(Zawgyi)
ေနမာန္ႏွင့္phေျပာၿပီးသည္ႏွင့္ ဥဂၢါ
အခန္းျပင္သို႔ထြက္လာခဲ့သည္။
အခန္းဝတြင္ ခြန္ဆိုင္းက အသင့္ေစာင့္
ႀကိဳေနသည္။
"အကို ဖမ္းမိထားတဲ့သူကို ကြၽန္ေတာ္တို႔ အခ်ဳပ္ခန္းထဲထည့္ထားပါတယ္''
"ဟုတ္ၿပီ ေဆးျဖန္႔ဖို႔တာဝန္ယူထားတဲ့သူေတြအားလံုးကို ေခၚလာခဲ့...
က်န္တဲ့သူေတြေတာ့ ဆင္းမလာေစနဲ႔''
ဥဂၢါ ေျပာၿပီးသည္ႏွင့္ေျမေအာက္ထပ္႐ွိ အခ်ဳပ္ခန္းမ်ား႐ွိရာသို႔ ဆင္းလာခဲ့
သည္။
ေမွာင္ရိပ္က်ေနေသာ အခ်ဳပ္ခန္းငယ္တစ္ခုထဲတြင္လက္ေနာက္ျပန္
ႀကိဳးတုတ္ရင္း ပုဆစ္တုတ္ထိုင္ခိုင္းထားေစေသာ ေကာင္ေလးတစ္ေယာက္ကို
ဥဂၢါလွမ္းျမင္လိုက္ရသည္။
"အဲ့လူပါပဲအကို''
ဥဂၢါေခါင္းၿငိမ့္ျပၿပီးေနာက္ေျဖးေျဖးခ်င္းေလ်ွာက္သြားၿပီး ဒူးေထာက္ထိုင္ေနေသာထိုေကာင္ေလး၏ေမးဖ်ားကိုဆြဲယူ
ၿပီးေမာ့ၾကည့္ေစလိုက္သည္။
"ထြက္ေျပးရတဲ့feelingဘယ္လိုလဲဆိုတာ သိၿပီးၿပီေပါ့ ''
ဥဂၢါ၏စကားကို ထိုေကာင္ေလးက
ခြန္းတံု႔ျပန္ျခင္းမျပဳ။
သို႔ေသာ္ တစ္ဆက္ဆက္တုန္ရင္ေနေသာလက္တ႔ို္ကိုၾကည့္ျခင္းျဖင့္ သူမည္မ်ွေၾကာက္လန္႔ေနသည္ကိုသိႏိုင္သည္။
"မၾကာခင္မင္းသိရမွာက သစၥာေဖာက္တဲ့သူေတြ ဘယ္လိုအဆံုးသတ္လဲဆိုတာပဲ''စကားဆံုးသည္ႏွင့္ ဥဂၢါထရပ္လိုက္ရင္း ထိုေကာင္ေလး၏ရင္ဘက္ကို တစ္ခ်က္ေဆာင့္ကန္လိုက္သည္။
အ႐ွိန္ျပင္းသည္မို႔ ပက္လက္လန္လဲက်သြားေသာ ေကာင္ေလး၏ေနာက္ေစ့ႏွင့္
ၾကမ္းျပင္တို႔ ႐ိုက္ခတ္မိသံက က်ယ္
ေလာင္စြာထြက္လာၿပီး ေခါင္းေနာက္မွစိမ့္ထြက္လာေသာ နီရဲပ်စ္ေစးေသာ
ေသြးတို႔က ဒဏ္ရာျပင္းထန္သည္ကို
ေဖာ္ျပေနသေယာင္။
ၿငိမ္သက္လြန္းေနၿပီး ေစ့ပိတ္ထားေသာ မ်က္ဝန္းအစံုတို႔ကလဲ အသက္မွ႐ွိေသးရံ႕လားဟုပင္ ေတြးမိေစသည္။
"အကို....''
ခပ္တိုးတိုးမဝံမရဲေခၚသံၾကားမိရာသို႔
လွည့္ၾကည့္မိေသာအခါ ခြန္ဆိုင္းျဖစ္ေန
သည္။
"ဘာကိစၥလဲ''
ဥဂၢါ၏အေမးကို ခြန္ဆိုင္းက လဲက်ေနေသာ ေကာင္ေလးအားၾကည့္ေနရင္းေျဖေလသည္။
"ဒီေကာင္ေလးက ငယ္ငယ္ထဲက ကြၽန္ေတာ္တို႔နဲ႔ အတူတူ အလုပ္လုပ္လာခဲ့တာပါ အဲ့ဒါေၾကာင့္ ဒီတစ္ခါေလာက္ျဖစ္ျဖစ္ သူ႔ကိုခြင့္လႊတ္ေပးလို႔ ......''
"မရဘူး....''
ခြန္ဆိုင္းစကားမဆံုးမွီမွာပင္ ဥဂၢါယတိျပတ္ျငင္းလိုက္ၿပီးလဲက်ၿငိမ္သက္ေနေသာ ေကာင္ေလး၏ရင္ဘက္တည့္တည့္ေနရာကို လက္ထဲ၌အသင့္႐ွိေနေသာ ပစၥတိုေသနတ္ႏွင့္ခ်ိန္ရြယ္၍ ပစ္လိုက္သည္။
တိတ္ဆိတ္ေနေသာ ေျမေအာက္ထပ္
ထဲတြင္ အနဲငယ္က်ယ္ေလာင္စြာထြက္လာေသာ ေသနတ္သံက ရပ္ၾကည့္ေန
ၾကေသာ ေဆးျဖန္႔သည့္အဖြဲ႔သားမ်ားအား ေျခာက္ျခားသြားေစသည္။
အားလံုး၏စိတ္ထဲတြင္ ၿပိိဳင္တူေတြးမိ
သည္က ဥဂၢါသည္ အရင္leaderမ်ားထက္ပို၍ ရက္စက္သည္ဟုပင္ျဖစ္သည္။
"ဒီေလာက္ထိလုပ္ဖို႔လဲ မလိုဘဲနဲ႔''ဟု
ေျပာခ်င္ေနၾကသေယာင္။
မ်က္ႏွာမပ်က္မိေအာင္ႀကိဳးစားေနၾကေသာ္ျငား သူတို႔၏အေတြးက မ်က္ႏွာတြင္ထင္ဟပ္ေနေသာေၾကာင့္ ဥဂၢါေသခ်ာ
ေပါက္သတိထားမိလိုက္သည္။
"ဘာေၾကာင္ၾကည့္ေနၾကတာလဲ?
