#Unicode
"အားးး ရှက်လိုက်တာ။ ဘာလို့များ လမ်းမှာအဲ့လိုထိုင်ငိုဖို့စိတ်ကူးပေါက်သွားရတာလဲ ရွှေရေးရာ... ရှက်လွန်းလို့သေတော့မှာပဲ"
ရွှေရေး ပါးစပ်မှပွစိပွစိရေရွတ်ရင်း ခြေထောက်နဲ့ကြမ်းပြင်အား တဒုန်းဒုန်းဆောင့်ကာ ခုန်ပေါက်နေသေးသည်။
"ဟဲ့...သား အပေါ်ကနေ တဒုန်းဒုန်းလုပ်မနေနဲ့။ မကြီးမငယ်နဲ့ ဘယ်လိုတွေဖြစ်နေတာတုန်း"
ဒေါ် ကြည်ဖြူခင် မိမိဆိုင်မှစာရင်းတွေတွက်နေရင်း အပေါ်ထပ်မှ တဒုန်းဒုန်းအသံကြားတာကြောင့် သားဖြစ်သူ ရွှေရေးထက်အား အော်ကာ သတိပေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး မေမေ ။သား ပိုးဟပ်တွေ့လို့ လျှောက်ပြေးနေတာပါ"
မေမေ အော်သတိပေးမှ မိမိဘယ်လောက်စိတ်လွှတ်နေသည်ကိုသိကာ မိမိကြောက်သော ပိုးဟပ်ကိုသာ ရွှေရေး လွှဲချလိုက်ရသည်။
"ဟင်...ကားတစ်စီးပါလား? ဒီလမ်းကြားထဲမှာ ကားရှိတာဆိုလို့ ယွန်းဆုမတို့အိမ်တစ်အိမ်ပဲရှိတာပါ။
ပြီးတော့ ဒီကားက ယွန်းဆုမတို့အိမ်က ကားလည်းမဟုတ်ဘူး"
ရွှေရေး လက်ညှိုးနဲ့ သူ့မေးစေ့အားပွတ်ရင်း စဉ်းစားနေသည်။
"အားးးးး ဒါ ဟိုကောင့်အိမ်က ကားကြီးဟ"
အတန်ငယ်စဉ်းစားပြီးမှ သတိရကာ ထအော်လေတော့သည်။
Ring...Ring...Ring...
ရွှေရေးရဲ့ဖုန်းလေး တုန်ခါနေလေသည်။
နံပါတ်အစိမ်းမို့ ရွှေရေးမကိုင်ပဲ ဖုန်းကို Silentလုပ်ပြီး မျက်နှာသစ် သွားတိုက်ကာ မျက်နှာကို နို့ရည်အနည်းငယ်လိမ်းလိုက်သည်။
ပြီးမှ ဖုန်းကိုကိုင်ကာ သီချင်းဖွင့်မည်အလုပ်...
Ring...Ring...Ring...
"ချီးတဲ့မှပဲ သေမလို့ခေါ်နေတာလားဟ။ ည11နာရီတောင်ထိုးတော့မယ့်ဟာကို"
ရွှေရေး နံပါတ်ကိုကြည့်လိုက်ရာ ခုနက ခေါ်နေသောနံပါတ်ပင်ဖြစ်သည်။
"ကြည့်ဦး ခေါ်ထားတာလဲ အခါတစ်ရာလောက်ရှိတယ်။ ငါ့ Call Logကြီးလဲ နီရဲနေပြီ။ နေဦး ပယ်ပယ်နယ်နယ်ကို ဆဲပစ်ဦးမယ်"
ရွှေရေး ဆက်တိုက်ခေါ်နေသောဖုန်းကို ကိုင်လိုက်သည်။
"ဘယ်က အလေနတ်တော အလုပ်မရှိအကိုင်မရှိတွေလဲ? သူများဖုန်းကို သေမလို့ မကိုင်မချင်းခေါ်နေတာလား? အားယားနေတာလားဟ"
"ဟ ဖြေးဖြေးပြောပါဟ။ မင်းလေးက တအားအပေါက်ဆိုးတာပဲ"
စိုင်းအံ့ဘုန်းဇော် တစ်ဖက်မှအသံကြားကြားချင်း ပြုံးလိုက်မိသည်။သူ့အတွက်တော့
နားထဲကို ပျားရည်ပုန်းလိုက်လောင်းထည့်လိုက်သကဲ့သို့
ချိုမြိန်နေ၍လား မသိပေ။
"ေ-ာကို မင်းလေးပါ့လား? ပြော ဘယ်သူလဲ သေမလို့ဖုန်းနေဆက်နေတာလား?"
