Because He is Byun Baek Hyun...
Por relisia6800
96.9K 11.2K 541
ကောင်းကင်​လိုလူမျိုး ကြယ်​ပွင့်​လို လူစား မင်းကငါ့အတွက်​အရာရာပဲ Baek Hyun.. CV by Asuna Park.. Más
P.2..
P.3...
P.4..
P.5....
P.6...
P.7..
P.8.....
P.9 (mini)
P.10...*
P.11..
P.12...
P.13...
Final...
P.1
15.6K 1K 33
Por relisia6800
Zawgyi
သီချင်းသံ​သဲ့သဲ့..။
ထို့အတူ...
ကောင်းမွန်​တဲ့အသံ..
တွေ ​ပေါက်​​စေသည်​..။
ကျေးဇူးစကားဆို​လေသည်​..။
"ည​နေကျရင်​..​တေး​ရေးဆရာနဲ့ သွား​တွေ့လို်​က်​ဦး​နော်​..
သား.."
"ဗျာ..? "
ပုံစံမျိုး...။
သူ​သေချာ သိလိုက်​ပြီ..။
ရထားတာမလား..သားရယ်​.."
ဒါပါပဲ..။
အခု​တော့..ဘယ်​မှာလဲ
လွတ်​လပ်​ခွင့်​..။
:::::::::::::::::::::::::::::::::::::::::
ဆု​ပေးပွဲတစ်​ခု..။
ပျော်​​နေမိသည်​..။
ပိုအဆင်​​ပြေသည်​..။
ဆို​တော့..
တစ်​ပုံတစ်​ပင်​...။
ပြန်​ရန်​ ဖြစ်​လာခဲ့သည်​..။
ဖြစ်​တာ​ကြောင့်​..
မဟုတ်​..။
"မင်္ဂလာပါ..hyung..!"
ကြားတဲ့အတိုင်းပဲ..။
တကယ်​အမှန်​ပါပဲလား..။
ကျသွားသလိုမျိုး...။
ကိုယ်​က..မိဘမဲ့..။.
အင်း..ထားပါ​တော့ ။
တွေး​နေမိတာလဲ..။
"nae..!?"
ဘုရားသခင်​..။
သလိုလို..။
လုပ်​​နေမိသည်​..။
"nae..!?"
အံ့သြသွား​စေသည်​..။
အင်း...မ​နေ့ကညက​တောင်​..
တွေ့တာ..
ထိုင်​လိုက်​ရလို့ပါ..."
"nae..!?"
တော့ဝန်​ခံရမည်​ထင်​..။
Baek Hyun..ငါယုံတယ်​.."
သူ​ပြော​နေတဲ့အချိန်​..။
ကြုံခဲသည့်​အရာပင်​..။
သူရယ်​ပြန်​သည်​..။
ဒီ​လောက်​​လေးပါပဲ..။
"အဟား..!
အကြံဥာဏ်​​တွေ ​ပေးမယ့်​အစ်​ကိုကြီးလုပ်​​ပေးပါလား..
Chan Yeol hyung ရာ.."
ဘာပဲဖြစ်​ဖြစ်​ပါ​​လေ..။
တောက်​ပသွားသလို..။
အလှည့်​​နော်​.."
"ဟုတ်​ကဲ့ပါ..."
Idol ​တွေကြားထဲ..
"ဘာ​တွေ ကြည့်​​နေတာလဲ..?"
"ဟာ..hyung....!"
မိတ်​ကပ်​ခန်းထဲမှာ...
အတိအကျ​ပြောရရင်​..
နေပါဦး..။
လား..။
Zico ​လေ..သိတယ်​ဟုတ်​..?"
"အာ..! ဟုတ်​သား..
"ဘယ်​လိုလဲ...
"ဒီလိုပါပဲ...
"nae.!?
ကွာ...
အ​ကြောင်း​တွေက..
တစ်​ကယ်​ဗျာ..။
ကြည့်​ခဲ့တာ​ပါ​နော်​.."
ဒီhyung က​တော့..
ဟုတ်​ပါသည်​...။
ရယ်​သွားကာ..
အင်း..
TBC #
တီတီ..အသစ်​က​လေးပါ
ကြိုက်​ကြရဲ့လားမသိ 👀👀
Unicode
Zawgyi
studio ခန်းတစ်ခုအတွင်း..လွင့်ပျံနေသည့်..
သီချင်းသံသဲ့သဲ့..။
အသံသည်..ချိုမြခြင်းတစ်ချို့နဲ့အတူ သြရှရှဖြစ်ခြင်းတစ်ချို့ ပါ
ရောယှက်ကာ စွဲမက်ဖွယ်ကောင်းလွန်းသည်..။
သံစဉ် နဲ့အတူ လိုက်ဖက်စွာ သီဆိုနေသည်မှာ..
