Complicated
By emeral_wai
211K 12.7K 1.1K
We could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgy... More
Character Introduction
Episode-1
Episode-2
Episode-3
Episode-4
Episode-5
Episode-6
Episode-7
Episode-8
Episode-9
Episode-10
Character Introduction
Episode-11
Episode-12
Episode-13
Episode-14
Episode-15
Episode-16
Episode-17
Episode-18
Episode-19
Episode-20
Character Introduction
Episode-21
Episode-22
Episode-23
Episode-24
Episode-25
Episode-26
Episode-27
Episode-28
Episode-29
Episode-30
Character Introduction
Episode-31
Episode-32
Episode-33
Episode-35
Episode-36
Episode-37
Episode-38
Episode-39
Episode-40
Character Introduction
Episode-41
Episode-42
Episode-43
Episode-44
Episode-45
Episode-46
Episode-47
Episode-48
Episode-49
Episode-50
Final Part-1
Final Part-2
ကျေးဇူးတင်​လွှာ
Promotion for new fiction XD
Episode-34
1.8K 154 12
By emeral_wai
(Zawgyi)
ငေးကြည့်​လိုက်​ကြသည်​။
ပေးပါ''
"ရပါမယ်​ ခင်​ဗျာ''
Phone no ရမလား?''
သည်​။
တစ်​ဆက်​ထဲမှာပင်​ တရုတ်​ပြည်​သို့လာစဉ်​ ​နေမာန်​နှင့်​ ဥဂ္ဂါစီးနင်းလာခဲ့သည့်
သ​ဘောင်္​ပေါ်ရှိ မနက်​ခင်းတစ်​ခုထံသို့
.
.
.
.
.
ဥဂ္ဂါတို့အခန်းမှာ ​ထောင့်​ဘက်​ကျသည်​မို့ မှန်​ပြတင်းလိုက်​ကာအားဖွင့်​ကြည့့််​လိုက်​လျှင်​ တ​ရွေ့​ရွေ့ခုတ်​​မောင်း​နေ​သော
သ​ဘောင်္ထက်​၌ ​နေ့နှင့်​ညအ​ပေါ်မူတည်​ကာ မတူညီသည့်​အလှတရားများနှင့်​ ပင်​လယ်​ပြင်​အား​တွေ့​နေရသည်​။
လေသည်​။
နေမာန်​?''
သည်​။
သည်​။
ပင်​။
လွဲ​ချော်​ခဲ့ လေသည်​။
နေမာန်​​ခေါ်လာမည့်
ခိုင်းလိုက်​သည်​။
"ဘယ်​လို​နေလဲ အိမ်​​လေးက''
မြင်​ရခြင်းကို ဥဂ္ဂါအသားမကျ​သေးပါ။
တယ်​။
ထောင်​ပါဥဂ္ဂါ
သည်​။
"ဘာလို့လဲ?
အဲ့ဒါ​တွေ မလုပ်​ရရင်​​လေ
တတ်​ကြွသည့်​ ​နေမာန့်​အ​မေးအား ဥဂ္ဂါချကြ်​ခင်းမ​ဖြေနိုင်​။
ရွတ်​​နေမိသည်​။
လိုက်​သည်​။
"ငါ့အပြစ်​​တွေပါ ဥဂ္ဂါ
တယ်
"အလဲခံထားရတယ်​''
"ဘာ?''
