အသည်းကွဲ ရေဒီယို

Oleh Maple_MK

2.2K 360 70

မင်းရဲ့ ရယ်သံလေးတွေကို တန်ဖိုးထားပါ...။တစ်စုံတစ်ယောက်က အကြောင်းပြချက်မရှိဘဲ နစ်မြုပ်သွားနိုင်တယ် Lebih Banyak

~
Suicide Radio
Christmas through window

Christmas through window

326 65 10
Oleh Maple_MK

မြို့ပြတွေကတစ်နေ့ထက်တစ်နေ့ ခေတ်ရေစီးကြောင်းမှာ အရှိန်အဟုန်ပြင်းစွာ လိုက်ပါစီးမြောနေပေမယ့် အတိတ်မှာပဲ ကျန်နေခဲ့တဲ့မြို့လေး…။
မြို့လေးက လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကအတိုင်း ပြောင်းလဲခြင်းမရှိ…။တစ်ခုတည်းသောမိန်းလမ်းမကြီးကသာ ကတ္တရာခင်းထားပေမယ့် မြေနီရောင်ထနေတဲ့ လမ်းသွယ်လေးတွေကတော့ အရင်ကလိုပဲ သစ်ပင်အုံ့အုံ့တွေနှင့် အဆုံးကို မမြင်ရ…။မြို့ရဲ့ အထိမ်းအမှတ်လိုဖြစ်နေတဲ့ ခရစ်ယာန်ဘုရားကျောင်း…မြို့လယ်က ရဲစခန်းနှင့်ဘေးကပ်လျက်က စာကြည့်တိုက်။
ဆိုင်ကယ်တွေ တစ်စီးတစ်လေ တွေ့ပေမယ့် မြို့ခံတွေဟာ စက်ဘီးကို အဓိကထားသုံးနေတာလေးက ချစ်စရာ…။ဂျုံအင်ကို မသိမသာကြည့်ပြီး ပြုံးပြသွားတဲ့ ဖြူစင်တဲ့မျက်နှာလေးတွေ…။
ဂျုံအင် ဒီမြို့လေးကို ချစ်တယ်။
ပြီးတော့…

~~~~~~~~

"အဲ့ဒါဆို ကျွန်တော်တို့ပြန်တော့မယ်နော် ဆရာလေး။လိုတာရှိရင် အားမနာပဲ လှမ်းခေါ်လိုက်ပါ"

"ဟုတ်ကဲ့…ကျေးဇူးအများကြီးတင်ပါတယ်။ပင်ပန်းသွားပြီ"

ရပါသည်ဆိုသည့်စကားကို အပြုံးနှင့်ဆိုပြီး ပြန်သွားသည့် လူတစ်စု…။တစ်နေကုန် ရှင်းလင်းပြီးသွားတော့ လူတွေက ချဉ်စော်နံကုန်ပေမယ့် အိမ်လေးကတော့ သပ်သပ်ရပ်ရပ်ဖြစ်သွားပြီဖြစ်သည်။အင်္ကျီလက်ခုံကို တစ်ချက်နမ်းကာ နှာခေါင်းရှုံ့လိုက်ပြီး ဂျုံအင် ရေချိုးဖို့ပြင်ရသည်။နည်းနည်းနေစောင်းသွားရင်ပင် ဒီမြို့မှာက ရေထိဖို့မလွယ်တော့သည်မို့။

ဂျုံအင်ရေချိုးပြီးထွက်လာတော့ နေရောင်က တောင်တန်းတွေပေါ်မေးတင်နေပြီ။ညစာအတွက်ထွေထွေထူးထူးစဉ်းစားမနေပဲ လမ်းမှာစားဖို့ ဆိုးလ်ကနေဝယ်လာတဲ့ ပေါင်မုန့်တစ်ထုပ်ကိုပဲ ရေနွေးနဲ့ရောပြီး မြိုချလိုက်တယ်။မီးလင်းဖိုအတွက် မီးမွှေးရင်း မနက်ဖြန်တော့ ကော်ဖီဝယ်ရမယ်လို့လည်း တစ်ဆက်တည်းတွေးလိုက်သည်။ဒီညကတော့ အိမ်လာကူရှင်းပေးတဲ့ ဦးလေးကြီးတွေပေးခဲ့တဲ့ လက်ဖက်ခြောက်နဲ့ရေနွေးကြမ်းပဲပေါ့။မီးလင်းဖိုက မီးရတော့ တံခါးတွေလိုက်ပိတ်ရင်း ဆောင်းလေကြမ်းက ကျီဆယ်လိုက်တာမို့ ဆွယ်တာကို တင်းတင်းလေးစေ့လိုက်ရသည်။ နွေရာသီဖြစ်နေလျှင်တောင် နေရောင်ပျောက်သွားလျှင် စိမ့်အေးလာတက်တဲ့ တောင်တွေကြားက မြို့လေးဟာ ဒီဇင်ဘာလထဲမှာတော့ ခိုက်ခိုက်တုန်နေတာမဆန်း…။အိမ်တိုင်းရဲ့မီးခိုးတိုင်မှာ မီးလင်းဖိုကထွက်လာတဲ့ မီးခိုးငွေ့က တဝေ့ဝေ့…။ဂျုံအင်တည်းတဲ့အိမ်က ကုန်းမြင့်ပေါ်နည်းနည်းကျတာမို့ အအေးဓါတ်ကပိုသည်…။
လုပ်စရာလည်း ဘာမှမရှိသေးသည်မို့
မီးလင်းဖိုရှေ့မှာ ကုလားထိုင်လေးချ…စောင်ပါးတစ်ထည်ကိုခြုံပြီး အိတ်ထဲက ဖတ်လက်စစာအုပ်ကို ယူပြီးဖတ်ဖို့ပြင်လိုက်သည်…။
မူရာကာမိရဲ့စာတွေက ပုံမှန်ဆို ဂျုံအင်ကို ဆွဲဆောင်နိုင်ပေမယ့် ဒီနေ့လို ခရီးပန်း အလုပ်ပန်းတဲ့နေ့မျိုးမှာ အေးစက်မှုတွေကြား နွေးနေတဲ့ အနွေးဓါတ်ကိုတော့ မတွန်းလှန်နိုင်…
စာရွက်လှန်တဲ့ လက်တွေက တဖြည်းဖြည်းနှေးလာပြီး ဂျုံအင်မြင်နေရတဲ့ မီးလင်းဖိုက မီးတောက်တွေရဲ့အလင်းရောင်က ဝေဝါးလာတယ်။အဆုံးသတ်မှာတော့ ဂျုံအင်တစ်ယောက် ခြုံထည်လေးကို လည်ပင်းထိလုံအောင် ဆွဲဆန့်ပြီး အိပ်ပျော်သွားတော့တယ်။