အသက်မရှုတမ်း နားထောင်ဖို့ထိုက်တန်လွန်းသည်..။
အသံအနိမ့်အမြင့်..အဖြတ်အတောက် ကိုကြည့်ခြင်း
အားဖြင့်..ကျွမ်းကျင်ပညာရှင်အဆင့်ဆိုတာ..
ယုံမှားသံသယရှိစရာမလို..။
အရှေ့တည့်တည့်က ထိုင်ကြည့်နေမည်ဆိုရင်..
အာရုံသေချာစူးစိုက်ပြီး သီဆိုနေသည့် ဟန်ပန်တစ်ခုကိုလဲ
လေးနက်စွာ မြင်တွေ့နိုင်သည်..။
ထို့အတူ...
ငွေမှင်ရောင် ဆံနွယ်တွေနဲ့ လိုက်ဖက်သည့်
မျက်နှာချောချောတစ်ခုနဲ့အတူ..
နှုတ်ခမ်းထောင့်အပေါ်က မှဲ့နက်ကလေးတစ်ပွင့်ရဲ့
လှပမှုကိုပါ..တစ်ပါတည်းတွေ့မြင်နိုင်မည် ဖြစ်သည်..။
ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုတွေကို..
သူတစ်ဦးတည်းရရှိထားလေသလားလို့..သံသယရှိရအောင်ပင်..
ကောင်းမွန်တဲ့အသံ..
ကောင်းမွန်တဲ့ ရုပ်ရည်ရူပကာကို..
ပိုင်ဆိုင်ထားတဲ့လူသားလေး...။
သီချင်းသီဆိုနေဟန်က...မြင်ရသူကို ပိုင်ဆိုင်လိုချင်စိတ်
တွေ ပေါက်စေသည်..။
"သီချင်းလေးကကောင်းသားပဲ.."
"ဟုတ်ကဲ့..ကျေးဇူးပါ..ဥက္ကဌ.."
သီချင်းအလယ်လောက်ကတည်းက..studioထဲ
ရောက်နေသည့် အမျိုးသမီးကြီးဆီကနေ
ချီူကျူးစကားသံထွက်လာတဲ့အခါ..
ငွေမှင်ရောင်လေးက အပြုံးချိုချိုလေးနဲ့..
ကျေးဇူးစကားဆိုလေသည်..။
နေ့လည်စာသွားစားဖို့ဆိုပြီး အမျိုးသမီးကြီးကို..
နှုတ်ဆက်စကားဆိုကာ..studioထဲက
ထွက်ရန်ဟန်ပြင်လိုက်တော့...
အမျိုးသမီးဆီကနေ စကားသံထပ်ထွက်လာသည်..။
"ညနေကျရင်..တေးရေးဆရာနဲ့ သွားတွေ့လိုု်က်ဦးနော်..
သား.."
"ဗျာ..? "
"album အတွက် သီချင်းတစ်ပုဒ်လိုသေးတယ်လေ.."
"အဲ့တာက..ကျွန်တော်ဟိုနေ့က ဥက္ကဌကို
ပြထားတဲ့..သီချင်းကိုထည့်မှာမဟုတ်ဘူးလား..?"
သူထင်မှတ်ထားတာနဲ့ တစ်စုံတစ်ရာ လွဲချော်နေလို့ထင်..။
နေ့လည်စာစားဖို့ဆိုပြီး အခန်းပြင်ထွက်ဖို့လုပ်နေတဲ့
ခြေထောက် တွေ နေရာမှာတင် ရပ်ကုန်တယ်..။
မျှော်လင့်ထားတာတွေ..အကုန်ရိုက်ချိုးခံရတော့မယ့်
ပုံစံမျိုး...။
ရုတ်တရက် စိတ်ပျက်ခြင်းတစ်ချို့ကပါ..ဝင်ရောက်လာခဲ့သလို..။
တစ်ကယ်လဲ..သူ့မျှော်လင့်ချက်တွေ အဆုံးထိ ရိုက်ချခံလိုက်ရပါသည်..။
"သားသီချင်းလေး နားထောင်ကောင်းတယ်လို့ပဲ ပြောတာလေ...ထည့်မယ်လို့ အန်တီမပြောမိဘူးထင်တယ်.."
ကာလာစုံ ခြယ်သထားသည့်..အမျိုးသမီးကြီးရဲ့..
ဆေးဆိုးပန်းရိုက်မျက်နှာပေါ်မှာ..