႐ွင္းလိုက္လို႔ရၿပီ။
ငါဒီေကာင္သြားခဲ့တဲ့clubေတြကိုသြား
ၿပီးcheckရဦးမယ္ ဘာေတြလုပ္ခဲ့လဲလို္႔''
ေျပာၿပီးသည္ႏွင့္ ဥဂၢါအျပင္သို႔ထြက္လာခဲ့ခ်ိန္တြင္႐ုတ္တရက္မ်က္ဝန္းေထာင့္တြင္ အရိပ္တစ္ခုအားျမင္လိုက္ရသည္။
"ဘယ္သူလဲ ခိုးေၾကာင္ခိုးဝွက္နဲ႔''
ေမးၿပီးသည္ႏွင့္ ထိုအရိပ္ကိုျမင္လိုက္ရာသို႔ ဥဂၢါေျပးလိုက္သြားၿပီး ေသနတ္ႏွင့္
့လွမ္းပစ္လိုက္သည္။
ေသနတ္သံအဆံုးတြင္ေတာ့ တစ္စံုတစ္ဦးလဲက်သြားသံကို ဥဂၢါၾကားလိုက္ရသည္။ ဥဂၢါတကယ္ေတာ့ လူကိုပစ္ျခင္းမဟုတ္။ေျခာက္လွန္႔ရန္အတြက္ထုတ္တန္းကိုပစ္ခ်လိုက္ျခင္းသာျဖစ္သည္။
သို႔ေသာ္ထိုပုဂၢိဳလ္ပဲ ကံဆိုးသည္ဟုဆိုရမည္ေလာ မသိ။ ဥဂၢါပစ္လိုက္ေသာ ထုတ္တန္းမွ ျပဳတ္က်လာေသာ ကြၽန္းသစ္သားေခ်ာင္းအထူႀကီးက ထိုအရိပ္ပိုင္႐ွင္၏ ဦးေခါင္းေပၚသို႔ တည့္မတ္စြာ က်ေရာက္သြားခဲ့သည္။
ေသြးအလိမ္းလိမ္းျဖင့္ၿပိဳလဲက်ေနေသာသူထံသို႔ သြားေရာက္ျကည့္မိခ်ိန္တြင္ေတာ့ ဥဂၢါထိတ္လန္႔သြားခဲ့ရေလသည္။
"ဟာဘာလို႔ဒီအမ်ိဳးသမီးျဖစ္ေနရတာလဲ?''
ဘယ္သူဘယ္ဝါမွန္းမေသခ်ာေသးေသာ္လဲ ဥဂၢါသူမအား ထိခိုက္ေအာင္မျပဳလို။
ထိုအခ်ိန္မွာပင္ဥဂၢါ ေနာက္သို႔ေရာက္လာေသာ ခြန္ဆိုင္းအား အတတ္ႏိုင္ဆံုးတည္ၿငိမ္ေသာအသံျဖင့္
"သူ႔ကို စစ္ေဆးၾကည့္''
"ဟုတ္ကဲ့'' ေျပာေျပာဆိုဆိုႏွင့္ ခြန္ဆိုင္းက ထိုအမ်ိဳးသမီး၏ လက္ေကာက္ဝတ္မွေသြးေၾကာကိုစမ္းသပ္ၾကည့္သည္။
"အသက္ေတာ့႐ွိပါေသးတယ္''
"ဆရာဝန္ေခၚလိုက္''
"ဗ်ာ''
(ဒီလိုအသံုးမဝင္တဲ့ မိန္းမႀကီးတစ္ေယာက္ကိုက်ေတာ့ ဘာလို႔ဆရာဝန္ေခၚေပးမွာလဲ) ခြန္ဆိုင္း စိတ္ထဲမွေတြးမိေသာ္လည္း ဥဂၢါကို အထြန္႔မတက္ရဲသည္မို႔
ေခါင္းၿငိမ့္ျပလိုက္ရသည္။
"ငါခဏေနမွျပန္လာမယ္''
႐ႈပ္ေထြးလြန္းလာေသာစိတ္တို႔ကို
ေျပေပ်ာက္ေစရန္ ဥဂၢါအျပင္သို႔ထြက္လာခဲ့သည္။
ေနာက္ဘက္တြင္က်န္ခဲ့ေသာ မေက်မနပ္ေရရြတ္သံမ်ားအား လ်စ္လ်ဴ႐ႈလ်က္....။
.
.
.
.
.