~~~~~~~~

"Merry Christmas to you all"

အိမ်မက်မက်နေသလိုမျိုး ခပ်ဝေးဝေးက ပျံ့လွင့်လာတဲ့ အသံအုပ်အုပ်ကြောင့် ဂျုံအင်လန့်ပြီးနိုးလာတော့ သူမီးလင်းဖိုရှေ့မှာပဲ အိပ်ပျော်သွားတာ သတိရလိုက်တယ်။မီးစာကုန်စပြုနေသည်ကို ပြာတွေဖယ်ကာ မီးထပ်ထိုးလိုက်ပြီး ခြုံထည်ကို ဖယ်ကာ အပျင်းဆန့်နေတုန်း ခုနကကြားရတဲ့ အသံအုပ်အုပ်တွေက သီချင်းသံအဖြစ်ပြောင်းသွားသည်။
ထိုင်နေရာကထပြီး ပြတင်းပေါက်ဆီကနေလှမ်းကြည့်တော့ အဝေးကမြင်နေရတဲ့ အိမ်တွေထဲက ဂစ်တာတီးပြီး ဘုရားသီချင်းဆိုနေကြတဲ့ လူငယ်တစ်စု…

"Christmas တောင်နီးပြီကိုး…"

ဂျုံအင့် အပြုံးမှာ အလွမ်းအငွေ့အသက် ဖြတ်ပြေးသွားတယ်။

"အခုချိန် ပြန်တွေ့ရင်တောင် မှတ်မိပါတော့မလားမသိဘူး။ကျွန်တော့်ရဲ့ ပါးချိုင့်ငယ်"

~~~~~~~~

လွန်ခဲ့သော ဆယ်နှစ်…

ဂျုံအင်အဖေက အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်တာကြောင့် ဂျုံအင်ငယ်ငယ်လေးကတည်းက နေရာတစ်ခုမှာ အသားတကျနေရသည်မရှိဘဲ တစ်မြို့ပြီး တစ်မြို့ မကြာခနဆိုသလိုပြောင်းရလေ့ရှိသည်…။ထို့ကြောင့် နဂိုကတည်းက အနေအေးသော ဂျုံအင့်အတွက် အပေါင်းအသင်းဆိုလျှင် အဖေ့စာအုပ်စင်က စာအုပ်တွေနှင့် သီချင်းခွေတွေသာရှိသည်။
ဂျုံအင့်မမကတော့ ဂျုံအင်နှင့် ဆန့်ကျင်ဘက် ပေါင်းသင်းဆက်ဆံရေးကောင်းလွန်းတာကြောင့် ရောက်လေရာမှာ တစ်ရက်မပြည့်ခင် သူငယ်ချင်းရသွားသည်ချည်းသာ…
မေမေကတော့ တစ်ခါတစ်လေ မမရဲ့အပေါင်းအသင်းများတာနဲ့ ဂျုံအင် အခန်းအောင်းလွန်းတာကို ကြည့်ပြီး 'နင်တို့နှစ်ယောက်ကို ငါရောမွှေပြီးသာ ကျိုပစ်ချင်တယ်' လို့ညည်းညူသလိုလေး ပြောတတ်သည်။ခုလည်းကြည့် ဒီမြို့ကို ရောက်တာ တစ်ပတ်မပြည့်သေး သူငယ်ချင်းတွေရနေပြီဖြစ်သည်။ဒီတစ်ခါ သူသူငယ်ချင်းရမြန်တာ အကြောင်းမဟုတ် အကျိုးဆက်က ဂျုံအင်ကိုပါ လာထိခြင်းပင်…

"ဂျုံအင်ရယ်…ငါ့မောင်လေးရယ် လိုက်ခဲ့စမ်းပါ။မေမေက နင်ပါမှသွားရမယ်တဲ့"

