သူတို့အားလုံးခြေလျင် ခရီးဖြင့်သာ ချိုက်ရီမြို့သို့ သွားကြသည်။ မြို့ရောက်မှပင် ခရီးဆက်ရန် မြင်းအချို့ကို အသပြာဖြင့်ဝယ်ယူကြရသည်။ အကြောင်းမှာ အားဟွမ်ကား မှော်ဓားပျံမစီးတတ်၍ပါတည့်..။ နေ့လည်စာအစုစုကိုလည်းချိုက်ရီမြို့၌ပင်သုံးဆောင်ကြကာ ရိက္ခာခြောက်အသွယ်သွယ်ဖြည့်တင်းကြပြီးသည့်နောက်ခရီးဆက်ခဲ့ကြသည်။
"အံ့သြမကုန်နိုင်ဖွယ်ပဲ တကယ် ခင်ဗျားကဘယ့်နှယ့်သိုင်းသမားတုန်း မှော်ဓားပျံတောင်မစီးတတ်ဘူးတဲ့.."
ကျင်းလင် မြင်းပေါ်ကနေတဖျစ်တောက်တောက်လှမ်းငေါက်သည်။
" အားလင်...ဟိုကမင်းထက်အကြီးလေ မင်းလေးလေးကျန်းသာပါလာရင် မင်းတော့အထုခံရမှာကျိန်းသေတယ်"
လန်ဝမ့်ကျီး နှင့်မြင်းအတူစီးကာ လန်ဝမ့်ကျီး ရင်ခွင်ထဲမှဆိုလာသူ ဝေ့ဝူရှန်းကိုကျင်းလင်ဒိုင်းခနဲမျက်စောင်းပစ်ထိုးသည်။ ဘာမှတော့ဆက်မပြောတော့..။
အားဟွမ်သည်လည်းပြုံး၍သာနေမိသည်။ သူ့အပြစ်ပေကိုးလေ ။
" ဓားပျံစီးတာကသင်တော့သင်ရမှာပဲ..ကူညီပေးကြပါဦးနော်"
အားဟွမ်ပြုံးရင်းဆိုတော့ ကျင်းလင် ဟွန့်ခနဲနှာတစ်ချက်မှုတ်သည်။
ကျင်းရီနှင့်လန်စီကျွေးကတော့ သင်ပေးပါမည်ဟုကတိကဝတ်ပြုကြသည်။သူတို့ချိုက်ရီမြို့မှထွက်တော့ ညနေပင်စောင်းလုနေပြီဖြစ်သည်။
" ငါတို့တနေ့ကဟိုကောင်တွေနဲ့တိုက်ခဲ့တဲ့နေရာနားမှာရွာရှိတယ် နားလို့ရမယ်ထင်တယ် ရွာပျက်ဖြစ်သွားပြီပေါ့အခုတော့.."
အားဟွမ်မြင်းဇက်ကြိုးထိန်းထားသည့်လက်တို့ပြေလျော့သွားရသည်။
" ကျွန်မလမ်းသိတယ်.."
အားဟွမ် မြင်းကိုအသာသော့နှင်ကာတောအုပ်ကိုဖြတ်၍ တစ်ချိန်က သူ့ကွန်းခိုရာဖြစ်ခဲ့ဖူးသောရွာငယ်ဆီဦးတည်လမ်းပြသည်။အချိန်ကား နေဝင်ရီတရောမိုးချုပ်စပင်ဖြစ်နေချေပြီတည့်။
ကျန်လူတို့သည်လည်းအားဟွမ်နောက်မှလိုက်ကာ သစ်ပင်တချို့ကျိုးကြေနေသည့် တောအုပ်ကို မျက်စိကစားမိကြသည်။
YOU ARE READING
Retrieving The Lost Smile
Fanfictionသိုင်းလောကနံပါတ်တစ်သခင်လေး ဇယ်ဝူကျွင်းရဲ့ အပြုံးပန်းတွေပြန်ပွင့်တဲ့အခါ... တစ်လောကလုံးဟာလှပလို့.....