဒီနေ့နိုးတာနောက်ကျသွားလို့"

"ရပါတယ် သွားရအောင်လေ"

ထုံးစံအတိုင်းသူမက မင်းခန့်ထည်လက်ကလေးကိုချိတ်ကာ lobbyသို့အတူတူတက်သွားကြလေသည်။

lobbyပေါ်သို့ရောက်သောအခါ မင်းခန့်ထည်သည် ညာဘက်လှေကားဘက်ကနေခပ်မြန်မြန်တက်လာပြီး သုံးထပ်ဆောင်ပေါ်သို့ခပ်သုတ်သုတ်ပြေးတက်သွားသောပုံရိပ်လေးတစ်ရိပ်ကိုသူ၏မျက်ဝန်းတွေကနေတဆင့်ဖြတ်ခနဲဖမ်းမိလိုက်ချေ၏။

ဘာကြောင့်မှန်းမသိ ထိုကောင်လေးရဲ့သေးငယ်သောကျောပြင်လေးပျောက်ကွယ်သွားတဲ့အထိ သူငေးကြည့်နေမိကာ သူ၏အကြည့်အတိုင်းဖြူစင်သော်ကကြည့်လိုက်ရင်းမေးလာခဲ့သည်။

"မောင် ဘာတွေငေးနေတာလဲ"

ဖြူစင်သော်ရဲ့အသံကြားတော့မှ သူ၏အကြည့်တို့ကရပ်တန့်သွားရကာ ချောင်းဟန့်လိုက်၍အကြည့်လွှဲလိုက်တော့သည်။

"ကို့ကိုသောက်အကောင်းပေးတဲ့ဟာလေးကို ချောင်းရိုက်မလို့ နောက်ကျောကကြည့်ရင်တောင်မှတ်မိအောင်လို့ ကြည့်နေတာ"

"ဘယ်သူလဲ?"

"ရှိတယ် အဲ့လိုဟာလေးတွေ"

မင်းခန့်ထည်ကခပ်ပေါ့ပေါ့ပဲဖြေလိုက်ကာသူ့ရဲ့မျက်ဝန်းတွေထဲမှာ ပျင်းရိငြီးငွေ့ပြီးအလေးအနက်မထားတဲ့အငွေ့အသက်တို့ကိုမြင်နေရတာကြောင့်ဖြူစင်သော်လည်းထိုအကြောင်းနဲ့ပက်သတ်ပြီးဆက်မေးမလာတော့ပေ။

ထိုစဉ် သူတို့နဲ့မလှမ်းမကမ်းနေရာကနေခေါ်သံတစ်သံထွက်လာလေသည်။

"မင်းခန့်!"

ခေါ်သံကြောင့်သူလှည့်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းတစ်နေရာ၌ရပ်နေကာသူတို့ဘက်သို့စူးစိုက်ကြည့်နေသော သူ၏သူငယ်ချင်းမင်းစက်ဆိုသူကိုတွေ့လိုက်ရတာကြောင့်ထိုနေရာသို့လျှောက်သွားလိုက်ရင်းမေးဆတ်ပြလိုက်သည်။

"ပြော ဘာဖြစ်လို့လဲ"

"ဆရာကခေါ်ခိုင်းလိုက်တယ် First yearတွေကို ကြက်ခြေနီအသင်းထဲဝင်အောင်မဲသွားဆွယ်မလို့ အဲ့တာမင်းပါလိုက်ခဲ့ရမယ်တဲ့"

"Okလေ "

မင်းခန့်ထည်ကသဘောတူလိုက်ပြီးနောက်ဖြူစင်သော်ဘက်ကိုပြန်လှည့်ကြည့်လိုက်ကာ

"မောင်သွားလိုက်ဦးမယ်နော် ဖြူ" ဟု အဝေးတစ်နေရာကနေ လှမ်းပြောလိုက်လေသော်ဖြူစင်သော်ကလည်းခေါင်းငြိမ့်ပြလာလေသည်။

"အင်း သွားလေ"

ထို့နောက်မင်းခန့်ထည်လည်း မင်းစက်နဲ့အတူ First yearတွေရှိရာသုံးထပ်ဆောင်အပေါ်ဆုံးထပ်ဆီသို့ထွက်လာလိုက်တော့သည်။

================================

"ဆရာမ ခနလောက်အချိန်ပေးလို့ရမလား"

စတုတ္ထမြောက်Compoundခန်းထဲသို့ကြက်ခြေနီဝတ်စုံနှင့်အသက်၃၀ကျော်အရွယ်ရှိနုပျိုသစ်လွင်တဲ့ဆရာတစ်ယောက်ကဝင်လာရင်းခွင့်တောင်းလာခဲ့လေသော် Chemistry တီချယ်ကလဲအပြုံးလေးနဲ့အတူအေးဆေးစွာပြန်ဖြေလာခဲ့သည်။

"ဟုတ် ရပါတယ်ဆရာ"

ကြက်ခြေနီဝတ်စုံကိုကျကျနနဝတ်ဆင်ထားသည့်ခန္ဓာကိုယ်ခပ်တောင့်တောင့်နဲ့ဆရာက စတိတ်စင်ပေါ်တွင်ရပ်လိုက်ကာ ကျောင်းသားတွေကိုဖော်ရွေစွာပြုံးပြလျက်နှုတ်ဆက်လာလေသည်။

"မင်္ဂလာပါ ကလေးတို့"

"မင်္ဂလာပါ...."

