(Zawgyi)
Smile reflection eye (p 7)
(ျပံဳးေရာင္ဟပ္မ်က္ဝန္း)
''ေနပါဦး kit ရယ္ နင့္ကို ဘယ္သူေစာင့္ေနလို႔လဲ အဲေလာက္ေလာေနတာ''
''မဟုတ္ပါဘူး''
သူေျပာမွ ကြ်န္ေတာ္လည္း ျပန္စဥ္းစားေနမိသည္။ ကြ်န္ေတာ့္ကို ေစာင့္တာ မဟုတ္ေပမဲ့ သူ႔ကို ေတြ႕ခ်င္ရုံနဲ႔ ေလာေနသည္။ ငါ ဘာလို႔ သူ႔ကို ေတြ႕ခ်င္ေနတာလဲ ငါနဲ႔လည္း ဘာမွ မဟုတ္ပဲနဲ႔ သူ သူ႔ nong ကို မေန႔ကလာေစာင့္တာဆိုေတာ့ ဒီေန႔လည္း လာေစာင့္ မေစာင့္ဆိုတာကို စပ္စုခ်င္တာနဲ႔ စိတ္ေလာသြားျခင္းျဖစ္သည္။
ကြ်န္ေတာ္လည္း ဘာမွ မေျပာပဲ ရပ္ေစာင့္ေနလိုက္သည္။ သိပ္မၾကာပါ ကြ်န္ေတာ္တို႔ ထြက္လာေတာ့ အေဆာင္ေရွ႕တြင္သူ႔ကို မေတြ႕ပါ ဒါနဲ႔ ကြ်န္ေတာ္တို႔ ဆက္ေလွ်ာက္လာပီး ေက်ာင္းထြက္ေပါက္ကို ၾကည့္လိုက္ေတာ့ ခပ္ေဝးေဝးမွာ သူတို႔ ညီအစ္ကို ႏွစ္ေယာက္ လမ္းေလွ်ာက္သြားတာေတြ႕လိုက္သည္။ ကြ်န္ေတာ္တို႔လည္း ေအးေအးေဆးေဆးေလွ်ာက္လာခဲ့ၾကသည္။ သူတို႔ကို အေနာက္ကေနသာ ၾကည့္ေနမိသည္။
သူတို႔လည္း ေက်ာင္းအျပင္ေလာက္ေရာက္ေတာ့ ခဏရပ္ေနပီး အငွားကားလာတာနဲ႔ ကားငွားပီးထြက္သြားၾကသည္။
ကြ်န္ေတာ္တို႔လည္း အိမ္ျပန္ခဲ့ၾကသည္။ အိမ္ေရာက္ေတာ့ ေရခ်ဳိး ဝတ္ဆင္ပီး စာထိုင္လုပ္ေနလိုက္သည္။
ခဏေနေတာ့ mom က ထမင္းျပင္ေပး၍ mom နဲ႔ ထမင္းစားလိုက္သည္။ par က သေဘၤာတက္ေန၍ အိမ္တြင္မရွိေပ။ ႏွစ္ႏွစ္ေနမွ တစ္ခါ ျပန္လာတတ္သည္။ ျပန္လာရင္လည္း ၆ လေလာက္ တစ္ႏွစ္ေလာက္ေနပီး ျပန္တတ္ေလ့ရွိသည္။ အိမ္တြင္ mom နဲ႔ ကြ်န္ေတာ္ ႏွစ္ေယာက္သာရွိသည္။ တစ္ခါ တစ္ခါ mom ရဲ႕ ညီမက လာေနေပးသည္။ ကြ်န္ေတာ္လည္း ထမင္းစားပီး အခန္းထဲတြင္ စာလုပ္ေနလိုက္သည္။ အတန္ၾကာလို႔ စာလုပ္ပီးေတာ့ ကုတင္တြင္လွဲက ဂိမ္းေဆာ့ေနလိုက္သည္။ ကြ်န္ေတာ္ ေဆာ့ေနရင္းနဲ႔ p'sing နဲ႔ တိုက္မိတာကို ျပန္စဥ္းစားပီး ျပံဳးလိုက္မိသည္။
