တစ္ရံေရာအခါ.....

By SmileSmile553

59.9K 2.4K 130

လူေတြက အခ်စ္ကိုအမ်ိဳးမ်ိဳး အဓိပၸာယ္ဖြင့္ဆိုၾကတယ္ ကြ်န္ေတာ္ကေတာ့ ခင္ဗ်ားကို ေသေလာက္ေအာင္ခ်စ္မိေနတာပဲသိတယ္ ဟန္... More

Part ( 1 )
Part ( 2 )
Part ( 3 )
Part ( 4 )
Part ( 5 )
Part ( 6 )
Part ( 7 )
Part ( 8 )
Part ( 9 )
Part ( 10 )
Part ( 11 )
Part ( 12 )
Part ( 13 )
Part ( 14 )
Part ( 15 )
Part ( 16 )
Part( 17 )
Part ( 18 )
Part ( 19 )
Part ( 20 )
Part ( 21 )
Part ( 22 )
part ( 23 )
Part ( 24 )
Part ( 25 )
Part ( 26 )
Part ( 27 )
Part ( 28 )
Part ( 29 )
Part ( 30 )
Part ( 31 )
Part ( 32 )
Part ( 33 )
Part ( 34 )
Part ( 35 )
Part ( 36 )
Part ( 37 )
Part ( 38 )
Part ( 40 )
Part ( 41 )
Part ( 42 )
Part ( 43 )
The End
ေက်းဇူးတင္လႊာ

Part ( 39 )

813 38 0
By SmileSmile553

တီးေတာင္! တီးေတာင္! တီးေတာင္!

အလုပ္ပိတ္ရက္ျဖစ္တာမို႔ အိမ္တြင္ေအးေဆးဇိမ္ႏွင့္ႏွပ္ေနကာ TVၾကည့္ေနစဥ္ ဘဲလ္တီးသံေၾကာင့္ မ်က္ႏွာမဲ႔သြားရသည္။

" က်စ္! ဘယ္ေကာင္လဲကြာ ... "

ဟိုႏွစ္ေကာင္လည္းအျပင္သြားၾကသည္မို႔ ဒင္းတို႔ျပန္လာသည္လားမသိ။ ေျပာမရ ဒီႏွစ္ေကာင္က တစ္ခါတစ္ေလ သူေအးေဆးဇိမ္ယူရင္ သာသနာဖ်က္တတ္ၾကသူေတြျဖစ္သည္။ ေနပါေစ ... လက္ေညာင္းသြားရင္ သူတို႔ဘာသာဖြင့္ဝင္လာလိမ့္မယ္။

တီးေတာင္! တီးေတာင္! တီးေတာင္!

တီးေတာင္! တီးေတာင္! တီးေတာင္!

ပထမတစ္ခါထက္ပိုၾကာ႐ွည္စြာ ၾကားလာရေသာဘဲလ္တီးသံေၾကာင့္ ဟိန္းမင္းသူ မထခ်င္ထခ်င္ႏွင့္ထလာရကာ တံခါးဖြင့္လိုက္ရေလသည္။ တံခါးဖြင့္ဖြင့္ခ်င္းျမင္လိုက္ရေသာ မ်က္ႏွာေလးေၾကာင့္ ခုဏကစိတ္႐ႈပ္မိတာေတြေတာင္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ေပ။

ဒုတ္! ဒုတ္! ဒုတ္!

တစ္ခါမွႏွလံုးခုန္မျမန္ဘူးေသာ ဝဲဘက္ရင္အံုက ႏွလံုးကျမည္လာလိုက္တာ လန္႔စရာပင္။ ထိုမ်က္ႏွာေလးအားၾကည့္ရင္း ၾကည့္ရင္း တစ္စံုတစ္ဦးနဲ႔တူလာသလိုလိုပင္။ ဘယ္သူနဲ႔မ်ားတူလာတာပါလိမ့္။

မ်က္စိေ႐ွ႕လက္လာေဝွ႕ယမ္းမွ ေဘးတြင္လူပိုတစ္ဦး ထပ္ပါလာေသးသည္ကို သတိဝင္မိသည္။ ထိုအခါမွ မ်က္စိေ႐ွ႕လက္လာေဝွ႕ယမ္းေသာ သာသနာဖ်က္အားၾကည့္မိေတာ့

" ဟင္ ... မင္း ... မင္း ... "

