" ဟက္ပီးဘက္ေဒး … ေမာင္ ေပ်ာ္႐ႊင္စရာ ေမြးေန႔ေလးျဖစ္ပါေစ "
ေမြးေန႔ကိတ္ကိုကိုင္ထားၿပီး သူ႔ကိုၾကည့္၍ ၿပံဳးကာေျပာလာေသာ သံစဥ့္ကို တစ္ခုခုျပန္ေျပာမည္အျပဳ
" ေမာင္လင္းခန္႔ အန္ကယ္တို႔ကို ဒီတိုင္းပဲရပ္ခိုင္းေနေတာ့မွာလား။ အထဲေပးမဝင္ေတာ့ဘူးလားကြ "
" ဟုတ္တယ္ လင္းခန္႔ … အလြမ္းသယ္လည္း အထဲေရာက္မွ သယ္ၾကပါလားကြာ "
တစ္ေယာက္တစ္ခြန္းဆီေျပာကာ ဦးသီဟႏွင့္ ကိုထြန္းမင္းတို႔က အထဲသို႔ ဦးေဆာင္ဝင္သြားၾကသည္။ လင္းခန္႔အေနႏွင့္ ျပန္ေျပာခ်င္ေသာစိတ္တို႔ကို မ်ိဳသိပ္လိုက္ကာ ဘာမွဆက္မေျပာဘဲ အိမ္ထဲျပန္ဝင္လာလိုက္မိသည္။
သူအေနႏွင့္ ယခုအေျခအေနကို မည္သို႔ လုပ္ရမည္နည္း။ တစ္ဖက္ကလည္း သူခ်စ္ရေသာသူ႐ွိသည္။ တစ္ဖက္ကလည္း …
သူေၾကာင့္နဲ႔ေတာ့သံစဥ့္ရဲ႕ ဂုဏ္သိကၡာကို မထိခိုက္ေစလိုေပ။ ဟန္႔ကိုေတာ့ … ဟန္႔ကိုေတာ့ အားလံုးျပန္မွပဲ သူေသခ်ာ႐ွင္းျပေတာ့မည္။ မိမိကိုယ္ စိတ္ဆိုးေဒါသထြက္ေနမယ္ဆိုရင္ေတာင္ ဟန္႔ဘက္က မမွားေပ။ ဒါေပမယ့္ သူ႕ကို မုန္းမသြားဖို႔ေတာ့ ဆုေတာင္းရမည္။ ဟန္ေက်နပ္သည္အထိ သူေတာင္းပန္ ႏိုင္ပါတယ္။ ဒါေပမယ့္ သူ႕ကို စိတ္နာသြားမွာကိုေတာ့ သူေၾကာက္ေနမိသည္။
" ဝိုး … လင္းခန္႔ မင္းတို႔က ဝိုင္းေတြ ဘာေတြနဲ႔ပါလား။ ငါတို႔ကိုေတာင္ မေခၚဘူးေလ "
" မဟုတ္ပါဘူး "
ကိုထြန္းမင္းရဲ႕စကားကို လင္းခန္႔အလိုက္သင့္တာေျပာရင္း လိုက္ဝင္လာလိုက္သည္။
" ကဲ … သမီးသံစဥ္ အဲ႔မွာရပ္မေနနဲ႔ေလ ဝင္လာခဲ႔။ ေမာင္လင္းခန္႔ မင္းကလည္း သမီးရည္းစားခ်င္းပဲကြာ ရန္ျဖစ္စကားမ်ားတာေတာ့႐ွိမွာေပါ့။ မင္းက ေယာက္်ားေလးပဲကြာ အေလ်ာ့ေပးလိုက္ေပါ့ "
ဦးငယ္ေလးနဲ႔႐ြယ္တူေလာက္႐ွိဟန္တူေသာ ဦးေလးတစ္ေယာက္ေၾကာင့္ ဟန္စစ္အသားကင္စားေနရင္းမွ ႏႈတ္ခမ္းတို႔အသာတြန္႔ေကြးသြားသည္။ သမီးရည္းစား … အစ္ကိုက လမ္းခြဲဖို႔ေျပာၿပီးေတာင္ တြယ္ကပ္ေနေသာမိန္းကေလးကို ေသခ်ာျမင္ဖူးရေအာင္ ေခါင္းကိုေနာက္သို႔အသာငဲ႔ေစာင္း ၾကည့္လိုက္သည္။
ထိုမိန္းကေလးက ေဟာ့ေပါ့ဆိုင္မွာ အစ္ကို႔ကို အသားေတြထည့္ေပးေနတဲ႔ မိန္းကေလးပဲ။ ထိုမိန္းကေလးကို တစ္ခ်က္သာၾကည့္ၿပီး ပါးစပ္ထဲကအသားတို႔ကို ေၾကညက္ေအာင္ဝါး၍ ၿမိဳခ်ၿပီးေနာက္မွာေတာ့
" ဟုတ္သားပဲ အစ္မရာ … အဲ႔နားမွာရပ္မေနပါနဲ႔ အထဲဝင္ခဲ႔ေလ။ လူျမင္မေကာင္းဘူး "