"ဆရာက အခုလက်ရှိကြက်ခြေနီအသင်းရဲ့ဥက္ကဌပါ

ဆရာတို့အင်ဂျင်နီယာတွေဆိုတာထိခိုက်မှုတွေနဲ့အမြဲကြုံတွေ့ရတတ်တယ်...

အမှန်တကယ်ကြုံခဲ့ရရင်လည်း သားတို့သမီးတို့အနေနဲ့ ကိုယ့်ကိုယ်ကိုရော တပါးသူတွေကိုပါSafeဖြစ်အောင် အရေးပေါ်လုပ်ဆောင်တတ်ဖို့လိုအပ်တယ်

အဲ့အတွက်ဆရာတို့ရဲ့ကြက်ခြေနီအသင်းလေးမှာဝင်ရောက်သင်ကြားပေးဖို့ ဆရာအကြံပေးချင်ပါတယ် ဖိတ်လဲဖိတ်ခေါ်ပါတယ်
တကယ်လို့စိတ်ပါဝင်စားပြီးအဖွဲ့ထဲဝင်ချင်တယ်ဆိုရင် ဆရာ့တပည့်တစ်ယောက်ရဲ့ph no.လေး White Boardပေါ်မှာရေးပေးခဲ့ပါမယ်

အဲ့ph no. ပိုင်ရှင်ဆီမှာphဆက်ပြီးစာရင်းပေးလို့ရပါတယ်နော် ဟုတ်ပြီလား? "

"ဟုတ်ကဲ့ပါ~~~"

ဆရာကထိုသို့ပြောကြားလာပြီးတဲ့နောက်အတန်းထဲသို့မင်းခန့်ထည်ဆိုတဲ့ First yearတွေကြားမှာနာမည်ကြီးနေတဲ့ အချောဆင်ကြီးကလျှောက်ဝင်လာတာနဲ့တစ်ပြိုင်နက် တစ်ခန်းလုံးပွက်ပွက်ညံအောင်ဆူညံသွားကြလေ၏။
အထူးသဖြင့် အခန်းထဲကမိန်းကလေးတွေပေါ့။

ဒီနေ့မှပဲကမန်းကတန်းပြင်ဆင်ခဲ့ရပေလို့ပဲ မင်းခန့်ထည်တစ်ယောက် မနေ့ကထက်အဆပေါင်းများစွာသန့်ပြန့်နေကာအလွန်ကြည့်ကောင်းနေပေ၏။

ရှပ်အင်္ကျီအဖြူလက်ရှည်ကို လက်တံတောင်ဆစ်အထိခေါက်တင်ထားကာ Markerကိုင်ထားတဲ့ လက်မောင်းသားဖွေးဖွေးပေါ်၌သွေးကြောစိမ်းစိမ်းတွေထင်းနေသည်မှာသန်မာခန့်ညားတဲ့အသွင်တစ်ခုကိုထင်ဟပ်နေပြီး မျက်နှာမေးရိုးကျဆင်းပုံကလည်းယောကျာ်းပီသသည့်အရှိန်အဝါတစ်ခုနဲ့အတူချောမောပြေပြစ်လှ၏။

နှာတံလေးမှာလည်းဖြောင့်စင်းသွယ်တန်းနေကာ ပါးလွှာသောနှုတ်ခမ်းပါးပါးလေးတွေက သူပြုံးလိုက်လျှင်ကကြီးပုံရေးရေးလေးကွေးနေရှာသည်။

အောက်နှုတ်ခမ်းလေးကတော့အနည်းငယ်ထူထဲလို့နေကာ မျက်ဆံလေးများမှာမူ အဆုံးမရှိစွာနက်မှောင်တောက်ပလို့နေ၍ မျက်ဝန်းအကြည့်တို့က အေးစက်စက်အငွေ့အသက်တို့နဲ့အတူ နူးညံ့တဲ့အငွေ့အသက်တို့ကပါပေါင်းစပ်ရောယှက်နေတာကြောင့်နက်ရှိုင်းစူးရှလှ၏။

မျက်ခုံးတန်းလေး၂ဖက်မှာတော့ တန်းတန်းလေးနှင့် မီးခိုးရောင်လေး ထင်းနေကာ
ဆံပင်များမှာနက်မှောင်ထူထဲနေပြီး မနက်ကနောက်ကျတာကြောင့် သေသေချာချာမဖြီးသင်ထားတဲ့ဆံသားတို့က နှဖူးပေါ်သို့တစ်မျှင်စနှစ်မျှင်စဝဲဝဲလေးကျဆင်းနေပုံမှာ အေးစက်စက်နိုင်သလိုနူးညံ့ကြင်နာတဲ့အငွေ့အသက်တချို့တို့သည်လည်း ထိုလူသားဆီ၌အကြွင်းမဲ့ကိန်းအောင်းလို့နေပေသည်။