>>>>>To be continue
~~~~~~~~~~~••••••••••••••~~~~~~~~~~~~
(Unicode)
ဘယ်​အချိန်​ကြည်​့ကြည်​့ ချစ်​မဝ​သော
ဘယ်​အချိန်​ ​နားဆင်​ နားဆင်​ မရိုးနိုင်​​အောင်​သာယာ​ချိုမြ​နေတတ်​​သော
ချစ်​ရသူ၏အသံ​လေးအား နားဆင်​လိုက်​ရပြီး​နောက်​ ​ကျေနပ်​စွာပင်​ နှုတ်​ဆက်​ရင်​း ဥဂ္ဂါ phone ကိုချလိုက်​သည်​။
​နောက်​လဆိုလျှင်​ ဤက​လေးငယ်​နှင်​့ အပြင်​မှာ ဥဂ္ဂါပြန်​လည်​​တွေ့ဆုံခွင်​့ရ​တော့မည်​။ အမြဲလိုလို ကျိန်​ဆဲ​နေမိ​သော ကံတရားက ဒီနှစ်​များအတွင်​းမှာ​တော့
ဥဂ္ဂါအား အတိုင်​းထက်​အလွန်​​မျက်​နှာသာ​ပေးခဲ့​ပြန်​သည်​။
​ကျေနပ်​စိတ်​ဖြင်​့ ဥဂ္ဂါပတ်​ဝန်​းကျင်​ကို အကဲခတ်​မိချိန်​တွင်​ မှန်​တံခါးကို ဆွဲဖွင်​့ရင်​း ဝင်​လာသည်​့ အမျိုးသမီးငယ်​ နှစ်​ဦးအား​တွေ့လိုက်​ရသည်​။
ထိုအမျိုးသမီးနှစ်​ဦးက ကြည်​မြစွာ ပြုံးပြရင်​း ''ကြိုဆိုပါတယ်​'' ဟု နှုတ်​ခွန်​းဆက်​လိုက်​​သော ဥဂ္ဂါအား တစ်​ချက်​ပင်​​
ငေးကြည်​့လိုက်​ကြသည်​။
"ညီမတို့ကို bubble milk teaနှစ်​ခွက်​​
ပေးပါ''
"ရပါမယ်​ ခင်​ဗျာ''
ရှည်​သွယ်​သွယ်​လက်​အစုံတို့နှင်​့ အချိုးကျကျ​ရောစပ်​​ဖျော်​​နေသည်​့ ဥဂ္ဂါအားထို့အမျိုးသမီး​လေးတို့ မခို့တရို့ကြည်​့​နေကြသည်​ကို ​သေချာ​ပေါက်​သတိထားမိပါသည်​။
ထိုအချိန်​မျိုးဆို ဥဂ္ဂါဟင်​းချက်​​​နေသည်​ကို တ​မေ့တ​မော ​ဘေးမှ​နေ၍ ​ငေး​မော​နေတတ်​သည်​့ ​ကောင်​ငယ်​​လေးအား ဥဂ္ဂါသတိရသွားပြန်​သည်​။
"ဒါနဲ့ ​ကော​ကောက အရမ်​း​ချောတာပဲ
Phone no ရမလား?''
ခပ်​ရဲရဲပါးမို့​လေးများနှင်​့ ရယ်​လိုက်​​တိုင်​း ပိတ်​ကျသွားတတ်​​သော မျက်​ဝန်​း​လေးတို့၏ ပိုင်​ရှင်​ ဖြူ​ဖွေးနုဖတ်​​နေသည်​့ တရုတ်​မ​လေးများ၏ phone no​တောင်​းခြင်​းက ဥဂ္ဂါအတွက်​ ပထမဆုံးမဟုတ်​။
"စိတ်​မရှိပါနဲ့ ညီမ​လေးတို့
အကိုက ​နောက်​လဆို ဆိုင်​ပိတ်​ပြီး
​ဇာတိ​​မြေကို ပြန်​​တော့မှာ''
ချိုသာစွာပြုံးပြကာ​ပြောလိုက်​သည်​့ ဥဂ္ဂါအား ''​သြော်​''ဟုသာ တုံ့ပြန်​ရင်​း ဥဂ္ဂါ​ကမ်​း​ပေးလိုက်​​သော bubble teaနှစ်​ခွက်​အား လက်​လှမ်​းယူပြီး ပြန်​သွားကြ
သည်​။
ရရှိလိုက်​​သော ​ငွေစက္ကူတို့အား အံဆွဲထဲ ထည်​့လိုက်​ပြီး ဥဂ္ဂါ​တွေး​နေမိသည်​။
"မြန်​မာပြည်​မှာ​တော့ ဒီ​ဈေးနဲ့ ​ရောင်​းလို့ မဖြစ်​​လောက်​ဘူး ​ငွေ​ဈေးနဲ့ယှဉ်​ပြီးတွက်​ဦးမှပဲ''
ကိုယ်​့အ​တွေးနှင်​့ကိုယ်​ သ​ဘောကျ
နှစ်​ခြိုက်​စွာ ဥဂ္ဂါပြုံးလိုက်​မိသည်​။
Coffee baristaဟူ​သော အလုပ်​သည်​ ဥဂ္ဂါနှင်​့စိုးစဉ်​းမျှ သက်​ဆိုင်​ခြင်​းမရှိ​သောညအလုပ်​ဟု​တွေးထင်​ခဲ့ဖူး​သော်​ငြား ယခုအချိန်​တွင်​​တော့ ဤသို့​အေးချမ်​းစွာ​နေ​နေရခြင်​းကို ဥဂ္ဂါနှစ်​ခြိုက်​မိ​နေသည်​။
တရုတ်​ပြည်​ကို လိုက်​လာခဲ့စဉ်​က ဥဂ္ဂါ
စိတ်​ထဲတွင်​ ရှုပ်​​ထွေးမှု​ပေါင်​း​မြောက်​များစွာနှင်​့....
ဝသုန်​နှင်​့​ဝေးရမည်​ကို စိုးထိတ်​စိတ်​....