အဆံုးသတ္စကားကို ေအးေအးေဆးေဆးႏွင့္ အသံကိုအနည္းငယ္ျမွင့္တင္ကာ ေျပာလိုက္သည္။ အခန္းထဲ႐ွိ လူအားလံုးရဲ႕အၾကည့္က မိမိဆီက်ေရာက္လာသည္ကို မသိဟန္ေဆာင္ကာ တူကိုေကာက္ကိုင္လိုက္ၿပီး ငါးကင္ကိုဖဲ႔၍ အရသာခံကာ စားေနလိုက္သည္။ ၿပီးေတာ့မွ တိတ္ဆိတ္ေနေသာ လူေတြအားၾကည့္လိုက္ရင္း
" ဘာလို႔လဲ ကြၽန္ေတာ္ေျပာတာ မွားလို႔လား။ ကြၽန္ေတာ္တို႔က ဒီမွာထိုင္ စားေသာက္ေနၿပီး အဲ႔အစ္မက အဲ႔နားမွာ မတ္တတ္ႀကီးရပ္ေနေတာ့ ျမင္လို႔မေကာင္းဘူးေလ "
ဟန္စစ္ရဲ႕စကားေၾကာင့္ အစ္ကို႔ထက္ အသက္နည္းနည္းႀကီးမယ့္ လူတစ္ေယာက္က ထရယ္လာကာ
" ဟား … ဟား … ဟုတ္သားပဲ ငါ့ညီကတကယ္ေနာက္တယ္ကြာ။ ကဲ ကဲ ညီေလး သူတို႔ႏွစ္ေယာက္ကို တူတူေပးထိုင္လိုက္ပါကြာ။ အဆင္ေျပသြားရေအာင္ "
ထိုအစ္ကိုရဲ႕စကားကို ဟန္စစ္တူကိုကိုက္ထားရင္း လက္မနဲ႔လက္ညိဳးကို အဝိုင္းပံုသဏၭာန္ျပဳလုပ္၍ အိုေကဟုေျပာကာ ေခါင္းတညိတ္ညိတ္ႏွင့္ ထိုင္ေနရာမွထကာ အစ္ကိုဟိန္းမင္းကိုၾကည့္လိုက္ၿပီး
" အစ္ကို ဟိုဘက္နည္းနည္းတိုး ကြၽန္ေတာ္ ဒီမွာထိုင္မယ္ "
ဟန္စစ္တမင္ပင္ ကိုဟိန္းမင္းနားကို ေ႐ြးထိုင္လိုက္ျခင္းျဖစ္သည္။ ထိုေနရာက အစ္ကိုထိုင္ေနေသာ ေနရာဘက္ျခမ္း ျဖစ္သည္။ ၿပီးေတာ့ အစ္ကိုမ်က္ႏွာေရာ ကလိမ္ဥာဏ္ဆင္နဲ႔ မိန္းကေလးရဲ႕မ်က္ႏွာေရာ ေသခ်ာျမင္ရမည္မဟုတ္လား။
" အစ္ကိုတို႔ႏွစ္ေယာက္က ဒီအတိုင္းပဲရပ္ေနေတာ့မွာလား။ မထိုင္ေတာ့ဘူးလား။ က်န္တဲ႔သူေတြကို နည္းနည္းပါးပါး အားနာပါဦးဗ်ာ "
စပို႔႐ွပ္အျပာ၊ ကြာတားေဘာင္းဘီအျဖဴႏွင့္ တစ္ေယာက္ထဲဒိုင္ခံေျပာေနေသာ ေကာင္ေလးကိုၾကည့္ကာ သံစဥ္အသာၿပံဳးလိုက္မိသည္။ ထိုေကာင္ေလးကို သူမေကာင္းေကာင္းသိသည္။ ထိုေကာင္ေလးက သူမခ်စ္သူရဲ႕တစ္ဦးတည္းေသာသူ ဟန္စစ္မင္းဆိုတာ မဟုတ္လား။ ခုေတာ့ ထိုေကာင္ေလးအေနနဲ႔ ဘာမွမတတ္ႏိုင္ဘူးေလ။
သံစဥ္တစ္ေယာက္ ေအာင္ျမင္သူတစ္ေယာက္လို ၿပံဳးလိုက္ကာ ကိုခန္႔ထိုင္ေနေသာနံေဘးသို႔ ဝင္ထိုင္လိုက္သည္။ ဒါေပမယ့္ သူမ ထိုေကာင္ေလးကို ေလ်ာ့တြက္ခဲ႔မိတာက မဟာအမွားတစ္ခုပင္။
သံစဥ္ရဲ႕အၿပံဳးကို တစ္ျခားသူမ်ား နားမလည္ေသာျငား ဟန္စစ္ကေတာ့ ေကာင္းေကာင္းသိသည္။ သူ႔အေနႏွင့္ မတတ္ႏိုင္တာမဟုတ္။ သူမ႐ွိတဲ႔အေတာအတြင္း ေနာက္တစ္ေယာက္ တြဲရေလာက္သည္အထိ အက်င့္မေကာင္းေသာ အစ္ကို႔ကိုလည္း ေဒါသထြက္၍ တမင္လုပ္ေနျခင္းသာ ျဖစ္သည္။
လြန္ခဲ႔တဲ႔တစ္ပတ္က အိမ္လာတဲ႔ဧည့္သည္ကို အထဲေတာင္မေခၚဘဲ အျပင္ကိုခ်က္ခ်င္း ထြက္သြားေသာ အစ္ကိုေၾကာင့္ သူအသာေနာက္ကေန လိုက္သြားျဖစ္ခဲ႔သည္။ ဒါေပမယ့္ ေလွကားမဆံုးခင္မွာ ေျပာေနၾကေသာစကားသံမ်ားေၾကာင့္ ဟန္စစ္ စိတ္တိုကာ ဝုန္းဒိုင္းႀကဲလိုက္ခ်င္ေပမယ့္ မလုပ္ျဖစ္ခဲ႔ေပ။