လွ်ပ္တျပက္ ဝင္တိုက္မိေတာ့ လန္႔ပီး ျပဴးသြားတဲ့ မ်က္လုံးေလးကို ျပန္ျမင္ေယာင္ေနသည္။ ကိုရီးယားစကားနဲ႔ ေတာင္းပန္လိုက္ေတာ့ ဘာမွ မေျပာပဲ ႏႈတ္ခမ္းေလးတက္ရုံ ျပံဳးလိုက္တာကို ေတြ႕လိုက္ရသည္။ သူ ကြ်န္ေတာ့္ကို ကိုရီးယားရူးလို႔ ထင္ေနေလာက္ပီ။ ထင္လည္း ထင္ကြာ။
တကယ္ေတာ့ ကြ်န္ေတာ္က ဘာသာစကားသင္တန္းေက်ာင္းကို တက္ခ်င္ခဲ့တာ ကိုရီးယားစကားကို အဓိက သင္ခ်င္ေနတာေပါ့ ဒါေပမဲ့ mom က ခြင့္မျပဳ၍ သြားမွာမဟုတ္ပဲ ဘာလုပ္သင္မွာလဲ ဆိုပီး တားျမစ္ခဲ့သည္။ သြားခ်င္ရင္ေတာင္ မလႊတ္ဘူးဆိုတဲ့ ရာဇဒဏ္ပါ ခ်မွတ္ခဲ့သည္။ ဒါေၾကာင့္ သူငယ္ခ်င္းေတြတက္ေနတဲ့ေက်ာင္းကိုပဲ တက္ဆိုပီး mom တက္ခိုင္းတဲ့ ေက်ာင္းကိုသာ တက္ခဲ့သည္။
ႀကိဳဆိုပြဲမွာ oaujun နဲ႔ ပတ္သက္ပီး fait ေျပာျပလို႔ သူတို႔ ညီအစ္ကိုႏွစ္ေယာက္ကို စိတ္ဝင္စားေနမိသည္။ ဘာရယ္မဟုတ္ပါ ညီအစ္ကို အရင္းမဟုတ္ပဲ ဝမ္းကြဲေတာင္ ဒီေလာက္ခ်စ္ေနတာ အရင္းဆို ပိုခ်စ္မွာဆိုပီး ေတြးမိရုံပါ ကြ်န္ေတာ့္မွာေတာ့ ခ်စ္ဖို႔ ညီအစ္ကိုေမာင္ႏွမဆိုတာ မရွိေတာ့ သူငယ္ခ်င္းေတြကိုသာ တြယ္တာစရာျဖစ္ခဲ့ရသည္။
par က တစ္ဦးတည္းေသာသားျဖစ္ပီး mom က ညီအစ္မႏွစ္ေယာက္ရွိေပမဲ့ mom ရဲ႕ nong က အပ်ဳိႀကီးဆိုေတာ့ ဘိုးဘိုး ဘြားဘြားကိုသာ ဂရုစိုက္ျပဳစုေပးေနသည္။ ဒါေၾကာင့္ သူတို႔ကို အားက်တဲ့ အေနနဲ႔ လိုက္ၾကည့္ေနမိတာပါ။ ကြ်န္ေတာ္လည္း အတန္ၾကာ ဂိမ္းေဆာ့ေနလိုက္သည္။
sing//
ကြ်န္ေတာ္တို႔ အိမ္ျပန္ေရာက္ေတာ့ ေရခ်ဳိးဝတ္ဆင္ပီး mom တို႔နဲ႔ အတူတူ ထမင္းလက္ဆုံစားၾကသည္။ ပီးေတာ့ mom တို႔က စားပီးသားေတြကို ေဆးေၾကာ သိမ္းဆည္းေနသည္။
ကြ်န္ေတာ္တို႔ကေတာ့ ဧည့္ခန္းတြင္ TV ထိုင္ၾကည့္ေနလိုက္သည္။ ခဏေနေတာ့ p'jane က လာထိုင္ပီး
''ဟဲ့ အငယ္ေကာင္ ဘယ္လိုလဲ ေက်ာင္းတက္ရတာ''
''ဘာကိုလဲ p'...''