​နေမာန်​့အား ဒုက္ခ​ပေးလိုစိတ်​....
မိမိလုပ်​ခဲ့သည်​များကို လိပ်​ပြာမလုံမိ​သောစိတ်​တို့ဖြင်​့ ပြည်​့လွှမ်​း​နေခဲ့သည်​။
တစ်​ဆက်​ထဲမှာပင်​ တရုတ်​ပြည်​်​သို့လာစဉ်​ ​နေမာန်​နှင်​့ ဥဂ္ဂါစီးနင်​းလာခဲ့သည်​့
သ​ဘောၤ​ပေါ်ရှိ မနက်​ခင်​းတစ်​ခုထံသို့
ဥဂ္ဂါအ​တွေးတို့ အလည်​အပတ်​​ရောက်​သွားခဲ့​လေသည်​။
.
.
.
.
.
မနက်​ခင်​း၏ ​နေ​ရောင်​​ဖျော့​ဖျော့က မှန်​
ပြတင်​းမှတစ်​ဆင်​့တိုးဝင်​ကာ ဥဂ္ဂါမျက်​နှာအား လာ​ရောက်​နှုတ်​ဆက်​​လေသဖြင်​့ အိပ်​ရာမှ နိုးလာရသည်​။
ကျိန်​းစက်​​နေ​သော မျက်​ဝန်​းအစုံအား
ခပ်​​ဖြေး​ဖြေးဖွင်​့ရင်​း ​ဘေးဘီအားကြည်​့မိချိန်​တွင်​မည်​သူမှ ရှိမ​နေခဲ့။
ထိုအချိန်​မှာပင်​ အခန်​းတွင်​းသို့ တစ်​စုံတစ်​​ယောက်​ဝင်​လာသည်​ကို မျက်​ဝန်​း​
ထောင်​့မှ မြင်​ရသဖြင်​့ လှည်​့ကြည်​့မိချိန်​တွင်​​တော့ breakfastထည်​့ထားသည်​့ ပန်​းကန်​များအား သယ်​လာသည်​့​
နေမာန်​့အား​တွေ့လိုက်​ရသည်​။
မနက်​ခင်​း​နေခြည်​နု​ထွေး​ထွေးနှင်​့အပြိုင်​ လန်​းဆန်​း​နေသည်​့ ​နေမာန်​က ဥဂ္ဂါအားပြုံးပြရင်​း ''Morning''ဟု နှုတ်​ဆက်​ချိန်​တွင်​ ဥဂ္ဂါလဲ ပြန်​လည်​ပြုံးပြ
ရင်​းနှုတ်​ဆက်​လိုက်​သည်​။
ဥဂ္ဂါတို့အခန်​းမှာ ​ထောင်​့ဘက်​ကျသည်​မို့ မှန်​ပြတင်​းလ်​ိုက်​ကာအားဖွင်​့ကြည်​့်​့လိုက်​လျှင်​ တ​ရွေ့​ရွေ့ခုတ်​​မောင်​း​နေ​သော
သ​ဘောၤထက်​၌ ​နေ့နှင်​့ညအ​ပေါ်မူတည်​ကာ မတူညီသည်​့အလှတရားများနှင်​့ ပင်​လယ်​ပြင်​အား​တွေ့​နေရသည်​။
ညအချိန်​က ​လ၏အရှိန်​နှင်​့ငွေမှင်​​ရောင်​ခပ်​ဖြဖြ​ပြေး​နေခဲ့​သော ပင်​လယ​်​ရေ​ပြင်သည်​ ယခုလိုမနက်​​စော​စောတွင်​​တော့
​နေခြည်​ပတ်​ဖျန်​းမှု​ကြောင်​့ ​တောက်​ပ
လျက်​​ရွှေ​ရောင်​အဆင်​းအား​ဆောင်​​နေ​
လေသည်​။
ပြတင်​း​ပေါက်​အား​ငေးရင်​း ခါးဆိမ်​့ဆိမ်​့coffeeအား အရသာခံရင်​း​သောက်​​နေသည်​့ဥဂ္ဂါအား ​နေမာန်​က စကားစလာခဲ့သည်​။
"သိပ်​မကြာခင်​ ရောက်​​တော့မယ်​''
"ဟိုမှာ ဘာ​တွေလုပ်​ဖို့စီစဉ်​ထားလဲ
​နေမာန်​?''