အစ္ကို႔ကို သူမမုန္းရက္သလို ခြင့္မလႊတ္ႏိုင္ေပ။ မိမိက ေသမလို ခံစားေနရခ်ိန္မွာ သူက ေနာက္တစ္ေယာက္နဲ႔ သာယာေနႏိုင္သည္။ အဲ႔တြက္ေၾကာင့္ ေဒါသထြက္ကာ စိတ္တိုမိေပမယ့္ အစ္ကို႔ကိုေတာ့ သူမမုန္းရက္။ စြန္႔လႊတ္ႏိုင္သလားဆိုေတာ့လည္း ……
ထားပါေတာ့။ ခုေတာ့ သူတစ္ပတ္လံုးလံုး မသိဟန္ေဆာင္ခဲ႔ေသာအရာက သူေ႐ွ႕တည့္တည့္ကို ေရာက္ေနေလခဲ႔ၿပီ။ အေပၚယံမ်က္ႏွာက ဘာမွမျဖစ္သလိုပံုစံႏွင့္ ေနေနေသာ္လည္း သူ႕စိတ္ထဲတြင္ေတာ့ ဝုန္းဒိုင္းႀကဲေနမိသည္။
ယခုခ်ိန္မွာ သူထ ေသာင္းက်န္းလိုက္လို႔ ရေပမယ့္လည္း အစ္ကိုမ်က္ႏွာပ်က္ရမည္။ တစ္ဖက္လူရဲ႕ စိတ္ဆႏၵအတိုင္းကိုလည္း ျဖစ္ခြင့္မေပးႏိုင္ေခ်။ အဲ႔ဒီေတာ့ အလိုက္သင့္ေလး စီးဆင္းလိုက္ယံုသာ။
က်န္တာေတာ့ ကိုယ့္ကိစၥနဲ႔ကိုယ္ေပါ့။ ထြက္သြားလို႔လည္း ငိုေႂကြးကာဆြဲထားမည္ မဟုတ္ေပ။ အစ္ကိုသာ သူ႔ေပၚတြယ္တာစိတ္မ႐ွိေတာ့လို႔ ထြက္သြားမည္ဆိုရင္လည္း သူအျပစ္မဆိုေပ။ မိမိတို႔ႏွစ္ေယာက္လံုးက ပံုစံတူေယာက္်ားသားေတြပဲ မဟုတ္လား။ မိန္းမတစ္ေယာက္လို ဆြဲေဆာင္မႈမ်ိဳးနဲ႔ အစ္ကို႔ကို သူဆြဲေဆာင္ေနႏိုင္မည္မွ မဟုတ္တာ။ သူ႔ထက္စာရင္ေတာ့ မိန္းမတစ္ေယာက္က အစ္ကို႔တြက္ သာယာမႈေတြ ပိုေပးႏိုင္သည္ေလ။
အရာအားလံုးက အစ္ကို႔ေပၚပဲ မူတည္ေတာ့တယ္ အစ္ကို
" အစ္ကို ကိတ္မုန္႔မခြဲေသးဘူးလား "
" ဟင္ "
" ကိတ္မုန္႔မခြဲေသးဘူးလား။ ကြၽန္ေတာ္စားခ်င္လို႔။ ေမြးေန႔႐ွင္က ကိတ္မုန္႔မခြဲဘဲ ထိုင္ေနတာ ကြၽန္ေတာ္ဘာသာလည္း ခြဲစားလို႔မေကာင္းဘူးေလ။ ေရာ့ ကိတ္မုန္႔ခြဲ "
ကိတ္မုန္႔ေဘးနားတြင္ ခ်ထားေသာ ေကာ္ဓါးကိုေကာက္ယူလိုက္ကာ အစ္ကို႔ကိုကမ္းေပးလိုက္သည္။ အစ္ကိုက သူ႔ကိုၾကည့္၍ သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ
" ခဏေလး ကိုယ္ပန္းကန္သြားယူလိုက္ဦးမယ္ "
" ပန္းကန္က ဘာလုပ္မို႔လဲ "
" ပန္းကန္နဲ႔ထည့္မစားဘဲ ဒီတိုင္းကိုင္စားမို႔လား … ဟန္ "
" ဟီး … ဟုတ္သား … ကြၽန္ေတာ္ ေမ့သြားတယ္။ ျမန္ျမန္ သြားယူ "
ကိတ္မုန္႔ကိုတစ္ခ်က္ၾကည့္၍ လွ်ာသပ္လိုက္ၿပီးေျပာလာေသာ ဟန္႔စကားေၾကာင့္ လင္းခန္႔သက္ျပင္းခ်မိကာ ေနာက္ေဖးသို႔ ထြက္လာခဲ႔လိုက္သည္။
ကိတ္မုန္႔ထည့္ေပးမယ့္ ပန္းကန္အေသးတစ္ခ်ပ္နဲ႔ ဇြန္ေသးတစ္ေခ်ာင္းကိုယူကာ ကိတ္မုန္႔ကို အေနေတာ္တစ္တံုးလွီး၍ ဟန္႔အေ႐ွ႕ကို ခ်ေပးလိုက္သည္။
