တစ္ရံေရာအခါ.....

By SmileSmile553

59.8K 2.4K 130

လူေတြက အခ်စ္ကိုအမ်ိဳးမ်ိဳး အဓိပၸာယ္ဖြင့္ဆိုၾကတယ္ ကြ်န္ေတာ္ကေတာ့ ခင္ဗ်ားကို ေသေလာက္ေအာင္ခ်စ္မိေနတာပဲသိတယ္ ဟန္... More

Part ( 1 )
Part ( 2 )
Part ( 3 )
Part ( 4 )
Part ( 5 )
Part ( 6 )
Part ( 7 )
Part ( 8 )
Part ( 9 )
Part ( 10 )
Part ( 11 )
Part ( 12 )
Part ( 13 )
Part ( 14 )
Part ( 15 )
Part ( 16 )
Part( 17 )
Part ( 18 )
Part ( 19 )
Part ( 20 )
Part ( 21 )
Part ( 22 )
part ( 23 )
Part ( 24 )
Part ( 25 )
Part ( 26 )
Part ( 27 )
Part ( 28 )
Part ( 29 )
Part ( 30 )
Part ( 31 )
Part ( 32 )
Part ( 33 )
Part ( 34 )
Part ( 35 )
Part ( 37 )
Part ( 38 )
Part ( 39 )
Part ( 40 )
Part ( 41 )
Part ( 42 )
Part ( 43 )
The End
ေက်းဇူးတင္လႊာ

Part ( 36 )

707 35 0
By SmileSmile553

တူ   တူ   တူ   တူ

" ဟယ္လို "

" …… "

" ႐ွင္ ! … သား … သားေလး ဘာျဖစ္သြားေသးလဲ "

" …… "

" ေကာင္းၿပီ … အစ္မ ညကားနဲ႔တက္လာခဲ႔မယ္။ သားေလးကို ဂ႐ုစိုက္ေပးပါဦး ေသာင္းထြန္းရယ္ "

