#Unicode
"ရွှေရေး နင့်မျက်နှာကြီးကို ပြင်ဦး။
ဂျပန်ခေတ်က ဗုံးမှန်ထားသလို ရှုံ့မဲ့မနေနဲ့"
အကျဉ်းရုံးသာလုပ်သော လက်ထပ်ပွဲကလေးမှာ မင်္ဂလာသတို့သားဖြစ်သော ရွှေရေးထက်အား ယွန်းဆုရည်ခိုင် အနည်းငယ်ပြင်ဆင်ပေးရင်း
သြဇာသီးရောင်းနေပေသည်။
"ယွန်းဆုမ နင်ဟာလေ... ကိုယ့်မောင်လေးလို၊ သူငယ်ချင်းလိုတန်ဖိုးထားရတဲ့ ငါလေး ဒီလိုဖြစ်တာကို စပ်ဖြီးဖြီးလုပ်ပြီး ပြုံးပျော်နေရသလား? မေမေကလည်း ငါ့ကို သူများလက်ထဲထိုးထည့်ပြီး သူလွတ်ရာကျွတ်ရာ တရားစခန်းဆီကို ရှောင်ပြေးတော့မယ်။
ငါ့ကို တစ်ကယ်ချစ်တဲ့သူ ဒီကမ္ဘာပေါ်မှာ မရှိဘူး"
ရွှေရေးထက် ရှိသမျှလူကို အကုန်အပြစ်တင်ကာနေတော့သည်။
"မောင်ရှိပါတယ်နော်..."
ဘယ်အချိန်က ရောက်နေမှန်းမသိသော စိုင်းအံ့ဘုန်းဇော်သည် ရွှေရေးထက်နံဘေး ဒူးထောက်ကာ အချစ်ရည်ရွှန်းလဲ့သော မျက်ဝန်းများဖြင့် ကြည့်ကာ ပြုံးပြနေလေသည်။
"နေရာတကာကိုပါတယ်။ သူများစကားပြောတာကို ခိုးနားထောင်တတ်တဲ့အကျင့်လဲရှိတာပဲလား?"
ဘယ်ဘဝကရေစက်မှန်းမသိ စိုင်းအံ့ဘုန်းဇော်အား
မြင်တာနဲ့ကို ရွှေရေး ဘုကလန့်ပြောလိုက်ရမှ စိတ်ချမ်းသာသည်။
"ရွှေရေး ဒီနေ့က နင်တို့နှစ်ယောက်အတွက် အရေးကြီးတဲ့နေ့နော်။လူတွေလည်း စုံလင်နေမှာ။
ဒီနေ့တစ်နေ့လေးတော့ ငါ့မတ်ကလေးအပေါ်မှာ
ကောင်းကောင်းမွန်မွန်ဆက်ဆံပေးဖို့ ငါတောင်းဆိုပါတယ်"
မျက်နှာပြောင်တတ်သော မတ်ကလေးနှင့်
စိတ်ဆတ်သူ သူငယ်ချင်းတို့နှစ်ယောက် ရန်ပွဲဆင်နွှဲရမည့်အဖြစ်ကို မမြင်ချင်တာမို့ ယွန်းဆုရည်ခိုင် ဖြန်ဖြေရေးလည်း လုပ်ရသေးသည်။
"တအားကို အမျိုးချစ်နေ ယွန်းဆုမရေ... ငါ ဒီနေ့တစ်နေ့တော့ သည်းခံလိုက်မယ်"
ထို့နောက် ဘုန်းကြီးဆွမ်းကပ်ဖို့ အံ့ဘုန်းခေါ်ဆောင်ရာ လိုက်ပါသွားရတော့သည်။
ဘုန်းကြီးသုံးပါးပင့်ကာ အံ့ဘုန်းတို့အိမ်မှာပဲ မင်္ဂလာဆွမ်းကပ်ပြီး ရပ်ကွက်လူကြီးများရှေ့မှောက်၌ လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးခြင်းအမှု
ပြီးမြောက်သွားချေတော့သည်။
ထို့နောက် မိဘများကို ကန်တော့ကာ ဆုံးမသြဝါဒခံယူကြသည်။