ကိတ္မုန္႔ကိုသာ အားရပါးရစား၍ မိမိတို႔မွလြဲ၍ က်န္ေသာသူမ်ားကို ႐ွိသည္ဟုသာမထင္ေသာဟန္႔ကို ဟိန္းမင္းသူႏွင့္ အံ႔မင္းသာတို႔က အံ႔ၾသလြန္း၍ ၾကည့္ေနေလသည္။ အမွန္ဆို ကိုယ့္ခ်စ္သူရဲ႕ ခ်စ္သူပါဆိုၿပီး ေရာက္ခ်လာသည္ကို ဟန္စစ္အေနႏွင့္ေပါက္ကြဲမည္ မဟုတ္ပါလား။ ထိုသို႔ျဖစ္ခဲ႔လွ်င္လည္း ဟန္စစ္အေနႏွင့္ မွားသည္ဟုလည္း မဆိုႏိုင္။ သို႔ေသာ္ ေပါက္ကြဲျခင္းမဟုတ္ဘဲ တိတ္ဆိတ္ေနကာ ယူလာေသာကိတ္မုန္႔ကိုပါ စားေနေသာေၾကာင့္ သူတို႔စိတ္ထဲတြင္ တစ္ခုခုကမွားေနသလိုပင္။
ဟန္စစ္အေၾကာင္းသိေသာ ခန္႔ေက်ာ္ကေတာ့ ေအးေဆးပင္။ အံ႔မင္းသာက သူ႔ကိုၾကည့္၍ အရိပ္အေျခအေနကိုေမးေတာ့ ပုခံုးသာတြန္႔ျပလိုက္သည္။ ခုခ်ိန္မွာ ဘာေတြပဲျဖစ္လာျဖစ္လာ သူ႕သူငယ္ခ်င္းဘက္က ကူညီဖို႔အသင့္ပင္။
လင္းခန္႔တို႔တိုက္ခန္းတြင္း၌ ဆယ္ေယာက္မကေသာ လူမ်ား႐ွိေနပါေသာ္လည္း တိတ္ဆိတ္လို႔ေနေလသည္။
" ေမာင္ … ျဖစ္ခဲ႔သမွ် ျပႆနာေတြတြက္ သံစဥ္ ေတာင္းပန္ပါတယ္။ သံစဥ္ကို ခြင့္လႊတ္တယ္ မဟုတ္လားဟင္။ နားလည္ေပးတယ္ မဟုတ္လား "
တိတ္ဆိတ္ေနေသာအေျခအေနတြင္ သံစဥ္႔ရဲ႕ေတာင္းပန္သံက ထြက္ေပၚလာေလသည္။
လင္းခန္႔ေဘးက မိန္းကေလးကိုၾကည့္ကာ ဟိန္းမင္းမ်က္ေမွာင္ၾကဳတ္မိသည္။
ဒီမိန္းကေလးက ဘယ္လိုေတာင္လား။ ကိုယ့္ကိုယ္႐ွိတယ္လို႔ေတာင္ မမွတ္ေသာသူကို ေတာင္းပန္စကားက ဆိုေနေသးတယ္။
" ေအးကြာ … လင္းခန္႔ကလည္း မင္းနားလည္ေပးလိုက္ပါကြာ။ မဟုတ္ရင္ သံစဥ္ ငါတို႔ေ႐ွ႕ ငိုလြန္းလို႔ နားညည္းေနၿပီ။ မင္း ခြင့္လႊတ္ေပးမွ ငါတို႔ နားညည္းသက္သာမယ့္အျဖစ္ပါကြာ "
" ကိုထြန္းမင္းေနာ္ "
" ဟန္ "
သံစဥ္အသံႏွင့္အၿပိဳင္ လင္းခန္႔ရဲ႕အသံကပါ ထြက္ေပၚလာေလသည္။
ဟန္စစ္မုန္႔စားေနရင္းမွ သံစဥ္ဆိုေသာမိန္းကေလးရဲ႕ စကားေတြေၾကာင့္ စိတ္ထဲတြင္ေလွာင္ၿပံဳးၿပံဳးမိသည္။ ခြင့္လႊတ္ေပးပါ၊ နားလည္ေပးပါနဲ႔။ ေတာ္ေတာ္အျမင္ကပ္လာၿပီ။ ဒီၾကားထဲ ဟိုလူကလည္း ေျမွာက္ပင့္ေျပာဆိုေနေသးသည္။
မိမိက ပုထုဇဥ္လူသားတစ္ဦးပါ။ ဝတ္ျဖဴစင္ဝတ္ထားေသာ ပုဂိၢဳလ္တစ္ဦးမဟုတ္ေပ။ ထိန္းမႏိုင္ေတာ့ေသာ ေဒါသတို႔ကို လႊတ္ခ်ရန္ စားလက္စမုန္႔ကို လက္စသပ္လိုက္ၿပီး အစ္ကို လက္ထဲကခြက္ကို ဆြဲယူလိုက္ကာ တစ္႐ွိန္ထိုးေမာ့ခ်လိုက္သည္။ အစ္ကို႔ရဲ႕စိတ္ပူလို႔ ေခၚသံထြက္လာေပမယ့္ ဂ႐ုမစိုက္။ မၾကားခ်င္ေယာင္သာေဆာင္လိုက္မိသည္။ ထို႔ေနာက္တြင္ေတာ့ ………
ခ်စ္ေသာ💕💕
Coral
-----------------------------------------
Part(43)