ထိုလူသားရဲ့အကြည့်တစ်ချက်နဲ့ဆုံလိုက်ရတဲ့အခါတိုင်း ဆောင်းရာသီရဲ့နေမင်းလေးလိုမျိုးနွေးထွေးလုံခြုံသောခံစားချက်တို့ကိုခံစားရသလို နွေဦးလေပြေလေးထဲမှာပျံသန်းမျောလွင့်နေပါတဲ့ရောင်စုံလိပ်ပြာလေးတွေကဲ့သို့ ရင်ဖိုစရာကောင်းလှသည့်ခံစားချက်တို့ကိုလည်းခံစားရစေသည်။

မင်းခန့်ထည်
III MC 4
09 96-------------

White boardရှေ့မှာ မင်းခန့်ထည်စာရေးနေစဉ် အတန်းထဲရှိ မိန်းကလေးများမှာ အသက်ရှုဖို့ပင်မေ့လျော့နေကြလေသည်။
မင်းခန့်ထည်ကမှင်သေသေမျက်နှာထားနဲ့စင်ပေါ်၌စာတက်ရေးပြီးနောက် စင်အောက်သို့အကြည့်လေးတစ်ချက်တောင်မစွန့်ကြဲဘဲအတန်းထဲကနေအမြန်ထွက်သွားတော့လေသည်။

"ကြက်ခြေနီ အဖွဲ့ထဲဝင်မယ်ဆိုရင် ဒီအစ်ကိုကြီးကို phဆက်လိုက်ပါနော်"

"ဟုတ်ကဲ့ပါ ဆရာ"

တစ်တန်းလုံးအသံမြိုင်မြိုင်ဆိုင်ဆိုင်ထွက်လာကြကာမိန်းကလေးတွေအသံကအများဆုံးပင်။
အထာသိနေပြီဖြစ်တဲ့ကြက်ခြေနီအသင်းကဆရာဟာနောက်ဆုံးမှာကြားပြီးတဲ့နောက် အပြုံးကြီးပြုံးလျက်ဝံ့ကြွားမှုအပြည့်နဲ့လျှောက်ထွက်သွားတော့လေသည်။

ဒီနှစ်လည်းကြက်ခြေနီ Clubကတခြား Clubတွေထက်လူများဦးမှာသေချာသလောက်ပင်။

"III MC ဆိုတော့ MECHATRONICS ကပေါ့"
ဆိုတဲ့ အသံလှိုင်းလေးတစ်လှိုင်းဖြတ်သန်းကူးခတ်သွားသည်ကိုတော့ ဘယ်သူကမှသတိမထားမိလိုက်ကြပေ။

************************************

အခန္း (၂)- Mechatronic bro

Zawgyi

[First yearေလးနဲ႔ကေတာက္ကဆ]

ထိုစူး႐ွ႐ွအၾကည့္မ်ားကိုသည္းမခံႏိုင္ေတာ့တဲ့အဆုံး ႐ိႈင္းေဇယံတစ္ေယာက္ အၾကည့္လႊဲလိုက္ကာထိုလူအားေက်ာခိုင္းထားလ်က္ ပင္အခန္းထဲသို႔ေအးတိေအးစက္ႏွင့္ေလွ်ာက္ဝင္သြားေလ၏။
ထိုအျပဳအမူက မင္းခန္႔ထည္ရဲ႕ေဒါသမီးေတာက္ကိုေထာင္းခနဲေလာင္ၿမိဳက္သြားေစသည္။

ဒီေန႔မင္းခန္႔ထည္တစ္ေယာက္ေစာေစာနားခ်င္တာေၾကာင့္ ဌာနကေနအေဆာင္ဆီကိုအျမန္ျပန္လာခဲ့ကာ တစ္ကိုယ္လုံးပူေလာင္အိုက္စပ္ေနရတဲ့အျပင္ကိုေတာ္ေတာ္ေလးလည္းေမာပန္းပင္ပန္းေနေလ၏။

သို႔ေပမယ့္ အေဆာင္ေရာက္ေတာ့ ေသာ့ခတ္လ်က္သားႀကီးျဖစ္ေနတဲ့အေဆာင္တံခါးကသူ႕အားျပဳံးျပဳံးႀကီးေစာင့္ႀကိဳေနခဲ့ကာ သူ၏ေခါင္းကိုထိုးကိုက္သြားေစေလသည္။သူ႕ခမ်ာေဒါသကိုၿမိဳခ်ထားရင္း တျခားအခန္းေဖာ္တစ္ေယာက္ဆီမွာ အားနာနာႏွင့္သြားေစာင့္ေနရသည့္အျဖစ္ကိုျပန္ေတြးၾကည့္တိုင္းလက္ခံႏိုင္စရာတစ္ကြက္မွကိုမ႐ွိေပ။

'ဒီကေလး တစ္ကယ္႐ိုင္းတာပဲ !'