မနှစ်မြို့စရာ အပြုံးကြီးတစ်ခုပေါ်ပေါက်လာချိန်တွင်
သူသေချာ သိလိုက်ပြီ..။
သူ့စိတ်တိုင်းကျ..ဘာမှ လုပ်ခွင့်မရှိဘူးဆိုတာ..။
"Instagram သုံးခွင့်တောင်..မနေ့တစ်နေ့ကမှ..
ရထားတာမလား..သားရယ်.."
ဒါပါပဲ..။
နာမည်ကြီး entertainment လက်အောက်မှာ
အလုပ်လုပ်ရတဲ့..နာမည်ကြီး idol တစ်ယောက်ရဲ့
ဘဝက..ဘယ်လိုမျိုးလဲဆိုတာ...
စက္ကန့်ပိုင်းလေးထဲမှာ...
အားလုံးကို..ပြန်အမှတ်ရသွားစေသည်..။
အစထဲက သူတို့ဘက်က controlလုပ်မယ့်ကိစ္စတွေ
အားလုံးကို သေချာ ပြောပြထားရဲ့နဲ့..
ကိုယ်ရူးပြီး..မျှော်မှန်းခဲ့တာပဲမလား...။
အသစ်တစ်ယောက်အတွက်..entertainment ဘက်ကနေ...သေသေချာချာ..ထိန်းချုပ်မယ့်အရာ
တွေကို သေချာသိအောင်ပြောပြထားလိုက်ပါ
လို့ manager အစ်ကိုကို..
လှမ်းပြောနေတာ ကြားလိုက်ရတဲ့အချိန်..
စိတ်ပျက်လွန်းလို့..studio ထဲက ထွက်လာခဲ့လိုက်တယ်..။
Idol ဖြစ်ရင်...ကိုယ်ဖြစ်ချင်တာတွေ အားလုံးဖြစ်ပြီလို့ထင်ခဲ့တာ..။
အခုတော့..ဘယ်မှာလဲ
လွတ်လပ်ခွင့်..။
ဘယ်မှာလဲ..ကိုယ်ပိုင်တီထွင်ကြံဆခွင့်တွေ..။
ဟိုဟာမလုပ်ရ..ဒီဟာမလုပ်ရ ဆိုတဲ့..စည်းဘောင်ထဲမှာ
နေနေရတာ...ကြာတော့ ငြီးငွေ့နေပြီလေ...။
သက်မဲ့အရုပ်ကလေးမှ..မဟုတ်ပဲ..။
အဲ့လူတွေကို..တစ်ကယ်မုန်ူးတယ်..!
:::::::::::::::::::::::::::::::::::::::::
ဟောခန်းကြီးထဲမှာ..မီးအမှောင်ချပြီး..
စင်မြင့်ကြီးအပေါ်မှာ သာ..မီးရောင်စုံ ထွန်းညှိထားကာ..
ထူးချွန်သည့်..အဆိုတော်အနုပညာရှင်များကို..
စင်ပေါ် ဖိတ်ခေါ်ပြီး..ဆုတစ်ခုပြီးတစ်ခု..ချီးမြှင့်နေသည့်
ဆုပေးပွဲတစ်ခု..။
performance တွေ ဖျော်ဖြေလိုက်..
ဆုတစ်ခါပေးလိုက်နဲ့..သုံးလေးနာရီ လောက်ကြာမြင့်တာမို့ ပွဲ မကြိုက်သည့်..လူတွေအတွက်တော့..
ပျင်းကောင်းပျင်းနေမှာပေမယ့်..
လူတွေ တရုန်းရုန်းနဲ့ နေရတာ သဘောကျသည့်..
ကျွန်တော့်အဖို့ကတော့..
စီနီယာတွေကို လိုက်နှုတ်ဆက်လိုက်..
ဆုရသူတွေကို..ဂုဏ်ပြုပေးလိုက်နဲ့..
အပျော်ကြီး ပျော်နေမိသည်..။
ကိုယ်တိုင်ကလဲ မျက်နှာသစ် ဆုနဲ့ တစ်နှစ်တာအတွက်
လူကြိုက်အများဆုံးဆုကို ရတာမို့..
ဆုတက်ယူရင်း ကျေးဇူးတင်းစကားပြောရင်း
တော်တော်လေးအလုပ်ဖြစ်နေသည်..။
အနုပညာသက်တမ်းနှစ်နှစ်အတွင်းမှာ..မနှစ်က
promotion ဆင်းဖို့ တရုတ်ဖက်ရောက်နေတဲ့အတွက်
တစ်နှစ်မှတစ်ခါ လုပ်သည့် ဒီဆုပေးပွဲကြီးကိုမတက်နိုင်ခဲ့..။
ဒီနှစ်မှသာ တက်နိုင်ခြင်းဖြစ်သည်..။
အရင်က TV မှာသာ ကြည့်ဖူးသည့်..နာမည်ကြီးဆုပေးပွဲ
ကို..ပထမဆုံးအကြိမ်ရောက်ဖူးတဲ့အတွက်..