ထိုသူကေတာ့ မိမိကိုရယ္ျပေနေလသည္။ ဒါဆိုခုဏက ခုဏက အလွေလးက ထိုသူနဲ႔ ......

~~~~~~~~~~~~~~~~~~~~~~~~~~

" ဟာ ... ေမာင္လင္းခန္႔ ... ဘယ္လာတာလဲ "

" အလုပ္ကိစၥနဲ႔လာတာ ... အန္ကယ္ေရာ "

" မိသားစုနဲ႔ေလွ်ာက္လည္ေပါ့ "

မိမိတို႔ႏွင့္ ခပ္လွမ္းလွမ္းတြင္ အ႐ုပ္ဝယ္ေနေသာ ကေလးႏွင့္အမ်ိဳးသမီးကို ဦးသီဟညႊန္ျပေသာေၾကာင့္ လင္းခန္႔ၿပံဳးကာ ေခါင္းညိတ္ျပလိုက္ေလသည္။

" ဒါနဲ႔ ... ေမာင္လင္းခန္႔ ဆုံးျဖတ္ခ်က္ကို ျပန္မျပင္ေတာ့ဘူးလား။ ႐ံုးမွာျပန္လုပ္မယ္ဆို လာခဲ႔ ... အန္ကယ္ ...... "

" ေက်းဇူးပါ အန္ကယ္ ... ကြၽန္ေတာ္ ျပန္လာျဖစ္မယ္မထင္ဘူး။ အရင္လို အန္ကယ္ ဒီဇိုင္းအပ္ခ်င္ရင္ေတာ့ ကြၽန္ေတာ္ဆြဲေပးပါ့မယ္။ အလုပ္ျပန္ဝင္ဖို႔ကေတာ့ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ လိုအပ္တဲ႔အခ်ိန္က ကူညီေပးခဲ႔တဲ႔အတြက္ ေက်းဇူးတင္ပါတယ္ "

" မဟုတ္တာ ေမာင္လင္းခန္႔ရာ ... အန္ကယ္က ဘာေၾကာင့္လဲ စဥ္းစားမရျဖစ္ေနတာ။ ေမာင္လင္းခန္႔ အဆင္မေျပတာ တစ္ခုခုမ်ား႐ွိလို႔လား "

" မဟုတ္ပါဘူး ... အန္ကယ္ ... ကြၽန္ေတာ့္personalကိစၥေၾကာင့္ပါ။ ကြၽန္ေတာ္ကို သြားခြင့္ျပဳပါဦး အန္ကယ္ "

" ေအး ... ေအး ... အန္ကယ္လည္း စကားေကာင္းေနတာ။ ေမာင္လင္းခန္႔ ျပန္လာခ်င္တယ္ဆိုရင္ေတာ့ အန္ကယ္တို႔႐ံုးက အၿမဲတမ္းႀကိဳဆိုလွ်က္ပါကြာ "

" ေက်းဇူးပါ အန္ကယ္ ... ကြၽန္ေတာ္ကို သြားခြင့္ျပဳပါဦး "

မိမိရဲ႕စိတ္ကို ေသခ်ာသိလာသည့္အခ်ိန္တြင္ သူအသံုးခ်သလိုျဖစ္ခဲ႔ေသာ သံစဥ္ကိုမ်က္ႏွာခ်င္းဆိုင္ဖို႔ မဝ႔ံရဲေတာ့ေပ။ ထို႔အတြက္ေၾကာင့္ အန္ကယ္သီဟကို အားနာေပမယ့္ သူအလုပ္မွထြက္ခဲ႔သည္။

ၿပီးေတာ့ သူခ်စ္ရေသာသူ၊ မုန္းေမ့မရေသာသူကို ႐ွာေဖြရန္ ဟန္စစ္တို႔အိမ္ကိုေတြ႕လိုေတြ႕ျငား ၃၄လမ္းကိုသြားခဲ႔ေသာ္လည္း ဟန္ေျပာေသာ ကုန္စံုဆိုင္ဖြင့္ထားသည့္အိမ္မွာမေတြ႕ရေပ။ ေဘးပတ္ဝန္းက်င္ကို စံုးစမ္းေမးျမန္းကာ ထိုသူတို႔ေျပာေသာ အိမ္နားတြင္ ဟန္႔ကိုခဏမွ် ေတြ႕လိုေတြ႕ျငား႐ွာေပမယ့္လည္း ......

ထိုေန႔က ဟန္႔ရဲ႕အစ္မနဲ႔သာ ဆံုျဖစ္ခဲ႔သည္။ ထိုမိန္းကေလးေျပာေသာ ဟန္နဲ႔ေတြ႕မွသာေမးေပါ့ဆိုေသာ စကားေၾကာင့္သာ သူရဲ႕ေမွ်ာ္လင့္ခ်က္ကို ဆက္လက္႐ွင္သန္ေနႏိုင္ခဲ႔သည္။

ထိုမိန္းကေလးေျပာသလို ဟန္နဲ႔ တစ္ေန႔ထပ္ေတြ႕ဖို႔ကို ေနာက္တစ္ႀကိမ္ သူေစာင့္ဆိုင္းေနခဲ႔မိျပန္သည္။ လြန္ခဲ႔တဲ႔ဆယ္ႏွစ္ကလိုပါပဲလား။ ဒီတစ္ခါျပန္ဆံုရင္ေတာ့ ကိုယ့္ကိုယ္ ထပ္ၿပီးမထားခဲ႔ပါနဲ႔ေတာ့လား ဟန္။ ကိုယ္ကိုယ္တိုင္လည္း ဟန္႔ကိို ထပ္ၿပီးထြက္သြားခြင့္ျပဳေတာ့မယ္ မထင္ဘူး။

ဟန္ ... မင္း ဘယ္ခ်ိန္ထိ ကိုယ့္ကိုယ္ပစ္ထားဦးမွာလဲ။ ကိုယ္ မင္းကို အရမ္းလြမ္းတယ္ ......

ေကာင္းကင္ျပာျပာႀကီးကို ေမာ့ၾကည့္ကာတိုင္တည္ရင္းဆိုေသာစကားကို ခ်စ္ရသူတစ္ေယာက္ၾကားသိပါေစေလ။

သက္ျပင္းမ,မည္ေသာ သက္ျပင္းတစ္ခုကိုသာခ်လိုက္ရင္း အိမ္ျပန္မယ့္ခရီးကိုသာဆက္ခဲ႔မိသည္။

