With Zawgyi....
Jung Kookထိုင္းကေနseoulကိုျပန္ေရာက္ေနတာ1လခန္႔႐ွိၿပီ....။ လုပ္ငန္းကလည္းအခုမွအသစ္စတယ္ဆိုေပမယ့္ထင္ထားသည္ထက္ပိုၿပီးေအာင္ျမင္သည္ဆိုရမည္....။
ဦးေလးၾကည့္ေနရဲ႕လား...သားအရမ္းကိုေအာင္ျမင္ေနၿပီ....။
ဦးေလးမႀကိဳက္တဲ့အလုပ္ေတြလုပ္မိတာကိုေတာ့သားကိုခြင့္လႊတ္ေပးပါ....။
ဒီေန႔႐ွယ္ယာဝင္လုပ္ငန္း႐ွင္ေတြနဲ႔ေတြ႔ဆံုၿပီးေနာက္သူတို႔ကိုယ္တိုင္ကလည္းလူငယ္ေတြျဖစ္တာနဲ႔အညီClubတစ္ခု၏barမွာေထြရာေလးပါးေျပာရင္းအတူထိုင္မိၾကသည္....။
ခြမ္း!!
"ေဟ့ေကာင္မင္းဘယ္လိုလုပ္လိုက္တာလဲ...ေသခ်င္ေနၿပီနဲ႔တူတယ္.."
ဝိုင္တစ္ခြက္ကိုအရသာခံေသာက္ေနရင္းဆူညံေနတဲ့အသံေတြေၾကာင့္Jung Kookၾကည့္လိုက္ေတာ့ဘားက စားပြဲထိုးတစ္ေယာက္ကမေတာ္တဆခလုပ္တိုက္ေခ်ာ္လဲၿပီးဝိုင္ခြက္ကြဲသြားတာထင္တယ္....။
ကံမေကာင္းခ်င္ေတာ့ဝိုင္ေတြကစင္ထြက္ၿပီးလူယုတ္မာမ်က္ႏွာနဲ႔လူတစ္ေယာက္ရဲ့ေျခေထာက္ေတြကိုသြားစိုျခင္း....။
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္..."
မသိခ်င္ေယာင္ေဆာင္ၿပီးတစ္ဖက္ျပန္လွည့္ေနလိုက္တဲ့Jung Kookေခါင္းေထာင္လာခဲ့သည္....။
ဒီအသံ....။ ႏွလံုးသားထဲမွာသံမိႈနဲ႔႐ိုက္ထားသလိုစြဲေနတဲ့ဒီအသံ....။
"ေတာင္းပန္ရံုနဲ႔ၿပီးသြားေရာလား....ငါ့ဖိနပ္ကဘယ္ေလာက္တန္တယ္ထင္လို႔လဲဟမ္...
"ကြၽန္ေတာ္ျပန္ေလ်ာ္ေပးပါ့မယ္..."
"မင္းကမ်ား...မင္းပံုစံနဲ႔ေလ်ာ္ႏိုင္လို႔လား..ဒါကlimited edition.."
Jung Kookထိုႏွစ္ေယာက္ကိုသိခ်င္စိတ္ျပင္းျပစြာလွည့္ၾကည့္ေနမိသည္....။
ထိုစားပြဲထိုးကသူ႔ဘက္ကိုေက်ာခိုင္းထားတာေရာလူေတြအံုေနတာေရာပါေပါင္းျပီးမ်က္ႏွာကိုမျမင္ရ...။
"ကြၽန္ေတာ္မလုပ္ႏိုင္ဘူး...."
ထိုလူႀကီးက၀ိုင္မ်ားေပသြားသည့္သူ႔ဖိနပ္ကိုသုတ္ေပးဖို႔ေျပာေနသည္ကိုထိုေကာင္ေလးကျငင္းလိုက္ျခင္း....။
"ဘာ...ေဟ့ေကာင္မင္းဘာစကားေျပာတာလဲ..."