ကားေမာင္းေနေသာ ဥဂၢါ၏စိတ္အစုံသည္ေနရာအႏွံျပန္႔ၾကဲေနသည္...။
ဒီေန႔လဲ လက္မွာေသြးစြန္းရျပန္ၿပီ...။
ဥဂၢါေရာက္စထဲက အဖြဲ႔သားအခ်ိဳ႕က
ေ႐ွ႕တြင္သာ အလြန္ေလးစားခ်င္ဟန္
ေဆာင္ ရင္းေနာက္ကြယ္တြင္
''ေနမာန္႔အားကိုးနဲ႔ လာၿပီးleaderလုပ္ခ်င္ေနတဲ့ေကာင္''ဟု ေျပာေနတတ္ၾကသည္ကို ဥဂၢါသိသည္။
ေစာနေကာင္ေလးအား ဤသို႔ အျပစ္မ
ေပးလ်ွင္ ထိုေကာင္ေလးကဲ့သို႔ ပစၥည္းယူၿပီးထြက္ေျပးေလာက္မည့္သူမ်ားမွာ ဒုႏွင့္ေဒးဆိုတာကိုအကဲခတ္မိၿပီးသား။
ေအးေအးေနတတ္ေသာ ဥဂၢါပံုစံေၾကာင့္ေလ်ွာ့တြက္ေနၾကေသာသူတို႔အား နဂါးမွန္းသိေအာင္ အနဲငယ္ေတာ့ အေမာက္ေထာင္ျပသင့္သည္ေလ။
တစ္စံုတစ္ေယာက္အား ထိခိုက္ေအာင္
ျပဳမူၿပီးခ်ိန္တိုင္း စိတ္ဝိညာဥ္တစ္ခုလံုး မြန္းၾကပ္႐ႈပ္ေထြးစြာလာမိေသာခံစားခ်က္ႀကီးကိုဥဂၢါသိပ္မုန္းပါသည္။
ကားျပတင္းမွန္ကိုဖြင့္ခ်ရင္း လက္ဆတ္ေသာ ေဆာင္းေလေအးတို႔၏ အထိအေတြ႔ကိုခံယူလိုက္မွ အနဲငယ္လန္းဆန္းသြားေတာ့သည္။
ေဘးပတ္လည္္ကိုၾကည့္မိခ်ိန္တြင္ ႐ွင္းလင္းတိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္က ဆီးႀကိဳေနသည္။
ခ်ယ္ရီပင္မ်ားမွအပ အျခားသစ္ပင္ႀကီးမ်ားမေတြ႔ရေသာ လမ္းတစ္ခုထဲဝင္လာမိခ်ိန္တြင္ေတာ့ ဥဂၢါငယ္စဥ္က ခ်ယ္ရီပင္မ်ားေအာက္တြင္ အေမျဖစ္သူႏွင့္အတူ ေပ်ာ္႐ႊင္စြာ လက္တြဲရင္းလမ္းေလ်ွာက္ခဲ့ဖူးသည့္ ပံုရိပ္မ်ားအား ျမင္ေယာင္မိလာသည္။
ႏွစ္လိုဖြယ္ေကာင္းခဲ့ေသာ ကေလးဘဝအေၾကာင္းျပန္ေတြးမိေသာအခါ လက္႐ွိအေျခအေနႏွင့္ကြာျခားလြန္းေနခဲ့ၿပီျဖစ္သည္။
ႏူးညံ၍ၾကင္နာသနားတတ္ခဲ့ေသာဥဂၢါသည္ယခုအခါေတာ့ ........
ညႇီစို႔စို႔ေသြးနံ႔အခ်ိဳ႕ကပ္ညိေနေသာလက္အစံုအားၾကည့္မိရင္း မဲ့ျပံဳးတစ္ခုသာ
ျပံဳးမိေလသည္။
"၅ႏွစ္......ေနာက္၅ႏွစ္ပဲသည္းခံရင္ရ
ၿပီ'' ဟု အႀကိမ္ႀကိမ္ကိုယ့္ကိုကိုယ္အားေပးမိသည္။
၅ႏွစ္ၾကာလ်ွင္ေနမာန္္႔အတြက္ ဤကိစၥေတြထပ္လုပ္ေပးရန္မလိုေတာ့။
ေနမာန္ႏွင့္လဲ ထပ္ၿပီးပက္သက္ရန္မလိုေတာ့။
ထိုအခ်ိန္ၾကလ်ွင္ေတာ့ ဥဂၢါတစ္ဘဝလံုး ေအးခ်မ္းစြာေနသြားႏိုင္လိမ့္မည္ဟုေမ်ာ္လင့္မိသည္။
၅ႏွစ္ဟူေသာအခ်ိန္ကာလကိုျဖတ္သန္းၿပီးသြားလ်ွင္ ဥဂၢါသည္ သမာအာဇီဝက်ေသာ စီးပြားေရးလုပ္ငန္းတစ္ခု၏ပိုင္႐ွင္ျဖစ္လာလိမ့္မည္။
အေမွာင္လုပ္ငန္းမွရေသာ ေငြအခ်ိဳ႕အားအရင္းအႏွီးျပဳခဲ့သည္ ဆိုတာကေတာ့ ဘယ္သူမွမသိေအာင္လွ်ိဳ႕ဝွက္ထားရမၫ့္အေၾကာင္းအရာ။
ယခင္ကေတာ့မိဘတို႔ဆံုး႐ွံုးခဲ့၍ တစ္ေကာင္ႂကြက္ျဖစ္ေနခ်ိန္တြင္ေရာက္ရာအရပ္၌ ႏွိမ္ခဲ့ အႏိုင္က်င့္ခဲ့ ေဆြမ်ိဳးရင္းျဖစ္ေစကာမူ အသိအမွတ္မျပဳဘဲ ႏွင္ထုတ္ခဲ့သူမ်ားေ႐ွ႕တြင္ ေအာင္ျမင္ေအာင္ႀကိဳးစားရင္းတစ္ေယာက္ထဲ ဘဝကိုေ႐ွ႕ဆက္သြားမည္ဟု ေတြးမိဖူးသည္။
သို႔ေသာ္ယခုေတာ့ ဥဂၢါဘဝတြင္ အေမၿပီးလ်ွင္ ပထမဆံုးတြယ္တာမိသူအား အနားတြင္ေခၚထားကာ သူလိုသမ်ွအားျဖည့္ဆည္းေပးရင္းေနသြားလိုသည့္ ဆႏၵတစ္ခုက အလိုလိုျဖစ္တည္လာသည္။
အနာဂတ္အစီအစဥ္မ်ားတြင္ သူ႔အတြက္ပါထည့္သြင္းစဥ္းစားမိလာသည္။
"ဝသုန္....''