ဖုန္းေျပာၿပီးသည့္ေနာက္ ထိုေနရာတြင္သာ ထိုင္က်သြားၿပီး ငိုေႂကြးေနမိသည္။

ဘာမွမျဖစ္ပါေစနဲ႔ သားေလးရယ္

~~~~~~~~~~~~~~~~~~~~~

" ေမာင္ "

" ေမာင္ "

" ေမာင္ "

" ဟမ္ … ေၾသာ္ … သံစဥ္ေျပာေလ "

" ဘာေတြစဥ္းစားေနလို႔ ေခၚတာေတာင္မၾကားရတာလဲ ေမာင္ရယ္ "

" ဒီလိုပါပဲ "

" ေမာင္ … စိတ္ညစ္စရာ႐ွိလို႔လား။ ႐ွိရင္ သံစဥ္ကိုေျပာျပေလ "

" မ႐ွိပါဘူး … ဟန္ရဲ႕ "

လင္းခန္႔တစ္ေယာက္စိတ္ေတြ႐ႈပ္ေထြးကာ မိမိေျပာလိုက္ေသာစကားကို သတိမမူမိေပမယ့္ သံစဥ္ကေတာ့ ေနာက္ဆံုးစကားေၾကာင့္ မ်က္ႏွာပ်က္သြားရေလသည္။

သို႔ေသာ္ သူမကိုသတိမမူမိေသာ လင္းခန္႔ကေတာ့ ေကာ္ဖီခြက္ကိုကိုင္၍ တစ္ငံု႔မွ်ေသာက္ၿပီးေနာက္ အေဝးသို႔သာေငးေမာၾကည့္ေနေလသည္။

မ်က္ႏွာခ်င္းဆိုင္ထိုင္ခံုတြင္ ထိုင္ေနေသာ ေမာင့္ကိုၾကည့္ကာ သံစဥ္ႏႈတ္ခမ္းကိုသာ နာနာဖိကိုက္ထားမိသည္။

ေမာင္ ကြၽန္မကိုတြဲဖို႔ေျပာခဲ႔တာက အစားထိုးဖို႔သက္သက္မွန္း သူမသိခဲ႔ေပမယ့္ လက္ခံခဲ႔သည္။

သို႔ေသာ္ ေမာင္ကေတာ့ သူမထက္ အနားတြင္ မ႐ွိေသာသူကိုသာ တမ္းတေနတတ္သည္။ သူမ ႐ွိေနလွ်က္သားနဲ႔ တစ္ျခားတစ္ေယာက္ကို လြမ္းဆြတ္ေနတတ္ေသးသည္။ ၿပီးေတာ့ ယခုကဲ႔သို႔ပင္ ရံဖန္ရံခါနာမည္ေခၚတတ္ေသးသည္။

သူမသာ ဘာမွမျဖစ္သလို မသိဟန္သာေဆာင္ေနေပမယ့္ ေမာင္ကေတာ့ သူ႕ႏႈတ္ဖ်ားကထြက္လာေသာ နာမည္ကို သတိမမူမိေပ။ ဟန္စစ္က ေမာင့္အတြက္ အဲ႔ေလာက္ေတာင္ အေရးပါေနတာလား။ ဒါဆို ကြၽန္မကေရာ ေမာင္။

စိတ္တိုေဒါသထြက္မိရပါသည္။ တစ္ခါတစ္ခါ ေျပာမျပတတ္ေအာင္ နာက်င္ရပါသည္။ သူမကို တြဲၾကရေအာင္ဟုသာေျပာခဲ႔ေသာေန႔ကစ၍ တစ္ရက္ႏွစ္ရက္မွ်သာ မိမိကို ဂ႐ုစိုက္၊ အေလးေပးမႈသာ႐ွိခဲ႔သည္။ ထိုေနာက္ပိုင္းတြင္ေတာ့ လူကသာအနားတြင္ ႐ွိေနေပမယ့္ စိတ္ကေတာ့ …

သူမကေရာ အဘယ္သူကို အျပစ္တင္ႏိုင္မည္လဲ။ ဒီလမ္းက မိမိေ႐ြးခ်ယ္ခဲ႔သည့္လမ္းမဟုတ္လား။ စမိသည့္ဇာတ္ဆံုးေအာင္ကရန္သာ ႐ွိေတာ့သည္။ ျဖစ္သမွ်အေၾကာင္း အေကာင္းလို႔သာ မွတ္ယူရေတာ့မည္မဟုတ္လား။ ကိုခန္႔ကိုေတာ့ သူမ မလႊတ္ေပးႏိုင္တာမို႔ အဆံုးသတ္သည္အထိ နာက်င္မႈတို႔ကို ဆုပ္ကိုင္ထားပါရေစ။ သူမ ေဘးနားကမထြက္သြားရင္သာ ေက်နပ္ပါၿပီ။

အေဝးကိုသာေငးေမာေနေသာသူကိုၾကည့္၍ သူမသက္ျပင္းအသာခ်လိုက္ၿပီး ထိုင္ေနရာမွထကာ ထိုလူေဘး႐ွိထိုင္ခံုတြင္ ဝင္ထိုင္လိုက္ၿပီးေနာက္ ပုခံုးေပၚေခါင္းေမွးတင္ကာ

" ေမာင္ … ေနာက္အပတ္ပိတ္ရက္ ဘာလုပ္ဖို႔အစီအစဥ္႐ွိလဲ "

" ေထြေထြထူးထူးမ႐ွိပါဘူး။ အိမ္မွာပဲ႐ွိဖို႔မ်ားတယ္ "

" သံစဥ္တို႔ေနာက္အပတ္ ႐ုပ္႐ွင္သြားၾကည့္ရေအာင္။ ေနာက္အပတ္တင္မယ့္ ဇာတ္ကားက သံစဥ္အႀကိဳက္ေလ။ အရမ္းၾကည့္ခ်င္လို႔ … သြားရေအာင္ … ေနာ္ "

" အင္း "

" ေမာင္က ခ်စ္ဖို႔ေကာင္းလိုက္တာ "

" ဒါက ဘယ္လိုျဖစ္ေနတာလဲ "

ေဒါသသံႏွင့္ေျပာလာေသာစကားေၾကာင့္ လင္းခန္႔အျပင္ဘက္သို႔ေငးေနရာမွ အသံလာရာသို႔ လွည့္ၾကည့္လိုက္သည္။

" လင္းခန္႔ … မင္း အျပင္ထြက္လာခဲ႔ "

ေျပာၿပီးလွည့္ထြက္သြားသူေနာက္ လင္းခန္႔သက္ျပင္းအသာခ်ကာ လိုက္သြားဖို႔ျပင္လိုက္စဥ္

" ေမာင္ သူက ဘယ္သူလဲ "

" သူငယ္ခ်င္း "

လက္ကိုျဖဳတ္ခ်ကာ ထြက္သြားေသာေက်ာျပင္ကို ေငးၾကည့္ရင္း သူမ ႏႈတ္ခမ္းကိုသာ နာနာကိုက္မိသည္။

~~~~~~~~~~~~~~~~~~~~~~~~~~

" လင္းခန္႔ … မင္းနဲ႔သူက ဘာေတြလဲ "

" ငါတို႔တြဲေနၾကတာ "

" ဒါဆို … ဟန္စစ္ကေရာ … မင္း ခ်စ္လွပါၿပီဆိုတဲ႔ ဟန္စစ္ကေရာ … ဟမ္ … "

အံမင္းသာရဲ႕အေမးေၾကာင့္ လင္းခန္႔မဲ႔ၿပံဳးၿပံဳးလိုက္ကာ

" ဟန္စစ္က ဘာျဖစ္လို႔လဲ "

" မင္း ! … မင္း အခုလုပ္ရပ္က ဟန္စစ္အေပၚ သစၥာမဲ႔ေနတယ္လို႔ မထင္ဘူးလား "

" ဟားးး … ငါ့ လုပ္ရပ္က သစၥာမဲ႔တယ္ "

လင္းခန္႔ခါးေထာက္ကာ ဆံပင္တို႔ကိုသပ္တင္လိုက္၍ အားရေအာင္ရယ္လိုက္ၿပီးေနာက္

" ဒါဆို … တစ္ျခားမိန္းမတစ္ေယာက္နဲ႔ သြားေတြ႕တဲ႔လူကေရာ … အဲ႔ဒီလူက သစၥာ႐ွိတယ္ေပါ့ေလ "

" လင္းခန္႔ မင္း ဘာေျပာတာလဲ "