"ဒါကြၽန္ေတာ္တမင္လုပ္တာလည္းမဟုတ္ဘူး...ေတာင္းလည္းေတာင္းပန္ၿပီးၿပီ...ခင္ဗ်ားရဲ႕ရြံစရာေကာင္းတဲ့ေျခေထာက္မွာစီးထားတဲ့အဲဒီဖိနပ္အတုကိုကြၽန္ေတာ္လက္နဲ႔ဘာအေၾကာင္းနဲ႔မွထိစရာမလိုဘူး..."
"ဘာ...မင္း...မင္း..."
မထင္မွတ္ထားတဲ့စကားေတြၾကားလိုက္ရတာမို႔ေဒါသငယ္ထိပ္ေရာက္သြားသည့္ထိုလူႀကီးကေကာင္ေလးကိုလက္နဲ႔လႊဲ႐ိုက္ဖို႔ဟန္ျပင္လိုက္တာမို႔ေကာင္ေလးတစ္ခ်က္တုန္သြားကာမ်က္လံုးကိုစံုမွိတ္ထားလိုက္မိသည္....။
1sec, 2sec, 3sec
"မင္းကေရာဘာေကာင္လဲ..."
မ်က္ႏွာေပၚမေရာက္လာတဲ့႐ိုက္ခ်က္နဲ႔အတူထိုလူႀကီးထံမွထြက္လာတဲ့စကားသံေၾကာင့္သိခ်င္စိတ္နဲ႔အတူမွိတ္ထားေသာမ်က္လံုးအစံုကိုဖြင့္ၾကည့္လိုက္မိသည္....။
႐ိုက္ေတာ့မည္ဟန္ျပင္ေနတဲ့လက္ေကာက္၀တ္ကိုဖမ္းဆုပ္ကိုင္ထားၿပီးမိမိကိုစူးရဲစြာၾကည့္ေနသည့္၀ိုင္းစက္ေနတဲ့မ်က္၀န္းတစ္စံု......
ေကာင္ေလး၏တုန္ယင္ေနသည့္ႏႈတ္ခမ္းပါးအစံုမွစကားတစ္ခြန္းကတိုးညႇင္းစြာထြက္ေပၚလာေလသည္.....။
"Jeon Jung Kook...."
__________သခင္___________
"ငါ့လက္ကိုလႊတ္...."
ကားပါကင္ထဲတြင္႐ုန္းရင္းဆန္ခတ္ျဖစ္ေနၾကသည့္ေကာင္ေလးႏွစ္ဦး....။
အေ႐ွ႕မွလက္ဆြဲ၍ေခၚသြားသည့္ေကာင္ေလးေနာက္သို႔မလိုက္၍အတင္း႐ုန္းေနေသာေကာင္ေလး....။
"တက္...ကားေပၚကို..."
ကားတစ္စီးအေ႐ွ႕အေရာက္မွာလက္ကိုလႊတ္လိုက္ၿပီးကားထဲ၀င္ဖို႔ေျပာလိုက္ေသာသူ....။
"ဒါငါ့အလုပ္ခ်ိန္Jeon Jung Kook ..."
"မွတ္မိသားပဲ...."
လာရာလမ္းအတိုင္းျပန္လွည့္ဖို႔ျပင္ေနသည့္ေျခလွမ္းေတြရပ္တန္႔သြားသည္....။
"ခင္ဗ်ားက်ဳပ္ကိုမွတ္မိသားပဲ....က်ဳပ္ကခင္ဗ်ားေမ့သြားၿပီလို႔ေတာင္ထင္ေနတာ...ခင္ဗ်ားကဘာကိုမွအေလးအနက္မထားတတ္တဲ့လူတစ္ေယာက္ဆိုေတာ့..."
