ကို​ ​လေး .. [ Complete ]

By DaeminChennie

67K 7.4K 362

ငါ မင်း ကိုမုန်းလိုက်​တာ .. More

I Know Your Secret ..
Are U FUCKING Stupid !!??
I Want to FUCK U !!!
Deep inside My Heart ..
I Show U My Place ..
If We Are Distance ..
Lonely Christmas ..
Finally I Found U ..
Love Meaning is U ..
All My Love is For U ..
Just Stay Beside Me ..
Past ..
I Hate U ..
Please .. Don't Leave Me ..
Love in NightDream ..
I Know Your Secret [U]
Are U FUCKING Stupid !!?? [U]
I Want to FUCK U !!!! [U]
Deep inside My Heart .. [U]
I Show U My Place .. [U]
Only One For Me .. [U]
If We Are Distance .. [U]
Lonely Christmas .. [U]
Finally I Found U .. [U]
Love Meaning is U .. [U]
All My Love is For U [U]..
Just Stay Beside Me [U]..
Past .. [U]
I Hate U [U]..
Please .. Don't Leave Me .. [U]
Love in NightDream .. [U]

Only One For Me ..

3.6K 458 21
By DaeminChennie

" တက်​တူးထိုးရ​အောင်​ .. "

နှုတ်​ခမ်းစွန်းမှ ​သွေးစစကို လက်​မဖြင့်​ဖိသုတ်​​နေတုန်း
အစမရှိအဆုံးမရှိ ထွက်​လာသည့်​စကားသံ​နောက်
အကြည့်​​ရွှေ့မိ​တော့ မှန်​အကြည်​​ပေါ်တွင်​ မ​သေမသပ်
လက်​​ရေးရွဲ့ရွဲ့များဖြင့်​ တက်​တူးဆိုင်​မှန်းသိ​အောင်
ပြထား​သော ကုတ်​​ချောင်း​ချောင်းဆိုင်​​သေး​သေး​လေးကို
တွေ့လိုက်​ရသည်​ ။

" ကို​လေးရာ .. မင်းအကျင့်​ကလည်း ခုတမျိုး
တော်​ကြာတမျိုး "

မ​နေ့တစ်​​နေ့ကမှ တက်​တူးအပြည့်​နှင့်​လူတစ်​​ယောက်​ကို
ရွံ့လိုက်​တာဟု ​ဝေဖန်​ခဲ့သူမဟုတ်​သည့်​အတိုင်း
အခု​တော့ သူ့ပါးစပ်​က ကိုယ်​တိုင်​ထွက်​လာ​သော
တက်​တူးထိုးရ​အောင်​ ဟူ​သည့်​စကားက ဘယ်​လိုမှ
ယုံချင်​စရာမရှိ ။

" တစ်​ခုခုအသားနာ​အောင်​လုပ်​ချင်​လို့ကွာ .. "

" တက်​တူးထိုးမဲ့အစား ငါ မင်း ​ဘော ကို ​ဆောင့်​ကန်
ပေးမယ်​​လေ ။ အဲ့ဒါလည်း အသားနာတာဘဲ
မဟုတ်​လား "

" ​ နည်းနည်းပါးပါး ငြင်​သာစမ်းပါ အို ဆယ်​ ဟွန်း ရာ "

အရင်​လို ပြန်​စကားနာမထိုးလဲ လူလိမ္မာ​လေသံနှင့်
ဆယ်​ ဟွန်း ကို ​ဖြောင်းဖြလာသည့်​အခါ ပိုလို့ပင်
အမြင်​ကပ်​စိတ်​က အမှန်​တကယ်​ ဘဝပျက်​သွား​အောင်
အကျင့်​ယုတ်​ချင်​လာသည်​ ။

" ခုဏက အကန်​ခံထားရတာ မမှတ်​​သေးဘူး​ပေါ့ "

ခြေ​ထောက်​တစ်​ဖက်​ကို​မြှောက်​ရင်း လျပ်​တပြတ်
ကန်မည်​ဟန်​ပြုလိုက်​​တော့ ချက်​ချင်းပင်​ ခုန်​​ရှောင်​ထွက်
သွား​ပြီး တက်​တူးဆိုင်​ထဲ ဝင်​​ပြေး​တော့သည်​ ။

လောင်း​ကြေးနှင့်​ ရန်​ဖြစ်​လာသည့်​ ထိခိုက်​မှုအနည်း
အကျဉ်း​ကြောင့်​ စပ်​ဖျင်းဖျင်းနှုတ်​ခမ်းအစပ်​က သ​ကောင့်
သားပုံစံကိုမြင်​လို့ရယ်​မိကာမှ ပိုနာလာသ​ယောင်​ရှိသည်​မို့
မဆီမဆိုင်​ ကျိန်​ဆဲလိုက်​​သေး၏ ။

" Ooh Sehun ကို အင်္ဂလိပ်​လို ထိုးမယ်
ကျ​တော်​ရဲ့ ညာဘက်​လည်​ပင်း​ဇောင်းမှာ "