" မင္းတု႔ိေျပာတာ ငါမၾကားဘူးမ်ား ထင္ေနလား … ဟမ္ … မင္းနဲ႔ ဟိန္းမင္းေျပာတာ ငါအားလံုးၾကားၿပီးၿပီ။ မင္းတို႔ကြာ သူငယ္ခ်င္းပီပီ ငါ့ကို လိမ္ထားရက္တယ္။ ငါဘယ္ေလာက္ခံစားေနရတယ္ဆိုတာ မင္းတို႔ သိရက္နဲ႔ ငါ့ကုိဖံုးကြယ္ထားရက္တယ္။ ဘယ္ခ်ိန္ထိမင္းတို႔ ငါ့ကိုအ႐ူးလုပ္ဖို႔ စဥ္းစားထားၾကတာလဲ … ဟမ္ … "

" မင္း ထင္သလိုမဟုတ္ဘူး … လင္းခန္႔။ ငါ ေျပာတာ နားေထာင္ဦး "

" ေတာ္စမ္းပါ … ငါ့ကို ပစ္ခ်င္သလိုပစ္သြားတဲ႔ေကာင္ဘက္က ေ႐ွ႕ေနလိုက္ေပးမယ့္စကားေတြကို နားေထာင္ရဦးမွာလား "

ခြပ္

လင္းခန္႔စကားအဆံုး မထင္မွတ္ဘဲအထိုးခံလိုက္ရတာေၾကာင့္ ထိုလူအားၾကည့္လိုက္ေတာ့

" ခင္ဗ်ား … ဟန္စစ္ကို မေစာ္ကားနဲ႔ "

လက္သီးကိုက်စ္က်စ္ပါေအာင္ ဆုပ္ထားကာ ေဒါသတႀကီးနဲ႔ေျပာေနေသာ ခန္႔ေက်ာ္ေၾကာင့္ ေလွာင္ၿပံဳးတစ္ခ်က္ၿပံဳး၍ ရယ္လိုက္ကာ

" ငါ ေျပာတဲ႔ထဲ မွားေနတာေတြမ်ား ပါေနလို႔လား "

" ခင္ဗ်ား … "

" ေတာ္ေတာ့ … က်ဴးေလး … လူေတြအံုလာရင္မေကာင္းဘူး။ ကိုယ္တို႔ျပန္ၾကရေအာင္ "

" ခင္ဗ်ားကို အေတာ္စိတ္ပ်က္မိတယ္ ကိုခန္႔။ ခင္ဗ်ားေပၚခ်စ္တဲ႔ ဟန္စစ္ရဲ႕အခ်စ္ကို ေစာ္ကားရက္တယ္။ ခင္ဗ်ားကိုအလြယ္တကူစြန္႔ပစ္ဖို႔ စဥ္းစားရင္ အစထဲက ခင္ဗ်ားရဲ႕အခ်စ္ကို လက္ခံခဲ႔မွာေတာင္မဟုတ္ဘူး။ ခင္ဗ်ားကို ဟန္စစ္ဘယ္ေလာက္ထိခ်စ္လဲ ခင္ဗ်ားနားမလည္ဘူးလား။ ခင္ဗ်ား ေနာင္တမရေစဖို႔ ကြၽန္ေတာ္ ဆုေတာင္းတယ္ "

ေျပာခ်င္တာေျပာၿပီး လွည့္ထြက္သြားေသာ က်ဴးေလးေနာက္သို႔ အံ႔မင္းအသာလိုက္သြားရသည္။ လင္းခန္႔တို႔ႏွင့္အေတာ္ေလးေဝးေသာေနရာေရာက္မွ က်ဴးေလးလက္ကိုလွမ္းဆြဲလိုက္ကာ

" ကိုယ့္ကားက ဟိုဘက္မွာရပ္ထားတာ လိုက္ခဲ႔ "

ဆြဲေခၚရာေနာက္သို႔ျငင္းဆန္ျခင္းမ႐ွိဘဲ လိုက္ပါလာေသာက်ဴးေလးကို ကားတံခါးဖြင့္၍ ကားထဲသို႔ ဝင္ထိုင္ေစလိုက္သည္။ ကားေမာင္းသူေနရာတြင္ မိမိဝင္ထိုင္လိုက္ၿပီးေနာက္ တစ္ေယာက္ႏွင့္တစ္ေယာက္စကားမေျပာဘဲ အခ်ိန္အေတာ္ၾကာသည္အထိ တိတ္ဆိတ္ေနမိသည္။

က်ဴးေလးႏွင့္ေကာ္ဖီဆိုင္တြင္ ခ်ိန္းထားသည္မို႔ လာခဲ႔ရာ လင္းခန္႔ကိုေကာင္မေလးတစ္ေယာက္ႏွင့္ တြဲေတြ႔လိုက္ရသည္မို႔ ေဒါသအေတာ္ထြက္သြားတာေတာ့အမွန္ပင္။ မိမိသူငယ္ခ်င္းျဖစ္သူသည္ ဘယ္ကဘယ္လို ယခုကဲ႔သို႔ အဓိပၸာယ္မ႐ွိေသာလုပ္ရပ္ကို လုပ္ႏိုင္တာလဲ။ ဘာအေၾကာင္းေတြ ဘယ္လိုပဲ႐ွိ႐ွိ မိမိသူငယ္ခ်င္းကို သစၥာမဲ႔ေသာလုပ္ရပ္ကို အားမေပးႏိုင္ေခ်။