~~~~~~~~~~~~~~~~~~~~~~~~~~

" ေဟ်ာင့္ ... လင္းကြင္း "

တံခါးဖြင့္ကာအိမ္ထဲသို႔ ဝင္ဝင္ခ်င္း ခံုေပၚတြင္ထိုင္ေနေသာ ဟိန္းမင္းသူကထလာကာ ပုခံုးကိုလာေျပးဖက္ေလသည္။

" မင္း မ်က္ႏွာက မိႈရတဲ႔မ်က္ႏွာနဲ႔ ဘာျဖစ္ေနတာလဲ ... ဟိန္းမင္း "

" ငါမိႈရတာထက္ မင္းက ပိုမိႈရေတာ့မယ္လို႔ အဘအာ႐ံုေတြရေနတယ္ ငါ့ေျမး "

" မင္းဘိုးေအႀကီး ... ဖယ္စမ္းကြာ ... အျပင္ကျပန္လာလို႔ အိုက္ရတဲ႔အထဲ လာဖက္ေနတယ္ ... ဖယ္ ... ဖယ္ "

" ေအးပါကြာ ... ခုေတာ့ ေျပာထားဦးေပါ့ ... ေနာက္မွ အိုက္တာေတာင္ ဘာမွန္းမသိျဖစ္ေနဦးမယ္ "

" ဖယ္စမ္းကြာ "

မိမိကိုအတင္းဖက္ထားေသာ ဟိန္းမင္းသူကိုတြန္းထုတ္ကာ အခန္းထဲသို႔ဝင္ရန္ ေျခဦးလွည့္လိုက္သည္။ အခန္းေ႐ွ႕ေရာက္ တံခါးဖြင့္ခါနီးတြင္ ေက်ာေနာက္ဘက္က ဟိန္းမင္းသူအသံကထြက္လာေသးသည္။

" လင္းကြင္း ... စိတ္ခိုင္ခိုင္ထားေနာ္ "

စိတ္ခိုင္ခိုင္ထားေနာ္ေတြ ဘာေတြလာလုပ္ေနေသာ သူငယ္ခ်င္းျဖစ္သူကို ျပန္လွည့္ၾကည့္လိုက္ေတာ့ သေကာင့္သားက ရယ္ေနေလသည္။

" ငါသြားမွာ ငါ့အခန္းထဲ၊ မင္းဘိုးေအအေလာင္းကိုဝင္ၾကည့္မို႔ မဟုတ္ဘူး၊ ေပါက္ကရေတြလာေျပာမေနနဲ႔ "

" ဟားး "

သူ႔စကားအဆံုး ဟိန္းမင္းရဲ႕ေအာ္ရယ္သံက တိုက္ခန္းတြင္ က်ယ္ေလာင္စြာေပၚထြက္လာေလသည္။ စိတ္ေပါက္ေပါက္နဲ႔ ေျပာခ်င္ရာေျပာၿပီးေနာက္ အခန္တံခါးကိုဖြင့္လိုက္ေတာ့

" ဟင္! ... ဒါက ... ဒါက "

အခန္းတံခါးကိုဖြင့္၍ တံခါးလက္ကိုင္ဘုကိုသာ ကိုင္ထားရင္းထိုေနရာတြင္ပင္ လင္းခန္႔ၾကက္ေသေသေနမိသည္။

အခု သူအိမ္မက္မ်ား မက္ေနတာလား။ ဒါမွမဟုတ္ ......

" ငါ မေျပာဘူးလား ... မင္းကို စိတ္ခိုင္ခိုင္ထားပါလို႔ ... ခုေတာ့ ျဖစ္ၿပီမို႔လား "

ပုခံုးကိုပုတ္ကာေျပာလာေသာ ဟိန္းမင္းရဲ႕စကားကို သူျပန္မတုန္႔ျပန္ႏိုင္ပါ။ မိမိကုတင္ထက္တြင္ အိပ္ေပ်ာ္ေနေသာသူကိုသာၾကည့္၍ လင္းခန္႔စိတ္ထဲ ဝမ္းသာျခင္းလား၊ ဝမ္းနည္းျခင္းလား မေျပာျပတတ္ေသာခံစားမႈတစ္ခုကသာ ႀကီးစိုးေနေလသည္။

တံခါးလက္ကိုင္ဘုကို ကိုင္ထားေသာလက္တို႔ တျဖည္းျဖည္းတုန္ရီလာသည္။ မယံုႏိုင္ျခင္း၊ အံ႔ၾသျခင္းမ်ားႏွင့္ ကုတင္ထက္ကသူကိုသာ ေငးေမာၾကည့္ေနရင္း ကုတင္နားသို႔အသာလွမ္းေလွ်ာက္ေနသည္။ ကုတင္နံေဘးတြင္ဒူးေထာက္လိုက္ၿပီးေနာက္ အိပ္ေမာက်ေနသူအား မ်က္ရည္အဝိုင္းသားႏွင့္ ၾကည့္ေနမိေလသည္။

