ကို​ ​လေး .. [ Complete ]

By DaeminChennie

67K 7.4K 362

ငါ မင်း ကိုမုန်းလိုက်​တာ .. More

I Know Your Secret ..
Are U FUCKING Stupid !!??
I Want to FUCK U !!!
Deep inside My Heart ..
Only One For Me ..
If We Are Distance ..
Lonely Christmas ..
Finally I Found U ..
Love Meaning is U ..
All My Love is For U ..
Just Stay Beside Me ..
Past ..
I Hate U ..
Please .. Don't Leave Me ..
Love in NightDream ..
I Know Your Secret [U]
Are U FUCKING Stupid !!?? [U]
I Want to FUCK U !!!! [U]
Deep inside My Heart .. [U]
I Show U My Place .. [U]
Only One For Me .. [U]
If We Are Distance .. [U]
Lonely Christmas .. [U]
Finally I Found U .. [U]
Love Meaning is U .. [U]
All My Love is For U [U]..
Just Stay Beside Me [U]..
Past .. [U]
I Hate U [U]..
Please .. Don't Leave Me .. [U]
Love in NightDream .. [U]

I Show U My Place ..

3.8K 446 9
By DaeminChennie

" ကို​လေး .. ငါ မင်းကိုဒီ​နေရာ​ခေါ်လာတာ
ငါဘာ​ကြောင့်​ ဒါမျိုး​တွေဝတ်​လဲဆိုတာ သိ​စေချင်​လို့ "

" စိတ်​မပူပါနဲ့ .. ငါက မင်းကို ဒုက္ခ​ရောက်​​အောင်
လုပ်​မဲ့သူလား "

" ​ကျေးဇူး .. ကို​လေး "

သူငယ်​ချင်း​တွေနှင့်​ ခဏ​တွေ့ပြီး ဆယ်​ ဟွန်း ကို
စိတ်​အ​နှောက်​အယှက်​မ​ပေးချင်​၍ ဝိုင်းဆွဲထားသည့်
ကြားက ဂျုံအင်​ ​ရှောင်​ထွက်​လာခဲ့သည်​ ။

ထို့​နောက်​ ဆယ်​ ဟွန်းက သူသွားမည့်​​နေရာကို
ဂျုံ အင့်​ကိုပါ လိုက်​​စေသည်​ ။

ကြယ်​ငါးလုံးအဆင့်​ရ အဆင့်​မြင့်​​ဟိုတယ်​တစ်​ခုကို
ခေါ်သွားပြီး ​ဗီ​ဗီအိုင်​ပီ ကဒ်​နှင့်​ ထို​ဟိုတယ်​၏
သီးသန့်​ရှိပုံ​ပေါ်​သော ဘားခန်းမသို့ ​ရောက်​သွားသည်​ ။

ဝင်​ဝင်​ချင်းပင်​ ဂျုံ အင်​ တစ်​ခါမှမ​တွေ့ဖူး​သောအပြင်​အဆင်
နှင့်​ဧည့်​ခံမှုပုံစံ​တွေ​ကြောင့်​ ဆယ်​ ဟွန်း ​ပြောပြမည့်
သူ့လျှိုဝှက်​ချက်​ကို ပိုပိုပြီးသိချင်​လာသည်​ ။

" ငါ အဝတ်​အစားလဲလိုက်​ဦးမယ်​ ။ လုံးဝအရက်
မ​သောက်​ရဘူး​နော်​ "

" မင်းမကြိုက်​တာဆို မလုပ်​ပါဘူး ဆယ်​ ဟွန်း ရာ "

မျက်​စိတစ်​ဖက်​မှိတ်​ပြကာ ခပ်​​နောက်​​နောက်​စမိ​တော့
ဆယ်​ ဟွန်း ပါးစပ်​လှုပ်​ရုံသာဆဲပြီး လက်​​မောင်းကို
တစ်​ချက်​ထိုးသွား၏ ။

လဒ​ကောင်​က အားနှင့်​ထိုးသွား​သဖြင့်​ ​အောင့်​ပြီး
ကျန်​ခဲ့သည့်​လက်​​​မောင်းကို ဆုတ်​ကိုင်​၍
ရယ်​ကျဲကျဲနှင့်​ အချစ်​မပျက်​သူမှာ ဂင်​ ဂျုံ အင်​ သာလျှင်​ ။

ဆယ်​ ဟွန်း ပြန်​​ရောက်​မလာ​သေးချိန်​ ဘားတစ်​ခုလုံးကို
လိုက်​ကြည့်​​တော့ အံ့သြစရာ​ကောင်း​လောက်​​အောင်​ပင်
အဆင့်​အတန်းမြင့်​ပြီး သိမ်​​မွေ့လွန်းသည်​ ။