"မလိုက်ချင်ပါဘူး မမရယ်…ငါမှ သီချင်းမဆိုတတ်တာ ဂစ်တာလည်းမတီးတတ်ဘူး။ပြီးတော့ ငါလည်းသိတဲ့လူတွေမဟုတ်ဘူး"

မမအတင်းဆွဲချနေတဲ့ စောင်ကို ပြန်လုလိုက်ပြီး ဂျုံအင်က ဖတ်လက်စစာအုပ်ကိုပဲ အာရုံစိုက်နေလိုက်တယ်။ပုံမှန်ဆို မမက နှုတ်ခမ်းဆူ ခြေထောက်စောင့် ဗျစ်တောက်ဗျစ်တောက် လုပ်ပြီး ထွက်သွားတတ်ပေမယ့် ဒီတစ်ခါတော့ မဟုတ်…ဂျုံအင့်လက်ထဲက စာအုပ်ကိုပါလုလိုက်ပြီး သူ့ကို အာရုံစိုက်စေကာ…

"သီချင်းက ငါလည်း မဆိုတတ်ပါဘူး။ဒီအတိုင်းပဲ လူအုပ်နဲ့ရောဆိုတာပဲကို နင်ဘုရားကျောင်းမှာ ဆိုသလိုပဲပေါ့။ဂစ်တာကလည်း ယောက်ျားလေးတိုင်း တီးရမယ်လို့မှမဟုတ်တာ…ဒီအတိုင်းပဲ ကိုယ့်အစ်မအတွက်လို့တွေးပြီး တစ်ခါလောက်လိုက်ပေးလို့မရဘူးလား။ငါတစ်ခါမှ ဒီလိုမျိုး လိုက်မဆိုဖူးလို့ပါဟယ်။လိုက်ခဲ့ပေးပါနော်"

မမက စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်ကြည်လေးတွေတောင်ဝေ့ပြီး ပြောလာသည်မို့ ဂျုံအင် တကယ်ပဲစာနာသွားရသည်။မမက ဂျုံအင့်ကိုဆိုရင် သိသာအောင် ချစ်လည်းချစ်ပြ အလိုလည်းလိုက်တတ်ပေမယ့် ဂျုံအင်ကကျ စိတ်ထဲရှိတာ သိပ်ထုတ်မပြောတတ်တော့ မမဟာ ဂျုံအင်ကြောင့် ပျော်ရသည်မှာရှားသည်။အဲ့ဒါကြောင့် ဒီတစ်ခါတော့ မမရဲ့ဆန္ဒကို လိုက်လျောပေးဖို့ စဉ်းစားလိုက်တယ်။ခရစ္စမတ် လက်ဆောင် အနေနဲ့ပဲဖြစ်ဖြစ်ပေါ့။

"ဒီတစ်နေ့ပဲနော်"

"ဝေး…ဒါကြောင့် ငါ့မောင်လေးကိုချစ်တာ။Ni Ni is the best.အဲ့ဒါဆို မမ မေမေ့ကိုသွားပြောလိုက်ဦးမယ်။မောင်လေးပြင်ထားနော်။သူတို့ လာရင် မမလာခေါ်မယ်"

အပျော်တွေလွန်ပြီး ခုန်ပေါက်ထွက်သွားတဲ့ သူ့ထက်နှစ်နှစ်ကြီးတဲ့ မမကိုကြည့်ပြီး ဂျုံအင် ခေါင်းခါကာသာ ပြုံးနေလိုက်တယ်။

"အော်…ရာသီဥတုကအေးလို့ စောင်ခြုံပြီး ကွေးချင်ကာမှပဲ"

အညိုရောင်သိုးမွှေးဆွယ်တာပေါ်မှာ အနက်ရောင်ကုတ်ကို ထပ်ဝတ်လိုက်ပြီး ဂျုံအင် ညည်းညည်းညူညူဆိုလိုက်တယ်။
ဂျုံအင်ဟာ အဲ့အချိန်ထိ miracle ကို မယုံကြည်ခဲ့။