တက်​တူးဆိုင်​ထဲလိုက်​ဝင်​သွားပြီး စကြားလိုက်​ရသည့်
အသံ​ကြောင့်​ ဆယ်​ ဟွန်း ​ခြေလှမ်း​တွေရပ်​ကုန်​သည်​ ။

ဘာကိစ္စ သင်းက ဆယ်​ ဟွန်း နာမည်​ကို တက်​တူး
ထိုးမည်​တုန်း ။

သူ့လိုလူက အသားအနာခံပြီး တစ်​ပါးသူနာမည်​ကို
တယုတယ ​မော်​ကွန်းထပ်​ရ​အောင်​ ဘာမှလည်း
ဆိုင်​​သည်​မဟုတ်​ ။

ဂင်​ ဂျုံ အင်​ သ​ကောင့်​သားဘက်​က​ ဆိုင်​ချင်
နေသည်​ကို ဆယ်​ ဟွန်း က လျစ်​လျူ ရှုပစ်​ထားသည်​က
တစ်​ကန့်​ ။

စိတ်​ရူး​ပေါက်​ပြီး တက်​တူးထထိုးသည့်​ သူ့အကြံကို
မအံ့သြ​ပေမဲ့ ကိုယ့်​နာမည်​ကို သူစိမ်းတစ်​​ယောက်
အသား​ပေါ်မှာ ​သေတဲ့အထိ မ​ပျောက်​ပျက်​ဘဲ မြင်​​နေရ
မည့်​ကိစ္စမျိုးကို​တော့ ဆယ်​ ဟွန်း လက်​မခံနိုင်​ ။

" ဘာ​စောက်​ရူးထပြန်​တာလဲ ဂင်​ ဂျုံ အင်​ "

ဒေါသတကြီး ဝုန်းဒိုင်းကြဲ ဆိုင်​အတွင်းထဲ ဝင်​သွားချိန်
ခပ်​မွဲမွဲဆိုဖာ​ပေါ်တွင်​ ထို​င်​​နေသည့်​ ဂျုံ အင်​ နှင့်
အလုပ်​စ​နေပြီဖြစ်​​သော တက်​တူးပညာရှင်​ ။

SHIT !! တားချိန်​​တောင်​မရ​လိုက်​သည်​မို့
ဂျုံ အင့်​ လည်​ပင်း​ဇောင်း​ပေါ် တစ်​ရိပ်​ရိပ်​​ပြေး​နေသည့်
တက်​တူးစက်​ကိုသာ ဆွဲလုလိုက်​ချင်​သည်​ ။

မ​တော်​တဆ လည်​ပင်းထိုးမိမှ အမှုပတ်​မည်
ဖြစ်​သဖြင့်​ စိတ်​တစ်​ထစ်​​လျှော့ပြီး အနားက ကုတင်
ကျဉ်းကျဉ်း​ပေါ် ထိုင်​ချလိုက်​သည်​ ။

အချိန်​ခဏ​လေးအတွင်း ရုပ်​လုံး​ပေါ်လာ​သော
ဆယ်​ ဟွန်း နာမည်​တက်​တူးက ရိုးရှင်းစွာပင်
ထင်း​နေ၏ ။

မ​ကျေနပ်​​ပေမဲ့ ​သေ​သေသပ်​သပ်​ လက်​ရာက
သ​ကောင့်​သား၏ လည်​ပင်း​ပေါ် အခန့်​သား
နေရာတက်​ယူထား​တော့ ပြသာနာရှာမည့်​ ဆယ်​ ဟွန်း
ကိုပင်​ ပါးစပ်​ပိတ်​သွား​စေသည်​ ။

" မင်းက ငါ့လူဆိုတာ လူသိ​စေချင်​ရုံပါ ဆယ်​ ဟွန်း "

" ချီးဘဲ .. ငါက မင်းလင်​မို့လို့လား "

" ​ဟုတ်​တယ်​​လေ မကြာခင်​ဖြစ်​လာ​တော့မှာဘဲ "

" ကို​လေးရာ လူမြင်​ကွင်းမှာ ထိုးရသလား ..
မာမီ နဲ့ ဒယ်​ဒီ​တွေ့ရင်​ တမျိုးထင်​ကုန်​မှာ မင်းသိရဲ့သားနဲ့ "

တွေးကြည့်​ရုံနဲ့တင်​ ​တော်​ရုံပြီးသွားမည့်​ ပြသာနာ
မဟုတ်​သည့်​အပြင်​ ဂျုံ အင်​ ၏ တစ်​ဇွတ်​ထိုး အကျင့်​နှင့်​ဆို
အိမ်​တွင်း​ရေးမုန်​တိုင်းတွင်​ ဆယ်​ ဟွန်းက အဓိကတရားခံ
ဖြစ်​ရလိမ့်​မည်​ ။

ကျေးဇူးတရားဆိုသည့်​အမျိုးက ခိုင်​ခန့်​လွန်း​သော
နှောင်​ဖွဲ့မှုမဟုတ်​ပါလား ။

စိတ်​ပျက်​စရာ​ကောင်းလွန်း​သော အ​ခြေအ​နေ၌
ဆယ်​ ဟွန်း ​ကျေးဇူးကန်း​သော သား လုံးဝမဖြစ်​ချင်​ ။