"မေမေ သားကို စိတ်ချလက်ချကို ထားခဲ့ပြီပေါ့"
ရွှေရေးထက်၏ အပြောကြောင့် မိခင်ဖြစ်သူခမျာ ချက်ချင်းပင် သေလူဖြစ်သွားရသည့်အဖြစ်သို့ ရောက်ရှိသွားချေလေပြီ။
"ဟဲ့ သား... သားပြောပုံကြီးက မသိရင် မေမေပဲ သေသွားတာလိုလိုနဲ့။ပြီးတော့ မေမေ သားအတွက်စိတ်ချလို့ ဒီလိုခွင့်ပြုခဲ့တယ်။
မေမေ့ဘဝမှာ သားကိုပဲ ကြည့်ပြီး ရှင်သန်ခဲ့တာမို့
ဘုရားတရားကို မေ့နေခဲ့တယ် သား။ အခုတော့ မေမေ တတ်နိုင်သလောက် တရားအားထုတ်ချင်တယ် သား။ သား လိမ်လိမ်မာမာနေနော်။ ယောက္ခမတွေအပေါ်မှာရော မောင်အံ့ဘုန်းလေးအပေါ်မှာရော မဆိုးနဲ့။
သူနဲ့ယှဉ်ရင် သားက အကြီးပဲ။ ဒီတော့ သူ့ကို ဆိုးမနေပဲ ကောင်းကောင်းနေနော်"
ဒေါ် ကြည်ဖြူခင်တစ်ယောက် မှာစရာရှိတာမှာပြီး
ရွှေရေးထက်၏ နဖူးအား နမ်းကာ ထွက်သွားလေသည်။
အံ့ဘုန်း၏ မိဘများကတော့ အံ့ဘုန်းကိုပဲ ဆိုဆုံးမကာ ရွှေရေးထက်အား အလိုလိုက်ရန် ပြောလေသည်။
ကိစ္စအရပ်ရပ်တို့ ပြီးစီးလုပ်ဆောင်ပြီး၍
အချိန်ကား ညဘက်သို့ ရောက်လာချေပြီ။
"ဟိုတစ်ယောက် မျက်စိနောက်လာပြီနော်။ လမ်းလျှောက်ချင်ရင် အပြင်သွားလျှောက်"
ခပ်ဖျော့ဖျာ့အလင်းရောင်သာ ထွန်းညှိထားသော်လည်း နက်ပြာရောင် ညအိပ်ဝတ်စုံနှင့် အသားဖြူဖြူတို့ ပနံသင့်မှုကြောင့် အခန်းတွင်း ခေါက်တုံ့ခေါက်ပြန်
လမ်းလှျှောက်နေသော ခပ်ချောချောမျက်နှာပိုင်ရှင် အံ့ဘုန်းအား ရွှေရေး မျက်စိနောက်လာရသည်။
"ဘေဘီ..."
အံ့ဘုန်း၏ အသံသည် အနည်းငယ်တုန်ယင်နေပေသည်။
"ဘာလဲ"
"ဒီညက ဘာညလဲဟင်"
"ရူးနေလား? စနေနေ့ညလေ။ ဘယ်လိုအရူးအမျိုးအစားမှန်းလဲမသိ"
"မင်္ဂလာဦးည မဟုတ်ဘူးလားဟင်"
"အဲ့တော့ ဘာလုပ်ရမှာတုန်း?"
အံ့ဘုန်းတစ်ယောက် ကုတင်ပေါ်တက်ချင်နေ၍
မျက်နှာချိုသွေးကာ မေးနေသော်လည်း ပြန်ကြားရသည့်အဖြေကြောင့် ဆက်ပြောရမည့် စကားလုံးတို့ လည်ချောင်းဝမှာတင် ကျေပျက်ကုန်တော့သည်။
"မင်္ဂလာဦးညဆိုတော့ ဘာဘာညာညာလုပ်ရမယ်လေ ဟီး"
"မျက်နှာရူး ရုပ်ကိုက စပ်ဖြီးဖြီးနဲ့။ အေ့နော် ကြမ်းပြင်မှာအိပ်ချင်လား? သက်တောင့်သက်သာနဲ့ ကုတင်ပေါ်မှာ အိပ်ချင်လား?"