႐ုတ္တရက္အဆက္အသြယ္ပ်က္သြားေသာ ဟန္စစ္အေနနဲ႔ ဘယ္လိုအေၾကာင္းေတြ႐ွိေနပါေစ ေသခ်ာမသိရေသးဘဲ ေကာက္ခ်က္ခ်လို႔မရေပ။ ကာယကံ႐ွင္နဲ႔ေတြ႕မွသာ ေသခ်ာေမးျမန္း၍ ဆံုးျဖတ္ရမည္မဟုတ္လား။ မေသခ်ာ၊ မေရရာဘဲ ကိုယ္စိတ္ထင္တိုင္းဆံုးျဖတ္၍ အခ်ိန္တန္မိမိဘက္က မွားေနရင္ အားလံုးက ေနာင္တရစရာေတြျဖစ္ေနလိမ့္မည္။

သူစိမ္းတစ္ေယာက္ရဲ႕အေ႐ွ႕တြင္ သူငယ္ခ်င္းျဖစ္သူအေၾကာင္းအား မေျပာခ်င္၍ အျပင္သို႔ေခၚထုတ္လာခဲ႔လိုက္မိသည္။ လင္းခန္႔ရဲ႕လုပ္ရပ္က ဟန္စစ္အေပၚ သစၥာမဲ႔ရာမေရာက္ဘူးလားလို႔ ေမးမိေတာ့ ျပန္၍ေမးခြန္းထုတ္လာေသာ လင္းခန္႔ေၾကာင့္ သူအံ႔ၾသရသည္။ ဒီေကာင္ ဒီအေၾကာင္းေတြကို ဘယ္လိုသိသြားရတာပါလိမ့္ဟု ေတြးေတာကာ စကားလမ္းေၾကာင္းလႊဲလိုက္စဥ္ ဟိန္းမင္းႏွင့္မိမိ ေျပာစကားေတြအားလံုးၾကားၿပီးၿပီဟူေသာ လင္းခန္႔စကားေၾကာင့္ အံ႔မင္းတုန္လႈပ္ခဲ႔ရသည္။

မိမိတို႔အေနနဲ႔ လင္းခန္႔ကိုတမင္ဖံုးကြယ္ထားတာ မဟုတ္ေသာ္လည္း လင္းခန္႔ကေတာ့ မိမိတို႔ကို အထင္လြဲေနခဲ႔ေခ်ၿပီ။ ဒီျပႆနာေတြကိုေျဖ႐ွင္းဖို႔က ဟန္စစ္ကိုျပန္ေတြ႕မွသာျဖစ္ေတာ့မည္။ ဒါေပမယ့္လည္း ဟန္စစ္က ဘယ္ေရာက္လို႔ဘယ္ေပါက္ေနမွန္းမသိ။

" အစ္ကိုလင္းခန္႔က သိသြားၿပီဆိုေတာ့ ဘယ္လိုလုပ္မလဲ။ ဟန္စစ္ကလည္း ခုထိျပန္မလာေသးဘူး။ ဘာေတြျဖစ္ေနၿပီလဲေတာင္မသိေတာ့ဘူး "

" က်ဴးေလး … ဘယ္ခ်ိန္တည္းကေရာက္ေနတာလဲ "

" တစ္ျခားမိန္းမနဲ႔သြားေတြ႔တယ္လို႔ ကိုခန္႔ေျပာတည္းကေရာက္ေနတာ "

" ေၾသာ္ "

ေတာ္ေသးတာေပါ့။ လင္းခန္႔အေၾကာင္းအစအဆံုးကိုမသိလိုက္လို႔။ ဘယ္လိုပင္ျဖစ္ေစ မိမိသူငယ္ခ်င္းကိုေတာ့ အထင္ေသးမွာကို မလိုလားေပ။

" က်ဴးေလး … ဟန္စစ္က တကယ္ပဲ … "

" အစ္ကိုတို႔ ကြၽန္ေတာ္သူငယ္ခ်င္းေပၚ ဘယ္လိုထင္ထင္၊ ကြၽန္ေတာ္ေတာ့ ဟန္စစ္ကိုယံုတယ္။ ဟန္စစ္က အစ္ကိုတို႔ ထင္သလိုလုပ္မယ့္သူမ်ိဳးမဟုတ္ဘူး။ ကိုလင္းခန္႔ေပၚထားတဲ႔ ဟန္စစ္ရဲ႕စိတ္ကို ကြၽန္ေတာ္သိတယ္။ မိဘခ်င္းသေဘာတူတဲ႔သူကို သြားေတြ႕တယ္ဆိုရင္ေတာင္ မိဘေတြရဲ႕သေဘာထားကို ဒီေကာင္ ရေအာင္ဖ်က္ခဲ႔မယ္ဆိုတာ ေသခ်ာတယ္။ အစ္ကို ကြၽန္ေတာ္သူငယ္ခ်င္းကို မယံုရင္ေတာင္ ကြၽန္ေတာ္ေျပာတာကိုေတာ့ ယံုေပးပါ "

" က်ဴးေလးေျပာတာ ကိုယ္ယံုပါတယ္။ ဒါေပမယ့္ ခုအေျခအေနမွာက ဟန္စစ္႐ွိမွျဖစ္ေတာ့မွာေလ "

