" မင်းက ဘာကိုပြောချင်တာလဲ..သူ့ကြည့်ရတာ ဒီမှာနေနေတာ အတော်ကြာနေပြီလိုပဲ"
ဇယ်ဝူကျွင်း ဆိုသော်ငြား အားဟွမ်မျက်လုံးတို့ကဇယ်ဝူကျွင်းထံရှိမနေ။ သူမလက်ကောက်ဝတ်ကိုကိုင်ထားမြဲ ဖြစ်သည့် ဇယ်ဝူကျွင်း လက်ထံ၌သာ...။
ဤသည်ကိုသတိပြုမိလျှင်ပြုမိချင်း ဇယ်ဝူကျွင်း လက်တို့ကိုအသာရုတ်လိုက်သည်။
" မပြောတတ်တော့ဘူး... သူ့ကြည့်ရတာ တစ်နေ့လုံးလျှောက်သွားနေပြီးည မှပြန်လာတာထင်တယ်နော်.."အားဟွမ် ကျောက်ဆောင်ပေါ်မှအသာချောင်းရင်းဆိုသည်။
" အင်းမနေ့ကတော့အဲ့လိုပဲ ဒါပေမဲ့ ငါတော့ ထွက်မပြေးဖြစ်ခဲ့ဘူး ဒဏ်ရာကြောင့်ဝင်လာတုန်းက ဒဏ်ရာရနေတော့.. ခိုစရာရပြီဆိုပြီးဝင်ခဲ့တာ မထင်မှတ်ဘဲ မိစ္ဆာအောင်းတဲ့ဂူဖြစ်နေတယ်"အားဟွမ်ပြန်ထိုင်ချကာ ဇယ်ဝူကျွင်း၏ ဒဏ်ရာကိုစေ့စေ့ကြည့်သည်။
" ဟိုအကောင်ကြီးအိပ်သွားပြီဆိုတော့ အားဟွမ်တို့လည်း ဒီမှာပဲ နားရမယ်ထင်တယ် အစ်ကိုရှီးချန် ဒဏ်ရာက အရမ်းတော့မဆိုးဘူးထင်တာပဲ ခဏ.."
အားဟွမ် ခါး၌ ရှိဆဲ ဖြစ်သောဆေးထုပ်ကိုဖွင့်ကာ"အနာ ကိုက်တာသက်သာစေမယ့်ဆေးတော့ရှိတယ် ဒီနားမှာ သောက်လို့ကောင်းမယ့်ရေမရှိ တော့.. အစ်ကိုရှီးချန် ဒီတိုင်း မျိုချ လို့အဆင်ပြေမလား."
" ရပါတယ်..."
အားဟွမ်ဆေးလုံးကို ဇယ်ဝူကျွင်း လက်ထဲအသာထည့်ကာ ဆေးသောက်ခြင်းအမှုကိုမျက်တောင်မခတ်တမ်း ငေးကြည့်နေ၏။ ထိုအခါ ဇယ်ဝူကျွင်း ခမျာဆေးမျိုချသည်ပင်မဖြောင့်နိုင်။
ဆေးလုံးသည် လည်ချောင်းတွင်းရှောရှောရှူ ရှူ မဝင်နိုင်ဘဲ သီးကုနိသည်။သို့ငြား အသံကျယ်ကျယ် ချောင်းဆိုး၍လည်းမဖြစ်သည်မို့ ကြိတ်ဆိုးရသည်။
အားဟွမ် လန့်ကာ ဇယ်ဝူကျွင်း လည်ပင်းကို လက်ချောင်းလေးများဖြင့်အသာဆွဲချနှိပ်ပေးရှာသည်။ဇယ်ဝူကျွင်း တွန်းဖယ်သော်လည်းမလွှတ်..။
" ရှူ း...ငြိမ်ငြိမ်နေ...ဟိုအကောင်ကြီးနိုးလာလိမ့်မယ်.."ထိုအခါမှသာဇယ်ဝူကျွင်းငြိမ်သည်။
" ဒီလိုအရေးကြုံရတဲ့အချိန်မျိုးတွေမှာယောက်ျားလေးမိန်းကလေးဆိုပြီးတွေးနေတာမျိုးက အဆင်မပြေဘူးနော်.. အစ်ကိုရှီးချန်.."
အားဟွမ် ဇယ်ဝူကျွင်း ဘေး အသာဝင်ကာ ကျောက်ဆောင်ကိုမှီရင်းဆိုသည်။
" အစ်ကို..?"