~~~~~~~~~

"ချန်းယောလ်…ဒါ ငါ့မောင်လေးလေ…ဂျုံအင်တဲ့"

ကားပေါ်ရောက်တော့ မမက သူနဲ့မျက်စောင်းထိုးမှာထိုင်နေတဲ့ အကိုကြီးနဲ့ မိတ်ဆက်ပေးသည်။ဆံပင်ခွေခွေပွပွလေးတွေနှင့် မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းထွေးထွေးရှိတဲ့ အစ်ကိုကြီးက ဂစ်တာကြိုးကိုညှိနေရာက ဂျုံအင်ကိုမော့ကြည့်ကာ ပြုံးပြသည်…။စကားတစ်ခွန်းမှမပြောဘဲနဲ့တောင် အပြုံးတစ်ခုနှင့် နှစ်ရှည်လများရင်းနှီးခဲ့သလိုခံစားရအောင် သူဟာ ကြည်ကြည်လင်လင်လေးပြုံးပြတတ်သည်။ဂျုံအင်ဘက်က အသိအမှတ်ပြုသလိုမျိုးပြန်ပြီး ခေါင်းညိတ်ပြပြီးတော့ သူက ဂစ်တာကို ပြန်ပြီး အာရုံစိုက်သွားသည်။မမကတော့ မိတ်ဆက်ပေးပြီးတာနဲ့ သူနဲ့ရွယ်တူ တခြားအစ်မတွေကြား စကားသွားပြောတော့သည်။
ကားပေါ်မှာ တခြားအစ်ကိုကြီးတွေရော ဂျုံအင်နဲ့ရွယ်တူတွေရောပါသေးပေမယ့် ဂျုံအင်က သိပ်ပြီးမရင်းနှီးတဲ့သူကို စကားစမပြောချင်တာမို့ ဂျုံအင့်ရှေ့က ချန်းယောလ်ဆိုတဲ့ အစ်ကိုကြီးကိုရဲ့ ဂစ်တာကြိုးညှိနေတဲ့လက်တွေကိုသာ ငေးနေလိုက်သည်။

"Merry Christmas to you all"