" ဟန္စစ္ေရာက္လာရင္ ျပႆနာအားလံုးေျပလည္ေစဖို႔ပဲ ဆုေတာင္းရေတာ့မယ္ "

" ကဲပါ … အဲ႔တာေတြထားလိုက္ပါေတာ့။ ကိုယ္တို႔အေၾကာင္းပဲ စဥ္းစားရေအာင္ "

မိမိအေျပာကိုတစ္ခ်က္ေစြ၍ မႈန္ကုတ္ကာၾကည့္လာေသာ က်ဴးေလးေၾကာင့္ အသည္းယားလာကာ ထိုေကာင္ေလးရဲ႕ေခါင္းကိုဖြလိုက္ေတာ့ လက္ကိုပုတ္ထုတ္လိုက္ၿပီး ပြစိပြစိႏွင့္တစ္ဖက္သို႔လွည့္သြားေလသည္။

ဟူး … ဟန္စစ္ေရ ျပန္လာေတာ့ကြ။ မင္းေၾကာင့္ ငါ့သူငယ္ခ်င္းလည္း မ႐ူးယံုျဖစ္ေနၿပီ။ ငါ့ခ်စ္သူေလးလည္း မင္းေၾကာင့္ စိတ္ညစ္ေနရၿပီ။ ၿပီးေတာ့ ငါ့သူငယ္ခ်င္းကိုလည္း လမ္းမွားမေရာက္ေစခ်င္ဘူး။ အရာအားလံုးက မင္းျပန္လာမွ ေျဖ႐ွင္းလို႔ရေတာ့မွာကြ …






ခ်စ္ေသာ💕💕
Coral


----------------------------------------------

Part(36)


တူ   တူ   တူ   တူ

" ဟယ်လို "

" …… "

" ရှင် ! … သား … သားလေး ဘာဖြစ်သွားသေးလဲ "

" …… "

" ကောင်းပြီ … အစ်မ ညကားနဲ့တက်လာခဲ့မယ်။ သားလေးကို ဂရုစိုက်ပေးပါဦး သောင်းထွန်းရယ် "

ဖုန်းပြောပြီးသည့်နောက် ထိုနေရာတွင်သာ ထိုင်ကျသွားပြီး ငိုကြွေးနေမိသည်။

ဘာမှမဖြစ်ပါစေနဲ့ သားလေးရယ်

~~~~~~~~~~~~~~~~~~~~~

" မောင် "

" မောင် "

" မောင် "

" ဟမ် … သြော် … သံစဉ်ပြောလေ "

" ဘာတွေစဉ်းစားနေလို့ ခေါ်တာတောင်မကြားရတာလဲ မောင်ရယ် "

" ဒီလိုပါပဲ "

" မောင် … စိတ်ညစ်စရာရှိလို့လား။ ရှိရင် သံစဉ်ကိုပြောပြလေ "

" မရှိပါဘူး … ဟန်ရဲ့ "

လင်းခန့်တစ်ယောက်စိတ်တွေရှုပ်ထွေးကာ မိမိပြောလိုက်သောစကားကို သတိမမူမိပေမယ့် သံစဉ်ကတော့ နောက်ဆုံးစကားကြောင့် မျက်နှာပျက်သွားရလေသည်။

သို့သော် သူမကိုသတိမမူမိသော လင်းခန့်ကတော့ ကော်ဖီခွက်ကိုကိုင်၍ တစ်ငုံ့မျှသောက်ပြီးနောက် အဝေးသို့သာငေးမောကြည့်နေလေသည်။

မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ထိုင်နေသော မောင့်ကိုကြည့်ကာ သံစဉ်နှုတ်ခမ်းကိုသာ နာနာဖိကိုက်ထားမိသည်။

မောင် ကျွန်မကိုတွဲဖို့ပြောခဲ့တာက အစားထိုးဖို့သက်သက်မှန်း သူမသိခဲ့ပေမယ့် လက်ခံခဲ့သည်။

သို့သော် မောင်ကတော့ သူမထက် အနားတွင် မရှိသောသူကိုသာ တမ်းတနေတတ်သည်။ သူမ ရှိနေလျှက်သားနဲ့ တစ်ခြားတစ်ယောက်ကို လွမ်းဆွတ်နေတတ်သေးသည်။ ပြီးတော့ ယခုကဲ့သို့ပင် ရံဖန်ရံခါနာမည်ခေါ်တတ်သေးသည်။

သူမသာ ဘာမှမဖြစ်သလို မသိဟန်သာဆောင်နေပေမယ့် မောင်ကတော့ သူ့နှုတ်ဖျားကထွက်လာသော နာမည်ကို သတိမမူမိပေ။ ဟန်စစ်က မောင့်အတွက် အဲ့လောက်တောင် အရေးပါနေတာလား။ ဒါဆို ကျွန်မကရော မောင်။

စိတ်တိုဒေါသထွက်မိရပါသည်။ တစ်ခါတစ်ခါ ပြောမပြတတ်အောင် နာကျင်ရပါသည်။ သူမကို တွဲကြရအောင်ဟုသာပြောခဲ့သောနေ့ကစ၍ တစ်ရက်နှစ်ရက်မျှသာ မိမိကို ဂရုစိုက်၊ အလေးပေးမှုသာရှိခဲ့သည်။ ထိုနောက်ပိုင်းတွင်တော့ လူကသာအနားတွင် ရှိနေပေမယ့် စိတ်ကတော့ …

သူမကရော အဘယ်သူကို အပြစ်တင်နိုင်မည်လဲ။ ဒီလမ်းက မိမိရွေးချယ်ခဲ့သည့်လမ်းမဟုတ်လား။ စမိသည့်ဇာတ်ဆုံးအောင်ကရန်သာ ရှိတော့သည်။ ဖြစ်သမျှအကြောင်း အကောင်းလို့သာ မှတ်ယူရတော့မည်မဟုတ်လား။ ကိုခန့်ကိုတော့ သူမ မလွှတ်ပေးနိုင်တာမို့ အဆုံးသတ်သည်အထိ နာကျင်မှုတို့ကို ဆုပ်ကိုင်ထားပါရစေ။ သူမ ဘေးနားကမထွက်သွားရင်သာ ကျေနပ်ပါပြီ။

အဝေးကိုသာငေးမောနေသောသူကိုကြည့်၍ သူမသက်ပြင်းအသာချလိုက်ပြီး ထိုင်နေရာမှထကာ ထိုလူဘေးရှိထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် ပုခုံးပေါ်ခေါင်းမှေးတင်ကာ

" မောင် … နောက်အပတ်ပိတ်ရက် ဘာလုပ်ဖို့အစီအစဉ်ရှိလဲ "

" ထွေထွေထူးထူးမရှိပါဘူး။ အိမ်မှာပဲရှိဖို့များတယ် "

" သံစဉ်တို့နောက်အပတ် ရုပ်ရှင်သွားကြည့်ရအောင်။ နောက်အပတ်တင်မယ့် ဇာတ်ကားက သံစဉ်အကြိုက်လေ။ အရမ်းကြည့်ချင်လို့ … သွားရအောင် … နော် "

" အင်း "

" မောင်က ချစ်ဖို့ကောင်းလိုက်တာ "

" ဒါက ဘယ်လိုဖြစ်နေတာလဲ "

ဒေါသသံနှင့်ပြောလာသောစကားကြောင့် လင်းခန့်အပြင်ဘက်သို့ငေးနေရာမှ အသံလာရာသို့ လှည့်ကြည့်လိုက်သည်။

" လင်းခန့် … မင်း အပြင်ထွက်လာခဲ့ "

ပြောပြီးလှည့်ထွက်သွားသူနောက် လင်းခန့်သက်ပြင်းအသာချကာ လိုက်သွားဖို့ပြင်လိုက်စဉ်

" မောင် သူက ဘယ်သူလဲ "

" သူငယ်ချင်း "

လက်ကိုဖြုတ်ချကာ ထွက်သွားသောကျောပြင်ကို ငေးကြည့်ရင်း သူမ နှုတ်ခမ်းကိုသာ နာနာကိုက်မိသည်။