" ဟက်ပီးဘက်ဒေး … မောင် ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ "
မွေးနေ့ကိတ်ကိုကိုင်ထားပြီး သူ့ကိုကြည့်၍ ပြုံးကာပြောလာသော သံစဥ့်ကို တစ်ခုခုပြန်ပြောမည်အပြု
" မောင်လင်းခန့် အန်ကယ်တို့ကို ဒီတိုင်းပဲရပ်ခိုင်းနေတော့မှာလား။ အထဲပေးမဝင်တော့ဘူးလားကွ "
" ဟုတ်တယ် လင်းခန့် … အလွမ်းသယ်လည်း အထဲရောက်မှ သယ်ကြပါလားကွာ "
တစ်ယောက်တစ်ခွန်းဆီပြောကာ ဦးသီဟနှင့် ကိုထွန်းမင်းတို့က အထဲသို့ ဦးဆောင်ဝင်သွားကြသည်။ လင်းခန့်အနေနှင့် ပြန်ပြောချင်သောစိတ်တို့ကို မျိုသိပ်လိုက်ကာ ဘာမှဆက်မပြောဘဲ အိမ်ထဲပြန်ဝင်လာလိုက်မိသည်။
သူအနေနှင့် ယခုအခြေအနေကို မည်သို့ လုပ်ရမည်နည်း။ တစ်ဖက်ကလည်း သူချစ်ရသောသူရှိသည်။ တစ်ဖက်ကလည်း …
သူကြောင့်နဲ့တော့သံစဥ့်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေလိုပေ။ ဟန့်ကိုတော့ … ဟန့်ကိုတော့ အားလုံးပြန်မှပဲ သူသေချာရှင်းပြတော့မည်။ မိမိကိုယ် စိတ်ဆိုးဒေါသထွက်နေမယ်ဆိုရင်တောင် ဟန့်ဘက်က မမှားပေ။ ဒါပေမယ့် သူ့ကို မုန်းမသွားဖို့တော့ ဆုတောင်းရမည်။ ဟန်ကျေနပ်သည်အထိ သူတောင်းပန် နိုင်ပါတယ်။ ဒါပေမယ့် သူ့ကို စိတ်နာသွားမှာကိုတော့ သူကြောက်နေမိသည်။
" ဝိုး … လင်းခန့် မင်းတို့က ဝိုင်းတွေ ဘာတွေနဲ့ပါလား။ ငါတို့ကိုတောင် မခေါ်ဘူးလေ "
" မဟုတ်ပါဘူး "
ကိုထွန်းမင်းရဲ့စကားကို လင်းခန့်အလိုက်သင့်တာပြောရင်း လိုက်ဝင်လာလိုက်သည်။
" ကဲ … သမီးသံစဉ် အဲ့မှာရပ်မနေနဲ့လေ ဝင်လာခဲ့။ မောင်လင်းခန့် မင်းကလည်း သမီးရည်းစားချင်းပဲကွာ ရန်ဖြစ်စကားများတာတော့ရှိမှာပေါ့။ မင်းက ယောက်ျားလေးပဲကွာ အလျော့ပေးလိုက်ပေါ့ "
ဦးငယ်လေးနဲ့ရွယ်တူလောက်ရှိဟန်တူသော ဦးလေးတစ်ယောက်ကြောင့် ဟန်စစ်အသားကင်စားနေရင်းမှ နှုတ်ခမ်းတို့အသာတွန့်ကွေးသွားသည်။ သမီးရည်းစား … အစ်ကိုက လမ်းခွဲဖို့ပြောပြီးတောင် တွယ်ကပ်နေသောမိန်းကလေးကို သေချာမြင်ဖူးရအောင် ခေါင်းကိုနောက်သို့အသာငဲ့စောင်း ကြည့်လိုက်သည်။
ထိုမိန်းကလေးက ဟော့ပေါ့ဆိုင်မှာ အစ်ကို့ကို အသားတွေထည့်ပေးနေတဲ့ မိန်းကလေးပဲ။ ထိုမိန်းကလေးကို တစ်ချက်သာကြည့်ပြီး ပါးစပ်ထဲကအသားတို့ကို ကြေညက်အောင်ဝါး၍ မြိုချပြီးနောက်မှာတော့
" ဟုတ်သားပဲ အစ်မရာ … အဲ့နားမှာရပ်မနေပါနဲ့ အထဲဝင်ခဲ့လေ။ လူမြင်မကောင်းဘူး "
