ထာ၀ရ ပုံပေ

By akyinnamon

1.5M 184K 10.7K

အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝ... More

Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (2017) (Unicode)
Part 24 (AD 79) (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
Part 34 (Unicode)
Part 35 (Unicode)
Part 36 (2017) (Unicode)
Part 37 (AD 79) (Unicode)
Part 38 (Unicode)
Part 39 (Unicode)
Part 40 (Unicode)
Part 41 (Unicode)
Part 42 (Unicode)
Part 43 (Unicode)
Part 44 (2017) (Unicode)
Part 45 (AD 79) (Unicode)
Part 46 (Unicode)
Part 47 (Unicode)
Part 48 (Unicode)
Part 49 (Unicode)
Part 50 (Unicode)
Part 51 (Unicode)
Part 52 (Unicode)
Part 53 (Unicode)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
Extra Story (Unicode)
Extra Story - 2 ( Unicode )
Author's Note
Part 1 (oct 2017)
Part 2 (AD 78)
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9 (oct 2017)
Part 10 (AD 78)
Part 11 (Zawgyi)
Part 12 (Zawgyi)
Part 13 (Zawgyi)
Part 14 (Zawgyi)
Part 15 (Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 18 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
Part 21 (Zawgyi)
Part 22 (Zawgyi)
Part 23 (2017) (Zawgyi)
Part 24 (AD 79) (Zawgyi)
Part 25 (Zawgyi)
Part 26 (Zawgyi)
Part 27 (Zawgyi)
Part 28 (Zawgyi)
Part 29 (Zawgyi)
Part 30 (Zawgyi)
Part 31 (Zawgyi)
Part 32 (Zawgyi)
Part 33 (Zawgyi)
Part 34 (Zawgyi)
Part 35 (Zawgyi)
Part 36 (2017) (Zawgyi)
Part 37 (AD 79) (Zawgyi)
Part 39 (Zawgyi)
Part 40 (Zawgyi)
Part 41 (Zawgyi)
Part 42 (Zawgyi)
Part 43 (Zawgyi)
Part 44 (2017) (Zawgyi)
Part 45 (AD79) (Zawgyi)
Part 46 (Zawgyi)
Part 47 (Zawgyi)
Part 48 (Zawgyi)
Part 49 (Zawgyi)
Part 50 (Zawgyi)
Part 51 (Zawgyi)
Part 52 (Zawgyi)
Part 53 (Zawgyi)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
ထာဝရပုံပေ
Bookshops
Extra Story (Zawgyi)
Extra Story - 2 ( Zawgyi )

Part 38 (Zawgyi)

2.9K 521 3
By akyinnamon

ပင်လယ်လေသည် တဖြူးဖြူးတိုက်ခတ်နေသည်။ ဥယျာဉ်ကြီးထဲမှ သစ်ရွက်များကြား လေတိုးသံသည် နတ်သမီးငယ်များ၏ ဂီတသံစဉ်များလို ထွက်ပေါ်နေသည်။ တလွင့်လွင့်လှုပ်ခါနေသော သစ်ကိုင်းသစ်ခက်များ၏ အရိပ်များသည် ကချေသည်များနှယ် ယိမ်းထိုးနေသည်။ လေအဝှေ့မှာ ကြွေဆင်းလာသည့် အဖြူရောင် မက်မွန်ပန်းပွင့်ငယ်များသည် အစိမ်းရောင် မြက်ခင်းများပေါ်တွင် ပြန့်ကျဲနေသည်။ ပန်းပွင့်ငယ်များကြားမှ ပျားပိတုန်းကောင်ငယ်များ၏ ၀ီခေါ်သံကိုလည်း တစ်ချက်တစ်ချက် ကြားနေရသည်။