~~~~~~~~~~~~~~~~~~~~~~~~~~

" လင်းခန့် … မင်းနဲ့သူက ဘာတွေလဲ "

" ငါတို့တွဲနေကြတာ "

" ဒါဆို … ဟန်စစ်ကရော … မင်း ချစ်လှပါပြီဆိုတဲ့ ဟန်စစ်ကရော … ဟမ် … "

အံမင်းသာရဲ့အမေးကြောင့် လင်းခန့်မဲ့ပြုံးပြုံးလိုက်ကာ

" ဟန်စစ်က ဘာဖြစ်လို့လဲ "

" မင်း ! … မင်း အခုလုပ်ရပ်က ဟန်စစ်အပေါ် သစ္စာမဲ့နေတယ်လို့ မထင်ဘူးလား "

" ဟားးး … ငါ့ လုပ်ရပ်က သစ္စာမဲ့တယ် "

လင်းခန့်ခါးထောက်ကာ ဆံပင်တို့ကိုသပ်တင်လိုက်၍ အားရအောင်ရယ်လိုက်ပြီးနောက်

" ဒါဆို … တစ်ခြားမိန်းမတစ်ယောက်နဲ့ သွားတွေ့တဲ့လူကရော … အဲ့ဒီလူက သစ္စာရှိတယ်ပေါ့လေ "

" လင်းခန့် မင်း ဘာပြောတာလဲ "

" မင်းတု့ိပြောတာ ငါမကြားဘူးများ ထင်နေလား … ဟမ် … မင်းနဲ့ ဟိန်းမင်းပြောတာ ငါအားလုံးကြားပြီးပြီ။ မင်းတို့ကွာ သူငယ်ချင်းပီပီ ငါ့ကို လိမ်ထားရက်တယ်။ ငါဘယ်လောက်ခံစားနေရတယ်ဆိုတာ မင်းတို့ သိရက်နဲ့ ငါ့ကိုဖုံးကွယ်ထားရက်တယ်။ ဘယ်ချိန်ထိမင်းတို့ ငါ့ကိုအရူးလုပ်ဖို့ စဉ်းစားထားကြတာလဲ … ဟမ် … "

" မင်း ထင်သလိုမဟုတ်ဘူး … လင်းခန့်။ ငါ ပြောတာ နားထောင်ဦး "