ဒါက သူ႕အတြက္အိမ္မက္မဟုတ္ပါေစနဲ႔လို႔သာ ဆုေတာင္းေနမိသည္။ ေကာင္းကင္ျပာႀကီးကိုတိုင္တည္ကာ ဆုေတာင္းခဲ႔ေသာ သူရဲ႕ဆုေတာင္းသံေတြကို ၾကားသိရလို႔ သူေ႐ွ႕ကိုျပန္ေရာက္ေနတာသာျဖစ္ပါေစ။

သူေ႐ွ႕တြင္ ျမင္ေတြ႕ေနရေသာသူသည္ ပံုရိပ္ေယာင္လား၊ အစစ္အမွန္လား သိေစရန္ လက္ကိုလွမ္းလိုက္ၿပီးေနာက္ အနားေရာက္ခါနီးတြင္ လက္ကိုျပန္႐ုတ္လိုက္သည္။ သူေၾကာင့္ ... သူေၾကာင့္နဲ႔ အေႏွာင့္အယွက္ျဖစ္သြားမွာကို မလိုလားပါ။ ပံုရိပ္ျဖစ္ေနပါေစဦး ... သူေက်နပ္ႏိုင္ပါတယ္။ ခဏေလး ... ခဏေလးျဖစ္ျဖစ္ ခုလိုေလး သူျမင္ေတြ႔ရရင္ကို ေက်နပ္ပါၿပီ။