ပျော်နေမိသည်..။
အနုပညာ မောင်နှမတွေကလဲ ဖော်ဖော်ရွေရွေရှိကြသည်။
အသစ်ဆိုပြီး နှိမ်တာ ဘာညာလဲမရှိတော့..
entertainment မှာနေရတာထက်
ပိုအဆင်ပြေသည်..။
ပရိသတ်တွေထဲကလဲ..Byun Baek Hyun မှ
Byun Baek Hyun ဆိုသည့်လူတွေ အများစုရှိကြတာ
ဆိုတော့..
ကျွန်တော်သီဆိုရသည့်အလှည့်က..ပွဲစပြီး နာရီဝက်အတွင်းမှာ ဖြစ်တာတောင်မှ..
အရောက်လာရောက်နားထောင်ပေးသည့် ..လူတွေ..
တစ်ပုံတစ်ပင်...။
အရာရာ အကုန်အဆင်ပြေသည့်အတွက်..
ဒီနေ့တော်တော်လေး ပျော်ပါသည်..။
ပွဲပြီးတဲ့အထိ နေချင်ပေမယ့်..နက်ဖြန်မနက်စောစော
photo shooting တစ်ခုရှိလို့...
ပွဲမပြီးခင် လေးဆယ့်ငါးမိနစ်လောက်ကတည်းက
ပြန်ရန် ဖြစ်လာခဲ့သည်..။
manager အစ်ကို..ကားသွားထုတ်နေတုန်း..
သန့်စင်ခန်းခဏဝင်မည် ဆိုကာ...ထွက်လာခဲ့လိုက်သည်။
နာမည်အကြီးဆုံးလူတွေကို..နောက်ဆုံးမှ ဖျော်ဖြေခိုင်းသည့်
ဒီပွဲရဲ့ ထုံးစံအတိုင်း..ပွဲပြီးခါနီးလေလေ..
ကျော်ကြားမှုနဲ့..သက်တမ်းအရင့်ဆုံးစီနီယာတွေရဲ့..
ဖျော်ဖြေမှုအလှည့်ကျလာလေလေ..
ဖြစ်တာကြောင့်..
ပရိသတ်တွေရော idolတွေရော...
ပွဲခင်းထဲမှာ တရုန်းရုန်းအော်ဟစ်အားပေးနေကြသည်မို့..
သန့်စင်ခန်းမှာ..လူရှင်းနေသည်..။
ဒါပေမယ့်လို့..ကျွန်တော်တစ်ယောက်တည်း
မဟုတ်..။
အနုပညာရှင်တွေသာ..အသုံးပြုခွင့်ရသည့် သန့်စင်ခန်းထဲမှာတွေ့တာမို့..သေချာတာကတော့...
ကိုယ်တွေအသိုင်းအဝိုင်းထဲက..လူတစ်ယောက်ပဲ..။
ခေါင်းငုံ့ပြီး လက်ဆေးနေတာကြောင့် မှန်းမရ..။
အနီးကပ်လေးတိုးသွားမှသာ..စီနီယာမင်းသားကြီး
တစ်ယောက် ဖြစ်နေတာတွေ့လိုက်ရသည်..။
"မင်္ဂလာပါ..hyung..!"
နယ်ပယ်မတူပေမယ့်..အနုပညာလောကထဲမှာ..
ကိုယ့်ထက်ဝါအများကြီး ကြီးတဲ့..ဝါရင့်သမ္ဘာရင့်မို့...
တွေ့တာနဲ့..ခေါင်းအမြန်ညွတ် မြန်မြန်ဆန်ဆန်နှုတ်ဆက်လိုက်တော့...
သူ့ဆီက အပြုံးတစ်ပွင့်ကို လက်ခံရရှိလိုက်တယ်..။
ကြားတဲ့အတိုင်းပဲ..။
ဒီhyung က နတ်ဘူရားလို ချောမောတယ်ဆိုတာ
တကယ်အမှန်ပါပဲလား..။
TV မှာ..သူ့ဇာတ်လမ်းတွဲတွေ ကြည့်ဖူးပေမယ့်..
အပြင်မှာ ပိုကြည့်ကောင်းသလို..။
ဆံပင်တွေကို သေသေသပ်သပ် ဖြီးပြီး လှန်တင်ထားတာရယ်..
မြင့်မားတဲ့အရပ်အမောင်းကြီးရယ်..အဲ့နှစ်ခုထဲ ရှိရုံနဲ့တင်
နှစ်ခါပြန်ငေးကြည့်ဖို့ လုံလောက်နေပြီကို..