ဖိတ်ထားတဲ့ အိမ်တွေထဲက နောက်ဆုံးအိမ်မှာ သီချင်းဆိုပြီးတော့ အားလုံးဟာ ကားပေါ်မှာ ခြေပစ်လက်ပစ်ဖြစ်ကုန်ကြတယ်။အမှောင်ဆုံးနဲ့နောက်ဆုံးမှာသာနေပြီး ဖော်လိုသာလိုက်တဲ့ ဂျုံအင်တောင် တော်တော်လေး ပင်ပန်းတာမို့ တစ်ယောက်တည်းပင်တိုင်လို ဂစ်တာတီးတဲ့ ချန်းယောလ်ဆို ဘယ်လိုနေမလဲလို့ လှည့်ကြည့်လိုက်တော့ သူက တစ်ခြားအစ်ကိုကြီးတစ်ယောက်နဲ့ရယ်ရယ်မောမော စကားပြောနေသည်။လက်ဆစ်လေးတွေကို ဖိပြီး အညောင်းဖြေနေတာကို ဂျုံအင် ငေးကြည့်နေတုန်းမှာ သူက ဂျုံအင့်ဘက်လှည့်လာပြီး ပြုံးပြတာမို့ အကြောင်းမဲ့သက်သက် ဂျုံအင်ရှက်သွားကာ မျက်နှာလွှဲလိုက်သည်။

"ဟွန်း…"

ရယ်သံလိုကြားလိုက်တာမို့ ဂျုံအင်ပြန်ခိုးကြည့်တော့ ချန်းယောလ်က ဂျုံအင့်ကိုကြည့်မနေတော့…

မှတ်မှတ်ရရ အဲ့ညက ဒီဇင်ဘာညလယ်မှာ ဂျုံအင်မအေးဘဲ နွေးနေခဲ့တယ်။

~~~~~~~~

အမှတ်တမဲ့တော့ သတိတရရှိပေမယ့် အမှတ်တရလုပ်ပြီးတော့တော့ ဂျုံအင်တွေးမနေဖြစ်ဘူး။နောက်နေ့တွေမှာ ထုံးစံအတိုင်းပဲ ဂျုံအင်က အခန်းထဲအောင်းပြီး စာအုပ်ဖတ်ရင်ဖတ်…ဒါမှမဟုတ် သီချင်းနားထောင်ပြီးပြတင်းပေါက်ကနေ တောင်တန်းတွေကိုငေး…
မမကတော့ သူငယ်ချင်းအသစ်တွေနဲ့ ဒီလိုပဲ ပျော်ပျော်နေ…
ဂျုံအင်ကလည်း ပါးချိုင့်ပါတဲ့ အစ်ကိုကြီးအကြောင်းကို မမကိုမမေးသလို မမကလဲ ချန်းယောလ်ကလေဆိုပြီး ဂျုံအင်ကို လာမပြောဘူး။
ဒါဟာ ပုံမှန်ပါပဲ…
ပုံမမှန်တာက…

"ဟိတ်…"

မြို့မှာ စာကြည့်တိုက်ရှိတယ်ကြားပြီးကတည်းက ဂျုံအင်က တစ်ပတ်တစ်ခါတော့ စာကြည့်တိုက်ကိုသွားတတ်သည်…။စာကြည့်တိုက်က ပြန်တဲ့လမ်းမှာ ချန်းယောလ်နဲ့တွေ့မယ်လို့တော့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူးပေါ့။

"ယူရာရဲ့မောင်လေးမလား…ဂျုံအင်…"