သာယာသောဥယျာဉ်ကြီးထဲတွင် ရှိနေသော လူသားသုံးယောက်၏ ရင်ခွင်မှာတော့ မီးတောက်ကိုယ်စီဖြင့် ငြိမ်းချမ်းခြင်းမရှိ။ ပင်လယ်ပြင်မှ ကျွန်းစုငယ်များရှိရာ မျက်နှာမူထားသော လုလိယက်စ်သည် ဥယျာဉ်အတွင်းတွင် အလှဆင်ထားသော ကျောက်ရုပ်တစ်ခုပမာ လှုပ်ရှားခြင်းကင်းမဲ့နေသည်။

"ဒီကောင်က အရှင်တိတိုရဲ့ လူယုံတော်။ အစ်ကို့ကို မျက်ခြေမပြတ်စောင့်ကြည့်နေဖို့ အရှင်တိတို လွှတ်ထားတာ။ အစ်ကိုယုံအောင် ကျုပ်ဘယ်နှခါပြောရမလဲ အစ်ကိုရာ။"

အားရီးယူးစ်သည် လုလိယက်စ်နှင့် ဘေးချင်းယှဉ်ရပ်နေသည်။ ညီအစ်ကိုနှစ်ယောက် ဖြစ်သောကြောင့် ပန်းပုဆရာတစ်ယောက်တည်းမှ သွန်းလုပ်ထားသော နတ်ဘုရားရုပ်တုနှစ်ခုလိုပင် မျက်နှာပုံစံနှစ်ခုသည် ဆင်ဆင်တူသည်။ ရင့်ကျက်ခြင်းနှင့် စိတ်ထက်ခြင်း။ တည်ကြည်ခြင်းနှင့် ဒေါသရောင်။ ထိုအခြင်းအရာများကသာ ကွဲပြားသော လူသားနှစ်ယောက်ဖြစ်ကြောင်း သိသာစေသည်။

အားရီးယူးစ်၏ နုနယ်ငယ်ရွယ်သော မျက်နှာသည် ဒေါသကြောင့် နီရဲနေသည်။ မျက်လုံးများက အေးစက်ကာ လူသတ်ချင်စိတ် ဖြစ်ပေါ်နေမှန်း သိသာစေလွန်းသည်။ နေ့လယ်စာစားချိန် ကျော်လွန်နေပြီဖြစ်သော်လည်း အစားအသောက်ကို မည်သူမှ အာရုံမရှိကြ။ အခြားအစေခံများသည်လည်း သူတို့နားမှာမရှိ။ အဘိုးအိုအဲလ်ဇီယိုတစ်ယောက်သာ သူတို့နားမှာ ရှိသည်။

"ဒီကောင်ဟာ သူလျှိုပဲ အစ်ကို။ ဟာဗျာ..သူလျှို၊ လူယုံဆိုတာထက်ကို ပိုပါတယ်ဗျာ။ သူက အရှင်တိတိုနဲ့ အစေခံမရဲ့ သားတဲ့ဗျ။ အရှင်တိတိုရဲ့ သွေးသားရင်းအစစ်။ သူ့အရှင်သခင်ရဲ့ အမိန့်ဆိုရင် သေဆိုသေ၊ ရှင်ဆိုရှင် လိုက်နာတတ်တဲ့ အစေခံတစ်ယောက်ဗျ။"

"မင်း ဒါတွေကို ဘယ်လိုသိတာလဲ။"

"ဟား..အစ်ကိုက ကျုပ် ပြောတာကိုတောင် မယုံနိုင်လောက်အောင် ဒီကျွန်က အရေးပါနေပြီလား။"

အားရီးယူးစ်၏ ခါးသက်သက် ရယ်သံကို ကြားလိုက်ရသည်။ အဘိုးအိုမှာ နေရာမှ တုတ်တုတ်မှ မလှုပ်ရဲ။ နီရဲနာကျင်နေသော အရှင်လုလိယက်စ်၏ မျက်လုံးများကို မမြင်နိုင်အောင် မျက်နှာလွှဲထားရုံ တတ်နိုင်သည်။ ငြိမ်သက်နေသော လုလိယက်စ်၏ ရင်ထဲမှ အပူမီးကို သူ နားလည်သည်။ ဖြစ်လာနိုင်သည့် အနာဂတ်သည် မည်သူ့အတွက်မှ မလှပနိုင်။ အရှင်တိတိုနှင့် ဖဲလ်လစ်တို့ ပတ်သက်မှုကို လုလိယက်စ်သည် သိနေသော်လည်း ခွင့်လွှတ်နိုင်ခဲ့သည်။

ဒါပေမဲ့ အားရီးယူးစ်ကတော့..