ခပ္တိုးတိုးေရရြတ္မိသည္ႏွင့္ ဥဂၢါႏႈတ္ခမ္းအစံုမွာ အလိုလိုျပံဳးေယာင္သမ္းသြားေလသည္။ သို႔ေသာ္ၾကာၾကာပင္မျပံဳးလိုက္ႏိုင္။ စိတ္ထဲသို႔ ေစာနအမ်ိဳးသမီး၏ ေသြးအလိမ္းလိမ္းပံုရိပ္ကဝင္ေရာက္လာျပန္သည္။
ထိုအမ်ိဳးသမီးက အခ်ဳပ္ခန္း
ျပင္ပသို႔ ဘယ္လိုလုပ္ေရာက္လာမွန္းမသိ။
"မဟုတ္ေလာက္ပါဘူး ငါအစိုးရိမ္လြန္ေနတာျဖစ္မွာပါ သူမ က ဝသုန္နဲ႔ ဘာမွမပက္သက္ေလာက္ပါဘူး''
ကားကိုေခတၱရပ္လိုက္ၿပီးေနာက္ ဥဂၢါလက္တို္႔phoneဆီသို႔ အလိုလိုေရာက္သြားေလသည္။ ph numberေျပာင္းၿပီးထဲက ဝသုန္႔ကိုတစ္ခါမွမဆက္သြယ္ျဖစ္ခဲ့။
ဒီေန႔ေတာ့ ္ စိုးရိမ္မိေနသည့္ ဤကိစၥကိုအတည္ျပဳမွျဖစ္မည္။
ဘာသာတရားႏွင့္ ကင္းကြာေနခဲ့ေသာ
ဥဂၢါ phမေခၚမွီဘုရား႐ွင္ထံ ေလးေလးနက္နက္ဆုေတာင္းမိသည္။
"ဟိုအမ်ိဳးသမီးနဲ႔ ဝသုန္ဘာမွ မဆိုင္ပါ
ေစနဲ႔''
အနဲငယ္တုန္လႈပ္ေနေသာစိတ္ကိုတည္ၿငိမ္ေအာင္ႀကိဳးစားရင္း အလြတ္မွတ္မိေနေသာ ဝသုန္႔phကိုေခၚလိုက္သည္။
"တီ....တီ....တီ''
"Hello''
ၾကားလိုက္ရပါၿပီ ဥဂၢါလြမ္းေနခဲ့ေသာအသံေလး။
အသံေသးေသးေလးကိုမွ ဘုဆက္ဆက္ေျပာတတ္ေသာ အက်င့္ေလးေၾကာင့္
ဥဂၢါ အျမဲ ကေလးမက လူႀကီးမကအသံဟုစေလ့႐ွိသည္ေလ။
"ညီ....''
တစ္ဖက္မွ ျပန္ေျဖသံကိုခ်က္ခ်င္းမၾကားရ။ ေခတၱတိတ္ဆိတ္ေနၿပီးမွ
"ဥဂၢါ လားဟင္?''
"ညီက ကိုယ့္အသံကို မွတ္မိေနတာပဲ''
"မွတ္မိတာေပါ့
ကြၽန္ေတာ္ဥဂၢါဘယ္ေတာ့ ဆက္သြယ္လာမလဲပဲ ေစာင့္ေနတာ .....အဲ''
အလ်ွင္စလိုေျပာမိၿပီးမွ ႐ွက္သြားေသာထိုကေလးျဖစ္ေနမည့္ပံုေလးကို ဥဂၢါျမင္ေယာင္မိရင္းသေဘာက်ေနမိရင္း ပူေလာင္ေနေသာစိတ္ႏွလံုးက ေခတၱၿငိမ္း
ခ်မ္းသြားရသည္။
"ယမံုနဲ႔ uncleေရာ ေနေကာင္းတယ္မလား?''
"ေကာင္းပါတယ္
Daddyကေတာ့ လြိဳင္လင္ေရာက္ေန
တယ္''
ဝသုန္႔စကားကို ၾကားလိုက္ရေသာဥဂၢါအံျသမိသြားသည္။
ဟာ...ဘယ္လိုတိုက္ဆိုင္ေနရတာလဲ?
ဝသုန္က သူ႔စကားကိုဆက္သည္။
"ကြၽန္ေတာ္တို႔ ေမေမကို႐ွာေတြ႔ေတာ့မယ္ထင္တယ္ဥဂၢါ
ေမေမက လြိဳင္လင္မွာ႐ွိေနတယ္ဆိုလို႔ daddyလိုက္သြားတာ''
ဝသုန္႔စကားအဆံုးတြင္ေတာ့ ဥဂၢါဆက္ေျပာရန္စကားတို႔ ဆြံ႔အသြားခဲ့ရေလ
သည္။
ဝသုန္ႏွင့္ ႐ုပ္ခ်င္းခြၽတ္စြတ္နီးပါးတူေနေသာ ထိုအမ်ိဳးသမီး....။
"တကယ့္ကိုပဲအဲ့ဒိအမ်ိဳးသမီးက ဝသုန္႔ အေမေပါ့....