ဝတ်ကောင်းစားလှတွေနဲ့..ဂုဏ်သတင်းတွေ..
ခြံရံပေးလိုက်တော့...ကောင်းခြင်းတွေသာ..စုပြုံ
ကျသွားသလိုမျိုး...။
ဒီလူသား..လာခြင်းကောင်းလွန်းပါတယ်..။
ကိုယ့်မှာလဲ အရည်အချင်းတစ်ချို့ရှိပေမယ့်..
သူနဲ့ယှဉ်ရင်တော့ ဆင်နဲ့ဆိတ်လို..။
မိဘအသိုင်းအဝိုင်းကိုက..ကွာခြားပါတယ်..။
သူက မွေးကတည်းကိုက..ရွှေဇွန်းကိုက်မွေးလာတဲ့လူ..။
ကိုယ်က..မိဘမဲ့..။.
အင်း..ထားပါတော့ ။
နှုတ်ဆက်ရုံ နှုတ်ဆက်တာကို..ကျွန်တော်ဘာတွေ
တွေးနေမိတာလဲ..။
"အာ...ဘယ်သူများလဲ မှတ်တယ်..
ပန်းပွင့်လေးလိုလှတဲ့လူပဲ.."
"nae..!?"
"အော်..ပန်းကလေးလို လှတဲ့လူလို့ ပြောတာလေ..
မင်းfan တွေကအဲ့လိုပဲ ပြောကြတယ်မဟုတ်ဘူးလား..?"
ဘုရားသခင်..။
hyung က..ကျွန်တော်နဲ့ ကျွန်တော့်fan တွေရဲ့ဆက်ဆံရေးကိုတောင်သိနေတယ်ဆိုတော့..
ကျွန်တော့်ကိုသိတယ်ဆိုတဲ့ သဘောလား..။
မနှစ်ကမှ...idol လောကမှာ..နာမည်တစ်လုံးရလာတဲ့
လူကို..သူ့လိုလူက..သိနေတယ်ဆိုတော့ကာ..
ကျွန်တော့်ခြေထောက်တွေတောင်..မြောက်တက်ချင်လာ
သလိုလို..။
ဘာမှတောင်ပြန်မပြောနိုင်တော့ပဲ..သွားလေးအဖြီးသား
လုပ်နေမိသည်..။
"စိတ်ညစ်နေတာတွေရော..ကောင်းသွားပြီလား.."
"nae..!?"
ဒီတစ်ခေါက်သူ့မေးခွန်းက..ကျွန်တော့်ကိုတော်တော်လေး
အံ့သြသွားစေသည်..။
စောစောကထက်တောင်..ဒီအကြောင်းအရာက..
ပိုပြီးအသေးစိတ်သွားတယ်မလား..။
ကျွန်တော့်fan တွေ ကျွန်တော့်ကိုဘယ်လိုခေါ်ကြလဲဆိုတာ
သိဖို့ မတော်တဆ လမ်းကြုံနိုင်သည်လေ..။
ဒါပေမယ့်..အခုသူမေးနေတာက...။
အင်း...မနေ့ကညကတောင်..
စိတ်ညစ်လို့ဆိုပြီး...ကောင်းကင်ကြီးကို..
ဦးတည်ချက်မဲ့ တစ်နာရီကျော်လောက်
ငေးကြည့်နေခဲ့မိတယ်မလား..။
ဒါကလဲ..ကျွန်တော်တစ်ယောက်တည်းသိတဲ့...
ကိုယ်ပိုင်အကြောင်းတွေလေ...။
အဲ့ဒါကို..သူက ဘယ်လိုသိတာလဲ..။
"ဒီလိုပဲ..ဟိုနေ့က..TV ဟိုလိုင်းဒီလိုင်းကြည့်ရင်းနဲ့...
မင်းရဲ့နောက်ဆုံးinterview ဖြေထားတာကို
တွေ့တာ..
စိတ်ညစ်နေတဲ့အချိန် ကောင်းကင်ကြီးကိုငေးကြည့်ဖြစ်တယ်လို့ပြောတယ်မလား..
အခုမင်းပုံစံကလဲနည်းနည်းနွမ်းနေတာကြောင့်..မေးကြည့်တာပါ.."
"အာ..နွမ်းနေတာက...ပွဲခင်းထဲမှာ..တော်တော်လေး
ထိုင်လိုက်ရလို့ပါ..."
"မဟုတ်ဘူး..မင်းမျက်လုံးတွေကကို..ပင်ပန်းနေတာ.."
"nae..!?"
ကျွန်တော့်မျက်ဝန်းတွေကို..တစ်ချက် သေချာ
စိုက်ကြည့်ပြီး..ချက်ချင်းအကြည့်လွှဲသွားကာ..