ကြ်န္ေတာ္နဲ႔ p'jane က ညီအစ္ကိုအရင္းဆိုေတာ့ ကြ်န္ေတာ္က အငယ္ျဖစ္ေနေပမဲ့ p'jane က အငယ္ေကာင္လို႔ ေခၚတာ ကြ်န္ေတာ့္ကို ေခၚတာမဟုတ္ေပ။ ဘာလို႔လဲ ဆိုေတာ့ ကြ်န္ေတာ္တို႔ ထဲမွာ သူက အငယ္ဆုံးျဖစ္ေနတဲ့အတြက္ ကြ်န္ေတာ္တို႔က ဝမ္းကြဲဆိုတဲ့ အသံုးအႏႈန္းပင္ ပေပ်ာက္ေနခဲ့သည္။
တစ္အိမ္လုံးရဲ႕ ဂရုစိုက္မႈနဲ႔ ခ်စ္ခင္မႈကို ပိုင္ဆိုင္ထားတဲ့ oaujun ျဖစ္သည္။ p'jane က ကြ်န္ေတာ္တို႔နဲ႔ ၁၀ ႏွစ္ေလာက္ႀကီးသည္။ သူက စီးပြားေရဘြဲ႕ယူပီး par အလုပ္မွာ ဝင္လုပ္ေပးေနသည္။ သူက တည္ၿငိမ္ေအးေဆးသည္။ အငယ္ေတြကိုလည္း ဂရုနစိုက္ခ်စ္ခင္တတ္သည္။ p'jane က ေမးတာကို oaujun က နားမလည္သလိုေမးေတာ့ p'jane က
''ေအာ္ p'sing နဲ႔ ေက်ာင္းအတူတူတက္ရတာ ဘယ္လိုလဲ''
''အဆင္ေျပပါတယ္ p'sing ရွိေတာ့ မပူပါဘူး စာနားမလည္လည္း p'sing ကိုေမးလို႔ရတယ္''
''ေအးပါ မင္းတို႔ အဆင္ေျပရင္ပီးေရာ အိမ္မွာ မင္းတို႔ႏွစ္ေယာက္က ရန္ျဖစ္ေနတာ ေက်ာင္းမွာ ရန္ျဖစ္မေနနဲ႔ေနာ္''
''မျဖစ္ပါဘူး p'sing က ဂရုစိုက္ပါတယ္''
''ေအးပါ ဟိုေန႔က မင္းတို႔ ရန္ျဖစ္တာၾကားပါတယ္ mom တားေနေသးတယ္မလား''
''အဲဒါ p'sing ကို ေနာက္ေနတာပါ''
''ေအာ္''
ကြ်န္ေတာ္က ထိုင္နားေထာင္ေနရင္းမွ
''သူ႔အတန္းကို ေန႔တိုင္းႀကိဳပို႔ရတယ္ ''
အဲလိုေျပာလိုက္ေတာ့ သူက ရယ္လိုက္ပီးေတာ့
''ဟဲ ဟဲ အဲဒါကို သူငယ္ခ်င္းေတြက ဘာေျပာလဲ သိလား''
p'jane က
''ဘာေျပာလဲ''
ကြ်န္ေတာ္ကေတာ့ ေမးဆပ္ျပလိုက္သည္။ ဘာလဲဆိုတဲ့ သေဘာနဲ႔ေပါ့ ဒါကိုသူက
''ကြ်န္ေတာ့္သူငယ္ခ်င္းေတြက မင္းကို လာႀကိဳေနတာ အဲဒါဘယ္သူလဲတဲ့...
ကြ်န္ေတာ္က ငါ့ p' ေလလို႔ေျပာေတာ့...
ေအာ္ ဟုတ္လားတဲ့ သူတို႔က ရည္းစားလို႔ ထင္ေနတာတဲ့...''
''ဟာ ''
p'jane က နားမလည္သလိုနဲ႔
''ဘာလို႔ အဲလိုေျပာတာလဲ''
''p'sing က လာႀကိဳလို႔ေလ ဒီအရြယ္ ဘယ္သူမွ အႀကိဳအပို႔ မရွိဘူးတဲ့ ထူးဆန္းေနလို႔တဲ့''
အဲဒါနဲ႔ ကြ်န္ေတာ္က
''ဒါဆို လာမႀကိဳေတာ့ဘူး မင္းဘာသာ ျပန္ေတာ့''
''အာ p' ကလည္း သူတို႔ဘာသာ မသိလို႔ေျပာတာကို''
mom ကလည္း အေနာက္ကထြက္လာပီး ခုံမွာ ဝင္ထိုင္ရင္း