'အႀကီးတစ္ေယာက္ကသူ႕ေၾကာင့္နာရီဝက္ေလာက္ အျပင္မွာေစာင့္ေနလိုက္ရတာကို အားမနာတဲ့အျပင္မေတာင္းပန္ပဲေက်ာခိုင္းသြားတာ သူ႕ကိုသူ႕မိဘေတြကမဆုံးမထားဘူးလား ?
သူတစ္ပါးကိုအားနာတတ္ရေကာင္းမွန္းဒီကေလး မသိဘူးလား'

'မင္းခန္႔ထည္ဆိုတဲ့ငါ့ကိုေတာ့ ဒီလိုအေၾကာႀကီးနဲ႔ေတာ့
လာေၾကာလို႔မရဘူး ေသာက္first yearေလး'

မင္းခန္႔ထည္အခန္းထဲဝင္သြားေတာ့ ခုတင္ႏွစ္ခုၾကားမွာ႐ွိတဲ့စားပြဲခုံေလးေပၚသို႔ လြယ္အိတ္ထဲကစာအုပ္ေလးေတြကိုထုတ္ကာတင္ေနပါေသာ ယဥ္ေက်းမႈမ႐ွိတဲ့႐ွည္သြယ္သြယ္ေကာင္ေလးကိုမ်က္လုံးေထာင့္ကေနျမင္လိုက္ရေလသည္။

ထိုအျဖစ္ကိုျပန္ေတြးေလေလေဒါသထြက္လာေလေလျဖစ္လာတာေၾကာင့္ မင္းခန္႔ထည္တစ္ေယာက္စိတ္မ႐ွည္စြာစုတ္သတ္လိုက္ကာ ထိုေကာင္ေလးဘက္သို႔လွည့္ၾကည့္လိုက္ၿပီးအသံမာမာနဲ႔ေမးလိုက္ေလသည္။

"မင္း ေတာင္းပန္ရေကာင္းမွန္းမသိဘူးလား"

သူ၏အၾကည္္႕ေတြကအင္မတန္မွစူး႐ွခက္ထန္ေနခဲ့ေပမယ့္ ကံမေကာင္းစြာပင္ ထိုေကာင္ေလးကေခါင္းငုံ႔ထားတာေၾကာင့္ထိုအၾကည့္ေတြကိုမျမင္လိုက္ရေပ။

မင္းခန္႔ထည္ရဲ႕ေဒါသသံကိုၾကားေတာ့႐ိႈင္းေဇယံ၏လုပ္လက္စအလုပ္ေလးမွာရပ္တန္႔သြားရေတာ့သည္။

တစ္စကၠန္႔ ...

ႏွစ္စကၠန္႔....

သုံးစကၠန္႔ ....ေလာက္ၾကာေတာ့မွ
အသံတိုးတိုးေလးတစ္ခုထြက္လာ၏။

"Sorry..."

႐ိႈင္းေဇယံအသံကပုံမွန္ဆန္ကာဝတ္ေက်တန္းေက်သေဘာသက္ေရာက္ေနတာေၾကာင့္မင္းခန္႔ထည္ရဲ႕ႏွဖူးေၾကာတို႔မွာေထာင္ထလာရေတာ့သည္။ မင္းခန္႔ထည္ကဟက္ခနဲတစ္ခ်က္ရယ္လိုက္ၿပီးေနာက္ ထိုေကာင္ေလးကိုအခ်ိန္တစ္ခုၾကာတဲ့အထိစိုက္ၾကည့္ေပးလိုက္ေလ၏။

သူဆိုတဲ့ေကာင္ကသူ႕ရဲ႕ေမဂ်ာမွာဆိုသြားမစသင့္တဲ့လူစာရင္းရဲ႕ထိပ္ဆုံးေနရာ၌ျဖစ္တာေၾကာင့္သူ႕အားပမာမခန္႔လုပ္ရဲတဲ့လူဆိုတာေတာ္ေတာ္ကို႐ွားေလသည္။
သူ႕ေမဂ်ာကိုေရာက္လာသမွ်First yearေတြဆို သူ႕အားဒီလိုမ်ိဳးဆက္ဆံရဲဖို႔ေနေနသာသာ သူနဲ႔အၾကည့္ခ်င္းေတာင္မဆုံရဲေပ။

အခုသူ႕မ်က္စိေ႐ွ႕ကဒီကေလးရဲ႕အမွားလုပ္ၿပီးေက်ေက်လည္လည္မေတာင္းပန္တတ္တဲ့စ႐ိုက္က သူ၏မာနကိုလာေရာက္ထိပါးသကဲ့သို႔ခံစားရတာေၾကာင့္ သူအင္မတန္ေဒါသထြက္လာရေလသည္။

'ဘာ sorryတဲ့  ..ေကာင္းေရာ အႀကီးကိုေတာင္းပန္ခ်က္ကကမ္းကုန္တယ္
အရမ္းယဥ္ေက်းတာပဲ ေသာက္ First yearရယ္'

'ငါ့majorကဆိုရင္ေတာ့ နားရင္းအုပ္လိုက္ၿပီ'

မင္းခန္႔ထည္ တစ္ေယာက္တည္းစိတ္ဆိုးမာန္ဆိုးႏွင့္ပြားေနခ်ိန္တြင္ ႐ိႈင္းေဇယံမွာမူ သူ႕စာအုပ္ေတြကိုလြယ္အိတ္ထဲကေနအကုန္အစင္ထုတ္ၿပီး၍ စားပြဲေပၚ၌စီစီရီရီတင္ထားၿပီးၿပီျဖစ္သည္။