အရမ္းကို သတိရေနခဲ႔တာ၊ အရမ္းကို လြမ္းေနခဲ႔ရတာ၊ အရမ္းကို ေတြ႕ခ်င္ေနခဲ႔ရတာေတြကို သူေျပာျပခ်င္ေပမယ့္ အိပ္ေမာက်ေနသူအား မႏိုးရက္၊ လက္ကေလးကိုသာအသာဆုပ္ကိုင္ရင္း ထိုလက္ေလးကို မိမိႏႈတ္ခမ္းပါးထက္ ဖိကပ္လိုက္ရင္းမ်က္ဝန္းတို႔ကို မွိတ္ခ်လိုက္မိသည္။ ဒီေလာက္ဆို ... ဒီေလာက္ဆို ... သူတမ္းတခဲ႔ရေသာေန႔ရက္ေတြတြက္ ေက်နပ္ႏိုင္ပါၿပီ။

~~~~~~~~~~~~~~~~~~~~~~~~~

ကုတင္နားတြင္ဒူးေထာက္ရင္း ကုတင္ထက္တြင္အိပ္ေမာက်ေနသူကိုၾကည့္ကာ ေပ်ာက္သြားေတာ့မလို၊ မယံုႏိုင္သလို၊ အံ႔ၾသျခင္းအျပည့္ႏွင့္ အျဖစ္သည္းလြန္းေနေသာ သူငယ္ခ်င္းျဖစ္သူကိုၾကည့္ရင္း ဟိန္းမင္းေခါင္းရမ္းကာ အသာၿပံဳးလိုက္မိသည္။ ကိုယ့္သူငယ္ခ်င္းရဲ႕အေၾကာင္းကိုသိလို႔ ႀကိဳတင္သတိေပးရဲ႕သားနဲ႔ နားမွမေထာင္တာ ခံေပါ့။

ကံၾကမၼာကေနာက္ေျပာင္ကာ သူနဲ႔အံ႔မင္း လင္းခန္႔မသိေအာင္ေျပာေသာစကားမ်ားကို လင္းခန္႔အားၾကားသိေစခဲ႔သည္။ မိမိတို႔စကားမ်ားကို နားေထာင္ၿပီးေနာက္မွာေတာ့ လင္းခန္႔သူတို႔အေပၚတြင္ စိတ္ဆိုးစကားမ်ားခဲ႔သည္။ အျခားေကာင္မေလးတစ္ဦးႏွင့္ တြဲျခင္းေၾကာင့္လည္း အံ႔မင္းသာႏွင့္ လင္းခန္႔တို႔စကားမ်ားခဲ႔ၾကေသးသည္။ ခုေတာ့ အရာအားလံုးေအးခ်မ္းေစဖို႔ကိုပဲ ဆႏၵ႐ွိသည္။

ကုတင္ထက္ကသူကို မထိရက္၊မကိုင္ရက္ႏွင့္ အျမတ္တႏိုးစိုက္ၾကည့္ေနေသာ သူငယ္ခ်င္းျဖစ္သူကိုလည္း ေပ်ာ္႐ႊင္ေစခ်င္ၿပီ။ သူငယ္ခ်င္းကိုၾကည့္ကာ အျဖစ္သည္းလြန္း ပိုလြန္းသည္ဟုလည္း မျမင္ေတာ့။ လူတိုင္း အခ်စ္ႏွင့္ေတြ႕လာရင္ ထိုကဲ႔သို႔ပင္မဟုတ္ပါလား။ Playboyႀကီးအံ႔မင္းသာေတာင္ သူ႕ဟာေလးနဲ႔ေတြ႕ေတာ့မွ ေျခၿငိမ္က်သြား တုတ္တုတ္ေတာင္မလႈပ္ရဲသလို၊ အေတာ္ေလးလည္းခ်စ္႐ွာသည္မဟုတ္လား။ မိမိလည္း လူတစ္ေယာက္ကို ......

မိမိကုိေတာင္႐ွိသည္မထင္ တစ္ေယာက္တည္းလြမ္းေဆြးေနေသာ သူငယ္ခ်င္းကိုလည္း အေႏွာင့္ယွက္ေပးစရာလည္းမ႐ွိသည္မို႔ အခန္းတံခါးကိုပိတ္ကာ TVေ႐ွ႕သို႔ျပန္လာလိုက္သည္။

သူရဲ႕ေယာက္ဖေလာင္းေလးနဲ႔ မယားညီအစ္ကို အယ္ ... မဟုတ္ေသးပါဘူး၊ လင္ ညီအစ္မလည္း ေျပာလို႔မရနဲ႔ ဘယ္လိုဆက္ရမွန္းမသိ။ ဟုတ္ၿပီ ... ဟုတ္ၿပီ ... တစ္မိသားစုဝင္တည္းျဖစ္မယ့္ သူ႕သူငယ္ခ်င္းနဲ႔ ေယာက္ဖေလာင္းေလး ေအးေဆးအလြမ္းသယ္ၾကပါေစေလ ......






ခ်စ္ေသာ💕💕
Coral

----------------------------------------

Part(39)


တီးတောင်! တီးတောင်! တီးတောင်!

အလုပ်ပိတ်ရက်ဖြစ်တာမို့ အိမ်တွင်အေးဆေးဇိမ်နှင့်နှပ်နေကာ TVကြည့်နေစဉ် ဘဲလ်တီးသံကြောင့် မျက်နှာမဲ့သွားရသည်။

" ကျစ်! ဘယ်ကောင်လဲကွာ ... "

ဟိုနှစ်ကောင်လည်းအပြင်သွားကြသည်မို့ ဒင်းတို့ပြန်လာသည်လားမသိ။ ပြောမရ ဒီနှစ်ကောင်က တစ်ခါတစ်လေ သူအေးဆေးဇိမ်ယူရင် သာသနာဖျက်တတ်ကြသူတွေဖြစ်သည်။ နေပါစေ ... လက်ညောင်းသွားရင် သူတို့ဘာသာဖွင့်ဝင်လာလိမ့်မယ်။

တီးတောင်! တီးတောင်! တီးတောင်!

တီးတောင်! တီးတောင်! တီးတောင်!

ပထမတစ်ခါထက်ပိုကြာရှည်စွာ ကြားလာရသောဘဲလ်တီးသံကြောင့် ဟိန်းမင်းသူ မထချင်ထချင်နှင့်ထလာရကာ တံခါးဖွင့်လိုက်ရလေသည်။ တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရသော မျက်နှာလေးကြောင့် ခုဏကစိတ်ရှုပ်မိတာတွေတောင် ကြက်ပျောက်ငှက်ပျောက်ပေ။

ဒုတ်! ဒုတ်! ဒုတ်!

တစ်ခါမှနှလုံးခုန်မမြန်ဘူးသော ဝဲဘက်ရင်အုံက နှလုံးကမြည်လာလိုက်တာ လန့်စရာပင်။ ထိုမျက်နှာလေးအားကြည့်ရင်း ကြည့်ရင်း တစ်စုံတစ်ဦးနဲ့တူလာသလိုလိုပင်။ ဘယ်သူနဲ့များတူလာတာပါလိမ့်။

မျက်စိရှေ့လက်လာဝှေ့ယမ်းမှ ဘေးတွင်လူပိုတစ်ဦး ထပ်ပါလာသေးသည်ကို သတိဝင်မိသည်။ ထိုအခါမှ မျက်စိရှေ့လက်လာဝှေ့ယမ်းသော သာသနာဖျက်အားကြည့်မိတော့

" ဟင် ... မင်း ... မင်း ... "

ထိုသူကတော့ မိမိကိုရယ်ပြနေလေသည်။ ဒါဆိုခုဏက ခုဏက အလှလေးက ထိုသူနဲ့ ......

~~~~~~~~~~~~~~~~~~~~~~~~~~

" ဟာ ... မောင်လင်းခန့် ... ဘယ်လာတာလဲ "

" အလုပ်ကိစ္စနဲ့လာတာ ... အန်ကယ်ရော "

" မိသားစုနဲ့လျှောက်လည်ပေါ့ "

မိမိတို့နှင့် ခပ်လှမ်းလှမ်းတွင် အရုပ်ဝယ်နေသော ကလေးနှင့်အမျိုးသမီးကို ဦးသီဟညွှန်ပြသောကြောင့် လင်းခန့်ပြုံးကာ ခေါင်းညိတ်ပြလိုက်လေသည်။

" ဒါနဲ့ ... မောင်လင်းခန့် ဆုံးဖြတ်ချက်ကို ပြန်မပြင်တော့ဘူးလား။ ရုံးမှာပြန်လုပ်မယ်ဆို လာခဲ့ ... အန်ကယ် ...... "