" တော်စမ်းပါ … ငါ့ကို ပစ်ချင်သလိုပစ်သွားတဲ့ကောင်ဘက်က ရှေ့နေလိုက်ပေးမယ့်စကားတွေကို နားထောင်ရဦးမှာလား "

ခွပ်

လင်းခန့်စကားအဆုံး မထင်မှတ်ဘဲအထိုးခံလိုက်ရတာကြောင့် ထိုလူအားကြည့်လိုက်တော့

" ခင်ဗျား … ဟန်စစ်ကို မစော်ကားနဲ့ "

လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားကာ ဒေါသတကြီးနဲ့ပြောနေသော ခန့်ကျော်ကြောင့် လှောင်ပြုံးတစ်ချက်ပြုံး၍ ရယ်လိုက်ကာ

" ငါ ပြောတဲ့ထဲ မှားနေတာတွေများ ပါနေလို့လား "

" ခင်ဗျား … "

" တော်တော့ … ကျူးလေး … လူတွေအုံလာရင်မကောင်းဘူး။ ကိုယ်တို့ပြန်ကြရအောင် "

" ခင်ဗျားကို အတော်စိတ်ပျက်မိတယ် ကိုခန့်။ ခင်ဗျားပေါ်ချစ်တဲ့ ဟန်စစ်ရဲ့အချစ်ကို စော်ကားရက်တယ်။ ခင်ဗျားကိုအလွယ်တကူစွန့်ပစ်ဖို့ စဉ်းစားရင် အစထဲက ခင်ဗျားရဲ့အချစ်ကို လက်ခံခဲ့မှာတောင်မဟုတ်ဘူး။ ခင်ဗျားကို ဟန်စစ်ဘယ်လောက်ထိချစ်လဲ ခင်ဗျားနားမလည်ဘူးလား။ ခင်ဗျား နောင်တမရစေဖို့ ကျွန်တော် ဆုတောင်းတယ် "

ပြောချင်တာပြောပြီး လှည့်ထွက်သွားသော ကျူးလေးနောက်သို့ အံ့မင်းအသာလိုက်သွားရသည်။ လင်းခန့်တို့နှင့်အတော်လေးဝေးသောနေရာရောက်မှ ကျူးလေးလက်ကိုလှမ်းဆွဲလိုက်ကာ

" ကိုယ့်ကားက ဟိုဘက်မှာရပ်ထားတာ လိုက်ခဲ့ "

ဆွဲခေါ်ရာနောက်သို့ငြင်းဆန်ခြင်းမရှိဘဲ လိုက်ပါလာသောကျူးလေးကို ကားတံခါးဖွင့်၍ ကားထဲသို့ ဝင်ထိုင်စေလိုက်သည်။ ကားမောင်းသူနေရာတွင် မိမိဝင်ထိုင်လိုက်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက်စကားမပြောဘဲ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေမိသည်။

ကျူးလေးနှင့်ကော်ဖီဆိုင်တွင် ချိန်းထားသည်မို့ လာခဲ့ရာ လင်းခန့်ကိုကောင်မလေးတစ်ယောက်နှင့် တွဲတွေ့လိုက်ရသည်မို့ ဒေါသအတော်ထွက်သွားတာတော့အမှန်ပင်။ မိမိသူငယ်ချင်းဖြစ်သူသည် ဘယ်ကဘယ်လို ယခုကဲ့သို့ အဓိပ္ပာယ်မရှိသောလုပ်ရပ်ကို လုပ်နိုင်တာလဲ။ ဘာအကြောင်းတွေ ဘယ်လိုပဲရှိရှိ မိမိသူငယ်ချင်းကို သစ္စာမဲ့သောလုပ်ရပ်ကို အားမပေးနိုင်ချေ။

ရုတ်တရက်အဆက်အသွယ်ပျက်သွားသော ဟန်စစ်အနေနဲ့ ဘယ်လိုအကြောင်းတွေရှိနေပါစေ သေချာမသိရသေးဘဲ ကောက်ချက်ချလို့မရပေ။ ကာယကံရှင်နဲ့တွေ့မှသာ သေချာမေးမြန်း၍ ဆုံးဖြတ်ရမည်မဟုတ်လား။ မသေချာ၊ မရေရာဘဲ ကိုယ်စိတ်ထင်တိုင်းဆုံးဖြတ်၍ အချိန်တန်မိမိဘက်က မှားနေရင် အားလုံးက နောင်တရစရာတွေဖြစ်နေလိမ့်မည်။

သူစိမ်းတစ်ယောက်ရဲ့အရှေ့တွင် သူငယ်ချင်းဖြစ်သူအကြောင်းအား မပြောချင်၍ အပြင်သို့ခေါ်ထုတ်လာခဲ့လိုက်မိသည်။ လင်းခန့်ရဲ့လုပ်ရပ်က ဟန်စစ်အပေါ် သစ္စာမဲ့ရာမရောက်ဘူးလားလို့ မေးမိတော့ ပြန်၍မေးခွန်းထုတ်လာသော လင်းခန့်ကြောင့် သူအံ့သြရသည်။ ဒီကောင် ဒီအကြောင်းတွေကို ဘယ်လိုသိသွားရတာပါလိမ့်ဟု တွေးတောကာ စကားလမ်းကြောင်းလွှဲလိုက်စဉ် ဟိန်းမင်းနှင့်မိမိ ပြောစကားတွေအားလုံးကြားပြီးပြီဟူသော လင်းခန့်စကားကြောင့် အံ့မင်းတုန်လှုပ်ခဲ့ရသည်။