"မင်းကို ငါ မယုံဘူးလို့ ပြောနေတာ မဟုတ်ဘူး အားရီးယူးစ်။ ဒီကိစ္စကို သေချာ မစဉ်းစားဘဲ မဆုံးဖြတ်ချင်ဘူး။ ဖဲလ်လစ် ငါ့နားမှာ ရှိနေတာ တစ်နှစ်ကျော်နေပြီ။ သူ ငါ့ကို သတ်ချင်တယ်ဆိုရင် အချိန်မရွေး သတ်လိုက်လို့ ရနိုင်တဲ့ အခွင့်အရေးတွေ မရေမတွက်နိုင်အောင် ရခဲ့တယ်။"

"ဒါကတော့ ရှင်းပါတယ်ဗျာ။ အရင်အင်ပါယာရှင် ရှိနေတုန်းကတော့ အစ်ကို့ကို သူတို့ မထိရဲဘူး။ အစ်ကိုဘာတွေလုပ်နေတယ်ဆိုတာ သိရလောက်အောင်ပဲ ထောက်လှမ်းခိုင်းထားတာ။ အခု သူနန်းတက်ပြီးတာနဲ့ အစ်ကို့ကို လုပ်ကြံခိုင်းထားတာ။"

အဘိုးအိုမှာ ကြားလိုက်ရသော စကားကြောင့် တုန်လှုပ်သွားရသည်တော့ အမှန်ပင်။ အရှင်တိတို နန်းတက်ပြီးသည်နှင့် ဖဲလ်လစ်ကို ယာခင်းအိမ်သို့ လုလိယက်စ် ပို့ခဲ့ခြင်းဖြစ်သည်။ ယာခင်းအိမ်မှ ထွက်ပြေးဖို့ အခွင့်သာခဲ့ပေမယ့် ဖဲလ်လစ် မထွက်ပြေးခဲ့။ အခု လုလိယက်စ် အနားသို့ ပြန်ရောက်လာသည်။ တိုက်ဆိုင်မှုတွေ များလွန်းသောကြောင့် အားရီးယူးစ်၏ စကားများကို လက်မခံဘဲ မနေနိုင်။

"အစ်ကိုသိချင်သေးရင် ဒီ့ထက်ပိုပြီး တိကျအောင် ကျုပ်ပြောနိုင်တယ်။ အရှင်တိတိုက အစ်ကိုတစ်ယောက်တည်းကို သတ်ခိုင်းထားတာ မဟုတ်ဘူး။ ကျုပ်တို့ တစ်မိသားစုလုံးကို သတ်ခိုင်းထားတာ။"

လုလိယက်စ်မှာ ယခုမှ ရုတ်တရက် အသက်ဝင်လာသလို မိမိဘေးမှ ညီဖြစ်သူကို ပထမဆုံးအကြိမ် စိုးရိမ်မှု အပြည့်ဖြစ် လှည့်ကြည့်သည်။

"မင်း ဘာပြောလိုက်တာလဲ အားရီးယူးစ်။"

"ဟုတ်တယ်ဗျ။ အခု လွှတ်တော်ထဲမှာ အစ်ကို့ကို နန်းတင်ပေးချင်နေသူတွေ အရမ်းများနေတယ်။ အရင် အင်ပါယာရှင်က အစ်ကို့ကို မွေးစားချင်တဲ့ကိစ္စမှာလည်း နန်းတင်ပေးချင်တာက အဓိကဆန္ဒပဲဆိုတာ သူတို့အားလုံး သိနေကြတယ်။ ဒါ့ကြောင့် အရှင်တိတိုက ကျူပင်ခုတ်၊ ကျူငုတ်မကျန်အောင် ရှင်းဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ ကျုပ်အတိအကျ သတင်းရထားတယ်။"