စက်ဘီးကို လက်နှစ်ဖက်နဲ့တွန်းလာရာမှ တစ်ဖက်ကိုလွှတ်ပြီး ဂျုံအင့်ပခုံးကိုဖက်ရင်းနှုတ်ဆက်လာသည်မို့ ဂျုံအင် ပြန်ပြုံးပြလိုက်ရသည်။သူကတော့ လူတိုင်းနှင့် လက်ပွန်းတတီးနေနေကျမို့ ဘာမှမဖြစ်ပေမယ့် ဂျုံအင့်အတွက်ကျ သူစိမ်းတစ်ယောက်ရဲ့ အထိအတွေ့က ပထမဆုံးမို့ စိတ်အိုက်ရသည်…။

"အာ…ဆောရီး…ယူရာ ပြောဖူးတယ်။ဂျုံအင်က လူကြောက်တယ်တဲ့"

ဂျုံအင် မျက်နှာရဲနေသည်ကို သူက အားနာသလိုကြည့်ပြီး လက်ကို ပြန်ရုတ်သွားသည်မို့ ဂျုံအင်က ပြန်ပြီး အားနာသွားရသည်။

"လူကြောက်တယ်တော့ မဟုတ်ပါဘူး။ရင်းရင်းနှီးနှီးမနေတတ်လို့ပါ"

"အဲ့ဒါဆို ကိုယ့်ကိုတော့ ရင်းရင်းနှီးနှီးနေပါလား။"

ဂျုံအင်သူ့ဘက်ကို လှည့်ကြည့်တော့ သူက ဂျုံအင်ကိုပြုံးပြသည်။သူပြုံးနေကျအတိုင်း ကြည်ကြည်လင်လင်လေး အရောင်အဆင်းလုံးဝမရှိတဲ့ အပြုံးတောက်တောက်နဲ့…

"အစ်ကို တစ်ယောက်လို သဘောထားပေါ့။"

ခင်ဗျားက အစ်ကိုလို ပြောလိုက်တဲ့အချိန်မှာ ကျွန်တော် ရင်ခုန်သွားတာ ဘယ်လိုလုပ်မလဲပြော…။
ခေါင်းငုံ့သလိုမျိုးနဲ့ ဂျုံအင် မြေနီလမ်းကိုသာ အကြည့်ပို့ထားမိတယ်။

"ဟော…ဂျုံအင် အိမ်တောင်ရောက်ပြီ"

"ဝင်ဦးမလား။မမရှိမယ်နဲ့တူတယ်"

"ဟင့်အင်း…နောက်မှပဲ…သွားပြီ"

ဂျုံအင့်ခေါင်းကို ပုတ်ပြီး သူက စက်ဘီးကို ဖြည်းဖြည်းတွန်းရင်းထွက်သွားတယ်။
သူကျောခိုင်းသွားတာနဲ့ ဂျုံအင်ဟာ အခန်းဆီ အသည်းအသန်ပြေးပြီး ပြတင်းပေါက်ကိုဖွင့်ကာ တဖြည်းဖြည်းသေးသွားတဲ့ ကျောပြင်လေးကိုငေးတယ်။
ဒီလိုနဲ့ အပတ်စဉ်ရဲ့ သောကြာနေ့တိုင်းဟာ ဂျုံအင့်ဆီ ပျော်ရွှင်စရာ စိတ်လှုပ်ရှားစရာတွေ ယူဆောင်လာပေးခဲ့။
ပြတင်းပေါက်ကနေ ဂျုံအင် ငေးစရာဟာ တောင်တန်းကြီးအပြင် နောက်တစ်ခု ပိုလာခဲ့တယ်။