''မလုပ္ပါနဲ႔ သားရယ္ တစ္ပတ္ႏွစ္ပတ္ေလာက္ ႀကိဳေပးေပါ့ သူလည္လည္ဝယ္ဝယ္ရွိမွ သူ႔ဘာသာျပန္ပေလ့ေစ''
''ဟြန္း သူကလည္ပီးသား''
''ဒီလိုမွန္းသိရင္ မေျပာပါဘူး ပုပ္လိုက္တာ''
သူက အလိုမက်တဲ့ ပုံနဲ႔ ေျပာေတာ့ ကြ်န္ေတာ္က
''ဟာ ေအး ပုပ္တယ္ ေနာက္ေန႔ကိုယ့္ဘာသာျပန္ သြားရင္ကိုယ့္ဘာသာသြား''
''သြားမယ္ သူတို႔က p' မွန္းသိသြားေတာ့ လာႀကိဳေပးလို႔ မင္းကို ေတာ္ေတာ္ခ်စ္တာပဲေနာ္တဲ့ ကြ်န္ေတာ္က ဂုဏ္ယူပီး ေပ်ာ္ေနတာ သူက ဟန္ေဆာင္ပီး လာႀကိဳတာကိုး''
''ဘယ္မွာ ဟန္ေဆာင္လို႔လဲ mom ႀကိဳခိုင္းလို႔''
''ေတြ႕လား mom''
Next one
(Unicode)
Smile reflection eye (p 7)
(ပြုံးရောင်ဟပ်မျက်ဝန်း)
''နေပါဦး kit ရယ် နင့်ကို ဘယ်သူစောင့်နေလို့လဲ အဲလောက်လောနေတာ''
''မဟုတ်ပါဘူး''
သူပြောမှ ကျွန်တော်လည်း ပြန်စဉ်းစားနေမိသည်။ ကျွန်တော့်ကို စောင့်တာ မဟုတ်ပေမဲ့ သူ့ကို တွေ့ချင်ရုံနဲ့ လောနေသည်။ ငါ ဘာလို့ သူ့ကို တွေ့ချင်နေတာလဲ ငါနဲ့လည်း ဘာမှ မဟုတ်ပဲနဲ့ သူ သူ့ nong ကို မနေ့ကလာစောင့်တာဆိုတော့ ဒီနေ့လည်း လာစောင့် မစောင့်ဆိုတာကို စပ်စုချင်တာနဲ့ စိတ်လောသွားခြင်းဖြစ်သည်။
ကျွန်တော်လည်း ဘာမှ မပြောပဲ ရပ်စောင့်နေလိုက်သည်။ သိပ်မကြာပါ ကျွန်တော်တို့ ထွက်လာတော့ အဆောင်ရှေ့တွင်သူ့ကို မတွေ့ပါ ဒါနဲ့ ကျွန်တော်တို့ ဆက်လျှောက်လာပီး ကျောင်းထွက်ပေါက်ကို ကြည့်လိုက်တော့ ခပ်ဝေးဝေးမှာ သူတို့ ညီအစ်ကို နှစ်ယောက် လမ်းလျှောက်သွားတာတွေ့လိုက်သည်။ ကျွန်တော်တို့လည်း အေးအေးဆေးဆေးလျှောက်လာခဲ့ကြသည်။ သူတို့ကို အနောက်ကနေသာ ကြည့်နေမိသည်။
သူတို့လည်း ကျောင်းအပြင်လောက်ရောက်တော့ ခဏရပ်နေပီး အငှားကားလာတာနဲ့ ကားငှားပီးထွက်သွားကြသည်။
ကျွန်တော်တို့လည်း အိမ်ပြန်ခဲ့ကြသည်။ အိမ်ရောက်တော့ ရေချိုး ဝတ်ဆင်ပီး စာထိုင်လုပ်နေလိုက်သည်။
ခဏနေတော့ mom က ထမင်းပြင်ပေး၍ mom နဲ့ ထမင်းစားလိုက်သည်။ par က သငေ်္ဘာတက်နေ၍ အိမ်တွင်မရှိပေ။ နှစ်နှစ်နေမှ တစ်ခါ ပြန်လာတတ်သည်။ ပြန်လာရင်လည်း ၆ လလောက် တစ်နှစ်လောက်နေပီး ပြန်တတ်လေ့ရှိသည်။ အိမ်တွင် mom နဲ့ ကျွန်တော် နှစ်ယောက်သာရှိသည်။ တစ်ခါ တစ်ခါ mom ရဲ့ ညီမက လာနေပေးသည်။ ကျွန်တော်လည်း ထမင်းစားပီး အခန်းထဲတွင် စာလုပ်နေလိုက်သည်။ အတန်ကြာလို့ စာလုပ်ပီးတော့ ကုတင်တွင်လှဲက ဂိမ်းဆော့နေလိုက်သည်။ ကျွန်တော် ဆော့နေရင်းနဲ့ p'sing နဲ့ တိုက်မိတာကို ပြန်စဉ်းစားပီး ပြုံးလိုက်မိသည်။