တစ်ဖက်မှ စိတ်ဆိုးမာန်ဆိုးအသံကို ကြားလေလေ
စိုင်းအံ့ဘုန်းဇော် သဘောကျလေလေဖြစ်သည်။
အရင်ကောင်မလေးတွေတုန်းကဆို ချွဲအီနေကြတာနဲ့ ပျင်းဖို့အရမ်းကောင်းလွန်းသည်တဲ့လေ။
"မင်းလေးကို မောင် ကူညီထားတာလေကွာ။ လမ်းမှာကလေးတစ်ယောက်လိုအာဗြဲကြီးနဲ့ အော်ငိုတဲ့ကောင်လေးက ဘယ်သူပါလိမ့်နော်"
"သြော်...မင်းကိုး...။ငါ့အိမ်လိပ်စာနဲ့ဖုန်းနံပါတ်ကို ဘယ်လိုသိတာလဲပြော?"
"မင်းလေးက အတော်ပိန်းတိန်းနေတာပဲကွာ။
အသက်ကြီးတာ သေမလို့ကြီးတာလား?
မင်းလေးရဲ့အိမ်ကိုလိုက်ပို့ခိုင်းတဲ့ Driverက မောင့်အိမ်က Driver။ပြီးတော့ မင်းလေးရဲ့အိမ်ပြန်မရောက်ခင်မှာပဲ ဖုန်းနံပါတ်ရအောင်ယူခိုင်းလိုက်တာလေ။ ဘယ်လိုလဲ? မောင် တော်တယ်မလား?"
ဟုတ်သည်။ လမ်းတစ်ဝက်အရောက်မှာမှ
သူ့ဖုန်းအထားမှားနေ၍ ရှာချင်သည်ဟုဆိုကာ ရွှေရေးဖုန်းဖြင့် Driverဦးလေးကြီးက သူ့ဖုန်းအား ခေါ်ဆိုခဲ့သည်ကို ခုမှပြန်စဉ်းစားမိလေသည်။
"ေ-ာကိုမောင်ပါ့လား? အေး... မင်း ငါနဲ့အပြင်မှာထပ်မတွေ့အောင်နေ။ ထပ်တွေ့လို့ကတော့ မင်းဖင်ကို ပိတ်ကန်ပစ်မှာ"
ရွှေရေး ပြောချင်ရာတွေပြောပြီး ဖုန်းချပစ်လိုက်တော့သည်။
စိုင်းအံ့ဘုန်းဇော် ရွှေရေးရဲ့အခန်းမီးပိတ်သွားမှ
ကားမောင်းကာ ထွက်လာတော့သည်။
~~~~~~~~~~**********~~~~~~~~~~
"ဟေ့ရောင် ဘယ်အချိန်ရှိနေပြီလဲ? ဒါ အိမ်ပြန်ချိန်လားကွ"
စိုင်းအံ့ဘုန်းဇော်အတွက်တော့ ဖခင်ဖြစ်သူ
ဦးစိုင်းထွန်းဇော်ရဲ့ဆူပူသံတွေကြားရတာဟာ
ရိုးနေပြီမို့ ဘယ်လိုမှမနေ။
ခဏနေလျှင် အမေဖြစ်သူ ဒေါ်သွင်မြဝါ
လာပြီး သူ့ဘက်မှ ကာဆီးကာ ပြောပေးပေလိမ့်မည်။
"ကိုထွန်းဇော်ရယ်...ကလေးကို ဆူပြန်ပြီ။ ဆယ်တန်းဖြေထားတုန်းလေး အေးဆေးနေပါ့စေလား"
"မသွင်... မင်းဒီလိုတွေ ကာဆီးကာဆီးလုပ်နေလို့
မင်းရဲ့သားက ရောင့်တက်နေတာ"
"ကဲ တော်ပါတော့ အဖေနဲ့အမေတို့ရယ်။ သွား အငယ်ကောင် မင်းလဲ သွားအိပ်တော့။ အဖေနဲ့အမေတို့လဲ အိပ်တော့။ မနက်ဖြန် သားရဲ့မင်္ဂလာဆောင်ဆိုတာလဲ သတိရကြပါဦး"
စိုင်းကောင်းထက်ဇော် ဝင်ပြောလိုက်မှပဲ ဆူညံမှုတွေတိတ်ဆိတ်သွားကာ အခန်းထဲသို့ ကိုယ်စီဝင်သွားကြတော့သည်။
ထို့နောက် ချစ်ရသူ ယွန်းဆုရည်ခိုင်ဆီသို့ ဖုန်းဆက်လိုက်သည်။
Ring...Ring...Ring...