သူ့ဝိုင်းနှင့်​သူ , သူ့အခန်းနှင့်​သူ အရက်​​သောက်​သူများမှ
လွဲ၍ အခြားသရုပ်​ပျက်​သည့်​ မြင်​ကွင်းမျိုးလုံးဝမရှိ ။

နား​အေးပါးအေးအရက်​​သောက်​ချင်​သူများအတွက်
အ​တော်​​လေး မိုက်​သည်​ ။

ဂျုံအင်​တို့လိုလူငယ်​များအတွက်​​တော့ ပျင်းဖို့​ကောင်းလွန်း
သည့်​​နေရာမျိုးဖြစ်​တာ​တော့အမှန်​ပင်​ ။

" လူကြီးမင်းအတွက်​ ဘယ်​လိုဝန်​​ဆောင်​မှုမျိုး
အလိုရှိပါသလဲ "

ဆယ်​ ဟွန်း စကားအတိုင်း ဘား​ကောင်​တာတွင်
အချိုရည်​​သောက်​ပြီးထိုင်​​စောင့်​​နေသည့်​ ဂျုံ အင့်​ အနား
ရောက်​လာ​သော ​ယောကျာ်းပျို .. မဟုတ်​​သေး မိန်းမပျို ..

မိုးပြာ​ရောင်​ ဂါဝန်​ရှည်​နှင့်​ သိမ်​​မွေ့သ​ယောင်
ခန့်​ညားသ​ယောင်​ သူမက ဂျုံ အင့်​ ​ဘေးနားရှိ ထိုင်​ခုံတွင်
ဝင်​ထိုင်​ပြီး ပြုံးပြလာသည်​ ။

ရွှေအို​ရောင်​ ဆံနွယ်​အ​ခွေများက ညှပ်​ရိုးထင်းထင်း
ပခုံး​ပေါ်မှ ဝဲကျကာ ​​ကျောပြင်​တစ်​ဝိုက်​တွင်​လည်း
လှပစွာ တည်​ရှိ​နေ​သေး၏ ။

လက်​​ကောက်​ဝတ်​ထိဖုံး​သော အင်္ကျီလက်​အဆုံးတွင်
ဖြူ ​ဖွေးပြီး လက်​​တစ်​​ချောင်းချင်းစီ ရှည်​လျား​သည့်
လက်​နှစ်​ဖက်​က ဂျုံ အင်​ အမြဲ​ငေးကြည့်​​နေကြ
ဆယ်​ ဟွန်း လက်​များနှင့်​ ဆင်​​သည်​ဟု 
တွေးမိ​လိုက်​သည်​ ။

" လူကြီး မင်း "

မ​ပျော့​ပျောင်းဘဲ ရှတတ​လေသံ အသွားအလာကကို
ချွဲပစ်​ပစ်​မိန်းမသံ​တွေထက်​ ပိုနား​ထောင်​​ကောင်း၏ ။

နီရဲ​နေသည့်​ နှုတ်​ခမ်းပါး ..
ဖြောင့်​စင်း​နေသည့်​ နှာတံ ..
မေးရိုးချွန်​ချွန်​နှင့်​ မိန်းက​လေးမဆန်​​သော မိန်းမပျို ..

ထပ်​ဆင့်​​လောင်းရလျှင်​ မထီမဲ့မြင်​အပြုံး​သေး​သေး​လေးနှင့်
ကြည်​​တောက်​​နေသည့်​ ပြာလဲ့လဲ့မျက်​လုံးအိမ်​များက
ဆွဲ​ဆောင်​မှုရှိပြီး ခန့်​ညားသည့်​အသွင်​လည်း
အသ​ရေ​ဆောင်​သည်​ ။

ဘယ်​လိုပုံမျိုးနဲ့ဘဲဖြစ်​ဖြစ်​ မင်းက ကြည့်​​ကောင်းလွန်း​နေ
တယ်​ အို ဆယ်​ ဟွန်း ..