"ငါအားလုံးစီစဉ်​ထားပါတယ်​
မင်​းလဲ သ​ဘောကျ​လောက်​မှာပါ''
ဟု အပြုံးတစ်​ခုနှင်​့ ​နေမာန်​တတ်​ကြွစွာဆိုလာခဲ့သည်​။
ဥဂ္ဂါက​တော့ ​ခေါင်​းခပ်​ဆက်​ဆက်​ငြိမ်​့ရင်​းသာ သူ့စကားအား​ထောက်​ခံ​နေလိုက်​သည်​။ ​မေးလိုက်​မိ​သော်​ငြား​နေမာန်​ စီစဉ်​ထားသည်​့ အရာ​မှာ ​ကောင်​း​ရာ​ကောင်​း​ကြောင်​းတော့ မဖြစ်​နိုင်​သည်​မှာ အ​သေအချာမှန်​းဥဂ္ဂါ ​သိပါသည်​။
​နေမာန်​ရိုး​ဖြောင်​့စွာ​ သမာအာဇီဝ ကျကျ အလုပ်​လုပ်​သည်​ကို သူနှင်​့သိခဲ့သည်​့
ဒီနှစ်​​တော အတွင်​းမှာ မြင်​ဖူးခြင်​းမရှိခဲ့။
ဥဂ္ဂါအထက်​တန်​း​ကျောင်​းသားဘဝမှာ
ပင်​ ​နေမာန်​က လူဆိုး​ခေါင်​း​ဆောင်​​ ဖြစ်​​နေခဲ့သည်​။
သူတို့အဖွဲ့အတွက်​ ​ဥဂ္ဂါ အလိုမတူဘဲ
လိုအပ်​သည်​့ ​မှောင်​ခိုပစ္စည်​းများအား သက်​စွန်​့ဆံဖျားရှာ​ပေးခဲ့ရသည်​။ မရှာ​
ပေးဘဲ ကလန်​ကဆန်​လုပ်​မိလျှင်​​ ​သွေးထွက်​သံယိုဖြစ်​သည်​အထိ​အုပ်​စုဖွဲ့ကာဝိုင်​းအနိုင်​ကျင်​့​တတ်​​သော ​နေမာန်​့အား
ဥဂ္ဂါတူးတူးခါးခါးကိုမုန်​းမိခဲ့သည်​။
သို့​သော်​လည်​း ထိုမုန်​းလှစွာ​သော​
နေမာန်​အနား၌ အလုပ်​လုပ်​ခွင်​့​တောင်​းရသည်​့အထိ အ​ခြေအ​နေဖန်​လာခဲ့​လေသည်​။
ဥဂ္ဂါအလုပ်​လုပ်​ရန်​​တောင်​းဆိုမိခဲ့ချိန်​
​တွင်​​နေမာန်​သည်​ သာမာန်​လူမိုက်​​ခေါင်​း​
ဆောင်​တစ်​ဦးမျှသာ ထင်​ခဲ့သည်​။
သို့​သော်​လည်​း​နောက်​ပိုင်​းတွင်​​တော့ သူသည်​ နာမည်​ကြီး ​မှောင်​ခိုဂိုဏ်​း၏ ​ခေါင်​း​ဆောင်​ မည်​သို့ဖြစ်​​နေမှန်​း ဥဂ္ဂါမသိခဲ့။
ဥဂ္ဂါသိသည်​က သူခိုင်​း​စေသမျှအား တစ်​​သွေမတိမ်​းလိုက်​လုပ်​ခဲ့ခြင်​းပင်​။
တက္ကသိုလ်​တတ်​ရင်​းလဲ ​အန္တရာယ်များလှသည်​့ကြားမှ ​ကျောင်​းသားများထဲမှ​ဝါသနာပါသူများအားဆွဲ​ဆောင်​ရင်​း ဆေးဖြန်​့ ခဲ့ဖူးသည်​။
Clubတွင်​ ဟန်​ပြသီချင်​းဆိုရင်​း ​မူးယစ်​​ဆေး အ​ရောင်​းအဝယ်​လဲ လုပ်​ဖူးခဲ့
သည်​။
နယ်​စပ်​​ဒေသများရှိအ​ရေးကြီး ​ကိစ္စများ၌လဲ ဦးစီးဖူးပြီး ​နေမာန်​့အတွက်​လိုအပ်​လျှင်​ ဥဂ္ဂါလက်​ပင်​ ​သွေးစွန်​းခံခဲ့ဖူးသည်​။
ထိုသို့ လုပ်​ရသည်​့အတွက်​လဲ ​နေမာန်​နှင်​့ဥဂ္ဂါကြားတွင်​ စာချုပ်​တစ်​ခု ချုပ်​ဆိုထားခဲ့သည်​။
သတ်​မှတ်​ကာလ(၇နှစ်​)အတွင်​း ​နေမာန်​ခိုင်​းသမျှအားနာခံမည်​ဆိုလျှင်​ စာချုပ်​ပြီးဆုံးချိန်​၌ ဥဂ္ဂါအတွက်​ လုပ်​ငန်​းတစ်​ခုထူ​ထောင်​နိုင်​မည်​့ ​ငွေကြေးပမာဏအား ရရှိမည်​ဟူ၍ ဖြစ်​သည်​။