ငါလူတစ္ေယာက္ကို ရက္ရက္စက္စက္သတ္ပစ္ေနတာကို သူျမင္သြားခဲ့တယ္
ၿပီးေတာ့.... ငါကိုယ္တိုင္ပဲ သူ့ကိုထိခိုက္ေစမိတာပါလား
အားးးငါဘာဆက္လုပ္ရမွာလဲ?''
ဘယ္ေသာအခါမွ မျပည့္ေစခဲ့ေသာဆုေတာင္းမ်ားႏွင့္
ပဥၥလက္ဆန္စြာ ဘဝမ်ားအား ကေမာက္ကမျဖစ္ေစတတ္ေသာ ကံတရားတို့္ကိုဥဂၢါ သိပ္ကိုမုန္းမိပါသည္....။
To be continue>>>>>
ဖတ္႐ႈေပးမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္😘😘
ေနာက္က်သြားေပမယ့္ Merry Christmasပါလို္႔⛄⛄❄❄❄
ဒီဇာတ္လမ္းရဲ့လိုအပ္ခ်က္ေတြကို
ေထာက္႐ႈေဝဖန္ေပးၾကပါေနာ္
Welcome for any feedback & votes💝💝
~~~~~~~~~~••••••••••••••~~~~~~~~~~~
(Unicode)
နေမာန်နှင့်phပြောပြီးသည်နှင့် ဥဂ္ဂါ
အခန်းပြင်သို့ထွက်လာခဲ့သည်။
အခန်းဝတွင် ခွန်ဆိုင်းက အသင့်စောင့်
ကြိုနေသည်။
"အကို ဖမ်းမိထားတဲ့သူကို ကျွန်တော်တို့ အချုပ်ခန်းထဲထည့်ထားပါတယ်''
"ဟုတ်ပြီ ဆေးဖြန့်ဖို့တာဝန်ယူထားတဲ့သူတွေအားလုံးကို ခေါ်လာခဲ့...
ကျန်တဲ့သူတွေတော့ ဆင်းမလာစေနဲ့''
ဥဂ္ဂါ ပြောပြီးသည်နှင့်မြေအောက်ထပ်ရှိ အချုပ်ခန်းများရှိရာသို့ ဆင်းလာခဲ့
သည်။
မှောင်ရိပ်ကျနေသော အချုပ်ခန်းငယ်တစ်ခုထဲတွင်လက်နောက်ပြန်
ကြိုးတုတ်ရင်း ပုဆစ်တုတ်ထိုင်ခိုင်းထားစေသော ကောင်လေးတစ်ယောက်ကို
ဥဂ္ဂါလှမ်းမြင်လိုက်ရသည်။
"အဲ့လူပါပဲအကို''
ဥဂ္ဂါခေါင်းငြိမ့်ပြပြီးနောက်ဖြေးဖြေးချင်းလျှောက်သွားပြီး ဒူးထောက်ထိုင်နေသောထိုကောင်လေး၏မေးဖျားကိုဆွဲယူ
ပြီးမော့ကြည့်စေလိုက်သည်။
"ထွက်ပြေးရတဲ့feelingဘယ်လိုလဲဆိုတာ သိပြီးပြီပေါ့ ''
ဥဂ္ဂါ၏စကားကို ထိုကောင်လေးက
ခွန်းတုံ့ပြန်ခြင်းမပြု။
သို့သော် တစ်ဆက်ဆက်တုန်ရင်နေသောလက်တ့ို်ကိုကြည့်ခြင်းဖြင့် သူမည်မျှကြောက်လန့်နေသည်ကိုသိနိုင်သည်။
"မကြာခင်မင်းသိရမှာက သစ္စာဖောက်တဲ့သူတွေ ဘယ်လိုအဆုံးသတ်လဲဆိုတာပဲ''စကားဆုံးသည်နှင့် ဥဂ္ဂါထရပ်လိုက်ရင်း ထိုကောင်လေး၏ရင်ဘက်ကို တစ်ချက်ဆောင့်ကန်လိုက်သည်။
အရှိန်ပြင်းသည်မို့ ပက်လက်လန်လဲကျသွားသော ကောင်လေး၏နောက်စေ့နှင့်
ကြမ်းပြင်တို့ ရိုက်ခတ်မိသံက ကျယ်
လောင်စွာထွက်လာပြီး ခေါင်းနောက်မှစိမ့်ထွက်လာသော နီရဲပျစ်စေးသော
သွေးတို့က ဒဏ်ရာပြင်းထန်သည်ကို
ဖော်ပြနေသယောင်။
ငြိမ်သက်လွန်းနေပြီး စေ့ပိတ်ထားသော မျက်ဝန်းအစုံတို့ကလဲ အသက်မှရှိသေးရံ့လားဟုပင် တွေးမိစေသည်။
"အကို....''
ခပ်တိုးတိုးမဝံမရဲခေါ်သံကြားမိရာသို့
လှည့်ကြည့်မိသောအခါ ခွန်ဆိုင်းဖြစ်နေ
သည်။
"ဘာကိစ္စလဲ''
ဥဂ္ဂါ၏အမေးကို ခွန်ဆိုင်းက လဲကျနေသော ကောင်လေးအားကြည့်နေရင်းဖြေလေသည်။
"ဒီကောင်လေးက ငယ်ငယ်ထဲက ကျွန်တော်တို့နဲ့ အတူတူ အလုပ်လုပ်လာခဲ့တာပါ အဲ့ဒါကြောင့် ဒီတစ်ခါလောက်ဖြစ်ဖြစ် သူ့ကိုခွင့်လွှတ်ပေးလို့ ......''
"မရဘူး....''