လျှပ်တပြက် ဝင်တိုက်မိတော့ လန့်ပီး ပြူးသွားတဲ့ မျက်လုံးလေးကို ပြန်မြင်ယောင်နေသည်။ ကိုရီးယားစကားနဲ့ တောင်းပန်လိုက်တော့ ဘာမှ မပြောပဲ နှုတ်ခမ်းလေးတက်ရုံ ပြုံးလိုက်တာကို တွေ့လိုက်ရသည်။ သူ ကျွန်တော့်ကို ကိုရီးယားရူးလို့ ထင်နေလောက်ပီ။ ထင်လည်း ထင်ကွာ။
တကယ်တော့ ကျွန်တော်က ဘာသာစကားသင်တန်းကျောင်းကို တက်ချင်ခဲ့တာ ကိုရီးယားစကားကို အဓိက သင်ချင်နေတာပေါ့ ဒါပေမဲ့ mom က ခွင့်မပြု၍ သွားမှာမဟုတ်ပဲ ဘာလုပ်သင်မှာလဲ ဆိုပီး တားမြစ်ခဲ့သည်။ သွားချင်ရင်တောင် မလွှတ်ဘူးဆိုတဲ့ ရာဇဒဏ်ပါ ချမှတ်ခဲ့သည်။ ဒါကြောင့် သူငယ်ချင်းတွေတက်နေတဲ့ကျောင်းကိုပဲ တက်ဆိုပီး mom တက်ခိုင်းတဲ့ ကျောင်းကိုသာ တက်ခဲ့သည်။
ကြိုဆိုပွဲမှာ oaujun နဲ့ ပတ်သက်ပီး fait ပြောပြလို့ သူတို့ ညီအစ်ကိုနှစ်ယောက်ကို စိတ်ဝင်စားနေမိသည်။ ဘာရယ်မဟုတ်ပါ ညီအစ်ကို အရင်းမဟုတ်ပဲ ဝမ်းကွဲတောင် ဒီလောက်ချစ်နေတာ အရင်းဆို ပိုချစ်မှာဆိုပီး တွေးမိရုံပါ ကျွန်တော့်မှာတော့ ချစ်ဖို့ ညီအစ်ကိုမောင်နှမဆိုတာ မရှိတော့ သူငယ်ချင်းတွေကိုသာ တွယ်တာစရာဖြစ်ခဲ့ရသည်။
par က တစ်ဦးတည်းသောသားဖြစ်ပီး mom က ညီအစ်မနှစ်ယောက်ရှိပေမဲ့ mom ရဲ့ nong က အပျိုကြီးဆိုတော့ ဘိုးဘိုး ဘွားဘွားကိုသာ ဂရုစိုက်ပြုစုပေးနေသည်။ ဒါကြောင့် သူတို့ကို အားကျတဲ့ အနေနဲ့ လိုက်ကြည့်နေမိတာပါ။ ကျွန်တော်လည်း အတန်ကြာ ဂိမ်းဆော့နေလိုက်သည်။
sing//
ကျွန်တော်တို့ အိမ်ပြန်ရောက်တော့ ရေချိုးဝတ်ဆင်ပီး mom တို့နဲ့ အတူတူ ထမင်းလက်ဆုံစားကြသည်။ ပီးတော့ mom တို့က စားပီးသားတွေကို ဆေးကြော သိမ်းဆည်းနေသည်။
ကျွန်တော်တို့ကတော့ ဧည့်ခန်းတွင် TV ထိုင်ကြည့်နေလိုက်သည်။ ခဏနေတော့ p'jane က လာထိုင်ပီး
''ဟဲ့ အငယ်ကောင် ဘယ်လိုလဲ ကျောင်းတက်ရတာ''
''ဘာကိုလဲ p'...''