ဇယ်ဝူးကျွင်း မေးမှသာ သူတစ်ချိန်လုံး အစ်ကို တပ်ကာ နာမည် ပါထည့်ခေါ်နေမိမှန်း အားဟွမ် သတိရလာသည်။
သူမ ဇယ်ဝူကျွင်း မျက်နှာကိုလှမ်းကြည့်သောအခါတွင်လည်း အခေါ်ခံရသူကာယကံရှင်သည်ဤသို့ဤနှယ်အခေါ်ခံရခြင်းကိုသဘောကျနေသည့် အရိပ်အယောက်လည်း မရှိချေသည်မို့...မိမိအမှားကိုသိနားလည်စွာ..တောင်းပန်စကားဆိုမိရသည်။
" အ...ဟုတ်သားပဲ ဇယ်ဝူကျွင်း တောင်းပန်ပါတယ် ဒီတိုင်းခေါ်မိသွားတာ.."
" ရပါတယ် ဒီအတိုင်းလည်း.."
" ရှင်?"
" အစ်ကိုရှိလား...."
သူတို့နှစ်ယောက် စကားပြောသံကားနှစ်ကိုယ်ကြားရုံမျှသာ။ အားဟွမ် ဦးတည်ရာမရှိငေးရင်း ခေါင်းအသာဆတ်ပြသည်။
"..အင်း..ရှိခဲ့တယ်.."
" ရှိခဲ့တယ် ဆိုတော့.."
" သူသေသွားပြီ..."
"...."
" ပြီးတော့...."
"...."အားဟွမ် ဇယ်ဝူကျွင်း ကိုတည့်တည့်ကြည့်ကာ..ခပ်ယဲ့ယဲ့ပြုံးရင်း...စကားတို့ကတစ်လုံးချင်းပွင့်အံကျလာသည်။
သို့ငြား...အသံတို့ကတိုးဖျော့စွာ...
" သတ်လိုက်တဲ့သူက..အားဟွမ်ကိုယ်တိုင်ပဲ.."
ဇယ်ဝူကျွင်း နှုတ်ခမ်းပါးတို့ပွင့်အာလာကာ အံ့သြသွားသည့်ဟန်။သို့ငြား ယင်းအမူအရာက ဆယ်စက္ကန့်ထက်ပိုမခံခဲ့..။
သူ့အာရုံထဲတွင်... ထိုနေ့ကမြင်ကွင်းများက တစ်ကွက်ချင်းပြန်ပေါ်လာ၏..။ရှိသမျှအားဖြင့်တွန်းလွှတ်လိုက်သောဘယ်လက်တစ်ဖက်။သွေးစွန်းနေခဲ့သည့် ရှော့ယွဲ့..။
ဇာတ်လည်ကျသွားခဲ့သော... မျက်နှာနုနု.. ။
*ကျွန်တော်မကောင်းတာမှန်သမျှအကုန်လုပ်ခဲ့တယ်...
ဒါပေမဲ့ အစ်ကို့ကို ဒုက္ခပေးဖို့တော့ ဘယ်တုန်းကမှမစဉ်းစားခဲ့ဖူးဘူး....*
"အပြစ်ရှိသလို..ခံစားရတယ် မို့လား.."
"အင်း.. ဒါပေမဲ့ ဒါက အားဟွမ်ရဲ့အစ်ကိုဖြစ်စေချင်ခဲ့တဲ့အရာပဲမို့ ..."
" အခုက နည်းနည်းအချိန်ရနေတော့ပြောပြလို့ရရင် ပြောပြပါလား.."
အားဟွမ် ဇယ်ဝူကျွင်းကိုတစ်ချက်ကြည့်ကာအဖြစ်အပျက်တို့ကိုအကျဉ်းချုံးပြောပြသည်။
အဆုံးသတ်စကားစကိုချလိုက်ပြီးနောက် သက်ပြင်းမောတစ်ချက်က သူမ နှုတ်မှလွတ်ထွက်သွားလေ၏။
" ဒါပေမဲ့ မင်းအခု ပူဆွေးမှုမရှိဘဲလွတ်လွတ်လပ်လပ် နေနေနိုင်သေးတာတော်သေးတာပေါ့..."ဇယ်ဝူကျွင်း လေပြေကလေးနှင့်ဆိုသည်။
"ငါကတော့" ဟူသည့်စကားတစ်ခွန်းကိုတော့ဖြင့် ထုတ်မပြောဖြစ်ခဲ့။
သို့ငြား...အားဟွမ်၏ နောက်ဆက်တွဲ စကားတို့က သူ့ရင်ကို တစ်မျိုးတစ်ဖုံလှုပ်ခတ်သွားစေခဲ့သည်တည့်။" သေတဲ့သူက ရှင်စေချင်တဲ့သူအတွက် သေသွားရတာလေ... ကောင်းကောင်း အသက်ရှင်မပေးရင် သူသေရတာ..အလကားဖြစ်သွားမှာပေါ့..။ "
"...."