ခွန်ဆိုင်းစကားမဆုံးမှီမှာပင် ဥဂ္ဂါယတိပြတ်ငြင်းလိုက်ပြီးလဲကျငြိမ်သက်နေသော ကောင်လေး၏ရင်ဘက်တည့်တည့်နေရာကို လက်ထဲ၌အသင့်ရှိနေသော ပစ္စတိုသေနတ်နှင့်ချိန်ရွယ်၍ ပစ်လိုက်သည်။
တိတ်ဆိတ်နေသော မြေအောက်ထပ်
ထဲတွင် အနဲငယ်ကျယ်လောင်စွာထွက်လာသော သေနတ်သံက ရပ်ကြည့်နေ
ကြသော ဆေးဖြန့်သည့်အဖွဲ့သားများအား ခြောက်ခြားသွားစေသည်။
အားလုံး၏စိတ်ထဲတွင် ပြိိုင်တူတွေးမိ
သည်က ဥဂ္ဂါသည် အရင်leaderများထက်ပို၍ ရက်စက်သည်ဟုပင်ဖြစ်သည်။
"ဒီလောက်ထိလုပ်ဖို့လဲ မလိုဘဲနဲ့''ဟု
ပြောချင်နေကြသယောင်။
မျက်နှာမပျက်မိအောင်ကြိုးစားနေကြသော်ငြား သူတို့၏အတွေးက မျက်နှာတွင်ထင်ဟပ်နေသောကြောင့် ဥဂ္ဂါသေချာ
ပေါက်သတိထားမိလိုက်သည်။
"ဘာကြောင်ကြည့်နေကြတာလဲ?
ရှင်းလိုက်လို့ရပြီ။
ငါဒီကောင်သွားခဲ့တဲ့clubတွေကိုသွား
ပြီးcheckရဦးမယ် ဘာတွေလုပ်ခဲ့လဲလို့်''
ပြောပြီးသည်နှင့် ဥဂ္ဂါအပြင်သို့ထွက်လာခဲ့ချိန်တွင်ရုတ်တရက်မျက်ဝန်းထောင့်တွင် အရိပ်တစ်ခုအားမြင်လိုက်ရသည်။
"ဘယ်သူလဲ ခိုးကြောင်ခိုးဝှက်နဲ့''
မေးပြီးသည်နှင့် ထိုအရိပ်ကိုမြင်လိုက်ရာသို့ ဥဂ္ဂါပြေးလိုက်သွားပြီး သေနတ်နှင့်
့လှမ်းပစ်လိုက်သည်။
သေနတ်သံအဆုံးတွင်တော့ တစ်စုံတစ်ဦးလဲကျသွားသံကို ဥဂ္ဂါကြားလိုက်ရသည်။ ဥဂ္ဂါတကယ်တော့ လူကိုပစ်ခြင်းမဟုတ်။ခြောက်လှန့်ရန်အတွက်ထုတ်တန်းကိုပစ်ချလိုက်ခြင်းသာဖြစ်သည်။
သို့သော်ထိုပုဂ္ဂိုလ်ပဲ ကံဆိုးသည်ဟုဆိုရမည်လော မသိ။ ဥဂ္ဂါပစ်လိုက်သော ထုတ်တန်းမှ ပြုတ်ကျလာသော ကျွန်းသစ်သားချောင်းအထူကြီးက ထိုအရိပ်ပိုင်ရှင်၏ ဦးခေါင်းပေါ်သို့ တည့်မတ်စွာ ကျရောက်သွားခဲ့သည်။
သွေးအလိမ်းလိမ်းဖြင့်ပြိုလဲကျနေသောသူထံသို့ သွားရောက်ကြည့်မိချိန်တွင်တော့ ဥဂ္ဂါထိတ်လန့်သွားခဲ့ရလေသည်။
"ဟာဘာလို့ဒီအမျိုးသမီးဖြစ်နေရတာလဲ?''
ဘယ်သူဘယ်ဝါမှန်းမသေချာသေးသော်လဲ ဥဂ္ဂါသူမအား ထိခိုက်အောင်မပြုလို။
ထိုအချိန်မှာပင်ဥဂ္ဂါ နောက်သို့ရောက်လာသော ခွန်ဆိုင်းအား အတတ်နိုင်ဆုံးတည်ငြိမ်သောအသံဖြင့်
"သူ့ကို စစ်ဆေးကြည့်''
"ဟုတ်ကဲ့'' ပြောပြောဆိုဆိုနှင့် ခွန်ဆိုင်းက ထိုအမျိုးသမီး၏ လက်ကောက်ဝတ်မှသွေးကြောကိုစမ်းသပ်ကြည့်သည်။
"အသက်တော့ရှိပါသေးတယ်''
"ဆရာဝန်ခေါ်လိုက်''
"ဗျာ''
(ဒီလိုအသုံးမဝင်တဲ့ မိန်းမကြီးတစ်ယောက်ကိုကျတော့ ဘာလို့ဆရာဝန်ခေါ်ပေးမှာလဲ) ခွန်ဆိုင်း စိတ်ထဲမှတွေးမိသော်လည်း ဥဂ္ဂါကို အထွန့်မတက်ရဲသည်မို့
ခေါင်းငြိမ့်ပြလိုက်ရသည်။
"ငါခဏနေမှပြန်လာမယ်''
ရှုပ်ထွေးလွန်းလာသောစိတ်တို့ကို
ပြေပျောက်စေရန် ဥဂ္ဂါအပြင်သို့ထွက်လာခဲ့သည်။
နောက်ဘက်တွင်ကျန်ခဲ့သော မကျေမနပ်ရေရွတ်သံများအား လျစ်လျူရှုလျက်....။
.
.
.
.
.