ယခင်​က ဥဂ္ဂါမနူးမနပ်​အရွယ်​မို့ ​နေမာန်​​ပြောသည်​ကိုလက်​ခံပြီး စာချုပ်​၌လက်​မှတ်​ထိုးခဲ့ခြင်​းပင်​....။
သူ့စကားအားနာခံကာ အားလုံးလုပ်​​ပေးခဲ့သည်​။
သို့​သော်​ ​နေမာန်​့၏ ဥဂ္ဂါအ​ပေါ်ထားရှိသည်​့ ကိုယ်​​ရေးကိုယ်​တာ ခံစားချက်​များ​​ကြောင်​့ မထင်​မှတ်​ဖွယ်​ အကျိုးဆက်​တို့ ဖြစ်​လာချိန်​တွင်​​တော့ ဥဂ္ဂါ​နေမာန်​့အား မုန်​းတီးရာမှ နာကျည်​းလာမိသည်​။
ယခင်​က ​နေမာန်​ခွဲ​ပေးမည်​ဟူ​သော ​ဝေစုနှင်​့သာ ​ကျေနပ်​ခဲ့​သော ဥဂ္ဂါသည်​ အခုချိန်​တွင်​​တော့ ကိုယ်​ကျင်​့တရားကို ရင်​း​၍လုပ်​ခဲ့ရသည်​့ လူမဆန်​​သော လုပ်​ရပ်​များအတွက်​ ​
နေမာန်​့အား ပြန်​ခံစား​စေချင်​မိလာ
သည်​။
ချစ်​ရသူနှင်​့​ကွေကွင်​း​စေခဲ့သူ​ပေါ်၌ ဖြစ်​တည်​လာသော မုန်​းတီးစိတ်​က သူ့အနားမှာ​နေရင်​း ဒုက္ခချိုချိုတို့အား ခံစား​ရအောင်​လုပ်​မိလိုခြင်​းတို့အထိ အသွင်​​ပြောင်​းလာခဲ့သည်​။
အရိုင်​းဆန်​​သောစိတ်​တို့ ထကြွ​နေခဲ့​သော်​လည်​း ဥဂ္ဂါအချိုသပ်​ရင်​း ​နေမာန်​့အနားမှာ​နေကာ သူ့အလုပ်​ကို ပိုအ​သေးစိတ်​ကျကျစုံစမ်​းရန်​ ဟူ​သော အကြံနှင်​့
ဥဂ္ဂါ ​နေမာန်​​ခေါ်ရာသို့လိုက်​လာခဲ့ခြင်​း
ပင်​။
တရုတ်​ပြည်​ရှိလုပ်​ငန်​းများတွင်​ အရာဝင်​​အောင်​ ကြိုးစားရင်​း ​နေမာန်​့ယုံကြည်​မှုအား 100%အရယူမည်​ဟု စိတ်​ဆုံးဖြတ်​ခဲ့​သော ဥဂ္ဂါအား ​နေမာန်​ စီစဉ်​ထားခဲ့သည်​့ အရာများက တအံတသြပင်​ဖြစ်​​စေသည်​။ဥဂ္ဂါအ​တွေးနှင်​့ လက်​​တွေ့မှာ
လွဲ​ချော်​ခဲ့ လေသည်​။
ဥဂ္ဂါစိတ်​ထဲတွင်​ မှန်​းဆထားခဲ့သည်​က​ ​
နေမာန်​​ခေါ်လာမည်​့​
နေရာသည်​သူ့ဌာန၏ အဖွဲ့ခွဲတစ်​ခု ဖြစ်​မည်​ဟု မှန်​းဆခဲ့​သော်​လဲ တကယ်​တန်​း​
ရောက်​လာသည်​က ''ဂျီနန်​(Jinan)​'' ဟူ​သော တရုတ်​ပြည်​၏ ဆိပ်​ငြိမ်​​အေးချမ်​း​သည်​့ မြို့​လေးတစ်​မြို့ ဖြစ်​​နေခဲ့သည်​။
ရှန်​့ဟိုင်​းမှ ဂျီနန်​သို့ ​ရောက်​ချိန်​တွင်​ ဥဂ္ဂါအတွက်​ အစစအရာရာမှာ ထူးခြား​နေခဲ့သည်​။
ရင်​သပ်​ရှ​ုမောဖွယ်​​ကောင်​း​လောက်​
​​အောင်​ စိမ်​းလဲကြည်​သာ​သော စမ်​း​ချောင်​းငယ်​တို့၏ အလှတရားများဖြင်​့ ပြည်​့လွှမ်​း​နေ​သော ဂျီနန်​မြို့သည်​ ဥဂ္ဂါ၏
စိတ်​အားအနည်​းငယ်​​တော့ ​အေးချမ်​း​
အောင်​စွမ်​း​ဆောင်​​ပေးနိုင်​သည်​။