"ကုတင်ပေါ်မှာ အိပ်မယ်လေ ဟဲဟဲ ပြီးတော့..."
"တော် တိတ်"
ရွှေရေး၏ တော် တိတ် အမိန့်သံကြောင့် အံ့ဘုန်းစကားတို့ လေထဲမှာပင် တစ်ဝက်တစ်ပျက်ဖြစ်ကာ ပျောက်ဆုံးသွားတော့သည်။
"ကုတင်ပေါ်အိပ်ရင် ဖက်လုံးခြားထားမယ်။ ကျေနပ်ရင်အိပ်။ မကျေနပ်ရင် ကြမ်းပြင်မှာအိပ်"
"ရတယ် ကုတင်ပေါ် ပဲအိပ်မယ်"
အထွန့်မတက်ရဲသော အံ့ဘုန်းခမျာ ကုတင်ပေါ်တက်ကာ ခြားထားသောဖက်လုံးအား အားရပါးရဖက်ကာ အိပ်မောကျသွားတော့သည်။
အိပ်မောကျသွားသော ကောင်လေးအား စောင်ခြုံပေးကာ အပြုံးများနဲ့ အိပ်စက်သွားသော
ကောင်လေးကိုလည်း ကောင်းကင်မှ လစန္ဒာက
အိပ်ခန်းပြတင်းပေါက်မှတစ်ဆင့် မြင်ဖြစ်အောင် မြင်လိုက်ပါသေးသည်။
Thank You All 💋💋
TSA
#Zawgyi
"ေရႊေရး နင့္မ်က္ႏွာၾကီးကို ျပင္ဦး။
ဂ်ပန္ေခတ္က ဗံုးမွန္ထားသလို ရံႈ႕မ့ဲမေနနဲ႕"
အက်ဥ္းရံုးသာလုပ္ေသာ လက္ထပ္ပြဲကေလးမွာ မဂၤလာသတို႔သားျဖစ္ေသာ ေရႊေရးထက္အား ယြန္းဆုရည္ခိုင္ အနည္းငယ္ျပင္ဆင္ေပးရင္း
ၾသဇာသီးေရာင္းေနေပသည္။
"ယြန္းဆုမ နင္ဟာေလ... ကိုယ့္ေမာင္ေလးလို၊ သူငယ္ခ်င္းလိုတန္ဖိုးထားရတ့ဲ ငါေလး ဒီလိုျဖစ္တာကို စပ္ျဖီးျဖီးလုပ္ျပီး ျပံဳးေပ်ာ္ေနရသလား? ေမေမကလည္း ငါ့ကို သူမ်ားလက္ထဲထိုးထည့္ျပီး သူလြတ္ရာကြ်တ္ရာ တရားစခန္းဆီကို ေရွာင္ေျပးေတာ့မယ္။
ငါ့ကို တစ္ကယ္ခ်စ္တ့ဲသူ ဒီကမၻာေပၚမွာ မရိွဘူး"
ေရႊေရးထက္ ရိွသမွ်လူကို အကုန္အျပစ္တင္ကာေနေတာ့သည္။
"ေမာင္ရိွပါတယ္ေနာ္..."
ဘယ္အခ်ိန္က ေရာက္ေနမွန္းမသိေသာ စိုင္းအ့ံဘုန္းေဇာ္သည္ ေရႊေရးထက္နံေဘး ဒူးေထာက္ကာ အခ်စ္ရည္ရႊန္းလ့ဲေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ကာ ျပံဳးျပေနေလသည္။
"ေနရာတကာကိုပါတယ္။ သူမ်ားစကားေျပာတာကို ခိုးနားေထာင္တတ္တ့ဲအက်င့္လဲရိွတာပဲလား?"