အဆုံးသတ်စကားကို အေးအေးဆေးဆေးနှင့် အသံကိုအနည်းငယ်မြှင့်တင်ကာ ပြောလိုက်သည်။ အခန်းထဲရှိ လူအားလုံးရဲ့အကြည့်က မိမိဆီကျရောက်လာသည်ကို မသိဟန်ဆောင်ကာ တူကိုကောက်ကိုင်လိုက်ပြီး ငါးကင်ကိုဖဲ့၍ အရသာခံကာ စားနေလိုက်သည်။ ပြီးတော့မှ တိတ်ဆိတ်နေသော လူတွေအားကြည့်လိုက်ရင်း
" ဘာလို့လဲ ကျွန်တော်ပြောတာ မှားလို့လား။ ကျွန်တော်တို့က ဒီမှာထိုင် စားသောက်နေပြီး အဲ့အစ်မက အဲ့နားမှာ မတ်တတ်ကြီးရပ်နေတော့ မြင်လို့မကောင်းဘူးလေ "
ဟန်စစ်ရဲ့စကားကြောင့် အစ်ကို့ထက် အသက်နည်းနည်းကြီးမယ့် လူတစ်ယောက်က ထရယ်လာကာ
" ဟား … ဟား … ဟုတ်သားပဲ ငါ့ညီကတကယ်နောက်တယ်ကွာ။ ကဲ ကဲ ညီလေး သူတို့နှစ်ယောက်ကို တူတူပေးထိုင်လိုက်ပါကွာ။ အဆင်ပြေသွားရအောင် "
ထိုအစ်ကိုရဲ့စကားကို ဟန်စစ်တူကိုကိုက်ထားရင်း လက်မနဲ့လက်ညိုးကို အဝိုင်းပုံသဏ္ဌာန်ပြုလုပ်၍ အိုကေဟုပြောကာ ခေါင်းတညိတ်ညိတ်နှင့် ထိုင်နေရာမှထကာ အစ်ကိုဟိန်းမင်းကိုကြည့်လိုက်ပြီး
" အစ်ကို ဟိုဘက်နည်းနည်းတိုး ကျွန်တော် ဒီမှာထိုင်မယ် "
ဟန်စစ်တမင်ပင် ကိုဟိန်းမင်းနားကို ရွေးထိုင်လိုက်ခြင်းဖြစ်သည်။ ထိုနေရာက အစ်ကိုထိုင်နေသော နေရာဘက်ခြမ်း ဖြစ်သည်။ ပြီးတော့ အစ်ကိုမျက်နှာရော ကလိမ်ဉာဏ်ဆင်နဲ့ မိန်းကလေးရဲ့မျက်နှာရော သေချာမြင်ရမည်မဟုတ်လား။
" အစ်ကိုတို့နှစ်ယောက်က ဒီအတိုင်းပဲရပ်နေတော့မှာလား။ မထိုင်တော့ဘူးလား။ ကျန်တဲ့သူတွေကို နည်းနည်းပါးပါး အားနာပါဦးဗျာ "
စပို့ရှပ်အပြာ၊ ကွာတားဘောင်းဘီအဖြူနှင့် တစ်ယောက်ထဲဒိုင်ခံပြောနေသော ကောင်လေးကိုကြည့်ကာ သံစဉ်အသာပြုံးလိုက်မိသည်။ ထိုကောင်လေးကို သူမကောင်းကောင်းသိသည်။ ထိုကောင်လေးက သူမချစ်သူရဲ့တစ်ဦးတည်းသောသူ ဟန်စစ်မင်းဆိုတာ မဟုတ်လား။ ခုတော့ ထိုကောင်လေးအနေနဲ့ ဘာမှမတတ်နိုင်ဘူးလေ။
သံစဉ်တစ်ယောက် အောင်မြင်သူတစ်ယောက်လို ပြုံးလိုက်ကာ ကိုခန့်ထိုင်နေသောနံဘေးသို့ ဝင်ထိုင်လိုက်သည်။ ဒါပေမယ့် သူမ ထိုကောင်လေးကို လျော့တွက်ခဲ့မိတာက မဟာအမှားတစ်ခုပင်။
သံစဉ်ရဲ့အပြုံးကို တစ်ခြားသူများ နားမလည်သောငြား ဟန်စစ်ကတော့ ကောင်းကောင်းသိသည်။ သူ့အနေနှင့် မတတ်နိုင်တာမဟုတ်။ သူမရှိတဲ့အတောအတွင်း နောက်တစ်ယောက် တွဲရလောက်သည်အထိ အကျင့်မကောင်းသော အစ်ကို့ကိုလည်း ဒေါသထွက်၍ တမင်လုပ်နေခြင်းသာ ဖြစ်သည်။
လွန်ခဲ့တဲ့တစ်ပတ်က အိမ်လာတဲ့ဧည့်သည်ကို အထဲတောင်မခေါ်ဘဲ အပြင်ကိုချက်ချင်း ထွက်သွားသော အစ်ကိုကြောင့် သူအသာနောက်ကနေ လိုက်သွားဖြစ်ခဲ့သည်။ ဒါပေမယ့် လှေကားမဆုံးခင်မှာ ပြောနေကြသောစကားသံများကြောင့် ဟန်စစ် စိတ်တိုကာ ဝုန်းဒိုင်းကြဲလိုက်ချင်ပေမယ့် မလုပ်ဖြစ်ခဲ့ပေ။