လုလိယက်စ်သည် မတ်မတ်မရပ်နိုင်တော့သလို ခုံတန်းလျားမှာ ထိုင်ချလိုက်သည်။ လှုပ်ရှား ဆူပွက်နေသော စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့်ဟန်။ အသက်မဲ့သောမျက်လုံးပြာများသည် ပင်လယ်ပြာ၏အဆုံးကို ငေးကြည့်နေသည်။ အရှင်လုလိယက်စ်ရင်ထဲမှာ ဘယ်လောက်တောင် လှုပ်ခါနေမည်မသိ။ တည်ငြိမ်နေသောကိုယ်ခန္ဓာက ဆောက်တည်ရာမရ လှုပ်ခတ်နေသော ရင်တွင်းခံစားချက်များ၏ ၀န်ခံမှု မဟုတ်ပါလား။

အားရီးယူးစ်ထံမှ တောက် ခေါက်သံတစ်ချက် ကြားလိုက်ရသည်။

"အစ်ကိုရာ။ အခုအချိန်က တွေဝေနေရမယ့် အချိန်မဟုတ်ဘူးဗျ။ ကျုပ်တို့ အရှင်တိတိုကို လုပ်ကြံမှဖြစ်မယ်။"

အားရီးယူးစ်၏စကားကြောင့် အဘိုးအို တုန်လှုပ်သွားသည်။ လုလိယက်စ်သည်လည်း အံ့သြတုန်လှုပ်သွားဟန်။ အားရီးယူးစ်သည် ဒေါသကြီးသူတစ်ယောက်၊ စိတ်လိုက်မာန်ပါ ဆုံးဖြတ်တတ်သူ တစ်ယောက်မှန်း သိပေမယ့် ယခုလောက်အထိ အတင့်ရဲလိမ့်မည်ဟု သူတို့ မထင်ထား။ အင်ပါယာရှင်ကို လုပ်ကြံသတ်ဖြတ်ရန်ဆိုသည့်အမှုမှာ အတွေးနှင့်ပင် ပြစ်ဒဏ်ကြီးခံရနိုင်သည်။

"ကျုပ်တို့ ဆက်ပြီးအသက်ရှင်ချင်ရင် သူ့ကိုသတ်မှဖြစ်မယ်။ အခု ဖဲလ်လစ်က အစ်ကို့ကို သတ်ဖို့ မအောင်မြင်ဘူးဆိုရင် သူ တခြား တစ်နည်း ရှာကြံဦးမှာပဲ။ အခုသူကအင်ပါယာရှင်။ သူ့ကိုယှဉ်ပြီး ကျုပ်တို့ ဘာမှမတတ်နိုင်ဘူး။ ဒီတော့ သူ့ကို လုပ်ကြံဖို့ပဲရှိတယ်။ အစ်ကို ဘာလို့ ဒီလောက် ပျော့ညံ့နေတာလဲ။"

"တိတ်စမ်း။ မင်းဦးနှောက်မှ ရှိသေးရဲ့လား။ အရှင်တိတိုမရှိတော့ရင် ငါတို့ တိုင်းပြည်တစ်ခုလုံး ဒုက္ခရောက်သွားလိမ့်မယ်။ အင်ပါယာရှင်ဆိုတာ တိုင်းပြည်အတွက်၊ ပြည်သူပြည်သားတွေအတွက် မကိုဋ် တစ်ခုပဲ။ ငါတို့တွေ ဖြိုချချင်တိုင်း ဖြိုချလို့မရဘူး။"

"ကျုပ်ကတော့ ဆုံးဖြတ်ပြီးပြီး အစ်ကို။ အစ်ကိုက တွေဝေနေပေမယ့် ကျုပ် မတွေဝေနိုင်ဘူး။ မယ်မယ်တို့အသက်ကို တိုင်းပြည်အတွက်ဆိုတဲ့ နာမည်လှလှနဲ့ အစ်ကိုက စတေးရဲတယ်ဆိုရင်တောင် ကျုပ်ကတော့မစတေးနိုင်ဘူး။ အစ်ကို မေ့နေပြီလား။ အန်နီရာကို အစ်ကိုလက်ထဲက ဆွဲထုတ်သွားခဲ့တာ ဘယ်သူလဲ။ အန်နီရာ သေခဲ့ရတာ ဘယ်သူ့ကြောင့်လဲ။"