" ကိုကိုက အားဟွမ်ကိုသေချာပေါက်အသက်ရှင်စေချင်ခဲ့တာ..."*အာရုံထဲထင်ဟပ်လာပြန်ပါသည့်လက်တစ်ဖက်..*
"....""ဒါကြောင့် စစချင်းရက်တွေတုန်းကအရမ်း...ဝမ်းနည်းခဲ့ရပေမယ့် သူကအားဟွမ်ကိုသေချာပေါက်သန်သန်မာမာအသက်ရှင်စေချင်တာ သိရလို့ဝမ်းမနည်းတော့ပါဘူး "
" အရင်က.."
ဇယ်ဝူကျွင်းစကားစကာ ဆက်မပြော။ အားဟွမ် စကားထောက်သည့်သဘောဖြင့် မျက်ခုံးလေး ပင့်ပြမှသာဆက်ပြောသည်။
" လူတစ်ယောက်ရှိခဲ့ဖူးတယ်... ငါ့ဘဝမှာ အယုံခဲ့ရဆုံးလူပေါ့..သူငါ့ကိုလိမ်တယ် ငါယုံတယ်။ တစ်လောကလုံးကသူမှားနေပါတယ်ပြောကြတာတောင် ငါယုံချင်နေတုန်းပဲ။
ပြီးတော့ သူငါ့ကိုသတ်ချင်တယ်လို့ငါယုံခဲ့တယ်။
ငါယုံကြည်တာတွေ အားလုံးမှားနေခဲ့မှန်း သိလိုက်ရတဲ့ အဲ့ဒီ့နေ့မှာနောက်ကျခဲ့ပြီ.. အရာအားလုံး ပြီးသွားခဲ့တယ် အမှားပရပွနဲ့ပေါ့..ငါယုံလှပါချည်ရဲ့ဆိုတဲ့အဲ့ဒီ့လူကို ငါကိုယ်တိုင်သတ်ခဲ့မိတယ်..."
"...."
" အားဟွမ်... မင်းစဉ်းစားကြည့်.. ငါမညံ့ဘူးလား... ငါကအမှားကိုအမှန်ထင်ခဲ့ပြီး အမှန်ကိုအမှားလို့တွေးခဲ့မိတဲ့ အမှားအမှန်မသိတဲ့ လူမိုက်ပဲ..ဟုတ်တယ်မဟုတ်လား..အကုန်လုံးဟာမှားယွင်းနေခဲ့တာအစထဲကပဲ ငါမသိခဲ့ဘူး..ငါ့နားကနေငါတန်ဖိုးထားရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက်ထွက်သွားခဲ့ကြတယ်... ငါအသုံးမကျခဲ့လို့..."
"အဲ့ဒါက အစ်ကိုရှီးချန်အမှားမဟုတ်ပါဘူး...အရာအားလုံးကအကြောင်းရှိလို့အကျိုးဖြစ်လာတာချည်းပါ ထွက်သွားတဲ့သူတွေကလည်း အစ်ကိုဒီလိုမျိုး တစ်ယောက်ထဲချောင်ပိတ်နေတာမျိုးဖြစ်စေချင်မယ်မထင်ဘူး.."
" ....."
" ခဏလောက်နားကြရအောင် မနက်ဒီကောင်ကြီးအလစ်ကိုစောင့်ပြီးပြေးရဦးမှာကို.."
" သူ့ကို တစ်ခါထဲ နှိမ်နင်းခဲ့ရင်ရော.."
ဇယ်ဝူကျွင်း အမေးကိုအားဟွမ်မဖြေ မျက်လုံးပြူး၍သာကြည့်သည်။
"အင်းနော်..ထွက်ပြေးလို့လွတ်တယ်ထား... ဒါကြီးကဒီတောင်ကြားထဲရှိနေသရွေ့ လူတွေ သွားလာလို့ရမှာမဟုတ်ဘူး..."
သူမစကား ပင်သေချာအသုံးမသတ်လိုက်ရ ကျယ်လောင်လှသည့်ဟိန်းဟောက်သံက ဂူထဲပျံ့လွင့်လို့လာသည်။
အားဟွမ် ကျောက်ဆောင်ပေါ်မှကျော်အကြည့်တွင် သူမတို့ကိုကြည့်နေသည့် မျက်စုံးအစိမ်းတောက်တောက်ကိုကြက်သီးထစဖွယ်တွေ့လိုက်ရသည်။..