သူ့လက်ချောင်းလှလှတွေကို..တစ်ရူးတစ်ရွက်နဲ့..
စိမ်ပြေနပြေသုတ်နေသည်..။
ကျွန်တော်ကတော့...အခု ကျွန်တော် နာမည်ကြီး
မင်းသားတစ်ယောက်ဆီမှာ stalk ခံနေရတာလား
ဆိုပြီး..ထူးထူးဆန်းဆန်းအတွေးတွေဝင်ကာ..
နေရာကတောင်မရွှေ့နိုင်တော့..။
သူကတော့ လှလှလေးပြုံးနေပြန်ပါသည်..။
သူ့ရဲ့ လူကဲခတ်စွမ်းရည်က..တော်တော်ကောင်းတာကို
တော့ဝန်ခံရမည်ထင်..။
အခုတလော..စိတ်ပင်ပန်းနေတာတွေကို..
သူအမိအရရှာတွေ့သွားခဲ့သည်မလား...။
"အနုပညာလောကသားတစ်ယောက်ရဲ့..ဘဝက..
ကြမ်းတမ်းတယ်ကောင်လေး...
အဲ့တာကြောင့် အားတင်းထားစမ်းပါ...
ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရသေးရင်လဲ ခဏသည်းခံလိုက်
တစ်နေ့တော့ဖြစ်ခွင့်ရမှာပဲ..အဲ့တစ်နေ့မရောက်ခင်
သာ..လဲမကျစေနဲ့..မင်းလုပ်နိုင်ပါတယ်..
Baek Hyun..ငါယုံတယ်.."
ကျွန်တော့်ပုခုံးကို..ခပ်ဖွဖွဆုပ်ကိုင်ပြီး...
အားပေးစကားတစ်ချို့ကို..အပြုံးနုနုနဲ့..
သူပြောနေတဲ့အချိန်..။
ကျွန်တော့်ကမ္ဘာကြီးရပ်တန့်သွားခဲ့သလိုမျိုး..။
စိတ်ထဲမှာလဲ..ခံစားချက်မျိုးစုံ..ဖြစ်တည်နေသည်..။
ဘယ်သူစိမ်းတစ်ယောက်ကမှ..ကျွန်တော့်ကို..
ဒီလိုဘလိုင်းကြီးအားမပေးဖူး..။
မိမရှိဖမရှိ တစ်ကောင်ကြွက်မို့လို့..
ကိုယ့်ဘဝကိုယ်ကျောင်းရသည့်..ဘဝတွင်...
တိုက်ခိုက်မှုတွေသာ ရှိခဲ့သည်..။
ဒီလိုမျိုးဖေးမမှု ဆိုတာ..တော်တော်လေးကို..
ကြုံခဲသည့်အရာပင်..။
မေတ္တာငတ်နေသည့်ဘဝမှာ..နေရောင်ခြည်တန်းတစ်ခု..
ရုတ်တရက်ပေါ်ထွန်းလာခဲ့သည်..။
အပြုံးလှလှလေးနဲ့..နှုတ်ဆက်ထွက်သွားသူကို..
toilet အဝင်ဝနားရောက်ခါမှ...
နောက်လှည့်ပြီး..အော်ပြောလိုက်မိတာက..။
"အခုချိန်မှာ..အားပေးမှုလေးတစ် ခုကတောင်..
ကျွန်တော့်ကိုတော်တော်လေး..စိတ်သက်သာရာရစေတာ..
တစ်ကယ်ကျေးဇူးတင်မိပါတယ် hyung..!!"
toilet ထဲ..အသံဟိန်းထွက်သွားတဲ့အထိ..
ကျေးဇူးတင်စကားကို..အော်ကြီးဟစ်ကျယ် ပြောမိတော့..
သူရယ်ပြန်သည်..။
ပြီးတော့..ထွက်သွားခဲ့သည်...။
ဒီလောက်လေးပါပဲ..။
ဒါပေမယ့်..ဒီအချိန်လေးထဲမှာ..ကျွန်တော့်ရင်ထဲမှာတော့..
ခံစားချက်ပေါင်းစုံ ဖြတ်ပြေးနေသည်...။
"အဟား..!
ငါ့အစ်ကို ဖြစ်လိုက်ပါတော့လား...
စိတ်ဓာတ်ကျတဲ့အချိန်မှာ..ခံစားရသမျှတွေ ကို နားထောင်ပေးပြီး..
အကြံဉာဏ်တွေ ပေးမယ့်အစ်ကိုကြီးလုပ်ပေးပါလား..
Chan Yeol hyung ရာ.."