ဘယ္ဘဝကေရစက္မွန္းမသိ စိုင္းအ့ံဘုန္းေဇာ္အား
ျမင္တာနဲ႔ကို ေရႊေရး ဘုကလန္႔ေျပာလိုက္ရမွ စိတ္ခ်မ္းသာသည္။
"ေရႊေရး ဒီေန႔က နင္တို႔ႏွစ္ေယာက္အတြက္ အေရးၾကီးတ့ဲေန႔ေနာ္။လူေတြလည္း စံုလင္ေနမွာ။
ဒီေန႔တစ္ေန႔ေလးေတာ့ ငါ့မတ္ကေလးအေပၚမွာ
ေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးဖို႔ ငါေတာင္းဆိုပါတယ္"
မ်က္ႏွာေျပာင္တတ္ေသာ မတ္ကေလးႏွင့္
စိတ္ဆတ္သူ သူငယ္ခ်င္းတို႔ႏွစ္ေယာက္ ရန္ပြဲဆင္ႏႊဲရမည့္အျဖစ္ကို မျမင္ခ်င္တာမို႔ ယြန္းဆုရည္ခိုင္ ျဖန္ေျဖေရးလည္း လုပ္ရေသးသည္။
"တအားကို အမ်ိဳးခ်စ္ေန ယြန္းဆုမေရ... ငါ ဒီေန႔တစ္ေန႔ေတာ့ သည္းခံလိုက္မယ္"
ထို႔ေနာက္ ဘုန္းၾကီးဆြမ္းကပ္ဖို႔ အ့ံဘုန္းေခၚေဆာင္ရာ လိုက္ပါသြားရေတာ့သည္။
ဘုန္းၾကီးသံုးပါးပင့္ကာ အ့ံဘုန္းတို႔အိမ္မွာပဲ မဂၤလာဆြမ္းကပ္ျပီး ရပ္ကြက္လူၾကီးမ်ားေရွ႕ေမွာက္၌ လက္ထပ္စာခ်ဳပ္တြင္ လက္မွတ္ထိုးျခင္းအမႈ
ျပီးေျမာက္သြားေခ်ေတာ့သည္။
ထို႕ေနာက္ မိဘမ်ားကို ကန္ေတာ့ကာ ဆံုးမၾသဝါဒခံယူၾကသည္။
"ေမေမ သားကို စိတ္ခ်လက္ခ်ကို ထားခ့ဲျပီေပါ့"
ေရႊေရးထက္၏ အေျပာေၾကာင့္ မိခင္ျဖစ္သူခမ်ာ ခ်က္ခ်င္းပင္ ေသလူျဖစ္သြားရသည့္အျဖစ္သို႕ ေရာက္ရိွသြားေခ်ေလျပီ။
"ဟ့ဲ သား... သားေျပာပံုၾကီးက မသိရင္ ေမေမပဲ ေသသြားတာလိုလိုနဲ႔။ျပီးေတာ့ ေမေမ သားအတြက္စိတ္ခ်လို႔ ဒီလိုခြင့္ျပဳခ့ဲတယ္။
ေမေမ့ဘဝမွာ သားကိုပဲ ၾကည့္ျပီး ရွင္သန္ခ့ဲတာမို႔
ဘုရားတရားကို ေမ့ေနခ့ဲတယ္ သား။ အခုေတာ့ ေမေမ တတ္ႏိုင္သေလာက္ တရားအားထုတ္ခ်င္တယ္ သား။ သား လိမ္လိမ္မာမာေနေနာ္။ ေယာကၡမေတြအေပၚမွာေရာ ေမာင္အ့ံဘုန္းေလးအေပၚမွာေရာ မဆိုးနဲ႕။
သူနဲ႔ယွဥ္ရင္ သားက အၾကီးပဲ။ ဒီေတာ့ သူ႔ကို ဆိုးမေနပဲ ေကာင္းေကာင္းေနေနာ္"
ေဒၚ ၾကည္ျဖဴခင္တစ္ေယာက္ မွာစရာရိွတာမွာျပီး
ေရႊေရးထက္၏ နဖူးအား နမ္းကာ ထြက္သြားေလသည္။
အ့ံဘုန္း၏ မိဘမ်ားကေတာ့ အ့ံဘုန္းကိုပဲ ဆိုဆံုးမကာ ေရႊေရးထက္အား အလိုလိုက္ရန္ ေျပာေလသည္။
ကိစၥအရပ္ရပ္တို႔ ျပီးစီးလုပ္ေဆာင္ျပီး၍
အခ်ိန္ကား ညဘက္သို႔ ေရာက္လာေခ်ျပီ။
"ဟိုတစ္ေယာက္ မ်က္စိေနာက္လာျပီေနာ္။ လမ္းေလွ်ာက္ခ်င္ရင္ အျပင္သြားေလွ်ာက္"
ခပ္ေဖ်ာ့ဖ်ာ့အလင္းေရာင္သာ ထြန္းညိွထားေသာ္လည္း နက္ျပာေရာင္ ညအိပ္ဝတ္စံုႏွင့္ အသားျဖဴျဖဴတို႔ ပနံသင့္မႈေၾကာင့္ အခန္းတြင္း ေခါက္တံု႔ေခါက္ျပန္
လမ္းေလွွ်ာက္ေနေသာ ခပ္ေခ်ာေခ်ာမ်က္ႏွာပိုင္ရွင္ အ့ံဘုန္းအား ေရႊေရး မ်က္စိေနာက္လာရသည္။
"ေဘဘီ..."