တုန္လႈပ္ေနသည့္စိတ္အစဥ္ကိုထိန္းဖို႔ရာလက္သီးကိုတင္းတင္းဆုပ္မ်က္စိစံုမွိတ္သက္ျပင္းခပ္ဖြဖြခ်ကာေျခလွမ္းေတြကိုေ႐ွ႕ဆက္လိုက္သည္....။
"KIM TAE HYUNG!!! ခင္ဗ်ားက်ဳပ္ကိုဘာစကားမွေျပာစရာမ႐ွိဘူးလား....ေစာနကခင္ဗ်ားကိုကယ္ခဲ့တဲ့အတြက္ေက်းဇူးတင္စကား....လြန္ခဲ့တဲ့ႏွစ္ႏွစ္ကခင္ဗ်ားရဲ႕လုပ္ရပ္အတြက္ေတာင္းပန္စကားေတြ...ခင္ဗ်ားေျပာစမ္းပါ..."
"မင္းနဲ႔ငါနဲ႔ၾကားမွာဘာစကားမွေျပာစရာမ႐ွိဘူးJeon Jung Kook...."
အား.....Shit.....ထြက္သြားေသာသူ၏ေက်ာျပင္ကိုၾကည့္ရင္းေပါက္ကြဲထြက္လာသည့္ေဒါသေတြကိုေျခေထာက္ထဲစုထည့္ရင္းကားဘီးကိုသာလွိမ့္ကန္ပစ္လိုက္မိသည္....။
ခင္ဗ်ားကိုလက္စားေျခဖို႔ႏွစ္ႏွစ္လံုးလံုးတစ္စကၠန္႔မွမလပ္ေအာင္က်ဳပ္ႀကိဳးစားခဲ့တာ....
ခင္ဗ်ားရဲ႕နာမည္..ခင္ဗ်ားရဲ႕႐ုပ္..ခင္ဗ်ားရဲ႕အသံ...ေတြကိုက်ဳပ္စိတ္ထဲမွာသံမိႈစြဲသလိုမွတ္ထားရင္းခင္ဗ်ားဘ၀ကိုဖ်က္ဆီးပစ္ဖို႔က်ဳပ္ေႂကြးေၾကာ္ေနခဲ့တာ....
ခင္ဗ်ားကိုဟိုးေအာက္ဆံုးထိေရာက္ေအာင္က်ဳပ္ဆြဲခ်ဖို႔အရမ္းႀကိဳးစားခဲ့တာ....
ေရႊမင္းသားေလးျဖစ္တဲ့ခင္ဗ်ားကိုဖားတစ္ေကာင္ျဖစ္ေအာင္က်ဳပ္ကိုယ္တိုင္က်ိန္စာတိုက္ဖို႔ျပင္ဆင္ေနခဲ့တာ....
အခုေတာ့ဘာလဲ.....
ခင္ဗ်ားကိုဒီလိုပံုစံမ်ိုးနဲ႔ျပန္ေတြ႔ရမယ္လို႔က်ဳပ္စိတ္ကူးထဲေတာင္ထည့္မယဥ္ခဲ့မိဘူးKim Tae Hyung.....။
၀န္ခံပါတယ္...မထင္မွတ္ထားတဲ့ဒီအေျခအေနေတြမွာ...က်ဳပ္ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေတြျဖစ္သြားခဲ့တယ္ဆိုတာ...။
ဘာအေၾကာင္းျပခ်က္မွမ႐ွိဘဲခင္ဗ်ားကိုအဲဒီလူလက္ထဲကကယ္ခဲ့မိတယ္....။
ဒါေပမယ့္ခင္ဗ်ားသိလား...ခင္ဗ်ားရဲ႕ဘ၀ကေျပာင္းလဲသြားခဲ့ေပမယ့္...ခင္ဗ်ားရဲ႕ေခါင္ခိုက္ေနတဲ့မာနေတြကေတာ့အရင္အတိုင္းလံုး၀မေျပာင္းလဲေသးဘူးဆိုတာကို....။
စိတ္ခ်ပါ...အဲဒီမာနေတြကိုက်ဳပ္ကနင္းေျခဖ်က္ဆီးပစ္မွာမို႔လို႔...။
______________________________________________
ႏွစ္တစ္ေထာင္မဟုတ္ဘူးႏွစ္တစ္ေသာင္းupdate😂😂
updateလာေတာင္းတဲ့အခ်စ္ေလးေတြကိုခ်စ္လြန္းလို႔upေပးလိုက္တာ😘😘😘
ခုတေလာစာေရးဖို႔တကယ္အဆင္မေျပေနတာပါ အဲ့တာေၾကာင့္သနားေသာအားျဖင့္
ဖလိဘတ္ေလးေတြမ,စၾကပါလို႔😁
Special Thanks To My All Readers💜💜
With unicode.....