ထိုမြို့ငယ်​၏ ဆင်​​ခြေဖုံးရပ်​ကွက်​တစ်​ခုတွင်​ ​နေမာန်​ငှါးလာ​ခဲ့သော taxiအားရပ်​
​ခိုင်​းလိုက်​သည်​။
ခပ်​ကျဉ်​းကျဉ်​းခြံဝန်​းထဲရှိတစ်​ထပ်​တိုက်​ပု​လေးမှာ ​နေချင်​စဖွယ်​ ချစ်​စဖွယ်​​
ကောင်​း​နေသည်​။ ခြံ​ထောင်​့၌ အလှဆင်​ထားတူး​ဖော်​​သော ​ရေတသွင်​သွင်​စီး​နေသည်​့စမ်​း​ချောင်​းငယ်​​လေးမှာ ဂျီနန်​၏ သရုပ်​အား​ဖော်​ကျုး​နေသလိုပင်​။
ခြံဝင်​းထဲ၌ အံသြစိတ်​ဖြင်​့ ကြည်​့​နေမိ​သော ဥဂ္ဂါအား ​နေမာန်​က အနားကပ်​ရင်​း
"ဘယ်​လို​နေလဲ အိမ်​​လေးက''
ိအိမ်​၏ အပြင်​အဆင်​မှာ ချက်​ချင်​းပြင်​ဆင်​ထားသည်​နှင်​့ မတူဘဲ ကြိုတင်​အချိန်​ယူကာ ​ဆောက်​လုပ်​ထားသည်​နှင်​့ တူ​သော​ကြောင်​့ ဥဂ္ဂါအံသြမိ​နေခြင်​း။
​နေမာန်​က ဥဂ္ဂါစိတ်​အား အတပ်​သိသည်​့အလားပင်​
"ငါဒီအိမ်​ကို လွန်​ခဲ့တဲ့ ၂နှစ်​​လောက်​ထဲက ​ဆောက်​ခဲ့တာ''
ခပ်​​ဖြေး​ဖြေး​ပြောရင်​း ဥဂ္ဂါလက်​အားဆွဲယူက ​နေမာန်​က အိမ်​ထဲသို့​ခေါ်သွားခဲ့သည်​။
ခပ်​ကျဉ်​းကျဉ်​းတိုက်​ပု​လေးဖြစ်​​သော်​ငြား အိမ်​ထဲ၌ အဖြူ​ရောင်​တို့ဖြင်​့သာ အလှဆင်​ထားခြင်​း​ကြောင်​့ အမြင်​ရှင်​းပြီး လှ​ပ​နေ​လေသည်​။
ဧည်​့ခန်​းတွင်​စီချထား​သော ခုံတန်​း​လေးထက်​တွင်​​နေမာန်​က ထိုင်​လိုက်​ရင်​း ဥဂ္ဂါအားလဲထိုင်​​စေသည်​။
ပြီးမှ သူ့စကားအားဆက်​သည်​။
"ဒီမြို့​လေးက သိပ်​သာယာတယ်​ဥဂ္ဂါ
မင်​းဒီမြို့​လေး အ​ကြောင်​းကြားဖူးလား''
ဥဂ္ဂါ​ခေါင်​းကိုသာ တွင်​တွင်​ခါပြလိုက်​သည်​။ သို့​သော်​လဲ စိတ်​ထဲတွင်​ ကြားဖူး​နေသလိုလို...သိ​နေသလိုလို ခံစားမိသည်​ကို ​နေမာန်​့အား​ပြောမပြမိ။
​နေမာန်​က ဥဂ္ဂါအားပြုံးရင်​းကြည်​့​နေသည်​။ အမြဲတ​စေ မာထန်​​နေတတ်​သည်​့ သူ့မျက်​နှာအား အပြုံးနုနု တို့နှင်​့တွဲဖက်​
မြင်​ရခြင်​းက်​ို ဥဂ္ဂါအသားမကျ​သေးပါ။
"ဒီအိမ်​​လေးမှာ တစ်​ချိန်​ကြရင်​ မင်​းနဲ့ အတူ​နေနိုင်​မှာလို့​တွေးရင်​း ငါဝယ်​ပြီး
ပြင်​ဆင်​ထားခဲ့တာ ဥဂ္ဂါ
အိမ်​ရဲ့ decorationကိုလဲ မင်​းသ​ဘောကျတဲ့ အဖြူ​ရောင်​နဲ့ပဲ ပြင်​ဆင်​ထား
တယ်​။
​နေမာန်​့ကို ဥဂ္ဂါအဖြူ​ရောင်​ကြိုက်​သည်​ဟု တစ်​ခါမျှ မ​ပြောဖူးခဲ့ဘဲ သူသိ​နေသည်​ကို ဥဂ္ဂါအနဲငယ်​အံသြမိသွားသည်​။
ထို့​နောက်​ ဥဂ္ဂါသိချင်​သည်​့ အဓိကအ
ချက်​အား ​နေမာန်​့ကို​မေးလိုက်​သည်​။
"ငါက ဒီမှာ ဘာလုပ်​ရမှာလဲ​နေမာန်​?