အထက်​တန်းက​နေ တက္ကသိုလ်​​ရောက်​သည်​အထိ
ဆယ်​ ဟွန်း ဘက်​က ဂျုံ အင့်​ အ​ပေါ် ဘာစိတ်​မှ မရှိသဖြင့်
ထိုသို့​သော ကိစ္စမျိုးဖြစ်​လာမည်​ကို အ​တော်​​လေး
စိတ်​ပူမိ၏ ။

" ဆယ်​ ဟွန်း မင်း​ရော မထိုးချင်​ဘူးလား "

ဘေးနားလာ​ထိုင်​ပြီး သူ့လည်​ပင်းသူပွတ်​သပ်​ရင်း
ဆယ်​ ဟွန်း ကိုစ, စကားဆွယ်​​လေရဲ့ ။

အစက​တော့ စိတ်​ကူးမရှိ​ပေမဲ့ ဘယ်​​လောက်​ဘဲ
စကားအ​ပြောင်​​တွေ​ပြော​ပြော ဆယ်​ ဟွန်း ကို
ဂျုံ အင်​ ဘယ်​​လောက်​ထိအ​လေးထား​ကြောင်း သိသည်​မို့
အလွယ်​တကူပင်​ အသားအနာခံဖို့ ​ခေါင်းငြိမ့်​နိုင်​သည်​ ။

ဤသည်​ကလည်း နှစ်​ချီပြီး ဆယ်​ ဟွန်း ကို
သိသိသာသာ​ရော မသိမသာ​ရော ဂရုစိုက်​မှု​တွေအား
တစ်​ခုခုဘဲဖြစ်​ဖြစ်​ တုန့်​ပြန်​​ပေးချင်​သည်​ ။

ဒါမှ အ​ကြွေးမတင်​​တော့မည်​ ။

" ကျ​တော့်​ကို ညာဘက်​ ​ခြေကျင်းဝတ်​မှာ Kim Jongin
အင်္ဂလိပ်​လို သူ့ပုံစံအတိုင်း  ထိုးမယ်​ "

" ဘာလို့ ​ခြေ​ထောက်​မှာလဲ .. ထိုးစရာ​နေရာအဲ့​လောက်
ရှားသလား "

သူ့နာမည်​ကို ​ခြေ​ထောက်​မှာ တက်​တူးထိုးမည်​ဆို​သော
ကြောင့်​ မျက်​နှာကြီးမဲပြီး ဆယ်​ ဟွန်း ​အော်​ဟစ်
ပြသာနာရှိသည့်​တိုင်း မကြားချင်​​ယောင်​​ဆောင်​ပြီး
ဖိနပ်​ချွတ်​ကာ ညာ​ခြေကို ကုတင်​​ပေါ်တင်​လိုက်​သည်​ ။

ခြေမျက်​စိဖုံး ​ဘောင်းဘီကို လိပ်​တင်​ပြီး အသားထဲ
စိုက်​ဝင်​လာသည့်​အပ်​ကို လျစ်​လျူ ရှုပစ်​ကာ
ဂျုံ အင့်​ ပခုံး​ပေါ် ​ခေါင်း​မှောက်​ချလိုက်​၏ ။

အို ဆယ်​ ဟွန်း သည်​ တမင်​တကာကြီး အသားအနာခံ
ရမည်​ကို အင်​မတိအင်​မတန်​မှ မုန်းသူဖြစ်​သဖြင့်
အခုလို တက်​တူးထိုးခြင်းကို စိတ်​​တောင်​မကူးသူ ။

" မင်း ကို အ​ကြွေးဆပ်​တာ .. ပြီး​တော့​ အခုအချိန်​ထိ
ငါ့လျှို့ဝှက်​ချက်​ကို ထိန်းသိမ်းထား​ပေးလို့ ​ကျေးဇူးတင်​တာ
ငါ မင်း ကို ​ကျေးဇူးတင်​ပါတယ်​ ကို​လေး "

" ရက်​စက်​လိုက်​တဲ့ အို ဆယ်​ ဟွန်း ။
အခုအချိန်​ထိ ငါက မင်းအတွက်​ ညီအကိုပတ်​သတ်​မှုဘဲလား "


.
.
.

မုန်​တိုင်းပါမည်​ထင်​သလား
မြင်​သာထင်​သာရှိ​နေတဲ့မုန်​တိုင်းဆိုရင်​မထည့်​ချင်​ဘူး
အဲ ဒါ​ပေမဲ့ ဒရမ်​မာ ​တွေအရမ်းချိုးချင်​လာရင်​​တော့
ဟဲဟဲ 😝😁

Continue Reading

You'll Also Like

624K 59.4K 36
Taekook 💜 ( Own Creation )
299K 51.2K 63
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
575K 75.1K 80
Ya Amar = My Moon or My most beautiful (Alpha & Omega)
156K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။