" ကျေးဇူးပါ အန်ကယ် ... ကျွန်တော် ပြန်လာဖြစ်မယ်မထင်ဘူး။ အရင်လို အန်ကယ် ဒီဇိုင်းအပ်ချင်ရင်တော့ ကျွန်တော်ဆွဲပေးပါ့မယ်။ အလုပ်ပြန်ဝင်ဖို့ကတော့ ကျွန်တော် တောင်းပန်ပါတယ်။ လိုအပ်တဲ့အချိန်က ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် "

" မဟုတ်တာ မောင်လင်းခန့်ရာ ... အန်ကယ်က ဘာကြောင့်လဲ စဉ်းစားမရဖြစ်နေတာ။ မောင်လင်းခန့် အဆင်မပြေတာ တစ်ခုခုများရှိလို့လား "

" မဟုတ်ပါဘူး ... အန်ကယ် ... ကျွန်တော့်personalကိစ္စကြောင့်ပါ။ ကျွန်တော်ကို သွားခွင့်ပြုပါဦး အန်ကယ် "

" အေး ... အေး ... အန်ကယ်လည်း စကားကောင်းနေတာ။ မောင်လင်းခန့် ပြန်လာချင်တယ်ဆိုရင်တော့ အန်ကယ်တို့ရုံးက အမြဲတမ်းကြိုဆိုလျှက်ပါကွာ "

" ကျေးဇူးပါ အန်ကယ် ... ကျွန်တော်ကို သွားခွင့်ပြုပါဦး "

မိမိရဲ့စိတ်ကို သေချာသိလာသည့်အချိန်တွင် သူအသုံးချသလိုဖြစ်ခဲ့သော သံစဉ်ကိုမျက်နှာချင်းဆိုင်ဖို့ မဝ့ံရဲတော့ပေ။ ထို့အတွက်ကြောင့် အန်ကယ်သီဟကို အားနာပေမယ့် သူအလုပ်မှထွက်ခဲ့သည်။

ပြီးတော့ သူချစ်ရသောသူ၊ မုန်းမေ့မရသောသူကို ရှာဖွေရန် ဟန်စစ်တို့အိမ်ကိုတွေ့လိုတွေ့ငြား ၃၄လမ်းကိုသွားခဲ့သော်လည်း ဟန်ပြောသော ကုန်စုံဆိုင်ဖွင့်ထားသည့်အိမ်မှာမတွေ့ရပေ။ ဘေးပတ်ဝန်းကျင်ကို စုံးစမ်းမေးမြန်းကာ ထိုသူတို့ပြောသော အိမ်နားတွင် ဟန့်ကိုခဏမျှ တွေ့လိုတွေ့ငြားရှာပေမယ့်လည်း ......

ထိုနေ့က ဟန့်ရဲ့အစ်မနဲ့သာ ဆုံဖြစ်ခဲ့သည်။ ထိုမိန်းကလေးပြောသော ဟန်နဲ့တွေ့မှသာမေးပေါ့ဆိုသော စကားကြောင့်သာ သူရဲ့မျှော်လင့်ချက်ကို ဆက်လက်ရှင်သန်နေနိုင်ခဲ့သည်။

ထိုမိန်းကလေးပြောသလို ဟန်နဲ့ တစ်နေ့ထပ်တွေ့ဖို့ကို နောက်တစ်ကြိမ် သူစောင့်ဆိုင်းနေခဲ့မိပြန်သည်။ လွန်ခဲ့တဲ့ဆယ်နှစ်ကလိုပါပဲလား။ ဒီတစ်ခါပြန်ဆုံရင်တော့ ကိုယ့်ကိုယ် ထပ်ပြီးမထားခဲ့ပါနဲ့တော့လား ဟန်။ ကိုယ်ကိုယ်တိုင်လည်း ဟန့်ကိို ထပ်ပြီးထွက်သွားခွင့်ပြုတော့မယ် မထင်ဘူး။

ဟန် ... မင်း ဘယ်ချိန်ထိ ကိုယ့်ကိုယ်ပစ်ထားဦးမှာလဲ။ ကိုယ် မင်းကို အရမ်းလွမ်းတယ် ......

ကောင်းကင်ပြာပြာကြီးကို မော့ကြည့်ကာတိုင်တည်ရင်းဆိုသောစကားကို ချစ်ရသူတစ်ယောက်ကြားသိပါစေလေ။