ဖုန်းလာနေတာမို့ ယွန်းဆုရည်ခိုင် ဖုန်းကိုင်လိုက်သည်။
"Hello ကိုကို"
"ခိုင်... ဘာလုပ်နေလဲဟင်"
"ကိုကိုကလည်း ခိုင် အိပ်တော့မလို့လေ။ ဒါပေမယ့် ခိုင် အိပ်မပျော်ဘူး ကိုကို။မနက်ဖြန်အတွက် ခိုင် ရင်တွေခုန်နေတယ်"
"ကိုကိုလည်း တူတူပါပဲ ခိုင်ရယ်။
ကိုယ့်ချစ်သူနဲ့ ပေါင်းဖက်ခွင့်ရတာလောက်
ပျော်ဖို့ကောင်းတာ မရှိတော့ဘူး..."
"ဟုတ်ပါပြီ။ ကိုကို ဒါပဲနော် ခိုင်အိပ်တော့မယ်"
"ကောင်းပါပြီဗျာ"
"ဟူး..."
ယွန်းဆုရည်ခိုင် သက်ပြင်းတစ်ချက်ချလိုက်သည်။
တစ်ဖက်တွင်လည်း မိမိယောက်ျားရတော့မှာမို့
ပျော်နေရသော်လည်း တစ်ဖက်မှာမူ မိမိအားစိတ်ဆိုးနေသော သူငယ်ချင်းလေး မင်္ဂလာဆောင်မလာမှာကို တွေးပူနေရသေးသည်။
"မပူနဲ့ ရွှေရေးထက် ငါယောက်ျားရသလို နင်ပါရစေရမယ်..."
Thank You All 💋💋
TSA
#Zawgyi
"အားးး ရွက္လိုက္တာ။ ဘာလို႕မ်ား လမ္းမွာအ့ဲလိုထိုင္ငိုဖို႕စိတ္ကူးေပါက္သြားရတာလဲ ေရႊေရးရာ... ရွက္လြန္းလို႔ေသေတာ့မွာပဲ"
ေရႊေရး ပါးစပ္မွပြစိပြစိေရရြတ္ရင္း ေျခေထာက္နဲ႕ၾကမ္းျပင္အား တဒုန္းဒုန္းေဆာင့္ကာ ခုန္ေပါက္ေနေသးသည္။
"ဟ့ဲ...သား အေပၚကေန တဒုန္းဒုန္းလုပ္မေနနဲ႕။ မၾကီးမငယ္နဲ႕ ဘယ္လိုေတြျဖစ္ေနတာတုန္း"
ေဒၚ ၾကည္ျဖဴခင္ မိမိဆိုင္မွစာရင္းေတြတြက္ေနရင္း အေပၚထပ္မွ တဒုန္းဒုန္းအသံၾကားတာေၾကာင့္ သားျဖစ္သူ ေရႊေရးထက္အား ေအာ္ကာ သတိေပးလိုက္သည္။
"ဘာမွမဟုတ္ပါဘူး ေမေမ ။သား ပုိးဟပ္ေတြ႕လို႕ ေလွ်ာက္ေျပးေနတာပါ"
ေမေမ ေအာ္သတိေပးမွ မိမိဘယ္ေလာက္စိတ္လႊတ္ေနသည္ကိုသိကာ မိမိေၾကာက္ေသာ ပိုးဟပ္ကိုသာ ေရႊေရး လႊဲခ်လိုက္ရသည္။
"ဟင္...ကားတစ္စီးပါလား? ဒီလမ္းၾကားထဲမွာ ကားရွိတာဆိုလို႕ ယြန္းဆုမတို႕အိမ္တစ္အိမ္ပဲရိွတာပါ။
ျပီးေတာ့ ဒီကားက ယြန္းဆုမတို႕အိမ္က ကားလည္းမဟုတ္ဘူး"
ေရႊေရး လက္ညိွဳးနဲ႕ သူ႕ေမးေစ့အားပြတ္ရင္း စဥ္းစားေနသည္။
"အားးးးး ဒါ ဟုိေကာင့္အိမ္က ကားၾကီးဟ"
အတန္ငယ္စဥ္းစားျပီးမွ သတိရကာ ထေအာ္ေလေတာ့သည္။
Ring...Ring...Ring...