" အစ်ကိုရှီးချန်..သူ အားဟွမ်တို့ရှိမှန်းသိသွားပြီ.."
ပြောလည်းပြော ဇယ်ဝူကျွင်း ကိုလည်း သူမဆွဲထူသည်။
လက်တစ်ဖက်ကဓားကိုကိုင်စွဲလျက် ဓားသည်လည်းအလျှံတညီးညီးမီးတောက်တို့ဖြင့်လောင်မြိုက်လို့နေ၏။
အနှီနဂါးသည် သူမတို့ရှိရာထံပြေးလာမည့်ဟန်အပြု...
ငှက်တစ်ကောင်၏ စူးစူးရှရှအော်ဟစ်သံကပါထပ်မံပျံ့လွင့်လာခဲ့သည်။ယင်းအသံအား အားဟွမ်ကောင်းကောင်းမှတ်မိပါ၏။
" ဖန့်ဟွမ်!!.."
အတောင်ပံ ဖျားတို့တွင် မီးတောက်အလျှံတို့က တညီးညီးထကာကခုန်လျက် ထည်ဝါသည့်အသံရှိသော အနီဆင်း အနှီသတ္တဝါသည် ဂူထဲသို့ဝဲပျံဝင်လာကာ နဂါးသတ္တဝါအား တိုက်ခိုက်သည်။
ထိုအခါ နဂါးသတ္တဝါ၏အာရုံသည်အားဟွမ်တို့ထံတွင်ရှိမနေတော့..။
ယင်းအခွင့်အရေးကိုအသုံးချကာ အားဟွမ်သည်ဇယ်ဝူကျွင်းကိုတွဲလျက် ဂူအတွင်းပိုင်းသို့ပြေးသည် ဂူဝမှ တိုက်ပွဲကားပြင်းထန်ဆဲ။ ယင်နဲ့ယန်။ နဂါးနဲ့မီးငှက် တွေ့သည့်ပွဲပေမို့... ။
" ဒီနဂါးကပုံပြင်ထဲပဲရှိတယ်ထင်နေတာ... "
အားဟွမ် ဇယ်ဝူကျွင်း ကိုတွဲလျှောက်ရင်း စိတ်မသက်မသာဖြစ်ဟန်ဖြင့်ပြောသည်။
" သူက ရေဂိုဏ်းရဲ့ အမှတ်အသားအစောင့်အရှောက် နတ်ဘုရားပဲ.. မီးငှက်က မီးဂိုဏ်းရဲ့သင်္ကေတဖြစ်နေသလိုပေါ့ "
ဂူအတွင်းပိုင်းထဲ ရောက်ကာ ဘေးကင်းသင့်သလောက်ကင်းပြီမို့ အားဟွမ် ဇယ်ဝူကျွင်းအားဂူနံရံကို အမှီပြု ရင်းနားစေသည်။
" အစ်ကိုရှီးချန် ခဏ ထိုင်နားပါ... ခြေထောက်ကထောက်ရအဆင်မပြေဘူးမို့လား.."
" အင်း..."
ဇယ်ဝူကျွင်း ဖြည်းဖြည်းထိုင်ချ ရင်း အရာတစ်ခုကိုသတိပြုလိုက်မိသည်။ဤသည်ကား...ကျောက်တလားတစ်လုံး...။
" အားဟွမ်...ဟိုဟာကိုကြည့်စမ်း. ကျောက်သားနဲ့လုပ်ထားတဲ့ခေါင်းတလားလိုမျိုးပဲ.."
အားဟွမ် ဇယ်ဝူကျွင်း ညွှန်ပြရာသို့ကြည့်ရာ.. အမှန်ပင်ကျောက်တလားတစ်လုံးရှိနေ၏...။
" အားဟွမ်သွားဖွင့်ကြည့်မယ်..."
မည်သည့်အညှိုးအတေးအစွမ်းမှ မခံစားရသည်မို့ ဇယ်ဝူကျွင်းမတား....။
အားဟွမ်..ကျောက်တလား အား သူမ အမြုတေစွမ်းကိုသုံးကာ ဖြည်းဖြည်းချင်း ဖွင့်သည်။ သို့သော်...ကျောက်တလားတွင်းရှိအရာအား မြင်ရသည်ထိ ဖွင့်ပြီးနောက်...။
အားဟွမ် ခြေလှမ်းတို့ နောက်သို့ဆုတ်လာခဲ့သည်။
သူမ ကိုယ်တုန်ယင်နေသည်ဟုပင်ထင်ရသည်။
"အားဟွမ်..."