Jung Kookထိုင်းကနေseoulကိုပြန်ရောက်နေတာ1လခန့်ရှိပြီ....။ လုပ်ငန်းကလည်းအခုမှအသစ်စတယ်ဆိုပေမယ့်ထင်ထားသည်ထက်ပိုပြီးအောင်မြင်သည်ဆိုရမည်....။
ဦးလေးကြည့်နေရဲ့လား...သားအရမ်းကိုအောင်မြင်နေပြီ....။
ဦးလေးမကြိုက်တဲ့အလုပ်တွေလုပ်မိတာကိုတော့သားကိုခွင့်လွှတ်ပေးပါ....။
ဒီနေ့ရှယ်ယာဝင်လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီးနောက်သူတို့ကိုယ်တိုင်ကလည်းလူငယ်တွေဖြစ်တာနဲ့အညီClubတစ်ခု၏barမှာထွေရာလေးပါးပြောရင်းအတူထိုင်မိကြသည်....။
ခွမ်း!!
"ဟေ့ကောင်မင်းဘယ်လိုလုပ်လိုက်တာလဲ...သေချင်နေပြီနဲ့တူတယ်.."
ဝိုင်တစ်ခွက်ကိုအရသာခံသောက်နေရင်းဆူညံနေတဲ့အသံတွေကြောင့်Jung Kookကြည့်လိုက်တော့ဘားက စားပွဲထိုးတစ်ယောက်ကမတော်တဆခလုပ်တိုက်ချော်လဲပြီးဝိုင်ခွက်ကွဲသွားတာထင်တယ်....။
ကံမကောင်းချင်တော့ဝိုင်တွေကစင်ထွက်ပြီးလူယုတ်မာမျက်နှာနဲ့လူတစ်ယောက်ရဲ့ခြေထောက်တွေကိုသွားစိုခြင်း....။
"ကျွန်တော်တောင်းပန်ပါတယ်..."
မသိချင်ယောင်ဆောင်ပြီးတစ်ဖက်ပြန်လှည့်နေလိုက်တဲ့Jung Kookခေါင်းထောင်လာခဲ့သည်....။
ဒီအသံ....။ နှလုံးသားထဲမှာသံမှိုနဲ့ရိုက်ထားသလိုစွဲနေတဲ့ဒီအသံ....။
"တောင်းပန်ရုံနဲ့ပြီးသွားရောလား....ငါ့ဖိနပ်ကဘယ်လောက်တန်တယ်ထင်လို့လဲဟမ်...
"ကျွန်တော်ပြန်လျော်ပေးပါ့မယ်..."
"မင်းကများ...မင်းပုံစံနဲ့လျော်နိုင်လို့လား..ဒါကlimited edition.."
Jung Kookထိုနှစ်ယောက်ကိုသိချင်စိတ်ပြင်းပြစွာလှည့်ကြည့်နေမိသည်....။
ထိုစားပွဲထိုးကသူ့ဘက်ကိုကျောခိုင်းထားတာရောလူတွေအုံနေတာရောပါပေါင်းပြီးမျက်နှာကိုမမြင်ရ...။
"ကျွန်တော်မလုပ်နိုင်ဘူး...."