ေရႊေရးရဲ႕ဖုန္းေလး တုန္ခါေနေလသည္။
နံပါတ္အစိမ္းမို႔ ေရႊေရးမကိုင္ပဲ ဖုန္းကို Silentလုပ္ျပီး မ်က္ႏွာသစ္ သြားတိုက္ကာ မ်က္ႏွာကို ႏို႕ရည္အနည္းငယ္လိမ္းလိုက္သည္။
ျပီးမွ ဖုန္းကိုကိုင္ကာ သီခ်င္းဖြင့္မည္အလုပ္...
Ring...Ring...Ring...
"ခ်ီးတ့ဲမွပဲ ေသမလို႔ေခၚေနတာလားဟ။ ည11နာရီေတာင္ထုိးေတာ့မယ့္ဟာကို"
ေရႊေရး နံပါတ္ကိုၾကည့္လိုက္ရာ ခုနက ေခၚေနေသာနံပါတ္ပင္ျဖစ္သည္။
"ၾကည့္ဦး ေခၚထားတာလဲ အခါတစ္ရာေလာက္ရိွတယ္။ ငါ့ Call Logၾကီးလဲ နီရဲေနျပီ။ ေနဦး ပယ္ပယ္နယ္နယ္ကို ဆဲပစ္ဦးမယ္"
ေရႊေရး ဆက္တိုက္ေခၚေနေသာဖုန္းကို ကိုင္လိုက္သည္။
"ဘယ္က အေလနတ္ေတာ အလုပ္မရိွအကိုင္မရွိေတြလဲ? သူမ်ားဖုန္းကို ေသမလို႔ မကိုင္မခ်င္းေခၚေနတာလား? အားယားေနတာလားဟ"
"ဟ ေျဖးေျဖးေျပာပါဟ။ မင္းေလးက တအားအေပါက္ဆိုးတာပဲ"
စိုင္းအ့ံဘုန္းေဇာ္ တစ္ဖက္မွအသံၾကားၾကားခ်င္း ျပံဳးလုိက္မိသည္။သူ႔အတြက္ေတာ့
နားထဲကို ပ်ားရည္ပုန္းလိုက္ေလာင္းထည့္လိုက္သက့ဲသို႔
ခ်ိဳျမိန္ေန၍လား မသိေပ။
"ေ-ာကို မင္းေလးပါ့လား? ေျပာ ဘယ္သူလဲ ေသမလို႔ဖုန္းေနဆက္ေနတာလား?"
တစ္ဖက္မွ စိတ္ဆိုးမာန္ဆိုးအသံကို ၾကားေလေလ
စိုင္းအ့ံဘုန္းေဇာ္ သေဘာက်ေလေလျဖစ္သည္။
အရင္ေကာင္မေလးေတြတုန္းကဆို ခြ်ဲအီေနၾကတာနဲ႕ ပ်င္းဖို႔အရမ္းေကာင္းလြန္းသည္တ့ဲေလ။
"မင္းေလးကို ေမာင္ ကူညီထားတာေလကြာ။ လမ္းမွာကေလးတစ္ေယာက္လိုအာျဗဲၾကီးနဲ႕ ေအာ္ငိုတ့ဲေကာင္ေလးက ဘယ္သူပါလိမ့္ေနာ္"
"ေၾသာ္...မင္းကိုး...။ငါ့အိမ္လိပ္စာနဲ႕ဖုန္းနံပါတ္ကို ဘယ္လိုသိတာလဲေျပာ?"
"မင္းေလးက အေတာ္ပိန္းတိန္းေနတာပဲကြာ။
အသက္ၾကီးတာ ေသမလို႔ၾကီးတာလား?
မင္းေလးရဲ႕အိမ္ကိုလိုက္ပို႔ခိုင္းတ့ဲ Driverက ေမာင့္အိမ္က Driver။ျပီးေတာ့ မင္းေလးရဲ႕အိမ္ျပန္မေရာက္ခင္မွာပဲ ဖုန္းနံပါတ္ရေအာင္ယူခိုင္းလိုက္တာေလ။ ဘယ္လိုလဲ? ေမာင္ ေတာ္တယ္မလား?"