ကားမောင်းနေသော ဥဂ္ဂါ၏စိတ်အစုံသည်နေရာအနှံပြန့်ကြဲနေသည်...။
ဒီနေ့လဲ လက်မှာသွေးစွန်းရပြန်ပြီ...။
ဥဂ္ဂါရောက်စထဲက အဖွဲ့သားအချို့က
ရှေ့တွင်သာ အလွန်လေးစားချင်ဟန်
ဆောင် ရင်းနောက်ကွယ်တွင်
''နေမာန့်အားကိုးနဲ့ လာပြီးleaderလုပ်ချင်နေတဲ့ကောင်''ဟု ပြောနေတတ်ကြသည်ကို ဥဂ္ဂါသိသည်။
စောနကောင်လေးအား ဤသို့ အပြစ်မ
ပေးလျှင် ထိုကောင်လေးကဲ့သို့ ပစ္စည်းယူပြီးထွက်ပြေးလောက်မည့်သူများမှာ ဒုနှင့်ဒေးဆိုတာကိုအကဲခတ်မိပြီးသား။
အေးအေးနေတတ်သော ဥဂ္ဂါပုံစံကြောင့်လျှော့တွက်နေကြသောသူတို့အား နဂါးမှန်းသိအောင် အနဲငယ်တော့ အမောက်ထောင်ပြသင့်သည်လေ။
တစ်စုံတစ်ယောက်အား ထိခိုက်အောင်
ပြုမူပြီးချိန်တိုင်း စိတ်ဝိညာဉ်တစ်ခုလုံး မွန်းကြပ်ရှုပ်ထွေးစွာလာမိသောခံစားချက်ကြီးကိုဥဂ္ဂါသိပ်မုန်းပါသည်။
ကားပြတင်းမှန်ကိုဖွင့်ချရင်း လက်ဆတ်သော ဆောင်းလေအေးတို့၏ အထိအတွေ့ကိုခံယူလိုက်မှ အနဲငယ်လန်းဆန်းသွားတော့သည်။
ဘေးပတ်လည််ကိုကြည့်မိချိန်တွင် ရှင်းလင်းတိတ်ဆိတ်နေသော ပတ်ဝန်းကျင်က ဆီးကြိုနေသည်။
ချယ်ရီပင်များမှအပ အခြားသစ်ပင်ကြီးများမတွေ့ရသော လမ်းတစ်ခုထဲဝင်လာမိချိန်တွင်တော့ ဥဂ္ဂါငယ်စဉ်က ချယ်ရီပင်များအောက်တွင် အမေဖြစ်သူနှင့်အတူ ပျော်ရွှင်စွာ လက်တွဲရင်းလမ်းလျှောက်ခဲ့ဖူးသည့် ပုံရိပ်များအား မြင်ယောင်မိလာသည်။
နှစ်လိုဖွယ်ကောင်းခဲ့သော ကလေးဘဝအကြောင်းပြန်တွေးမိသောအခါ လက်ရှိအခြေအနေနှင့်ကွာခြားလွန်းနေခဲ့ပြီဖြစ်သည်။
နူးညံ၍ကြင်နာသနားတတ်ခဲ့သောဥဂ္ဂါသည်ယခုအခါတော့ ........
ညှီစို့စို့သွေးနံ့အချို့ကပ်ညိနေသောလက်အစုံအားကြည့်မိရင်း မဲ့ပြုံးတစ်ခုသာ
ပြုံးမိလေသည်။
"၅နှစ်......နောက်၅နှစ်ပဲသည်းခံရင်ရ
ပြီ'' ဟု အကြိမ်ကြိမ်ကိုယ့်ကိုကိုယ်အားပေးမိသည်။
၅နှစ်ကြာလျှင်နေမာန့််အတွက် ဤကိစ္စတွေထပ်လုပ်ပေးရန်မလိုတော့။
နေမာန်နှင့်လဲ ထပ်ပြီးပက်သက်ရန်မလိုတော့။
ထိုအချိန်ကြလျှင်တော့ ဥဂ္ဂါတစ်ဘဝလုံး အေးချမ်းစွာနေသွားနိုင်လိမ့်မည်ဟုမျော်လင့်မိသည်။
၅နှစ်ဟူသောအချိန်ကာလကိုဖြတ်သန်းပြီးသွားလျှင် ဥဂ္ဂါသည် သမာအာဇီဝကျသော စီးပွားရေးလုပ်ငန်းတစ်ခု၏ပိုင်ရှင်ဖြစ်လာလိမ့်မည်။
အမှောင်လုပ်ငန်းမှရသော ငွေအချို့အားအရင်းအနှီးပြုခဲ့သည် ဆိုတာကတော့ ဘယ်သူမှမသိအောင်လျှို့ဝှက်ထားရမည့်အကြောင်းအရာ။
ယခင်ကတော့မိဘတို့ဆုံးရှုံးခဲ့၍ တစ်ကောင်ကြွက်ဖြစ်နေချိန်တွင်ရောက်ရာအရပ်၌ နှိမ်ခဲ့ အနိုင်ကျင့်ခဲ့ ဆွေမျိုးရင်းဖြစ်စေကာမူ အသိအမှတ်မပြုဘဲ နှင်ထုတ်ခဲ့သူများရှေ့တွင် အောင်မြင်အောင်ကြိုးစားရင်းတစ်ယောက်ထဲ ဘဝကိုရှေ့ဆက်သွားမည်ဟု တွေးမိဖူးသည်။
သို့သော်ယခုတော့ ဥဂ္ဂါဘဝတွင် အမေပြီးလျှင် ပထမဆုံးတွယ်တာမိသူအား အနားတွင်ခေါ်ထားကာ သူလိုသမျှအားဖြည့်ဆည်းပေးရင်းနေသွားလိုသည့် ဆန္ဒတစ်ခုက အလိုလိုဖြစ်တည်လာသည်။
အနာဂတ်အစီအစဉ်များတွင် သူ့အတွက်ပါထည့်သွင်းစဉ်းစားမိလာသည်။
"ဝသုန်....''