" မင်းက ငါ့​ယောကျာ်းဖြစ်မဲ့သူ​​နဲ့အရမ်းတူတယ်​ "

" သူက လူကြီးမင်းအတွက်​ အ​ရေးပါပုံဘဲ "

" ​အို ဆယ်​ ဟွန်း က .. ငါ့ဘဝတစ်​ခုလုံး​လေ "

နည်းနည်း​လေး​တောင်​​ပြောင်းလဲမသွားသည့်
မိန်းမပျို၏ မျက်​နှာအစိတ်​အပိုင်းတစ်​ခုချင်းစီ
ဂျုံ အင်​ ​သေချာလိုက်​ကြည့်​သည်​ ။

" သူသိပါ​စေလို့ ဆု​တောင်း​ပေးပါတယ်​ လူကြီးမင်း "

" မင်း ဆု​တောင်း​ပေးလို့ ပြည့်​မှာပါ "

နှစ်​​တွေအကြာကြီး တစ်​အိမ်​ထဲ​နေခဲ့တာ​တောင်
ဆယ်​ ဟွန်း အ​ကြောင်းအကုန်​လုံးကို ဂျုံ အင်​ မသိ​ခဲ့တာ
မှန်​​နေပါပြီ ။

ဒီလိုအရက်​ဘားမျိုးမှာ ဒီလိုပုံဝတ်​ပြီး ဂျုံ အင့်​ကို​တောင်
မသိဟန်​​ဆောင်​ပြု သူစိမ်းအတိုင်း ဆက်​ဆံသည်​ဆို​တော့
ဘယ်​လိုကိစ္စမျိုးကို ဆယ်​ ဟွန်း တစ်​​ယောက်​တည်း
ကြိတ်​​ဖြေရှင်း​နေသနည်း ။

" မင်း ဘယ်​အချိန်​အလုပ်​ပြီးမှာလဲ "

" လူကြီးမင်း ပြန်​ရင်​​ပေါ့ "

" အပြင်​က ​စောင့်​​နေမယ်​ "

ခေါင်းငြိမ့်​ပြကာ အနားကထသွား​သော သူမ ..
တစ်​နည်း အို ဆယ်​ ဟွန်း ..

" ကို​လေး .. ပြန်​ရ​အောင်​ " 

ဟိုတယ်​​ရှေ့ ရပ်​​စောင့်​နေသည့်​ကျ​တော့်​အား
နောက်​က​နေ ပခုံးဖက်​ပြီး တွန်းလိုက်​သည့်
အပြု အမူက ​နောက်​လှည့်​ကြည့်​စရာ​တောင်​လိုမည်
မထင်​ ။

" ငါမသိထားတဲ့အ​ကြောင်းအရာ​တွေထပ်​ရှိ​သေးလား
ဆယ်​ ဟွန်း "

" ဘာကို​ပြောတာလဲ ကို​လေး "

" ခုဏက .. "

" ခုဏက ဘာဖြစ်​လို့လဲ .. ငါသွားပြီး
ဘာကိစ္စရှိ​လို့လဲ "

စကားထပ်​​ဟရန်​ ပြင်​လိုက်​​​ပေမဲ့ ဂျုံ အင့်​ ကို ပကတိ
ဘာမှမသိသည့်​အတိုင်း ပြန်​​မေး​သောအခါ
ဆယ်​ ဟွန်း ၏ မသိ​စေချင်​သည့်​စိတ်​ကို ရိပ်​မိလိုက်​သဖြင့်
ဂျုံ အင်​ ထပ်​​မေးရန်​ဆန္ဒမရှိ​တော့ ။

" ​ဘာမှမဟုတ်​​တော့ဘူး "

" ကို​လေ .. ငါ​ဗိုက်​ဆာတယ်​ "

ဂျုံ အင့်​ ပခုံးကိုသိုင်းဖက်​ပြီး လမ်းမအလယ်
ခုန်​​ပေါက်​ကာ ​ဗိုက်​ဆာ​ကြောင်းထညည်းသည့်
ဆယ်​ ဟွန်း ​ကြောင့်​ ​လော​လောလတ်​လတ်​ကြုံခဲ့ရသမျှ
တွေအား ချက်​ချင်း​မေ့သွား​စေသည်​ ။

" ငြိမ်​ငြိမ်​​နေစမ်းပါ ဆယ်​ ဟွန်း ရာ .. "

" တစ်​ချိန်​​တော့ မင်းသိရမှာပါ ။ ငါကိုယ်​တိုင်
အကုန်​​ပြောပြမယ်​ စိတ်​မပူနဲ့ ။
ကို​လေး ငါ တကယ်​​ဗိုက်​ဆာ​နေပြီ "

ရှေ့​နောက်​မညီ​သော စကားနှစ်​ခွန်းကို ​ပြောသွားသည့်
တိုင်​ ဆယ်​ ဟွန်း ​ပြောချင်​သည့်​ဆိုလိုရင်းအား
ဂျုံ အင်​ နားလည်​သည်​ ။

ထို့​ကြောင့်​ ဆယ်​ ဟွန်း ကိုယ်​တိုင်​ ဖွင့်​​ပြောပြမည့်
အချိန်​ကို ဂျုံ အင်​ ​စောင့်​​ပေးရမည်​ ။

" ​အိမ်​​ရောက်​ရင်​ စားရမယ်​ "