အစ်ကို့ကို သူမမုန်းရက်သလို ခွင့်မလွှတ်နိုင်ပေ။ မိမိက သေမလို ခံစားနေရချိန်မှာ သူက နောက်တစ်ယောက်နဲ့ သာယာနေနိုင်သည်။ အဲ့တွက်ကြောင့် ဒေါသထွက်ကာ စိတ်တိုမိပေမယ့် အစ်ကို့ကိုတော့ သူမမုန်းရက်။ စွန့်လွှတ်နိုင်သလားဆိုတော့လည်း ……
ထားပါတော့။ ခုတော့ သူတစ်ပတ်လုံးလုံး မသိဟန်ဆောင်ခဲ့သောအရာက သူရှေ့တည့်တည့်ကို ရောက်နေလေခဲ့ပြီ။ အပေါ်ယံမျက်နှာက ဘာမှမဖြစ်သလိုပုံစံနှင့် နေနေသော်လည်း သူ့စိတ်ထဲတွင်တော့ ဝုန်းဒိုင်းကြဲနေမိသည်။
ယခုချိန်မှာ သူထ သောင်းကျန်းလိုက်လို့ ရပေမယ့်လည်း အစ်ကိုမျက်နှာပျက်ရမည်။ တစ်ဖက်လူရဲ့ စိတ်ဆန္ဒအတိုင်းကိုလည်း ဖြစ်ခွင့်မပေးနိုင်ချေ။ အဲ့ဒီတော့ အလိုက်သင့်လေး စီးဆင်းလိုက်ယုံသာ။
ကျန်တာတော့ ကိုယ့်ကိစ္စနဲ့ကိုယ်ပေါ့။ ထွက်သွားလို့လည်း ငိုကြွေးကာဆွဲထားမည် မဟုတ်ပေ။ အစ်ကိုသာ သူ့ပေါ်တွယ်တာစိတ်မရှိတော့လို့ ထွက်သွားမည်ဆိုရင်လည်း သူအပြစ်မဆိုပေ။ မိမိတို့နှစ်ယောက်လုံးက ပုံစံတူယောက်ျားသားတွေပဲ မဟုတ်လား။ မိန်းမတစ်ယောက်လို ဆွဲဆောင်မှုမျိုးနဲ့ အစ်ကို့ကို သူဆွဲဆောင်နေနိုင်မည်မှ မဟုတ်တာ။ သူ့ထက်စာရင်တော့ မိန်းမတစ်ယောက်က အစ်ကို့တွက် သာယာမှုတွေ ပိုပေးနိုင်သည်လေ။
အရာအားလုံးက အစ်ကို့ပေါ်ပဲ မူတည်တော့တယ် အစ်ကို
" အစ်ကို ကိတ်မုန့်မခွဲသေးဘူးလား "
" ဟင် "
" ကိတ်မုန့်မခွဲသေးဘူးလား။ ကျွန်တော်စားချင်လို့။ မွေးနေ့ရှင်က ကိတ်မုန့်မခွဲဘဲ ထိုင်နေတာ ကျွန်တော်ဘာသာလည်း ခွဲစားလို့မကောင်းဘူးလေ။ ရော့ ကိတ်မုန့်ခွဲ "
ကိတ်မုန့်ဘေးနားတွင် ချထားသော ကော်ဓါးကိုကောက်ယူလိုက်ကာ အစ်ကို့ကိုကမ်းပေးလိုက်သည်။ အစ်ကိုက သူ့ကိုကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်ကာ
" ခဏလေး ကိုယ်ပန်းကန်သွားယူလိုက်ဦးမယ် "
" ပန်းကန်က ဘာလုပ်မို့လဲ "
" ပန်းကန်နဲ့ထည့်မစားဘဲ ဒီတိုင်းကိုင်စားမို့လား … ဟန် "
" ဟီး … ဟုတ်သား … ကျွန်တော် မေ့သွားတယ်။ မြန်မြန် သွားယူ "
ကိတ်မုန့်ကိုတစ်ချက်ကြည့်၍ လျှာသပ်လိုက်ပြီးပြောလာသော ဟန့်စကားကြောင့် လင်းခန့်သက်ပြင်းချမိကာ နောက်ဖေးသို့ ထွက်လာခဲ့လိုက်သည်။
ကိတ်မုန့်ထည့်ပေးမယ့် ပန်းကန်အသေးတစ်ချပ်နဲ့ ဇွန်သေးတစ်ချောင်းကိုယူကာ ကိတ်မုန့်ကို အနေတော်တစ်တုံးလှီး၍ ဟန့်အရှေ့ကို ချပေးလိုက်သည်။