ထိုလူကြီးက၀ိုင်များပေသွားသည့်သူ့ဖိနပ်ကိုသုတ်ပေးဖို့ပြောနေသည်ကိုထိုကောင်လေးကငြင်းလိုက်ခြင်း....။
"ဘာ...ဟေ့ကောင်မင်းဘာစကားပြောတာလဲ..."
"ဒါကျွန်တော်တမင်လုပ်တာလည်းမဟုတ်ဘူး...တောင်းလည်းတောင်းပန်ပြီးပြီ...ခင်ဗျားရဲ့ရွံစရာကောင်းတဲ့ခြေထောက်မှာစီးထားတဲ့အဲဒီဖိနပ်အတုကိုကျွန်တော်လက်နဲ့ဘာအကြောင်းနဲ့မှထိစရာမလိုဘူး..."
"ဘာ...မင်း...မင်း..."
မထင်မှတ်ထားတဲ့စကားတွေကြားလိုက်ရတာမို့ဒေါသငယ်ထိပ်ရောက်သွားသည့်ထိုလူကြီးကကောင်လေးကိုလက်နဲ့လွှဲရိုက်ဖို့ဟန်ပြင်လိုက်တာမို့ကောင်လေးတစ်ချက်တုန်သွားကာမျက်လုံးကိုစုံမှိတ်ထားလိုက်မိသည်....။
1sec, 2sec, 3sec
"မင်းကရောဘာကောင်လဲ..."
မျက်နှာပေါ်မရောက်လာတဲ့ရိုက်ချက်နဲ့အတူထိုလူကြီးထံမှထွက်လာတဲ့စကားသံကြောင့်သိချင်စိတ်နဲ့အတူမှိတ်ထားသောမျက်လုံးအစုံကိုဖွင့်ကြည့်လိုက်မိသည်....။
ရိုက်တော့မည်ဟန်ပြင်နေတဲ့လက်ကောက်၀တ်ကိုဖမ်းဆုပ်ကိုင်ထားပြီးမိမိကိုစူးရဲစွာကြည့်နေသည့်၀ိုင်းစက်နေတဲ့မျက်၀န်းတစ်စုံ......
ကောင်လေး၏တုန်ယင်နေသည့်နှုတ်ခမ်းပါးအစုံမှစကားတစ်ခွန်းကတိုးညှင်းစွာထွက်ပေါ်လာလေသည်.....။
"Jeon Jung Kook...."
__________သခင်___________
"ငါ့လက်ကိုလွှတ်...."
ကားပါကင်ထဲတွင်ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည့်ကောင်လေးနှစ်ဦး....။
အရှေ့မှလက်ဆွဲ၍ခေါ်သွားသည့်ကောင်လေးနောက်သို့မလိုက်၍အတင်းရုန်းနေသောကောင်လေး....။
"တက်...ကားပေါ်ကို..."
ကားတစ်စီးအရှေ့အရောက်မှာလက်ကိုလွှတ်လိုက်ပြီးကားထဲ၀င်ဖို့ပြောလိုက်သောသူ....။
"ဒါငါ့အလုပ်ချိန်Jeon Jung Kook ..."
"မှတ်မိသားပဲ...."
လာရာလမ်းအတိုင်းပြန်လှည့်ဖို့ပြင်နေသည့်ခြေလှမ်းတွေရပ်တန့်သွားသည်....။
"ခင်ဗျားကျုပ်ကိုမှတ်မိသားပဲ....ကျုပ်ကခင်ဗျားမေ့သွားပြီလို့တောင်ထင်နေတာ...ခင်ဗျားကဘာကိုမှအလေးအနက်မထားတတ်တဲ့လူတစ်ယောက်ဆိုတော့..."