ငယ်ငယ်တည်းက..တစ်ယောက်တည်းရုန်းကန်လာရသူ
မို့..မေတ္တာငတ်တယ်လို့ပဲဆိုဆို...
မတန်ရာကို..မှန်းနေတယ်ပဲ ပြောပြော..
အဲ့ဒီလောက် ပြည့်စုံနေတဲ့လူကို..
လောဘကြီးကြီးနဲ့..ကျွန်တော့်အစ်ကို ဖြစ်ခိုင်းမိလိုက်သည်..။
ဘာပဲဖြစ်ဖြစ်ပါလေ..။
entertainment တစ်ခူထဲတူတူတောင် CEOက
စပြီး..ကျွန်တော့်ကို မကောင်းကြပေမယ့်..
သူစိမ်းတစ်ယောက်ကကောင်းသွားပေးလို့...
ကျွန်တော်လဲ..လူတွေဆီက...စိတ်ကောင်းစေတနာ
တွေ..ရနိုင်ခြေရှိသေးတာပဲ ဆိုပြီး..ပျော်မိသည်..။
hyung ပြောသွားသလို..ကျွန်တော်အခက်အခဲ
တွေကို..ကောင်းကောင်းကြီးကျော်ဖြတ်နိုင်မှာပါ...။
စိတ်ဓာတ်ခွန်အားတွေ မြှင့်လိုက်တော့..
hyung အပြုံးလေးလို..ကျွန်တော့်အပြုံးလဲ..
တောက်ပသွားသလို..။
::::: Beacuse He is Byun Baek Hyun:::::
"နောက်နှစ်ပုဒ်ပြီးရင်..Baek Hyun shi
အလှည့်နော်.."
"ဟုတ်ကဲ့ပါ..."
သီချင်းဆိုဖို့ အလှည့်က...နောက်နှစ်ပုဒ်ကျန်သေးတယ်ဆိုတော့..
ပြင်ဆင်ခြယ်သထားတာတွေကို..
အားရစွာ တစ်ချက်ကြည့်ပြီး..ဖုန်းသုံးဖို့ပြင်လိုက်သည်..။
ဒီနေ့တစ်နေကုန်..အလုပ်ရှုပ်နေတာမို့..
fan တွေနဲ့..မျက်ခြည်ပြတ်နေတာကြောင့်...
အဆက်အသွယ်လုပ်ဖို့ရာ..social media
ပေါ် ခဏတက်ကြည့်ကြည့်တာဖြစ်သည်..။
seoul music festival မှာ..ပါတဲ့..
Idol တွေကြားထဲ..
ကျွန်တော့်နာမည်ကိုလဲ..နောက်ကျမကျန်ခဲ့ရအောင်
သေချာလေး..ဆွဲခေါ်ပေးထားတဲ့..
fan လေးတွေကြောင့်..ပြုံးမိပြန်သည်..။
အင်း..ဒီနေ့ festival မှာ ဆိုဖို့..ဖိတ်ကြားခံရတာတောင်
တော်တော်လေး..ထိုက်တန်နေပါပြီလေ..။
"ဘာတွေ ကြည့်နေတာလဲ..?"
"ဟာ..hyung....!"
ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ တော့မသိပေမယ့်..
လွန်ခဲ့တဲ့တစ်ပတ် ဆုပေးပွဲမှာ တွေ့ခဲ့သည့် hyung ကို..
မိတ်ကပ်ခန်းထဲမှာ...
အတိအကျပြောရရင်..
ဖုန်းထိုင်သုံးနေသည့်..ကျွန်တော့်ဘေးနားလေးမှာ..
ရုတ်တရက်ကြီး...ဘွားခနဲ တွေ့လိုက်ရတာဆိုတော့..
တော်တော့်ကို လန့်သွားသလို..
ထိုင်ခုံကမြန်မြန်ထပြီး အလျင်အမြန် နှုတ်ဆက်လိုက်သည်..။
တစ်ခြားလူတွေနဲ့...နှုတ်ဆက်နေတာကို..
ကြောင်ပြီး ကြည့်နေမိသည်ထင်..။
နေပါဦး..။
ဒီhyung က..ဘယ်လိုရောက်လာတာလဲ..။
ဒီနေ့က အဆိုတော်တွေချည်းပဲ..သက်သက်မဟုတ်ဘူး
လား..။
"ကိုယ့် သူငယ်ချင်းဆီကို လာတာ..
Zico လေ..သိတယ်ဟုတ်..?"
"အာ..! ဟုတ်သား..
Zico hyung နဲ့က..သူငယ်ချင်းတွေပဲ.."