ေနာက္ဆုံးေတာ့ထိုေကာင္ေလးအား ေဒါသအိုးမင္းခန္႔ထည္ကပဲ လက္ဖ်ားခါကာအေလွ်ာ့ေပးလိုက္ရေလသည္။
ေျပာေနရင္လည္းထူးေတာ့မွာမဟုတ္ဘူးေလ ဟိုကျဖင့္နား႐ြက္ခတ္မည့္ပုံမေပၚ။

အေခ်ခံလိုက္ရတဲ့မင္းခန္႔ထည္ကသူ႕စာအုပ္ေတြကိုစားပြဲေပၚသို႔ေဆာင့္တင္လိုက္ၿပီးေနာက္ ထိုေကာင္ေလးကိုလ်စ္လ်ဴ႐ႈလိုက္ကာေရခ်ိဳးေဆာင္ဘက္သို႔ဦးတည္ထြက္လာလိုက္ေတာ့သည္။

"တကယ္ဘာေလးမွန္းကိုမသိဘူး"

မင္းခန္႔ထည္တစ္ေယာက္ ေရခ်ိဳးေနရင္းနဲ႔လည္းအဖိုးႀကီးသဖြယ္ပြားေနမိေလ၏။

သူအခန္းသို႔ျပန္ေရာက္လာခ်ိန္မွာေတာ့ ထိုေကာင္ေလးက ညာဘက္ျခမ္းကခုတင္ေပၚမွာေခြေခြေလး အိပ္ေပ်ာ္ေနၿပီျဖစ္ကာ
မင္းခန္႔ထည္က ထိုေကာင္ေလးကိုမ်က္လုံးေထာင့္ကေနလွမ္းၾကည့္လိုက္ရင္း စိတ္ပ်က္စြာေခါင္းသာခါမိလိုက္ေလသည္။

================================

မနက္ မင္းခန္႔ထည္ႏိုးလာေတာ့ အခန္းထဲတြင္သူ၏ခ်စ္လွစြာေသာအခန္းေဖာ္ေလးမ႐ွိေတာ့ေပ။ First yearေတြကစီနီယာႀကီးေတြထက္အတန္းေစာတက္ရကာ ေမဂ်ာမခြဲေသးသေ႐ြ႕အခ်ိန္ဇယားေတြကၾကပ္ပိတ္သိပ္ေနမည္မွာဧကန္ပင္။

သူ ဖုန္းကနာရီကိုမ်က္လုံးေမွးရင္းၾကည့္လိုက္ေတာ့ မနက္၉နာရီေက်ာ္ေနၿပီျဖစ္ရာ ေနာက္က်ေနၿပီမို႔ ကမန္းကတန္းျပင္ဆင္လိုက္ၿပီး ေက်ာင္းသို႔ထြက္ခဲ့ရျပန္သည္။
ေက်ာင္းေ႐ွ႕ေရပန္းနားေရာက္ေတာ့ အျဖဴအျပာဝတ္စုံေလးနဲ႔ေၾကာ႐ွင္းလွပလွသည့္သူ၏ေကာင္မေလးကသူ႕အားေစာင့္ဆိုင္းေနသည္ကိုေတြ႕လိုက္ရသည္။

ျဖဴစင္ေသာ္က သူမ၏မွင္နက္ေရာင္ဆံဖ်ားေလးေတြထက္ျဖတ္တိုက္လာတဲ့ေဆာင္းေလညႇင္းေလးေတြကိုမ်က္စိမွိတ္ကာေခါင္းေမာ့လ်က္နမ္း႐ိႈက္ေနရင္း ေနေရာင္ေအာက္မွာရပ္ေနတဲ့သူမ၏ပုံရိပ္ကေလးဟာဆိုရင္ ႐ွင္းသန္႔စင္ၾကယ္တဲ့အလွတရားတို႔ကိန္းဝပ္ေနကာ ျမင္ရသူတိုင္းရဲ႕ႏွလုံးသားတို႔ကိုတဒုတ္ဒုတ္ျမည္လာတဲ့အထိခုန္လွပ္သြားေစႏိုင္သည္။

ထိုေနရာကေနျဖတ္သြားတဲ့ေက်ာင္းသားေတြအမ်ားစုက ေတာက္ပစူး႐ွတဲ့မ်က္ဝန္းေတြနဲ႔သူမေလးအား သမင္လည္ျပန္ေငးၾကည့္သြားတတ္ၾကတဲ့ထိုျမင္ကြင္းကိုအေဝးတစ္ေနရာကေနလွမ္းျမင္ေနရတဲ့မင္းခန္႔ထည္ရဲ႕မ်က္ႏွာဟာ ေရေသအလားတည္ၿငိမ္ၿမဲတည္ၿငိမ္ေနခဲ့ကာ သူ၏မ်က္ဝန္းအေရာင္ကမူ အေ႐ွ႕ကေက်ာင္းသားေတြေလာက္ေတာင္ေတာက္ပျခင္းတို႔႐ွိမေနခဲ့ေပ။

ျဖဴစင္ေသာ္ကသူမနဲ႔တျဖည္းျဖည္းနီးကပ္လာတဲ့ ခန္႔ညားေခ်ာေမာလြန္းသည့္ပုံရိပ္ေလးကို ခ်ိဳၿမိန္မႈတို႔ေပ်ာ္ဝင္ေနတဲ့မ်က္ဝန္းေတြနဲ႔ေငးၾကည့္လိုက္ရင္း ႏူးညံ့တိုးဖ်စြာၿငီးတြားလိုက္သည္။

"ေမာင္ရယ္ ၾကာလိုက္တာ.."