မိမိတို့အနေနဲ့ လင်းခန့်ကိုတမင်ဖုံးကွယ်ထားတာ မဟုတ်သော်လည်း လင်းခန့်ကတော့ မိမိတို့ကို အထင်လွဲနေခဲ့ချေပြီ။ ဒီပြဿနာတွေကိုဖြေရှင်းဖို့က ဟန်စစ်ကိုပြန်တွေ့မှသာဖြစ်တော့မည်။ ဒါပေမယ့်လည်း ဟန်စစ်က ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းမသိ။

" အစ်ကိုလင်းခန့်က သိသွားပြီဆိုတော့ ဘယ်လိုလုပ်မလဲ။ ဟန်စစ်ကလည်း ခုထိပြန်မလာသေးဘူး။ ဘာတွေဖြစ်နေပြီလဲတောင်မသိတော့ဘူး "

" ကျူးလေး … ဘယ်ချိန်တည်းကရောက်နေတာလဲ "

" တစ်ခြားမိန်းမနဲ့သွားတွေ့တယ်လို့ ကိုခန့်ပြောတည်းကရောက်နေတာ "

" သြော် "

တော်သေးတာပေါ့။ လင်းခန့်အကြောင်းအစအဆုံးကိုမသိလိုက်လို့။ ဘယ်လိုပင်ဖြစ်စေ မိမိသူငယ်ချင်းကိုတော့ အထင်သေးမှာကို မလိုလားပေ။

" ကျူးလေး … ဟန်စစ်က တကယ်ပဲ … "

" အစ်ကိုတို့ ကျွန်တော်သူငယ်ချင်းပေါ် ဘယ်လိုထင်ထင်၊ ကျွန်တော်တော့ ဟန်စစ်ကိုယုံတယ်။ ဟန်စစ်က အစ်ကိုတို့ ထင်သလိုလုပ်မယ့်သူမျိုးမဟုတ်ဘူး။ ကိုလင်းခန့်ပေါ်ထားတဲ့ ဟန်စစ်ရဲ့စိတ်ကို ကျွန်တော်သိတယ်။ မိဘချင်းသဘောတူတဲ့သူကို သွားတွေ့တယ်ဆိုရင်တောင် မိဘတွေရဲ့သဘောထားကို ဒီကောင် ရအောင်ဖျက်ခဲ့မယ်ဆိုတာ သေချာတယ်။ အစ်ကို ကျွန်တော်သူငယ်ချင်းကို မယုံရင်တောင် ကျွန်တော်ပြောတာကိုတော့ ယုံပေးပါ "

" ကျူးလေးပြောတာ ကိုယ်ယုံပါတယ်။ ဒါပေမယ့် ခုအခြေအနေမှာက ဟန်စစ်ရှိမှဖြစ်တော့မှာလေ "

" ဟန်စစ်ရောက်လာရင် ပြဿနာအားလုံးပြေလည်စေဖို့ပဲ ဆုတောင်းရတော့မယ် "

" ကဲပါ … အဲ့တာတွေထားလိုက်ပါတော့။ ကိုယ်တို့အကြောင်းပဲ စဉ်းစားရအောင် "

မိမိအပြောကိုတစ်ချက်စွေ၍ မှုန်ကုတ်ကာကြည့်လာသော ကျူးလေးကြောင့် အသည်းယားလာကာ ထိုကောင်လေးရဲ့ခေါင်းကိုဖွလိုက်တော့ လက်ကိုပုတ်ထုတ်လိုက်ပြီး ပွစိပွစိနှင့်တစ်ဖက်သို့လှည့်သွားလေသည်။

ဟူး … ဟန်စစ်ရေ ပြန်လာတော့ကွ။ မင်းကြောင့် ငါ့သူငယ်ချင်းလည်း မရူးယုံဖြစ်နေပြီ။ ငါ့ချစ်သူလေးလည်း မင်းကြောင့် စိတ်ညစ်နေရပြီ။ ပြီးတော့ ငါ့သူငယ်ချင်းကိုလည်း လမ်းမှားမရောက်စေချင်ဘူး။ အရာအားလုံးက မင်းပြန်လာမှ ဖြေရှင်းလို့ရတော့မှာကွ …






ချစ်သော💕💕
Coral

Continue Reading

You'll Also Like

47.4K 2.1K 20
ရင္​နာစရာ ဇာတ္​လမ္​း ​ေလးတစ္​ခုကို ငါ အခု​ေျပာျပ မယ္​ ဇာတ္​လမ္​း​ေလးက ဒီလိုစတယ္​ ~~~~ ငါ္​ အရမ္​း ခ်စ္​ရတဲ့ သူ မို႔ပါ ?????? ရာ က်ြန္​​ေတာ္​လည...
15M 460K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
84.1K 3.5K 4
Wattpad Author ေတြရဲ႕ Collabration ျဖစ္တဲ့ Seven Petals ဆိုတဲ့ စာအုပ္ထဲမွာပါတဲ့ ညေမႊးရဲ႕ ဇာတ္လမ္းပါ ။ Wattpad Author တွေရဲ့ Collabration ဖြစ်တဲ့ Sev...