အ့ံဘုန္း၏ အသံသည္ အနည္းငယ္တုန္ယင္ေနေပသည္။
"ဘာလဲ"
"ဒီညက ဘာညလဲဟင္"
"ရူးေနလား? စေနေန႔ညေလ။ ဘယ္လိုအရူးအမ်ိဳးအစားမွန္းလဲမသိ"
"မဂၤလာဦးည မဟုတ္ဘူးလားဟင္"
"အ့ဲေတာ့ ဘာလုပ္ရမွာတုန္း?"
အံ့ဘုန္းတစ္ေယာက္ ကုတင္ေပၚတက္ခ်င္ေန၍
မ်က္ႏွာခ်ိဳေသြးကာ ေမးေနေသာ္လည္း ျပန္ၾကားရသည့္အေျဖေၾကာင့္ ဆက္ေျပာရမည့္ စကားလံုးတို႔ လည္ေခ်ာင္းဝမွာတင္ ေက်ပ်က္ကုန္ေတာ့သည္။
"မဂၤလာဦးညဆုိေတာ့ ဘာဘာညာညာလုပ္ရမယ္ေလ ဟီး"
"မ်က္ႏွာရူး ရုပ္ကိုက စပ္ျဖီးျဖီးနဲ႕။ ေအ့ေနာ္ ၾကမ္းျပင္မွာအိပ္ခ်င္လား? သက္ေတာင့္သက္သာနဲ႔ ကုတင္ေပၚမွာ အိပ္ခ်င္လား?"
"ကုတင္ေပၚမွာ အိပ္မယ္ေလ ဟဲဟဲ ျပီးေတာ့..."
"ေတာ္ တိတ္"
ေရႊေရး၏ ေတာ္ တိတ္ အမိန္႔သံေၾကာင့္ အံ့ဘုန္းစကားတို႔ ေလထဲမွာပင္ တစ္ဝက္တစ္ပ်က္ျဖစ္ကာ ေပ်ာက္ဆံုးသြားေတာ့သည္။
"ကုတင္ေပၚအိပ္ရင္ ဖက္လံုးျခားထားမယ္။ ေက်နပ္ရင္အိပ္။ မေက်နပ္ရင္ ၾကမ္းျပင္မွာအိပ္"
"ရတယ္ ကုတင္ေပၚ ပဲအိပ္မယ္"
အထြန္႔မတက္ရဲေသာ အ့ံဘုန္းခမ်ာ ကုတင္ေပၚတက္ကာ ျခားထားေသာဖက္လံုးအား အားရပါးရဖက္ကာ အိပ္ေမာက်သြားေတာ့သည္။
အိပ္ေမာက်သြားေသာ ေကာင္ေလးအား ေစာင္ျခံဳေပးကာ အျပံဳးမ်ားနဲ႔ အိပ္စက္သြားေသာ
ေကာင္ေလးကိုလည္း ေကာင္းကင္မွ လစႏၵာက
အိပ္ခန္းျပတင္းေပါက္မွတစ္ဆင့္ ျမင္ျဖစ္ေအာင္ ျမင္လိုက္ပါေသးသည္။
Thank You All 💋💋
TSA