သဘာဝ အလှအပ​ ဘာညာ​တွေခံစားခိုင်​းဖို့​ခေါ်လာတယ်​လို့​တော့ ငါ့ကိုမ​ပြောနဲ့​နော်​''
"အင်​း...ငါ​ပြောတာကို ​သေချာနား​
ထောင်​ပါဥဂ္ဂါ
အခုအချိန်​ကစပြီး မင်​း Rumble Gangနဲ့ ပတ်​သတ်​လို့ ဘာမှလုပ်​​ပေးစရာမလို​တော့ဘူး''
ခဲ​လေသမျှ ​သဲရေကျ ဖြစ်​​တော့မည်​စိုးသည်​့အတွက်​ ဥဂ္ဂါအတင်​းငြင်​းဆိုမိ
သည်​။
"ဘာလို့လဲ?
"မင်​း စိတ်​ချမ်​းသာမယ်​မဟုတ်​လားဥဂ္ဂါ
အဲ့ဒါ​တွေ မလုပ်​ရရင်​​လေ
မင်​းက အစထဲက မတတ်​သာလို့ ဒီလိုတရားမဝင်​အလုပ်​​တွေကိုလုပ်​ခဲ့ရတာပဲ
အခု လုပ်​စရာမလို​တော့ဘူးဆို​တော့ ပိုမ​ကောင်​းဘူးလား?''
တတ်​ကြွသည်​့ ​နေမာန်​့အ​မေးအား ဥဂ္ဂါချြက်​ခင်​းမ​ဖြေနိုင်​။
"ခုမှလာပြီး ​သောက်​ရမ်​း အသိတရား​
တွေရ​နေတာပဲ''ဟု စိတ်​ထဲမှ ဥဂ္ဂါ​ရေ
ရွတ်​​နေမိသည်​။
"ဥဂ္ဂါ မြန်​မာပြည်​မှာဖြစ်​ခဲ့တဲ့ ကိစ္စ​တွေကို ​မေ့ပစ်​လိုက်​ပါ''
မ​မေ့နိုင်​....ဥဂ္ဂါ ထိုအဖြစ်​ဆိုးများနှင်​့ မိမိကျူးလွန်​ခဲ့သည်​့အပြစ်​များမှာ စိတ်​ထဲတွင်​ ယခုထိတိုင်​လက်​ဆက်​​နေဆဲပင်​။
အ​ဖြေမ​ပေးနိုင်​ဘဲ ​ကြောင်​​ငေး​နေသည်​့ ဥဂ္ဂါ၏ ပခုံးအစုံကို ​နေမာန်​ဆွဲလှည်​့
လိုက်​သည်​။
"ငါ့အပြစ်​​တွေပါ ဥဂ္ဂါ
မင်​းကို ဒီကိစ္စ​တွေနဲ့ မပတ်​သတ်​ဘဲ​နေမခိုင်​းတဲ့အပြင်​ မရမက ငါဆွဲသွင်​းမိခဲ့
တယ်​
ငါမင်​းအ​ကြောင်​း ​ကောင်​း​ကောင်​းသိတာပဲ
မင်​းလိုလူရဲ့စိတ်​က တစ်​စုံတစ်​ခု​ကြောင်​့သာမဟုတ်​ရင်​ဒီလို ဆိုးယုတ်​သွားစရာ အ​ကြောင်​းမှ မရှိဘဲ.....''
ရှည်​လျားစွာ​ပြောဆို​နေသည်​့ ​နေမာန်​့စကားများအား ဥဂ္ဂါနားမလည်​နိုင်​....