ကျွန်တော်နဲ့ p'jane က ညီအစ်ကိုအရင်းဆိုတော့ ကျွန်တော်က အငယ်ဖြစ်နေပေမဲ့ p'jane က အငယ်ကောင်လို့ ခေါ်တာ ကျွန်တော့်ကို ခေါ်တာမဟုတ်ပေ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ထဲမှာ သူက အငယ်ဆုံးဖြစ်နေတဲ့အတွက် ကျွန်တော်တို့က ဝမ်းကွဲဆိုတဲ့ အသုံးအနှုန်းပင် ပပျောက်နေခဲ့သည်။
တစ်အိမ်လုံးရဲ့ ဂရုစိုက်မှုနဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားတဲ့ oaujun ဖြစ်သည်။ p'jane က ကျွန်တော်တို့နဲ့ ၁၀ နှစ်လောက်ကြီးသည်။ သူက စီးပွားရေဘွဲ့ယူပီး par အလုပ်မှာ ဝင်လုပ်ပေးနေသည်။ သူက တည်ငြိမ်အေးဆေးသည်။ အငယ်တွေကိုလည်း ဂရုနစိုက်ချစ်ခင်တတ်သည်။ p'jane က မေးတာကို oaujun က နားမလည်သလိုမေးတော့ p'jane က
''အော် p'sing နဲ့ ကျောင်းအတူတူတက်ရတာ ဘယ်လိုလဲ''
''အဆင်ပြေပါတယ် p'sing ရှိတော့ မပူပါဘူး စာနားမလည်လည်း p'sing ကိုမေးလို့ရတယ်''
''အေးပါ မင်းတို့ အဆင်ပြေရင်ပီးရော အိမ်မှာ မင်းတို့နှစ်ယောက်က ရန်ဖြစ်နေတာ ကျောင်းမှာ ရန်ဖြစ်မနေနဲ့နော်''
''မဖြစ်ပါဘူး p'sing က ဂရုစိုက်ပါတယ်''
''အေးပါ ဟိုနေ့က မင်းတို့ ရန်ဖြစ်တာကြားပါတယ် mom တားနေသေးတယ်မလား''
''အဲဒါ p'sing ကို နောက်နေတာပါ''
''အော်''
ကျွန်တော်က ထိုင်နားထောင်နေရင်းမှ
''သူ့အတန်းကို နေ့တိုင်းကြိုပို့ရတယ် ''
အဲလိုပြောလိုက်တော့ သူက ရယ်လိုက်ပီးတော့
''ဟဲ ဟဲ အဲဒါကို သူငယ်ချင်းတွေက ဘာပြောလဲ သိလား''
p'jane က
''ဘာပြောလဲ''
ကျွန်တော်ကတော့ မေးဆပ်ပြလိုက်သည်။ ဘာလဲဆိုတဲ့ သဘောနဲ့ပေါ့ ဒါကိုသူက
''ကျွန်တော့်သူငယ်ချင်းတွေက မင်းကို လာကြိုနေတာ အဲဒါဘယ်သူလဲတဲ့...
ကျွန်တော်က ငါ့ p' လေလို့ပြောတော့...
အော် ဟုတ်လားတဲ့ သူတို့က ရည်းစားလို့ ထင်နေတာတဲ့...''
''ဟာ ''
p'jane က နားမလည်သလိုနဲ့
''ဘာလို့ အဲလိုပြောတာလဲ''
''p'sing က လာကြိုလို့လေ ဒီအရွယ် ဘယ်သူမှ အကြိုအပို့ မရှိဘူးတဲ့ ထူးဆန်းနေလို့တဲ့''
အဲဒါနဲ့ ကျွန်တော်က
''ဒါဆို လာမကြိုတော့ဘူး မင်းဘာသာ ပြန်တော့''
''အာ p' ကလည်း သူတို့ဘာသာ မသိလို့ပြောတာကို''
mom ကလည်း အနောက်ကထွက်လာပီး ခုံမှာ ဝင်ထိုင်ရင်း
''မလုပ်ပါနဲ့ သားရယ် တစ်ပတ်နှစ်ပတ်လောက် ကြိုပေးပေါ့ သူလည်လည်ဝယ်ဝယ်ရှိမှ သူ့ဘာသာပြန်ပလေ့စေ''
''ဟွန်း သူကလည်ပီးသား''
''ဒီလိုမှန်းသိရင် မပြောပါဘူး ပုပ်လိုက်တာ''
သူက အလိုမကျတဲ့ ပုံနဲ့ ပြောတော့ ကျွန်တော်က
''ဟာ အေး ပုပ်တယ် နောက်နေ့ကိုယ့်ဘာသာပြန် သွားရင်ကိုယ့်ဘာသာသွား''
''သွားမယ် သူတို့က p' မှန်းသိသွားတော့ လာကြိုပေးလို့ မင်းကို တော်တော်ချစ်တာပဲနော်တဲ့ ကျွန်တော်က ဂုဏ်ယူပီး ပျော်နေတာ သူက ဟန်ဆောင်ပီး လာကြိုတာကိုး''
''ဘယ်မှာ ဟန်ဆောင်လို့လဲ mom ကြိုခိုင်းလို့''
''တွေ့လား mom''
Next one