သက်ပြင်းမ,မည်သော သက်ပြင်းတစ်ခုကိုသာချလိုက်ရင်း အိမ်ပြန်မယ့်ခရီးကိုသာဆက်ခဲ့မိသည်။

~~~~~~~~~~~~~~~~~~~~~~~~~~

" ဟျောင့် ... လင်းကွင်း "

တံခါးဖွင့်ကာအိမ်ထဲသို့ ဝင်ဝင်ချင်း ခုံပေါ်တွင်ထိုင်နေသော ဟိန်းမင်းသူကထလာကာ ပုခုံးကိုလာပြေးဖက်လေသည်။

" မင်း မျက်နှာက မှိုရတဲ့မျက်နှာနဲ့ ဘာဖြစ်နေတာလဲ ... ဟိန်းမင်း "

" ငါမှိုရတာထက် မင်းက ပိုမှိုရတော့မယ်လို့ အဘအာရုံတွေရနေတယ် ငါ့မြေး "

" မင်းဘိုးအေကြီး ... ဖယ်စမ်းကွာ ... အပြင်ကပြန်လာလို့ အိုက်ရတဲ့အထဲ လာဖက်နေတယ် ... ဖယ် ... ဖယ် "

" အေးပါကွာ ... ခုတော့ ပြောထားဦးပေါ့ ... နောက်မှ အိုက်တာတောင် ဘာမှန်းမသိဖြစ်နေဦးမယ် "

" ဖယ်စမ်းကွာ "

မိမိကိုအတင်းဖက်ထားသော ဟိန်းမင်းသူကိုတွန်းထုတ်ကာ အခန်းထဲသို့ဝင်ရန် ခြေဦးလှည့်လိုက်သည်။ အခန်းရှေ့ရောက် တံခါးဖွင့်ခါနီးတွင် ကျောနောက်ဘက်က ဟိန်းမင်းသူအသံကထွက်လာသေးသည်။

" လင်းကွင်း ... စိတ်ခိုင်ခိုင်ထားနော် "

စိတ်ခိုင်ခိုင်ထားနော်တွေ ဘာတွေလာလုပ်နေသော သူငယ်ချင်းဖြစ်သူကို ပြန်လှည့်ကြည့်လိုက်တော့ သကောင့်သားက ရယ်နေလေသည်။

" ငါသွားမှာ ငါ့အခန်းထဲ၊ မင်းဘိုးအေအလောင်းကိုဝင်ကြည့်မို့ မဟုတ်ဘူး၊ ပေါက်ကရတွေလာပြောမနေနဲ့ "

" ဟားး "

သူ့စကားအဆုံး ဟိန်းမင်းရဲ့အော်ရယ်သံက တိုက်ခန်းတွင် ကျယ်လောင်စွာပေါ်ထွက်လာလေသည်။ စိတ်ပေါက်ပေါက်နဲ့ ပြောချင်ရာပြောပြီးနောက် အခန်တံခါးကိုဖွင့်လိုက်တော့

" ဟင်! ... ဒါက ... ဒါက "

အခန်းတံခါးကိုဖွင့်၍ တံခါးလက်ကိုင်ဘုကိုသာ ကိုင်ထားရင်းထိုနေရာတွင်ပင် လင်းခန့်ကြက်သေသေနေမိသည်။

အခု သူအိမ်မက်များ မက်နေတာလား။ ဒါမှမဟုတ် ......

" ငါ မပြောဘူးလား ... မင်းကို စိတ်ခိုင်ခိုင်ထားပါလို့ ... ခုတော့ ဖြစ်ပြီမို့လား "

ပုခုံးကိုပုတ်ကာပြောလာသော ဟိန်းမင်းရဲ့စကားကို သူပြန်မတုန့်ပြန်နိုင်ပါ။ မိမိကုတင်ထက်တွင် အိပ်ပျော်နေသောသူကိုသာကြည့်၍ လင်းခန့်စိတ်ထဲ ဝမ်းသာခြင်းလား၊ ဝမ်းနည်းခြင်းလား မပြောပြတတ်သောခံစားမှုတစ်ခုကသာ ကြီးစိုးနေလေသည်။

တံခါးလက်ကိုင်ဘုကို ကိုင်ထားသောလက်တို့ တဖြည်းဖြည်းတုန်ရီလာသည်။ မယုံနိုင်ခြင်း၊ အံ့သြခြင်းများနှင့် ကုတင်ထက်ကသူကိုသာ ငေးမောကြည့်နေရင်း ကုတင်နားသို့အသာလှမ်းလျှောက်နေသည်။ ကုတင်နံဘေးတွင်ဒူးထောက်လိုက်ပြီးနောက် အိပ်မောကျနေသူအား မျက်ရည်အဝိုင်းသားနှင့် ကြည့်နေမိလေသည်။

ဒါက သူ့အတွက်အိမ်မက်မဟုတ်ပါစေနဲ့လို့သာ ဆုတောင်းနေမိသည်။ ကောင်းကင်ပြာကြီးကိုတိုင်တည်ကာ ဆုတောင်းခဲ့သော သူရဲ့ဆုတောင်းသံတွေကို ကြားသိရလို့ သူရှေ့ကိုပြန်ရောက်နေတာသာဖြစ်ပါစေ။

သူရှေ့တွင် မြင်တွေ့နေရသောသူသည် ပုံရိပ်ယောင်လား၊ အစစ်အမှန်လား သိစေရန် လက်ကိုလှမ်းလိုက်ပြီးနောက် အနားရောက်ခါနီးတွင် လက်ကိုပြန်ရုတ်လိုက်သည်။ သူကြောင့် ... သူကြောင့်နဲ့ အနှောင့်အယှက်ဖြစ်သွားမှာကို မလိုလားပါ။ ပုံရိပ်ဖြစ်နေပါစေဦး ... သူကျေနပ်နိုင်ပါတယ်။ ခဏလေး ... ခဏလေးဖြစ်ဖြစ် ခုလိုလေး သူမြင်တွေ့ရရင်ကို ကျေနပ်ပါပြီ။