ကိတ်မုန့်ကိုသာ အားရပါးရစား၍ မိမိတို့မှလွဲ၍ ကျန်သောသူများကို ရှိသည်ဟုသာမထင်သောဟန့်ကို ဟိန်းမင်းသူနှင့် အံ့မင်းသာတို့က အံ့သြလွန်း၍ ကြည့်နေလေသည်။ အမှန်ဆို ကိုယ့်ချစ်သူရဲ့ ချစ်သူပါဆိုပြီး ရောက်ချလာသည်ကို ဟန်စစ်အနေနှင့်ပေါက်ကွဲမည် မဟုတ်ပါလား။ ထိုသို့ဖြစ်ခဲ့လျှင်လည်း ဟန်စစ်အနေနှင့် မှားသည်ဟုလည်း မဆိုနိုင်။ သို့သော် ပေါက်ကွဲခြင်းမဟုတ်ဘဲ တိတ်ဆိတ်နေကာ ယူလာသောကိတ်မုန့်ကိုပါ စားနေသောကြောင့် သူတို့စိတ်ထဲတွင် တစ်ခုခုကမှားနေသလိုပင်။
ဟန်စစ်အကြောင်းသိသော ခန့်ကျော်ကတော့ အေးဆေးပင်။ အံ့မင်းသာက သူ့ကိုကြည့်၍ အရိပ်အခြေအနေကိုမေးတော့ ပုခုံးသာတွန့်ပြလိုက်သည်။ ခုချိန်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ သူ့သူငယ်ချင်းဘက်က ကူညီဖို့အသင့်ပင်။
လင်းခန့်တို့တိုက်ခန်းတွင်း၌ ဆယ်ယောက်မကသော လူများရှိနေပါသော်လည်း တိတ်ဆိတ်လို့နေလေသည်။
" မောင် … ဖြစ်ခဲ့သမျှ ပြဿနာတွေတွက် သံစဉ် တောင်းပန်ပါတယ်။ သံစဉ်ကို ခွင့်လွှတ်တယ် မဟုတ်လားဟင်။ နားလည်ပေးတယ် မဟုတ်လား "
တိတ်ဆိတ်နေသောအခြေအနေတွင် သံစဥ့်ရဲ့တောင်းပန်သံက ထွက်ပေါ်လာလေသည်။
လင်းခန့်ဘေးက မိန်းကလေးကိုကြည့်ကာ ဟိန်းမင်းမျက်မှောင်ကြုတ်မိသည်။
ဒီမိန်းကလေးက ဘယ်လိုတောင်လား။ ကိုယ့်ကိုယ်ရှိတယ်လို့တောင် မမှတ်သောသူကို တောင်းပန်စကားက ဆိုနေသေးတယ်။
" အေးကွာ … လင်းခန့်ကလည်း မင်းနားလည်ပေးလိုက်ပါကွာ။ မဟုတ်ရင် သံစဉ် ငါတို့ရှေ့ ငိုလွန်းလို့ နားညည်းနေပြီ။ မင်း ခွင့်လွှတ်ပေးမှ ငါတို့ နားညည်းသက်သာမယ့်အဖြစ်ပါကွာ "
" ကိုထွန်းမင်းနော် "
" ဟန် "
သံစဉ်အသံနှင့်အပြိုင် လင်းခန့်ရဲ့အသံကပါ ထွက်ပေါ်လာလေသည်။
ဟန်စစ်မုန့်စားနေရင်းမှ သံစဉ်ဆိုသောမိန်းကလေးရဲ့ စကားတွေကြောင့် စိတ်ထဲတွင်လှောင်ပြုံးပြုံးမိသည်။ ခွင့်လွှတ်ပေးပါ၊ နားလည်ပေးပါနဲ့။ တော်တော်အမြင်ကပ်လာပြီ။ ဒီကြားထဲ ဟိုလူကလည်း မြှောက်ပင့်ပြောဆိုနေသေးသည်။
မိမိက ပုထုဇဉ်လူသားတစ်ဦးပါ။ ဝတ်ဖြူစင်ဝတ်ထားသော ပုဂိ္ဂုလ်တစ်ဦးမဟုတ်ပေ။ ထိန်းမနိုင်တော့သော ဒေါသတို့ကို လွှတ်ချရန် စားလက်စမုန့်ကို လက်စသပ်လိုက်ပြီး အစ်ကို လက်ထဲကခွက်ကို ဆွဲယူလိုက်ကာ တစ်ရှိန်ထိုးမော့ချလိုက်သည်။ အစ်ကို့ရဲ့စိတ်ပူလို့ ခေါ်သံထွက်လာပေမယ့် ဂရုမစိုက်။ မကြားချင်ယောင်သာဆောင်လိုက်မိသည်။ ထို့နောက်တွင်တော့ ………
ချစ်သော💕💕
Coral