~

1K 127 14
                                    

လောကကြီးက စောက်ရေးမပါမှုတွေနဲ့ ပြည့်နှက်ပြီး မတရားမှုတွေပဲ ဖုံးလွှမ်းနေတယ်လို့ ခံစားလာရတဲ့အခါ ကျွန်တော်ဘာအတွက် ဆက်ပြီးအသက်ရှင်နေရတာလဲဆိုတဲ့ ပူလောင်အိုက်စက်ဖွယ် မေးခွန်းကိုပဲ ထပ်တလဲလဲ မေးနေလာမိတယ်…။သတ်သေတာနဲ့ ပတ်သက်ပြီး လူတွေပြောလေ့ရှိတာက စိတ်ဓါတ်ကျလို့တဲ့…။အမှန်တော့ စိတ်ဓါတ်ကျတာ မဟုတ်ဘူး စိတ်ပျက်တာ…စောက်ရေး မပါတဲ့ လောကကြီးကို စိတ်ကုန်လို့ ပစ်ထားခဲ့တာ…။
အရှုံးပေးတာမဟုတ်ဘဲ အနိုင်ပိုင်းပစ်လိုက်တာ…။
နောက်ဆုံးမှာမှ(နောက်ဆုံးထင်ခဲ့ပေမယ့် နောက်ဆုံးမဖြစ်ခဲ့) ကျွန်တော် အဲ့ဒီ အမှန်တရားကို တွေ့ရှိသွားပြီး ဒီညစ်ပတ်တဲ့ လောကကြီးကို လက်ပြဖို့ ဆုံးဖြတ်လိုက်တယ်…။
ဒါပေမယ့် စောက်ရေးမပါတဲ့လက်က ကိုယ့်ကိုယ်ကို သတ်သေဖို့ အိမ်ပြန်တဲ့လမ်းမှာ ကားပေါ်က ရေဒီယိုကို လှမ်းဖွင့်လိုက်မိတယ်…။

တစ်ခုခုကို စွဲလမ်းမိတဲ့အခါ အသက်ရှင်ရတာ အဓိပ္ပာယ်ရှိလာတယ်…။

love is the only one reason to still alive.

~~~~~~~~~

ခေါက်ဆွဲပြုတ်အိုးကို ရှေ့ချပြီး ရေဒီယိုကို လိုင်းညှိလိုက်သည်…။
ဒီနေရာမှာ ကြားဖြတ်ပြောစရာရှိတယ်…။ခေါက်ဆွဲပြုတ်စားတာက လူနှစ်မျိုးပဲရှိတယ်…။ပိုက်ဆံမရှိတဲ့လူနဲ့ ဗိုက်ဝဖို့အတွက် စောက်ပိုတွေသိပ်မလုပ်ချင်တဲ့လူ…။
Jong In ဆိုတဲ့ ကျွန်တော်က သေချာပေါက် ဒုတိယအမျိုးအစားပေါ့…။(ခင်ဗျားတို့ စိတ်ထဲမှာ သူ့ ficဖတ်တိုင်း မင်းသားက ခေါက်ဆွဲပြုတ်ပဲစားနေတယ်လို့ ထင်မှာစိုးလို့…စာရေးသူမမက စောက်ပိုတွေလုပ်ပြီး ရှင်းပြနေတာ…ဒါမှမဟုတ် သူ့ fic တိုတိုလေးကို စာလုံးရေ တိုးအောင် လုပ်နေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့)

"မင်္ဂလာပါ…အသည်းကွဲ ရေဒီယို ကကြိုဆိုပါတယ်…။
လူတိုင်းက တစ်သက်မှာတစ်ခါတော့ အသည်းကွဲဖူးကြမှာပဲဟုတ်…။
ချောင်တစ်ချောင်မှာ ထိုင်ငိုနေမဲ့ အစား ဘာကြောင့် ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်ဖို့ မတွေးတာလဲ…။
စဉ်းစားမနေပဲ ဖုန်းနံပါတ် ×××× ကို နှိပ်လိုက်…။
ပရိတ်သတ်ကြီးရဲ့ ဝမ်းနည်းစိတ်တွေကို recover လုပ်ပေးမယ့် Happy Virus လေး Park Chanyeol ကစောင့်နေပါတယ်…"

အသည်းကွဲ ရေဒီယိုWhere stories live. Discover now