လုလိယက်စ်သည် ဥယျာဉ်ပတ်လည်ကို စည်းခတ်ထားသော ဘောင်နံရံကို လှမ်းကိုင်လိုက်သည်။ လက်ဖမိုးမှ အကြောစိမ်းများ ထောင်ထ လာသည်အထိ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ အဆုံးအစမရှိသည့် နာကျင်မှုများကြောင့် နှုတ်ခမ်းများ တဆတ်ဆတ် တုန်ခါလာပြီး အောက်နှုတ်ခမ်းများကို အတင်းဖိကိုက်ထားသည်။

"ကျုပ် ငယ်ငယ်တုန်းက သေမလို တစ်ခါ ဖြစ်ခဲ့ပြီးပြီ။ နောက်တစ်ခါ ထပ်အဖြစ်မခံနိုင်ဘူး။"

လုလိယက်စ်သည် အားရီးယူးစ်ကို မယုံနိုင်သလို စူးခနဲ လှည့်ကြည့်လိုက်သည်။ အတန်ကြာသည်အထိ စိုက်ကြည့်နေသည်မှာ မျက်တောင်ပင်မခတ်။ ထို့နောက်မှာတော့ လည်လိမ်ချိုးခံလိုက်ရသော စာငှက်ငယ်တစ်ကောင်လို ခေါင်းငိုက်စိုက်ချကာ အတန်ကြာသည်အထိ လှုပ်ရှားမှုမရှိ။ ထို့နောက်တွင်မှ အားရီးယူးစ်ကို တစ်ဖန်ပြန်လည် မော့ကြည့်သည်။

ရင်ဘတ်တည့်တည့်ကို မြှားအစင်းတစ်ရာဖြင့် ပစ်ခတ်ခံလိုက်ရသလို နီရဲနေသော မျက်လုံးများတွင် မျက်ရည်စများ စို့တက်လာသည်။ တဆတ်ဆတ်တုန်ခါနေသော လက်ချောင်းများဖြင့် နှုတ်ခမ်းများကို ဖိအုပ်လိုက်သည်။ ပေါက်ကွဲထွက်တော့မည့် စကားလုံးများကို ပြန်လည်မြိုချနေရသလိုပင်။ စိမ့်ထင်လာသော မျက်ရည်စက်များကို မျက်တောင်ပုတ်ခတ်ရင်း စီးကျမလာအောင် တားလိုက်သည်။ မျက်လုံးများသည် ဒဏ်ရာရသော ငှက်ငယ်တစ်ကောင်လို ရဲရဲနီလျက်။

လုလိယက်စ်ကို ဒီလိုနာကျင်မှုမျိုးဖြင့် မတွေ့ခဲ့ဖူးသော အဘိုးအိုမှာ အသက်မရှူနိုင်တော့အောင် မောပန်းဝမ်းနည်းလာရသည်။ အသက်အရွယ်ကွာခြားမှုကြောင့် အရှင်လုလိယက်စ်သည် အားရီးယူးစ်ကို ညီတစ်ယောက်ဆိုတာထက် သားတစ်ယောက်လို ချစ်ခင်ခြင်းဖြစ်သည်။ ဖြောင့်မတ်ကာ စည်းကမ်းကြီးပေမယ့် အားရီးယူးစ်၏ ဆိုးဝါးဂျစ်ကန်မှုများကို သည်းခံခွင့်လွှတ်တတ်သူ။ ထို့အပြင် မိဘနှစ်ပါးက အားရီးယူးစ်ကို အပြစ်ပေးတော့မည်ဆိုလျှင်တောင် ရှေ့မှရပ်ကာ ကာကွယ်ပေးတတ်သူဖြစ်သည်။ အခုကိစ္စတွင် အင်ပါယာရှင်ကို အားရီးယူးစ် ကိုယ်တိုင်လုပ်ကြံရန် ဘယ်လိုမှ ခွင့်ပြုနိုင်မှာမဟုတ်။

အားရီးယူးစ်သည် လုလိယက်စ်၏ မျက်လုံးများကို ရင်ဆိုင်မကြည့်။ ဆုံးဖြတ်ချက် ချပြီးသည့်ဟန် နောက်လှည့်ထွက်ခွာသွားသည်။

"ညီ.."