~~~~~

ချန်းယောလ်နဲ့ မတွေ့ခင်တုန်းက ဂျုံအင်က အဖြူရောင်ကင်းဗက်စပဲ။
ချန်းယောလ်ဟာ ဂျုံအင့်ကို အရောင်စုံအောင် ဆေးရောင်ခြယ်ပေးခဲ့တဲ့ ဗင်းဆင့်ဗဂိုးပေါ့။

သေးငယ်တဲ့မြို့လေးမှာ ချန်းယောလ်ဟာ တောက်ပတာ မဆန်းဘူး။သူက ဒီမြို့လေးမှာမှမဟုတ်ဘူး တခြားဘယ်နေရာမှာမဆို တောက်ပနေနိုင်တဲ့ အစွမ်းရှိတယ်။ရုပ်ရည်ကြောင့်ဆိုတာ အပြင် သူရဲ့လူတိုင်းအပေါ် ဖော်ရွေတဲ့ စိတ်ထားလေးကြောင့်ရောပေါ့။သူက ဂျုံအင့်ကိုမှ မဟုတ်ဘူး လူတိုင်းအပေါ်ကို ကောင်းမွန်တဲ့လူဆိုတာသိပေမယ့် အနေနီးတာကို အခွင့်အရေးယူပြီး ဂျုံအင်ဟာ တဖြည်းဖြည်းလောဘ တတ်ချင်လာတယ်။
ဥပမာ…သူ ကိုယ့်တစ်ယောက်တည်းကိုကြည့်ပြီး ပြုံးစေချင်တာမျိုးပေါ့။
ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့ ဂျုံအင့် ပြတင်းပေါက်လေးဟာ ပိုပြီး လွမ်းစရာကောင်းလာတယ်။
မမက ချန်းယောလ်ကို ချစ်တယ်တဲ့။
သောကြာနေ့တွေဟာ ပျော်စရာမကောင်းတော့ဘူး။

~~~~~~~~

"ဒီဇင်ဘာတောင် ရောက်တော့မယ်နော်"

ဒီနေ့တော့ စာအုပ်ရွေးနေတာ တော်တော်လေးကြာသွားတာမို့ ဂျုံအင် အိမ်ပြန်တော့ အနည်းငယ်မှောင်စပြုနေပြီ။မြူတွေဝေ့နေတဲ့ အရှေ့ဘက်ကို ငေးရင်း ချန်းယောလ်က တီးတိုးဆိုသည်…။

"အင်း…"

ထုံးစံအတိုင်းပဲ ဂျုံအင်ဘက်မှာက ပြောစရာစကားသိပ်ရှိမနေဘူး။တစ်နှစ်နီးပါးလောက် သူဟာ ဂျုံအင့်ကို မငြီးငွေ့နေနိုင်တာပဲ ကျေးဇူးတင်ရမယ်။

"ကိုယ်တို့တွေ့တာလဲ တစ်နှစ်ပြည့်တော့မယ်နော်။ဒီနှစ် ခရစ္စမတ်သီချင်းလျှောက်ဆိုရင်ရော ဂျုံအင် လိုက်ဦးမှာလား"

"မပြောတတ်ဘူး။ကျွန်တော် အိမ်ထဲဝင်တော့မယ်နော်"

"အော်…အိမ်တောင်ရောက်လာပြီပဲ။အင်းလေ ဝင်တော့"

သူက ထုံးစံအတိုင်း ကျွန်တော့်ခေါင်းကို ပုတ်ပြီး ကျောခိုင်းသွားတယ်။ဒီတစ်ခါတော့ ကျွန်တော် ပြတင်းပေါက်ဆီ မပြေးတော့ဘဲ ဒီအတိုင်းလေး ငေးနေတုန်း သူပြန်လှည့်လာတယ်။

"ကိုယ်တော့ ဒီခရစ္စမတ်မှာလည်း ဂျုံအင်ကိုလိုက်စေချင်တယ်"

"အခြေအနေအရပေါ့"

ကျောခိုင်းလိုက်တဲ့အချိန်မှာ မျက်ရည်မကျမိအောင်ဂျုံအင်ထိန်းလိုက်နိုင်တယ်။အခန်းထဲ အပြေးသွားပြီး ဂျုံအင် ခေါင်းအုံးပေါ် မျက်နှာအပ်သည်။ခေါင်းအုံးတစ်ခုလုံး ရွှဲသွားပေမယ့် ရှိုက်သံသေးသေးလေးတောင်ထွက်မလာဘူး။ပြတင်းပေါက်ကို ဖြတ်ပြီး တိုက်သွားတဲ့ဆောင်းလေကြမ်းက ဂျုံအင်ကုတင်ဘေး စာကြည့်စားပွဲပေါ်က စာရွက်လေးကို လွင့်သွားစေတယ်။
ဂျုံအင်ကောက်ပြီး စားပွဲပေါ်ပြန်တင်လိုက်သည်။
ဖတ်မကြည့်လည်း သိနေပါသည်။ဂျုံအင် တင်ထားတဲ့ တက္ကသိုလ်ဝင်ခွင့်ကို ခွင့်ပြုသည့် စာဆိုတာ…။
ခန်းစီးစကို အသက်မဲ့သလိုငေး…
သေချာတာကတော့ ဂျုံအင်ဘယ်တော့မှ ပြတင်းပေါက်နား မရပ်ရတော့ဘူးဆိုတာ…

Lanjutkan Membaca

Kamu Akan Menyukai Ini

178K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
591K 37.5K 75
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
15.2K 1.5K 22
ကျုပ် ရွက်ရှိန်းကို သဘောကျရတဲ့အကြောင်းရင်းကတော့ ရွက်ရှိန်းက ရွက်ရှိန်းဖြစ်နေလို့ပါပဲ..
26.2K 3.6K 68
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL Content warning : Trauma,Suici...