ဇယ်ဝူကျွင်း အားယူ ထကာ ကျောက်တလားရှိရာသွား၍ အတွင်းသို့ငုံ့ကြည့်လိုက်သည်တွင်..။
"အလောင်းလား? ဘယ်သူ့အလောင်းလဲ ကျောက်သားလိုပဲမာကြောနေလိုက်တာ"" မု ဂိုဏ်းက... မုလွီ ရဲ့အလောင်း..ဒါပေမဲ့ဒါကဝိဉာဉ်ထုတ်ခံထားရတာ."
" မုလွီဆိုတာ လမ်းပြလိုက်လုပ်ပေးတဲ့အရိပ်မည်းမို့လား.."အားဟွမ်ကိုယ်ကားတောင့်မတ်ဆဲ...
" အင်း..အဲ့ဒီ့အရိပ်မည်းပြောသွားတာက.. သူတို့ တစ်ရွာလုံး အဲ့လိုဖြစ်အောင်ကျိန်စာတိုက်ခံရတာတဲ့၊ ဝိဉာဉ်ထုတ်ခံရတယ်လို့ပြောမသွားခဲ့ဘူး... ဒါပေမဲ့အစ်ကို လူသေတွေကမညာတတ်ဘူး.."
" ဆိုလိုတာကာ..?"
အားဟွမ် မျက်မှောင်တို့တွန့်ချိုးရင်း တွေးသည်။ တောင်ကမ်းပါးမှအဖြစ်အပျက်များ...။ရုတ်တရတ် တိုက်ခိုက်ခံရခြင်း...။
တိုက်ခိုက်ခံရချိန်၌ အနှီအရိပ်လူ ဘယ်နေရာရောက်နေသည်ကိုမူအားဟွမ် သတိမပြုမိခဲ့ရိုးအမှန်.။သူမကိုသိနေပါသည့် တိုက်ခိုက်သူ။
ပြီးတော့.. ဂူထဲရောက်နေပါသည့် ဒဏ္ဏာရီလာ ရေဂိုဏ်း၏အစောင့်အရှောက်နဂါး...။
" ဒီမှာ တခြားအလောင်းတွေလည်းရှိမနေတော့... ကျိန်စာတိုက်ခံရတာကအမှန်ပဲ... မမှန်တာကမုလွီအမည်ခံအရိပ်လူပဲ... သူက မုလွီအစစ်ဟုတ်မနေဘူး...
ဒါဆိုဘယ်သူလဲ..အစ်ကိုရှီးချန် သူက ကိစ္စအားလုံးရဲ့တရားခံ မဖြစ်နိုင်ဘူးလား။ ဒါ သာ အမှန်ဆို ဟန်ကွမ်းကျွင်း တို့အတွက်စိုးရိမ်စရာပဲ..."
အားဟွမ် စိုးရိမ်မှုတို့ဖြင့်ဆောက်တည်ရာမရသော်ငြား...
" မဟုတ်ဘူး.. "ဇယ်ဝူကျွင်း ၏လေသံကားခပ်အေးအေးရှိသော်ငြားပြတ်သားဆဲ...။" ဝမ့်ကျီး ဒီလောက်မညံ့ပါဘူး သူကောင်းကောင်းရင်ဆိုင်နိုင်လိမ့်မယ်..."______________________________________
" ငါတို့ဒီတောင်ကြောပေါ်မှတင် တစ်ရက်ကျော်နေပြီနော်ရိက္ခာတောင်ကုန်တော့မယ် ခုထိ မင်းပြောတဲ့မြို့လေးလားရွာလားအဲ့ဒီ့ကိုမရောက်သေးဘူးလား.."ကျင်းလင်မောဟိုက်လာဟန်ဖြင့်မေးသည်။
" အဟင်း...ရောက်တော့မှာပါ.."အရိပ်လူထံမှအသံကခပ်တိုးတိုး..။
မရေရာမသေချာသလိုလို..။လှောင်နေသလိုအငွေ့အသက်ခပ်ပါးပါးရသည်ဟုစီကျွေးဆန်းစစ်မိသည်။အရိပ်လူကတော့ ရှေ့မှဦးဆောင်ကာတလွင့်လွင့်သွားနေဆဲ....။______________________________________To be continued...A.N/ OC fanfic ပါ translation fic မဟုတ်လို့ source လာမေးကြရင်ထိုင်ငိုချင်ပါတယ် TwTမနေ့ကတင် oral test လေးပြီးလို့ခဏအနားရနေတုန်းမို့ လာတင်တာပါ..ဖတ်ပေးကြတာကျေးဇူးပါ..