ခပ်တိုးတိုးရေရွတ်မိသည်နှင့် ဥဂ္ဂါနှုတ်ခမ်းအစုံမှာ အလိုလိုပြုံးယောင်သမ်းသွားလေသည်။ သို့သော်ကြာကြာပင်မပြုံးလိုက်နိုင်။ စိတ်ထဲသို့ စောနအမျိုးသမီး၏ သွေးအလိမ်းလိမ်းပုံရိပ်ကဝင်ရောက်လာပြန်သည်။
ထိုအမျိုးသမီးက အချုပ်ခန်း
ပြင်ပသို့ ဘယ်လိုလုပ်ရောက်လာမှန်းမသိ။
"မဟုတ်လောက်ပါဘူး ငါအစိုးရိမ်လွန်နေတာဖြစ်မှာပါ သူမ က ဝသုန်နဲ့ ဘာမှမပက်သက်လောက်ပါဘူး''
ကားကိုခေတ္တရပ်လိုက်ပြီးနောက် ဥဂ္ဂါလက်တို့်phoneဆီသို့ အလိုလိုရောက်သွားလေသည်။ ph numberပြောင်းပြီးထဲက ဝသုန့်ကိုတစ်ခါမှမဆက်သွယ်ဖြစ်ခဲ့။
ဒီနေ့တော့ ် စိုးရိမ်မိနေသည့် ဤကိစ္စကိုအတည်ပြုမှဖြစ်မည်။
ဘာသာတရားနှင့် ကင်းကွာနေခဲ့သော
ဥဂ္ဂါ phမခေါ်မှီဘုရားရှင်ထံ လေးလေးနက်နက်ဆုတောင်းမိသည်။
"ဟိုအမျိုးသမီးနဲ့ ဝသုန်ဘာမှ မဆိုင်ပါ
စေနဲ့''
အနဲငယ်တုန်လှုပ်နေသောစိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း အလွတ်မှတ်မိနေသော ဝသုန့်phကိုခေါ်လိုက်သည်။
"တီ....တီ....တီ''
"Hello''
ကြားလိုက်ရပါပြီ ဥဂ္ဂါလွမ်းနေခဲ့သောအသံလေး။
အသံသေးသေးလေးကိုမှ ဘုဆက်ဆက်ပြောတတ်သော အကျင့်လေးကြောင့်
ဥဂ္ဂါ အမြဲ ကလေးမက လူကြီးမကအသံဟုစလေ့ရှိသည်လေ။
"ညီ....''
တစ်ဖက်မှ ပြန်ဖြေသံကိုချက်ချင်းမကြားရ။ ခေတ္တတိတ်ဆိတ်နေပြီးမှ
"ဥဂ္ဂါ လားဟင်?''
"ညီက ကိုယ့်အသံကို မှတ်မိနေတာပဲ''
"မှတ်မိတာပေါ့
ကျွန်တော်ဥဂ္ဂါဘယ်တော့ ဆက်သွယ်လာမလဲပဲ စောင့်နေတာ .....အဲ''
အလျှင်စလိုပြောမိပြီးမှ ရှက်သွားသောထိုကလေးဖြစ်နေမည့်ပုံလေးကို ဥဂ္ဂါမြင်ယောင်မိရင်းသဘောကျနေမိရင်း ပူလောင်နေသောစိတ်နှလုံးက ခေတ္တငြိမ်း
ချမ်းသွားရသည်။
"ယမုံနဲ့ uncleရော နေကောင်းတယ်မလား?''
"ကောင်းပါတယ်
Daddyကတော့ လွိုင်လင်ရောက်နေ
တယ်''
ဝသုန့်စကားကို ကြားလိုက်ရသောဥဂ္ဂါအံသြမိသွားသည်။
ဟာ...ဘယ်လိုတိုက်ဆိုင်နေရတာလဲ?
ဝသုန်က သူ့စကားကိုဆက်သည်။
"ကျွန်တော်တို့ မေမေကိုရှာတွေ့တော့မယ်ထင်တယ်ဥဂ္ဂါ
မေမေက လွိုင်လင်မှာရှိနေတယ်ဆိုလို့ daddyလိုက်သွားတာ''
ဝသုန့်စကားအဆုံးတွင်တော့ ဥဂ္ဂါဆက်ပြောရန်စကားတို့ ဆွံ့အသွားခဲ့ရလေ
သည်။
ဝသုန်နှင့် ရုပ်ချင်းချွတ်စွတ်နီးပါးတူနေသော ထိုအမျိုးသမီး....။
"တကယ့်ကိုပဲအဲ့ဒိအမျိုးသမီးက ဝသုန့် အမေပေါ့....
ငါလူတစ်ယောက်ကို ရက်ရက်စက်စက်သတ်ပစ်နေတာကို သူမြင်သွားခဲ့တယ်
ပြီးတော့.... ငါကိုယ်တိုင်ပဲ သူ့ကိုထိခိုက်စေမိတာပါလား
အားးးငါဘာဆက်လုပ်ရမှာလဲ?''
ဘယ်သောအခါမှ မပြည့်စေခဲ့သောဆုတောင်းများနှင့်
ပဉ္စလက်ဆန်စွာ ဘဝများအား ကမောက်ကမဖြစ်စေတတ်သော ကံတရားတို့်ကိုဥဂ္ဂါ သိပ်ကိုမုန်းမိပါသည်....။
To be continue>>>>>
ဖတ်ရှုပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်😘😘
နောက်ကျသွားပေမယ့် Merry Christmasပါလို့်⛄⛄❄❄❄
ဒီဇာတ်လမ်းရဲ့လိုအပ်ချက်တွေကို
ထောက်ရှုဝေဖန်ပေးကြပါနော်
Welcome for any feedback & votes💝💝