အားကျစရာကောင်းတဲ့ friendship တစ်ခုအကြောင်းက
ခေါင်းထဲမှာ..ချက်ချင်းပေါ်လာခဲ့သည်..။
Zico sunbaenim လဲ..ဒီနေ့ပွဲမှာ..ဆိုရမှာပဲ မလား..။
သူငယ်ချင်းတွေ သိပ်ချစ်ကြတဲ့ပုံပဲ..ဒီhyung တွေ..။
"ဘယ်လိုလဲ...
စိတ်ညစ်တာတွေ ပျောက်သွားပြီလား.."
"ဒီလိုပါပဲ...
ပျောက်တယ်ရယ်လဲ မဟုတ်ပါဘူး.."
"အင်း..ဘဝဆိုတာကြီးကလဲ...အဲ့လိုပါပဲ ကောင်လေး
ရာ..ဘာပဲဖြစ်ဖြစ်..အားတင်းထားပေါ့..
ဒါနဲ့..သဘက်ခါ မင်းfansign ပွဲ ရှိတယ်မလား..?"
"nae.!?
hyung ကဘယ်လိုလုပ်သိတာလဲ.."
"ပန်းလေးလိုလှတဲ့လူရဲ့..သတင်းက..ကြားဖို့မခက်ပါဘူး
ကွာ...
ကိုယ် လဲ social media တွေ ကောင်းကောင်း
သုံးတတ်ပါတယ်..Baek Hyun ရဲ့.."
သူသုံးတဲ့ social media တွေထဲမှာ..
ကျွန်တော့်လို အညတရ တက်ခါစ idol တစ်ယောက်ရဲ့
အကြောင်းတွေက..
အဲ့လောက်တောင် နေရာ ယူထားလား ဆိုတာ..
မေးကြည့်လိုက်ချင်ပေမယ့်လဲ..
hyung ရဲ့ အပြုံးလှလှတွေထဲမှာ..ဒုတိယအကြိမ်မြောက်
အဖြစ် နစ်မြောသွားတဲ့သူတစ်ယောက်အဖို့..
သူ့ရဲ့ နွေးထွေးမှုတွေကြားထဲ..ပြိုလဲကျသွားခဲ့ပြန်သည်..။
တစ်ကယ်ဗျာ..။
ဒီhyung ကြီး..ကျွန်တော့်အစ်ကိုသာ..ဖြစ်လိုက်ပါတော့လား..။
"hyung ကိုလဲ..ကျွန်တော်ကြိုက်ပါတယ်..!
Zero ကို TV မှာလွှင့်တုန်ူးကဆိုရင်..
game ဆော့တာကို လျှော့ပြီး အပိုင်းတိုင်း
ကြည့်ခဲ့တာပါနော်.."
အခန်းထဲက ထွက်ခါနီးလေး hyung ကို..
အလျင်အမြန် ပြန်နှုတ်ခွန်ူးဆက်သလိုက်တော့..
ပြန်လှည့်ကြည့်ကာ..ရယ်ပြန်ပါသည်..။
ဒီhyung ကတော့..
အလကားရတိုင်း..ပြုံးပဲ ပြုံးနေတော့တာပါလား..။
"အဲ့တာက ဇာတ်လမ်းကို ကြိုက်တာနေမှာပါ..
Zero က ဇာတ်ကောင်းတဲ့ action ကားပဲကို.."
လူကဲခတ်တော်တော်လေး ကောင်းသည့်..
hyung ဟာ..ကျွန်တော့်စိတ်ကို..
ဖတ်လိုက်နိုင်ပြန်ပြီ...။
ဟုတ်ပါသည်...။
အဲ့ဒီတုန်းက..ဇာတ်လမ်းကြိုက်လို့ရော..
သရုပ်ဆောင်တွေရဲ့ ဟန်ပန်ကို ကြိုက်လို့ရော..
မလွတ်တမ်းကြည့်ခဲ့တာဖြစ်သည်..။
ကျွန်တော်အခုဖားနေသလို..hyung တစ်ယောက်တည်းကို..သဘောကျလို့..ကြည့်ခဲ့တာ မဟုတ်ပေ..။
အထာနပ်လွန်းသူ hyung ကတော့..
ဖားတာလူမိလို့..သွားလေးဖြီးပြနေသည့်..ကျွန်တော့်ကို..
ရယ်သွားကာ..
အခန်းထဲကထွက်သွားလေပြီ...။
အင်း..
Chan Yeol hyung က..ကျွန်တော့်အတွက်
တစ်ကယ့်ကို နတ်သားလေးတစ်ပါးလိုပဲ..။
TBC #
တီတီ..အသစ်ကလေးပါ
ကြိုက်ကြရဲ့လားမသိ 👀👀
Seguir leyendo
También te gustarán
267K 15.7K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
580K 36.6K 61
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
502K 12.1K 49
2.5M 178K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...