ဟုတ္သည္။ လမ္းတစ္ဝက္အေရာက္မွာမွ
သူ႕ဖုန္းအထားမွားေန၍ ရွာခ်င္သည္ဟုဆိုကာ ေရႊေရးဖုန္းျဖင့္ Driverဦးေလးၾကီးက သူ႕ဖုန္းအား ေခၚဆိုခ့ဲသည္ကို ခုမွျပန္စဥ္းစားမိေလသည္။
"ေ-ာကိုေမာင္ပါ့လား? ေအး... မင္း ငါနဲ႕အျပင္မွာထပ္မေတြ႕ေအာင္ေန။ ထပ္ေတြ႕လို႔ကေတာ့ မင္းဖင္ကို ပိတ္ကန္ပစ္မွာ"
ေရႊေရး ေျပာခ်င္ရာေတြေျပာျပီး ဖုန္းခ်ပစ္လိုက္ေတာ့သည္။
စိုင္းအ့ံဘုန္းေဇာ္ ေရႊေရးရဲ႕အခန္းမီးပိတ္သြားမွ
ကားေမာင္းကာ ထြက္လာေတာ့သည္။
~~~~~~~~~~**********~~~~~~~~~~
"ေဟ့ေရာင္ ဘယ္အခ်ိန္ရွိေနျပီလဲ? ဒါ အိမ္ျပန္ခ်ိန္လားကြ"
စိုင္းအ့ံဘုန္းေဇာ္အတြက္ေတာ့ ဖခင္ျဖစ္သူ
ဦးစိုင္းထြန္းေဇာ္ရဲ႕ဆူပူသံေတြၾကားရတာဟာ
ရိုးေနျပီမို႔ ဘယ္လိုမွမေန။
ခဏေနလွ်င္ အေမျဖစ္သူ ေဒၚသြင္ျမဝါ
လာျပီး သူ႔ဘက္မွ ကာဆီးကာ ေျပာေပးေပလိမ့္မည္။
"ကိုထြန္းေဇာ္ရယ္...ကေလးကို ဆူျပန္ျပီ။ ဆယ္တန္းေျဖထားတုန္းေလး ေအးေဆးေနပါ့ေစလား"
"မသြင္... မင္းဒီလိုေတြ ကာဆီးကာဆီးလုပ္ေနလို႔
မင္းရဲ႕သားက ေရာင့္တက္ေနတာ"
"ကဲ ေတာ္ပါေတာ့ အေဖနဲ႔အေမတို႔ရယ္။ သြား အငယ္ေကာင္ မင္းလဲ သြားအိပ္ေတာ့။ အေဖနဲ႔အေမတို႔လဲ အိပ္ေတာ့။ မနက္ျဖန္ သားရဲ႕မဂၤလာေဆာင္ဆိုတာလဲ သတိရၾကပါဦး"
စိုင္းေကာင္းထက္ေဇာ္ ဝင္ေျပာလိုက္မွပဲ ဆူညံမႈေတြတိတ္ဆိတ္သြားကာ အခန္းထဲသို႔ ကိုယ္စီဝင္သြားၾကေတာ့သည္။
ထို႔ေနာက္ ခ်စ္ရသူ ယြန္းဆုရည္ခိုင္ဆီသို႔ ဖုန္းဆက္လိုက္သည္။
Ring...Ring...Ring...
ဖုန္းလာေနတာမို႔ ယြန္းဆုရည္ခိုင္ ဖုန္းကိုင္လုိက္သည္။
"Hello ကိုကို"
"ခိုင္... ဘာလုပ္ေနလဲဟင္"
"ကိုကိုကလည္း ခိုင္ အိပ္ေတာ့မလို႔ေလ။ ဒါေပမယ့္ ခိုင္ အိပ္မေပ်ာ္ဘူး ကိုကို။မနက္ျဖန္အတြက္ ခိုင္ ရင္ေတြခုန္ေနတယ္"
"ကိုကိုလည္း တူတူပါပဲ ခိုင္ရယ္။
ကိုယ့္ခ်စ္သူနဲ႔ ေပါင္းဖက္ခြင့္ရတာေလာက္
ေပ်ာ္ဖို႔ေကာင္းတာ မရိွေတာ့ဘူး..."
"ဟုတ္ပါျပီ။ ကိုကို ဒါပဲေနာ္ ခိုင္အိပ္ေတာ့မယ္"
"ေကာင္းပါျပီဗ်ာ"
"ဟူး..."
ယြန္းဆုရည္ခိုင္ သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
တစ္ဖက္တြင္လည္း မိမိေယာက္်ားရေတာ့မွာမို႔
ေပ်ာ္ေနရေသာ္လည္း တစ္ဖက္မွာမူ မိမိအားစိတ္ဆိုးေနေသာ သူငယ္ခ်င္းေလး မဂၤလာေဆာင္မလာမွာကို ေတြးပူေနရေသးသည္။
"မပူနဲ႔ ေရႊေရးထက္ ငါေယာက္်ားရသလို နင္ပါရေစရမယ္..."
Thank You All 💋💋
TSA