"sorry ကိုယ္ဒီေန႔ႏိုးတာေနာက္က်သြားလို႔"

"ရပါတယ္ သြားရေအာင္ေလ"

ထုံးစံအတိုင္းသူမက မင္းခန္႔ထည္လက္ကေလးကိုခ်ိတ္ကာ lobbyသို႔အတူတူတက္သြားၾကေလသည္။

lobbyေပၚသို႔ေရာက္ေသာအခါ မင္းခန္႔ထည္သည္ ညာဘက္ေလွကားဘက္ကေနခပ္ျမန္ျမန္တက္လာၿပီး သုံးထပ္ေဆာင္ေပၚသို႔ခပ္သုတ္သုတ္ေျပးတက္သြားေသာပုံရိပ္ေလးတစ္ရိပ္ကိုသူ၏မ်က္ဝန္းေတြကေနတဆင့္ျဖတ္ခနဲဖမ္းမိလိုက္ေခ်၏။

ဘာေၾကာင့္မွန္းမသိ ထိုေကာင္ေလးရဲ႕ေသးငယ္ေသာေက်ာျပင္ေလးေပ်ာက္ကြယ္သြားတဲ့အထိ သူေငးၾကည့္ေနမိကာ သူ၏အၾကည့္အတိုင္းျဖဴစင္ေသာ္ကၾကည့္လိုက္ရင္းေမးလာခဲ့သည္။

"ေမာင္ ဘာေတြေငးေနတာလဲ"

ျဖဴစင္ေသာ္ရဲ႕အသံၾကားေတာ့မွ သူ၏အၾကည့္တို႔ကရပ္တန္႔သြားရကာ ေခ်ာင္းဟန္႔လိုက္၍အၾကည့္လႊဲလိုက္ေတာ့သည္။

"ကို႔ကိုေသာက္အေကာင္းေပးတဲ့ဟာေလးကို ေခ်ာင္း႐ိုက္မလို႔ ေနာက္ေက်ာကၾကည့္ရင္ေတာင္မွတ္မိေအာင္လို႔ ၾကည့္ေနတာ"

"ဘယ္သူလဲ?"

"႐ွိတယ္ အဲ့လိုဟာေလးေတြ"

မင္းခန္႔ထည္ကခပ္ေပါ့ေပါ့ပဲေျဖလိုက္ကာသူ႕ရဲ႕မ်က္ဝန္းေတြထဲမွာ ပ်င္းရိၿငီးေငြ႕ၿပီးအေလးအနက္မထားတဲ့အေငြ႕အသက္တို႔ကိုျမင္ေနရတာေၾကာင့္ျဖဴစင္ေသာ္လည္းထိုအေၾကာင္းနဲ႔ပက္သတ္ၿပီးဆက္ေမးမလာေတာ့ေပ။

ထိုစဥ္ သူတို႔နဲ႔မလွမ္းမကမ္းေနရာကေနေခၚသံတစ္သံထြက္လာေလသည္။

"မင္းခန္႔!"

ေခၚသံေၾကာင့္သူလွည့္ၾကည့္လိုက္ေတာ့ ခပ္လွမ္းလွမ္းတစ္ေနရာ၌ရပ္ေနကာသူတို႔ဘက္သို႔စူးစိုက္ၾကည့္ေနေသာ သူ၏သူငယ္ခ်င္းမင္းစက္ဆိုသူကိုေတြ႕လိုက္ရတာေၾကာင့္ထိုေနရာသို႔ေလွ်ာက္သြားလိုက္ရင္းေမးဆတ္ျပလိုက္သည္။

"ေျပာ ဘာျဖစ္လို႔လဲ"

"ဆရာကေခၚခိုင္းလိုက္တယ္ First yearေတြကို ၾကက္ေျခနီအသင္းထဲဝင္ေအာင္မဲသြားဆြယ္မလို႔ အဲ့တာမင္းပါလိုက္ခဲ့ရမယ္တဲ့"

"Okေလ "

မင္းခန္႔ထည္ကသေဘာတူလိုက္ၿပီးေနာက္ျဖဴစင္ေသာ္ဘက္ကိုျပန္လွည့္ၾကည့္လိုက္ကာ

"ေမာင္သြားလိုက္ဦးမယ္ေနာ္ ျဖဴ" ဟု အေဝးတစ္ေနရာကေန လွမ္းေျပာလိုက္ေလေသာ္ျဖဴစင္ေသာ္ကလည္းေခါင္းၿငိမ့္ျပလာေလသည္။

"အင္း သြားေလ"

ထို႔ေနာက္မင္းခန္႔ထည္လည္း မင္းစက္နဲ႔အတူ First yearေတြ႐ွိရာသုံးထပ္ေဆာင္အေပၚဆုံးထပ္ဆီသို႔ထြက္လာလိုက္ေတာ့သည္။