" မရဘူးကွာ အပြင်​မှာ တစ်​ခုခုဝယ်​​ကျွေး "

" ဘာကိစ္စဝယ်​​ကျွေးရမှာလဲ .. ကိုယ့်​ပိုက်​ဆံကို​ယ်​စား "

" ကို​ကို .. ဆယ်​ ဟွန်း နီး ​​ဗိုက်​ဆာ​နေတယ်​​လေ
ဒါ​လေး​တောင်​ ဝယ်​မ​ကျွေးချင်​ဘူးလား "

ည​နေပိုင်းက မိန်းက​လေးအဝတ်​နှင့်
ချွဲတုန်းက​တောင်​ ရင်​ခုန်​ရုံ​လောက်​ဘဲ ။

သို့​သော်​ အခုလို ​ယောကျာ်း​လေးတစ်​​ယောက်​ပုံစံ ဖြင့်
နှုတ်​ခမ်းဆူချွဲပစ်​မှုက​တော့ ဂျုံ အင့်​ကို ကြက်​သီး​တွေ
ထ​စေကာ ဤ​နေရာတွင်​ပင်​ လဲ​သေချင်​စိတ်
ပေါက်​သည်​ ။

" ဆယ်​ ဟွန်း .. ဒီအတိုင်းဘဲ​ပြောစမ်းပါကွာ ..
ငါ ရင်​တုန်​ပန်းတုန်​ ဖြစ်​လွန်းလို့ပါ "

" ကိုကိုကလည်း .. ကိုကိုဘဲ​ပြောတယ်​​လေ
ကိုကိုလို့​ခေါ်ရင်​ ပိုကြိုက်​တယ်​ဆို "

" အို ဆယ်​ ဟွန်း !!! "

လေတိုးသံ​လောက်​သာထွက်​လာသည့်​ဂျုံ အင့်​ အသံကို
တစ်​ဟားဟား​အော်​ရယ်​ကာ ဆယ်​ ဟွန်း တစ်​​ယောက်
သူ၏ စ​နောက်​မှု​အောင်​မြင်​လို့ ​ကျေနပ်​သွားသည့်​အတိုင်း ။

အို ဆယ်​ ဟွန်း နှင့်​ ပတ်​သတ်လျှင်​ စိတ်​​ပျော့လွယ်​သွား
သည့်​ ကိုယ့်​ကိုယ်​ကိုယ်​သာ ဂျုံ အင်​ အပြစ်​တင်​မိသည်​ ။

အခုလည်း တစ်​ကိုယ်​လုံး အားအင်​​တွေဆုတ်​ယုတ်
သွားသလို အခုန်​မြန်​လွန်း​နေ​သော ရင်​ဘတ်​ကိုသာ
ဖိပြီး ဆယ်​ ဟွန်း အား ​နောက်​ထပ်​ဘယ်​​တော့မှ
ကိုကို ဟူ​သော အသုံးအနှုန်းမ​ခေါ်ရန်​ သတိ​ပေး
ရ​တော့မည်​ ။

ကိုယ့်​​ရောဂါကိုယ်​မ​မွေးမြူ နိုင်​ပါ ။

အထူးသဖြင့်​ အိုဆယ်​ဟွန်းနှင့်​ ပတ်​သတ်​၍ ..

.
.
.

ကျ​တော့်​ကို ဇာတ်​လမ်းသွားတာမြန်​ပြီး
တိုတို​လေးနဲ့ပြီးတက်​တယ်​တဲ့
ဟုတ်​ပါတယ်​ လိုရင်းဘဲ​ရေးတက်​တဲ့ကျ​နော့်​အကျင့်​အရ
အပိုင်းနည်းနည်း​လေးနဲ့ အကုန်​ချုပ်​သိမ်းပစ်​တာ
အခု​တော့ ဆယ်​ဟွန်းရဲ့လျှို့ဝှက်​ချက်​ကို ထုတ်​ပြမလို့
လုပ်​​နေတာ ဒါ​ပေမဲ့နည်းနည်း​လောက်​ရှည်​ချင်​လို့
မ​ဖော်​​သေးဘူး 😁 ​စောင့်​​ပေးပါ​နော်​ 😁

Continue Reading

You'll Also Like

156K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
498K 67.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
679K 50.9K 46
wang yibo💚 ခင်​ဗျားတို့ သိကြလားကျွန်​​တော်​ကအတ္တကြီးပြီး အချစ်​နဲ့အမုန်းကိုမခွဲခြားတတ်​တဲ့ အချစ်​ရှုံးသမားဆိုတာ..... ခင်ဗျားတို့သိကြလားကျွန်တော်ကအတ္တ...
67.6K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...