တုန်လှုပ်နေသည့်စိတ်အစဉ်ကိုထိန်းဖို့ရာလက်သီးကိုတင်းတင်းဆုပ်မျက်စိစုံမှိတ်သက်ပြင်းခပ်ဖွဖွချကာခြေလှမ်းတွေကိုရှေ့ဆက်လိုက်သည်....။
"KIM TAE HYUNG!!! ခင်ဗျားကျုပ်ကိုဘာစကားမှပြောစရာမရှိဘူးလား....စောနကခင်ဗျားကိုကယ်ခဲ့တဲ့အတွက်ကျေးဇူးတင်စကား....လွန်ခဲ့တဲ့နှစ်နှစ်ကခင်ဗျားရဲ့လုပ်ရပ်အတွက်တောင်းပန်စကားတွေ...ခင်ဗျားပြောစမ်းပါ..."
"မင်းနဲ့ငါနဲ့ကြားမှာဘာစကားမှပြောစရာမရှိဘူးJeon Jung Kook...."
အား.....Shit.....ထွက်သွားသောသူ၏ကျောပြင်ကိုကြည့်ရင်းပေါက်ကွဲထွက်လာသည့်ဒေါသတွေကိုခြေထောက်ထဲစုထည့်ရင်းကားဘီးကိုသာလှိမ့်ကန်ပစ်လိုက်မိသည်....။
ခင်ဗျားကိုလက်စားခြေဖို့နှစ်နှစ်လုံးလုံးတစ်စက္ကန့်မှမလပ်အောင်ကျုပ်ကြိုးစားခဲ့တာ....
ခင်ဗျားရဲ့နာမည်..ခင်ဗျားရဲ့ရုပ်..ခင်ဗျားရဲ့အသံ...တွေကိုကျုပ်စိတ်ထဲမှာသံမှိုစွဲသလိုမှတ်ထားရင်းခင်ဗျားဘ၀ကိုဖျက်ဆီးပစ်ဖို့ကျုပ်ကြွေးကြော်နေခဲ့တာ....
ခင်ဗျားကိုဟိုးအောက်ဆုံးထိရောက်အောင်ကျုပ်ဆွဲချဖို့အရမ်းကြိုးစားခဲ့တာ....
ရွှေမင်းသားလေးဖြစ်တဲ့ခင်ဗျားကိုဖားတစ်ကောင်ဖြစ်အောင်ကျုပ်ကိုယ်တိုင်ကျိန်စာတိုက်ဖို့ပြင်ဆင်နေခဲ့တာ....
အခုတော့ဘာလဲ.....
ခင်ဗျားကိုဒီလိုပုံစံမျိုးနဲ့ပြန်တွေ့ရမယ်လို့ကျုပ်စိတ်ကူးထဲတောင်ထည့်မယဉ်ခဲ့မိဘူးKim Tae Hyung.....။
၀န်ခံပါတယ်...မထင်မှတ်ထားတဲ့ဒီအခြေအနေတွေမှာ...ကျုပ်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတွေဖြစ်သွားခဲ့တယ်ဆိုတာ...။
ဘာအကြောင်းပြချက်မှမရှိဘဲခင်ဗျားကိုအဲဒီလူလက်ထဲကကယ်ခဲ့မိတယ်....။
ဒါပေမယ့်ခင်ဗျားသိလား...ခင်ဗျားရဲ့ဘ၀ကပြောင်းလဲသွားခဲ့ပေမယ့်...ခင်ဗျားရဲ့ခေါင်ခိုက်နေတဲ့မာနတွေကတော့အရင်အတိုင်းလုံး၀မပြောင်းလဲသေးဘူးဆိုတာကို....။
စိတ်ချပါ...အဲဒီမာနတွေကိုကျုပ်ကနင်းခြေဖျက်ဆီးပစ်မှာမို့လို့...။
______________________________________________
နှစ်တစ်ထောင်မဟုတ်ဘူးနှစ်တစ်သောင်းupdate😂😂
updateလာတောင်းတဲ့အချစ်လေးတွေကိုချစ်လွန်းလို့upပေးလိုက်တာ😘😘😘
ခုတလောစာရေးဖို့တကယ်အဆင်မပြေနေတာပါ အဲ့တာကြောင့်သနားသောအားဖြင့်
ဖလိဘတ်လေးတွေမ,စကြပါလို့😁
Special Thanks To My All Readers💜💜