================================

"ဆရာမ ခနေလာက္အခ်ိန္ေပးလို႔ရမလား"

စတုတၳေျမာက္Compoundခန္းထဲသို႔ၾကက္ေျခနီဝတ္စုံႏွင့္အသက္၃၀ေက်ာ္အ႐ြယ္႐ွိႏုပ်ိဳသစ္လြင္တဲ့ဆရာတစ္ေယာက္ကဝင္လာရင္းခြင့္ေတာင္းလာခဲ့ေလေသာ္ Chemistry တီခ်ယ္ကလဲအျပဳံးေလးနဲ႔အတူေအးေဆးစြာျပန္ေျဖလာခဲ့သည္။

"ဟုတ္ ရပါတယ္ဆရာ"

ၾကက္ေျခနီဝတ္စုံကိုက်က်နနဝတ္ဆင္ထားသည့္ခႏၶာကိုယ္ခပ္ေတာင့္ေတာင့္နဲ႔ဆရာက စတိတ္စင္ေပၚတြင္ရပ္လိုက္ကာ ေက်ာင္းသားေတြကိုေဖာ္ေ႐ြစြာျပဳံးျပလ်က္ႏႈတ္ဆက္လာေလသည္။

"မဂၤလာပါ ကေလးတို႔"

"မဂၤလာပါ...."

"ဆရာက အခုလက္႐ွိၾကက္ေျခနီအသင္းရဲ႕ဥကၠဌပါ

ဆရာတို႔အင္ဂ်င္နီယာေတြဆိုတာထိခိုက္မႈေတြနဲ႔အၿမဲၾကဳံေတြ႕ရတတ္တယ္...

အမွန္တကယ္ၾကဳံခဲ့ရရင္လည္း သားတို႔သမီးတို႔အေနနဲ႔ ကိုယ့္ကိုယ္ကိုေရာ တပါးသူေတြကိုပါSafeျဖစ္ေအာင္ အေရးေပၚလုပ္ေဆာင္တတ္ဖို႔လိုအပ္တယ္

အဲ့အတြက္ဆရာတို႔ရဲ႕ၾကက္ေျခနီအသင္းေလးမွာဝင္ေရာက္သင္ၾကားေပးဖို႔ ဆရာအၾကံေပးခ်င္ပါတယ္ ဖိတ္လဲဖိတ္ေခၚပါတယ္
တကယ္လို႔စိတ္ပါဝင္စားၿပီးအဖြဲ႕ထဲဝင္ခ်င္တယ္ဆိုရင္ ဆရာ့တပည့္တစ္ေယာက္ရဲ႕ph no.ေလး White Boardေပၚမွာေရးေပးခဲ့ပါမယ္

အဲ့ph no. ပိုင္႐ွင္ဆီမွာphဆက္ၿပီးစာရင္းေပးလို႔ရပါတယ္ေနာ္ ဟုတ္ၿပီလား? "

"ဟုတ္ကဲ့ပါ~~~"

ဆရာကထိုသို႔ေျပာၾကားလာၿပီးတဲ့ေနာက္အတန္းထဲသို႔မင္းခန္႔ထည္ဆိုတဲ့ First yearေတြၾကားမွာနာမည္ႀကီးေနတဲ့ အေခ်ာဆင္ႀကီးကေလွ်ာက္ဝင္လာတာနဲ႔တစ္ၿပိဳင္နက္ တစ္ခန္းလုံးပြက္ပြက္ညံေအာင္ဆူညံသြားၾကေလ၏။
အထူးသျဖင့္ အခန္းထဲကမိန္းကေလးေတြေပါ့။

ဒီေန႔မွပဲကမန္းကတန္းျပင္ဆင္ခဲ့ရေပလို႔ပဲ မင္းခန္႔ထည္တစ္ေယာက္ မေန႔ကထက္အဆေပါင္းမ်ားစြာသန္႔ျပန္႔ေနကာအလြန္ၾကည့္ေကာင္းေနေပ၏။

႐ွပ္အက်ႌအျဖဴလက္႐ွည္ကို လက္တံေတာင္ဆစ္အထိေခါက္တင္ထားကာ Markerကိုင္ထားတဲ့ လက္ေမာင္းသားေဖြးေဖြးေပၚ၌ေသြးေၾကာစိမ္းစိမ္းေတြထင္းေနသည္မွာသန္မာခန္႔ညားတဲ့အသြင္တစ္ခုကိုထင္ဟပ္ေနၿပီး မ်က္ႏွာေမး႐ိုးက်ဆင္းပုံကလည္းေယာက်ာ္းပီသသည့္အ႐ွိန္အဝါတစ္ခုနဲ႔အတူေခ်ာေမာေျပျပစ္လွ၏။

ႏွာတံေလးမွာလည္းေျဖာင့္စင္းသြယ္တန္းေနကာ ပါးလႊာေသာႏႈတ္ခမ္းပါးပါးေလးေတြက သူျပဳံးလိုက္လွ်င္ကႀကီးပုံေရးေရးေလးေကြးေန႐ွာသည္။

