" သခင်မလေးရေ..."
အားဟွမ်နှင့်လန်ရှီးချန် စကားပြောနေစဉ်၌ အသံနုချိုချုတစ်သံကကြားဖြတ်ဝင်လာခဲ့သည်။ သို့ငြား ထောင့်မကျိုးစွာ.။ အသံနှင့်လိုက်ဖက်စွာမျက်နှာသည်လည်း ပြုံးစိစိ။
" ကျွန်တော် ခုနက ကာလနာ နဂါးကို ချုပ်ထားပြီ.လိုက်ပြီးမေးစမ်းကြည့်ပါလား.."
ပြောပြီးကာမှ လန်ရှီးချန်ကိုပါ တွေ့သွားရကား..
" အဲ.. မေးစမ်းကြည့်ကြပါလားလို့ ဒီကသခင်လေးရော"
" မင်းတကယ်ပဲ...ဖန့်ဟွမ်?"
မယုံနိုင်သေးသလို အားဟွမ်မေးမိသည်။
အနှီလူငယ်လေးမျက်နှာသည်ကားပြုံးနေရာမှတဖြည်းဖြည်းမဲ့၍သွားချေပြီ။
" အား!!!!တကယ်ပဲ ဘာလုပ်ပြမှ ယုံမှာတုန်း မီးပုံထဲထပ်ပြီးခုန်ဆင်းပြရဦးမလား...တကယ်ပဲ သခင်မလေးက ကျွန်တော့်ကိုစိတ်မကောင်းဖြစ်အောင်သိပ်လုပ်တာပဲ...သခင်မလေးရဲ့ အစောင့်အရှောက်ပါ ဆိုတကယ်ပဲ!"
တက်မတတ်ချက်မတတ်အော်ဟစ်ကာ ဂူနံရံကိုပင်ခေါင်းနှင့် တိုက်၍တရစပ် ပြောနေပါသည့်အနှီလူငယ်ကို အားဟွမ်ရောလန်ရှီးချန်ပါ ကြောင်ကြည့်နေမိသည်။
( inner a huan : အစောင့်အရှောက်ပါပြောနေပြီး..အသက်ပြည့်သေးတာရော ဟုတ်ရဲ့လား...)
" အဲ....အဲ့ဒီ့အစောင်အရှောက်ဆိုတာကြီးကို ငါက အရင်ထဲကမှမယုံတာ..မင်းကိုလည်း ဒီတိုင်း ငါ့ကိုခင်လို့လာကပ်နေတဲ့ငှက်ကလေးလို့ပဲ...မှတ်..."
YOU ARE READING
Retrieving The Lost Smile
Fanfictionသိုင်းလောကနံပါတ်တစ်သခင်လေး ဇယ်ဝူကျွင်းရဲ့ အပြုံးပန်းတွေပြန်ပွင့်တဲ့အခါ... တစ်လောကလုံးဟာလှပလို့.....