အရမ်းကို သတိရနေခဲ့တာ၊ အရမ်းကို လွမ်းနေခဲ့ရတာ၊ အရမ်းကို တွေ့ချင်နေခဲ့ရတာတွေကို သူပြောပြချင်ပေမယ့် အိပ်မောကျနေသူအား မနိုးရက်၊ လက်ကလေးကိုသာအသာဆုပ်ကိုင်ရင်း ထိုလက်လေးကို မိမိနှုတ်ခမ်းပါးထက် ဖိကပ်လိုက်ရင်းမျက်ဝန်းတို့ကို မှိတ်ချလိုက်မိသည်။ ဒီလောက်ဆို ... ဒီလောက်ဆို ... သူတမ်းတခဲ့ရသောနေ့ရက်တွေတွက် ကျေနပ်နိုင်ပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~

ကုတင်နားတွင်ဒူးထောက်ရင်း ကုတင်ထက်တွင်အိပ်မောကျနေသူကိုကြည့်ကာ ပျောက်သွားတော့မလို၊ မယုံနိုင်သလို၊ အံ့သြခြင်းအပြည့်နှင့် အဖြစ်သည်းလွန်းနေသော သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ဟိန်းမင်းခေါင်းရမ်းကာ အသာပြုံးလိုက်မိသည်။ ကိုယ့်သူငယ်ချင်းရဲ့အကြောင်းကိုသိလို့ ကြိုတင်သတိပေးရဲ့သားနဲ့ နားမှမထောင်တာ ခံပေါ့။

ကံကြမ္မာကနောက်ပြောင်ကာ သူနဲ့အံ့မင်း လင်းခန့်မသိအောင်ပြောသောစကားများကို လင်းခန့်အားကြားသိစေခဲ့သည်။ မိမိတို့စကားများကို နားထောင်ပြီးနောက်မှာတော့ လင်းခန့်သူတို့အပေါ်တွင် စိတ်ဆိုးစကားများခဲ့သည်။ အခြားကောင်မလေးတစ်ဦးနှင့် တွဲခြင်းကြောင့်လည်း အံ့မင်းသာနှင့် လင်းခန့်တို့စကားများခဲ့ကြသေးသည်။ ခုတော့ အရာအားလုံးအေးချမ်းစေဖို့ကိုပဲ ဆန္ဒရှိသည်။

ကုတင်ထက်ကသူကို မထိရက်၊မကိုင်ရက်နှင့် အမြတ်တနိုးစိုက်ကြည့်နေသော သူငယ်ချင်းဖြစ်သူကိုလည်း ပျော်ရွှင်စေချင်ပြီ။ သူငယ်ချင်းကိုကြည့်ကာ အဖြစ်သည်းလွန်း ပိုလွန်းသည်ဟုလည်း မမြင်တော့။ လူတိုင်း အချစ်နှင့်တွေ့လာရင် ထိုကဲ့သို့ပင်မဟုတ်ပါလား။ Playboyကြီးအံ့မင်းသာတောင် သူ့ဟာလေးနဲ့တွေ့တော့မှ ခြေငြိမ်ကျသွား တုတ်တုတ်တောင်မလှုပ်ရဲသလို၊ အတော်လေးလည်းချစ်ရှာသည်မဟုတ်လား။ မိမိလည်း လူတစ်ယောက်ကို ......

မိမိကိုတောင်ရှိသည်မထင် တစ်ယောက်တည်းလွမ်းဆွေးနေသော သူငယ်ချင်းကိုလည်း အနှောင့်ယှက်ပေးစရာလည်းမရှိသည်မို့ အခန်းတံခါးကိုပိတ်ကာ TVရှေ့သို့ပြန်လာလိုက်သည်။

သူရဲ့ယောက်ဖလောင်းလေးနဲ့ မယားညီအစ်ကို အယ် ... မဟုတ်သေးပါဘူး၊ လင် ညီအစ်မလည်း ပြောလို့မရနဲ့ ဘယ်လိုဆက်ရမှန်းမသိ။ ဟုတ်ပြီ ... ဟုတ်ပြီ ... တစ်မိသားစုဝင်တည်းဖြစ်မယ့် သူ့သူငယ်ချင်းနဲ့ ယောက်ဖလောင်းလေး အေးဆေးအလွမ်းသယ်ကြပါစေလေ ......






ချစ်သော💕💕
Coral

Continue Reading

You'll Also Like

19.9K 444 26
ခင်ဗျားယောက်ျားပိုင်ဆိုင်မှုကမင်းဘဝအဆက်ဆက် အေးဆေးထိုင်စားလို့ရတာမို့ အလုပ်မလုပ်ဘဲမောင့်အနားမှာအမြဲရှိနေ‌စေချင်တာ #မြူတိမ်ရံလွှမ်း ငါလဲကိုယ့်အားကိုကို...
562K 19.2K 144
Read and find out...
2.3K 142 3
ချိုချိုချဥ်ချဥ် မက်မွန်သီးလေးနဲ့တူတဲ့ မင်းကို ချစ်မိတာ ကိုယ့်အပြစ်လား~~
21.7K 441 28
fic name,ဇာတ်ကောင်တွေရဲ့နာမည်နဲ့ အကြောင်းအရာတွေဟာ တစ်ခြားauthorလေးတွေနဲ့တိုက်ဆိုင်သွားခဲ့ရင် တောင်းပန်ပါတယ်။‌ လေးစားစွာလည်း crd‌ပေးပါတယ်😊။သည်းခံနားလ...