ေအာက္ႏႈတ္ခမ္းေလးကေတာ့အနည္းငယ္ထူထဲလို႔ေနကာ မ်က္ဆံေလးမ်ားမွာမူ အဆုံးမ႐ွိစြာနက္ေမွာင္ေတာက္ပလို႔ေန၍ မ်က္ဝန္းအၾကည့္တို႔က ေအးစက္စက္အေငြ႕အသက္တို႔နဲ႔အတူ ႏူးညံ့တဲ့အေငြ႕အသက္တို႔ကပါေပါင္းစပ္ေရာယွက္ေနတာေၾကာင့္နက္႐ိႈင္းစူး႐ွလွ၏။

မ်က္ခုံးတန္းေလး၂ဖက္မွာေတာ့ တန္းတန္းေလးႏွင့္ မီးခိုးေရာင္ေလး ထင္းေနကာ
ဆံပင္မ်ားမွာနက္ေမွာင္ထူထဲေနၿပီး မနက္ကေနာက္က်တာေၾကာင့္ ေသေသခ်ာခ်ာမၿဖီးသင္ထားတဲ့ဆံသားတို႔က ႏွဖူးေပၚသို႔တစ္မွ်င္စႏွစ္မွ်င္စဝဲဝဲေလးက်ဆင္းေနပုံမွာ ေအးစက္စက္ႏိုင္သလိုႏူးညံ့ၾကင္နာတဲ့အေငြ႕အသက္တခ်ိဳ႕တို႔သည္လည္း ထိုလူသားဆီ၌အႂကြင္းမဲ့ကိန္းေအာင္းလို႔ေနေပသည္။

ထိုလူသားရဲ႕အၾကည့္တစ္ခ်က္နဲ႔ဆုံလိုက္ရတဲ့အခါတိုင္း ေဆာင္းရာသီရဲ႕ေနမင္းေလးလိုမ်ိဳးေႏြးေထြးလုံျခဳံေသာခံစားခ်က္တို႔ကိုခံစားရသလို ေႏြဦးေလေျပေလးထဲမွာပ်ံသန္းေမ်ာလြင့္ေနပါတဲ့ေရာင္စုံလိပ္ျပာေလးေတြကဲ့သို႔ ရင္ဖိုစရာေကာင္းလွသည့္ခံစားခ်က္တို႔ကိုလည္းခံစားရေစသည္။

မင္းခန္႔ထည္
III MC 4
09 96-------------

White boardေ႐ွ႕မွာ မင္းခန္႔ထည္စာေရးေနစဥ္ အတန္းထဲ႐ွိ မိန္းကေလးမ်ားမွာ အသက္႐ႈဖို႔ပင္ေမ့ေလ်ာ့ေနၾကေလသည္။
မင္းခန္႔ထည္ကမွင္ေသေသမ်က္ႏွာထားနဲ႔စင္ေပၚ၌စာတက္ေရးၿပီးေနာက္ စင္ေအာက္သို႔အၾကည့္ေလးတစ္ခ်က္ေတာင္မစြန္႔ႀကဲဘဲအတန္းထဲကေနအျမန္ထြက္သြားေတာ့ေလသည္။

"ၾကက္ေျခနီ အဖြဲ႕ထဲဝင္မယ္ဆိုရင္ ဒီအစ္ကိုႀကီးကို phဆက္လိုက္ပါေနာ္"

"ဟုတ္ကဲ့ပါ ဆရာ"

တစ္တန္းလုံးအသံၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ထြက္လာၾကကာမိန္းကေလးေတြအသံကအမ်ားဆုံးပင္။
အထာသိေနၿပီျဖစ္တဲ့ၾကက္ေျခနီအသင္းကဆရာဟာေနာက္ဆုံးမွာၾကားၿပီးတဲ့ေနာက္ အျပဳံးႀကီးျပဳံးလ်က္ဝံ့ႂကြားမႈအျပည့္နဲ႔ေလွ်ာက္ထြက္သြားေတာ့ေလသည္။

ဒီႏွစ္လည္းၾကက္ေျခနီ Clubကတျခား Clubေတြထက္လူမ်ားဦးမွာေသခ်ာသေလာက္ပင္။

"III MC ဆိုေတာ့ MECHATRONICS ကေပါ့"
ဆိုတဲ့ အသံလိႈင္းေလးတစ္လိႈင္းျဖတ္သန္းကူးခတ္သြားသည္ကိုေတာ့ ဘယ္သူကမွသတိမထားမိလိုက္ၾကေပ။

************************************

Continue Reading

You'll Also Like

440K 16.4K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
97.6K 8.5K 57
ဒီဘဝတွင်တော့ သန့်မင်းဉာဏ်မှလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ပါ... (ကောင်းသုတကျော်) ဒီဘဝတြင္ေတာ့ သန့္မင္းဉာဏ္မွလြဲၿပီး ဘယ္သူ႕ကိုမွ မခ်စ္နိုင္ပါ... (ေကာင္...
1.2M 64.2K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
79.7K 6.7K 35
မင်းကို​ပြောပြချင်တဲ့အ​ကြောင်းအရာ​တွေအတွက်အခွင့်ရှိနိုင်ပါ့မလား....