​နေမာန်​့အားကြည်​့​နေရင်​းပင်​ စိတ်​ထဲရှုပ်​​ထွေး​နောက်​ကျိလွန်​းလာသည်​။
ဤသည်​ကို သိ​သော​နေမာန်​က ဥဂ္ဂါအား​သေချာကြည်​့ကာ
"မင်​းဆရာဝန်​နဲ့ ပြကြည်​့ရမယ်​ ဥဂ္ဂါ''
"ဘာ??ငါက ဘာလို့ဆရာဝန်​နဲ့ပြရမှာလဲ အ​ကောင်​းကြီးကို
မင်​းရူး​နေတာဆိုလဲ မင်​းဘာသာပြ ငါ့ကို ဆွဲမ​ခေါ်နဲ့'' ဥဂ္ဂါ​ဒေါသထွက်​စွာတုံ့ပြန်​လိုက်​သည်​။
အလုပ်​ကိစ္စသိချင်​လို့ လိုက်​လာခဲ့ရာမှ ​
ဆေးကုခိုင်​း​နေသည်​့ အဖြစ်​.....
သို့​သော်​​နေမာန်​က သူ့လက်​ထဲမှ ကိုင်​ထား​သော (Nembutal) ဟူ​သော
တံဆိပ်​ ခပ်​နှိပ်​ထား​သောဘူးငယ်​ကို ဥဂ္ဂါအားပြလိုက်​ချိန်​တွင်​​တော့ အံသြသွားရသည်​။
"ဒါငါ​သောက်​​နေကျ စိတ်​ငြိမ်​​ဆေး​တွေ​လေ ဘာဖြစ်​လို့လဲ?''
"မင်​းအ​ပေါ်မှာ ဒီ​လောက်​ထိ ငါ ဖိအား​တွေများ​စေမိခဲ့တာပဲ
စိတ်​ငြိမ်​​ဆေးပါ ​သောက်​ရတဲ့အထိ''
"Dramaလာချိုးမ​နေစမ်​းနဲ့ ​နေမာန်​
စိတ်​ငြိမ်​​ဆေး​သောက်​မိလို့ ​ဆေးကုရတဲ့အထိ ငါ ​ပျော့တိ​ပျော့ညံ​ကောင်​ဖြစ်​​နေတဲ့ မဟုတ်​ဘူး''
"အလဲခံထားရတယ်​''
"ဘာ?''
"မင်​းစွဲ​သောက်​​နေတဲ့ ဒီ​ဆေး​တွေကို မသင်္ကာလို့ ငါစစ်​ကြည်​့လိုက်​တာ
ဒါစိတ်​ငြိမ်​​ဆေး​တွေမဟုတ်​ဘူး ဥဂ္ဂါ
သူနဲ့ ဆန်​့ကျင်​ဘက်​ effectရှိတဲ့ ​ဆေးအမျိုးအစားပဲ!!
မူးယစ်​​ဆေး​တော့ မဟုတ်​​ပေမယ်​့
သူ့ရဲ့ ​ဘေးထွက်​ဆိုးကျိုး​တွေက
အများကြီးပဲ​လေ မင်​းသတိမထားမိဘူးလား?''
​နေမာန်​့စကားအဆုံးတွင်​​တော့ ဥဂ္ဂါငြိမ်​သက်​သွားရသည်​။
အမြဲလိုလို ရှုပ်​​ထွေး​နောက်​ကျိ​နေတတ်​သည်​့ စိတ်​​တွေ.....
​ပျောက်​ဆုံးကုန်​သည်​့ ဆင်​ခြင်​တုံတရား​တွေ.....
မကြာခဏ တဆက်​ဆက်​တုန်​ယင်​​နေတတ်​​သော သူ့လက်​​တွေ.....
ုံသူမနှစ်​မြို့လွန်​းလှ​သော အပြုအမူများကို လက်​ရဲဇက်​ရဲ အသိစိတ်​မဲ့စွာလုပ်​မိခဲ့​သော သူ့အဖြစ်​​တွေ.....
​တွေး​လေ​တွေး​လေ.....ဥဂ္ဂါစိတ်​ထဲ
အခဲမ​ကြေဖြစ်​မိ​တော့သည်​။
"ဘယ်​သူကများ ဒီ​ဆေး​တွေကို လဲပစ်​ထားပါလိမ်​့??''
>>>>>To be continue
တကယ်​updateမြန်​​တော့မှာပါ​နော်​😝
ဖတ်​ရှု​ပေးမှုအတွက်​ ​ကျေးဇူးအများကြီးတင်​ပါတယ်​လို့❤❤❤
Feedback​လေး​တွေ​ပေးခဲ့မယ်​ဆို အရမ်​းmotivatedဖြစ်​ပြီး updateပိုမြန်​မှာ Hee😍
Continue Reading
You'll Also Like
281K 23.9K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
180K 13.3K 19
"YOU ARE MINE TO KEEP OR TO KILL" ~~~ Kiaan and Izna are like completely two different poles. They both belong to two different RIVAL FAMILIES. It's...
655K 25.6K 73
Lilly found an egg on a hiking trip. Nothing abnormal on that, right? Except the egg was four times bigger than supposedly the biggest egg in the wor...
210K 23K 30
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...