လုလိယက်စ်၏ အခေါ်ကြောင့် အားရီးယူးစ် ခြေလှမ်းရပ်သွားသည်။ ဒါပေမဲ့ နောက်လှည့်မကြည့်။ အဘိုးအို မျက်လုံးပိတ်လိုက်မိသည်။ မမြင်ချင်ပေမယ့် ကြားရဦးမည်ပဲဖြစ်သည်။ အရှင်လုလိယက်စ်၏ ဆုံးဖြတ်ချက်ကို သူ ကြိုသိပြီး ရင်ကွဲမတတ် နာကျင်နေရပြီ။

"ငါ သွားမယ်။"

လုလိယက်စ်ရှိရာသို့ အားရီးယူးစ် လှည့်ကြည့်သည်။

"အရှင်တိတိုကို ငါကိုယ်တိုင် လုပ်ကြံမယ်။ မင်း မသွားနဲ့။"

အဘိုးအိုမှာ လုလိယက်စ်၏ ဆုံးဖြတ်ချက်ကို တားချင်ပေမယ့် အာစေးထည့်ခံထားရသလို ပါးစပ်ကို ဖွင့်မရ။ လည်ချောင်းတစ်ခုလုံး ဆို့နစ်နာကျင်နေသည်။

"တိုက်ခိုက်ရေးပိုင်းမှာ မင်း သူ့ကို မယှဉ်နိုင်ဘူး အားရီးယူးစ်။ ငါ သွားမယ်။ ငါကိုယ်တိုင် သူ့ကိုသတ်မယ်။"

လုလိယက်စ်သည် စကားကို တစ်ခွန်းချင်း ပြောနေခြင်းဖြစ်သည်။ အားရီးယူးစ်ကို တစ်ခါမှမမြင်ဖူးသလို စူးစိုက်ကြည့်ကာ လက်သီးများကို တင်းတင်းကြပ်ကြပ် ဖိဆုပ်ထားသည်။ နှုတ်ခမ်းများသည် စိတ်လှုပ်ရှားမှုကြောင့်ရော၊ ၀မ်းနည်းမှုကြောင့်ပါ မသိမသာ တုန်ခါနေသည်။ အားရီးယူးစ်သည် လုလိယက်စ်ရှိရာ လျှောက်လာကာ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

"လွှတ်တော်ထဲမှာ ကျုပ်အသိတွေရှိတယ် အစ်ကို။ ဒီကိစ္စဖြစ်မြောက်အောင် သူတို့ ကူညီပေးလိုက်မယ်။ အစ်ကိုကြံမယ်ဆိုရင် မအောင်မြင်စရာမရှိဘူး။"

"အဘ.. မြင်းတွေပြင်ခိုင်းထားလိုက်။ ကျွန်တော် အခုချက်ချင်း ရောမကိုသွားမယ်။"

အေးစက်နေသည့်ကြောက်မက်ဖွယ်အရိပ်အငွေ့များသည် လုလိယက်စ်၏ မျက်လုံးပြာများထဲမှာ ဖြတ်ပြေးနေသည်။

Continue Reading

You'll Also Like

COTAW(2) By Blueberry

Historical Fiction

137K 24.9K 121
Book1က wallထဲမှာရှိပါတယ်နော်
85.2K 6.8K 144
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
77.9K 7K 60
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
240K 11.9K 62
Myanmar Bl Fiction ( OC ) Unicode & Zawgyi Author - Miracle ⚠️ Warning